← Chapters

သစ္စာဖောက် လုပ်ချင်ရင်

Vol. 80 Ch. 1187

သစ္စာဖောက် လုပ်ချင်ရင်

Vol. 80 Ch. 1187

ဤအချိန်တွင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ အခြေအနေကို လုချန်းက မသိသေးပေ။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေသည် ဖရိုဖရဲကြယ်ပင်လယ်နှင့် ကပ်လျက်တွင် ရှိနေပြီး ချန်ဟိုင်ဂိုဏ်းသည်လည်း တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှလာခြင်း ဖြစ်သောကြောင့် ရှနိုင်ငံတော်သည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေနှင့် အချိန်မရွေး ပဋိပက္ခဖြစ်လာနိုင်သည်။

လုချန်းက

“ထပါ။ ပြီးတော့ တောင်ဝင်တောင်တန်း ကြယ်နယ်မြေရဲ့ အခြေအနေကို ကျွန်‌တော့်ကို ပြောပြပါဦး။”

မုကျန့်ချင်းက

“ဟုတ်ကဲ့ပါ ကောင်းကင်ဧကရာဇ်”

ထို့နောက် ကောင်းကင်ဧကရာဇ် ထွက်ခွာသွားပြီးနောက် တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် ဖြစ်ပျက်ခဲ့သော အဓိကဖြစ်ရပ်ကြီးများကို မုကျန့်ချင်း ပြောပြလိုက်သည်။

ကောင်းကင်ဧကရာဇ် ထွက်ခွာသွားသည်မှာ နှစ်သောင်းကျော် ကြာခဲ့ပြီဖြစ်ကြောင်း ကြားသိရသောအခါ ဘဝတစ်ခုထက်ပို၍ သူ နေထိုင်ခဲ့ကြောင်း လုချန်း အတည်ပြုနိုင်သလောက် ဖြစ်သွားသည်။

ရှန်ယွဲ့နိုင်ငံတော်၏ မင်းသားအဖြစ် ဝင်စားခြင်းမပြုမီ သူ မဟာဧကရာဇ် ဖြစ်ခဲ့ဖူးသော အခြားဘဝတစ်ခု ရှိခဲ့သည်။ သို့သော် မမျှော်လင့်ထားသော အကြောင်းရင်း အချို့ကြောင့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် သူ နောက်တစ်ကြိမ် ပြန်လည်ဝင်စားခဲ့ရခြင်း ဖြစ်သည်။

ဘဝသံသရာ ကျောက်တုံးပေါ်ရှိ ဒုတိယအလွှာကို ဖွင့်နိုင်မည့်အချိန်မှသာ သူ၏ အခြား အတိတ်ဘဝများမှ မှတ်ဉာဏ်များ ထပ်မံရရှိနိုင်မည်ဟု ထင်ရသည်။

ထိုအရာကို တွေးမိပြီးနောက် လုချန်းက “တောင်ဝင်တောင်တန်း နယ်ပယ်သခင်က ဧကရာဇ်အဆင့်ရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ။”

လုချန်း အစိုးရိမ်ဆုံးအရာမှာ တောင်ဝင်တောင်တန်း နယ်ပယ်သခင် ဖြစ်သည်။ သူတို့၏ တည်နေရာက အလွန်နီးကပ်လျက်ရှိသည်။ ထို့ပြင် လက်ရှိအချိန်တွင် သူသည် အများဆုံး သူတော်စင်အဆင့် အင်အားကိုသာ ထုတ်သုံးနိုင်သည်။

ကောင်းကင်မီးနိုင်ငံတော်မှ ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူများကို ရှန်ဟွေသံချပ်ကာ တပ်ဆင်ပေးလျှင်တောင် သူတော်စင်အဆင့် အင်အားနီးပါးရှိသော လက်အောက်ငယ်သား တစ်ရာကျော်ကိုသာ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

သို့သော် ဧကရာဇ်အဆင့်နှင့် သူတော်စင်အဆင့်က များစွာကွာခြားလှသည်။ သူတော်စင်အဆင့် အင်အားရှိသော လက်အောက်ငယ်သား တစ်ရာကျော် ရှိလျှင်ပင် မဟာဧကရာဇ်တစ်ပါးကို ယှဉ်နိုင်မည် မဟုတ်ချေ။

