ကျွန်မချစ်သူက လူကုံထံအသိုင်းအဝိုင်းကနော်
Vol. 15 Ch. 212
လုပ်ငန်းခွင်စည်းမျဉ်းကြောင့်သာ မဟုတ်ပါက ဤလေယာဉ်မယ်များမှာ စနောက်ကျီစယ်ကြတော့မည်ဖြစ်၏။
ယဲ့ချန်းက လီရွှင်းအာကိုမြင်သောအခါ ခပ်ဖွဖွပြုံးလိုက်သည်။
"အလှလေး ငါတို့က ရေစက်ပါတာပဲနော်။ ဒီလောက်မြန်မြန်ကြီး ပြန်တွေ့ကြရတယ်လို့"
လီရွှင်းအာလည်း ကြက်သေသေသွားရသည်။ ယခုလိုတွေ့ဆုံရလိမ့်မည်ဟု သူ(မ) ထင်မထားချေ။
အစောတုန်းက သူတို့၏သဘောတူညီချက်ကို သတိရမိသော် လီရွှင်းအာ၏မျက်နှာလှလှလေးပေါ်တွင် ရှက်သွေးဖြာသွားသည်။
ခရီးသည်များက နေရာယူပြီးလေပြီ။ လေယာဉ်မယ်များကလည်း သောက်စရာများ ပြင်ဆင်ပေးနေကြသည်။
"ရွှင်းအာ.. နင်က အရမ်းဆွဲဆောင်မှုရှိတာပဲ။ အဲဒီလူက နင့်နောက်ကိုလိုက်ရင်း လေယာဉ်ပေါ်အထိတောင် ပါလာတယ်"
"အဲဒီလူချောလေးက ဟားမ်စ်ဝတ်စုံကို ဝတ်ထားတာနော်။ သူက သူဌေးသားတစ်ယောက်ပဲ ဖြစ်ရမယ်။ သူက ဘယ်လိုလုပ်ပြီး တက္ကစီဒရိုင်ဘာဖြစ်နိုင်မှာလဲ"
လီရွှင်းအာခမျာ ရှက်ရဲရဲဖြင့် ပြောလိုက်လေသည်။
"နင်တို့ထင်သလိုမဟုတ်ပါဘူး။ သူက တကယ် တက္ကစီဒရိုင်ဘာပါ"
ဤသို့ဖြင့် လီရွှင်းအာလည်း ကားငှားပြီး ယဲ့ချန်းနှင့်အတူ စကားစမြည်ပြောဆိုခဲ့သည့် အကြောင်းများကို အကုန်ပြောပြလိုက်သည်။
"အမလေး.. ဒီလူက အရမ်းကဗျာဆန်တာပဲ"
"ဟုတ်ပါရဲ့။ ငါသိပြီ။ သူက နင့်ကို လေဆိပ်အထိလိုက်ပို့ပြီး နင့်အနောက်ကို လိုက်ဖို့သက်သက်နဲ့ လေယာဉ်လက်မှတ်တစ်စောင် ဝယ်ခဲ့တာ"
"ဒါပေမဲ့ အဲဒီလိုတော့မဟုတ်ပါဘူး။ သူတို့နှစ်ယောက်က တကယ်ကံပါလာတာဆိုရင်ရော"
လူတိုင်းက ခပ်ကြိတ်ကြိတ်ဆွေးနွေးနေကြသည်။
ထိုအခိုက်ဝယ် အစားအသောက်ဝန်ဆောင်မှုကို စတင်ပြီဖြစ်၏။ ယဲ့ချန်းက ပထမတန်းတွင် ထိုင်ရပြီး လီရွှင်းအာကလည်း တာဝန်ထခံလေယာဉ်မယ်ဖြစ်သည်။
"လူကြီးမင်း ဘာသုံးဆောင်ချင်ပါသလဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံး၏။
"ကော်ဖီတစ်ခွက်ပေးပါ"
"ဟုတ်ကဲ့"
လီရွှင်းအာက ချိုသာစွာ ပြုံးပြလိုက်သည်။
ထိုအချိန်မှာပင် ယဲ့ချန်း၏အနောက်ရှိ လူငယ်လေးတစ်ယောက်က လှမ်းပြောလေသည်။
