← Chapters

အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များနှင့် တာအိုဆွေးနွေးခြင်း။ အဆုံးသတ်သို့ ရောက်ရှိခြင်း။

Vol. 33 Ch. 470-a

အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များနှင့် တာအိုဆွေးနွေးခြင်း။ အဆုံးသတ်သို့ ရောက်ရှိခြင်း။

Vol. 33 Ch. 470-a

ဖန်တီးခြင်းမဟာတာအို၊ နတ်ဆိုးတာအိုနှင့် ကမ္ဘာဦးမဟာတာအို။

ထိုအခိုက် နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်သည် အဆုံးမဲ့တာအိုစာလုံးများဖြင့် ပြည့်သွား၏။ မိုးမြေမဟာတာအိုပေါ်လာပြီး အဆုံးမဲ့ ပန်းများ ပွင့်လန်းလာသည်။ ကောင်းကင်မှ နှင်းများ ကျဆင်းလာပြီး နတ်ဘုရားနှင့် နတ်ဆိုးများ ဆင်းသက်လာသည်။

ထူးခြားဖြစ်စဉ်မျိုးစုံ ပေါ်လာသည်။

ပတ်ဝန်းကျင်က သက်ရှိများသည် တင်ပျဉ်ခွေချိတ်ထိုင်ကာ မျက်လုံးများ မှိတ်လိုက်သည်။ သူတို့က တာအိုဘိုးဘေး၊ နတ်ဆိုးကမ္ဘာအရှင်နှင့် ချီမင်တို့၏စကားကို ဂရုတစိုက် နားထောင်လိုက်သည်။ ထို့နောက် ဉာဏ်အလင်းပွင့်သွားတော့သည်။

“ဒါက....”

“ချီမင်က အဲဒီအဆင့်ထိ ရောက်သွားမယ်လို့ မထင်ထားဘူး။ သူက နတ်ဆိုးကမ္ဘာအရှင်၊တာအိုဘိုးဘေးတို့တွေနဲ့ ဆွေးနွေးနိုင်ပြီ။ တကယ့်ကို ထိတ်လန့်ဖို့ ကောင်းတာပဲ။”

“မြန်မြန် လုပ်ကြ။ ဆွေးနွေးမှုကို နားထောင်ကြ။”

နတ်ဆိုးကမ္ဘာအရှင်၏ ထာဝရအထွတ်အထိပ်ကောင်းကင်သည် တိတ်ဆိတ်သွားသည်။ ကိုယ်ပိုင်တပည့်ဖြစ်သည့် တိကျင်း၊ကျောက်ယန်လင်းနှင့် အခြားသော အတွင်းစည်းတပည့်များက ချီမင်ပြောသည်ကို ဂရုတစိုက် နားထောင်နေကြသည်။ သူတို့က မိုးမြေမဟာတာအို၏နားလည်မှုထဲသို့ နစ်မြုပ်သွားတော့သည်။

ချီမင်၊ နတ်ဆိုးကမ္ဘာအရှင်နှင့် တာအိုဘိုးဘေးတို့ကြောင့် ဖြစ်ပေါ်လာသည့် ထူးခြားဖြစ်စဉ်များက နတ်ဆိုးကမ္ဘာ၏ထာဝရအထွတ်အထိပ်ကောင်းကင်တစ်လျှောက် ပျံ့နှံ့သွားပြီး နတ်ဆိုးကမ္ဘာတစ်ခုလုံးထိပါ ပျံ့နှံ့သွားတော့၏။

နှစ်တစ်ရာ ကြာသွားသည်။

အခြားသော အထက်ကမ္ဘာရှစ်ကမ္ဘာကိုပါ သက်ရောက်လာ၏။ မိုးမြေမဟာတာအိုပေါ်လာခဲ့ပြီး အဆုံးမဲ့ ထူးခြားဖြစ်စဉ်များ ကျ‌ဆင်းလာသည့်အတွက် မရေမတွက်နိုင်သော သက်ရှိများ၏ အာရုံကို ဆွဲဆောင်သွားတော့သည်။

“ဒါက....”

