← Chapters

လက်ဖက်ရည်ပွဲ

Vol. 80 Ch. 1200

လက်ဖက်ရည်ပွဲ

Vol. 80 Ch. 1200

မုကျိရွှမ်း၏ မျက်နှာတွင် နွေးထွေးပြီး နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာသည်။

“မုအစ်မ... ညီမနဲ့ လိုက်ခဲ့ပါ”

မုချင်းလန် စကားမပြောနိုင်မီ မုကျိရွှမ်းက သူမကို အစ်မဟု ခေါ်ဝေါ်လိုက်သည်။ သူမသည် ကျင့်ကြံခြင်းကိုသာ သိနားလည်သော နဂါးနက်မြို့မှ အမျိုးသမီးများနှင့် မတူပဲ အလိုက်အထိုက် နေတတ်ရန် လိုအပ်ကြောင်း နားလည်သူဖြစ်သည်။

အမျိုးသမီးတစ်ဦး လုချန်း၏ မိဖုရားဆောင် အတွင်းသို့ ဝင်ရောက်လာသည်နှင့် မလွဲမသွေ လုချန်း၏ အမျိုးသမီး ဖြစ်လာမည်ကို သူမ ကောင်းစွာ သိသည်။ မုချင်းလန်သည် သူတော်စင်အဆင့် ကျင့်စဉ်အခြေအနေကို ပိုင်ဆိုင်ထားလျှင်ပင် ဤနေရာ၌ အကြီးအကဲ ဟူ၍ မရှိပေ။

မုကျိရွှမ်း၏ ခေါ်ဝေါ်ပုံကို ကြားသောအခါ မုချင်းလန်၏ မျက်နှာတွင် မနှစ်မြို့သည့် အရိပ်အယောင် မပြသခဲ့ပေ။ နဂါးနက်မြို့ရှိ လုချန်း၏ ဇနီးများကလည်း သူမကို အစ်မဟု ခေါ်ဝေါ်ကြသည်။ သူတို့အားလုံးသည် လုချန်း၏ ဇနီးများ ဖြစ်ကြသဖြင့် သူမကို အစ်မဟု ခေါ်ဝေါ်ခြင်းက ပြဿနာမရှိပေ။

ထို့နောက် မုချင်းလန်က လုချန်းအား

“မင်းကြီး... ကျွန်မကို သွားခွင့်ပြုပါဦး”

“အင်း... ကောင်းပြီ”

မုချင်းလန် ထွက်ခွာသွားပြီးနောက် အမျိုးသမီးများသည် တစ်စုံတစ်ခုကို အချက်ပြသကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

နောက်တစ်မိနစ်တွင် ချူးယုချင်က တံခါးဝရှိ အစေခံများကို ပြောလိုက်သည်။

“တံခါး ပိတ်လိုက်တော့”

ထိုစကားသံ ဆုံးသည်နှင့် လေပြင်းမိုးတိမ်ဆောင်၏ တံခါးမကြီးများ ဖြည်းညှင်းစွာ ပိတ်သွားသည်။ ဤအခြေအနေကို မြင်သောအခါ နောက်ဆက်တွဲ ဘာဖြစ်လာမည်ကို လုချန်း သဘာဝကျစွာ သိလိုက်သည်။

လေပြင်းမိုးတိမ်ဆောင်သည် သူ၏ အိပ်ဆောင်ဖြစ်ပြီး လက်ဖက်ရည်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ သူတို့၏ ဆက်ဆံရေးကို ပိုခိုင်မာစေရန် ဖြစ်သည်။ သူတို့ နောက်ဆက်တွဲ ဘာလုပ်ကြမည်ဆိုတာကို ပြောစရာပင် မလိုတော့ချေ။

လုချန်းက နောက်ပြောင်သည့် လေသံဖြင့်

“ဘာလဲ... မင်းတို့က ကိုယ့်ကို လုပ်ကြံဖို့ စီစဉ်နေကြတာလား။”

ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီက ရယ်လိုက်ပြီး

“မင်းကြီးကသာ ကျွန်မတို့ကို လုပ်ကြံ နိုင်တဲ့ အင်အားရှိမှာကို စိုးရိမ်ရတာပါ။ကျွန်မတို့ဆီမှာ ဘာလက်နက်မှ မရှိပါဘူး။”

ပန်းရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ညှို့ဓာတ်ပြင်းစွာ လှပနေသော ဝမ်ချင်းစီကို လုချန်း ကြည့်လိုက်သည်။ ထို့နောက် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လုချန်း၏ ရင်ခွင်ထဲသို့ ဝမ်ချင်းစီ တည့်တည့် ပျံသန်းလာတော့သည်။

ဝမ်ချင်းစီ တုံ့ပြန်မှု မပြုလုပ်နိုင်မီ စုတ်ဖြဲသံတစ်ခုကို သူမ ကြားလိုက်ရသည်။ နောက်တစ်မိနစ်တွင် လုချန်းက သူမကို သူ့ပေါင်ပေါ်၌ ထိုင်စေလိုက်သည်။

လုချန်းက ဤမျှ တဲ့တိုးဆန်မည်ဟု ဝမ်ချင်းစီ မျှော်လင့်မထားခဲ့သဖြင့် လန့်ဖျပ်ပြီး အော်လိုက်သည်။

“အာ”

လုချန်းနှင့် ဝမ်ချင်းစီတို့ သက်သောင့်သက်သာ ဖြစ်သွားပြီးနောက် သူက ထပ်မံ မလှုပ်ရှားတော့ပဲ ရယ်မောကာ

“အလကား သက်သာချင်တဲ့စိတ် အမြဲမမွေးပါနဲ့။တစ်ခုခု လိုချင်ရင် ကိုယ်တိုင် စတင်လှုပ်ရှားရမယ်။”

လုချန်း၏ ဆိုလိုရင်းကို ဝမ်ချင်းစီ ချက်ချင်း နားလည်လိုက်သည်။ သူမက သူ့ကို တစ်ချက်ကြည့်ပြီးနောက် သူမ၏ လက်ကို မြှောက်ကာ လုချန်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။

ထို့နောက် လုချန်းက အောက်ရှိ ဇနီးများကို ငုံ့ကြည့်ပြီး ရယ်မောလိုက်သည်။

“ကိုယ့်ကိုပဲ ကြည့်မနေကြနဲ့။လက်ဖက်ရည်ပွဲ ဆက်လုပ်ကြလေ”

ထို့နောက် အမျိုးသမီးများ သတိပြန်ဝင်လာကြပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆက်လက်ဆွေးနွေးကြသည်။ ချူးယုချင်က

“ချန်းလေး... မင်း ဒီကာလအတွင်း ဖရိုဖရဲကြယ်ပင်လယ်ကနေ ထွက်သွားခဲ့သေးလား။”

ဖရိုဖရဲကြယ်ပင်လယ်ကဲ့သို့သော နေရာမျိုးတွင် သူတော်စင်အဆင့် ကျင့်ကြံသူများ မရှိကြောင်း ချူးယုချင် သိထားသဖြင့် လုချန်း ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာခဲ့ရမည်ဟု သူမ ခန့်မှန်းလိုက်သည်။

လုချန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး

“မထွက်ပါဘူး”

ဝမ်ချင်းစီက တကယ်ကို တောင်းဆိုတတ်သည်ဟု ဆိုရပေမည်။ သူမသည် လူအများကြီး ကြည့်နေသည်ကိုလည်း လုံးဝ ဂရုမစိုက်ပဲ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို စတင်လည်ပတ်နေပြီဖြစ်သည်။

လက်ဖက်ရည်ပွဲများစွာ ကျင်းပပြီးနောက်ကြည့်ရှုခံရခြင်းကို ဝမ်ချင်းစီ ကျင့်သားရနေပြီဖြစ်သည်။ ဒါကို သူမ ဂရုမစိုက်တော့ပေ။

ချူးယုချင်က ဝမ်ချင်းစီ ဆိုသော ထိုမိန်းမယုတ်ကို စကားလုံးမဲ့စွာ ကြည့်လိုက်ပြီးနောက် ဆက်မေးလိုက်သည်။

