← Chapters

ရန်ခရိုင်သို့ ပြန်လာခြင်း

Vol. 80 Ch. 1199

ရန်ခရိုင်သို့ ပြန်လာခြင်း

Vol. 80 Ch. 1199

ယွမ်ရှန်ရှန်၏ အခန်းထဲ၌ လုချန်း မရှိတော့ပေ။

ယခုတွင် သူက လူတစ်ဒါဇင်ကျော် အလွယ်တကူ ဆံ့နိုင်သော အလွန်ကျယ်ဝန်းသည့် ကုတင်ကြီးတစ်ခုရှိရာ ပိုကျယ်ဝန်းသော အိပ်ခန်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

ယခု အချိန်တွင် လုချန်းသည် ထိုအိပ်ခန်းထဲ၌ အလုပ်များနေသည်။

ကောင်းကင်ဧကရာဇ် ဤကဲ့သို့ အခြေအနေအထိ ယိုယွင်းပျက်စီးသွားသည်ကို မြင်သောအခါ မုချင်းလန် ဒေါသထွက်မိသော်လည်း ကောင်းကင်ဧကရာဇ်ဖြစ်သော လုချန်းကိုတော့ သူမ တကယ် စိတ်မဆိုးပေ။

ကောင်းကင်ဧကရာဇ်ကို လမ်းမှားရောက်စေပြီး ဤကဲ့သို့သော ပျက်စီးယိုယွင်းမှုထဲသို့ ကျရောက်ခြင်းက လုချန်း၏ ဘေးနားရှိ လူများ၏ တာဝန်ဖြစ်သည်ဟု ယုံကြည်ကာ သူ၏ ဇနီးမယားများကိုသာ သူမ အပြစ်တင်မိသည်။

ထိုမိန်းမယုတ်များအားလုံးကို သတ်ပစ်ရင် ‌ကောင်းမလားဟု ရက်စက်သော အတွေးတစ်ခုကို မုချင်းလန် မတွေးပဲ မနေနိုင်အောင် ဖြစ်မိသည်။

သို့သော် သူမ ထိုသို့ ပြုလုပ်မည်မဟုတ်တာ သေချာသည်။ ကောင်းကင်ဧကရာဇ်၏ အစေခံတစ်ဦးအနေနှင့် သူ့အစား ဆုံးဖြတ်ချက်များ မချနိုင်ပေ။

အစေခံတစ်ဦးက သခင်အစား ဆုံးဖြတ်ချက်ချခြင်းသည် ကြီးမားသော တားမြစ်ချက်တစ်ခုဖြစ်သည်။ အထူးသဖြင့် သခင်သည် ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ဖြစ်နေလျှင် ဖြစ်သည်။

အကယ်၍ သူမသာ ကောင်းကင်ဧကရာဇ်၏ ဘေးနားရှိလူများကို သတ်လိုက်ပါက သူမနှင့် ကောင်းကင်ဧကရာဇ်ကြားတွင် အမုန်းတရားများ မလွဲမသွေ ဖြစ်ပေါ်လာမည်ဖြစ်သည်။

ဤအမျိုးသမီးများက ကောင်းကင်ဧကရာဇ်ကို မည်သို့ပင် ဖျက်ဆီးပါစေ သူတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ကောင်းကင်ဧကရာဇ် မှတ်ဉာဏ်ပြန်ရလာပြီးနောက် သူ့ဘာသာသူ ဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်သည်။

ယခုတွင်တော့ ကောင်းကင်ဧကရာဇ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းသိမ်းလာနိုင်စေမည့် နည်းလမ်းတစ်ခုကို သူမ ရှာဖွေရမည်ဖြစ်သည်။

သို့သော် ကောင်းကင်ဧကရာဇ် လမ်းမှန်ပြန်ရောက်အောင် သူမ ဘာလုပ်နိုင်မည်နည်း။

ဤအချိန်အတွင်း လုချန်းသည် သူ့ကိစ္စများနှင့် ဆက်လက်အလုပ်များနေပြီး ဝူကျန်းဝမ်တို့လည်း လုချန်း၏ ရက်စက်သော နှိပ်စက်မှုများကြား တောင်းပန်အသနားခံရသည့် အခြေအနေအထိ ဖြစ်နေသည်။