အထွတ်အထိပ်ကမ္ဘာအရှင်က နတ်ဆိုးကမ္ဘာဘက်သို့ ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားလိုက်သည်။ “တာအိုဘိုးဘေး နတ်ဆိုးကမ္ဘာအရှင်နဲ့ ချီမင်က တာအိုကို ဆွေးနွေးနေတာပဲ။”

“ဒါက...”

“မဟာတာအိုသုံးခုက ပေါင်းစပ်သွားပြီး မိုးမြေမဟာတာအို ဖြစ်ပေါ်လာတယ်။”

“ကောင်းတယ်။ကောင်းတယ်။ကောင်းတယ်။”

“ငါ ချီမင်က ဒီအဆင့်ထိ ရောက်သွားမယ် မထင်ထားဘူး။ အခုတော့ ကမ္ဘာဦးမဟာတာအိုက ဖန်တီးခြင်းမဟာတာအိုနဲ့ နတ်ဆိုးတာအိုထက် နိမ့်ကျသေးတယ်။ ဒါပေမဲ့ အခုကြည့်ရတာ တစ်ဆင့်ပဲ လိုတော့တယ်။”

အခြားသော အထက်ကမ္ဘာအရှင်များက ဆွေးနွေးနေကြ၏။ သူတို့က ချီမင်၏အခြေအနေကို သတိထားမိသည်။

“ဒီလိုဆိုတော့...”

အထွတ်အထိပ်ကမ္ဘာ့အရှင် မော့ချောင်ကောက ရှေ့တစ်လှမ်းတိုးကာ နေရာမှပျောက်ကွယ်သွားသည်။ နောက်တစ်ခဏမှာ သူက ပျောက်ကွယ်သွားတော့သည်။ နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်သို့ ရောက်လာသည်။

“တာအိုရောင်းရင်းတို့။” မော့ချောင်ကောက ပွင့်လွင်းစွာ ပြော၏။” ငါတို့က ဘာလို့ ဒီလို မဟာတာအိုဆွေးနွေးပွဲကို အလွတ်ခံရမှာလဲ။”

“အထွတ်အထိပ်မဟာတာအို။”

မော့ချောင်ကောက ချီမင်၏‌ဘယ်ဖက်တွင် တင်ပျဉ်ခွေချိတ်ကာ ထိုင်လိုက်သည်။ သူ့ဘေးပတ်လည်တွင် မိုးမြေမဟာတာအို၏ မူလအစစွမ်းအားများ ပျံ့နှံ့လာပြီး အထွတ်အထိပ်မဟာတာအို၏ အရှိန်အဝါ ထွက်ပေါ်လာသည်။

အထွတ်အထိပ်ကမ္ဘာအရှင် မော့ချောင်ကောကလည်း တာအိုဆွေးနွေးခြင်းထဲသို့ ဝင်ရောက်လာပြီး သူ၏ အထွတ်အထိပ်မဟာတာအိုအကြောင်း ဆွေးနွေးလာသည်။ ထို့နောက် ချီမင်တို့နှင့် ပြောဆိုတော့သည်။

ထိုအခိုက် ချီမင်သည် အထက်ကမ္ဘာအရှင်သုံးပါး၏ မဟာတာအိုများကို နားထောင်လိုက်ရပြီး မိုးမြေမဟာတာအိုကို ပိုမိုနားလည်သွားတော့သည်။ သူ့တွင် နားလည်မှုအချို့ရှိပြီးသားဖြစ်သော်လည်း ကမ္ဘာဦးမဟာတာအိုက ပိုမိုပြည့်စုံလာရ၏။

“ငါရောပဲ။”

ဗုဒ္ဓကမ္ဘာတွင်။

ဗုဒ္ဓကမ္ဘာအရှင်၏အကြည့်က တောက်ပသွားသည်။ သူသည် နတ်ဆိုးကမ္ဘာ၏ အထွတ်အထိပ်ထာဝရကောင်းကင်တွင် ဖြစ်ပျက်နေသော အရာများကို နားလည်သွားသည်။ “ဒီလိုဆိုမှတော့ ငါလည်း ပါရတာပေါ့”

