← Chapters

ဟွားနိုင်ငံတိုးတက်ရေးအတွက် လေ့လာခြင်း

Vol. 15 Ch. 224

ဟွားနိုင်ငံတိုးတက်ရေးအတွက် လေ့လာခြင်း

Vol. 15 Ch. 224

လူတချို့ စားသောက်နေချိန်မှာပင် မာစီးတီးကားတစ်စင်းက ဆိုင်ဘေးနားတွင် ထိုးရပ်လိုက်သည်။

နိုင်ငံခြားသားတစ်ယောက်နှင့် ဒေသခံတစ်ယောက်က ကားထဲမှ ထွက်လာပြီး ချန်းရှောင်ပေ့၏ရှေ့တွင် ဝင်ထိုင်လိုက်ကြသည်။

ထိုဒေသခံက ချန်းရှောင်ပေ့ကိုကြည့်၍ ပြောလိုက်၏။ယ

"မစ္စတာချန်း.. ကျုပ်နာမည်က ဂျေဆင်ပါ။ ဒါကတော့ မစ္စတာတွမ်တဲ့။ ကျုပ်တို့က မင်းကို Mနိုင်ငံက ရီလုတက္ကသိုလ်မှာ ပညာသင်ဖို့အတွက် ဖိတ်ကြားချင်လို့ပါ"

ယဲ့ချန်းမှာ မျက်ခုံးပင့်လိုက်မိသည်။

လူတော်များကို စည်းရုံးသိမ်းသွင်းမှုက စောလှချည်လား။

ချန်းရှောင်ပေ့က ကျောက်ကပ်ကင်တစ်ချောင်းစားရင်း ဂျေဆင့်ကိုကြည့်ကာ ပြောလိုက်လေသည်။

"ပီကင်းတက္ကသိုလ်မှာလည်း အဆင်ပြေပါတယ်"

ဂျေဆင်ကတေ့ လှောင်ပြောင်သရော်လေသည်။

"ပီကင်းတက္ကသိုလ်က ဟွားနိုင်ငံထဲမှာ ဂုဏ်သတင်းကြီးမားတဲ့ တက္ကသိုလ်တစ်ခုဆိုပေမဲ့ ကမ္ဘာ့အဆင့်မီတော့ မဟုတ်ဘူးလေ။ ကျုပ်တို့ရီလုတက္ကသိုလ်က ပိုကောင်းတဲ့အရင်းအမြစ်တွေကို ပေးနိုင်ပါတယ်။ နှစ်စဉ်ထောက်ပံ့ကြေးအနေနဲ့ ငွေတစ်သန်းပေးမဲ့အပြင် မင်းလိုချင်တဲ့ အရာအားလုံးဖြစ်စေရမယ်။ နိုင်ငံသားခံယူဖို့အထိပါ လုပ်ပေးမယ်။ မင်း Mနိုင်ငံမှာ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာပြီး မင်းရဲ့အရည်အချင်းတွေကို ထုတ်ပြလို့ရဦးမှာ"

စကားအဆုံးတွင် ဂျေဆင်နှင့် တွမ်တို့က ချန်းရှောင်ပေ့၏ မျက်နှာပေါ်ရှိ ပြောင်းလဲမှုများကို အကဲခတ်နေချေသည်။

သူတို့မျှော်လင့်ထားသည့်အတိုင်းဆိုလျှင် ချန်းရှောင်ပေ့က အံ့အားသင့်သွားပြီး သူတို့နှင့် ဈေးနှုန်းညှိနှိုင်းပေလိမ့်မည်။

"အစ်ကိုယဲ့... ကျွန်တော့်ကို သိုးသားကင်နောက်တစ်ချောင်းလောက်"

ချန်းရှောင်ပေ့ကတော့ သူတို့နှစ်ယောက်ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် မထင်ချေ။

ဂျေဆင် : "..."

ငါ ရှင်းအောင် မပြောမိလိုက်တာများလား?

