← Chapters

အတွင်းရေးမှူး

Vol. 15 Ch. 215

အတွင်းရေးမှူး

Vol. 15 Ch. 215

ထိုဆွေးနွေးသံများကြောင့် လီရွှင်းအာခမျာ ပို၍ပင် ရှက်သွားရသည်။ သူ(မ)၏မျက်နှာလှလှလေးက နီမြန်းသွားသည်။

"သူက ဇွတ်တရွတ်နိုင်ပြီး အရမ်းကြီးစိုးခြယ်လှယ်တတ်တယ်။ ငါ သူ့ကို အရမ်းကြိုက်တယ်"

လီရွှင်းအာ၏ရင်ထဲဝယ် ပြင်းထန်လှသော ပျော်ရွှင်မှုတစ်မျိုးဖြင့် ပြည့်နှက်နေလေသည်။

...

ထို့နောက် ယဲ့ချန်းက ကုမ္ပဏီ၏အမှုဆောင်အရာရှိများနှင့်အတူ ကုမ္ပဏီကို လှည့်လည်စစ်ဆေးခဲ့သည်။

ယဲ့ချန်းက လီရွှင်းအာ၏လက်ကို ဆက်တိုက်ကိုင်ထားသဖြင့် သူတို့ပုံစံမှာ လူငယ်စုံတွဲတစ်တွဲအလားပင်။

ချန်ပင်းက မိုတုမြို့ရှိ အထက်တန်းလွှာများကြားရှိ ယဲ့ချန်း၏အဆင့်အတန်းကို ကောင်းကောင်းသိထားသဖြင့် ဤအခြေအနေကို စနည်းနာနေလေသည်။

ဤကဲ့သို့သော ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်နှင့် ပတ်သက်ဆက်နွှယ်ခွင့်ရခြင်းမှာ ရှားပါးလှသော အခွင့်အရေးတစ်ခုပင်။

ချန်ပင်းက ပြုံးတုံ့တုံ့ဖြင့် စကားဆိုလိုက်သည်။

"ရွှင်းအာ.. ဒီနေ့ကစပြီး မင်း လေယာဉ်နဲ့လိုက်စရာမလိုတော့ဘူး"

"ဟင်"

လီရွှင်းအာခမျာ ချက်ချင်းဆိုသလို ကြောင်အသွားချေသည်။

ငါ အလုပ်ထုတ်ခံရတော့မှာလား?

ချန်ပင်းက ဆက်ပြောသည်။

"မစ္စတာယဲ့က ငါတို့ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌဆိုတော့ သူ့မှာ အတွင်းရေးမှူးတစ်ယောက် လိုတယ်လေ။ မင်းက အသင့်တော်ဆုံးပဲလို့ ငါထင်တယ်။ အခုကစပြီး မင်း ဒုဥက္ကဋ္ဌယဲ့ရဲ့ကိုယ်ရေးအတွင်းရေးမှူးဖြစ်သွားပြီ။ လစာကိုလည်း ဝန်ကြီးအဆင့်အတိုင်း သတ်မှတ်ပေးမယ်"

ချန်ပင်း၏စကားကို ကြားသောအခါ လေယာဉ်မယ်များမှာ မနာလိုဖြစ်သွားကြသည်။

ဝန်ကြီးတစ်ယောက်၏လစာမှာ တစ်နှစ်ကို သန်းပေါင်းများစွာရှိပြီး ကိုယ်ရေးအတွင်းရေးမှူးဆိုသည်မှာ ဘာကိုဆိုလိုကြောင်း လူတိုင်း သိကြသည်။

ချန်ပင်းက ယဲ့ချန်း၏ပခုံးကိုပုတ်၍ ရယ်မောလိုက်သည်။

"ညီလေးယဲ့.. အခုကစပြီး လီရွှင်းအာကို မင်းတစ်ယောက်တည်းပဲ စီမံခန့်ခွဲရမှာ။ တခြားဘယ်သူမှ သူ့ကို ထိန်းချုပ်လို့မရဘူး။ မင်း သူ့ကို အိမ်ကနေ အလုပ်လုပ်ခိုင်းလည်းရတယ်"

