← Chapters

လုချန်းမှာလည်း အစောင့်အရှောက် ရှိနေတာလား

Vol. 80 Ch. 1195

လုချန်းမှာလည်း အစောင့်အရှောက် ရှိနေတာလား

Vol. 80 Ch. 1195

မုချင်းလန် သတိပြန်ဝင်လာပြီးနောက် ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအား သိပ်သည်းမှုကြောင့် သူမ အလွန် အံ့အားသင့်သွားရ၏။

ဖရိုဖရဲ ကြယ်ပင်လယ်လို ဝေးလံ ခေါင်သီတဲ့ နေရာမျိုးမှာ စိတ်ဝိညာဉ်စွမ်းအား ဒီလောက် သိပ်သည်းတဲ့ သက်ရှိကမ္ဘာတစ်ခု ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ။

ဒီကမ္ဘာမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအား သိပ်သည်းမှုက ကောင်းကင်မီးကမ္ဘာထက်ပင် အဆများစွာ ပိုနေသည်။

ကြယ်နယ်မြေတစ်ခုလုံးရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက ဒီကမ္ဘာဆီ စုဝေးရောက်ရှိနေလို့များ ဒီနယ်ပယ်က ဒီလောက် ခေါင်ပါးခြောက်သွေ့နေတာများလား။

လုချန်းသည် ဧကရာဇ်အဆင့်ကို ပြန်မရသေးပေ။ ထို့ကြောင့် ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအား ကြွယ်ဝမှုက လုချန်းကြောင့်ဟု မုချင်းလန် မတွေးမိပေ။

မုချင်းလန် အတွေးလွန်နေစဉ်မှာပင် လုချန်းက အလင်းအရိပ်ကို သုံးကာ သူမကို နဂါးနက်မြို့တော်သို့ ခေါ်ဆောင်သွားလိုက်သည်။

လက်ရှိ နဂါးနက်မြို့တော်ကြီးမှာ အလွန် စည်ကားတိုးတက်နေပြီး ခေတ်သစ်မြေကမ္ဘာမှ တီထွင်များစွာဖြင့် တည်ဆောက်ထားသည်။ လုချန်းနောက်သို့ လိုက်ပါရင်း နဂါးနက်မြို့တော်သို့ ရောက်ရှိလာ သောအခါ မျက်စိရှေ့မှ ထူးဆန်းအံ့သြဖွယ် အရာများက မုချင်းလန်၏ စိတ်အာရုံများ ဖမ်းစားလိုက်သည်။

စိတ်ဝိညာဉ်စွမ်းအား မလိုပဲ မောင်းနှင်နိုင်သော ရထားများနှင့် အမျိုးမျိုးသော လျှပ်စစ်ပစ္စည်းများ အပါအဝင် ဆန်းသစ်သော အရာဝတ္ထု အမြောက်အမြားကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

လုချန်းက မုချင်းလန်ကို နန်းတော်ထဲ တန်းခေါ်မသွားပဲ

“လန်... နဂါးနက်မြို့တော်ကို လိုက်ကြည့်ချင်လား”

လုချန်း၏ စကားကို ကြားသောအခါ မုချင်းလန်၏ အကြည့်များလည်း အဝေးမှ လမ်းမများထက်မှ သူ့ဘက် ပြန်ရောက်လာသည်။ ကောင်းကင်ဧကရာဇ် နေထိုင်ခဲ့ဖူးသော နေရာကို သူမ လှည့်လည်ကြည့်ရှုချင်သော်လည်း မုချင်းလန်က

“ကျွန်မ မင်းကြီးရဲ့ အချိန်တွေကို အလဟဿ မဖြစ်စေချင်ပါဘူး။”

လုချန်းက ပြုံး၍

“ရပါတယ်.....မင်းကို လိုက်ပို့ပေးဖို့ လူတစ်ယောက် ကိုယ် စီစဉ်ပေးပါ့မယ်။”

