← Chapters

သင်္ချာနတ်ဘုရား

Vol. 15 Ch. 223

သင်္ချာနတ်ဘုရား

Vol. 15 Ch. 223

ထိုအခိုက်ဝယ် ပီကင်းတက္ကသိုလ်၏ သင်ကြားရေးအဆောက်အအုံရှိ ဝရံတာတွင်...

လီခယ်က MITမှ သူငယ်ချင်းတစ်ယောက်နှင့် ဖုန်းပြောနေချေသည်။

"ဂိုးလ်ဘက်ချက်သီအိုရီက ငါတို့သင်္ချာလောကကို ရာစုနှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့တာ။ အဲဒါကို မူလတန်းကျောင်းဆရာမတစ်ယောက်က ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်နေတာကြီးက တော်တော်ရိုးအတာပဲ"

"မဟုတ်ဘူး။ ရှောင်ပေ့က မတူဘူး။ သူက ဉာဏ်ကြီးရှင်တစ်ယောက်နော်။ သူနဲ့အတူ ရက်ပိုင်းလောက်အချိန်ဖြုန်းပြီးသွားတော့ သူ့မှာ အဲဒီလိုလုပ်နိုင်စွမ်းမျိုးရှိတယ်ဆိုတာ ငါယုံသွားတာ"

"ဟမ့်! တအားတွေ အထင်ကြီးနေတာပဲ။ မင်း ကလေးတစ်ယောက်ဆီမှာ ဘာလို့အချိန်ဖြုန်းနေရလဲဆိုတာ ငါတော့ တကယ်နားမလည်နိုင်ဘူး"

လီခယ်က အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

"ဘာလို့လဲဆိုတော့ သူက ဟွားနိုင်ငံသင်္ချာပညာရဲ့ ရောင်နီဦးလေးဖြစ်နေလို့"

ယခင်တုန်းက အဆင့်မြင့်ပညာရပ်များကို သင်ယူရန်နှင့် အမိမြေအတွက် ဂုဏ်ဆောင်ရန်အတွက် ဤအမိမြေမှ ထွက်ခွာခဲ့သည်။

ထို့ကြောင့် ချန်းရှောင်ပေ့အကြောင်း သူ သိလိုက်သောအခါ ဟွားနိုင်ငံသို့ ချက်ချင်းပြန်လာခဲ့သည်။

သူက ချန်းရှောင်ပေ့နှင့် မတူညီကြောင်း လီခယ် ကောင်းကောင်းသိသည်။ သူသည် ကြိုးစားမှုကို မှီခိုအားထားရသော်ငြား ချန်းရှောင်ပေ့ကတော့ အစစ်အမှန်ဉာဏ်ကြီးရှင်တစ်ယောက်ပင်။

ထိုအခိုက်ဝယ် ယဲ့ချန်းက အနားသို့ လျှောက်လာသည်။

"ပါမောက္ခလီ ဘာတွေများ တအားစိုးရိမ်နေတာလဲ"

လီခယ် သက်ပြင်းချလိုက်မိသည်။

"ရှောင်ပေ့နဲ့အတူ ငါ သုတေသနလုပ်နေတဲ့ ပရောဂျက်က ရှေ့မဆက်နိုင်တော့လို့လေ"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ကျွန်တော် ကြည့်ကြည့်မယ်လေ"

"မင်း.."

လီခယ်ခမျာ ခါးသက်သက်ရယ်မောလိုက်မိသည်။

သင်္ချာပညာက အခြားနယ်ပယ်များနှင့် မတူပေ။ ဤပညာရပ်မှာ အသေးစိတ်အကျဆုံးအရာပင်။ တချို့ပညာရပ်များက ကံကောင်းထောက်မ၍ အောင်မြင်နိုင်သော်ငြား သင်္ချာပညာရပ်မှာမူ တစ်ဆင့်ချင်းစီ တွက်ချက်ရသည်။

သို့သော် လီခယ်က ယဲ့ချန်းကို အထင်သေးခြင်းမရှိပါဘဲ ချန်းရှောင်ပေ့၏ အလုပ်ခန်းထဲသို့ ခေါ်သွားလိုက်၏။

