ဒူးထောက်ခြင်းအခမ်းအနား
Vol. 15 Ch. 220
ယဲ့ချန်းလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်လေသည်။
"ရပါတယ်။ ကျွန်တော်က အဲဒီလောက်အထိ သဘောထားမသေးသိမ်ပါဘူး။ သူတို့က သာမန်လူပြက်နှစ်ယောက်သက်သက်ပါ"
ချိုးပိုင်က ပြုံးရယ်လျက် ပြောလိုက်လေသည်။
"အဲဒီပန်းချီကားရဲ့ အနုပညာအဆင့်အတန်းကို မြင်တုန်းက ခင်ဗျားကို ဆံဖြူအဘိုးကြီးတစ်ယောက်ဖြစ်မယ်လို့ထင်နေတာ။ ဒီလောက်ငယ်နေလိမ့်မယ်လို့ ထင်မထားဘူး"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"ကျွန်တော်က ဒီအတိုင်းဆွဲလိုက်တာပါ။ ကျွမ်းကျင်သူတွေအတွက် ရယ်စရာဖြစ်သွားရင် တောင်းပန်ပါတယ်"
ဒီအတိုင်းဆွဲလိုက်တာတဲ့လား။
ချိုးပိုင်နှင့် ဒုဥက္ကဋ္ဌများ၏ အမူအရာကား ထူးဆန်းသွားလေသည်။
ဒါက လူစကားလား?
သာမန်ကာလျှံကာဆွဲလိုက်သော ပန်းချီကားကသာ ဤမျှအထိ အထင်ကြီးဖို့ကောင်းနေပါလျှင် အလေးအနက်ထားပြီး ဆွဲပါက မည်သို့ရှိမည်နည်း။
ထိုအခိုက်ဝယ် ဘေးနားမှ ကြည့်နေသူများမှာ ကြက်သေသေကုန်ကြသည်။
"ဘုရားရေ.. ဒီလူငယ်လေးက ဘယ်သူပါလိမ့်။ ဥက္ကဋ္ဌချိုးက သူ့အတွက်နဲ့ ချန်းရွှမ်ကိုတောင် အလုပ်ဖြုတ်ပစ်လိုက်တာ"
"ဟု်တယ်။ ဥက္ကဋ္ဌချိုးက ဒီလူငယ်လေးကို တအားလေးစားနေတာလည်း မယုံနိုင်စရာပဲ"
"ဒီလောက်ငယ်တဲ့ ပန်းချီပညာရှင်တစ်ယောက်ကို ငါ အရင်က တစ်ခါမှမကြားဖူးပါဘူး"
"ငါလည်းသိချင်မိတယ်။ ပန်းချီဆွဲတာက လေးနက်မှုရှိဖို့လိုတယ်။ ဒီလူငယ်လေးက တအားငယ်သေးတယ်လေ။ ဆရာချိုးကို ဒီလောက်အထိ လေးစားအောင်လုပ်ဖို့ မလုံလောက်သေးဘူးမလား"
လူတိုင်း ဆွံ့အသွားကြသည်။
ယဲ့ချန်းက အလွန်နှိမ့်ချကြောင်း မြင်လိုက်ရသည့်အခါ ချိုးပိုင်၏မျက်နှာထက်၌ ကျေနပ်အားရသော အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
ပါရမီရှိသော လူငယ်တော်တော်များများက မောက်မာတတ်ကြသည်။
သို့သော် ယဲ့ချန်းကတော့ မတူချေ။ မောက်မာခြင်းလည်းမရှိသလို စိတ်မရှည်ခြင်းလည်း မရှိပေ။ ထိုအစား လေးနက်ပြီး ခန့်မှန်းရခက်သော အမြင်တစ်မျိုးကို ပေးစွမ်းလေသည်။
အထူးသဖြင့် ယဲ့ချန်းဩအသံက အလွန်သာယာနာပျော်ဖွယ်ကောင်းလှသောကြောင့် သူ့စကားသံကို ကြားလိုက်ရလျှင် အလွန်သက်သောင့်သက်သာရှိသွားသည်။
ချိုးပိုင်က ပြောလိုက်လေသည်။
"မစ္စတာယဲ့.. ဒီအတိုင်းဆွဲလိုက်တာကတောင် လက်ရာမြောက်နေလို့ အရမ်းလေးစားမိပါတယ်။ ဒီနေ့ ကျုပ် လောင်ချိုး အရှက်မရှိတောင်းဆိုချင်တာက ဖြစ်နိုင်မယ်ဆိုရင် ပန်းချီကားတစ်ချပ်လောက်ဆွဲပေးစေချင်ပါတယ်"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ပန်းချီကားလေးတစ်ချပ်တည်းပါ။ ကိစ္စမရှိပါဘူး"
