← Chapters

မုချင်းလန်၏ အတွေးများ

Vol. 80 Ch. 1189

မုချင်းလန်၏ အတွေးများ

Vol. 80 Ch. 1189

ထျန်းချန်ကမ္ဘာသို့ ပြန်ရန် လုချန်း စဉ်းစားမိသော်လည်း သူ ထွက်ခွာသွားပြီးပြီးချင်း ချန်ဟိုင်ဂိုဏ်းမှ လူလွှတ်လိုက်မည်ကို စိုးရိမ်မိသည်။

ထို့ကြောင့် ကောင်းကင်မီးနိုင်ငံတော်မှ လူများ ရောက်လာသည်အထိ စောင့်ဆိုင်းရန် သူ ဆုံးဖြတ်လိုက်သည်။ ကောင်းကင်မီးနိုင်ငံတော်မှ စေလွှတ်လိုက်သော စွမ်းအားရှင်များ ချန်ရန်ကမ္ဘာတွင် ရှိနေပါက သူ ပြန်သွားပြီး သူ၏ ဇနီးသည်များနှင့်အတူ ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်ကို ကျင့်ကြံနိုင်ပေမည်။

ထိုအကြောင်း စဉ်းစားနေစဉ် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို လုချန်း ရုတ်တရက် သတိရလိုက်သည်။ ထိုနည်းဗျူဟာပုံစံကို တည်ဆောက်နိုင်ပါက အန္တရာယ်ရှိလာချိန်တွင် ထျန်းချန်ကမ္ဘာမှ ချန်ရန်ကမ္ဘာသို့ အချိန်တိုအတွင်း ကူးပြောင်းနိုင်လိမ့်မည်။

သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ရန် ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်၏။ လောလောဆယ်တွင် သူ့၌ ဝိညာဉ်ကျောက်တုံး လုံလောက်မှု မရှိပေ။ သို့သော် စွမ်းအားကြီးမားသော အင်အားစုဖြစ်သည့် ကောင်းကင်မီးနိုင်ငံတော်တွင်မူ ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရှိနေမည်မှာ သေချာသည်။

ထို့နောက် အချိန်နေရာကြေးမုံကို အသုံးပြု၍ မုကျန့်ချင်းအား ဆက်သွယ်လိုက်ပြီး ဖရိုဖရဲကြယ်ပင်လယ်သို့ ဝိညာဉ်ကျောက်တုံးများ ပိုယူဆောင်လာရန် မှာကြားလိုက်သည်။ ထို့နောက် နည်းဗျူဟာပုံစံ တည်ဆောက်ရန် သင့်တော်သော နေရာတစ်ခုကို ချန်ရန်ကမ္ဘာတွင် ရှာဖွေလိုက်သည်။

ထိုကိစ္စများ ပြီးစီးသွားသောအခါ ကောင်းကင်မီးနိုင်ငံတော်မှ လူများ ဝိညာဉ်ကျောက်တုံးများ ယူဆောင်လာမည့်အချိန်ကို စောင့်ဆိုင်းရန်သာ လိုအပ်တော့သည်။

လုချန်း ကြာရှည်စွာ မစောင့်ဆိုင်းလိုက်ရပေ။

လအနည်းငယ် ကြာသောအခါ ခရမ်းရောင်အလင်းတန်းများ ထုတ်လွှတ်နေသော နတ်လှေတစ်စင်း ချန်ရန်ကမ္ဘာသို့ ဦးတည်လာသည်။

နတ်လှေ လာနေသည်ကို သတိပြုမိလိုက်သဖြင့် လုချန်းလည်း ဖေးဟုန်နတ်လှေပေါ်ရှိ နန်းဆောင်ထဲမှ ထွက်လာပြီး ခေါင်မိုးပေါ်သို့ ခုန်တက်ကာ အဝေးမှ နတ်လှေကို ကြည့်ရှုလိုက်သည်။