အလုပ်ခန်းထဲတွင်မူ ချန်းရှောင်ပေ့ခမျာ မျက်မှောင်ကြုတ်၍ စာရွက်ပေါ်တွင် တစ်စုံတစ်ခုကို ရေးခြစ်နေသည်။

လီခယ်က ချန်းရှောင်ပေ့ကို ခေါ်တော့မည့်ဆဲဆဲမှာပင် ယဲ့ချန်းက ခေါင်းခါပြသည်။

ယဲ့ချန်းက ချန်းရှောင်ပေ့၏အနောက်တွင် ရပ်နေလေသည်။

ယခင်တုန်းက ယဲ့ချန်းမှာ ဤပုံသေနည်းများနှင့် ကိန်းဂဏန်းများကို ဂြိုလ်သားဘာသာစကားတစ်ခုနှယ် နားမလည်နိုင်ခဲ့ပေ။

သို့သော် ယခုမူ တစ်ချက်ကြည့်ရုံမျှဖြင့် အကုန်နားလည်လိုက်သည်။

ချန်းရှောင်ပေ့၏တွက်ချက်မှုလမ်းကြောင်းက မမှားပေ။ သို့သော် အချက်တစ်ချက်ကို သတိမမူမိချေ။

သိပ်မကြာခင်မှာပင် ယဲ့ချန်းလည်း ဤပုစ္ဆာကို အတိအကျအဖြေထုတ်လိုက်နိုင်သည်။

ယဲ့ချန်းက ချန်းရှောင်ပေ့၏တွက်ချက်မှုကို မမှိတ်မသုန်စောင့်ကြည့်နေကြောင်း မြင်လိုက်ရသည့်အခါ လီခယ်လည်း ခေါင်းတခါခါလုပ်လိုက်မိတော့သည်။

သာမန်လူတစ်ယောက်အတွက် ဤအဆင့်မြင့်သင်္ချာပုစ္ဆာတွက်ချက်မှုမှာ နားလည်ရခက်ပေသည်။

သူ့အမြင်တွင် ယဲ့ချန်းက သက်သက်ဟန်လုပ်နေခြင်းသာ။

ထိုအချိန်မှာ ယဲ့ချန်းက ရုတ်တရက်စကားဆိုလိုက်သည်။

"အသင့်အတင့်ကြီးတဲ့ စုံကိန်းတိုင်းက ကိန်းနှစ်ခုရဲ့ပေါင်းလဒ်အဖြစ် ဖော်ပြနိုင်တယ်။ တစ်ခုက သုဒ္ဓကိန်းဖြစ်ပြီး နောက်တစ်လုံးက သုဒ္ဓကိန်းနှစ်လုံးရဲ့မြှောက်လဒ်ပဲ။ မင်း ဒီရှုထောင့်ကနေ တွက်ကြည့်လို့ရတယ်"

ချန်းရှောင်ပေ့ကလည်း ရုတ်ခြည်းအကြံရလိုက်သည့်အလား စိတ်လှုပ်ရှားခြင်းကြီးစွာ ရေးခြစ်ပါလေတော့သည်။

တစ်ဆက်တည်းမှာပင် ပုံသေနည်းများနှင့် ကိန်းများက စာရွက်ပေါ်တွင် ပေါ်လာခဲ့သည်။

ယဲ့ချန်းမှာ ကျေနပ်အားရမှုကြောင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။ သင်္ချာပါရမီရှင်တစ်ယောက်ဖြစ်သည့်အားလျော်စွာ သူပေးလိုက်သည့်သဲလွန်စက ချန်းရှောင်ပေ့ကို အောင်မြင်ရေးလမ်းစကို ဖော်ပေးလိုက်နိုင်သည်။

ဘေးနားရှိ လီခယ်ကမူ အံ့သြမှင်တက်နေလေတော့သည်။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား?