ထိုအချိန်မှာပင် စုဝမ်ယိနှင့် စုကျန့်တို့လည်း ခန်းမထဲသို့ ဝင်လာကြသည်။
"ဝမ်ယိ ရောက်လာပြီပေါ့"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"အစ်မဝမ်ယိ… သခင်လေးက ခုနကပဲ အစ်မအကြောင်းကို ပြောနေတာ"
လင်းဝမ်ယို ပြုံးပြလိုက်လေသည်။
"အာ.. ဒီအဘိုးကြီးတွေ ကြွားလုံးထုတ်နေတာကို နားထောင်ရတာ တော်တော်စိတ်ရှုပ်ဖို့ကောင်းတာပဲ"
ထိုအခိုက် စုကျန့်လည်း ခန်းမထဲသို့ ဝင်ချလာသည်။
သို့သော် ယဲ့ချန်းဘေးတွင် အခြားအမျိုးသမီးတစ်ယောက်က လက်ချိတ်၍ရပ်နေသည်ကို မြင်လိုက်ရသောအခါ သူ ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။
မည်သို့ပင်ဖြစ်စေ သူ့သမီးနှင့် ဆက်ဆံရေးတစ်ခုတည်ထောင်ထားသည့်တိုင် အခြားအမျိုးသမီးတစ်ယောက်နှင့် တရင်းတနှီးနေနေသူကို သူက သူ့သမီးအား မည်သို့ ယုံယုံကြည်ကြည်အပ်နှံရမည်နည်း။
စုကျန့်လည်း ယဲ့ချန်းကို ဆူပူတော့မည့်ဆဲဆဲမှာပင် တစ်စုံတစ်ယောက်က သူ့ကို တားလိုက်သည်။
"အစ်ကိုစု.. တကယ်ထင်မထားဘူးဗျာ။ ခင်ဗျားသမီးက မစ္စတာယဲ့ရဲ့ချစ်သူဖြစ်နေတာကိုး။ ခင်ဗျားကတော့ လျှိုလိုက်တာဗျာ"
အစ်ကိုထန်က ရယ်မောလိုက်သည်။
စုကျန့်လည်း ကြက်သေသေသွားလေသည်။
အစ်ကိုက စီးပွားရေးလောကထဲတွင် ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်ပင်။ သူတို့နှစ်ယောက်စလုံးက စီးပွားရေးလောကထဲတွင် ဒိတ်ဒိတ်ကြဲများ ဖြစ်ကြသော်ငြား အဆင့်ချင်းမတူပေ။
ထို့ကြောင့် အစ်ကိုထန်က ပုံမှန်ဆိုလျှင် သူ့အား ခေါင်းညိတ်ပြရုံသာ နှုတ်ဆက်ရာမှ ယခုဆိုလျှင် သူ့အား အစ်ကိုဟုပင် ခေါ်လာချေသည်။ စုကျန့်လည်း အလွန်ဝမ်းသာအားရသွားသည်။
စုကျန့်၏အမြင်တွင် အစ်ကိုထန်က ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်အလားပင်။ သူတို့နှစ်ယောက်သည် ယခင်က ဘာပတ်သက်မှုမှ မရှိခဲ့ချေ။
ယခုမူ အစ်ကိုထန်ကဲ့သို့သော စီးပွားရေးသမားတစ်ယောက်က သူ့အား ဖော်ဖော်ရွေရွေဆက်ဆံလာသည်မှာ ယဲ့ချန်းကြောင့်ပင် ဖြစ်ရမည်။
ထိုအခိုက်ဝယ် စုကျန့်၏ရင်ထဲ ပို၍ပင် ထိတ်လန့်သွားရသည်။ ထို့ကြောင့် ကိုးရိုးကားရားပြုံးလိုက်မိသည်။
"ဥက္ကဋ္ဌမာ.. ကျွန်တော့်သမီး ချစ်သူရနေတဲ့အကြောင်း ကျွန်တော်လည်း မကြာသေးခင်ကမှသိတာဗျ။ ဟားဟား.. ဒီနေ့ခေတ်လူငယ်တွေရဲ့ အိမ်ထောင်ရေးက ကျုပ်တို့သဘောအတိုင်း ဆုံးဖြတ်လို့မရတော့ဘူးလေ"
