← Chapters

ရှင်နိုင်ရင် ရှင့်ချစ်သူအဖြစ် နေပေးမယ်

Vol. 15 Ch. 225

ရှင်နိုင်ရင် ရှင့်ချစ်သူအဖြစ် နေပေးမယ်

Vol. 15 Ch. 225

ကျောက်ယင်းခမျာ ယဲ့ချန်း၏ကားကိုလိုက်ရင်း လမ်းကြားတစ်ခုထဲသို့ ရောက်လာခဲ့သည်။

သို့သော် ထိုအချိန်မှာပင် ယဲ့ချန်း၏ကားက မရှိတော့ကြောင်း သူ(မ)သိလိုက်ရသည်။

"ကားက ဘယ်ရောက်သွားတာလဲ။ ခုနတုန်းကမှ သူ ကားမောင်းနေတာကို ငါမြင်လိုက်တယ်လေ"

ကျောက်ယင်းခမျာ နားလည်ရခက်သွားချေသည်။

"တော်ဝင်မင်းသားစံအိမ်ထဲကို မောင်းသွားတာများလား"

ထန်ရှင်းက ဘေးနားမှ အကြံပြုလာလေသည်။

"ဖြစ်နိုင်တယ်။ ငါသိသလောက်ဆိုရင် ဒီတော်ဝင်မင်းသားစံအိမ်တော်ကို ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်ပိုင်တာတဲ့။ သူက အဲဒီလုပ်ငန်းရှင်ရဲ့ ဒရိုင်ဘာဖြစ်လောက်တယ်"

ကျောက်ယင်းမှာ ခဏမျှတွေးတောပြီးနောက် ဆိုလာချေသည်။

"ဒါဆို ဘယ်လိုလုပ်ကြမလဲ"

ထန်ရှင်းက မေးလိုက်၏။

ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်၏ အိမ်တံခါးကိုတော့ သူတို့ မခေါက်ရဲပေ။

ကျောက်ယင်း အံတင်းတင်းကြိတ်ထားလိုက်မိသည်။

"စောင့်မယ်။ သူထွက်လာတဲ့အထိ စောင့်မယ်"

ထန်ရှင်း : "အစ်မယင်း ရူးသွားပြီလား။ သူ ဘယ်အချိန်ထွက်လာမလဲဆိုတာ သိလည်းမသိဘဲနဲ့"

"ဘယ်လိုပဲဖြစ်ဖြစ် သူ သေချာပေါက်ထွက်လာရမှာပဲ။ ငါ သူ့ကိုစောင့်ရမယ်"

ကျောက်ယင်းက လေးလေးနက်နက်ပြောလိုက်လေသည်။

မနက်ဖြန်တွင် ကားပြိုင်ပွဲတစ်ခုရှိ၏။ ထိုပွဲစဉ်မှာ ကျောက်ယင်း ရှုံးလို့မဖြစ်သည့်ပွဲစဉ်ပင်။

ပြိုင်ဘက်က ကမ္ဘာ့အဆင့်မီအသင်းတစ်ခုမှ ပြိုင်ကားသမားတစ်ယောက်ကို ခန့်ထားသည်ဟု ကောလာဟလထွက်နေလေသည်။ ထို့ကြောင့် သူု(မ)ကို ကူညီပေးမည့် အင်အားကြီးသူတစ်ယောက်ကို ရှာမှဖြစ်မည်။

ထို့ပြင် ဤလူ၏ကားမောင်းစွမ်းရည်က အံ့ဖွယ်ကောင်းလှသည်ဖြစ်ရာ ကျောက်ယင်း၏စံပြရွေးချယ်မှုတစ်ခု ဖြစ်သွားသည်။

ယဲ့ချန်းက အိမ်ပြန်ရောက်သည်နှင့် ရေချိုးသန့်စင်ကာ လီရွှင်းအာနှင့်အတူ ပျော်ပျော်ကြီးအိပ်လေတော့သည်။

မျက်လုံးဖွင့်လိုက်သောအခါ နောက်တစ်နေ့မနက်သို့ ရောက်နေပြီး အချိန်ကလည်း ကိုးနာရီကျော်နေလေပြီ။

"ရွှင်းအာ.. ကိုယ် တက္ကစီသွားမောင်းလိုက်ဦးမယ်"

"ကောင်းပါပြီ။ ကျွန်မ ရှင့်ကို အိမ်မှာစောင့်နေပါ့မယ်"