ငွေတစ်သန်းနှင့် အကောင်းဆုံးအရင်းအမြစ်များကို ကမ်းလှမ်းလိုက်ပါသော်ငြား ဤကောင်လေးကတော့ တုတ်တုတ်မျှမလှုပ်ပေ။

ဂျေဆင်သည် ဟွားနိုင်ငံမှ ပါရမီရှင်များကို နှစ်ပေါင်းများစွာတိုင်အောင် ရှာဖွေစုဆောင်းခဲ့သည်။ သူ့ကမ်းလှမ်းချက်ကို လူတိုင်းက ပျော်ပျော်ကြီးလက်ခံခဲ့သည်ချည်းသာ။

တွမ်က ချန်းရှောင်ပေ့ကို ကြည့်လိုက်သည်။

"မစ္စတာချန်း..ကျုပ်တို့ရဲ့ကမ်းလှမ်းချက်ကို စိတ်တိုင်းမကျလို့လား။ တစ်နှစ်ကို နှစ်သန်းအထိ တိုးပေးနိုင်ပါတယ်"

ချန်းရှောင်ပေ့ : "ကျွန်တော်က ကျွန်တော့်အစ်ကိုစကားကိုပဲ နားထောင်မှာ"

ဤသို့ဖြင့် ချန်းရှောင်ပေ့လည်း ယဲ့ချန်းကို လက်ညှိုးထိုးပြလိုက်သည်။

ဂျေဆင်နှင့် တွမ်တို့ခမျာ ကြက်သေသေသွားရပြီးနောက် ယဲ့ချန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

"လူကြီးမင်း ကျေးဇူးပြုပြီး မစ္စတာချန်းကို ဉာဏ်ရှိရှိရွေးချယ်နိုင်အောင် ကူညီပေးပါဦး။ ခင်ဗျားသာ သူ့ကို ကျုပ်တို့ရီလုတက္ကသိုလ်ကိုလာအောင် ဖျောင်းဖျပေးနိုင်မယ်ဆိုရင် ဆုငွေအဖြစ် ငွေနှစ်သိန်းပေးမှာပါ"

တွမ်က ဆိုလေသည်။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိတော့သည်။

"နှစ်သိန်းတဲ့လား။ တစ်သက်လုံးတက္ကစီမောင်းရင်တောင် အဲဒီလောက်မရဘူး"

ဂျေဆင်က အားရပါးရရယ်မောလိုက်သည်။

"ဟုတ်တာပေါ့။ ဒါက နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ကိစ္စလို့ထင်ပါတယ်"

ယဲ့ချန်းက သိုးသားကင်တစ်ချောင်းကို ကိုက်၍ ခေါင်းညိတ်ပြလိုက်သည်။

"ရှောင်ပေ့... မင်း ပြဋ္ဌာန်းစာအုပ်ထဲမှာ သင်ဖူးတယ်မလား။ ဟွားနိုင်ငံရဲ့တိုးတက်မှုအတွက် သင်ယူပါတဲ့"

ရှောင်ပေ့ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်နားလည်ပြီ။ ကျွန်တော် ဟွားနိုင်ငံရဲ့တိုးတက်မှုအတွက်ပဲ လေ့လာသင်ယူချင်တယ်"

"မစ္စတာချန်း.. မင်း ပြန်စဉ်းစားသင့်တယ်နော်။ ဟွားနိုင်ငံမှာ မင်းရဲ့လစာက ထောင်ဂဏန်းလောက်ပဲရမှာ"

"ကျွန်တော် ဟွားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ လေ့လာချင်တယ်"

"မစ္စတာချန်း.. မင်းသာ ကျုပ်တို့ကျောင်းကို လာမယ်ဆိုရင် ကျုပ်တို့ဘက်က အကောင်းဆုံးသင်ကြားရေးအရင်းအမြစ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်"

"ကျွန်တော် ဟွားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ လေ့လာချင်တယ်"

ဂျေဆင်ကတော့ ပါးစပ်အမြုပ်ထွက်မတတ် ပြောနေသည့်တိုင် ချန်းရှောင်ပေ့ကတော့ ဤတစ်ခွန်းတည်းကိုသာ ပြောနေလေသည်။

ကျွန်တော် ဟွားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ လေ့လာချင်တယ်တဲ့။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ကျေးဇူးပြုပြီး ထွက်သွားပေးပါ လူကြီးမင်းတို့။ ဟွားနိုင်ငံက ပါရမီရှင်တွေက အမိမြေကိုပဲ အမှုထမ်းရမှာ။ တချို့ကို ပိုက်ဆံနဲ့ဝယ်လို့ရပေမဲ့ ရှောင်ပေ့နဲ့ကျွန်တော်ကတော့ သူတို့နဲ့မတူဘူး"

"ခင်ဗျား..."