လုချန်း၏ မေးခွန်းကို ကြားသောအခါ မုကျန့်ချင်းက

“ကျွန်တော် သေချာမသိပါဘူး။ ဒါပေမဲ့ သူက ဧကရာဇ်အဖြစ် တက်လှမ်းဖို့ အထောက်အကူပြုနိုင်မယ့် ရတနာတစ်ခု ရထားတယ်လို့ ကောလာဟလ သတင်းထွက်နေပါတယ်။ သူ ဧကရာဇ်ဖြစ်ဖို့ အများဆုံး နောက်ထပ် နှစ်ငါးထောင်လောက်ပဲ ကြာနိုင်ပါတယ်။”

လုချန်းက ခဏခန့် စဉ်းစားလိုက်သည်။ အကယ်၍ ပြိုင်ဘက်က ဧကရာဇ်ဖြစ်ရန် နှစ်ငါးထောင် လိုအပ်ပါက တောင်ဝင်တောင်တန်း နယ်ပယ်သခင်သည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။

သို့သော် တစ်ဖက်လူသည် ဧကရာဇ်လောင်းတစ်ပါး ဖြစ်နေပြီဖြစ်သည်။ မနက်ဖြန်တွင်ပင် မဟာဧကရာဇ်အဖြစ် အဆင့်ချိုးဖျက်သွားနိုင်ခြေကလည်း ရှိနေသည်။

မဟာဧကရာဇ်တစ်ပါး ဖြစ်လာရန်က သဘာဝကျစွာပင် မလွယ်ကူပေ။ အကယ်၍ လွယ်ကူပါက စကြာဝဠာထဲတွင် မဟာဧကရာဇ်များနှင့် ပြည့်နှက်နေပြီးဖြစ်လိမ့်မည်။

သို့သော် ပြိုင်ဘက်က မဟာဧကရာဇ်အဖြစ် အဆင့်သို့ မရောက်သေးလျှင်ပင် ဧကရာဇ်လောင်း၏ အင်အားရှိနေသည်။ သူ့ကို ယှဉ်ပြိုင်ရန် အလွန်ခက်ခဲလိမ့်မည်ဟု လုချန်း စိုးရိမ်မိသည်။

ကံကောင်းထောက်မစွာပင် တောင်ဝင်တောင်တန်း နယ်ပယ်သခင်သည် လက်ရှိတွင် တံခါးပိတ်ကျင့်ကြံနေသည်။ သူကဲ့သို့ အဆင့်အတန်းရှိသော ဖြစ်တည်မှုတစ်ခုအနေနှင့် မဟာဧကရာဇ်အဆင့်သို့ မရောက်မချင်း တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာနိုင်ခြေ မရှိသလောက်နည်းသည်။ အနည်းဆုံး နှစ်တစ်ထောင်အတွင်း ထွက်လာဦးမည် မဟုတ်ချေ။

ထိုအရာကို တွေးမိပြီးနောက် လုချန်း သက်ပြင်းအနည်းငယ် ချလိုက်သည်။ သူ့အတွက် အင်အား ကြီးထွားရန် အချိန်အလုံအလောက် ရှိနေသေးသည်။

သို့ရာတွင်...

စနစ်၏ ဆုလာဘ်များကို ရယူရန် အခြားကမ္ဘာများ၏ ကံစွမ်းအားကို စုပ်ယူရန် လိုအပ်သည်။ ဖရိုဖရဲကြယ်ပင်လယ်၏ အပြင်ဘက်ကို တောင်ဝင်တောင်တန်း ကြယ်နယ်မြေက ပိတ်ဆို့ထား၏။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင်တော့ သက်ရှိကမ္ဘာ အတော်များများ ရှိနေသည်။ သို့သော် တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ ကမ္ဘာများပေါ် လှုပ်ရှားမှုများ ပြုလုပ်ပါက တောင်ဝင်တောင်တန်း နယ်ပယ်သခင်၏ အာရုံစိုက်မှုကို မလွဲမသွေ ဆွဲဆောင်မိလိမ့်မည်ဖြစ်သည်။

ဒါက ပြဿနာကြီးတစ်ခု ဖြစ်သည်။

သို့သော် တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် သက်ရှိကမ္ဘာ အမြောက်အမြား ရှိနေသဖြင့် ယင်းတို့အနက်မှ အနည်းငယ်ကို တိုက်ခိုက်ခြင်းက ထိုသူ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည် မဟုတ်ဟု တွေးလို့လည်းရသည်။