လာရောက်နေသော နတ်လှေမှာ ကောင်းကင်မီးနိုင်ငံတော်မှလား သို့မဟုတ် ချန်ဟိုင်ဂိုဏ်းမှလား ဆိုတာကို မသေချာသေးသဖြင့် သူ အနည်းငယ် သတိထားနေသည်။

နတ်လှေသည် ချန်ရန်ကမ္ဘာသို့ ရောက်လုနီးပါးအချိန်တွင် ရုတ်တရက် အရှိန်မြှင့်တင်လိုက်သည်။

ထိုအချိန်တွင် နတ်လှေကုန်းပတ်ပေါ်၌ ရပ်နေသော မုချင်းလန်တစ်ယောက် ဤကြယ်နယ်မြေ၌ သက်ရှိကမ္ဘာတစ်ခု အမှန်တကယ် တည်ရှိနေကြောင်း တွေ့ရှိလိုက်ရသဖြင့် အလွန်စိတ်လှုပ်ရှားနေသည်။

ထို့ပြင် သက်ရှိကမ္ဘာကို တွေ့ရှိရုံသာမက နန်းတော်တစ်ခုနှင့် တူသော နတ်လှေတစ်စင်းကိုပါ သူမ တွေ့လိုက်ရသည်။ ထိုနတ်လှေကို မြင်လိုက်ရသောအခါ မုကျန့်ချင်း ပြောခဲ့သည့်စကားများ မှန်ကန်ကြောင်းနှင့် ကောင်းကင်ဧကရာဇ် ဤကြယ်နယ်မြေတွင် အမှန်တကယ် ရှိနေကြောင်း သူမ ရာနှုန်းပြည့်နီးပါး သေချာသွားသည်။

မုကျန့်ချင်းသည် ကောင်းကင်ဧကရာဇ်ကို သစ္စာဖောက်ပြီး တောင်ဝင်တောင်တန်းနယ်ပယ် သခင်နှင့် လျှို့ဝှက်ပူးပေါင်းပြီး သူမကို ဖရိုဖရဲကြယ်ပင်လယ်သို့ မျှားခေါ်ကာ ပြင်ပလူများနှင့် ပေါင်းပြီး သူမကို ဤ‌နေရာတွင် ရှင်းပစ်ဖို့လားဟု မုချင်းလန် သံသယဝင်ခဲ့သေးသည်။

လူ့ စိတ်သည် ပြောင်းလဲတတ်သည်။ သူမ မပြောင်းလဲသော်လည်း အခြားသူများ မပြောင်းလဲဘူးဟု မဆိုနိုင်ပေ။ သို့သော် ကောင်းကင်ဧကရာဇ်နှင့် တွေ့နိုင်ရန်အတွက် စမ်းကြည့်မည်ဟူသော စိတ်ဆုံးဖြတ်ချက် ဖြင့် ဖရိုဖရဲကြယ်ပင်လယ်သို့ သူမ လာရောက်ခဲ့သည်။

ဤရက်များအတွင်း ကျယ်ပြောလှသော အမှောင်ထုကြီးကို ဖြတ်သန်းခဲ့ရပြီး မည်သည့် သက်ရှိကမ္ဘာကိုမှ မတွေ့ရှိခဲ့ရ‌ပေ။ အများဆုံး ကမ္ဘာအကျိုးအပဲ့အစအန အချို့ကိုသာ မြင်တွေ့ခဲ့ရသည်။ မုကျန့်ချင်း၏ လှည့်ဖြားခြင်းကို ခံလိုက်ရပြီလားဟုပင် သူမ တကယ် သံသယဝင်ခဲ့မိသည်။

သို့သော် အလင်းရောင် ထုတ်လွှတ်နေသော အဝေးမှ သက်ရှိကမ္ဘာကို မြင်လိုက်ရသောအခါ မုကျန့်ချင်းကို သူမ အပြည့်အဝ ယုံကြည်သွားသည်။