အစ်ကိုထန်က ရယ်လိုက်လေသည်။
"အစ်ကိုစုက အရမ်းကံကောင်းတာပဲ။ အာ..ကျွန်တော့်သမီးက တအားငယ်နေသေးတာတော့ နှမြောစရာပဲ။ မဟုတ်လို့ကတော့ ဟားဟား.. ကျုပ်လည်း မစ္စတာယဲ့ကို အားကိုးလို့ရဦးမှာ"
အစ်ကိုထန်၏စကားကို ကြားသောအခါ စုကျန့်မှာ ပို၍ပင် အံ့ဩသွားရသည်။
"ဟုတ်တယ်။ ယဲ့ချန်းက အရမ်းတော်တာ။ သက်တူရွယ်တူတွေကြားမှာတောင် ထင်းထွက်နေတာ"
စုကျန့်၏စကားများကြောင့် အစ်ကိုထန်ခမျာ သောက်လက်စရေများ သီးသွားတော့မတတ်ပင်။
သက်တူရွယ်တူတွေကြားမှာ အရမ်းတော်တယ်ဆိုတာက ဘာသဘောလဲ။ ဟွားနိုင်ငံ၏ သက်ကြီးပိုင်းစီးပွားရေးလုပ်ငန်းရှင်များကိုပါ ထည့်တွက်မည်ဆိုလျှင်ပင် သူက ထင်းထွက်နေဦးမည်သာ။
ယဲ့ချန်းလို နောက်ခံအသိုင်းအဝိုင်းမျိုး ပိုင်ဆိုင်ထားသူတစ်ယောက်က ခင်ဗျားသမီးကို လက်ထပ်မှာတောင် အရမ်းတော်တယ်တဲ့လား?
ခင်ဗျား အိပ်မက်မက်နေတာလား?
သို့သော် တချို့အရာများက ထုတ်ဖော်ပြောဆိုရန် မသင့်တော်ကြောင်း အစ်ကိုထန် ကောင်းကောင်းသိသောကြောင့် အရိပ်အမြွက်သာ ပြလိုက်သည်။
ယဲ့ချန်းတို့တစ်သိုက်က ခန်းမကြီးထဲသို့ ဝင်သွားကြသည်။ လူတော်တော်များများက ယဲ့ချန်း၏သရုပ်မှန်ကို မသိသောကြောင့် ချိုးပိုင်ကိုသာ နှုတ်ဆက်ကြသည်။
မည်သို့ပင်ဖြစ်စေ ချိုးပိုင်က ပန်းချီအဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်ပြီး ပန်းချီလောကထဲတွင် လေးစားထိုက်သော ပုဂ္ဂိုလ်တစ်ယောက်ပင်။
ချိုးပိုင်ကလည်း ဖော်ဖော်ရွေရွေဖြင့် လူတိုင်းကို နှုတ်ဆက်လေသည်။
ချိုးပိုင်က စင်မြင့်ထက်သို့ လျှောက်သွားပြီးနောက် ပြုံးရယ်လျက် အားလုံးကို ပြောလိုက်သည်။
"အားလုံးပဲ.. ပန်းချီလောကစုဝေးပွဲက ကြိုဆိုပါတယ်။ ဒီစုဝေးပွဲက ကျုပ်တို့ ပန်းချီအဖွဲ့အစည်းရဲ့ ခမ်းနားတဲ့ပွဲအခမ်းအနားတစ်ခုဖြစ်တဲ့အတွက် အားလုံး လေ့လာသင်ယူပြီး ပညာချင်းဖလှယ်နိုင်ဖို့ မျှော်လင့်ပါတယ်"
ထို့နောက် ချိုးပိုင်က တုံ့ခနဲရပ်၍ ဆက်ပြောလိုက်သည်။
"ဒီနေ့ မစ္စတာချန်းကတစ်ဆင့် လက်ရေးလှပန်းချီလောကထဲက ပါရမီရှင်တစ်ယောက်နဲ့ တွေ့ခဲ့ရပါတယ်။ ဒီနှီးနှောဖလှယ်ပွဲမှာ ဆရာယဲ့အနေနဲ့ ပန်းချီဆွဲပြပေးဖို့ မျှော်လင့်ပါတယ်"
ချိုးပိုင်၏စကားများကြောင့် လူတိုင်း အံ့ဩမှင်တက်ကုန်ကြသည်။
အစဉ်အလာအရဆိုလျှင် ဤပန်းချီကို ချိုးပိုင်က ဆွဲပြရမည်ဖြစ်သော်ငြား ယခုမူ လူငယ်လေးတစ်ယောက်က ဆွဲပြလေတော့မည်။
ဘာတွေဖြစ်နေတာလဲ?
