← Chapters

သူတို့အားလုံးက ကျင့်ကြံဖော်တွေပါ

Vol. 80 Ch. 1190

သူတို့အားလုံးက ကျင့်ကြံဖော်တွေပါ

Vol. 80 Ch. 1190

မုချင်းလန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုချန်းက

“မီးဧကရာဇ်ကို ဝိညာဉ်ကျောက်တုံးတွေ ပို့ခိုင်းထားတာ... သူ ခင်ဗျားကို ဘယ်လောက်ပေးလိုက်လဲ။”

ထိုမေးခွန်းကို ကြားသောအခါ မုချင်းလန် ခဏမျှ ကြောင်အသွားပြီးနောက် ကပျာကယာ ပြန်ဖြေလိုက်သည်။

“မင်းကြီး ဖရိုဖရဲကြယ်ပင်လယ်မှာ ရှိနေတယ်ဆိုတာ ကြားကြားချင်း ဒီအစေခံ အမြန်လာခဲ့တာပါ... မင်းကြီး လိုချင်တဲ့ ဝိညာဉ်ကျောက်တုံးတွေက လမ်းမှာ ရောက်လောက်ပါပြီ။”

စကားပြောနေရင်း မုချင်းလန် တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်ကာ အာကာသ လက်စွပ်တစ်ကွင်းကို အမြန်ထုတ်လိုက်ပြီး

“မင်းကြီး ဝိညာဉ်ကျောက်တုံး ဘယ်လောက်လိုမလဲ မသိပေမဲ့ အစေခံ့ ဆီမှာ အတော်များများ ရှိပါတယ်။ အရင်ယူသုံးထားပါ။”

လုချန်းက

“နောက်ဆို ကျွန်တော့်ရှေ့မှာ ကိုယ့်ကိုယ်ကို ‘အစေခံ’ လို့ သုံးစရာ မလိုဘူး... ခင်ဗျားက သူတော်စင်တစ်ပါးပဲဟာ။”

သူ့ထက် စွမ်းအားကြီးသူတစ်ဦးသည် အလေးအနက်ထားရမည့် အခြေအနေမျိုးတွင် မိမိကိုယ်ကို ‘အစေခံ’ ဟု သုံးစွဲခြင်းက လုချန်းအတွက် အမြဲတမ်း တစ်မျိုးကြီး ဖြစ်နေ စေသည်။

မုချင်းလန်သာ အိပ်ရာပေါ်တွင် သူ့ကို သခင်ဟု ခေါ်ပါက သူ ထူးဆန်းနေမည် မဟုတ်ပေ။ မုချင်းလန်က သူ့ထက် အင်အားကြီးသူ ဖြစ်သဖြင့် သူ ပို၍ပင် စိတ်လှုပ်ရှားမိပေလိမ့်မည်။

မုချင်းလန် ခဏမျှ ကြောင်အသွားပြီး “အစေခံက မင်းကြီးရဲ့ အစေခံပါ... အစေခံက...”

မုချင်းလန် စကားမဆုံးမီ လုချန်းက ဖြတ်ပြောလိုက်သည်။

“ကောင်းပြီ... ‘အစေခံ’ လို့ မသုံးဖို့ အမိန့်ပေးတယ်။”

“ကျွန်တော့်ရဲ့ အစေခံအနေနဲ့ အမိန့်ကို နာခံရမယ်ဆိုတာ သိသင့်တယ်။”

“အစေ... ကျွန်မ နားလည်ပါပြီ”

ဟု မုချင်းလန်က ‘အစေခံ’ ဟူသော အသုံးအနှုန်းကို ဆက်မသုံးတော့ပဲ ပြန်ဖြေလိုက်သည်။

မုချင်းလန်၏ အဖြေကို ကြားပြီးနောက် လုချန်း ကျေနပ်သွားကာ သူမလက်ထဲမှ အာကာသလက်စွပ်ကို ယူလိုက်ပြီး အတွင်းရှိ ဝိညာဉ်ကျောက်တုံးများကို စစ်ဆေးလိုက်သည်။

မုချင်းလန်သည် သူတော်စင်ဟူသော အဆင့်နှင့် တကယ်ပင် ထိုက်တန်လှ၏။ လက်စွပ်ထဲရှိ အရင်းအမြစ်များက လုချန်း၏ မျက်လုံးများကို အရောင်တောက်သွားစေသည်။ အားနာမနေတော့ပဲ မုချင်းလန်၏ လက်စွပ်ကို ယူကာ ချန်ရန်ကမ္ဘာဆီသို့ လုချန်း ပျံသန်းသွားသည်။