"လေယာဉ်မယ်.. ကျွန်တော့်ကို ရေခဲရေတစ်ခွက်လောက်ပေးပါ"
"ဟုတ်ကဲ့"
လီရွှင်းအာကလည်း ရေခဲရေတစ်ခွက် လောင်းထည့်ပြီး ထိုလူ၏စားပွဲပေါ်သို့ တင်ပေးလိုက်၏။
သို့သော် လီရွှင်းအာ ပြန်လှည့်တော့မည့်ဆဲဆဲမှာပင် ထိုလူငယ်က ခလုတ်နှိပ်လိုက်ပြန်သည်။
"လေယာဉ်မယ်.. ကျွန်တော် ရေခဲရေမလိုချင်တော့ဘူး။ စပရိုက်ပဲပေးပါ
လီရွှင်းအာမှာ သူ့အတွက် စပရိုက်တစ်ခွက် ထည့်ပေးလိုက်သည်။
လီရွှင်းအာ ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်မှာပင် ထိုလူငယ်လေးက လှောင်ပြုံးပြုံးလိုက်သည်။
"ကျွန်တော် စပရိုက်မလိုချင်တော့ဘူး။ ကော်ဖီအေးပဲ သောက်ချင်တယ်"
လီရွှင်းအာလည်း မျက်မှောင်ကြုတ်၍ အေးတိအေးစက်လေသံဖြင့် ပြောလိုက်လေသည်။
"လူကြီးမင်း.. ဘာသောက်ချင်လဲဆိုတာ ဆုံးဖြတ်ပြီးပြီလား"
"ဒါပေါ့။ ကျွန်တော် ခင်ဗျားကိုသောက်ချင်တယ်။ အလှလေး.. ကျွန်တော့်ချစ်သူ လုပ်ပေးပါ"
လီရွှင်းအာမှာ မျက်မှောင်ကြုတ်လိုက်မိပြန်သည်။
"တောင်းပန်ပါတယ်။ ကျွန်မ အလုပ်များနေလို့။ ကျေးဇူးပြုပြီး မနောက်ပါနဲ့"
ဤသို့ပြောပြီးနောက် လီရွှင်းအာက လှည့်ပြန်ရန် ပြင်လိုက်သည်။
ထိုလူငယ်လေးကမူ သူ(မ)၏လက်ကို ဖမ်းဆုပ်ထားလိုက်သည်။
"အလှလေး.. ကျုပ်ဆိုတဲ့ ယန်ဖေးသဘောကျမိတဲ့ မိန်းမတိုင်း ကျုပ်လက်က မလွတ်ပါဘူး"
"တောင်းပန်ပါတယ် လူကြီးမင်း.. ကျွန်မ တခြားဧည့်သည်တွေကို ဧည့်ခံရဦးမှာမို့ ကျေးဇူးပြုပြီး လွှတ်ပေးပါ"
"မလွှတ်ဘူးဆိုရင်ရော"
ထိုလူက လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်လေသည်။
ထိုအချိန်ဝယ် ယဲ့ချန်းက အနားသို့ရောက်လာပြီး စားပွဲပေါ်ရှိ ရေခဲရေခွက်ကိုကောက်ကိုင်ကာ ယန်ဖေး၏မျက်နှာကို ပက်ပစ်လိုက်သည်။
ထို့နောက် ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
"သူများကို မလေးစားတတ်တဲ့လူတွေကို ဒီလိုတုံ့ပြန်သင့်တာ
ထိုလူ့မျက်နှာမှာ ရေခဲရေများ စိုရွှဲကုန်သည်။ ထို့ကြောင့် သူ့ခမျာ လုံးဝကြက်သေသေလုနီးပါးပင်။
ဤလူက သူ့ကို လူရှေ့သူရှေ့မှာ ရေနှင့်ပက်လိုက်ပေသည်။
သူက ဘယ်သူလဲ။
