← Chapters

ကံကြမ္မာ

Vol. 15 Ch. 211

ကံကြမ္မာ

Vol. 15 Ch. 211

ထိုအရာကို မြင်လိုက်ရပြီးနောက် ရွှီလန်၏မျက်ဝန်းထဲ၌ အံ့အားသင့်သွားလေဟန် အရိပ်အယောင်များ ယှက်သန်းသွားသည်။

ယခုနှစ်ပိုင်းများအတွင်းမှာ ရွှီလန်သည် ဗွီအာနည်းပညာအကြောင်း သုတေသနလုပ်နေခဲ့သည်ဖြစ်ရာ သူ ယခုမြင်လိုက်ရသော ဗွီအာနည်းပညာ၏အဆင့်အတန်းကို ကောင်းကောင်းနားလည်သည်။

ဤနည်းပညာက သူသိထားသည့် ဗွီအာနည်းပညာထက် အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာလောက် ရှေ့ရောက်နေချေသည်။

ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြောလိုက်၏။

"ကောင်းပြီ။ မေးစရာရှိတဲ့လူက လွတ်လွတ်လပ်လပ်မေးနိုင်ပါတယ်"

ရွှီလန်၏မျက်လုံးထဲဝယ် သံသယရိပ်များဖြင့် ပြည့်နှက်သွားသည်။

"ဘော့စ်.. ကျွန်တော်နားလည်ထားသလောက်ဆိုရင် လက်ရှိဗွီအာနည်းပညာနဲ့ဆိုရင် ဘော့စ် ဒီဇိုင်းဆွဲထားတဲ့ ဂိမ်းကို တီထွင်ဖို့မဖြစ်နိုင်ပါဘူး။ ဘယ်လိုများလုပ်ခဲ့တာလဲ"

ယဲ့ချန်းလည်း ပြန်ဖြေလိုက်သည်။

"မင်းပြောတာမှန်တယ်။ ငါတို့ဂိမ်းက တခြားကုမ္ပဏီတွေကထုတ်တဲ့ ဂိမ်းတွေထက် နှစ်ပေါင်းငါးဆယ်လောက် ရှေ့ရောက်နေတယ်။ ငါက ဒီဂိမ်းအတွက် အထူးသီးသန့်အင်ဂျင်တစ်ခုကို ဖန်တီးထားတာ။ အဲဒါကြောင့် အခုလိုဖန်တီးနိုင်ခဲ့တာ"

"ဂိမ်းအင်ဂျင်ကြောင့်ကိုး"

ယဲ့ချန်းကလည်း ပေါ့ပေါ့ပါးပါးသာ ဆို၏။

"အကုန်လုံးက လျှို့ဝှက်ရေးသဘောတူစာချုပ်မှာ လက်မှတ်ထိုးပြီးသားမို့လို့ စည်းကမ်းအတိုင်း လိုက်နာကြဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က နည်းပညာပေါက်ကြားအောင် လုပ်ခဲ့တယ်ဆိုရင်တောင် ငါစိတ်မပူဘူး။ ဒီဂိမ်းကို ကုတ်ဝှက်ထားပြီးသား။ ဒီတော့ ငါကလွဲရင် ဘယ်သူက အဲဒီကုတ်ကို မဖြည်နိုင်ဘူး"

ရွှီလန်၏မျက်ဝန်းထဲ၌ အံ့ဩရိပ်များ ကိန်းအောင်းသွားသည်။ ဗွီအာနည်းပညာနယ်ပယ်တွင် သူ မည်သူ့ကိုမှ မလေးစားခဲ့ဖူးပေ။ သို့သော် ယနေ့မှာတော့ ယဲ့ချန်းကို အလွန်လေးစားသွားသည်။

ထို့နောက် ရွှီလန် အတန်ငယ်မျှစဉ်းစားကြည့်ပြီး ဒုတိယမြောက်မေးခွန်းကို ထပ်မေးလိုက်၏။

"ဘော့စ်.. ဒီဂိမ်းကိုဖန်တီးဖို့အတွက် အချိန်ဘယ်လောက်ယူခဲ့ရလဲ"