သို့မဟုတ် ကောင်းကင်မီးနိုင်ငံတော်ကို လှုပ်ရှားခိုင်းနိုင်သည်။ ကမ္ဘာအချင်းချင်း စစ်ပွဲများဖြစ်ခြင်းက ပုံမှန်ကိစ္စဖြစ်သောကြောင့် တောင်ဝင်တောင်တန်း နယ်ပယ်သခင်ကို သတိပေးရာ ရောက်မည်မဟုတ်ပေ။

ထိုသို့ တွေးမိသောအခါ လုချန်းစိတ်ထဲ အကြံတစ်ခု ပေါ်လာသည်။

ထို့နောက် မုကျန့်ချင်းအား

“ဟွမ်းကျိကမ္ဘာက ချန်ဟိုင်ဂိုဏ်းနဲ့ ကျွန် တော့်ကြားမှာ ပဋိပက္ခတစ်ခု ရှိတယ်။ ချန်ဟိုင်ဂိုဏ်းအကြောင်း စုံစမ်းပေးပါ။”

‘ချန်ဟိုင်ဂိုဏ်း’ ဟူသော စကားလုံး သုံးလုံးကို ကြားသောအခါ သူတို့၏ ကောင်းကင်ဧကရာဇ်ကို စော်ကားရဲသည့် ထိုချန်ဟိုင်ဂိုဏ်း မည်မျှ အတင့်ရဲလိုက်သနည်းဟု မုကျန့်ချင်း တွေးလိုက်သည်။ ထို့နောက် ကောင်းကင်ဧကရာဇ်အတွက် ချန်ဟိုင်ဂိုဏ်းမှ လူများကို ကူညီဖြေရှင်းပေးဖို့ သူ ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုသို့တွေးရင်း မုကျန့်ချင်းက

“ဟုတ်ကဲ့ပါ ကောင်းကင်ဧကရာဇ်။”

ထို့နောက် လုချန်းက

“ကောင်းပြီ။ လောလောဆယ်တော့ ဒါပါပဲ။ နောက်ပြီး တစ်ခုရှိသေးတယ်။ ဖရိုဖရဲကြယ်ပင်လယ်ကို ခင်ဗျား လွှတ်လိုက်မယ့် လူတွေက ယုံကြည်စိတ်ချရတဲ့သူတွေ ဖြစ်ရမယ်။”

မုကျန့်ချင်းက

“စိတ်ချပါ ကောင်းကင်ဧကရာဇ်။ ကျွန်တော် စေလွှတ်လိုက်တဲ့သူတွေက မင်းကြီးအပေါ် သစ္စာစောင့်သိမယ့်သူတွေ ဖြစ်ရပါစေမယ်။”

မုကျန့်ချင်း၏ စကားများနှင့်အတူ လုချန်းက စိတ်သက်သာရာ ရသွားသည်။ မုကျန့်ချင်း၏ ‌အ‌စောပိုင်း တင်ပြချက်ကို ကြားပြီးနောက် သူ့အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ

ကောင်းကင်မီးနိုင်ငံတော်သို့ နောက်မှ ဝင်ရောက်လာသူများကို မုကျန့်ချင်း စေလွှတ်လိုက်မည်ကို ဖြစ်သည်။

စနစ်ဆုလာဘ်များ၏ ဝိသေသ လက္ခဏာအချို့ကိုလည်း အခြေခံအားဖြင့် လုချန်း နားလည်လာခဲ့သည်။ စနစ်က ဆုချီးမြှင့်သူများသည် ရာနှုန်းပြည့် သစ္စာစောင့်သိကြခြင်း ဖြစ်သည်။ သို့သော် ထိုရာနှုန်းပြည့် သစ္စာစောင့်သိသူများသည် သူ့အတိတ်ဘဝနှင့် အဆက်အစပ် အချို့ ရှိရမည်ဖြစ်သည်။

ယခု ကောင်းကင်မီးနိုင်ငံတော် အဖွဲ့ဝင်များ၏ အတော်များများမှာ နောက်မှ ဝင်ရောက်လာကြသူများဖြစ်ကြ၏။ ထိုသူများကို ကောင်းကင်မီးနိုင်ငံတော်မှ သူ၏အမာခံအုပ်စုအတွင်း ပါဝင်သည်ဟု ယူဆ၍ မရနိုင် ပေ။ သူတို့၏ သစ္စာရှိမှုက မေးခွန်းထုတ်စရာ ဖြစ်နိုင်သည်။