လုချန်းသည် နဂါးနက်မြို့တွင် သိပ်ကြာကြာ မပျော်ပါးခဲ့ပေ။ လဝက်ခန့် ကြာပြီးနောက် သူက ထိုနေရာ၌ ပျော်ပါးခြင်းကို အဆုံးသတ်လိုက်သည်။

တိတ်တဆိတ် စောင့်ကြည့်နေသော မုချင်းလန်လည်း နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ယခုတော့ ကောင်းကင်ဧကရာဇ်တစ်ယောက် ကျင့်ကြံခြင်းအပေါ် အလုံးစုံ အာရုံစိုက်တော့မည်ဟု သူမ တွေးလိုက်သည်။

မည်သို့ပင်ဆိုစေ ခဏတာ ပျော်ရွှင်မှုပြီးနောက် အမြဲတမ်း လစ်ဟာနေသော အချိန်ကာလတစ်ခု ရှိစမြဲဖြစ်သည်။

ထိုအချိန်အတောအတွင်း ကောင်းကင်ဧကရာဇ်သည် အမျိုးသမီးများ၏ လွှမ်းမိုးခြင်းကို မခံရသင့်တော့ပဲ ကျင့်ကြံခြင်းအပေါ် အပြည့်အဝ အာရုံစိုက်သင့်သည်။

သို့သော် မုချင်းလန်၏ ယူဆချက် မှားယွင်း နေတာ ထင်ရှားသည်။

ရေချိုးဆောင်တွင် ရေချိုးပြီးနောက် လုချန်းသည် မုချင်းလန်၏ အိပ်ခန်းထဲသို့ ရောက်ရှိရန် အလင်းအရိပ် ကို အသုံးပြုလိုက်သည်။

လုချန်း ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ဘေးခန်းမှ တိတ်တဆိတ် စောင့်ကြည့်နေသော မုချင်းလန် စိတ်လှုပ်ရှားသွားသည်။

သူတော်စင်တစ်ပါး ဖြစ်သည့်အတွက် နန်းတော်တစ်ခုလုံးက သူမ၏ အာရုံခံစားမှုအတွင်း ကျရောက်နေသည်။

လုချန်း လုပ်ရှားမှုများကို သူမ တကယ်တမ်း ချောင်းမြောင်းရန် မရည်ရွယ်ခဲ့သော်လည်း သူမ၏ အာရုံခံစားမှု နယ်ပယ်အတွင်း တစ်စုံတစ်ရာ ရှိနေသောအခါ လစ်လျူရှု၍ မရနိုင်ခဲ့ပေ။

တစ်စုံတစ်ယောက်က မျက်စိရှေ့တွင် တစ်ခုခုလုပ်နေသကဲ့သို့ ဖြစ်သည်။ တမင်တကာ မကြည့်လျှင်ပင် မျက်လုံးဖွင့်ထားသရွေ့ မြင်နေရမည်ဖြစ်သည်။

မုချင်းလန်အတွက်လည်း ထိုနည်းတူပင် ဖြစ်သည်။

သူမ၏ ကိုယ်ပိုင်အာရုံခံစားမှုကို တမင်တကာ ပိတ်ဆို့မထားသရွေ့ နန်းတော်ထဲတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို သူမ အာရုံခံနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူမသည် အခြေခံအားဖြင့် လုချန်း၏ လှုပ်ရှားမှုများကို ချောင်းကြည့်နေခြင်းဖြစ်ရာ သူမ ချောင်းကြည့်နေသည်ကို လုချန်း သတိထားမိသွားမည်ကိုလည်း မုချင်းလန် အနည်းငယ် စိုးရိမ်မိသည်။

မုချင်းလန်က အလျင်အမြန် နှုတ်ဆက်လိုက်သည်။

“မ... မင်္ဂလာပါ ကောင်းကင်ဧကရာဇ်”

လုချန်းက ခပ်ရေးရေး ပြုံးလိုက်သည်။

“ထုံးစံတွေ ထားလိုက်ပါ”

“ဘယ်လိုလဲ။ မင်း ထျန်းချန်ကမ္ဘာမှာ နေသားကျရဲ့လား။”

