← Chapters

ငါက သူ့လောက်မတော်ဘူး

Vol. 15 Ch. 218

ငါက သူ့လောက်မတော်ဘူး

Vol. 15 Ch. 218

ထိုစကားကို ပြောလိုက်သူက လဲ့ပင်းဟုခေါ်သော လူငယ်လေးတစ်ယောက်ပင်။ သူက ချန်းရွှမ်၏ပညာသင်ဖြစ်၏။

ချန်းရွှမ်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ အခုတလော ငါ့ပန်းချီပညာက လမ်းပိတ်နေတာ။ ငါ ကျွမ်းကျင်သူတော်တော်များများနဲ့ ဆွေးနွေးပြီးပြီ။ ဒါပေမဲ့ ဒီပိတ်ဆို့မှုကို မကျော်လွှားနိုင်သေးဘူး။ အခု ဒီပန်းချီကားကိုမြင်တော့ ငါ ရုတ်တရက်ကြီး စိတ်ကူးစိတ်သန်းတော်တော်များများရလိုက်တယ်။ ဒါပေမဲ့ နည်းနည်းလိုနေတုန်းပဲ။ ငါသာ ဒီကျွမ်းကျင်သူဆီက အကြံနည်းနည်းလောက်ရနိုင်မယ်ဆိုရင် ဒီပိတ်ဆိုမှုကို ကျော်လွှားနိုင်လောက်မယ်ထင်တယ်"

လဲ့ပင်းက ရယ်မောလိုက်လေသည်။

"အဲဒီလိုဆိုရင် ဂုဏ်ပြုပါတယ် ဆရာ.. ဆရာ့ရဲ့စွမ်းရည်က ကျွမ်းကျင်သူအဆင့်ကိုတောင် ရောက်နေပါပြီ။ ဒါပေမဲ့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ပန်းချီအကျော်အမော်တစ်ယောက်ဖြစ်လာတော့မှာ"

ပညာရှင်တစ်ယောက်၏ ပန်းချီကားများမှာ သိန်းဂဏန်းဖြင့် ရောင်းချနိုင်သည်။ အကျော်အမော်အဆင့်ကို ရောက်သွားပါက ဈေးနှုန်းကို နှစ်ဆတင်ပြီး သန်းဂဏန်းအထိ ရောက်သွားနိုင်၏။

လဲ့ပင်း၏ချီးကျူးစကားကို ကြားသောအခါ ချန်းရွှမ်လည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"အစ်ကိုထန်ပြောတာတော့ သူ့သူငယ်ချင်းက ဒီနေ့လာမှာတဲ့။ ငါ ဒီနေ့ ကျော်လွှားနိုင်လောက်တယ်"

လဲ့ပင်းက တံခါးနားကို လှမ်းကြည့်ပြီးနောက် ရုတ်ခြည်းကြက်သေသေသွားကာ အားရကျေနပ်ဟန်ဖြင့် အမြန်လျှောက်သွားလိုက်သည်။

"ဝမ်ယို.. မင်းရော လက်ရေးလှနဲ့ပန်းချီပြပွဲကို တက်လိမ့်မယ်လို့ ကိုယ်ထင်မထားဘူး"

သူ(မ)ရှေ့ရှိ ထိုလူ့ကိုမြင်သောအခါ လင်းဝမ်ယို အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

ယခင်တုန်းက လင်းဝမ်ယို ပန်းချီပညာကို သင်ယူစဉ်က ဟွားနိုင်ငံပန်းချီအနုပညာသင်ကျောင်းတွင် တက်ရောက်ခဲ့သည်။ ထိုစဉ်ကတည်းက ဤလူက သူ(မ)ကို လိုက်ကပ်နေခဲ့ခြင်းပင်။

ထင်မှတ်မထားပါဘဲ ဤလူ့ကို ဤနေရာတွင် ထပ်တွေ့လိုက်ရပြန်သည်။

လဲ့ပင်းမှာ အစတုန်းက အလွန်ပျော်နေသော်ငြား လင်းဝမ်ယိုက ယောကျ်ားတစ်ယောက်၏လက်မောင်းကို ချိတ်ထားသဖြင့် သူ့မျက်နှာမှာ အတန်ငယ်ချဉ်စူးသွားလေသည်။