လုချန်း ထွက်ခွာသွားသည်ကို မြင်သောအခါ မုချင်းလန်လည်း သူ့နောက်သို့ အမြန်လိုက်ပါသွားသည်။

မကြာမီ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ရန် ရွေးချယ်ထားသော ချန်ရန်ကမ္ဘာရှိ နေရာသို့ လုချန်း ရောက်ရှိသွားသည်။

ထိုအချိန်တွင် ရွှေနက်ချပ်ဝတ် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး လုချန်းဘေးတွင် ရှိနေသည်ကို မုချင်းလန် သတိပြုမိလိုက်သည်။ ထိုအမျိုးသမီးကို မြင်သောအခါ မုချင်းလန်၏ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး မကျေနပ်မှု အရိပ်အယောင်တစ်ခု ခံစားလိုက်ရသည်။

သို့သော် သူမ ဘာမှမပြောခဲ့ပေ။ ထိုအမျိုးသမီးထံမှ လုချန်း၏ အငွေ့အသက်ကို သူမ ရှင်းလင်းစွာ အာရုံခံမိပြီး ဤအမျိုးသမီးနှင့် ကောင်းကင်ဧကရာဇ်ကြားတွင် ကံကြမ္မာဆက်နွှယ်မှု အချို့ရှိနေသည်ကိုလည်း ‌ ခပ်ဝါးဝါး မြင်မိလိုက်သည်။

မုချင်းလန် ဇဝေဇဝါ ဖြစ်သွားသည်။ ယခင်ဘဝက ကောင်းကင်ဧကရာဇ်သည် ကျင့်စဉ်ကိုသာ အာရုံစိုက်ပြီး အမျိုးသမီးများကို စိတ်မဝင်စားခဲ့ပေ။ အခု ဘာလို့ သူ့ဘေးမှာ အမျိုးသမီးတစ်ယောက် ရှိနေရတာလဲ။

ထို့ပြင် ဤအမျိုးသမီးက သူ၏ ပြင်းထန်သော အငွေ့အသက်ကို သယ်ဆောင်ထားသဖြင့် သူတို့ကြားတွင် ရင်းနှီးသော ဆက်ဆံရေး မရှိဘူးဟု ယုံကြည်ရန် မဖြစ်နိုင်ပေ။

ဤအမျိုးသမီးနှင့် ကောင်းကင်ဧကရာဇ်တို့ ချစ်ရည်လူးနေမည့်ပုံကို တွေးမိသောအခါ မုချင်းလန် ပိုနေရခက်သွားပြီး လျှောက်တွေးနေခြင်းကို အမြန်ရပ်တန့်လိုက်သည်။

ကောင်းကင်ဧကရာဇ်ကဲ့သို့ ဂုဏ်ဒြပ်ရှိသူတစ်ဦးအတွက် မိန်းမအစေခံများ ထားရှိခြင်းက ပုံမှန်ကိစ္စဖြစ်သည်။ ဤကိစ္စကြောင့် စိတ်ကူးဖြင့် ရမ်းဆထင်ကြေး မပေးသင့်ပေ။

အမျိုးသမီးတစ်ယောက် မပြောနှင့်၊ ကောင်းကင်ဧကရာဇ်တွင် မိဖုရားသုံးထောင် ရှိလျှင်ပင် ထူးဆန်းမည် မဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပြီးနောက် မုချင်းလန် အတော်အတန် စိတ်သက်သာရာ ရသွားသည်။

ထိုအချိန်တွင် အလင်းတန်းနှစ်ခု အဝေးမှ ပေါ်လာသည်။ မုချင်းလန် မျက်ခုံးပင့်လိုက်ပြီး လုချန်းရှေ့သို့ အမြန်သွားကာ

“ဘယ်သူလဲ”

ဟု သတိထား၍ မေးလိုက်သည်။

သူမ၏ စကားဆုံးသည်နှင့် လှပသော ပုံရိပ်နှစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။

လုချန်းရှေ့တွင် ရပ်နေသော အမျိုးသမီးကို မြင်သောအခါ နန်းကုန်းယွဲ့ဟွာ အနည်းငယ် ကြောင်သွားသည်။ ထိုအမျိုးသမီးထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အငွေ့အသက်ကိုလည်း အာရုံခံမိသဖြင့် နန်းကုန်းယွဲ့ဟွာ အကြီးအကျယ် တုန်လှုပ်သွားသည်။

ဤအမျိုးသမီးသည် လုချန်းထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ရှိသည့် သူတော်စင်အစစ် တစ်ပါးဖြစ်ကြောင်း ထင်ရှားသည်။