ချက်ချင်းပင် လုချန်းက ရွှမ်ယွမ်ယွမ်ချီထံ အကြောင်းကြားလိုက်သည်။ မကြာမီမှာပင် ရွှေရောင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး သူတို့ရှေ့သို့ ရောက်လာ၏။ သူမရှေ့ရှိ အေးစက်လှပသော အမျိုးသမီးကို မြင်လိုက်ရသောအခါထိုအမျိုးသမီးနှင့် လုချန်းကြားရှိ ကံတရားနှောင်ကြိုးကို သတိထားမိလိုက်သဖြင့် မုချင်းလန် မျက်ခုံးတွန့်သွားသည်။

ယခုရက်ပိုင်းတွင် ရွှမ်ယွမ်ယွမ်ချီသည် နဂါးနက်မြို့တော်တစ်ခုလုံး၏ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူထားရသည်။ ယခု သူမ အနီးအနားတွင် ကင်းလှည့်နေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် မုချင်းလန်ကို လိုက်လံပြသပေးရန် လုချန်းက စီစဉ်လိုက်ခြင်း ဖြစ်သည်။

လုချန်းရှေ့သို့ ရောက်လာပြီးနောက် ရွှမ်ယွမ်ယွမ်ချီက မုချင်းလန်ကို အကဲခတ်ကြည့်လိုက်သည်။ သူမထံမှ ထွက်ပေါ်နေသော ကျင့်စဉ်အဆင့် အငွေ့အသက်နှင့် ဖိအားများကို ခံစားမိလိုက်သဖြင့် ရွှမ်ယွမ်ယွမ်ချီ အလွန် အံ့အားသင့်သွားသည်။

ဒီလောက် ပြင်းထန်တဲ့ ကျင့်စဉ်အငွေ့အသက် ရှိနေတာလား။

ဒါ သူတော်စင်တစ်ပါးများလား။

မင်းကြီးရဲ့ ဘေးနားကို သူတော်စင်တစ်ပါး ဘယ်အချိန်က ရောက်လာတာလဲ။

ခဏမျှ ကြောင်အသွားပြီးနောက် ရွှမ်ယွမ်ယွမ်ချီက အလျင်အမြန်ပင် လုချန်းကို ဂါရဝပြုကာ ပြောလိုက်သည်။

“မင်းကြီးကို ဂါရဝပြုပါတယ်။”

လုချန်းက

“လွတ်လွတ်လပ်လပ် နေပါ။ ယွမ်ချီ... ဒါက ကိုယ့်ရဲ့ အစောင့်အရှောက်ပဲ။ နဂါးနက်မြို့တော်ထဲ လျှောက်ကြည့်ရအောင် မင်းပဲ သူ့ကို လိုက်ပို့ပေးလိုက်ပါဦး။”

ရွှမ်ယွမ်ယွမ်ချီက

“ဟုတ်ကဲ့ပါ”

စကားဆုံးသည်နှင့် ရွှမ်ယွမ်ယွမ်ချီက မုချင်းလန်ဘက်သို့ လှည့်ကာ

“ကျွန်မနောက် လိုက်ခဲ့ပါ ဝါစဉ်ကြီးသူ”

ရွှမ်ယွမ်ယွမ်ချီနှင့် လုချန်းတို့သည် ကျင့်ဖော်များဖြစ်ကြောင်း သိလိုက်သဖြင့် မုချင်းလန်က အလျင်အမြန် ပြောလိုက်သည်။

“ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျွန်မနာမည် မုချင်းလန်ပါ။ အစ်မမု လို့ပဲ ခေါ်ပါ။”

မုချင်းလန်သည် သူမ၏ အနာဂတ် အဆင့်အတန်း အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ ရွှမ်ယွမ်ယွမ်ချီက လုချန်း၏ ကျင့်ကြံဖော်ဖြစ်၏။ သူမကို ဝါစဉ်ကြီးသူဟု ခေါ်ဝေါ်ခြင်းအား မည်သို့ ခွင့်ပြုနိုင်မည်နည်း။ ထိုသို့ဆိုလျှင် သူမက လုချန်းထက် မျိုးဆက်တစ်ဆက် ပိုကြီးသလို ဖြစ်မနေပေဘူးလား။