ထို့နောက် လုချန်းက

“လောလောဆယ် ဒီလောက်ပဲ ထားလိုက်ရအောင်။ ကောင်းကင်မီးနိုင်ငံတော်က လူတွေ ဖရိုဖရဲကြယ်ပင်လယ်ကို ရောက်လာပြီးရင် ခင်ဗျားကို အမိန့်အသစ်တွေ ထပ်ပေးမယ်။”

ပြောပြီးသည်နှင့် လုချန်းလည်း အချိန် နေရာကကြည့် ကြေးမုံကို ပိတ်လိုက်သည်။

ကျောက်ခန်းထဲမှ လုချန်း၏ ပုံသဏ္ဌာန် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ မုကျန့်ချင်း၏ မျက်နှာ အလွန် လေးနက်သွားသည်။ လုချန်း၏ အခြေအနေကို သူ စတင်အာရုံခံမိလာသောကြောင့် ဖြစ်သည်။

သူတို့၏ ကောင်းကင်ဧကရာဇ် ပြန်လည်ဝင်စားလာခဲ့သည်ဟု သူ့စိတ်ထဲတွင် ခန့်မှန်းပြီးဖြစ်သည်။ မဟုတ်ပါက ကောင်းကင်ဧကရာဇ်၏ အင်အားနှင့်ဆိုလျှင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ ဧကရာဇ်လောင်းကို စိုးရိမ်စရာ မလိုပေ။

ဧကရာဇ်လောင်းတစ်ပါး မဆိုထားနှင့် သူ၏ အင်အား အထွတ်အထိပ် ရောက်နေချိန်တွင် ကောင်းကင်ဧကရာဇ်သည် မဟာဧကရာဇ် အမြောက်အမြား ပေါင်းစည်းလျှင်ပင် မယှဉ်နိုင်သော ပြိုင်ဘက်တစ်ဦး ဖြစ်ခဲ့သည်။

သူတို့ ကောင်းကင်မီးနိုင်ငံတော်မှ အကြွင်းအကျန်လူများသည် မဟာဧကရာဇ် အမြောက်အမြား၏ လက်မှ ကောင်းကင်ဧကရာဇ်က ကယ်တင်ခဲ့သူများ ဖြစ်ကြသည်။

ကောင်းကင်ဧကရာဇ်၏ အခြေအနေကို ဖွင့်ဟ ကြေညာရန် မသင့်လျော်သေးဟု ထင်ရသည်။ အကယ်၍ ဤသတင်း ပျံ့နှံ့သွားပြီး ကောင်းကင်ဧကရာဇ်၏ ရန်သူဟောင်းများ သတိထားမိသွားပါက လက်တုံ့ပြန်မှုကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

မုကျန့်ချင်းလည်း ထပ်မံ၍ စဉ်းစားမနေတော့ပဲ ကျောက်ခန်းထဲမှ ထွက်ခွာသွားလိုက်သည်။

ခဏအကြာတွင် ကောင်းကင်မီးနိုင်ငံတော်၏ တော်ဝင်သင်္ချိုင်း၌ မုကျန့်ချင်း ပေါ်လာသည်။

ကောင်းကင်ဧကရာဇ်၏ လုံခြုံရေးသည် အရေးအကြီးဆုံးဖြစ်သည်။ စွမ်းအားများ ပြန်လည်ရရှိသည်အထိ ကောင်းကင်ဧကရာဇ်ကို ကာကွယ်ရန် ယုံကြည်စိတ်ချရသော လူတစ်ဦးကို တာဝန်ပေးရန် မုကျန့်ချင်း စီစဉ်လိုက်သည်။

မုကျန့်ချင်း သင်္ချိုင်းထဲသို့ ရောက်ရှိလာချိန်တွင် လေပြေတစ်ချက် တိုက်ခတ်သွားပြီး ဝါးတောကို ကျယ်လောင်စွာ တရှဲရှဲ မြည်စေသည်။

ထိုအခိုက်အတန့်တွင် အေးစက်ပြီး အနည်းငယ် မနှစ်မြို့သော အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်း ဘာလို့ ဒီကို ရောက်လာတာလဲ”