လီရွှင်းအာက နာနာခံခံလေး ပြောလိုက်သည်။

ယဲ့ချန်းကလည်း လီရွှင်းအာ၏ပါးပြင်ကို နမ်းရှိုက်ပြီးနောက် အဝတ်အစားလဲကာ တက္ကစီဆွဲရန်အတွက် ဘန်ထလေကားဖြင့် ထွက်လာခဲ့သည်။

ယခုမူ သူ့ထံတွင် လေးခုမြောက်ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ရှိထားပြီးဖြစ်လေရာ နောက်ထပ်တစ်ခုသာ ထပ်ရလျှင် အထူးခရီးသည်မစ်ရှင်ကို ထမ်းဆောင်ရမည်ဖြစ်၏။

ယဲ့ချန်း ကားမောင်းတော့မည့်ဆဲဆဲမှာပင် ဝင်ပေါက်တွင် ရပ်ထားသော လမ်ဘော်ဂီနီအနီရောင်တစ်စီးကို မြင်လိုက်ရ၏။

သေလိုက်ပါတော့! ဒီမိန်းမက တအားဇွဲကောင်းတာပဲ။ အခုအချိန်အထိ သူ့ကိုစောင့်နေသေးတယ်။

ထန်ရှင်းက ထပ်မစောင့်ချင်တော့သဖြင့် ကျောက်ယင်းကို ကားထဲတွင် ချန်ထားခဲ့ပြီး ပြန်သွားလေသည်။

အစကတော့ ကျောက်ယင်းလည်း ဖုန်းကြည့်ဖို့ ကြံရွယ်ထားသော်ငြား အချိန်ကြာလာသည်နှင့်အမျှ ငိုက်ကျလာပြီး အိပ်ပျော်သွားလေတော့သည်။

သူ(မ)၏ကားက ဝင်ပေါက်ကို ပိတ်ထားသောကြောင့် ယဲ့ချန်း၏ကားက ထွက်မရချေ။

ကူကယ်ရာမဲ့သွားသော ယဲ့ချန်းလည်း တစ်ဖက်လူ၏ကားတံခါးကို သွားခေါက်လိုက်ရသည်။

ကျောက်ယင်း နိုးလာခဲ့သည်။ ယဲ့ချန်းကိုမြင်လိုက်ရချိန်မှာတော့ သူ(မ)၏မျက်ဝန်းများ တောက်ပသွားလေသည်။

"နောက်ဆုံးတော့ ရှင်ထွက်လာပြီပဲ"

ယဲ့ချန်းခမျာ ပြောစရာစကားကင်းမဲ့ဟန်ဖြင့် ပြောလိုက်သည်။

"မင်း တစ်ညလုံး အပေါက်ဝမှာ ငါ့ကိုစောင့်နေတာတော့မဟုတ်ဘူးမလား"

ကျောက်ယင်းက ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်။ ကျွန်မ ရှင့်ကိုစောင့်နေတာ"

"မင်း ဘာလိုချင်လို့လဲ"

ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။

"ရှင့်ရဲ့ကားမောင်းစွမ်းရည်က အရမ်းအံ့သြဖို့ကောင်းတယ်။ အဲဒါကြောင့် ကျွန်မကို ကားပြိုင်ပွဲမှာ ကူညီပေးစေချင်လို့"

"ဆောရီးပဲ။ ငါ တက္ကစီမောင်းရဦးမှာ။ စိတ်မဝင်စားဘူး"

ကျိုတိုမြို့ထဲရှိ သူဌေးသားသမီးတချို့က ဘာမှလုပ်စရာမရှိလျှင် ကားမောင်းပြိုင်ရခြင်းကို သဘောကျကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။

ယဲ့ချန်းကတော့ ဤကလေးများနှင့် ကားမောင်းပြိုင်ရမည့်အရေးကို ပျင်းလွန်းလှသည်။

ကျောက်ယင်းက ဆို၏။

"ကျွန်မ ရှင့်ကို ပိုက်ဆံပေးနိုင်ပါတယ်။ တစ်သန်းဆိုရင်ရလား"

ယဲ့ချန်း ခေါင်းခါယမ်းလိုက်၏။

"ငွေရေးကြေးရေးကြောင့်မဟုတ်ဘူး။ ငါက အလုပ်များလွန်းလို့ ကားပြိုင်ဖို့အတွက် အချိန်မရှိဘူး"