ယန်မိသားစု၏ အကြီးဆုံးသားဖြစ်သော သူ့ဦးလေးက အရှေ့ပိုင်းလေကြောင်းလိုင်း၏ ဝန်ထမ်းရေးရာဌာနတွင် အလုပ်လုပ်သည်။
ပုံမှန်ဆိုလျှင် သူ လေယာဉ်မယ်များကို လိုက်ပိုးရန် ကြိုးစားသည့်အခါ မည်သူမှ မငြင်းရဲချေ။
ယနေ့တွင်မူ ရေနှင့်ပါ အပက်ခံရသည်။
"မင်း..မင်းကများ ငါ့ကို ရေနဲ့ပက်ရဲတယ်ပေါ့။ သေချင်နေတာလား"
ယဲ့ချန်း လှောင်ပြောင်လိုက်လေသည်။
"မင်းကို ရေနဲ့ပက်တာကတောင် လျှော့ပေါ့ပေးရာကျတယ်။ ဒီမိန်းကလေးကို မင်း နောက်တစ်ခါထိကပါးရိကပါးလာလုပ်ရင် ငါ့ကို အဆိုးမဆိုနဲ့"
ထိုသို့ပြောရင်း ယဲ့ချန်းက လက်သီးတစ်ချက်လွှဲ၍ ယန်ဖေး၏ထိုင်ခုံဘေးအနားစွန်းကို ခပ်ပြင်းပြင်းထိုးချလိုက်သည်။
ဘန်း!
ဤလက်သီးချက်ကြောင့် ထိုင်ခုံတွင် အပေါက်ကြီးတစ်ပေါက်ဖြစ်သွားလေသည်။
ယဲ့ချန်းလည်း ထိတ်လန့်သွားသော လီရွှင်းအာကို လှည့်ကြည့်လိုက်၏။
"ဒီထိုင်ခုံက ဘယ်လောက်ကျလဲ။ ကိုယ် ပြန်လျော်ပေးပါ့မယ်"
ယန်ဖေးမှာ အစတုန်းကတော့ ယဲ့ချန်းနှင့် ရန်ဖြစ်ချင်ခဲ့ပါသော်ငြား ခုံပေါ်ရှိ အပေါက်ကြီးကို မြင်သောအခါ သေလောက်အောင် ကြောက်လန့်သွားသည်။
သူ့မှာ အံတင်းတင်းကြိတ်၍ ခပ်ဆိတ်ဆိတ်နေလိုက်သည်။
သို့သော် စိတ်ထဲမှ ဆဲဆိုလိုက်မိသည်။
"ချာတိတ်.. မင်း စောင့်နေ။ ဒီကိစ္စ မပြီးသေးဘူး"
လေယာဉ်ဆင်းသက်ချိန်ဝယ် ယဲ့ချန်းက လီရွှင်းအာထံသို့ လိပ်စာကတ် ပေးခဲ့လိုက်သည်။
"မင်း ပြဿနာတစ်ခုခုတက်ရင် ကိုယ့်ကိုဖုန်းခေါ်လိုက် ရွှင်းအာ"
"အင်း"
လီရွှင်းအာ ခေါင်းညိတ်ပြလိုက်၏။
ယဲ့ချန်းက လေဆိပ်ထဲမှ ထွက်လာပြီး တော်ဝင်မင်းသားစံအိမ်နားရှိ ကော်ဖီဆိုင်တစ်ဆိုင်သို့ တန်းတန်းမတ်မတ်ထွက်လာခဲ့လိုက်သည်။
လင်းဝမ်ယိုက အစောကပင် သူ့ကိုဖုန်းဆက်ပြီး စစ်ဆေးရမည့် စာရွက်စာတမ်းတချို့ရှိကြောင်း အသိပေးခဲ့သည်။
ယဲ့ချန်းက ကော်ဖီဆိုင်များ၏ အငွေ့အသက်များကို သဘောကျသည်။ အလုပ်လုပ်ရင်း အလှလေးများကိုလည်း ငေးမောနိုင်သည်။
သူက ကော်ဖီတစ်ခွက်မှာပြီး လက်ပ်တော့ကို ဖွင့်လိုက်၏။
ရနံ့ခပ်သင်းသင်းကော်ဖီကို တစ်ငုံသောက်ရင်း စာရွက်စာတမ်းများကို ဖတ်နေချိန်မှာ မှန်ပြတင်းပေါက်နားက ဖြတ်သွားသော အလှလေးများကိုလည်း ရံဖန်ရံခါကြည့်သည်။ ဤသည်မှာ အံ့ဖွယ်ကောင်းသော ခံစားချက်တစ်မျိုးပင်။