မုချင်းလန်၏ စကားကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီလည်း သူမ၏ သဘောထားကို ချက်ချင်း နားလည်လိုက်သည်။ လုချန်းနှင့် နှစ်ပေါင်းများစွာ အတူနေခဲ့ဖူးသူ ဖြစ်၍ မုချင်းလန်နှင့် လုချန်းကြား ဖြစ်နိုင်ခြေရှိသော ဆက်ဆံရေးကို သူမ မည်သို့ မရိပ်မိပဲ နေမည်နည်း။

ဘာ အစောင့်အရှောက်လဲ.....

တကယ်ပါပဲ။

ကောင်းကင်ဧကရာဇ်ကသာ ဒီမုချင်းလန်အတွက် အစောင့်အရှောက် ဖြစ်နေတာ။

သူ ဘယ်နေရာကို စောင့်ရှောက်နေသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာပဲ။

ယဉ်ကျေးမှုများစွာ မဖလှယ်တော့ပဲ ရွှမ်ယွမ်ယွမ်ချီက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“ကောင်းပါပြီ အစ်မမု... ကျွန်မနောက် လိုက်ခဲ့ပါ”

“အင်း”

ထို့နောက် မုချင်းလန်လည်း ရွှမ်ယွမ်ယွမ်ချီနှင့်အတူ ဈေးဝယ်ထွက်သွားတော့သည်။ မုချင်းလန် ထွက်ခွာသွားသည်နှင့် လုချန်းနှင့် ယွမ်ရှန်ရှန်တို့ နန်းတော်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။

သူတို့နှစ်ဦး နန်းတော်သို့ ပြန်ရောက်သောအခါ ချန်ဝမ်ရွန်နှင့် အခြားသူများ စုဝေးကာ ကျင့်ကြံစဉ် ကြုံတွေ့ရသည့် ပြဿနာများကို ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။

လုချန်းနှင့် ယွမ်ရှန်ရှန် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ခြံဝင်းထဲရှိ လူအားလုံး လုချန်းကို ချက်ချင်း ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။

“မင်းကြီးကို ဂါရဝပြုပါတယ်”

လုချန်းက ပြုံး၍

“မိဖုရားတို့..... ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။”

ဤကဲ့သို့ ယဉ်ကျေးနေရန် မလိုကြောင်း လုချန်း အကြိမ်ကြိမ် ပြောဖူးသော်လည်း သူတို့ အကျင့်ပါနေပုံရသည်။ လုချန်းကို တွေ့တိုင်း အထူးသဖြင့် အခြားသူများ ရှိနေချိန်၌ သူတို့ သူ့ကို ဦးညွှတ် ဂါရဝပြုမြဲပင်။

သို့သော် သူတို့နှင့် လုချန်း သီးသန့်ရှိနေချိန်တွင်မူ ဤ ယဉ်ကျေးမှုများကို သိပ် ဂရုစိုက်လေ့ မရှိကြပေ။

လုချန်း၏ အကြည့်က ဝူကျန်းဝမ်ထံ ကျရောက်သွားသည်။ ကျက်သရေရှိလှသော ဝူကျန်းဝမ်ကို တစ်ချက်ကြည့်ပြီးနောက် သူက ပြုံး၍

“ကျန်းဝမ်...ကိုယ့်အတွက် အစောင့်အရှောက် တစ်ယောက် ရလာတယ်။ သူ့အတွက် အဆောင်တစ်ခု စီစဉ်ပေးပါဦး။”