အရေးအကြီးဆုံးမှာ ထိုနတ်လှေပင် ဖြစ်သည်။ အချိန်များစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း သူမ၏ စိတ်အာရုံ၏ နက်ရှိုင်းသော နေရာတွင် မှတ်ဉာဏ်အချို့ ကျန်ရှိနေသေးသည်။ ကောင်းကင်မီးမျိုးနွယ်ဝင်များကို တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ခေါ်ဆောင်လာပေးခဲ့သည့်လှေမှာ ထိုနတ်လှေပင်ဖြစ်ကြောင်း သူမ မှတ်မိနေသည်။

ထိုအချိန်တွင် မုချင်းလန်၏ စိတ်လှုပ်ရှားမှုများ ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်နေပြီး နှစ်သောင်းချီ ကြာမြင့်ခဲ့သော သူမမျက်နှာပေါ်မှ အေးစက်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သူလား...

သူ တကယ်ပဲ ပြန်လာပြီလား။

ကောင်းကင်ဧကရာဇ်ကို အမြန်ဆုံး တွေ့မြင်နိုင်ရန်အတွက် မုချင်းလန်သည် နတ်လှေကို ထိန်းချုပ်ပြီး ဖေးဟုန် နတ်လှေဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ပျံသန်းသွားလိုက်သည်။

မကြာမီ မုချင်းလန်၏ နတ်လှေသည် ဖေးဟုန် နတ်လှေ အနီးသို့ ရောက်ရှိလာခဲ့သည်။ သူမသည် အနည်းငယ်မှ တုံ့ဆိုင်းခြင်း မရှိပဲ သူမ၏ နတ်လှေပေါ်မှ ခုန်ဆင်းကာ ဖေးဟုန် နတ်လှေဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

နန်းဆောင်ခေါင်မိုးပေါ်တွင် ရပ်နေသော လုချန်းသည် ပျံသန်းလာသည့် အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်လိုက်ပြီး စနစ်ကို အသုံးပြု၍ ချက်ချင်း စစ်ဆေးလိုက်သည်။

[အမည် : မုချင်းလန်]

[အချက်အလက် : ကောင်းကင်မီးနိုင်ငံတော်၏ အကြီးအကဲ။ ကောင်းကင်ဧကရာဇ်၏ အစေခံဟောင်း။ ကောင်းကင်ဧကရာဇ်ကို တိတ်တခိုး ချစ်မြတ်နိုးသူ။ သူတော်စင်အဆင့် တတိယအလွှာ စွမ်းအား ပိုင်ဆိုင်ထားသူ။ သင် ဝင်စားမွေးဖွားပြီး ပြန်လာကြောင်း သိရှိပြီးနောက် ဖရိုဖရဲကြယ်ပင်လယ်သို့ ချက်ချင်း ရောက်ရှိလာသူ]

[ရမှတ် : ၉၉]

[နှစ်သက်မှု : ၁၀၀]

မုချင်းလန်၏ အချက်အလက်များကို မြင်သောအခါ လုချန်း အနည်းငယ် ကြောင်အ သွားသည်။

ဒါက...

မုချင်းလန်က သူနဲ့ တကယ်ပဲ ဒီလို ပတ်သက်မှု ရှိခဲ့တာလား။

ဟုတ်လောက်သည်...

သူ့မှာ အတိတ်ဘဝ ရှိခဲ့သည်။

လုချန်း သတိပြန်ဝင်လာပြီး ဖေးဟုန် နတ်လှေ၏ အကာအကွယ်ကို ဖယ်ရှားကာ

“ဝင်ခဲ့ပါ”

ဟု ခပ်အေးအေး ပြောလိုက်သည်။

စကားဆုံးသည်နှင့် မုချင်းလန်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လုချန်း၏ ရှေ့တည့်တည့်သို့ ပျံသန်းရောက်ရှိလာသည်။

လုချန်း၏ ရှေ့သို့ ရောက်ရှိလာသည့် ခဏတွင် သူမ လုံးဝ မှင်သက်သွားသည်။

ကောင်းကင်ဧကရာဇ်သည် ယခင်ဘဝကအတိုင်း ပုံစံတူပင် ဖြစ်သည်။ သူ၏ ရုပ်ရည်က လုံးဝ ပြောင်းလဲခြင်း မရှိသလို အငွေ့အသက်ကလည်း အတူတူပင် ဖြစ်သည်။