ထိုအချိန်မှာပင် ယဲ့ချန်းလည်း သန့်စင်ခန်းသုံးရန် ထသွားလိုက်၏။
ထိုအတောအတွင်းမှာ လင်းဝမ်ယိုကိုဖုန်းဆက်၍ လိုအပ်ချက်များရှိသော ဖိုင်များအကြောင်း ဆွေးနွေးလိုက်သည်။
သို့သော် စားပွဲဆီကို ပြန်ရောက်သွားချိန်မှာ အမျိုးသမီးတစ်ယောက်က သူ့နေရာတွင် ထိုင်နေကြောင်း မြင်လိုက်ရသည်။
ထိုအမျိုးသမီးက ဘရန်းအဝတ်အစားများကို ဝင့်ဝင့်ကြွားကြွားဝတ်ဆင်ထားသည်။
သို့တိုင် သူ(မ)၏ရုပ်ရည်ရမှတ်ကမူ ၇၀သာရှိ၏။ မိတ်ကပ်အပြည့်ရိုက်ထားသော မျက်နှာနှင့်ပင် ၇၁မှတ်တောင် ပြည့်အောင်မရချေ။
ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"မိန်းကလေး.. မင်းထိုင်နေတာ ငါ့နေရာ"
ထိုအမျိုးသမီးက ယဲ့ချန်းကို အထင်အမြင်သေးဟန်ဖြင့် မော့ကြည့်လာသည်။
"ရှင် ကျွန်မကို လာကြူနေတာလား။ ဆောရီးပဲ။ ကျွန်မ ရှင့်ကို လုံးဝစိတ်မဝင်စားဘူး"
ယဲ့ချန်းမှာ ဆွံ့အသွားရချေသည်။
မင်း ကိုယ့်အကြောင်းကိုယ်တောင် မသိဘူးလား?
ဒါမှမဟုတ် ယုံကြည်မှုလွန်ကဲနေတာလား?
မင်းလိုရုပ်ရည်မျိုးကို ငါက လာကြူရမှာလား။
ယဲ့ချန်းက ဆို၏။
"စားပွဲပေါ်က ဒီလက်ပ်တော့က ငါ့လက်ပ်တော့ပဲ။ ကော်ဖီတောင် မအေးသေးဘူး။ ဒါက ငါ့နေရာဆိုတာ အသိသာကြီးပဲမဟုတ်ဘူးလား"
ထိုအမျိုးသမီးကလည်း သိထားပြီးဖြစ်ဟန်ဖြင့် ခပ်ပြတ်ပြတ်ပြောလာလေသည်။
"ကျွန်မက ဒီကော်ဖီဆိုင်ကို ခဏခဏလာနေကျ။ ဒီဆိုင်ရဲ့ ဗီအိုင်ပီရွှေရောင်ကတ်ပိုင်ရှင်ဆိုလည်း ဟုတ်တယ်။ ဒီဆိုင်ကိုလာတိုင်း ဒီနေရာမှာပဲထိုင်တာ"
ထို့နောက် ထိုအမျိုးသမီးက အိတ်ကပ်ထဲမှ ယွမ်တစ်ရာတန်တစ်ရွက်ကိုထုတ်ယူ၍ စားပွဲပေါ်သို့ တင်လိုက်သည်။
"ဒီယွမ်တစ်ရာနဲ့ ရှင့်နေရာကို ဝယ်လိုက်ပြီ။ တခြားနေရာမှာ သွားထိုင်"
ထိုအမျိုးသမီးထံတွင် ဘဝင်မြင့်လေဟန် အမူအရာမျိုး ရှိသည်။ မသိလျှင် သူ(မ)က ဘုရင်မဖြစ်ပြီး လူတိုင်းက သူ(မ)ကို ဦးညွှတ်ရမည့်အလားပင်။
ယဲ့ချန်းလည်း ဆွံ့အသွားရပြန်သည်။
ဘယ်သွားသွား ဒီလိုဟိတ်ဟန်များတဲ့လူတွေနဲ့ချည်း တိုးရလောက်အောင် ငါ ဘာလို့များ တအားကံဆိုးရတာလဲ?
ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်သည်။
"ဆောရီးပဲ။ ဒါပေမဲ့ ငါ ဒီနေရာကို တကယ်သဘောကျတယ်။ ကိုယ့်ပိုက်ဆံကိုယ်ယူပြီး လစ်လိုက်တော့"
"ရှင် ကျွန်မကို စော်ကားလိုက်တာလား"
ထိုအမျိုးသမီးက မျက်ခုံးပင့်လိုက်လေသည်။
သူ(မ)က အိတ်ထဲမှ ဖုန်းထုတ်၍ သနားကမားအမူအရာလေးဖြင့် ပြောလိုက်သည်။
"အချစ် မြန်မြန်လာခဲ့ဦး။ ကျွန်မရဲ့အလှကိုစွဲလမ်းနေတဲ့ လူတစ်ယောက်က လာနှောင့်ယှက်နေတယ်"
ယဲ့ချန်းကတော့ အန်ချင်သလိုတောင် ဖြစ်မိသည်။
မင်းလိုရုပ်မျိုးကို ငါက နှောင့်ယှက်ရမှာလား။
သူ့အနားတွင် ရုပ်ရည်ရမှတ်ကိုးဆယ်ကျော်ရှိသော အလှပဂေးလေးများ ဝိုင်းနေချေသည်။
ယဲ့ချန်း၏စိတ်ထဲတွင် အလှပဂေးတစ်ယောက်၏ ရုပ်ရည်ဆိုသည်မှာ အမှတ်ကိုးဆယ်ကျော်မှသာ အလှပဂေးဖြစ်ထိုက်သည်ဟု ယူဆထားသည်။
မင်းကတော့ ရွက်ကြမ်းရေကျိုရုပ်ရည်မျိုးနဲ့ မင်းရဲ့အလှတရားကို ငါက စွဲလမ်းနေတယ်လို့တောင် ပြောရဲတယ်ပေါ့?
ဖုန်းချပြီးနောက် ထိုအမျိုးသမီးက အောင်နိုင်သူတစ်ယောက်အလား ပြုံးလိုက်သည်။
"ဒီမှာ..ကျွန်မချစ်သူကို ဖုန်းဆက်ပြီးသွားပြီ။ ရှင့်ကို မြန်မြန်ပြန်ဖို့ အကြံပေးချင်တယ်။ ကျွန်မချစ်သူက အဆင့်အတန်းမြင့်တဲ့မိသားစုတစ်ခုရဲ့ သခင်လေးနော်။ ရှင်တော့ သေပြီသာမှတ်"
ယဲ့ချန်းလည်း ရယ်မောလိုက်မိသည်။
"အဲဒီလိုလား။ ဒါဆိုလည်း ကောင်းပြီလေ။ မင်းချစ်သူက ဘယ်သူလဲဆိုတာရယ် သူ ငါ့ကို ဘယ်လိုလက်စတုံးမလဲဆိုတာ ကြည့်ရသေးတာပေါ့"
မကြာခင်မှာပင် ကော်ဖီဆိုင်တံခါး တွန်းဖွင့်ခံလိုက်ရသည်။ ထို့နောက် အမျိုးသားတစ်ယောက်က ကော်ဖီဆိုင်ထဲသို့ အကြမ်းပတမ်းဝင်ရောက်လာသည်။
ထိုအမျိုးသမီးက ထိခိုက်နစ်နာလေဟန် အမူအရာဖြင့် ထိုလူ့အနားသို့ ကပ်သွားလေသည်။
"အချစ်.. ရှင် ကျွန်မဘက်က နေပေးရမယ်နော်။ ဒီလူက ကျွန်မကို အနှောင့်အယှက်ပေးပြီး ထိကပါးရိကပါးတောင် လုပ်သေးတယ်။ ရှင် ကျွန်မအတွက် လက်စားချေပေးရမယ်နော်"
•••••••••••••••••••