ယဲ့ချန်းက ပြုံးလျက် လက်တစ်ချောင်းထောင်ပြလိုက်သည်။

ရွှီလန်ခမျာ ထိတ်လန့်တကြားဖြစ်သွားလေသည်။

"တစ်နှစ်လား"

ယဲ့ချန်းကမူ ခေါင်းခါပြသည်။

"တစ်လလား"

ယဲ့ချန်းက ခေါင်းခါယမ်းဆဲသာ။

"တစ်ရက်လား"

ရွှီလန်မှာ လုံးဝကြက်သေသေသွားလေသည်။

ယဲ့ချန်းက ခေါင်းတခါခါလုပ်ရင်း ပြုံးလိုက်လေသည်။

"တိတိကျကျပြောရရင်တော့ တစ်ညတည်းနဲ့လုပ်ခဲ့တာ"

ဘာ?

တစ်ညလား?

အစည်းအဝေးခန်းတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားလေသည်။ လူတိုင်းက ယဲ့ချန်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

ဤမျှအံ့ဖွယ်ကောင်းသော ဗွီအာဂိမ်းတစ်ခုကို ဖန်တီးရန်အတွက် ထိပ်တန်းကုမ္ပဏီများပင် အချိန်သုံးနှစ်နီးပါးယူရသည်။

ယဲ့ချန်းကမူ တစ်ညတည်းနှင့် ဖန်တီးခဲ့သတဲ့။ ဤသည်မှာ စင်စစ်လက်ဖျားခါလောက်ပါပေသည်။

ယခုတော့ သူတို့၏ဘော့စ်က ဒိတ်ဒိတ်ကြဲပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်လေပြီ။

သူတို့ထဲရှိ လူတော်တော်များများက ပါရဂူဘွဲ့ရများနှင့် မာစတာဘွဲ့ရများ ဖြစ်ကြသော်ငြား သူတို့ဘော့စ်ရှေ့မှာတော့ သူတို့က စာမလိုက်နိုင်သည့် ကျောင်းသားတစ်သိုက်သာဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ရွှီလန် စိတ်လှုပ်ရှားသွားရသည်။ ယခုလိုဘော့စ်တစ်ယောက်၏ ဦးဆောင်မှုနောက်ကို လိုက်ရမည်ဆိုလျှင် သူတို့၏အနာဂတ်မှာ တက်လမ်းများစွာရှိလာနိုင်သည်။

"ဘော့စ် စိတ်ချပါ။ ကျွန်တော်တို့ ကြိုးစားပါ့မယ်။ ဘော့စ်ကို စိတ်မပျက်စေရပါဘူး"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်လေသည်။

"ငါစိတ်တိုင်းကျစေမဲ့ ဂိမ်းတစ်ခုကို မင်းတို့တွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။ စကားမစပ် ဒီဂိမ်းကို 'အမည်မသိစစ်မြေပြင်'လို့ နာမည်ပေးကြမယ်"

"ဟုတ်ကဲ့ ဘော့စ်"

အမည်မသိစစ်မြေပြင်၏ ဗွီအာဗားရှင်းကို ယဲ့ချန်းကိုယ်တိုင်ပင် အများကြီးမျှော်လင့်ထားသည်။

ယဲ့ချန်းက စတားကုမ္ပဏီထဲက ထွက်လာခဲ့လိုက်သည်။ အပြန်လမ်းတွင် လင်းဝမ်ယိုက ပြုံးလျက် ပြောလိုက်၏။

"သခင်လေး ကျွန်မ တစ်ခုတွေးမိတယ်"

"ဘာတွေးမိတာလဲ"

"နောက်ပိုင်းကျရင် ဂိမ်းဈေးကွက်က ရှင့်အပိုင်ဖြစ်လာလိမ့်မယ်။ စတားကုမ္ပဏီရဲ့အပိုင်ဖြစ်လာလိမ့်မယ်"