မုချင်းလန်က သူ့ကို စိုက်ကြည့်နေပြီး စကားမပြောသည်ကို တွေ့ရသဖြင့် လုချန်းက ချောင်းဟန့်လိုက်ကာ

“မင်းက ကောင်းကင်မီးနိုင်ငံတော်က လွှတ်လိုက်တဲ့လူလား။”

ထိုစကားကို ကြားသောအခါ မုချင်းလန် လုံးဝ ကြောင်အသွားသည်။

မယုံကြည်နိုင်စွာဖြင့် သူမက

“ရှင်... ရှင် ကျွန်မကို မမှတ်မိဘူးလား”

လုချန်းက

“အင်း... ကျွန်တော့် အရင်ဘဝက မှတ်ဉာဏ်တွေ ပြန်မရသေးဘူး။”

လုချန်း၏ အဖြေကို ကြားသောအခါ မုချင်းလန် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။ သို့သော် ကောင်းကင်ဧကရာဇ်သည် အားနည်းနေသေးပြီး မှတ်ဉာဏ်များ ပြန်မရသေးသဖြင့် သူမကို မမှတ်မိခြင်းမှာ ပုံမှန်ဖြစ်ကြောင်း သူမ မကြာမီ နားလည်သွားသည်။ မှတ်ဉာဏ်များ ပြန်ရလာသည်နှင့် သူမကို အလိုအလျောက် မှတ်မိလာမည်ဖြစ်ရာ သူမ အလွန်စိုးရိမ်နေရန် မလိုအပ်ပေ။

ထို့ပြင်...

မသင့်သော အတွေးတစ်ခု မုချင်းလန်၏ စိတ်ထဲတွင် ပေါ်လာသည်။ ကောင်းကင်ဧကရာဇ် မှတ်ဉာဏ်များ ပြန်မရသေးသဖြင့် ဤအရာက သူမအတွက် အခွင့်အရေး ဖြစ်လာနိုင်မလား။

အကယ်၍ ဖြစ်နိုင်ရင်...

သူမ၏ ယုတ်ညံ့သော အတွေးများကို သတိထားမိပြီးနောက် မုချင်းလန် အလွန် ဂနာမငြိမ် ဖြစ်သွားကာ မျက်နှာတွင် သွေးရောင်လွှမ်းလာသည်။ သူမ၏ ပုံစံသည် သူတော်စင်တစ်ပါး၏ အရှိန်အဝါ လုံးဝ ကင်းမဲ့နေသည်။

မုချင်းလန်က သူ့ကို တည့်တည့်စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် သားကောင်ကို ဖမ်းယူလိုသော အရိပ်အယောင်တစ်ခု ရှိနေသည်ကို မြင်လိုက်ရသဖြင့် မုချင်းလန် ဘာလုပ်ချင်နေသည်ကို လုချန်း ချက်ချင်း ရိပ်မိလိုက်သည်။

ထိုအကြည့်ကို သူ အလွန် ရင်းနှီးနေသည်။ သူ၏ အမျိုးသမီးများသည် သူ့ကို မတွေ့တာမှာ ကြာပြီးနောက် ပြန်တွေ့ချိန်တွင် ထိုကဲ့သို့သော အမူအရာမျိုး ရှိတတ်ကြသည်။

မကြာသေးမီက နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရ ညီအစ်မနှစ်ဦးကလည်း သူ့ကို ထိုကဲ့သို့သော မျက်လုံးများဖြင့် ကြည့်ခဲ့ကြသည်။

မုချင်းလန် အမြန် သတိဝင်လာပြီး ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ

“အစေခံ မုချင်းလန်က ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

လုချန်း၏ ခန့်ညားသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး

“ထပါ”

“ကျေးဇူးတင်ပါတယ် မင်းကြီး”