ချိုးပိုင်က ပြုံးတုံ့တုံ့ဖြင့် ဆို၏။
"မစ္စတာယဲ့က ဒီပန်းချီကားကို ဘာလို့ဆွဲမှာလဲလို့ အားလုံး သိချင်နေကြမယ်ထင်တယ်။ မစ္စတာယဲ့ရဲ့ပန်းချီအဆင့်အတန်းက ကျုပ်ထက်ပိုသာတယ်ဆိုတဲ့အကြောင်း အားလုံးကို ပြောပြချင်ပါတယ်"
ဘွန်း!
ခန်းမထဲတွင် အုန်းအုန်းကျက်ကျက်ဖြစ်သွားချေသည်။
ချိုးပိုင်၏စကားကြောင်း လူတိုင်း ကြက်သေသေသွားကြသည်။ စုကျန့်နှင့် စုဝမ်ယိတို့လည်း ထိတ်လန့်သွားရသည်။
သို့သော် အစ်ကိုထန်ကတော့ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဆင်မြန်းထားသည်။ ဤလူများ၏ တအံ့တဩအမူအရာများကို သူ အစောကြီးကတည်းက မျှော်လင့်စောင့်စားခဲ့ရသည်။
တကယ်တမ်းတွင် ယဲ့ချန်း ထိုပန်းချီကို ဆွဲခဲ့စဉ်က သူလည်း ဤနေရာရှိ လူများလို ထိတ်လန့်ခဲ့ရသည်။
စုကျန့်ခမျာ အံ့အားသင့်သွားလေသည်။
"ဝမ်ယိ.. ယဲ့ချန်းက ပန်းချီပညာမှာ အောင်မြင်မှုကြီးကြီးမားမားရထားတာလား"
စုဝမ်ယိလည်း ခေါင်းခါယမ်းပြလိုက်သည်။
"သူ ပန်းချီဆွဲတတ်တယ်ဆိုတာ သမီးကို လုံးဝမပြောဖူးဘူး"
စုကျန့်လည်း ခါးသက်သက်ပြုံးလိုက်မိသည်။ ယဲ့ချန်းက သူ့သမီးနှင့် မထိုက်တန်ဘူးဟု ထင်ခဲ့မိသည်။ ယခုမူ ယဲ့ချန်းက မည်မျှအထိထူးချွန်ကြောင်း သူ သဘောပေါက်လိုက်လေပြီ။
ယဲ့ချန်း၏ချစ်သူဖြစ်ရခြင်းကပင် စုဝမ်ယိ အလွန်ကံကောင်းလှ၏။
ယဲ့ချန်းက ဤမျှအထိ ထက်မြက်လှပါသော်ငြား အနူလက်ဖြင့် ရွှေခွက်ကိုနှိုက်သလို ဟန်ဆောင်ခဲ့သေးသည်။
သို့သော် သူ့သားမက်က စင်ပေါ်တွင် လေးစားကြည်ညိုခံနေရသည်ကို မြင်သောအခါ စုကျန့်လည်း အလွန်ဝမ်းသာမိသည်။
လူတိုင်း၏သံသယမျက်ဝန်းများအောက်မှာပင် ယဲ့ချန်းက စုတ်တံကို ကောက်ကိုင်လိုက်သည်။ သူ့ဘေးတွင်မူ ဆရာချိုးက ယဲ့ချန်းအတွက် မင်သွေးပေးနေသည်။
ယဲ့ချန်းက စုတ်တံကို ကောက်ကိုင်ပြီးနောက် တဒင်္ဂမျှစဉ်းစားကာ ထိုစုတ်တံကို ပျံသန်းနေသည့်အလား ဝေ့ယမ်းလေတော့သည်။
ဘေးနားတွင်မူ ချိုးပိုင်က ယဲ့ချန်း ပန်းချီဆွဲနေသည့်မြင်ကွင်းကို မမှိတ်မသုန်စိုက်ကြည့်နေ၏။