ဤကဲ့သို့သော ဇွဲကောင်းလှသည့် အလှလေးတစ်ယောက်ကြောင့် ယဲ့ချန်းလည်း ကူကယ်ရာမဲ့ရသည်။

"ဒီလိုလုပ်ရင်ရော။ မင်းက တစ်ညလုံး ကောင်းကောင်းမအိပ်ရသေးဘူးဆိုတော့ ငါ မင်းကို အိမ်အရင်ပြန်ပို့ပေးမယ်။ ပြိုင်ပွဲအကြောင်း နောက်မှပဲ ပြောကြတာပေါ့"

ကျောက်ယင်း၏ မျက်ဝန်းကား တောက်ပသွားချေသည်။

"ကောင်းပြီလေ"

မည်သို့ပင်ဖြစ်စေ ဤမိန်းကလေးက သူ့အိမ်ရှေ့တွင် တစ်ညလုံး စောင့်နေခဲ့သည်။ ပင်ပန်းနွမ်းနယ်ထားသောကြောင့် ကားမောင်းသွားပါက မတော်တဆမှုတစ်ခုခုဖြစ်မည်ကိုလည်း ယဲ့ချန်း စိုးရိမ်မိသည်။

ယဲ့ချန်းက တည်နေရာပြစက်ကိုဖွင့်ကာ ကျောက်ယင်း၏ လမ်းညွှန်မှုအတိုင်း ဆက်မောင်းလာခဲ့လိုက်သည်။

မနေ့တုန်းက ကျောက်ယင်းခမျာ ယဲ့ချန်းကို စောင့်ရန်အတွက် တစ်မှေးမှပင် မအိပ်ရသေးပေ။ ထို့ကြောင့် သူ(မ) ပင်ပန်းနေပြီဖြစ်၏။

ထို့ကြောင့် ကားထိုင်ခုံပေါ်တွင်ထိုင်ရင်း တစ်ဖန်အိပ်မောကျသွားချေသည်။

သူ့ဘေးတွင် အိပ်စက်နေသော အလှလေးကိုကြည့်ရင်း ယဲ့ချန်းခမျာ ကူကယ်ရာမဲ့စွာ ခေါင်းမခါဘဲမနေနိုင်ပေ။

ဒီမိန်းကလေးက တစ်ညလုံး ငါ့ကို စောင့်နေခဲ့တာပဲ။ ငါက အဲဒီလောက်တောင် ဆွဲဆောင်မှုရှိတာလား။

တည်နေရာပြစက်ထဲက လိပ်စာအတိုင်း လိုက်သွားပြီးနောက် အဆုံးမှာတော့ ဗီလာရပ်ကွက်တစ်ခုသို့ ရောက်လာခဲ့သည်။

"အလှလေး ထတော့။ ရောက်ပြီ"

ယဲ့ချန်းက ကျောက်ယင်းကို လှုပ်နှိုးလိုက်သည်။ ကျောက်ယင်းလည်း မျက်လုံးပွင့်လာသည်။

"ကျေးဇူးတင်ပါတယ်"

ထိုအချိန်မှာပင် ပန်းစည်းကိုင်ထားသော လူငယ်လေးတစ်ယောက်က ကျောက်ယင်း၏ကားကို မြင်လိုက်သဖြင့် စိတ်လှုပ်ရှားစွာဖြင့် အနားသို့ လျှောက်သွားလိုက်၏။ သို့သော် ကားမောင်းသူထိုင်ခုံရှိ အမျိုးသားကို မြင်လိုက်ရချိန်မှာမူ ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။

"ချာတိတ် မင်းက ဘယ်သူလဲ။ ကျောက်ယင်းနဲ့ ဘာလို့အတူရှိနေတာလဲ"

ကျောက်ယင်းမှာမူ ထိုစကားကိုကြားပြီးနောက် မပျော်မရွှင်ဖြစ်သွားလေသည်။

"ထျန်းပေါင်.. ရှင် ဘာလို့အော်နေတာလဲ။ သူက ကျွန်မရဲ့မိတ်ဆွေ။ သူ့ဘာသာ ကျွန်မကို အိမ်ပြန်ပို့ပေးတာ ဘာဖြစ်နေလို့လဲ"

"ရှောင်ယင်း.. အခုခေတ်မှာ လူ့အဖွဲ့အစည်းကြီးက ပရမ်းပတာတွေဖြစ်နေတာ။ မင်း ဘယ်လိုလုပ်ပြီး သူစိမ်းတစ်ယောက်ကို အိမ်ပြန်ပို့ခိုင်းရတာလဲ"

"သူက သူစိမ်းပါလို့ ဘယ်သူကပြောလဲ။ သူက ကျွန်မချစ်သူ။ ဟုတ်ပြီလား"

ကျောက်ယင်းက စကားပြောရင်း ယဲ့ချန်း၏လက်မောင်းကိုလည်း ဆုပ်ကိုင်ထားလိုက်သေးသည်။

ယဲ့ချန်း : "..."