မုချင်းလန်က

“ကျွန်မ နေသားကျပါတယ်။ ထျန်းချန်ကမ္ဘာမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်က ကောင်းကင်မီးကမ္ဘာထက်တောင် ပိုကြွယ်ဝတာမို့ ကျင့်ကြံဖို့အတွက် အရမ်း သင့်လျော်ပါတယ်။”

လုချန်းက

“မင်း အဆင်ပြေတယ်ဆိုတာ ကြားရတာ ဝမ်းသာပါတယ်။”

“ဒါနဲ့ ကိုယ်က ရန်ခရိုင်နန်းတော်ကို ပြန်ဖို့ စီစဉ်ထားတယ်။ မင်း ရန်ခရိုင်ကို ကိုယ်နဲ့အတူ လိုက်ကြည့်ချင်လား။”

နန်းတော်ထဲတွင် နေထိုင်စဉ် ရက်များအတွင်း နန်းတွင်းအစေခံများထံမှ ရှနိုင်ငံတော်အကြောင်း မေးမြန်းခဲ့ဖူးသောကြောင့် ရှနိုင်ငံတော်တွင် အခြားနန်းတော်တစ်ခု ရှိနေကြောင်းကိုလည်း မုချင်းလန် သိထားသည်။

ထိုနန်းတော်ထဲတွင်လည်း မိန်းမယုတ် အမြောက်အမြား ရှိနေသည်ကို တွေးမိသောအခါ မုချင်းလန်၏ စိတ်ထဲ ဆိုးရွားသော နိမိတ်တစ်ခု လှုပ်ရှားလာသလို ခံစားလိုက်ရသည်။

ကောင်းကင်ဧကရာဇ်သည် နဂါးနက်မြို့နန်းတော်တွင် အချိန်အတော်ကြာ ပျော်ပါးခဲ့ပြီးဖြစ်သည်။ သူက ရန်ခရိုင်နန်းတော်တွင်လည်း ဆက်လက် ပျော်ပါးရန် ရည်ရွယ်ထားတာများလား။

မုချင်းလန်က

“ကျေးဇူးတင်ပါတယ် မင်းကြီး။ ကျွန်မ... ကျွန်မ မင်းကြီးနောက်ကို အမြဲတမ်း လိုက်ပါဖို့ ဆန္ဒရှိပါတယ်။”

လုချန်းက

“ကောင်းပြီလေ။ အဲဒီကို အခုပဲ သွားကြတာပေါ့”

သူ၏အသံဆုံး သွားသည်နှင့် လုချန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ နောက်တစ်ခဏတွင် သူတို့နှစ်ဦးသည် ရင်သပ်ရှုမောဖွယ် အလှပဂေးများစွာ ထိုင်နေကြသော ရန်ခရိုင်နန်းတော်၏ လေပြင်းမိုးတိမ်ဆောင် အတွင်းသို့ တိုက်ရိုက်ရောက်ရှိသွားသည်။

ယနေ့သည် လစဉ်ကျင်းပသော လက်ဖက်ရည်ပွဲနေ့ ဖြစ်ပြီး ယခင်က လုချန်း ပျော်ပါးလေ့ရှိသောနေ့ ဖြစ်သည်။ သို့သော် လုချန်း ရန်ခရိုင်နန်းတော်တွင် မရှိလျှင်ပင် လက်ဖက်ရည်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

အထူးအရေးကြီးသော ကိစ္စတစ်ခုခု မရှိပါက ရန်ခရိုင်ရှိ လုချန်း၏ ဇနီးအားလုံးသည် လစဉ် လက်ဖက်ရည်ပွဲကို တက်ရောက်ကြသည်။ ထိုပွဲက သူတို့ကြား ညီအစ်မသံယောဇဉ် တိုးပွားစေသော စုဝေးပွဲတစ်ခုလည်း ဖြစ်သည်။

ခန်းမထဲရှိ အမျိုးသမီးအုပ်စုကို မြင်သောအခါ မုချင်းလန်၏ မျက်နှာအမူအရာက ပို၍ အေးစက်သွားသည်။

ရန်ခရိုင်တွင် လုချန်း၏ ဇနီး အမြောက်အမြား ရှိကြောင်း သူမ သိထားခဲ့သော်လည်း ဤအမျိုးသမီးများကို မြင်လိုက်ရခြင်းက သူမ၏ စိတ်နှလုံးကို ဒေါသဖြင့် ပြည့်နှက်သွားစေသည်။