ချန်ပင်း၏မရေမရာစကားသံကို ကြားလိုက်ချိန်ဝယ် ယဲ့ချန်းမှာ အတန်ငယ်နေရခက်သွားသည်။

ယောကျ်ားတိုင်း ထိုအဓိပ္ပာယ်ကို နားလည်ပေသည်။

ဤသည်မှာ လီရွှင်းအာကို အငယ်အနှောင်းအဖြစ် သဘောထားကြောင်း သိသာလှပြီး ကုမ္ပဏီကပင် သူ(မ)ကို လစာပေးထားသေးသည်။

ထိုနေရာရှိ ယောကျ်ားအားလုံးက ယဲ့ချန်းကို မနာလိုအားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။

ရုပ်ရည်ရမှတ်၉၆မှတ်ရှိသော အလှလေးတစ်ယောက်၏ အပြုအစုအယုအယကို ခံယူရခြင်းမှာ ကောင်းချီးပေးခံရခြင်းသာ ဖြစ်၏။

လေယာဉ်မယ်များကတော့ လီရွှင်းအာကို မနာလိုစိတ်အပြည့်ဖြင့် ကြည့်နေကြသည်။

ယောကျ်ားများ :

"အမလေး ငါ့အိပ်မက်လေးက ငါ့မျက်စိရှေ့မှာတင် သူများအတွက် အကောင်အထည်ပေါ်သွားတာကို ကြည့်နေရတာပဲ"

"အမလေး…. ဒီလောက်လှတဲ့အတွင်းရေးမှူးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ဘယ်လောက်တောင် ကောင်းလိုက်မလဲ"

"ငါ့နတ်ဘုရားမက သူများမိန်းမဖြစ်သွားပြီ"

...

လေယာဉ်မယ်များ :

"ဒီလိုရုပ်လည်းချော၊ ချမ်းလည်းချမ်းသာပြီး ကြီးစိုးခြယ်လှယ်တတ်တဲ့အပြင် ကဗျာလည်းဆန်တဲ့ စိန်အဆင့်လူပျိုတစ်ယောက်ကို တွေ့နေရတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး"

"အရမ်းအားကျတာပဲ။ ငါသာ သူ့အတွင်းရေးမှူးဖြစ်ရင် ဘယ်လောက်ကောင်းမလဲ"

"လေယာဉ်နဲ့ လိုက်နေစရာမလိုတော့ဘူး။ လူချောလေးကို ပြုစုနေရုံပဲ။ ငါလည်း ဒီလိုအလုပ်မျိုး လိုချင်တယ်လေ"

"ဝန်ကြီးတစ်ယောက်ရဲ့လစာဆိုတာ ငါတို့ အခုရနေတဲ့လစာထက် ဆယ်ဆပိုများတယ်လေ။ အားကျလိုက်တာနော်"

"မစ္စတာယဲ့.. နောက်ထပ်အတွင်းရေးမှူးတစ်ယောက်များ လိုသေးလား။ ကျွန်မလည်း ရှင့်အတွင်းရေးမှူးဖြစ်ချင်လို့"

ယဲ့ချန်းပင်ဖြစ်စေ လီရွှင်းအာပင်ဖြစ်စေ ချန်ပင်းက ယဲ့ချန်းကို စိတ်ကျေနပ်စေမည့် ယခုလိုစီစဉ်မှုများ လုပ်လာလိမ့်မည်ဟု ချန်ပင်း လုံးဝထင်မထားပေ။

ချန်ပင်းက လေးလေးနက်နက်ဆိုလာလေသည်။

"ရွှင်းအာ.. မင်း ဒီအလုပ်ကို တန်ဖိုးထားရမယ်နော်။ မစ္စတာယဲ့ကို ကောင်းကောင်းစောင့်ရှောက်လိုက်။ မစ္စတာယဲ့ကို ခစားရတာက ငါတို့ကုမ္ပဏီအတွက် မင်း အကောင်းဆုံးအကျိုးပြုပေးတာပဲ။ နားလည်လား"

လီရွှင်းအာလည်း ရှက်ရဲရဲဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဥက္ကဋ္ဌ.. ကျွန်မကိုပေးအပ်တဲ့ တာဝန်ကို အလေးအနက်ထားပြီး လုပ်ဆောင်ပါ့မယ်"

