သီးသန့်ကျင့်ကြံရာမှ ထွက်လာခြင်း။ ဆယ့်နှစ်ယောက်တစ်ယောက်တိုက်ခိုက်ခြင်း။ အတွင်းစည်းဂိုဏ်းတပည့်များကို ဖိနှိပ်ခြင်း။ တာအိုဘိုးဘေးနှင့် တာအိုဆွေးနွေးခြင်း။
Vol. 33 Ch. 469-b
ချင်းယွီတို့ကလည်း ပြောသည်။
ကိုယ်ပိုင်တပည့်များက ချီမင်ကို အနိုင်ရမည်ဟု မထင်ထားကြပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့်၌သာ ရှိသေး၏။
ရွှမ်ယွမ်ကောဟန်တို့က ချီမင်၏ မိုးမြေမဟာတာအိုနားလည်မှုများက ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေမှန်း မသိခဲ့ပေ။ ၎င်းက ကျောက်ယန်လင်းတို့ကို ခုခံဖို့ လုံလောက်ပါသည်။
“စိတ်ဝင်စားဖို့ ကောင်းတယ်။”
တာအိုဘိုးဘေးက ပြုံးကာ ဆိုသည်။ “သူတို့က ချီမင်ကို စိန်ခေါ်ရဲမယ် မထင်ထားဘူး။ သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့်ပဲဆိုရင်တောင် ကောင်းကင်တာအိုပြီးပြည့်စုံခြင်းအဆင့်ကသူတွေ ခုခံနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။”
နတ်ဆိုးကမ္ဘာအရှင်က ခေါင်းညိတ်ကာ တာအိုဘိုးဘေး၏စကားကို ထောက်ခံလိုက်၏။ “ကောင်းတယ်။ငါ အခု ချီမင်ရဲ့ နည်းစနစ်တွေကို ကြည့်လို့ရပြီ။”
တိုက်ပွဲက မြင့်တက်လာသည်။
“ကမ္ဘာဦးအဆောင်”
ချီမင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ခပ်တိုးတိုးအော်လိုက်သည်။ မိုးမြေမဟာတာအို၏စွမ်းအားသည် မြင့်တက်ထွက်ပေါ်လာပြီး ကမ္ဘာဦးမဟာတာအိုအဖြစ် ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော ကမ္ဘာဦးစစ်မှန်အဆောင်များသည် စုဝေးလာပြီး အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။ “ကမ္ဘာဦးအစီအရင် အသက်ဝင်စမ်း”
“ဖိနှိပ်စမ်း”
ချီမင်သည် ကမ္ဘာဦးအစီအရင်ကို သိပ်သည်းလိုက်သည်။ ၎င်းက ကောင်းကင်ကို ဖုံးအုပ်သွားပြီး ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့သည်။
“ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်။”
နောက်တစ်ခဏမှာ ချီမင်သည် သူ၏အသန်မာဆုံး အံ့ဖွယ်စွမ်းအားကို အသုံးပြုလိုက်၏။ ကမ္ဘာဦးတာအိုအလင်းသည် မြင့်တက်လာပြီး အဆုံးမဲ့ ကမ္ဘာဦးမူလအစစစ်မှန်အဆောင်သည် သိပ်သည်းလာသည်။ သူတို့က စုစည်းသွားပြီး ခမ်းနားသည့် ပုံရိပ်များ ဖြစ်ပေါ်လာသည်။
ကမ္ဘာဦးက ဧကရာဇ်ဟောက်ထျန်း၊ နတ်ဆိုးကမ္ဘာအရှင်နှင့် ဖရိုဖရဲနတ်ဆိုးဘုရားတို့အဖြစ် ပြောင်းလဲသွားတော့သည်။
“ဒါက..”