မုချင်းလန် မတ်တတ်ရပ်ပြီးနောက် စကားများများစားစား ဆက်မပြောတော့ပေ။ ယခု ကောင်းကင်ဧကရာဇ်ကို ရှာတွေ့ပြီဖြစ်သည်။ သူမ လုပ်ဆောင်ရမည့် တာဝန်က သူ့နောက်သို့ လိုက်ပါပြီး ကာကွယ်ပေးရန်သဖြစ်သည်။

ကောင်းကင်ဧကရာဇ် ဘာလုပ်ချင်သည်နှင့် ပတ်သက်ပြီး သူမ အထူးတလည် ဂရုမစိုက်ပေ။

ထိုအချိန်တွင် လုချန်း မုချင်းလန်ကို အလေးအနက်ထား၍ အကဲခတ်လိုက်သည်။

မုချင်းလန်သည် အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ သွယ်လျသည်။ ပါးလွှာသော ပုဝါစက သူမ၏ ခြေတံများကို ဖုံးအုပ်ထားပြီး သူမ၏ ဖြူဝင်းသော အသားအရေကို မြင်နေရသည်။ သူမ၏ မျက်နှာထားသည် အေးစက်ပြီး လှပနေကာ ဆံပင်ကို သပ်ရပ်စွာ ထုံးထားသည်။ ဝိညာဉ်ဓားတစ်လက်က သူမ၏ အနောက်တွင် လွင့်မြောနေသဖြင့် အမျိုးသမီး ဓားနတ်ဘုရားမ တစ်ပါးနှင့် တူနေသည်။

အရေးအကြီးဆုံးမှာ သူမထံမှ ကျင့်စဉ်အငွေ့အသက်များ ထွက်ပေါ်နေပြီး သူမကို ပို လှပစေကာ ဆွဲဆောင်မှု ရှိစေသည်။ ထိုကဲ့သို့သော နတ်မိမယ်မျိုးကို လုချန်း မငြင်းဆန်နိုင်ပေ။

သို့သော် မုချင်းလန်ကို ချက်ချင်း အိပ်ရာဝင် ဖျော်ဖြေခိုင်းရန် လုချန်း မတွေးသေးပေ။

မုချင်းလန်သည် သူ့ကို တိတ်တခိုး ချစ်နေမှန်း သိထားသဖြင့် လုချန်းအနေနှင့် ရှေ့ဆက်တိုးရန် ခက်ခဲနေသည်။ အကယ်၍ မုချင်းလန်၏ အချက်အလက်များနှင့် သူမ၏ ရမှတ် ကိုးဆယ့်ကိုးကို မမြင်ခဲ့ပါက ဒီညတွင် ထိုအရာကို လုပ်မိကောင်း လုပ်မိပေလိမ့်မည်။

သူမက သူ့ကို လေးစားကြည်ညို နေခြင်းဖြစ်သည်။ ထိုအချက်က လုချန်းကို လှုပ်ရှားရ ခက်စေသည်။ အကြောင်းတစ်ခုခုကြောင့် မုချင်းလန်၏ ရှေ့တွင် သူ၏ ဆိုးသွမ်းသော မျက်နှာခြမ်းကို မပြလိုပေ။ မုချင်းလန် သူ့ကို စိတ်ပျက်သွားမှာကို သူ၏ အတွင်းစိတ်ထဲ အနည်းငယ် ကြောက်ရွံ့နေမိသည်။

လုချန်း၏ ပွင့်လင်းသော အကြည့်ဖြင့် အကဲခတ်ခံနေရသဖြင့် မုချင်းလန် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူမ၏ စိတ်ဂနာမငြိမ်ဖြစ်မှုကို လုချန်း မမြင်စေရန် အပြင်ပန်းတွင် တည်ငြိမ်နေစေဖို့ သူမ အစွမ်းကုန် ကြိုးစားနေသည်။

သူမ ပုံစံက သိသာလွန်းနေပြီး ကောင်းကင်ဧကရာဇ် ရိပ်မိသွားပါက သူမကို ငြင်းပယ်လိုက်မည်ကိုလည်း စိုးရိမ်နေသည်။

All Chapters