ဤအမျိုးသမီး တစ်ဦးချင်းစီသည် ထူးကဲစွာ လှပနေသည်ကိုလည်း သူမ သတိပြုမိသည်။

ဤမျှများပြားသော မိန်းမယုတ်များနှင့်အတူနေပါက ကောင်းကင်ဧကရာဇ်၏ အင်အားများ ကုန်ခမ်းသွားမည်မှာ မလွဲမသွေပင်။ ထိုသို့ဆိုလျှင် သူ၏ ကျင့်စဉ်အဆင့် မည်သို့ တိုးတက်နိုင်မည်နည်း။

ခန်းမထဲတွင် လုချန်း ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ အမျိုးသမီးများအားလုံး အလွန် စိတ်လှုပ်ရှားသွားကြသည်။

လုချန်း ပြန်မလာတာ အတော်ကြာနေပြီဖြစ်ရာ သူတို့အားလုံး သူ့ကို လွန်စွာလွမ်းဆွတ်နေကြ၏။ ယနေ့ လက်ဖက်ရည်ပွဲတွင် လုချန်းအချိန်ကိုက် ပြန်ရောက်လာမည်ဟု မျှော်လင့်မထားခဲ့ကြပေ။

ဒါက သူတို့၏ လွမ်းဆွတ်မှုကို ဖြေဖျောက်ရန် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်သည်။

သို့သော် လုချန်း၏ နောက်တွင် အေးစက်ပြီး ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးတစ်ဦး လိုက်ပါလာသည်ကို မြင်သောအခါ အမျိုးသမီးများ၏ စိတ်နှလုံးထဲ အနည်းငယ် ထိတ်လန့်သွားကြသည်။

သူတို့ ချက်ချင်းပင် တွေးလိုက်မိသည်က

“သူက တကယ်ပဲ ကောင်းကင်ဧကရာဇ်ပါလား...”

ဤအချိန်တွင် မုကျိရွှမ်းတို့က တစ်ညီတစ်ညွတ်တည်း

“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး အမျိုးသမီးများကို ဝေ့ဝဲကြည့်ရှုကာ လေပြင်းမိုးတိမ်ဆောင်ရှိ ပလ္လင်ဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။

“မိန်းမတို့။ ကိုယ့်ကို လွမ်းနေကြလား”

ချူးယုချင်က ပြုံး၍

“ချန်းလေး.... မင်းက သိလျက်နဲ့ မေးနေတာလား။ သူတို့အားလုံးက မင်းပြန်အလာကို မျှော်လင့်နေခဲ့ကြတာပါ။”

အမျိုးသမီးတစ်ဦးက လုချန်းကို ပေါ့ပေါ့ပါးပါး စကားပြောပြီး “ချန်းလေး” ဟူသော ရင်းနှီးသည့် ငယ်နာမည်ကိုပင် သုံးစွဲနေသည်ကို မြင်သောအခါ မုချင်းလန်၏ မျက်လုံးများတွင် လူသတ်ချင်သော အငွေ့အသက်များ ချက်ချင်း လက်သွားသည်။

သူမ၏ အမြင်တွင် ထိုအပြုအမူသည် ကောင်းကင်ဧကရာဇ်ကို မလေးစားရာ အလွန်ရောက်သည်။

သူတော်စင်တစ်ပါးပင် မဟုတ်သော မိန်းမယုတ်တစ်ဦးက ကောင်းကင်ဧကရာဇ်ကို ဒီလိုပုံစံနဲ့ ခေါ်ဝေါ်ရဲတယ်ပေါ့။

တကယ်ကို သေဒဏ်ထိုက်တန်တယ်။

မုချင်းလန်ထံမှ ထွက်ပေါ်လာသော မမြင်နိုင်သည့် ဖိအားကို အမျိုးသမီးများလည်း ရှင်းလင်းစွာ အာရုံခံမိလိုက်ကြသည်။

မုကျိရွှမ်းက ပြုံးပြီး

“မင်းကြီး။ ဒီအစ်မလေးက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား။”