ဂျေဆင်က ဒေါနှင့်မောနှင့် ထွက်သွားလေတော့သည်။

ချန်းရှောင်ပေ့နှင့် လီယန်တို့နှင့်အတူ ညစာစားပြီးနောက် ယဲ့ချန်းကပင် သူတို့နှစ်ယောက်အား ပီကင်းတက္ကသိုလ်ရှိ သူတို့၏အဆောင်သို့ ပြန်ပို့ပေးခဲ့သည်။

ထို့နောက် တော်ဝင်မင်းသားစံအိမ်တော်သို့ မောင်းလာခဲ့လိုက်သည်။

ထိုအခိုက်ဝယ် အနီရောင်လမ်ဘော်ဂီနီကားတစ်စီးက သူ့ကားအနားက ဖြတ်မောင်းသွားသည်။

ကျိုတိုတွင် ဤကဲ့သို့သော ဇိမ်ခံကားများမှာ ပေါလွန်းလှ၏။ ယဲ့ချန်းကမူ ကားထဲရှိ အလှလေးကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူ(မ)ကို အတန်ငယ်ရင်းနှီးနေသလိုပင်။ ယဲ့ချန်းကတော့ အာရုံသိပ်မထားချေ။

ထိုအချိန်ဝယ် လမ်ဘော်ဂီနီကားက ရုတ်ခြည်းကွေ့ချလိုက်ပြီးနောက် ယဲ့ချန်း၏ကားနောက်သို့ လိုက်လာသည်။

"အစ်မယင်း.. ရုတ်တရက်ကြီး ဘာလို့ကွေ့လိုက်တာလဲ။ မီးနီဖြတ်မောင်းတာကို ကင်မရာတွေက မိထားတော့မှာပဲ။ ကျွန်မတို့ သုံးမှတ်တောင် ထပ်လျော့နေပြီနော်"

ကျောက်ယင်းက အရှေ့ရှိ ဘန်ထလေကား၏ နောက်မီးကိုကြည့်နေချေသည်။

"ငါ အဲဒီလူ့ကို မြင်လိုက်တယ်"

"အစ်မ.. ကျွန်မတို့ နာရီပေါင်းများစွာ ရှာပြီးပြီလေ။ တစ်ယောက်မှလည်း မမှန်ဘူး။ ဒီတစ်ခေါက်ကရော တကယ်လား"

သူ(မ)ဘေးရှိ အလှလေးက ဆိုလာလေသည်။

"ဒီကားက အဝေးပြေးလမ်းမပေါ်မှာ ငါတို့တွေ့ခဲ့တဲ့ ဘန်ထလေကားဆိုတာ ငါ့အလိုလိုသိစိတ်က သိနေတယ်။ လိုင်စင်နံပါတ်ပြားကို မမြင်ခဲ့ပေမဲ့ ဒီကားသမားရဲ့စကေးကိုတော့ ငါမေ့မှာမဟုတ်ဘူး"

ဘေးနားရှိ မိန်းကလေးကလည်း ရယ်မောလိုက်သည်။

"အစ်မယင်း.. ရှင်က သူ့ကားမောင်းစွမ်းရည်ကို စိတ်ဝင်စားနေတာလား။ သူ့ကို စိတ်ဝင်စားနေတာလား"

"ကောင်မစုတ်လေး ငါ့ကိုထပ်လှောင်ပြန်ပြီ။ သူ့ကားမောင်းစွမ်းရည်ကိုပေါ့။ ငါ ယောက်ျားတွေအကုန်လုံးကို ငါ့ခြေရင်းမှာပဲ ခစားခိုင်းထားတာ။ ငါ့ကိုကြွေအောင် ခြွေနိုင်တဲ့လူရယ်လို့ ရှိလာမှာမဟုတ်ဘူး"