ယဲ့ချန်း ပြုံးလိုက်မိသည်။ု

"ကိုယ်လည်း အဲဒီလိုယုံကြည်ထားတယ်။ သူတို့ကို နှစ်ပေါင်းငါးဆယ်လောက် ရှေ့ရောက်နေတဲ့ နည်းပညာကိုတောင် ပေးထားပြီးပြီပဲ။ အဲဒါကိုမှ သူတို့ အောင်မြင်အောင်မလုပ်နိုင်ရင် သူတို့ကိုတော့ မျှော်လင့်လို့မရတော့ဘူး"

နောက်တစ်နေ့တွင် ယဲ့ချန်းမှာ ရုပ်ရှင်ရိုက်ရန်အတွက် ကျိုတိုသို့ သွားရမည်ဖြစ်၏။

"သခင်လေး..ကျွန်မ အနားမှာမရှိတဲ့အချိန် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါနော်"

လင်းဝမ်ယိုက ခရီးဆောင်အိတ်အားလုံးကို ထုပ်ပိုးပြင်ဆင်ပေးထားသည်။

"သွားတိုက်တံနဲ့ မုတ်ဆိတ်ရိတ်ဓားက အတွင်းအိတ်ကပ်ထဲမှာ။ မျက်နှာသစ်ဆေးနဲ့ နေလောင်ခံခရင်မ်က ဘေးအိတ်ကပ်ထဲမှာ။ သခင်လေးရဲ့အတွင်းခံကိုလည်း ခုနစ်စုံပြင်ပေးထားတယ်။ ပုံမှန်လဲနော်…"

လင်းဝမ်ယို၏အမှာစကားများကို နားထောင်ရင်း ယဲ့ချန်း၏ရင်ထဲ နွေးထွေးသွားလေသည်။

ဤခံစားချက်ကား သူ့ဇနီးလေးက သူ့အား စိတ်ရှည်လက်ရှည်မှာကြားနေသလိုပင်။

ယဲ့ချန်း ပြုံးလိုက်မိ၏။

"စိတ်မပူပါနဲ့။ ကိုယ်သိပါတယ်"

လင်းဝမ်ယိုက ယဲ့ချန်းကို တံခါးနားအထိ လိုက်ပါပို့ဆောင်ပေးသည်။ 'ယီမန်း'ရိုက်ကူးရေးက လွန်ခဲ့သည့်လဝက်ကတည်းက စတင်ရမည်ဖြစ်၏။ သို့သော် ပြဿနာတစ်ခုကြောင့် ယနေ့အထိ ကြန့်ကြာသွားရခြင်းပင်။

သို့ဖြစ်လေရာ ယဲ့ချန်းလည်း ပီကင်းတက္ကသိုလ်ကိုသွားပြီး ချန်းရှောင်ပေ့နှင့် လီယန်တို့ဆီသို့ သွားလည်နိုင်သည်။ ယဲ့ချန်း၏ကားက အိမ်ရာဝင်းထဲက ထွက်လာလိုက်သည်နှင့် အမှာစာအသစ်တစ်ခု ဝင်လာသည်။

ထို့ပြင် တည်နေရာကလည်း လေဆိပ်ပင်။

လမ်းကြုံနေသောကြောင့် သူလည်း ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခုလောက် ရနိုင်လောက်သည်ဟူသော မျှော်လင့်ချက်ဖြင့် ထိုအမှာစာကို လက်ခံလိုက်သည်။

ယခုဆိုလျှင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရယူပြီး အလုပ်အကိုင်အသစ်တစ်ခုကို စတင်ရခြင်းမှာ ယဲ့ချန်း၏ အကြီးမားဆုံးဝါသနာတစ်ခု ဖြစ်လာလေပြီ။

အလုပ်အကိုင်အသစ်တစ်ခုကို စတင်ချိန်တိုင်းမှာ ယဲ့ချန်းတွင် မတူညီသော အတွေ့အကြုံများနှင့် မတူညီသော အကျိုးအမြတ်များကို ရလေ့ရှိ၏။ ဤသည်ကပင် သူ့ဘဝ၏ အပျော်ရွှင်ဆုံးအရာတစ်ခုဖြစ်လာခဲ့သည်။