သိပ်မကြာခင်မှာပဲ သူပြောလို့ပြီးသွားသည်။

ဗုဒ္ဓကမ္ဘာအရှင်က အဆုံးမဲ့လေဟာနယ်ကို ဖြတ်ကာ ထာဝရအထွတ်အထိပ်ကောင်းကင်သို့ ရောက်လာလိုက်သည်။ သူသည် မော့ချောင်ကော၏ဘေးတွင် တင်ပျဉ်ခွေချိတ်ကာ ထိုင်လိုက်သည်။

“ဗုဒ္ဓတာအို”

ဗုဒ္ဓလောကသခင်သည်လည်း ဗုဒ္ဓတာအို၏ ကြီးကျယ်ခမ်းနားမှုနှင့် အဆုံးအစမဲ့ခြင်းတို့အကြောင်းကို စတင်ဟောကြားလေသည်။ သူသည် သူ၏ ဗုဒ္ဓတာအိုအကြောင်းကို ဟောကြားလိုက်သည်နှင့် အဆုံးအစမဲ့သော နိမိတ်ပုံရိပ်များသည် သဘာဝအလျောက် ပေါ်ထွန်းလာခဲ့သည်။ မြေပြင်မှ ရွှေရောင်ကြာပန်းများ လှိုင်လှိုင်ပွင့်ဝေလာပြီး ဗုဒ္ဓဘုရားရှင် ပေါ်ထွန်းလာလေသည်။ ဂေါတမ ဓမ္မရုပ်သွင်တော်နှင့် ဗာဂျရာဗုဒ္ဓတို့ ဖြစ်ကြသည်။

“လူတိုင်းက အတွေးကိုယ်စီရှိတော့ ငါလည်း ပါရတာပေါ့”

မိစ္ဆာကမ္ဘာတွင်။

မိစ္ဆာကမ္ဘာအရှင် ရွှမ်ဝမ်ကောကလည်း အဆုံးမဲ့လေဟာနယ်ကို ဖြတ်ကျော်ကာ ဗုဒ္ဓကမ္ဘာအရှင်နောက်သို့ လိုက်လာသည်။ သူက နတ်ဆိုးကမ္ဘာ၏ထာဝရအထွတ်အထိပ်ကောင်းကင်သို့ ရောက်လာပြီး တာအိုဆွေးနွေရန် ဝင်ရောက်လာ၏။

ရွှမ်ဝမ်ကောက အထွတ်အထိပ်မိစ္ဆာတာအိုကို ကျင့်ကြံ၏။တာအိုသံစဉ်များ ပျံ့လွင့်လာကာ စစ်မှန်သော အင်းကွက်များ လှုပ်ရှားထွက်ပေါ်လာပြီး၊ အမျိုးမျိုးသော နတ်သားရဲများ၊ ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် မိစ္ဆာကောင်များ၏ ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲဖြစ်ပေါ်လာသည်။ ထိုအထဲတွင်ခြေသုံးချောင်း ရွှေကျီးကန်းများ ရှိနေသလို၊ ဘိုးဘေးနဂါးကြီးက ပျံတက်နေပြီး၊ ဘိုးဘေးဖီးနစ်ငှက်က ဝဲပျံနေသည်။ ချီလင်က နေရာယူကြီးစိုးထားပြီး၊ လိပ်နက်ကြီးက ဖိနှိပ်ထားကာ၊ ကျားဖြူက ကောင်းကင်သို့ ထိုးတက်သွားလေသည်။

“ငါက ဒီကမ္ဘာကြီးထဲက အမှန်တရားတစ်ခုပဲ။”

စစ်မှန်ကမ္ဘာအရှင်ကလည်း ရောက်ချလာသည်။ သူက တာအိုဆွေးနွေးပွဲထဲသို့ ဝင်ရောက်လာပြီး မဟာတာအိုကို စတင်ဆွေးနွေးတော့၏။ အမှန်တရားကမ္ဘာက စတင်ပေါ်ပေါက်လာပြီး လောကကြီး၏ အနှစ်သာရကို ထင်ဟပ်ပြသလာသည်။