"ဒါက ဘယ်သူလဲ"

လဲ့ပင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။

လင်းဝမ်ယိုကလည်း မိတ်ဆက်ပေးလိုက်၏။

"ဒါက ကျွန်မရဲ့ဘော့စ် သခင်လေးယဲ့ချန်းတဲ့"

"ဘော့စ်တဲ့လား။ ဟမ့်... ဒီလူကုံထံသခင်လေးတွေက လက်ရေးလှနဲ့ပန်းချီအကြောင်း နားရောလည်လို့လား"

ဤရန်စကားကို ကြားသောအခါ ယဲ့ချန်း၏အကြည့်မှာ အတန်ငယ်အေးစက်သွားသော်ငြား လင်းဝမ်ယိုရှိနေသည့်အတွက် ဘာမှမပြောလိုက်ပေ။

လင်းဝမ်ယိုလည်း အတန်ငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

"လဲ့ပင်း.. ရှင် စကားပြောဆင်ခြင်နော်"

လင်းဝမ်ယို ဒေါသထွက်သွားကြောင်း မြင်လိုက်ရချိန်ဝယ် လဲ့ပင်းလည်း အမြန်ပြောလိုက်လေသည်။

"ဟားဟား... စတာပါ။ စိတ်မဆိုးပါနဲ့။ ဒါနဲ့ ကိုယ့်ဆရာနဲ့ မိတ်ဆက်ပေးရဦးမယ်။ သူက မိုတုမြို့က နာမည်ကြီးပန်းချီပညာရှင်ချန်းရွှမ်လေ။ ဝမ်ယို..မင်းက တရုတ်ပန်းချီကားတွေကို အမြဲသဘောကျခဲ့တာမလား။ မင်းလည်း ချန်းရွှမ်ရဲ့အလုပ်သင်ဖြစ်နိုင်လောက်တယ်နော်"

ချန်းရွှမ်၏အကြည့်က လင်းဝမ်ယိုကို မြင်လိုက်ရချိန်မှာ လင်းလက်တောက်ပသွားချေသည်။ ဤမျှလှပသော အမျိုးသမီးအလုပ်သင်တစ်ယောက်ကို ပိုင်ဆိုင်ထားလျှင် မဆိုးလှပေ။

လင်းဝမ်ယိုကတော့ လှောင်ပြုံးပြုံးလိုက်၏။

"မလိုပါဘူး။ ကျွန်မမှာ ဆရာရှိပြီးသား"

လင်းဝမ်ယို၏စကားများကို ကြားသောအခါ လဲ့ပင်းလည်း တဒင်္ဂမျှကြောင်အသွားလေသည်။

"မင်းမှာ ဆရာရှိပြီးသားလား။ မင်းရဲ့ဆရာက ဘယ်သူလဲလို့ မေးလို့ရမလား"

လင်းဝမ်ယိုက ယဲ့ချန်းကို ချစ်ခင်ကြင်နာမှုအပြည့်ဖြင့် ကြည့်ကာ ပျော်ရွှင်ဝမ်းမြောက်စွာ စကားဆိုလိုက်လေသည်။

"သူက ကျွန်မဆရာပဲ"

"ဘာ?"

အစကတော့ လဲ့ပင်းလည်း ကြက်သေသေသွားလေသည်။ ထို့နောက် ယဲ့ချန်းကိုကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။

"ဝမ်ယို.. ဒါက ဘယ်လိုဟာသမျိုးလဲ။ သူက မင်းဆရာတဲ့လား။ မင်းက သူ့ဆရာဆိုရင်တောင် ဟုတ်တုတ်တုတ်"

သူ့ဘေးနားရှိ ချန်းရွှမ်ကတော့ အတန်ငယ်ကျေနပ်သွားသည်။

"ဟမ့်.. ဒီနေ့ခေတ်လူငယ်တွေများ နည်းနည်းလောက်တတ်တာနဲ့ သူတို့ကိုယ်သူတို့ ဆရာလို့သတ်မှတ်နေကြတော့တာ။ တကယ်ရယ်ချင်စရာကောင်းတယ်"