“ဒါဆိုရင်... အဲဒီ သူတော်စင်အဆင့် အမျိုးသမီးနဲ့ ဘယ်လို တွေ့ခဲ့တာလဲ။”

လုချန်းက

“သူက အတိတ်ဘဝတုန်းက ကျွန်တော်ရဲ့ အစေခံပါ။ အချိန် နေရာ ကြေးမုံကို သုံးပြီး သူ့ကို ရှာတွေ့ခဲ့တာ။”

ထိုစကားကို ကြားသောအခါ ချူးယုချင် အနည်းငယ် ကြောင်သွားသည်။ သူမ၌ ရှန်ဝူဧကရီ၏ မှတ်ဉာဏ်အများစု ရှိနေပြီး အထူးသဖြင့် လုချန်းနှင့် ပတ်သက်သော မှတ်ဉာဏ်များသည် ပြီးပြည့်စုံလုနီးပါး ရှိသည်။ လုချန်း၏ အတိတ်ဘဝမှ ထိုကဲ့သို့ အစေခံအကြောင်းကို သူမ အဘယ်ကြောင့် တစ်ခါမှ မကြားဖူးရသနည်း။

အတိတ်တုန်းက သူမ၏ မူလခန္ဓာကိုယ်သည် လုချန်းကို အလွန်စွဲလမ်းခဲ့ပြီး သူ့အကြောင်း အသေးစိတ်အချက်အလက်တိုင်းကို စေ့စေ့စပ်စပ် စုံစမ်းခဲ့သည်။ အထူးသဖြင့် သူ့ဘေးနားရှိ အမျိုးသမီးများအကြောင်းကို သူမ၏ လက်ဖဝါးကဲ့သို့ သိခဲ့သည်။

မုချင်းလန်ကဲ့သို့ ကျက်သရေနှင့် အလှတရားရှိသော အမျိုးသမီးတစ်ဦးသာ လုချန်း၏ အစေခံ တကယ် ဖြစ်ခဲ့ပါက သူမ၏ ပင်မခန္ဓာကိုယ်က လုံးဝ မမှတ်မိပဲ နေမှာလား။

သို့သော် ဤကိစ္စနှင့် ပတ်သက်၍ သူမကို လိမ်ညာရန် လုချန်း၌ အကြောင်းပြချက် မရှိပေ။ ထိုစဉ်က မုချင်းလန်သည် ထူးချွန်ထင်ရှားခြင်း မရှိခဲ့သောကြောင့် သူမ၏ ပင်မခန္ဓာကိုယ်က သတိမထားမိခဲ့ခြင်း ဖြစ်နိုင်သည်ဟု ချူးယုချင် တွေးလိုက်သည်။

မုချင်းလန်သည် လုချန်း၏ အတိတ်ဘဝမှ အစေခံတစ်ဦး ဖြစ်သောကြောင့် စိတ်ပူစရာ မလိုတော့ပေ။ အစပိုင်းတွင် မုချင်းလန်ကို မင်းသားများက စေလွှတ်လိုက်ခြင်း ဖြစ်မည်ဟု ချူးယုချင် အနည်းငယ် စိုးရိမ်ခဲ့သည်။

သို့သော်လည်း မုချင်းလန်ကို မင်းသားများက စေလွှတ်လိုက်လျှင်ပင် အသားပေါင်းဖြင့် ခွေးကိုပစ်သကဲ့သို့ ပြန်လမ်းမရှိ ဖြစ်သွားပေလိမ့်မည်...

ထိုအရာကို တွေးရင်း ဝမ်ချင်းစီက လုချန်း၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သည်။

ထိုအချိန်မှာပင် ဝမ်ချင်းစီ ရုတ်တရက် အော်ဟစ်လိုက်သည်။

“အာ”

ထိုမြင်ကွင်းကို မြင်သောအခါ အမျိုးသမီးများအားလုံး အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားကြသည်။ သိပ်မကြာသေးမီကမှ စတင်ခဲ့သော်လည်း ဝမ်ချင်းစီက ...

