← Chapters

အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များနှင့် တာအိုဆွေးနွေးခြင်း။ အဆုံးသတ်သို့ ရောက်ရှိခြင်း။

Vol. 33 Ch. 470-b

အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များနှင့် တာအိုဆွေးနွေးခြင်း။ အဆုံးသတ်သို့ ရောက်ရှိခြင်း။

Vol. 33 Ch. 470-b

ပထမဆုံး စီနီယာအစ်ကို အထွတ်အထိပ်အင်မော်တယ် နိုးထလာသည်။ သူသည် မူလကတော့ ဟောက်ထျန်းမဟာတာအို၏ဆန်းကြယ်မှုများတွင် နစ်မြုပ်နေခြင်းဖြစ်၏။ သို့သော် ယခုတွင်တော့ သူသည် ထူးခြားဖြစ်စဉ်ကြောင့် နိုးထလာပြီဖြစ်သည်။

“နတ်ဆိုးတာအို၊ ဗုဒ္ဓတာအို၊ မိစ္ဆာတာအို၊ ဖရိုဖရဲ မြင့်မြတ်တာအို။”

အထွတ်အထိပ်အင်မော်တယ်တာအိုက အံ့ဩသွားသည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ။ အထက်ကမ္ဘာအရှင်ကိုးပါးက ချီမင်နဲ့ တာအိုဆွေးနွေးနေတာပဲ။ သူတို့က မဟာတာအိုကိုတောင် ထုတ်ဖော်ပြသနေတာပဲ။”

“ဒသမတာအိုက ကောင်းကင်ကို ဖြတ်ကျော်လာတာပဲ။”

“သူက...သူက”

ထိတ်လန့်ခြင်း။

မယှဉ်သာလောက်အောင် ထိတ်လန့်ဖွယ်ကောင်း၏။

ပိုပြီးအရေးကြီးသည်က။

ချီမင်၏ကမ္ဘာဦးမဟာတာအိုက အထက်ကမ္ဘာအရှင်တို့၏မဟာတာအိုဖြင့် ရင်ဆိုင်ရသောအခါ သူသည် ငြင်းပယ်သည့် မည်သည့်လက္ခဏာကိုမျှ မပြသပေ။ ထိုအစား ၎င်းကိုယ်တိုင်က ပြည့်စုံလာရသလို အရှင်တို့၏မဟာတာအိုကလည်း ပြည့်စုံလာသည်။

နှစ်တစ်သောင်း ကြာသွားသည်။

ချီမင်နှင့် အထက်ကမ္ဘာအရှင်တို့သည် တာအိုကို ဆွေးနွေးနေကြသည်။ ချီမင်က အကျိုးအမြတ်များစွာ ရလိုက်သည်။ သူသည် ရေမြုပ်တစ်ခုအလား သူနားလည်သမျှ မိုးမြေမဟာတာအိုကို စုပ်ယူနေ၏။

အထက်ကမ္ဘာအရှင်ကိုးပါးက ချီမင်ကို ကူညီပေးနေသည်။ သူတို့က မိုးမြေမဟာတာအိုကို မြန်နိုင်သမျှ မြန်မြန် နားလည်စေချင်ပြီး ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်စေချင်ကြသည်။

ချီမင်က ကမ္ဘာဦးမဟာတာအိုကို ဆွေးနွေးနေကြသည်။ အထက်ကမ္ဘာအရှင်တို့ကလည်း ချီမင်၏ကမ္ဘာဦးမဟာတာအိုကို နားထောင်ပြီးနောက် နားလည်မှုအသစ်များ ရသွားတော့သည်။

နောက်ဆုံးမှာတော့ ချီမင်တွင် ဒသမအထွတ်အထိပ်တာအိုသစ်သီးဖြစ်လာသည်။

နောက်ထပ်နှစ်(၂၀၀၀)ကုန်သွား၏။

ယနေ့တွင်တော့။

ကမ္ဘာများစွာတွင် လေဟာနယ်စကြဝဠာတွင် ဒသမမဟာတာအိုက ကောင်းကင်သို့ တက်သွားကာ လေဟာနယ်စကြဝဠာနှင့်ချိတ်ဆက်နေသော ထူးခြားဖြစ်စဉ်များလည်း ပျောက်ကွယ်သွားကြသည်။ နေရာအနှံ့လွှမ်းခြုံထားသော တာအိုတေးသံများသည်လည်း ပျောက်ကွယ်သွားတော့၏။