ယဲ့ချန်းမှာ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားလေတော့သည်။

ငါ မင်းတို့ကို မျက်နှာသာပေးထားတယ်လေ ဟုတ်တယ်မလား? မင်းတို့နှစ်ယောက်ကတော့ လာရိုင်းစိုင်းပြနေတယ်ပေါ့။

"ကျွန်တော်က ဆရာမဖြစ်ထိုက်ဘူးဆိုရင် ခင်ဗျားကရော?"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ဘေးနားရှိ ချန်းရွှမ်၏လက်ရာကို တစ်ချက်ကြည့်ကာ သရော်လိုက်လေသည်။

"ဒီလိုအမှိုက်ပန်းချီကားမျိုးကို ထုတ်ပြပြီး ကိုယ့်ကိုယ်ကိုယ်အရှက်ခွဲနေတာလား။ ကျုပ်တော့ ခင်ဗျားရဲ့သတ္တိကို တကယ်လေးစားမိတယ်"

"မင်း..မင်း ဘာပြောလိုက်တယ်"

ချန်းရွှမ်မှာ ဒေါသူပုန်ထသွားသဖြင့် နှုတ်ခမ်းမွေးများပင် တုန်ယင်သွားလေသည်။

သူ့ဘေးနားရှိ လဲ့ပင်းကလည် ဒေါသတကြီး အံကြိတ်ထားသည်။

"မင်းက ဘယ်သူမို့လို့ ငါ့ဆရာရဲ့ပန်းချီကားကို အမှိုက်လို့လာပြောနေတာလဲ"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ဒါက မင်းရဲ့ပန်းချီကားမဟုတ်လား။ လက်ရာက စုတ်ပြတ်လိုက်တာမှ အမှိုက်တကာ့ အမှိုက်ပါပဲလား။ ဆရာတူတပည့်ဆိုတာ ဒါမျိုးပေါ့"

ယဲ့ချန်း၏ဝေဖန်စကားကို ကြားသောအခါ ချန်ရွှမ်းနှင့် လဲ့ပင်းတို့မှာ သွေးပွက်ပွက်ဆူသွားလေသည်။

ဤပန်းချီကားနှစ်ချပ်မှာ သူတို့ ဂုဏ်အယူရဆုံးလက်ရာများပင်။ သို့တိုင် ယဲ့ချန်း၏အမြင်မှာတော့ ထိုအရာများက အမှိုက်များပင်။

အချင်းများမည်ကို စိုးရိမ်နေသော လင်းဝမ်ယိုက ယဲ့ချန်းကို ဆွဲခေါ်လိုက်သည်။

ချန်းရွှမ်နှင့် လဲ့ပင်းတို့က ယဲ့ချန်း၏ကျောပြင်ကို ကြည့်ရင်း ဒေါသတကြီးအံကြိတ်ထားကြသည်။

"ချာတိတ်.. မင်းစောင့်နေလိုက်။ လက်ရေးလှနဲ့ပန်းချီအစည်းအဝေးစတာနဲ့ ငါ မင်းကို အလွတ်မပေးဘူး"

ချန်းရွှမ်၏အကြည့်များမှာ အေးစက်သွားချေသည်။ လင်းဝမ်ယိုမှာမူ စိုးရိမ်မိသည်။

"သခင်လေး လဲ့ပင်းက သဘောထားသေးသိမ်ပြီး အငြိုးထားတတ်တယ်။ ရှင် သတိထားမှဖြစ်မယ်နော်"

ယဲ့ချန်း ခပ်ဖွဖွပြုံးမိသည်။

"သူက ကိုယ့်ရန်သူဖြစ်ဖို့တောင် အရည်အချင်းပြည့်မီလို့လား"

"ဟားဟား..အမှန်ပဲ။ ကျွန်မရဲ့သခင်လေးက အတော်ဆုံးပဲ"

ယဲ့ချန်းလည်း ရယ်လိုက်လေသည်။

"ကောင်းပြီလေ။ မကောင်းတဲ့ကိစ္စတွေကို စဉ်းစားမနေနဲ့။ လက်ရေးလှပန်းချီနဲ့ ပုံတူပန်းချီတွေကိုပဲ လိုက်ကြည့်ရအောင်"