တာအိုဘိုးဘေးက အံ့ဩစွာ ပြောသည်။ “ဧကရာဇ်ဟောက်ထျန်းရဲ့ တာအိုအသွင်ပြောင်းခြင်းနည်းစနစ်လား။ မဟုတ်ဘူး။မဟုတ်သေးဘူး။ တူတော့တူတယ်။ ဒါပေမဲ့ အခြေခံက မတူဘူး။”
“ဧကရာဇ်ဟောက်ထျန်းရဲ့ တာအိုအသွင်ပြောင်းခြင်းနည်းစနစ်က ဟောက်ထျန်းမဟာတာအိုအပေါ်မှာ အခြေခံထားတယ်။ ချီမင်ရဲ့ ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်က ကမ္ဘာဦးမဟာတာအိုအပေါ်မှာ အခြေခံထားတယ်။”
နတ်ဆိုးကမ္ဘာအရှင်က ခေါင်းညိတ်သည်။ “တကယ့်ကိုပဲ။”
“အရမ်းသန်မာလွန်းတယ်။”
“မဟုတ်ဘူး။”
“အား”
ကျောက်ယန်လင်းတို့က သနားစဖွယ် အော်ဟစ်လိုက်သည်။ ချီမင်၏ ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်က အတော်လေးစွမ်းအားကြီးပြီး သူတို့၏အတွေးစိတ်ကူးထက် များစွာ ကျော်လွန်သည်။
တစ်ခဏအတွင်းမှာ အတွင်းစည်းတပည့်ဆယ့်နှစ်ယောက်လုံး ဖိနှိပ်ခံလိုက်ရသည်။ သူတို့က ချီမင်၏ပြိုင်ဘက် မဟုတ်ပေ။ တစ်ဖက်သူအနားတောင် မကပ်နိုင်ပေ။
သူတို့အားလုံးက ချီမင်၏မီတာ(၁၀၀၀၀၀)ပတ်လည်မှာပဲ ရပ်တန့်သွားပြီး ဆက်မတိုးနိုင်တော့ပေ။
ခြားနားချက်က အတော်လေးကြီးမားသည်။
အတော်လေး သိသာထင်ရှားပါ၏။
“အဟွတ်...အဟွတ်”
ပတ်ဝန်းကျင်တွင် ကျောက်ယန်လင်းတို့က သွေးအန်ထွက်သွားကြသည်။ သူတို့၏မျက်နှာက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့က ချီမင်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။ “ကျွန်တော်တို့...ကျွန်တော်တို့ ရှုံးသွားပါပြီ။”
“ဒါက...”
“ခြားနားချက်က တော်တော်လေး ကြီးတယ်ဟ။”
“ငါတို့တွေ ကိုယ်ပိုင်တပည့်ချီကို တိုက်ခိုက်ဖို့မပြောနဲ့။အနားတောင် မကပ်နိုင်ဘူး။ ဒါက စီနီယာအစ်ကိုကြီးရဲ့ စွမ်းအားလား။”
“ဟူး...”
“ဒါက လုံးဝကို အဆင့်သစ်တစ်ခုမှာပဲ။”
“ကိုယ်ပိုင်တပည့်ချီက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့်မှာပဲရှိသေးတယ်။ ငါတို့က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်မှာ။ ဒါတောင် သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။”
“ဆယ့်နှစ်ယောက် တစ်ယောက်တောင် ကိုယ်ပိုင်တပည့်ချီက နိုင်တယ်။”
ကျောက်ယန်လင်းတို့က လုံးဝကို သေချာသွားတော့သည်။
“မင်းတို့က အားနည်းလွန်းတယ်။” ချီမင်၏အကြည့်က မထူးမခြားနားဖြစ်နေသည်။ “သွားပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြံကြ။”
“ဟုတ်ကဲ့”
“ဟုတ်”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုချီ။”
ကျောက်ယန်လင်းတို့က လေးစားစွာ ဦးညွှတ်ကြသည်။
“အရမ်းစွမ်းအားကြီးတာပဲ။”