သေစမ်း! ငါတော့ မတော်တဆ ဒိုင်းကာဖြစ်ပြန်ပြီ!

"ရှောင်ယင်း.. ကိုယ် မင်းအတွက် နိုင်ငံတကာအသင်းတစ်ခုရဲ့ ပြိုင်ကားသမားတစ်ယောက်ကို ရှာထားတယ်။ မင်းသာ ကိုယ့်ချစ်သူဖြစ်ပေးမယ်ဆိုရင် မင်းအနိုင်ရစေရမယ်လို့ အာမခံတယ်"

ကျောက်ယင်းကမူ စက်ဆုပ်ရွံရှာဟန်ဖြင့် ပြောလိုက်သည်။

"မလိုပါဘူး။ ကျွန်မရှုံးသွားရင်တောင် ရှင့်အကူအညီတော့ မယူဘူး"

ထျန်းပေါင်က ကျောက်ယင်းကို လိုက်ပိုးနေသည်မှာ ကြာလှလေပြီ။

သို့သော် ကျောက်ယင်းကတော့ ထျန်းပေါင်ကို စိတ်ရှုပ်စရာတစ်ခုဟုသာ သဘောထားခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သူဌေးသားသမီးများ၏ တွေ့ဆုံပွဲတွင် ကျောက်ယင်းက အခြားလူကုံထံမိန်းကလေး ပိုင်ယင်းနှင့် လောင်းကြေးထပ်ခဲ့သည်။

ယနေ့ညပြိုင်ပွဲကို ရှုံးသည့်လူက အားလုံးရှေ့တွင် ဒူးထောက်ပြီး ဆယ်ခါတိတိဦးညွှတ်ရမည်။

ထိုအချိန်တုန်းက ကျောက်ယင်းကလည်း မူးနေသဖြင့် စိတ်လိုက်မာန်ပါ သဘောတူလိုက်မိသည်။

သို့သော် အမူးပြေသွားသည့်နောက်မှာပင် ပိုင်ယင်းက ဤသတင်းကို လူကုံထံသားသမီးများဂရုထဲတွင် တင်လိုက်သည်။

ယခုမူ အားလုံးက ပွဲကြည့်ဖို့သက်သက် စောင့်နေကြသည်။

သို့ဖြစ်လေရာ ဘာပဲဖြစ်ဖြစ် ဤပြိုင်ပွဲကို ရှုံးလို့မဖြစ်ပေ။ ရှုံးပါက ရှက်စရာကောင်းလှသည်။

ကျောက်ယင်းကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့အတွက် ထျန်းပေါင်က ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားတစ်ယောက်ကို ငှားထားသည်။

သို့သော် ထျန်းပေါင်၏ရည်ရွယ်ချက်များကို ကျောက်ယင်းကတော့ ကောင်းကောင်းသိသည်။ သူ(မ)သာ လက်ခံလိုက်ပါက ထျန်းပေါင်၏ချစ်သူ ဖြစ်သွားလိမ့််မည်။

ကျောက်ယင်းကမူ ရွံစရာကောင်းသော ထျန်းပေါင်လိုလူမျိုးနှင့်အတူ နေရမည့်အစား ပိုင်ယင်းကိုပင် ဦးညွှတ်လိုက်ချင်သေးသည်။

ထျန်းပေါင်၏စကားကို ကြားသောအခါ ကျောက်ယင်းလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။

"ကျေးဇူးပဲ။ ကျွန်မအတွက်တော့ ရှင့်ချစ်သူဖြစ်မှာထက်စာရင် ရှုံးလိုက်တာကတောင် ပိုကောင်းသေးတယ်"