ဤစကားများမှာ သင်္ချာပညာရှင်များသာ ပြောနိုင်သည့် စကားများပင်။

ဝိညာဉ်ရေးရာချီစွမ်းအင်များ ပြန်လည်ရှင်သန်လာလေသလား။

လမ်းပေါ်မှာ ပါရမီရှင်တွေနဲ့ ပြည့်နေပြီလား?

ချန်းရှောင်ပေ့၏ဘောပင်မှာ ရပ်တန့်သွားပြီး သူ့မျက်ဝန်းများကတော့ တောက်ပနေလေသည်။

"ကျွန်တော် တွက်ပြီးပြီ"

ကြက်သေသေနေသောလီခယ်က ချန်းရှောင်ပေ့ တွက်ချက်ထားသောစာရွက်ကို ကောက်ယူပြီးနောက် စာထဲရှိ အကြောင်းအရာများကြောင့် ထိတ်လန့်သွားလေသည်။

လီခယ်နှင့် ချန်းရှောင်ပေ့တို့မှာ ဤတစ်လျှောက်လုံး ဝင်္ကပါထဲ လမ်းပျောက်နေသည့်အလား ချာချာလည်ပြီး ရုန်းထွက်၍မရခဲ့ပေ။

သို့သော် ယဲ့ချန်း၏စကားများမှာ အမှောင်ထဲရှိ မီးပြတိုက်တစ်ခုအလားပင်။

"မစ္စတာယဲ့.. မင်းက တကယ် တက္ကစီမောင်းတာလား"

လီခယ်ခမျာ မယုံကြည်နိုင်လေဟန်ဖြင့် မေးလိုက်မိသည်။

"ဟုတ်ပါတယ်။ ကျွန်တော်က တရားဝင်အသိအမှတ်ပြုထားတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

"ဒါပေမဲ့... သင်္ချာပညာကို ဘယ်လိုလုပ်ပြီး နားလည်နေတာလဲ"

"တကယ်တော့ ကျွန်တော်က တက္ကစီမောင်းရင်း တခြားနယ်ပယ်တွေမှာလည်း ဟိုစပ်စပ်ဒီစပ်စပ်လုပ်တတ်ပါတယ်။ ဥပမာ လက်ရေးလှအတတ်ပညာတို့ ပန်းချီတို့ သင်္ချာပညာတို့ပေါ့"

ဟိုစပ်စပ်ဒီစပ်စပ်ပဲလား။

မင်းက တော်တော်ရိုးရိုးကုပ်ကုပ်နေတတ်တာပဲ။ ဒါက ဟိုစပ်စပ်ဒီစပ်စပ်လုပ်တာတဲ့လား?

ယဲ့ချန်းကတော့ ပြုံးရုံသာပြုံးသည်။

"ရှောင်ပေ့ မင်း အခုတွက်နေတာက ၁+၂ရဲ့ ဘက်ချ်သီအိုရီလေ။ ၁+၁ကို နှုတ်လိုက်ရအောင်"

"ဘာ? ၁+၁ကို တွက်မှာလား"

ဂိုးလ်ဘက်ချ်သီအိုရီတွင် "၁+၁"ကို သက်သေပြရန်အတွက် သင်္ချာနည်းလမ်းအသစ်များကို ဖန်တီးရန်လိုအပ်သည်ဟု သင်္ချာပညာရှင်များက ယုံကြည်ထားကြသည်။ အကြောင်းမှာ လမ်းအဟောင်းများက အလုပ်မဖြစ်ပေ။

ဂိုးလ်ဘက်ချ်၏၁+၁သီအိုရီကို ဖြေရှင်းရန်အတွက် ဆယ်စုနှစ်များ သို့်မဟုတ် ရာစုနှစ်တစ်ခုလောက် ကြာနိုင်သည်ဟု တချို့က တွေးထားကြသည်။

ချန်းရှောင်ပေ့က ခေါင်းညိတ်ပြသော်ငြား သင်္ကာမကင်းဟန်ဖြင့် မေးလာလေသည်။

"ကျွန်တော် အရင်ကလည်း တွက်ကြည့်ပြီးပြီ။ ဒါပေမဲ့ နည်းလမ်းတော်တော်များများက အလုပ်မဖြစ်ဘူး"