ကျောက်ယင်းလည်း လီဗာကိုဖိနင်းလိုက်လေရာ လမ်ဘော်ဂီနီပြိုင်ကားကလည်း အရှိန်ပြင်းပြင်း ပြေးထွက်သွားလေသည်။

လမ်းပေါ်တွင် ယာဉ်သိပ်မရှုပ်ပေ။ ထို့ကြောင့် ကျောက်ယင်းလည်း ကားတော်တော်များများကို ကျော်တက်၍ ယဲ့ချန်း၏ကားနှင့် တစ်မီတာအကွာမှာ ထိန်းထားလိုက်သည်။

"ဝိုး အစ်မယင်း.. ရှင့်ကားမောင်းစွမ်းရည်က ပိုကောင်းလာတာပဲ။ လိုက်မီခါနီးနေပြီ။ အစ်မယင်းရဲ့ကားကိုများ ကျော်တက်ရဲသတဲ့။ ဒီလူက ဘယ်သူလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဘေးနားရှိ မိန်းကလေးမှာ မြန်ဆန်လှသောအရှိန်ကြောင့် စိတ်လှုပ်ရှားတက်ကြွနေသည်။

ကျောက်ယင်းက အရှေ့ရှိ ကွာဟချက်တစ်ခုကို သတိပြုမိသဖြင့် အသာကွေ့ကာ တက္ကစီတစ်စင်းကို ကျော်တက်ခဲ့သည်။

ကားနှစ်စင်းကြားရှိ နေရာလွတ်က စင်တီမီတာအနည်းငယ်မျှသာရှိသဖြင့် မီလုနီးနီးပင်။

ဗို့သ်ဝါဂါဂန်ကားကို မောင်းနှင်လာသူခမျာ သေလောက်အောင် လန့်ဖျပ်သွားရရှာသည်။

သေစမ်း! လမ်ဘော်ဂီနီတစ်စီးကိုသာ ဝင်တိုက်မိလိုက်ရင် ငါ့တစ်နှစ်စာကားမောင်းခကတော့ အလကားဖြစ်သွားတော့မှာ...

ကျောက်ယင်း၏ကားက အဆုံးတွင်မူ ယဲ့ချန်းကို လိုက်မီသွားလေသည်။

ကားနှစ်စီးက ဘေးချင်းယှဉ်၍ မောင်းနေလေသည်။

"ဝိုး အစ်မယင်း.. ဒီကားကိုမောင်းနေတဲ့လူက တော်တော်ချောတာပဲ"

ကျောက်ယင်းလည်း ဘေးတိုက်လှမ်းကြည့်လိုက်လေရာ အမှန်တကယ်ပင် ဘန်ထလေကားသမားက အလွန်ချောမောခံ့ညားလှသော ယောကျ်ားတစ်ယောက်ပင်။

"အစ်မ.. ဒီလူ့ကိုကြည့်ရတာ ပြိုင်ကားလောကထဲက မဟုတ်ဘူးထင်တယ်။ အစ်မ သူ့ကိုသိလား"

ကျောက်ယင်လည်း ခေါင်းခါယမ်းလိုက်မိသည်။

"သူ့ကိုသိတော့မသိဘူး။ ဒါပေမဲ့ သူက အဝေးပြေးလမ်းမတုန်းက လူဆိုတာ သေချာတယ်"

ထိုအချိန်ဝယ် ယဲ့ချန်းက အဝေးပြေးလမ်းမထဲမှ ထွက်လာခဲ့လိုက်၏။

ကျောက်ယင်းကလည်း ယဲ့ချန်း၏ကားကို အမီလိုက်ရန်အတွက် အရှိန်မြှင့်လိုက်သည်။ ထို့နောက် ပြတင်းပေါက်မှန်ကို အောက်ချကာ ယဲ့ချန်းကို အော်ပြောလိုက်သည်။

"ဟေး ကျွန်မနဲ့ ကားမောင်းပြိုင်ရဲလား"

ယဲ့ချန်းကလည်း လမ်ဘော်ဂီနီကားတစ်စီးက သူ့အနောက်မှ လိုက်လာကြောင်း ရိပ်စားမိသည်။

သူလည်း ကားထဲရှိ လူများကို တစ်ချက်လှမ်းကြည့်လိုက်သောအခါ ရုပ်ရည်ရမှတ်၉၈မှတ်ရှိသော အလှပဂေးလေးတစ်ယောက်ကို မြင်လိုက်ရသဖြင့် အံ့သြသွားရသည်။

အိုး.. ငါက ဒီလောက်တောင်ချောတာလား?