“ငါက မြင့်မြတ်ကမ္ဘာရဲ့ အရှင် မဟာပညာရှိပဲ။ မိုးမြေရဲ့ ပညာရှိလို့လည်း ဆိုနိုင်တယ်။ ဖရိုဖရဲမြင့်မြတ်တာအိုကို ရယူထားပြီး စကြဝဠာကို အုပ်စိုးတယ်။ ငါက အသင်္ချေတမျှကပ်ဘေးဒုက္ခကို နားလည်ထားပြီး ကမ္မရဲ့စွန်းထင်မှုတွေလည်း ဖြစ်နေတယ်။ငါက မိုးမြေနဲ့အတူ ထာဝရတည်ရှိတယ်။ ငါက အန္တန ငါက အန္တိမပဲ။”

“ကမ္ဘာကြီးထဲက အရာအားလုံးကို နားလည်လို့ရတယ်။ အတိတ်၊ပစ္စပ္ပုပန်နဲ့ အနာဂတ် ကို စောင့်ကြည့်နိုင်တယ်။ အတွေးတစ်ချက်နဲ့ မဟာတာအိုကို ပြောင်းနိုင်တယ်။ အဆုံးမဲ့ အကန့်အသတ်မဲ့တယ်။ ရှင်သန်ခြင်း ဖျက်ဆီးခြင်းလည်းမရှိဘူး။ အားလုံးက လေဟာနယ်ထဲကို ပြန်ရတယ်။ စုဝေးနိုင်သလို ပြန့်ကားနိုင်တယ်။ အသင်္ချေကပ်ဘေးဒုက္ခက မဖျက်ဆီးနိုင်ဘူး။ အချိန်နဲ့နေရာလွတ်ကို ကျော်လွန်တယ်။ ကမ္မကလည်း မထိတွေ့နိုင်ဘူး။ အပြင်မှာ လှည့်ပတ်ပြီး အချိန်နေရာလွတ်ကို အခြေခံအဖြစ် ပစ်ပယ်တယ်။ ထာဝရကို ပိုင်ဆိုးတယ်။”

မဟာပညာရှိက ထာဝရအထွတ်အထိပ်ကောင်းကင်သို့ ရောက်လာသည်။ ထိုသို့ရောက်လာသည့်အခိုက် သူက ဖရိုဖရဲ မြင့်မြတ်မဟာတာအိုကို စတင်ဖော်ကြူးတော့၏။

ခရမ်းရောင်ချီများသည် အရှေ့အရပ်မှ ရောက်လာပြီး နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်ကို ဖြတ်သန်းလာသည်။

ထိုအခိုက် အထက်ကမ္ဘာကိုးကမ္ဘာ၏ အရှင်ခုနစ်ပါး ရောက်လာ၏။

အင်မော်တယ်ကမ္ဘာအရှင် ချန်ချန်းရှန်အပြင် အခြား အထက်ကမ္ဘာအရှင်တစ်ပါးသာ မရောက်သေးပေ။

ထာဝရကမ္ဘာ၏အရှင် မရောက်သေးခြင်းဖြစ်သည်။

ချီမင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်လာသည့်အခိုက် ကမ္ဘာဦးမဟာတာအိုကို ထုတ်ဖော်ခဲ့၏။ သူက ရိုးရှင်းသည့် အခြမ်းသာ ပြသခဲ့ပြီး တိတ်ဆိတ်သွားခြင်းဖြစ်သည်။ ယခုထိတိုင် သူက ထပ်မံမထုတ်ဖော်ရသေးချေ။

“ငါလည်း ဒီလို မဟာအခမ်းအနားကို အလွတ်မခံပါဘူး။”