“ဂျူနီယာညီလေးချီရဲ့ အင်အားက တကယ့်ကို ကြီးမားတာပဲ။ သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့်မှာ။ ဒါပေမဲ့ သူ ထုတ်ပြလိုက်တဲ့ အင်အားက အကြီးစားအောင်မြင်ခြင်းအဆင့်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ထက် မညံ့ဘူး။”
“ဟုတ်တယ်။”
“ငါလည်း ဒီဟာကို မထင်ထားခဲ့ဘူး။”
“ဂျူနီယာညီလေးချီက အနိုင်ရသွားတာပဲ။”
တိကျင်း၊ရွှမ်ယွမ်ကောဟန်နှင့် ကျန်သောသူများက အံ့ဩသွားကြသည်။
ထိုအခိုက် နတ်ဆိုးကမ္ဘာအရှင် ပေါ်လာတော့သည်။ သူ၏ပုံရိပ်က ကောင်းကင်ပေါ်သို့ ခုန်တက်သွားပြီး ချီမင်၏ရှေ့သို့ ရောက်လာသည်။ သူ့ဘေးတွင် တာအိုကမ္ဘာအရှင် တာအိုဘိုးဘေးရှိသည်။
“ဆရာ့ကို ဂါဝရပြုပါတယ်။” ချီမင်က လက်နှစ်ဖက်ကို စုဖွဲ့ကာ ဦးညွှတ်သည်။
နတ်ဆိုးကမ္ဘာအရှင်က ခေါင်းညိတ်ပြီး ချီမင်ကိုလအကြိမ်အနည်းငယ်မျှ ကြည့်လိုက်သည်။ သူက စိတ်ကျေနပ်စွာ ပြောသည်။ “မဆိုးဘူး။မဆိုးဘူး။ ချီမင် မင်းက ငါထင်ထားတာထက်စောပြီး ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဆင့် ရောက်လာတာပဲ။ မင်းက နှစ်သုံးသန်းအတွင်းမှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့်ထိ ဆက်တိုက် တက်လာတာပဲ။”
“မင်းရဲ့ အဆင့်တက်နှုန်းက မယုံနိုင်စရာပဲ။”
“မင်း သိပ်မကြာခင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ရောက်လိမ့်မယ်။”
“ချီးကျုးပေးမှုအတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။”
ချီမင်က ပြောသည်။ “ ကျွန်တော် ကျင့်ကြံနေတုန်း ထိပ်တန်းအဆင့်တာအိုမူလအစတွေ ကုန်သွားလို့ပါ။ အဲဒါကြောင့် အပြင်ထွက်လာရတာပါ။ “
“ထိပ်တန်းအဆင့် တာအိုမူလအစလား”
နတ်ဆိုးကမ္ဘာအရှင်က စဉ်းစားကာ ဆိုသည်။ “ဒါက ကိစ္စသေးသေးလေးပါကွ။ မင်းရဲ့ အချိန်တွေ မဖြုန်းစမ်းနဲ့။ ငါ့မှာ ထိပ်တန်းအဆင့်တာအိုမူလအစတွေ အများကြီးရှိပါတယ်။”
“မင်းကို အကုန်ပေးလိုက်မယ်။”
“ငါ့အတွက်တော့ ထိပ်တန်းအဆင့်တာအိုမူလအစဆိုတာ သိပ်အသုံးမဝင်တော့ဘူး။ဒါပေမဲ့ စုဆောင်းထားမိတာတော့ ရှိပါတယ်ကွ။”
နတ်ဆိုးကမ္ဘာအရှင်က သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ အနက်ရောင်နတ်ဆိုးလက်စွပ်တစ်ကွင်း မျောလွင့်လာသည်။ ၎င်းပေါ်တွင် နတ်ဆိုးကြာပန်းပုံစံကွက်များ ရှိနေသည်။
အတိအကျဆိုသော် ၎င်းက မိုးမြေမဟာတာအိုအဆင့်သို့ရောက်နေသည့် သိုလှောင်လက်စွပ်ဖြစ်သည်။ အတွင်းက နေရာလွတ်သည် အင်မတန်ကြီးမားပြီး စကြဝဠာကြီးအလား သက်ရှိများပင် ရှင်သန်နိုင်သည်။ ၎င်းက တကယ့်ကမ္ဘာတစ်ခုအလားပင်။
“ဒါကို ယူလိုက်”နတ်ဆိုးကမ္ဘာအရှင်က ချီမင်ကို သာမန်ကာလျှံကာ ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။” ချီမင်က အပျော်လွန်သွားသည်။ သူက နတ်ဆိုးကမ္ဘာအရှင် သူ့ကိုပေးသော သိုလှောင်လက်စွပ်အား ယူလိုက်သည်။ သူက ထပ်မံ စစ်ဆေးလိုက်သည်။ အထဲတွင် ပါသော ထိပ်တန်းအဆင့် တာအိုမူလအစအရေအတွက်သည် ချီမင်၏မျှော်လင့်ချက်ထက် များစွာ ကျော်လွန်သည်။