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံး၏။

"မင်း ငါ့နည်းလမ်းကို သုံးကြည့်လို့ရတယ်လေ"

ထို့နောက် ယဲ့ချန်းက စားပွဲတွင်ဝင်ထိုင်၍ စာရွက်အလွတ်တစ်ခုပေါ်၌ စာလုံးအတန်းလိုက်ကြီးကို ရေးခြစ်ပါတော့သည်။

ယဲ့ချန်း၏ပုံသေနည်းကိုကြည့်ပြီး လီခယ်နှင့် ချန်းရှောင်ပေ့တို့မှာ ထိတ်လန့်သွားလေသည်။

ယဲ့ချန်းက မတူညီသော သင်္ချာပညာရပ်တစ်မျိုးကို သူတို့အား ထုတ်ပြလိုက်ဟန်ပင်။

ဤသည်မှာ သူတို့ လုံးဝထင်မထားသော နည်းလမ်းများနှင့် ပုံသေနည်းများပင်။

ယဲ့ချန်းက စာမျက်နှာတစ်ခုလုံးကို ပြည့်အောင် ရေးပြီးနောက် ချန်းရှောင်ပေ့ကို ပြောလိုက်၏။

"ကျန်တာကို ဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုတော့ မင်းသိမှာပါ"

ချန်းရှောင်ပေ့ကလည်း အားတက်သရောခေါင်းညိတ်ပြပြီး ယဲ့ချန်း၏အတွေးအတိုင်း ဆက်တွက်လေတော့သည်။

အချိန်ကား တစ်စက္ကန့်ချင်း သွားနေချေသည်။

သုံးနာရီကြာပြီးနောက်တွင်မူ ချန်းရှောင်ပေ့ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။

"ကျွန်တောိ အဖြေထုတ်နိုင်ပြီ။ နောက်ဆုံးတော့ ကျွန်တော် အဖြေထုတ်နိုင်ပြီ"

ယဲ့ချန်းကလည်း အားရကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ရှောင်ပေ့ တော်တယ်"

လီခယ်မှာ တွက်ထားသော စာရွက်ကို ကောက်ယူပြီးနောက် အိပ်မက်မက်နေသလို ခံစားလိုက်ရ၏။

ထို့နောက် ယဲ့ချန်းကို ထိတ်လန့်တုန်လှုပ်နေသောအကြည့်ဖြင့် ကြည့်လိုက်မိသည်။

အစကတော့ ချန်းရှောင်ပေ့ကို ယဲ့ချန်း ရှာဖွေတွေ့ရှိခဲ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက်ဟု ထင်ထားခဲ့သော်လည်း ယခုမူ ယဲ့ချန်းက အတော်ဆုံးသင်္ချာပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

ဂိုးလ်ဘက်ချ်သီအိုရီကို ဖြေရှင်းနိုင်ရန်မှာ သင်္ချာပညာရှင်များ၏ အိပ်မက်ဖြစ်ပေသည်။

တော်တော်များများက ဆယ်စုနှစ်များစွာကြာအောင် သုတေသနလုပ်ခဲ့သော်လည်း ဘာမှအဖြေမထုတ်နိုင်ခဲ့ချေ။

သို့တိုင် သင်္ချာလောကကို ရာစုနှစ်ပေါင်းများစွာ ခေါင်းခြောက်စေခဲ့သော ဤပုစ္ဆာကို ယဲ့ချန်းက အသာလေးဖြေရှင်းနိုင်ခဲ့သည်။

ဤသည်မှာ ရင်သပ်ရှုမောဖွယ်ရာပင်။

ချန်းရှောင်ပေ့က သင်္ချာပါရမီရှင်တစ်ယောက်ဆိုပါက ယဲ့ချန်းမှာ သင်္ချာနတ်ဘုရားပင်တည်း။