ခဏအကြာတွင် ဝမ်ချင်းစီ အနည်းငယ် ပြန်လည်သက်သာလာပြီး လုချန်းကို နာကြည်းသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“မင်းကြီး... ရှင်က လှည့်ကွက်အသစ်တွေ ထပ်သင်လာပြန်ပြီပဲ”

လုချန်းက ပြုံးပြီး

“ကိုယ့်မှာ လှည့်ကွက်အသစ်တွေ မရှိရင် မင်းတို့အားလုံးကို ဘယ်လို နိုင်အောင်ထိန်းမလဲ။”

ဝမ်ချင်းစီက နှုတ်ခမ်းကို စေ့ထားလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

ထို့နောက် လက်ဖက်ရည်ပွဲ ဆက်လက်ပြုလုပ်ခဲ့ပြီး ရှနိုင်ငံတော်၏ အခြေအနေနှင့် သားသမီးများ၏ အခြေအနေကို လုချန်း မေးမြန်းခဲ့သည်။ လုချန်းသည် သူ့သားသမီးများကို အလွန် ဂရုစိုက်ဆဲ ဖြစ်သည်။

ဤကလေးများကို စနစ်၏ လမ်းညွှန်မှုအောက်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သော်လည်း သူတို့သည် သူ၏ ကိုယ်ပိုင်သွေးသားများ ဖြစ်ကြသဖြင့် သူတို့အပေါ်ရှိ လုချန်း၏ သံယောဇဉ်က နက်ရှိုင်းသည်။

ယနေ့ လက်ဖက်ရည်ပွဲသည် ယခင်ကကဲ့သို့ ကြမ်းပြင်ကျယ်ကြီးပေါ်တွင် ရှုပ်ပွနေခြင်းမျိုး မဟုတ်ပေ။ ယခင်ကထက် ပို၍ သပ်ရပ် နေပုံပေါ်သည်။

ဤအချိန်တွင် လုချန်း၏ ဇနီးများ အားလုံးသည် ခန်းမထဲတွင် ထိုင်နေကြပြီး လုချန်းနှင့် အလှည့်ကျ လေ့ကျင့်နေကြသည်။ သူတို့နှင့် လေ့ကျင့်နေစဉ် အလေးအနက်ထားရမည့် ကိစ္စရပ်အချို့ကိုလည်း လုချန်း ဆွေးနွေးခဲ့သည်။

ခန်းမတစ်ခုလုံးသည် တကယ့် အစည်းအဝေးတစ်ခု ကျင်းပနေသကဲ့သို့ ထင်ရသည်။

မကြာမီ အမျိုးသမီးများလည်း လုချန်း နည်းစနစ်အချို့ကို အသုံးပြုထားကြောင်း သိလိုက်ကြသည်။ ထိုအရာက ချူးယုချင် ကိုယ်တိုင်အပါအဝင် သူတို့အားလုံးကိုလှုပ်ရှားမှုအနည်းငယ်ထက်ပို၍ မခုခံနိုင်ဖြစ်စေသည်။

ဤအချက်က အမျိုးသမီးများကို သူတော်စင် မုချင်းလန်အကြောင်း တွေးမိစေပြီး ရုတ်တရက် စိတ်သက်သာရာ ရသွားကြသည်။

ကံကောင်းထောက်မစွာပင် လုချန်းက သူတော်စင်အဆင့် တစ်ဦးကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ မဟုတ်ပါက နောင်လာမည့်အချိန်များတွင် သူတို့ ဒုက္ခရောက်နိုင်ပေသည်။

ထိုအချိန်တွင် မုကျိရွှမ်းသည် မုချင်းလန်အတွက် အိပ်ဆောင်တစ်ခု စီစဉ်ပေးပြီးဖြစ်သည်။ အိပ်ဆောင် စီစဉ်ပေးပြီးနောက် မုကျိရွှမ်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။

“မုအစ်မ... ဒီအိပ်ဆောင်ကို ဘယ်လိုမြင်လဲ”