သူတို့နှစ်ယောက်သား ပန်းချီပြခန်းတစ်ဝိုက် လျှောက်ကြည့်ရင်း အတန်ငယ်စိတ်ပျက်မိသည်။

ယဲ့ချန်းက ပန်းချီပညာရှင်နှင့် လက်ရေးလှပညာရှင်စွမ်းရည်များကို ရရှိထားသည်ဖြစ်ရာ ဤပြခန်းထဲရှိ လက်ရေးလှပန်းချီများနှင့် ပုံတူပန်းချီများမှာ သူ့မျက်လုံးထဲတွင် မူလတန်းကျောင်းသားတစ်ယောက်၏လက်ရာတစ်ခုနှယ် ရုပ်ဆိုးနေသည်။

သူ့လက်ရေးကတောင် ဤပညာရှင်များ၏လက်ရေးထက် ပိုသာသည်ဟု ယဲ့ချန်း ခံစားမိလိုက်သည်။

ပတ်ပတ်လည်ကို ရှာဖွေကြည့်သော်ငြား စုဝမ်ယိကို မတွေ့သဖြင့် ယဲ့ချန်းလည်း သူ(မ)ကို ဖုန်းခေါ်လိုက်ရသည်။

"ဝမ်ယိ.. မင်း ဘာလို့မရောက်သေးတာလဲ"

စုဝမ်ယိက ဆို၏။

"ကျွန်မအဖေက ဝင်ပေါက်မှာ ဦးလေးတွေနဲ့ စကားပြောနေလို့။ ကျွန်မတို့ ခဏနေရင် ရောက်တော့မှာ"

ယဲ့ချန်း ရယ်မောလိုက်၏။

"ဒါဆို ခဏနေရင်တွေ့ကြမယ်"

ထိုအခိုက်ဝယ် အစ်ကိုထန်က ပန်းချီကားကို စင်မြင့်ထက်သို့ ယူလာခဲ့လိုက်သည်။

အစ်ကိုထန်က ဤတွေ့ဆုံပွဲ၏ စပွန်ဆာဖြစ်သလို စီးပွားရေးလောကထဲရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၏။ အစ်ကိုထန်ကို မြင်လိုက်ရချိန်ဝယ် ပန်းချီအဖွဲ့အစည်းထဲရှိ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များက သူ့အား နွေးထွေးစွာကြိုဆိုကြသည်။

"ဥက္ကဋ္ဌမာ.. ခင်ဗျား ဒီတစ်ခေါက် ဘယ်လိုပစ္စည်းကောင်းမျိုး ယူလာတာလဲ"

ပန်းချီအဖွဲ့အစည်း၏ ဥက္ကဋ္ဌချိုးပိုင်က ပြုံးလိုက်သည်။

အစ်ကိုထန်က ပြုံးလိုက်၏။

"ဒီတစ်ခေါက် ကျုပ် ခေတ်သစ်ပညာရှင်တစ်ယောက်ရဲ့လက်ရာကို ခင်ဗျားတို့အတွက် ယူလာခဲ့တယ်"

အစ်ကိုထန်၏အမူအရာကိုမြင်သော် လူတိုင်း တဒင်္ဂမျှကြောင်အကုန်ကြသည်။

"ခေတ်သစ်ပညာရှင်တစ်ယောက်ရဲ့လက်ရာလား။ ဟားဟား ဒီနေရာမှာ ပန်းချီပညာရှင်တွေအကုန်လုံး ရှိနေတယ်လေ။ ဆရာချိုးထက် ပိုတော်တဲ့လူရယ်လို့ ရှိဦးမှာလား"

အစ်ကိုထန်လည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ကျုပ်ကိုယ်တိုင်မပြောဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကိုယ်တိုင်မြင်ရင် သိလိမ့်မယ်"