သွားလေရာနေရာတိုင်းမှာ မိန်းမလှလေးတွေက လိုက်နေတာချည်းပဲ။

မနေ့တုန်းက အဝေးပြေးလမ်းမပေါ်တွင် သူကျော်တက်လာခဲ့သော လမ်ဘော်ဂီနီကားထဲရှိ အလှလေးကို ယဲ့ချန်း သတိရလိုက်သည်။

ထင်မှတ်မထားပါဘဲ သူတို့ ဤမျှမြန်မြန်ဆန်ဆန် ပြန်တွေ့ကြပြန်လေပြီ။

ဤသည်မှာ ရေစက်လေလား။

"အစ်မယင်း..ဒီလူက ကျွန်မတို့ကို လျစ်လျူရှုရဲတယ်နော်။ ကျွန်မတို့ သူ့ကို ရန်စကြမလား"

ခရီးသည်ထိုင်ခုံရှိ မိန်းကလေးက ပြောလိုက်သည်။

ကျောက်ယင်းကလည်း တစ်ဖန်အရှိန်ထပ်တင်လိုက်ပြီး ယဲ့ချန်းကို အော်ပြောလိုက်၏။

"မနေ့တုန်းက အဝေးပြေးလမ်းမပေါ်မှာ ရှင် ကံကောင်းလို့သာ ကျွန်မ ရှင့်ကိုရှုံးသွားတာ။ ဒီနေ့ ထပ်ပြိုင်ရဲလား"

ယဲ့ချန်းကလည်း ကားပြတင်းပေါက်မှန်ကို နှိမ့်လိုက်သည်။

"အလှလေး.. ငါ့ကိုယ်ငါချောမှန်းတော့ သိပါတယ်။ မင်း ငါ့ကို သဘောကျတယ်ဆိုပေမဲ့ ကားမောင်းပြိုင်ဖို့တော့ ခေါင်းထဲကထုတ်ထားလိုက်။ ငါ ဒီကားကို အခုမှဝယ်ထားတာ။ ကားသာ ပျက်စီးသွားရင် အသည်းကွဲရလိမ့်မယ်"

ယဲ့ချန်းကလည်း ခွန်းတုံ့ပြန်လိုက်၏။

"ရှင့်ကားက ဈေးကြီးတာတော့ မှန်ပေမဲ့ ကျွန်မရဲ့ကားလည်း အတူတူပါပဲနော်။ အက်စီးဒင့်တစ်ခုခုဖြစ်ရင် ကျွန်မ ပြန်လျော်ပေးမယ်။ ပြိုင်ရဲလား"

ကျောက်ယင်းက ဆက်ပြောလိုက်သည်။

ယဲ့ချန်းကမူ ခေါင်းတခါခါ။

"တောင်းပန်ပါတယ်။ ငါက တက္ကစီမောင်းရဦးမှာမို့ အရှိန်တင်တာမျိုးလည်း မလုပ်သလို မိသားစုကို မျက်ရည်ကျစေမဲ့ အဆင်အခြင်မဲ့လုပ်ရပ်မျိုးကိုလည်း မလုပ်နိုင်ဘူး။ အဲဒါကြောင့် ကောင်းကောင်းမောင်းပါ အလှလေး"

ကျောက်ယင်းနှင့် ကားထဲရှိ ထိုအလှလေးခမျာ ဆွံ့အသွားလေသည်။

မနေ့တုန်းကပဲ ရှင့်ကားကို တစ်နာရီမိုင်နှစ်ရာနှုန်းနဲ့မောင်းခဲ့ပြီးတော့များ အရှိန်မတင်ဖူးဘူးလို့ လာပြောရဲသေးတယ်ပေါ့။

မည်သို့ပင်ဖြစ်စေ ကျောက်ယဲ့ကတော့ ဤလူနှင့် ကားမောင်းပြိုင်ရမှဖြစ်မည်။

•••••••••••••••••••

All Chapters