လက်ရှိအချိန်တွင် ဝူကျန်းဝမ်သည် နဂါးနက်မြို့တော် နန်းတွင်းရေးရာများကို စီမံခန့်ခွဲနေပြီး အဆောင်နေရာချထားမှုများနှင့် ပတ်သက်၍ အသိဆုံးဖြစ်သည်။ ထို့ကြောင့် လုချန်းက သူမကို စီစဉ်ခိုင်းလိုက်ခြင်း ဖြစ်သည်။

လုချန်း၏ စကားကို ကြားသောအခါ အမျိုးသမီးများ ကြောင်အ သွားကြသည်။

အစောင့်အရှောက် ဟုတ်လား။

လုချန်းမှာလည်း အစောင့်အရှောက် ရှိနေတာလား။

မဟုတ်သေးပါဘူး...

သူ ပြောပုံအရဆိုရင် ဒီအစောင့်အရှောက်ကို အခုမှ ရှာတွေ့ခဲ့တဲ့ ပုံစံမျိုး ဖြစ်နေတယ်။

ယေဘုယျအားဖြင့် အစောင့်အရှောက်၏ စွမ်းအားသည် ကာကွယ်ပေးခံရသူ၏ စွမ်းအားထက် သာလွန်လေ့ရှိသည်။ လုချန်းကိုယ်တိုင်က အလွန် စွမ်းအားကြီးနေပြီ ဖြစ်ရာ သူ့အစောင့်အရှောက်က ပိုပြီးစွမ်းအားကြီးနေမှာလား။

လုချန်း၏ အစောင့်အရှောက် မည်မျှ စွမ်းအားကြီးကြောင်း အမျိုးသမီးများ တွေးတောနေစဉ်မှာပင် ယွမ်ရှန်ရှန်က လေသံတိုးတိုးဖြင့် ဝင်ပြောလိုက်သည်။

“သူမက အမျိုးသမီးတစ်ယောက်ပါ... ပြီးတော့ တော်တော်လေးလည်း လှတယ်။”

ထိုစကားကို ကြားသည်နှင့် အခြေအနေကို အမျိုးသမီးများ ချက်ချင်း သဘောပေါက်သွားကြသည်။

လုချန်း၏ အစောင့်အရှောက် ဆိုသည်မှာ ကာကွယ်ပေးရန် သက်သက် မဟုတ်ပေ။ ကာကွယ်ပေးရင်း သူ့အိပ်ရာပေါ် တန်းရောက်သွားမည့် သဘောမျိုး ဖြစ်နေသည်။

အမျိုးသမီးများ၏ အကြည့်က သူ့ထံ စူးစိုက်ကျရောက်နေသည်ကို မြင်သောအခါ လုချန်းက ချောင်းဟန့်လိုက်ပြီး

“ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ။ သူနဲ့ ကိုယ့်ကြားမှာ ဘာမှ မဖြစ်ခဲ့ပါဘူး။”

အခု ဘာမှမဖြစ်သေးတာက နောင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုလိုတာမှ မဟုတ်တာဟု အမျိုးသမီးများ တွေးလိုက်ကြသည်။ သူမ နန်းတော်ထဲ ရောက်လာမှတော့ အချိန်တစ်ခုသာ လိုတော့သည်။ လုချန်းနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ကြသည့်အတွက် သူ ဘယ်လိုလူစားမျိုးလဲ ဆိုတာ သူတို့ ရှင်းရှင်းလင်းလင်း သိနေကြပြီ မဟုတ်ပါလား။

သို့သော် အမျိုးသမီးများ ဘာမှ ထပ်မပြောကြတော့ပေ။ ညီအစ်မတစ်ယောက် ထပ်တိုးလာရုံဖြင့် သူတို့အပေါ် သက်ရောက်မှု ရှိမည် မဟုတ်ချေ။

လုချန်းသည် အချစ်ကို မျှဝေရာတွင် အမြဲတမ်း တရားမျှတမှု ရှိသည်။ ထို့ပြင် ယခုရက်ပိုင်းတွင် သူတို့၏ စိတ်အာရုံ အများစုမှာ ကျင့်ကြံခြင်း၌သာ ရှိနေပြီး စုံတွဲကျင့်စဉ် ကျင့်ကြံရန် သိပ်စိတ်မပါကြပေ။