ထျန်းပေါင်က ဘယ်လိုလူစားမျိုးဖြစ်ကြောင်း ကျောက်ယင်း ကောင်းကောင်းသိသည်။

သူနှင့်တွဲသမျှ မိန်းကလေးတိုင်းကို ငြီးငွေ့သည်နှင့် သူ့ညီအစ်ကိုများကို လက်ဆင့်ကမ်းပေးလိုက်မည်သာ။ ကျောက်ယင်းမှာမူ ဤကဲ့သို့သောအမှိုက်မျိုးဖြင့် မပတ်သက်ချင်ပေ။

"ကောင်းပြီလေ။ နောင်တမရမိစေနဲ့"

ထျန်းပေါင်က အေးတိအေးစက်သရော်ကာ သူ့ကားထဲကိုဝင်၍ မောင်းထွက်သွားလေတော့သည်။

ကျောက်ယင်းမှာမူ အတင်းလုပ်ပြုံးလိုက်ရသည်။

"ကျွန်မကို အိမ်ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကူညီမဲ့ကိစ္စကိုတော့ မေ့လိုက်ပါတော့။ ပြိုင်ဘက်က ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားဆိုတော့ ရှင် သူတို့ကို နိုင်မှာမဟုတ်လောက်ဘူး"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"အဲဒါတော့ မဟုတ်သေးဘူး။ မင်းရဲ့ချစ်သူဖြစ်နေပြီးတော့ ငါက မင်းကို ဘယ်လိုလုပ်ပြီးစိတ်ညစ်အောင် ပစ်ထားရမှာလဲ"

"ရှင်..."

ကျောက်ယင်း၏ပါးပြင်နှစ်ဖက်မှာ အနည်းငယ်နီမြန်းသွားလေသည်။

ညနေခင်းဘက်တွင် အဝေးပြေးလမ်းမထက်၌ အနီရောင်လမ်ဘော်ဂီနီကားတစ်စီး၏အရှိန်မှာ တစ်နာရီလျှင် ၁၈၀မိုင်အထိ မြှင့်ထားသည်။

ယဲ့ချန်းက ကျောက်ယင်း၏ ကားမောင်းစွမ်းရည်ကို အကဲဖြတ်နေပေသည်။

ကျောက်ယင်း၏ကားမောင်းစွမ်းရည်က လက်သစ်ပြိုင်ကားသမားများအကြား အလွန်တော်လှသည်ဟု ဆိုနိုင်သော်ငြား ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားများကိုတော့ မယှဉ်နိုင်ပေ။

လမ်းမထက်တွင် ဇိမ်ခံကားများက တစ်နေရာတည်းကို ဦးတည်နေကြသည်။ ကျောက်ယင်းကလည်း စိတ်လှုပ်ရှားစွာ မိတ်ဆက်ပေးနေချေသည်။

"ဒီဇိမ်ခံကားတွေအကုန်လုံးက ကျိုတိုကားပြိုင်ကွင်းကို မောင်းနေကြတာလေ။ ဒီနိုင်ငံထဲက ထိပ်တန်းပြိုင်ကားသမားတွေအများကြီးလည်း လာမယ်လို့ကြားတယ်"

"အိုး!"

ယဲ့ချန်း၏တုံ့ပြန်မှုကတော့ သာမန်ပင်။

ကားနတ်ဘုရားရှုကိုယ်တိုင်ပင် သူ့ကို မယှဉ်နိုင်ပေ။ ဤနိုင်ငံထဲရှိ ထိပ်တန်းပြိုင်ကားသမားများမှာ ဘာမှမပြောပလောက်ချေ။

"ထျန်းပေါင်က ဒီတစ်ခေါက် ဖယ်ရာရီအသင်းထဲက အရံပြိုင်ကားသမားတစ်ယောက်ကို ဖိတ်ထားတယ်တဲ့။ ယဲ့ချန်း ရှင် သတိထားတာပိုကောင်းမယ်နော်"

"ဟားဟား စိတ်မပူပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ရှုံးရင်တောင် ဦးညွှတ်ရမဲ့လူက ငါမှမဟုတ်တာ"

"ရှင်...ယဲ့ချန်း ရှင်နိုင်ရင် ကျွန်မ ရှင့်ချစ်သူလုပ်မယ်လို့ ကတိပေးတယ်"

ကျောက်ယင်းက ရုတ်ခြည်းပင် လေးနက်စွာ ဆိုလာလေသည်။

••••••••••••••••

All Chapters