ယဲ့ချန်းလည်း ချန်ပင်း၏လု်ပဆောင်ချက်ကို အလွန်စိတ်တိုင်းကျသွားသည်။

ဤကဲ့သို့သော လူမှုဆက်ဆံရေးကောင်းမွန်သူကို နောက်နောင်အတွက် မိတ်ဆွေဖွဲ့ထားသင့်သည်။

နတ်ဘုရားမတစ်ပါးအလား လှပချောမောသော လေယာဉ်မယ်တစ်ယောက်က သူ့ကိုယ်ရေးအတွင်းရေးမှူးဖြစ်လာလေပြီ။ ယဲ့ချန်းလည်း ဤစီစဉ်မှုကို အလွန်စိတ်တိုင်းကျသွားသည်။

လှည့်လည်စစ်ဆေးပြီးနောက် ချန်ပင်းက ယဲ့ချန်းကို ထမင်းစားဖို့ ဖိတ်ချင်ခဲ့သည်။ သို့သော် ယဲ့ချန်းကတော့ ပြုံးလျက် ပြန်ပြောလိုက်သည်။

"အားလုံးလည်း အလုပ်ရှုပ်နေကြတာဆိုတော့ ဒီအတိုင်းထားလိုက်ကြတာပေါ့"

ယဲ့ချန်းက လီရွှင်းအာကိုခေါ်ပြီး ပြန်သွားခဲ့သည်။ ထိုအချိန်မှာ သူက လေယာဉ်အရာရှိကို ပြောလိုက်၏။

"ခင်ဗျားက သူ့ကို အမြဲဂရုစိုက်ပေးခဲ့တယ်လို့ ရွှင်းအာကပြောတယ်။ အဲဒါကြောင့် ဒီနေ့လယ် မယ်ရီယော့ဟိုတယ်မှာ ခင်ဗျားတို့အဖွဲ့ကို‌ နေ့လယ်စာလိုက်ကျွေးချင်ပါတယ်"

"ကောင်းလိုက်တာ"

ယဲ့ချန်း၏စကားများကို ကြားသောအခါ လေယာဉ်မယ်များလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ယဲ့ချန်းက ရုံးခန်းအသစ်ဆီသို့ ရောက်လာခဲ့သည်။ အလုပ်လုပ်ဖို့ မဟုတ်ပါဘဲ လီရွှင်းအာနှင့် ခဏမျှ စကားစမြည်ပြောဆိုရန်ပင်။

နေ့လယ်ဘက်တွင် ယဲ့ချန်းက မယ်ရီယော့ဟိုတယ်သို့ မောင်းသွားလိုက်သည်။ ထိုနေရာတွင် လေယာဉ်မယ်တချို့က ကားရှေ့၌ ရပ်နေကြ၏။

"ဟေး..လိလိ နင် ကားနဲ့လာတာမဟုတ်ဘူးလား"

"ငါ့ကားပျက်သွားလို့လေ။ ဘာဖြစ်လဲ"

"ကျစ်.. နင်က လူချောလေးရဲ့ကားကို စီးချင်နေတာမလား"

"နင်လည်း အတူတူပဲလေ။ ငါ့ကိုပဲ လာပြောနေတယ်"

ယဲ့ချန်းနှင့် လီရွှင်းအာတို့ ထွက်လာသောအခါ ကားရှေ့တွင် မတ်တတ်ရပ်နေသော အလှပဂေးလေးယောက်ကို မြင်လိုက်ရ၏။

အရှေ့ပိုင်းလေကြောင်းလိုင်း၏ လေယာဉ်မယ်ရွေးချယ်သည့် စံနှုန်းအရ အနည်းဆုံး ရုပ်ရည်ရမှတ်၉၀တော့ ရှိရမည်သာ။

လီရွှင်းအာအပါအဝင် အလှလေးငါးယောက်က ခြေတံရှည်လျပြီး အလွန်လှပချောမောကာ လမ်းပေါ်ကို တက်သွားလိုက်လျှင် အများကငေးလောက်သော အလှပဂေးလေးများပင်။

ယဲ့ချန်းလည်း ပြုံးလျက် ပြောလိုက်လေသည်။

"ကောင်းပြီလေ။ ငါ့ကားက လူတိုင်းအတွက် ဆံ့ပါတယ်။ တက်ကြလေ"

ကားထဲသို့ရောက်သည်နှင့် အလွန်ခမ်းနားလှသော အတွင်းပိုင်းအပြင်အဆင်ကို မြင်လိုက်ရချိန်ဝယ် ထိုအလှလေးများမှာ အံ့ဩမှင်တက်ကုန်ကြသည်။

"အမလေး ဒီကားက အရမ်းခမ်းနားတာပဲ"

"ဒါက ဒဏ္ဍာရီလာဘန်ထလေကားလား။ ထိုင်ရတာ အရမ်းသက်သောင့်သက်သာရှိတာပဲ"

"ဥက္ကဋ္ဌယဲ့.. အခုကစပြီး ကျွန်မ ဥက္ကဋ္ဌယဲ့ရဲ့ကားကို နေ့တိုင်း စီးချင်သွားပြီ"

...