သိပ်မကြာခင်မှာ ထာဝရအထွတ်အထိပ်အရှင်များ၊ မရေမတွက်နိုင်သော သက်ရှိများ၊မျိုးနွယ်စုများသည် တာအိုနားလည်ဆင်ခြင်မှုမှ နိုးထလာကြ၏။ သူတို့က ခန္ဓာကိုယ်ထဲက အပြောင်းအလဲများကို ခံစားမိသွားပြီး ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်မားစွာ တက်သွားတော့၏။

ချီမင်နှင့် အထက်ကမ္ဘာအရှင်များသည် တာအိုကို နှစ်သုံးထောင်ကြာ ဆွေးနွေးခဲ့သည်။ မဟာတာအိုဆယ်ခု၏ ကောင်းကင်သို့ မြင့်တက်လာမှုကြောင့် ထူးခြားဖြစ်စဉ်များက ကြောက်မက်ဖွယ်ကောင်းသလို ချီမင်တို့၏ လမ်းစဉ်ကို သက်ရှိအပေါင်းက ကြားနာခွင့်ရခဲ့သည်။

သက်ရှိများစွာက ထိုသည်မှ အကျိုးအမြတ်ကြီးစွာ ရလိုက်သည်။

ချီမင်ကတော့ အကျိုးအကျေးဇူးအများဆုံး ရရှိသူပင်။ သူက အရှင်ကိုးပါး၏ မဟာတာအိုကို နားထောင်ရပြီး သူ၏ကမ္ဘာဦးမဟာတာအိုကို ပြီးပြည့်စုံအောင် လုပ်ခဲ့သည်။

၎င်းက စစ်မှန်သည့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။

မည်သည့်အားနည်းချက်မျှမရှိတော့ပေ။

နောက်တော့ ချီမင်သည် မိုးမြေမဟာတာအိုကို ဆက်လက်နားလည်ဆင်ခြင်တော့၏။ သူ၏ကျင့်ကြံခြင်းအဆင့်ကလည်း တိုးလာသည်။ သူ၏ကမ္ဘာဦးမဟာတာအိုကို ဆက်လက်ပြည့်စုံစေရန် မလိုအပ်တော့ချေ။

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ကမ္ဘာဦးမဟာတာအိုသည် ပြီးပြည့်စုံသွားပါပြီ။ ယင်းက ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားပါပြီ။ ကမ္ဘာဦးမဟာတာအိုကျမ်းကို ထပ်မံတွက်ချက်၍ မရတော့ပါ။”

ထိုအခိုက် ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှ အသိပေးချက်တစ်ခု လက်ခံရလိုက်သည်။

“ငါတို့ အဆုံးသတ်ထိ ရောက်သွားပြီလား။”

ချီမင်က အသက်ပြင်းပြင်းရှုကာ ခံစားချက်များဖြင့် ပြည့်နှက်သွားတော့၏။

ဆယ်နှစ်ကြာပြီးနောက် သူသည် နားလည်ဆင်ခြင်နေရာမှ ထွက်လာသည်။

အထက်ကမ္ဘာအရှင်ကိုးပါးက တစ်ချိန်တည်း မျက်လုံးဖွင့်လာကြသည်။ အမှန်တကယ်တော့ နတ်ဆိုးကမ္ဘာအရှင်တို့က နိုးထလာတာကြာပြီဖြစ်သည်။ သူတို့က ချီမင်ကို စောင့်နေကြခြင်းဖြစ်သည်။

“ဂျူနီယာချီမင်က စီနီယာကိုးယောက်ကို ကျေးဇူးတင်ပါတယ်။”

ချီမင်သည် မတ်တပ်ထကာ အရှင်ကိုးပါးကို ဦးညွှတ်လိုက်သည်။ သူ၏လေသံသည် အင်မတန်လေးစားမှုများဖြင့် ပြည့်လျှံနေသည်။ ချီမင်က သူတို့ကို အတော်လေးကျေးဇူးတင်ပါ၏။

မဟုတ်လျှင် ၎င်းက ချီမင်အတွက် အတော်လေး ခက်ခဲသွားပေလိမ့်မည်။

“မလိုဘူး။” ချန်ချန်းရှမ်က မထူးခြားနားစွာ ပြောသည်။ “မင်းကို ကူညီတယ်ဆိုတာက တကယ်တော့ ငါတို့ကိုယ်ငါတို့ ကူညီတာပါပဲ။”