မုကျန့်ချင်း ပါးစပ်ဟ၍ စကားမပြောနိုင်မီ ထိုအမျိုးသမီး၏ အသံက ထပ်မံထွက်ပေါ်လာသည်။

“ဘာလဲ။ ဟိုလူတွေရဲ့ ပြောတဲ့အတိုင်း ကောင်းကင်ဧကရာဇ်ကို သစ္စာဖောက်ပြီး ကောင်းကင်မီးနိုင်ငံတော်ကို တောင်ဝင်တောင်တန်း နယ်ပယ်သခင်ဘက် ပါအောင် မင်းလည်း စဉ်းစားနေတာလား။”

အမျိုးသမီး၏ မနှစ်မြို့မှုကို မြင်သောအခါ မုကျန့်ချင်းက စိတ်ထဲ သက်ပြင်းအနည်းငယ် ချလိုက်သည်။ သူမက သူ့အပေါ် အငြိုးအတေး ထားနေဆဲဖြစ်ကြောင်း သူ သိသည်။ မည်သို့ပင်ဆိုစေ အခြားကမ္ဘာများမှ လူများကို ကောင်းကင်မီးနိုင်ငံတော်အတွင်းသို့ တက်ကြွစွာ ခေါ်ယူခဲ့သောကြောင့် ကောင်းကင်မီးနိုင်ငံတော်ရှိ လူအများစုမှာ ကောင်းကင်မီးမျိုးနွယ်စုမှ မဟုတ်ကြတော့ပေ။

ထို့နောက် မုကျန့်ချင်းက ဝါးတောဆီသို့ ဦးညွှတ်လိုက်ပြီး

“အကြီးအကဲကို ဂါရဝပြုပါတယ်။ ဒီနေ့ ကျွန်တော် အရေးတကြီးကိစ္စနဲ့ လာခဲ့တာပါ။”

ထိုအမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။

“ကောင်းကင်ဧကရာဇ်ကို သစ္စာဖောက်မယ့် ကိစ္စဆိုရင် ငါနဲ့ ဆွေးနွေးစရာ မလိုဘူး။ ငါ့မှာ ပြောစရာ တစ်ခုပဲ ရှိတယ်။ မင်း သစ္စာဖောက်တဲ့ အလုပ်လုပ်ချင်ရင် ငါ့လက်ထဲက ဓားက သဘောတူလား ဆိုတာ အရင်မေးကြည့်လိုက်။”

မုကျန့်ချင်းက

“ဒီနေ့ ကျွန်တော် လာတာက ကောင်းကင်ဧကရာဇ်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကြောင့်ပါပဲ။ ကျွန်တော့်မှာ ကောင်းကင်ဧကရာဇ်ကို သစ္စာဖောက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီကိစ္စအတွက် အကြီးအကဲ စိတ်ချနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ထိုသို့ပြောလိုက်သောအခါ လေတစ်ချက် တိုက်ခတ်သွားပြီး ဝါးရွက်များ လေထဲတွင် ကခုန်သွားကြသည်။ နောက်တစ်ခဏတွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး မုကျန့်ချင်းနှင့် မနီးမဝေး၌ ပေါ်လာသည်။

ဤအမျိုးသမီးသည် သွယ်လျသော ခန္ဓာကိုယ်နှင့် ရင်သပ်ရှုမောဖွယ် အလှတရား ရှိပြီး လက်ထဲတွင် ဓားတစ်ချောင်း ကိုင်ဆောင်ထားကာ မြင့်မြတ်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။ ကောင်းကင်ဘုံမှ ဓားနတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရသည်။

ထိုအခိုက်အတန့်တွင် အမျိုးသမီးက သူမလက်ထဲရှိ ဓားကို မုကျန့်ချင်းထံ မြှောက်လိုက်ပြီး အေးစက်စွာဖြင့်

“အခြားကမ္ဘာက လူတွေကို ကောင်းကင်မီးနိုင်ငံတော်ထဲ ဝင်ခွင့်ပေးလိုက်တဲ့ အချိန်တုန်းကတည်းက ကောင်းကင်ဧကရာဇ်ကို မင်းသစ္စာဖောက်ခဲ့ပြီးသားပဲ။”

All Chapters