မကြာခင်မှာပင် လိုရာခရီးကို ရောက်လာခဲ့သည်။ ခရီးသည်ကား ခရီးဆောင်အိတ်ကို ဆွဲလာသည့် လေယာဉ်မယ်တစ်ယောက်ပင်။

ထိုလေယာဉ်မယ်ကား အချိုးအစားကျနလှသော ခန္ဓာကိုယ်မျိုးရှိပြီး သူ(မ)၏အလှတရားကလည်း ၉၆မှတ်ပင်။

ယဲ့ချန်း၏ကားကိုမြင်‌သော် ထိုလေယာဉ်မယ်မှာ အံ့ဩမှင်တက်သွားလေသည်။

အစတုန်းကတော့ စနစ်ထဲတွင် ရှားလိကားဟု ဖော်ပြထားသော်ငြား တကယ်တမ်းရောက်လာတော့ ကူလီနန်ပြိုင်ကားဖြစ်နေခဲ့သည်။

"ကြိုဆိုပါတယ် ခင်ဗျားက ခရီးသည်၁၃၆၃၈၈လား။ အထဲကိုဝင်ပါဦး"

ထိုလေယာဉ်မယ်ခမျာ ကားထဲသို့ ဝင်ပြီးနောက် ချောမောခံ့ညားလှသော တက္ကစီဒရိုင်ဘာကို မြင်လိုက်ရသဖြင့် အကြောင်သားဖြစ်သွားရသည်။

ဇိမ်ခံကားတစ်စီးကို မောင်းပြီး ရုပ်ရည်ကလည်း ချောမောလွန်းလှသည်။ ဤသည်မှာ ရုပ်ရှင်တစ်ကားလေလား။

"ကျွန်တော့်ရဲ့ရာသီခွင်က ဘာလဲဆိုတာ သိလား အလှလေး"

လေယာဉ်မယ်က ခေါင်းခါပြသည်။

ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံး၏။

"မင်းအတွက် အထူးသီးသန့်မွေးဖွားလာတာလေ"

"ကျွန်တော့်သွေးအမျိုးအစားရော သိလား"

ထိုလေယာဉ်မယ်က ထပ်ခေါင်းခါပြပြန်သည်။

ယဲ့ချန်းက နွေဦးလေပြည်အလား နွေးထွေးလှသော အပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်သည်။

"မင်းကြိုက်တဲ့ အမျိုးအစားပေါ့"

အခြားလူတစ်ယောက်သာဆိုပါက ဤကဲ့သို့သော ပိုးပန်းစကားမျိုးကို လျစ်လျူရှုလိုက်မိမည်သာ။ သို့သော် ယဲ့ချန်းက အလွန်ချောမောခံ့ညားလွန်းလှသောကြောင့် သူ့ပုံစံက အပိုလုပ်ပြောနေပုံမပေါ်ချေ။

ယဲ့ချန်းက အမှန်တကယ်ပင် သူ(မ)၏ အကြိုက်ပင်။

ထိုလေယာဉ်မယ်လေးခမျာ တခစ်ခစ်ရယ်မောလိုက်မိသည်။

ယဲ့ချန်းလည်း လေဆိပ်သို့ မောင်းလာခဲ့လိုက်သည်။

"ကျွန်မတို့ ထပ်တွေ့နိုင်ဦးမလား အချောလေး"

လမ်းတစ်လျှောက်တွင် ယဲ့ချန်းက ဉာဏ်ရွှင်ပြီး ဟာသဉာဏ်လည်းရှိသောကြောင့် အတူရှိချိန်က တိုတောင်းသော်ငြား ခွဲခွာရန် အင်တင်တင်ဖြစ်နေရသည်။

"ဒီလိုလုပ်ရအောင်။ ကိုယ်တို့ နာရီဝက်အတွင်း ပြန်တွေ့ခဲ့ရင် မင်းက ကိုယ့်ရည်းစား ဖြစ်ပြီပဲ"