“အင်မော်တယ်ကမ္ဘာအရှင်ပြောတာ မှန်တယ်။”ဗုဒ္ဓကမ္ဘာအရှင်က ပြုံးကာပြောသည်။ “ချီမင် မင်းမှာ ဒသမ အထွတ်အထိပ်မဟာတာအိုရှိတယ်။ မင်းထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ကို ရောက်ရင် အလုံးစုံကို သိလာလိမ့်မယ်။”

“ငါတို့ မင်းကို လိုအပ်တယ်။”

“ဟုတ်ကဲ့။”

စစ်မှန်ကမ္ဘာအရှင်က ခေါင်းညိတ်သည်။ “ငါတို့ မူလအစကမ္ဘာရဲ့ တံခါးကို ဖွင့်ချင်ရင် ဒသမအထွတ်အထိပ်တာအိုသစ်သီးက ကူညီပေးနိုင်တယ်။”

“ငါတို့ မင်းကို ကူညီရတာက မင်းကို ငါတို့နဲ့အတူ မူလအစကမ္ဘာကို ဖွင့်စေချင်လို့ပဲ။”

“ချီမင် မင်းနားလည်လား။” မော့ချောင်ကောက မေး၏။

“ဟုတ်ကဲ့” ချီမင်က ခေါင်းညိတ်သည်။ “ကျွန်တော်သိပါတယ်။ စီနီယာတို့ကို စိတ်မပျက်စေရပါဘူး။ ကျွန်တော် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ကို အချိန်တိုအတွင်း ရောက်အောင် လုပ်ပါ့မယ်။”

“အရမ်းကောင်းတယ်။”

အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်ကိုးပါးက စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။

ထိုအခိုက် ရုတ်တရက် လေဟာနယ်စကြဝဠာပင်လယ်တွင်။

မရေမတွက်နိုင်သော သံစဉ်များနှင့် ထူးခြားဖြစ်စဉ်များစွာ ပေါ်လာသည်။ လေဟာနယ်စကြာဝဠာ၏အတွင်းကျဆုံးအပိုင်း၌ မဟာတာအို၏ခမ်းနားသည့် စွမ်းအားများ ပေါ်လာတော့သည်။ ၎င်းက သက်တန့်ကြီးအလား လေဟာနယ်စကြဝဠာကို ဖြတ်တောက်သွားသည်။

သေချာလေ့လာကြည့်လျှင် ထိုအထွတ်အထိပ်သက်တန့်တံတားကြီးအပေါ်၌ အရောင်ကိုးရောင်ဖြင့် အလင်းမြူခိုးများ ထွက်လာသည်။ သက်တန့်တံတားကြီးပေါ်တွင် အထွတ်အထိပ်ပုံရိပ်များ ရပ်တည်နေ၏။

သူတို့ထဲကတစ်ယောက်က ချီမင်ကို ရင်းနှီးသည့် ခံစားချက်များ ပေးနိုင်၏။

“ဧကရာဇ်ဟောက်ထျန်း”

ချီမင်က ၎င်းကို အသိအမှတ်ပြုလိုက်သည်။ သူက အံ့ဩစွာ ပြောသည်။ “ဒါက ဟောက်ထျန်းမဟာတာအိုပဲ။”

“အကြီးဆုံး...အကြီးဆုံးစီနီယာအစ်ကိုကြီး..”

ဝမ်ရှန်း၏မျက်လုံးများက ပျော်ရွှင်ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့၏။

“အကြီးဆုံးစီနီယာအစ်ကိုကြီးပဲဟ။”

“ဟူး”

“အကြီးဆုံးစီနီယာအစ်ကိုကြီးပဲ”

“မိုးမြေမဟာတာအို”

“ဘုရားရေ”

“အကြီးဆုံးစီနီယာအစ်ကိုက အောင်မြင်သွားပြီဟ။”

တိကျင်းတို့က အော်လိုက်ကြသည်။

“ငါက အထွတ်အထိပ်အင်မော်တယ်ပဲ။”

ဟောက်ထျန်းမဟာတာအိုမှ ဖြစ်ပေါ်လာသည့် သက်တန့်တံတားကြီးပေါ်တွင် ရင်းနှီးနေသည့် ဧကရာဇ်ဟောက်ထျန်းရှိသည်။ ထို့ပြင် နောက်တစ်ယောက်လည်း ရှိသေး၏။