ခန်းမတစ်ခုလုံး တိတ်ဆိတ်နေပြီး အကုန်လုံးကလည်း ဖန်သားပြင်ကြီးကို စိုက်ကြည့်နေကြသည်။
မကြာခင်မှာပင် ခမ်းနားထည်ဝါလှသော ရှုခင်းပန်းချီကားတစ်ခု လူတိုင်း၏ရှေ့မှောက်တွင် ပေါ်ပေါက်လာခဲ့သည်။ ဤပန်းချီကားကိုမြင်သော် လူတိုင်း ကြောင်အကုန်ကြသည်။
ယဲ့ချန်းက ဤရှုခင်းကို အသက်ဝင်အောင် ဆွဲလိုက်ခြင်းပင်။ တောင်တန်းများနှင့် မြစ်ချောင်းများ၊ စီးဆင်းနေသော စမ်းချောင်း၊ တေးဆိုနေသော ငှက်များနှင့် တောင်စောင်းရှိ ရနံ့ခပ်သင်းသင်းပန်းများအားလုံး အသက်ဝင်လှချေသည်။
လက်စသတ်ပြီးနောက် ယဲ့ချန်း အသက်ပြင်းပြင်းရှိုက်ရှူလိုက်၏။
သူ့ဘေးနားရှိ ချိုးပိုင်ကမူ ယဲ့ချန်းကို မမှိတ်မသုန်စိုက်ကြည့်နေဆဲပင်။ သူ့ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို ဉာဏ်အလင်းရသွားပုံပင်။
ယဲ့ချန်းက စကားမဆိုပါဘဲ သူ့အား တိတ်တိတ်လေးကြည့်ခွင့်ပေးထားလိုက်သည်။
ထိုအခိုက်မှာ ပွဲကြည့်ပရိသတ်အားလုံးမှာ အံ့ဩမှင်တက်နေကြသည်။ ဤပန်းချီလောကစုဝေးပွဲသို့ တက်ရောက်လာကြသူများအားလုံးမှာ ပန်းချီလောကထဲတွင် အကျော်အမော်များဖြစ်ကြပြီး ပန်းချီစွမ်းရည်လည်း မြင့်မားလှသည်။
ယဲ့ချန်း၏ပန်းချီကားက ဤနေရာရှိလူတိုင်း၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။
"ဘုရားရေ.. ဒီပန်းချီကားက အရမ်းခမ်းနားတာပဲ"
"အရမ်းလှတာပဲ။ ဒီပန်းချီကားက ရှေးခေတ်ကျွမ်းကျင်သူတွေထက် နည်းနည်းလေးမှ မနိမ့်ဘူး"
"ပန်းချီကားထဲက ပန်းတွေ ငှက်တွေ ငါးတွေနဲ့ ပိုးမွှားတွေက လှုပ်ရှားနေသလို ခံစားရတယ်။ အရမ်းအံ့ဩဖို့ကောင်းတာပဲ"
စင်မြင့်ထက်ရှိ ချိုးပိုင်မှာ သူ့နဖူးထက်ဝယ် လေပြည်ဖြတ်တိုက်သွားသလို ခံစားလိုက်ရသဖြင့် အေးစိမ့်သွားကာ ဉာဏ်ကွန့်မြူးနေရာမှ သတိပြန်ဝင်လာသည်။
ထို့နောက် ချိုးပိုင်က ရုတ်တရက်ကြီး ယဲ့ချန်းရှေ့ကိုသွား၍ ဒူးထောက်ချလိုက်လိမ့်မည်ဟု မည်သူမှ ထင်မထားချေ။
•••••••••••••••••••••