ယဲ့ချန်းတို့ မယ်ရီယော့ဟိုတယ်သို့ ရောက်လာခဲ့သည်။

ဟိုတယ်ဝန်ထမ်းများကလည်း သူဌေးရောက်လာသည်ကို မြင်သောအခါ ဧည့်ကြိုမန်နေဂျာကို အမြန်သတင်းပို့လိုက်ကြသည်။

ဟိုတယ်တစ်ခုလုံးက ယဲ့ချန်း၏ဘေးနားတွင် အလှလေးငါးယောက် ဝိုင်းနေသည်ကိုမြင်လိုက်ရချိန်ဝယ် မနာလိုဖြစ်သွားကြသည်။

ဝိုး..လူလူချင်းယှဉ်ကြည့်ရင် ဒေါသထွက်ဖို့ကောင်းလိုက်တာ!

ဒီလူတစ်ယောက်တည်းနဲ့ ရုပ်ရည်ရမှတ်၉၀ကျော်တဲ့ အလှလေးတွေ ပိုင်ဆိုင်ထားရတာလဲ?

တချို့ယောကျ်ားများက သူတို့ဘေးရှိ ရုပ်ရည်ရမှတ်၈၀သာရှိသော ချစ်သူများကို ကြည့်လိုက်ပြီးနောက် စားချင်စိတ်များပင် ပျောက်သွားရသည်။

ဧည့်ကြိုမန်နေဂျာခမျာ အပြေးအလွှားရောက်ချလာသည်။

ယဲ့ချန်းက မှာကြားထားသည့်အတွက် ဧည့်ကြိုမန်နေဂျာလည်း ယဲ့ချန်းက မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ သူတို့ကို ဧကရာဇ်ခန်းမထဲသို့ ခေါ်သွားလိုက်သည်။

စားပွဲပေါ်တွင်မူ ဟိုတယ်၏ ဈေးအကြီးဆုံးဟင်းလျာများ ရှိနေလေသည်။

ဤအလှလေးများမှာ အရသာရှိသော ဟင်းလျာများကို စားနေကျဖြစ်သော်ငြား ယခုလိုခမ်းနားလှသော စားကောင်းသောက်ဖွယ်များကိုမူ တစ်ခါမှမစားဖူးကြပေ။

အလှပဂေးလေးများမှာ ချက်ချင်းဆိုသလို သူတို့၏ပုံရိပ်ကိုလည်း ဂရုမစိုက်ကြတော့ဘဲ စားပွဲအပြည့်ရှိနေသော အစားအသောက်များကို အားရပါးရစားသောက်ကြလေတော့သည်။

"မစ္စတာယဲ့ ရှင်နဲ့ရွှင်းအာတို့သိကျွမ်းတာ ဘယ်လောက်ကြာပြီလဲ"

လေယာဉ်အရာရှိက မေးလိုက်လေသည်။

ယဲ့ချန်းက ရယ်လိုက်လေသည်။

"အခုမှတွေ့ကြတာပါ။ အဲဒီတုန်းက သဘောတူညီမှုတစ်ခုလုပ်ခဲ့ကြတယ်လေ။ ကြည့်ရတာတော့ ကျွန်တော်တို့က ရေစက်ပါပုံပဲ"

"ရွှင်းအာကိုလိုက်ဖို့အတွက် ကျွန်မတို့လေယာဉ်ပေါ်ကို လိုက်ခဲ့တာမဟုတ်မှန်း သေချာရဲ့လား"

ယဲ့ချန်း ခေါင်းခါယမ်းလိုက်လေသည်။

"ဒါက ကံကြမ္မာပဲ။ ကျွန်တော် လွန်ခဲ့တဲ့သုံးရက်ကတည်းက လက်မှတ်ကို ဘိုကင်ယူထားတာ"