လီခယ်က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

"မစ္စတာယဲ့.. ကျေးဇူးတင်ပါတယ်။ ကျုပ်တို့သင်္ချာလောကကို ရာစုနှစ်ပေါင်းများစွာ ခေါင်းခြောက်စေခဲ့တဲ့ပုစ္ဆာကို ခင်ဗျား ဖြေရှင်းပေးခဲ့တယ်"

"ခင်ဗျားတို့က ဒီလောက်ရိုးရှင်းတဲ့ပုစ္ဆာလေးကို ရာစုနှစ်ပေါင်းများစွာ သုတေသနလုပ်နေခဲ့တာလား"

ယဲ့ချန်းမှာ မယုံကြည်နိုင်လေဟန် အမူအရာတစ်ခုကို ပြသလိုက်သည်။

လီခယ် : "..."

ယဲ့ချန်းကား ခေါင်းတခါခါ။

"ဒါနဲ့ ဒီစာတမ်းမှာ ကျွန်တော့်နာမည်ကို မထည့်နဲ့နော်။ ရှောင်ပေ့နာမည်ကိုသာ ရေးလိုက်ပါ"

"ဒါပေမဲ့..."

လီခယ်က တစ်ခုခုပြောချင်နေဟန်ပင်။

သို့သော် ယဲ့ချန်းက ကြားဖြတ်ပြောလိုက်လေသည်။

"ကျွန်တော်နဲ့ အချိန်မရွေး လာဆွေးနွေးလို့ရတယ်လေ။ တောင်းဆိုစရာတစ်ခုပဲရှိတယ်။ ဟွားနိုင်ငံအတွက် ဂုဏ်ဆောင်ပေးပါ။ အခု ခင်ဗျား ကျွန်တော်ပြောတဲ့အတိုင်း လုပ်ကိုလုပ်ရမယ်နော်"

လီခယ် ခေါင်းညိတ်ပြလိုက်လေသည်။

သိပ်မကြာခင်မှာပင် ဟွားနိုင်ငံတစ်ခွင်သို့ သတင်းများ ပြန့်သွားခဲ့သည်။

ဟွားနိုင်ငံရှိ ဉာဏ်ကြီးရှင်ရှောင်ပေ့က ဂိုးလ်ဘက်ချ်သီအိုရီ၏ ကမ္ဘာလုံးဆိုင်ရာပုစ္ဆာနှစ်ခုကို ညတွင်းချင်းအဖြေထုတ်နိုင်ခဲ့သည်ဟုပင်။

တစ်ကမ္ဘာလုံးရှိ သင်္ချာပညာရှင်များအကြား ပွက်လောရိုက်ကုန်ကြတော့သည်။

ဘာဘီကျူးဆိုင်တစ်ဆိုင်တွင် ယဲ့ချန်း၊ လီယန်နှင့် ချန်းရှောင်ပေ့တို့က အသားကင် အတူတူစားနေကြသည်။

"အစ်ကိုယဲ့ချန်း စာတမ်းမှာ အစ်ကို့နာမည်ကို ဘာလို့မထည့်တာလဲ။ ဒီသီအိုရီကို အစ်ကိုဖြေရှင်းခဲ့တာလေ"

ယဲ့ချန်း ခေါင်းခါယမ်းပြသည်။

"ငါက အကြံပေးလိုက်ရုံပါ။ နောက်ဆုံးကောက်နုတ်ချက်ကို မင်းထုတ်လိုက်တာလေ"

လီယန်ကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။

"ယဲ့ချန်း နင်က သင်္ချာပညာမှာ အရမ်းကျွမ်းကျင်ရဲ့သားနဲ့ ပီကင်းတက္ကသိုလ်မှာ ပါမောက္ခလာမလုပ်ဘဲ ဘာလို့ တက္ကစီမောင်းနေတာလဲ"

ယဲ့ချန်း ပြုံးလိုက်လေတော့သည်။

"တက္ကစီမောင်းရတာက ကောင်းပါတယ်။ ဦးနှောက်သုံးစရာမလိုဘူး။ မောင်းနေရုံပဲ။ သင်္ချာက ငါ့ဝါသနာသက်သက်ပါ"

••••••••••••••••

All Chapters