လုချန်းက

“ဪ ဟုတ်သားပဲ။ ကိုယ် မိတ်ဆက်ပေးရမယ်။ ဒါက ကိုယ့်ရဲ့ အစောင့်အရှောက် မုချင်းလန်ပါ။ သူတော်စင်အဆင့် ကျင့်ကြံသူ တစ်ယောက်ပေါ့။”

“နောင်ကျရင် မင်းတို့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ပြဿနာရှိရင် သူ့ကို လွတ်လွတ်လပ်လပ် မေးနိုင်တယ်။”

ထိုသို့ပြောပြီးနောက် လုချန်းက မုချင်းလန်ဘက်သို့ ပြုံး၍ ကြည့်ကာ မေးလိုက်သည်။

“လန်...... ကျင့်ကြံခြင်းကိစ္စတွေအတွက် သူတို့ မင်းကို တိုင်ပင်ဆွေးနွေးတာ အဆင်ပြေတယ် မဟုတ်လား။”

“သူတို့က ကောင်းကင်ဧကရာဇ်ရဲ့ ကျင့်ကြံဖော်တွေ ဖြစ်ကြတဲ့အတွက် သူတို့ရဲ့ အင်အားတိုးတက်အောင် ကူညီပေးတာကကျွန်မ လုပ်သင့်တဲ့အလုပ်ပါပဲ။”

မုချင်းလန်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေပြီး သူမ၏ စိတ်အတွင်း ခံစားချက်များကို အရိပ်အယောင်ပင် မပြပေ။

သို့သော် မုချင်းလန်၏ လေသံတွင် တစ်စုံတစ်ခု လွဲမှားနေမှန်း အမျိုးသမီးများ ချက်ချင်း အာရုံခံမိလိုက်ကြသည်။ မုချင်းလန်စိတ်ထဲ သူတို့အပေါ် ရန်လိုမုန်းတီးမှု အချို့ ရှိနေကြောင်း ခံစားမိသော်လည်း အမျိုးသမီးများ အလေးအနက် မထားခဲ့ကြပေ။

လုချန်းက သူတော်စင်အဆင့် တစ်ဦးကို အစောင့်အရှောက်အဖြစ် ရှာတွေ့ခဲ့သည့်အပေါ်တွင်သာ သူတို့ ပို၍ အံ့အားသင့်နေကြသည်။

ဖရိုဖရဲကြယ်ပင်လယ်သည် အရိုင်းကြယ်နယ်မြေတွင် ရှိသည်ဟု လုချန်း ပြောဖူးခဲ့သည်။ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး မည်သို့ ရှိနေနိုင်မည်နည်း။

လုချန်းက ဖရိုဖရဲကြယ်ပင်လယ်ထဲမှ ထွက်ခွာခဲ့ပြီးပြီလား။

ထို့နောက် လုချန်းက မုကျိရွှမ်းကို ကြည့်လိုက်သည်။

“ကျိရွှမ်း... လန် အတွက် နေစရာ စီစဉ်ပေးလိုက်ပါဦး။ နောက်ဆို သူက ကိုယ့်ဘေးနားမှာပဲ အများဆုံး ရှိနေမှာမို့ ကျင့်ကြံဖို့အတွက် တည်ငြိမ်တဲ့နေရာတစ်ခု လိုအပ်တယ်။”

လုချန်းက ထိုသို့ပြောသည်ကို ကြားသောအခါ အမျိုးသမီးများ အလိုအလျောက် နားလည်လိုက်ကြသည်။

လုချန်း၏ စကားများက ဤသူတော်စင်အဆင့် အမျိုးသမီး၏ အဆင့်အတန်းကို အခြေခံအားဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

လုချန်း၏ မိဖုရားဆောင် အတွင်းသို့ ဝင်ရောက်လာသော မိန်းမလှတိုင်း ကြုံတွေ့ရမည့် ကံကြမ္မာက တစ်ခုသာရှိသည်။ လုချန်း၏ အမျိုးသမီး ဖြစ်လာရမည့် ကံကြမ္မာပင် ဖြစ်သည်။

သူတို့က အစွမ်းထက်လျှင်လည်း မထူးပေ။

တစ်ချိန်က ယွမ်ရှန်ရှန်သည် လုချန်းထက် ပိုအင်အားကြီးခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူမလည်း လုချန်း၏ လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

All Chapters