မုချင်းလန်သည် သူမရှေ့ရှိ ခမ်းနားထည်ဝါသော အဆောင်ကို ဝေ့ဝဲကြည့်ရှုပြီး ပြောလိုက်သည်။

“ကျွန်မ အတွက်ကတော့ ဘယ်နေရာမှာပဲ ကျင့်ကြံကျင့်ကြံ အတူတူပါပဲ။ ဒီနေရာက အဆင်ပြေပါတယ်။”

မုကျိရွှမ်းက ပြုံးပြီး ပြောလိုက်သည်။

“ဒါဆိုရင် နောက်ဆို ဒါက မုအစ်မရဲ့ အိပ်ဆောင်ပါပဲ။ နောင်ကျရင် မုအစ်မ ဘာပဲလိုလို ညီမကို လွတ်လွတ်လပ်လပ် ပြောပါ။ ဒါမှမဟုတ် အစေခံတွေကို ပြောလည်း ရပါတယ်။”

“ကျွန်မမှာ တခြားလုပ်စရာ ကိစ္စတွေ ရှိသေးတယ်။ ဒါကြောင့် မုအစ်မရဲ့ ကျင့်ကြံခြင်းကို မနှောင့်ယှက်တော့ပါဘူး။”

မုချင်းလန်က ခပ်အေးအေး ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ”

မုချင်းလန် ပြောပြီးသည်နှင့် မုကျိရွှမ်း လှည့်ထွက်သွားတော့၏။ သူမသည် တစ်စုံတစ်ရာကို ပြုလုပ်ရန် အလွန်စိတ်အားထက်သန်နေပုံ ပေါက်နေသည်။

ထိုအရာကို မြင်သောအခါ မုချင်းလန်၏ မျက်နှာညိုမှိုင်း သွားသည်။

လေပြင်းမိုးတိမ်ဆောင် အတွင်းရှိ အခြေအနေကို သူမ အာရုံခံမိပြီးဖြစ်သည်။ နဂါးနက်မြို့နန်းတော်တွင် ဖြစ်ပျက်ခဲ့သော အခြေအနေမျိုး လက်ရှိတွင် မရှိသေးသော်လည်း တစ်စုံတစ်ရာကို ဆွေးနွေးတိုင်ပင်နေသည့် ပုံစံဖြင့် လုချန်း၏ ဘေးနားတွင် လူများ အမြဲတစေ ဝန်းရံနေကြသည်။

ထိုမုကျိရွှမ်းသည်လည်း ထိုအခန်း ကဏ္ဍတွင် ပါဝင်ရန် စိတ်အားထက်သန်နေခြင်း ဖြစ်ရမည်။

ခဏအကြာတွင် မုချင်းလန် သက်ပြင်းချလိုက်သည်။ ကောင်းကင်ဧကရာဇ်ကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းသိမ်းလာအောင် လုပ်ဆောင်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်လောက်ပေ။

အကယ်၍ အခြားသူသာဆိုလျှင် အတော်ကြာကတည်းက ငြီးငွေ့သွားလောက်ပြီ ဖြစ်သော်လည်း ကောင်းကင်ဧကရာဇ်ကမူ ယင်းကို လုံးဝ ငြီးငွေ့ပုံမရပေ...

နောက်ထပ် နှစ်ဝက်အတွင်း လုချန်း ဆက်လက် မပျက်ဆီးအောင် တားဆီးရန် နည်းလမ်းများကို မုချင်းလန် အမြဲမပြတ် စဉ်းစားနေခဲ့သည်။ လုချန်းကတော့ ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်ကို ဆက်လက် လေ့ကျင့်နေခဲ့သည်။

ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်ကြောင့် ယခုအခါ မုကျိရွှမ်းကဲ့သို့သော သူများ လုချန်းကို မြင်လိုက်တိုင်း ဒူးများပျော့ခွေသွားကြသည်။ သူတို့အပေါ်ကျရောက်နေသော ဝန်ထုပ်ဝန်ပိုး အချို့ကို သူတော်စင်မက အမြန်ဆုံး ယူဆောင်ပေးနိုင်ရန်သာ သူတို့ မျှော်လင့်နိုင်တော့သည်။

All Chapters