လေယာဉ်အရာရှိကလည်း ရယ်လိုက်လေသည်။

"ရွှင်းအာ နင် တော်တော်ကံကောင်းတာပဲ။ ကောင်းကင်ဘုံကတောင် နင်တို့ကို ကောင်းချီးပေးထားတာ"

"ဟုတ်ပါရဲ့။ အားကျလိုက်တာနော်။ ငါလည်း တက္ကစီ ခဏခဏငှားပါတယ်။ ငါကျတော့ ဘာလို့ ဒီလိုမျိုးမကြုံရတာလဲ"

လေယာဉ်အရာရှိက ရယ်မောလိုက်၏။

"ဥက္ကဋ္ဌယဲ့ သိလား။ ရှင်နဲ့တွေ့ပြီးကတည်းက ကျွန်မတို့ရွှင်းအာက တစ်ချိန်လုံးစိတ်ကူးယဉ်ပြီး တခစ်ခစ်ရယ်နေတာ။ သူ ယောကျ်ားတစ်ယောက်ကို ဒိလောက်အထိသဘောကျနေတာကို ပထမဆုံးမြင်ဖူးတာပဲ"

"ဟုတ်တယ်။ ရွှင်းအာကို ဒီလောက်အထိ အချစ်ရူးလေးဖြစ်သွားအောင် လုပ်နိုင်တဲ့လူက ဘယ်လိုယောကျ်ားမျိုးလဲဆိုတာ ကျွန်မတို့သိချင်နေခဲ့တာ"

လီရွှင်းအာက ရှက်ရွံ့စွာဖြင့် မျက်နှာကို လက်ဖြင့်အုပ်ထားလိုက်သည်။

သူ(မ)၏သူငယ်ချင်းများက ယဲ့ချန်း၏ချောမောမှုကြောင့် လုံးဝဖမ်းစားခံလိုက်ရပြီး သူ(မ)ကို ရောင်းစားပစ်လိုက်ကြသည်။

"နင်တို့ ပေါက်ကရတွေဆက်ပြောနေမယ်ဆိုရင် ငါ နင်တို့ကို ရိုက်တော့မှာနော်"

...

လေယာဉ်အရာရှိက ရယ်လိုက်သည်။

"ရွှင်းအာ ငါတို့က နင့်ကို ရောင်းစားနေတာမဟုတ်ပါဘူး။ နင့်ချစ်သူက ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်လေ။ အခု နင်က သူ့အတွင်းရေးမှူးဖြစ်သွားပြီဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ ငါတို့က သူဌေးကို နင့်အကြောင်းတွေ တင်ပြပေးဖို့လိုတယ်မလား"

အခြားလေယာဉ်မယ်များကလည်း ဝင်ပြောကြလေသည်။

လီရွှင်းအာ : "…"

"ဟုတ်သားပဲ။ ရွှင်းအာ..မင်းရဲ့အဆောင်က ကုမ္ပဏီနဲ့ နည်းနည်းလှမ်းတယ်။ သွားလာဖို့က အရမ်းဝေးလွန်းတယ်ဆိုတော့ မင်းကို ကားတစ်စီးဝယ်ပေးဖို့ ခေါ်သွားပေးမယ်။ ဒီလိုဆိုရင် နောက်ပိုင်းက အကုန်လုံးနဲ့အတူ ကားမောင်းပြီး သွားလို့ရတာပေါ့"

လေယာဉ်မယ်များအားလုံး ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

"သူက တကယ့်သူဌေးတစ်ယောက်ပဲ။ အရမ်းလည်း ရက်ရောတယ်။ တွေ့တွေ့ချင်းမှာတင် ကားတစ်စီး လက်ဆောင်ပေးပစ်လိုက်တာ"

"ဥက္ကဋ္ဌယဲ့ နောက်ထပ်အတွင်းရေးမှူးတစ်ယောက်များ လိုသေးလား။ ကျွန်မလည်း လုပ်ချင်လို့ပါ"

"ဥက္ကဋ္ဌယဲ့.. တတိယမြောက်အငယ်အနှောင်းများ လိုသေးလား။ ကျွန်မ တတိယမြောက်အငယ်အနှောင်းဖြစ်ပေးနိုင်ပါတယ်"

အခြားလေယာဉ်မယ်များမှာ အားကျသွားရသဖြင့် စနောက်ကျီစယ်လေဟန်ဖြင့် ဝင်ပြောကြလေတော့သည်။

•••••••••••••••••••

All Chapters