အစ်ကိုထန်က ထိုသို့ပြောပြီးနောက် စာလိပ်ကို ဖြေချလိုက်သည်။

ယဲ့ချန်း၏ပန်းချီကားကို မြင်လိုက်ရချိန်ဝယ် လူတိုင်း ကြက်သေသေကုန်သည်။

စုတ်ချက်မှာ နူးညံ့ပြီး အရောင်အလင်းအမှောင်ကလည်း ကောင်းမွန်လှသည်။ ပုံရိပ်များကလည်း ကြော့မော့ပြီး စတိုင်လ်က ကျစ်လျစ်ပြည့်စုံကာ အဓိပ္ပာယ်ပြည့်ဝသည်။

ပန်းချီအဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌက ဤလက်ရာကိုမြင်သောအခါ အမူအရာပြောင်းသွားလေသည်။

"အစ်ကိုထန်.. ဒီပန်းချီကားက ထန်ဟူပေါ်ရဲ့လက်ရာလား"

ချိုးပိုင်ကတော့ ခေါင်းတခါခါလုပ်လိုက်သည်။

"ခင်ဗျားမမြင်ဘူးလား။ ဒီပန်းချီကားက သင်္ဘောတစ်စီးကို သရုပ်ဖော်ထားတာ။ စုတ်ချက်ကလည်း လတ်ဆတ်နေတုန်းပဲ။ သိပ်မကြာခင်ကမှ ဆွဲထားမှန်း အသိသာကြီးကို။ ရက်ပိုင်းလောက်ပဲရှိဦးမယ်"

ချိုးပိုင်၏စကားကြောင့် ဒုဥက္ကဋ္ဌ၏မျက်နှာကား နီမြန်းသွားချေသည်။

"စတိုင်လ်က ထန်ပေါ်ဟူရဲ့လက်ရာကိုတောင် သတိရမိစေလို့ ဒီပန်းချီကားရဲ့ အကြောင်းအရာကို ကျုပ် သတိမထားမိလိုက်ဘူး"

ချိုးပိုင်မှာ ပန်းချီကားကို ဂရုတစိုက်စစ်ဆေးကြည့်လိုက်လေရာ ကြည့်လေလေ ပိုထိတ်လန့်ရလေလေပင်။

"အားလုံးပဲ.. ဒီပန်းချီကားက ထန်ပေါ်ဟူရဲ့လက်ရာထက်တောင် ပိုဆွဲဆောင်မှုရှိနေသလိုပဲ။ ဒီပန်းချီကိုဆွဲတဲ့လူက စုတ်ချက်ပိုင်းမှာရော အနုပညာသက်ဝင်မှုမှာပါ ကျုပ်ထက် ပိုသာတယ်"

ချိုးပိုင်၏စကားကြောင့် လူတိုင်း အံ့ဩမှင်တက်ကုန်ကြသည်။

ဘုရားရေ ချိုးပိုင်က ဘယ်သူမို့လို့လဲ?

မျက်မှောက်ခေတ်၏ ထိပ်တန်းပန်းချီပညာရှင်ဖြစ်၏။

သူကိုယ်တိုင်ကတောင် တစ်ဖက်လူလောက် မတော်ကြောင်း ပြောလိုက်ပါလျှင် ဤလူ၏ပန်းချီအဆင့်အတန်းက နတ်ဘုရားအဆင့်အထိ ရောက်နေလေပြီလား။

ချိုးပိုင် ချက်ချင်းမေးလိုက်မိသည်။

"မစ္စတာမာ.. ဒီလက်ရာကို ဘယ်ပညာရှင်က ဆွဲထားတာလဲ"

"ကျွန်တော့်မိတ်ဆွေတစ်ယောက် ဆွဲထားတာပါ။ တစ်နေ့တုန်းက ကျွန်တော် သူ့အိမ်ကို သွားလည်တုန်းက သူကိုယ်တိုင် ကျုပ်အတွက် ဆွဲပေးလိုက်တာ။ ကျုပ် သူ့ကို ဖိတ်စာတစ်စောင်ပို့ထားတယ်။ အခုလောက်ဆိုရင် သူ ဒီစုဝေးပွဲကို ရောက်နေလောက်ပြီ"

ပန်းချီကား၏ပိုင်ရှင်က ဤနေရာတွင် ရှိနေသည်ဟု ကြားလိုက်ရသောအခါ ချိုးပိုင်မှာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားလေသည်။

••••••••••••••••••

All Chapters