"ကောင်းပြီလေ။ စကားမစပ် ရှင်က မိန်းကလေးတွေကို ပျော်အောင်လုပ်ပေးတဲ့နေရာမှာ ကျွမ်းကျင်လွန်းလို့ ကျွန်မ ရှင့်ကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်မယ်"

ထိုလေယာဉ်မယ်လေးက ပြုံးတုံ့တုံ့ဖြင့် ကားထဲက ဆင်းသွားသည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့် (၂/၅)ကို အသက်သွင်းနိုင်ခဲ့တဲ့အတွက် အရှေ့ပိုင်းလေကြောင်းကုမ္ပဏီရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းကို ဆုလာဘ်အဖြစ် ချီးမြှင့်ပါတယ်]

ယဲ့ချန်း ကားထဲကထွက်လာချိန်ဝယ် အနားကဖြတ်သွားသည့် လေယာဉ်မယ်တစ်သိုက်မှာ ကြက်သေသေကုန်ကြသည်။

ဘုရားရေ.. လီရွှင်းအာကိုလိုက်ပို့တဲ့ကောင်လေးက အရမ်းချောတာပဲ!

ပြီးတော့ ကားကလည်း ကူလီနန်ပြိုင်ကားတဲ့!

"အလှလေး ကိုယ် မင်းကို ဝီချက်မှာ အပ်ထားတယ်နော်။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့"

လီရွှင်းအာက အနားသို့ ရောက်လာချိန်မှာ လေယာဉ်မယ်များက အချင်းချင်းစကားဆိုရင် ပွက်လောရိုက်နေကြသည်။

"ရွှင်းအာ အဲဒီကောင်လေးက ဘယ်သူလဲ။ အမှန်အတိုင်းပြောနော်"

"ဟုတ်တယ်။ စိန်အဆင့်လူပျိုလေးတစ်ယောက်နဲ့ တိတ်တိတ်လေးငြိနေတာပေါ့လေ"

အမျိုးသမီးများက အတူရှိကြချိန်တွင် အတင်းအဖျင်းပြောရခြင်းကို အလွန်သဘောကျကြသည်။

"ရွှင်းအာ.. ပြောနော်။ မဟုတ်လို့ကတော့ ငါတို့ အားသုံးရလိမ့်မယ်"

လီရွှင်းအာခမျာ အတန်ငယ်ဆွံ့အသွားရသည်။

ဤလူတစ်သိုက်က ပွဲကြိုက်ခင်များပင်။

"သူက တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

လီရွှင်းအာလည်း ပြန်ဖြေလိုက်၏။

"ငါတို့ကို လာမလိမ်နဲ့။ ငါတို့ကို ငတုံးတွေများ မှတ်နေတာလား။ တက္ကစီမောင်းဖို့အတွက် ကူလီနန်ပြိုင်ကားကို မောင်းမှာတဲ့လား"

လီရွှင်းအာခမျာ ဆွံ့အသွားရပြန်သည်။

"ထင်ချင်သလိုသာ ထင်ကြတော့။ ဒါပေမဲ့ သူက တက္ကစီဒရိုင်ဘာဆိုတာ အမှန်ပဲ"

လီရွှင်အာတို့တစ်သိုက်လည်း လေယာဉ်ပေါ်သို့ တက်လာခဲ့လိုက်ကြပြီး ခရီးသည်များကို ကြိုဆိုရန် ပြင်ဆင်ကြသည်။

ခရီးသည်များလည်း လေယာဉ်ပေါ်သို့ တက်လာကြလေပြီ။ လီရွှင်းအာက တံခါးဝတွင်ရပ်ရင်း တက်လာသမျှ ခရီးသည်တိုင်းကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်နေချေသည်။

ထိုအချိန်မှာပင် ချောမောခံ့ညားလှသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလို မှင်တက်သွားရလေသည်။

ထိုလူမှာ အစောတုန်းက တက္ကစီဒရိုင်ဘာပင်။

လီရွှင်းအာတစ်ယောက်တည်းသာမက အခြားလေယာဉ်မယ်များလည်း အထူးတဆန်းဖြစ်သွားကြသည်။

••••••••••••••••

All Chapters