အရေအတွက်အားဖြင့် စပက်တီလီယန်ဖြစ်၏။
ချီမင်သည် ထိပ်တန်းအဆင့် တာအိုမူလအစကို ထိုမျှ လွယ်လွယ်ရလိုက်မည်ဟု မထင်ထားခဲ့ပေ။ သူ အစက အချိန်တော်တော်ကြာ စုဆောင်းရမည်ဟု ထင်ခဲ့တာဖြစ်သည်။
ယခုကြည့်ရသည်မှာ စွမ်းအားကြီးဆရာပိုင်ဆိုင်ထားခြင်းက ကံကောင်းခြင်းတစ်မျိုးပါပေ။
နတ်ဆိုးကမ္ဘာအရှင်က သူ၏လက်ကိုညဝှေ့ယမ်းလိုက်သည်။”ဒါတွေက ထိပ်တန်းအဆင့် တာအိုမူလအစတွေ သာသာပါပဲ။ ငါ့ရဲ့ ကိုယ်ပိုင်တပည့်တစ်ဦးအနေနဲ့ မင်းလိုချင်သမျှ အရင်းအမြစ်တွေ ယူလို့ရတယ်။”
“ဟုတ်တယ်။”
နတ်ဆိုးကမ္ဘာအရှင်က တာအိုဘိုးဘေးကို ချီမင်နှင့် စတင်မိတ်ဆက်ပေးလာသည်။ “ဒါက အထက်ကမ္ဘာအရှင်ကိုးပါးထဲက တစ်ပါးပဲ။ တာအိုကမ္ဘာအရှင် တာအိုဘိုးဘေးပဲ။ သူက မင်းနဲ့ တာအိုဆွေးနွေးချင်လို့တဲ့။”
“မင်း ဘယ်လိုထင်လဲ” နတ်ဆိုးကမ္ဘာအရှင်က ပွင့်လင်းစွာ ပြောသည်။
တာအိုဘိုးဘေးက ပြုံးပြီး ချီမင်၏ရှေ့သို့ လျှောက်လာလိုက်သည်။ “ မင်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဆင့်ကို တက်တုန်းက မိုးမြေမဟာတာအိုက တစ်ခုခုကို အာရုံခံမိသွားတယ်။ ဖြစ်လာတဲ့ မဟာတာအိုထူးခြားဖြစ်စဉ်တွေဆို ကမ္ဘာကိုးကမ္ဘာကိုတောင် လန့်သွားစေတယ်။”
“ကမ္ဘာဦးမဟာတာအိုက လေဟာနယ်စကြဝဠာထဲမှာ တည်ရှိတယ်။”
“ဒါပေမဲ့ မင်းရဲ့ ကမ္ဘာဦးမဟာတာအိုက ပြီးပြည့်စုံဖို့ လိုနေသေးတယ်။ ပြီးတော့ ကမ္ဘာဦးမဟာတာအိုက ငါ့ရဲ့ ဖန်တီးခြင်းမဟာတာအိုနဲ့ ဆင်တယ်။”
“မင်း ဘယ်လိုထင်လဲ။”
“ချီမင်က စီနီယာ တာအိုဘိုးဘေးကို အရိုအသေပြုပါတယ်။ ချီမင်က လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။ သူက လေးစားစွာ ပြုံးလျက်ဆိုသည်။ “ တာအိုဘိုးဘေးနဲ့ တာအိုဆွေးနွေးခွင့်ရတာကိုက ကျွန်တော့်ရဲ့ ဂုဏ်ယူစရာ ဖြစ်နေပါပြီ။”
“ဟားဟား...”တာအိုဘိုးဘေးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကောင်းတယ်။ကောင်းတယ်။ ဒါဆို စကြတာပေါ့”
နတ်ဆိုးကမ္ဘာအရှင်ကလည်း မျက်ခုံးပင့်ကာဆိုသည်။ သူကလည်း စိတ်ဝင်စားသွားသည်။ “ငါလည်း ဘာလို့ ဝင်မပါရမှာလဲ။”
တာအိုဘိုးဘေးက ခေါင်းညိတ်သည်။
“ဒီတပည့်က ငြင်းစရာ အကြောင်းမရှိပါဘူး။”
နောက်တော့ ချီမင်၊တာအိုဘိုးဘေးနှင့် နတ်ဆိုးကမ္ဘာအရှင်တို့က တာအိုကို ဆွေးနွေးကြတော့၏။ ချီမင်က ကမ္ဘာဦးမဟာတာအိုအကြောင်းကို ပြောပြီး တာအိုဘိုးဘေးက ဖန်တီးခြင်းတာအိုအကြောင်းကို ပြောကာ နတ်ဆိုးကမ္ဘာအရှင်ကတော့ နတ်ဆိုးတာအိုအကြောင်းပြော၏။
မဟာတာအိုသုံးခုက နီးစပ်ပေသည်။
ထိုအခိုက် အဆုံးမဲ့ ထူးခြားဖြစ်စဉ်များ ပေါ်လာသည်။