ထာဝရအထွတ်အထိပ်ကမ္ဘာအရှင်က ပေါ်လာတော့သည်။ သူသည် ထာဝရကမ္ဘာ၏လေဟာနယ်ကို ဖြတ်ကျော်ကာ ထာဝရမဟာတာအိုကို မြင့်တက်စေလျက် ထာဝရမဟာတာအို၏နက်နဲမှုများကို ရှင်းပြတော့သည်။

“အင်မော်တယ်တာအိုက ကျယ်ပြန့်ပြီး နက်နဲတယ်။”

နောက်ဆုံးတော့ ချန်ချန်းရှန်လည်း ရောက်လာပြီး အလွတ်မခံပါပေ။ သူက အင်မော်တယ်မဟာတာအို၏ ဆန်းကြယ်မှုများကို ရှင်းပြပြီး တင်ပျဉ်ခွေချိတ်ကာ ထိုင်၏။ သူသည် အထက်ကမ္ဘာအရှင်ရှစ်ပါး၊ ချီမင်တို့ဖြင့် တာအိုကို စတင်ဆွေးနွေးတော့သည်။

ထိုသို့ဖြင့် အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်ကိုးပါး ရောက်လာတော့၏။

ထိုအခိုက် ဖန်တီးခြင်းမဟာတာအို၊ နတ်ဆိုးတာအို၊ အင်မော်တယ်တာအို၊ ဗုဒ္ဓတာအို၊ မိစ္ဆာတာအို၊ အမှန်တရားမဟာတာအို၊ အထွတ်အထိပ်မဟာတာအို၊ ထာဝရမဟာတာအို၊ ဖရိုဖရဲမြင့်မြတ်တာအိုနှင့် ကမ္ဘာဦးမဟာတာအိုတို့ ပေါ်လာ၏။

မဟာတာအိုဆယ်ပါး ပေါ်ပေါက်လာပြီး ဘေးတိုက် စီတန်းပေါ်လာ၏။ မတူညီသည့် အရောင်ဆယ်ရောင်သည်‌ လေဟာနယ်စကြဝဠာပင်လယ်ကို ဖြတ်တောက်သွားပြီး အသင်္ချေကမ္ဘာတို့ကို သက်ရောက်လာ၏။

ထိုအခိုက်အတန့် အဆုံးအစမဲ့သက်ရှိများနှင့် မျိုးနွယ်ပေါင်းစုံကိုပါ သက်ရောက်လာ၏။

သူတို့က စတင် နားလည်ဆင်ခြင်တော့သည်။

ထိတ်လန့်ဖွယ်ရာပါပေ။

အလွန်အမင်း ထိတ်လန့်ဖွယ်ရာပါပေ။

ကမ္ဘာအားလုံးတွင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များက သတိထားမိသွားသည်။ သူတို့က ခေါင်းမော့ကာ မဟာတာအိုဆယ်ခုကို ကြည့်ရှုနေကြ၏။ သူတို့အားလုံးက လေးစားမှုများဖြင့် ထိတ်လန့်သွားရသည်။

“ဘုရားရေ။”

“အထက်ကမ္ဘာကိုးကမ္ဘာရဲ့ အရှင်ကိုးပါးက တကယ့်ကို တာအိုကိုဆွေးနွေးနေတာပဲ။ သူတို့က မဟာတာအိုတွေကို ထုတ်ဖော်ပြနေတယ်။ ချီမင်က အထက်ကမ္ဘာကိုးကမ္ဘာရဲ့အရှင်တွေနဲ့ ယှဉ်နိုင်တာပဲ။”

“ကြောက်ဖို့ကောင်းလိုက်တာကွာ။”

“လက်ရှိအခြေအနေရ ချီမင်က အထက်ကမ္ဘာရဲ့ ဆယ်‌ပါးမြောက်အရှင်ဖြစ်လာမှာလား။”

“ဖြစ်နိုင်တယ်။”

“ဒါက...”

ထာဝရအထွတ်အထိပ်အရှင်များက အံ့ဩသွားရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”မယုံကြည်နိုင်မှုက ဝမ်ရှန်း၏မျက်လုံးများကို ပြူးကျယ်သွားသည်။

“ဒါက...”

All Chapters