ရံဖန်ရံခါမှ တစ်ကြိမ်လောက်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က

“သူ့အတွက် ကျွန်မ အခုပဲ သွားစီစဉ်ပေးလိုက်ပါ့မယ်။”

စကားဆုံးသည်နှင့် မုချင်းလန်အတွက် အဆောင်စီစဉ်ပေးရန် ခြံဝင်းထဲမှ ဝူကျန်းဝမ် ထွက်ခွာသွားသည်။

နဂါးနက်မြို့တော် နန်းတော်ကြီးမှာ ကျယ်ဝန်းလှပြီး အဆောင်အခန်း အမြောက်အမြား ရှိသည်။ အမျိုးသမီးတစ်ယောက် တိုးလာရုံဖြင့် ကိစ္စမရှိပေ။ လုချန်းက နောက်ထပ် အယောက်တစ်ရာ ထပ်ခေါ်လာလျှင်ပင် နေစရာနေရာ လုံလောက်မှု ရှိနေသေးသည်။

သို့သော် တစ်ဖက်လူက လုချန်း၏ “အစောင့်အရှောက်” ဖြစ်နေသဖြင့် သူမထံ၌ သတ်မှတ်ထားသော ဂုဏ်ပုဒ်နှင့် အဆင့်အတန်းတစ်ခု ရှိနေပြီး နေထိုင်မည့်နေရာကလည်း ပိုကောင်းသော နေရာဖြစ်ရပေမည်။

ဝူကျန်းဝမ် ထွက်သွားပြီးနောက် လုချန်း၏ အကြည့်များက ကျန်ရှိနေသော အမျိုးသမီးများထံ ရောက်ရှိသွားသည်။ သူ ပြန်မလာသည်မှာ ကြာပြီဖြစ်၍ သူ၏ ပွင့်လင်းသော အကြည့်များကို မြင်လိုက်သည်နှင့် လုချန်း ဘာတွေးနေသည်ကို အမျိုးသမီးများ ချက်ချင်း ရိပ်မိလိုက်ကြသည်။

သို့သော် လုချန်းက သူတို့အပေါ်သို့ ခုန်အုပ်မသွားပေ။ ထိုအစား သူက အဆောင်ငယ်အတွင်းရှိ ကျောက်စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။

“ကိုယ့်ရဲ့ အစောင့်အရှောက်က သူတော်စင်တစ်ပါးပါ။ နောက်ပိုင်း ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မေးစရာရှိရင် သူ့ကို မေးလို့ရတယ်။”

ထိုစကားကို ကြားသောအခါ အမျိုးသမီးများ လန့်သွားကြသည်။ လုချန်း၏ အစောင့်အရှောက်က လုချန်းထက် ပို စွမ်းအားကြီးမည်ဟု ခန့်မှန်းထားခဲ့သော်လည်း သူတော်စင်တစ်ပါး ဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

လုချန်းကတော့ တကယ့်လူပါပဲ...

သူတော်စင်တစ်ပါးကိုတောင် သူ လက်ထဲ ထည့်ထားနိုင်တယ်။

ထိုအချိန်တွင် မုချင်းလန်တစ်ယောက်ကတော့ နဂါးနက်မြို့တော်၏ ခောတ်မှီဆန်းသစ်မှုများကြောင့် မျက်စိကျယ်နေပြီ ဖြစ်သည်။ ကျင့်ကြံသူများ၏ အကူအညီဖြင့် ထျန်းချန်ကမ္ဘာသည် စက်မှုခေတ်သို့ ကူးပြောင်းရောက်ရှိနေပြီ ဖြစ်ရာ ယခုအခါ နဂါးနက်မြို့တော်တွင် စက်မှုထုတ်ကုန်ပစ္စည်းများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

All Chapters