ထိုပုံရိပ်က အထွတ်အထိပ်အင်မော်တယ်ဖြစ်သည်။

“ဒီနေ့” အထွတ်အထိပ်အင်မော်တယ်က သက်တန့်တံတားကြီးပေါ်တွင် ရပ်လျက် လက်နှစ်ဖက်ကို နောက်ပစ်ကာဆိုသည်။ သူသည် အဆုံးမဲ့‌မိုးမြေကိုပင် ဖိနှိပ်နိုင်သော ဖိအားကို သယ်ဆောင်ထား၏။ “ငါက ဟောက်ထျန်းမဟာတာအိုကို ရယူထားတယ်။ မိုးမြေမဟာတာအိုထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်မှာ ရှိတယ်။”

“ငါက ကမ္ဘာကြီးထဲက ရန်သူအားလုံးကို ဖိနှိပ်နိုင်တယ်။”

ထိုအခိုက် အသင်္ချေကမ္ဘာတို့၏ကောင်းကင်ကြီးက လှုပ်ခါလာသည်။ အထက်ကမ္ဘာကိုးကမ္ဘာ၏ကောင်းကင်တာအိုက များစွာသော ထူးခြားဖြစ်စဉ်များ ပေါ်လာ၏။ မိုးမြေမဟာတာအိုကလည်း မဟာတာအိုထူးခြားဖြစ်စဉ်များအဖြစ် ပြောင်းလဲသွားသည်။

မိုးမြေက အောင်ပွဲခံနေလေသည်။

အထွတ်အထိပ်အင်မော်တယ်အတွက်တော့ မိုးမြေမဟာတာအိုအဆင့်သို့ ရောက်ရန် အတော်လေးခက်ခဲ၏။ သို့သော် အရှင်ကိုးပါးက ချီမင်နှင့်တာအိုကို ဆွေးနွေးသည့်အတွက် မဟာတာအိုဆယ်ခုက မြင့်တက်လာခဲ့လေသည်။

သူသည် အထက်ကမ္ဘာကိုးကမ္ဘာအရှင်နှင့် ချီမင်တို့၏ တာအိုကို နားထောင်ခဲ့သည်။ သို့ဖြစ်၍ သူက မဟာတာအိုဆယ်ခုနှင့် မိုးမြေမဟာတာအိုမူလအစတို့ကို နားလည်သွားရ၏။ သူသည် ၎င်းတို့ကို ပေါင်းစပ်ခဲ့သည်။ သို့မှသာ မိုးမြေမဟာတာအိုအဆင့်သို့ ခြေချနိုင်ခဲ့၏။

‘ကံကောင်းတာလား။’

၎င်းက ခါးသီးစွာ ကျင့်ကြံခြင်း၏ ရလဒ်ပါပေ။

ဘာပဲဖြစ်ဖြစ် အထွတ်အထိပ်အင်မော်တယ်က မိုးမြေမဟာတာအိုအဆင့်သို့ ရောက်သွားသည့်အခါ သူသည် ဧကရာဇ်ဟောက်ထျန်း၏လမ်းစဉ်ကို ထပ်မံ လျှောက်လှမ်းခဲ့သည်။ ဤကမ္ဘာကြီးထဲတွင် နောက်ထပ်ဧကရာဇ်ဟောက်ထျန်းပေါ်လာသည်။

နတ်ဆိုးကမ္ဘာအရှင်က ခေါင်းမော့ကာ အထွတ်အထိပ်အင်မော်တယ်ကို ကြည့်လိုက်၏။ မှတ်ဉာဏ်များက သူ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်မှာ သူသည် သူ၏သူငယ်ချင်းဟောင်းကြီးကို ထပ်မံတွေ့လိုက်ရသည့်အလားပင်။ “အထွတ်အထိပ်အင်မော်တယ်က ပြန်လှည့်လို့မရတော့ဘူး။”

“ဒုတိယဧကရာဇ်ဟောက်ထျန်း ပေါ်လာတာလား။”

“စိတ်ဝင်စားဖို့ကောင်းတယ်”

“ဒါပေမဲ့ ငါတို့မှာ မူလအစကမ္ဘာ့ရတနာတွေ ရှိနေပြီ။ ဧကရာဇ်ဟောက်ထျန်းပြန်ရှင်လာရင်တောင် သူက ငါတို့ ပြိုင်ဘက်မဟုတ်တော့ဘူး။”

“နောက်ထပ်ဖြစ်နိုင်ချေရှိသေးတယ်။”

အထက်ကမ္ဘာအရှင်တို့က ဆွေးနွေးနေကြ၏။

All Chapters