လုချန်းဘေးမှာ သူတော်စင်တစ်ပါး ရှိနေတာလား။

မုချင်းလန်နှင့် လုချန်း၏ ပတ်သက်မှုကို နန်းကုန်းချင်ရ ချက်ချင်း ရိပ်မိလိုက်သည်။ ဤအမျိုးသမီးကို သူ မသိသော်လည်း လုချန်းကို သူမ သိသည်။

နန်းကုန်းချင်ရက လုချန်းကို

“မင်းကြီး... ဒီဝါစဉ်ကြီးသူက ဘယ်သူလဲ။ အရင်က မမြင်ဖူးပါဘူး”

နန်းကုန်းချင်ရ၏ စကားကို ကြားသောအခါ ဤအမျိုးသမီးနှစ်ဦးလည်း ကောင်းကင်ဧကရာဇ်၏ အစေခံများဖြစ်ကြောင်း မုချင်းလန် သဘောပေါက်လိုက်သည်။

ကောင်းကင်ဧကရာဇ်ဘေးမှာ အစေခံ သုံးယောက်တောင် ရှိနေပြီလား။

ထို့ပြင် သူတို့အားလုံးဆီတွင် ကောင်းကင်ဧကရာဇ်၏ အငွေ့အသက်များ ရှိနေပြီး သူနှင့် အလွန်ခိုင်မာသော ကံကြမ္မာဆက်နွှယ်မှုများ ရှိနေသဖြင့် မုချင်းလန်စိတ်ထဲ အကျပ်အတည်း တစ်ခုကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

ကောင်းကင်ဧကရာဇ်ဘေးတွင် အစေခံများစွာ ရှိနေသဖြင့် သူ့ရှေ့၌ သူမ၏ အနာဂတ် အဆင့်အတန်းမှာ...

ထိုအတွေးဝင်လာသည်နှင့် တပြိုင်နက်

လျှောက်တွေးနေခြင်းကို မုချင်းလန် အမြန်ရပ်တန့်လိုက်သည်။ သူမ၏ တာဝန်ကိုသာ သူမ လုပ်ဆောင်ရန် လိုအပ်သည်။ ကောင်းကင်ဧကရာဇ်၏ ကိစ္စများကို ခန့်မှန်းနေခြင်းသည် အစေခံတစ်ယောက် စဉ်းစားရမည့်အရာ မဟုတ်ပေ။

လုချန်းက ပြုံးလိုက်ပြီး နန်းကုန်းချင်ရနှင့် နန်းကုန်းယွဲ့ဟွာကို

“မိတ်ဆက်ပေးမယ်... ဒါက ကိုယ့်ရဲ့ ကာကွယ်သူ မုချင်းလန်ပါ။”

လုချန်း၏ စကားကို ကြားသောအခါ မုချင်းလန် ကြောင်အသွားသည်။

ကောင်းကင်ဧကရာဇ်က သူမကို သူ့အား ကာကွယ်သူဟု ခေါ်လိုက်သည်။

ပျော်လွန်း၍ ကြောင်သွားခြင်းလား သူမ မသိပေ။ သူမ၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ မပေါ်သော်လည်း စိတ်ထဲတွင်မူ လုံးဝ ဗလာဖြစ်သွားသည်။

သို့သော် လုချန်း သူ့ကိုယ်သူ သုံးနှုန်းလိုက်ပုံကို သတိထားမိပြီးနောက် မုချင်းလန် အမြန် သတိပြန်ဝင်လာသည်။

လုချန်းက သူ့ကိုယ်သူ “ကိုယ်တော်” သို့မဟုတ် “ဧကရာဇ်” ဟု မသုံးနှုန်းဘဲ “ကိုယ်” ဟု သုံးနှုန်းခဲ့သည်။

ကောင်းကင်ဧကရာဇ် အနေနှင့် ထိုကဲ့သို့ ရင်းနှီးသော နာမ်စားကို အသုံးပြုခြင်းသည် အလွန် ရင်းနှီးသူများ၏ ရှေ့တွင်သာ ဖြစ်နိုင်သည်။

ဒီအမျိုးသမီးတွေက...

တကယ်ပဲ...

မုချင်းလန် အတွေးထဲ နစ်မြောနေစဉ် လုချန်းက သူမကို

“လန်.. သူတို့အားလုံးက ကိုယ့်ရဲ့ ကျင့်ဖော်တွေပါ။”

လုချန်းက သူမကို ‘လန်’ဟု ခေါ်လိုက်သည်ကို ကြားသောအခါ မုချင်းလန်၏ စိတ်ခံစားမှုများ ထပ်မံ လှုပ်ခတ်သွားပြန်သည်။

သို့သော် သူမ လျင်မြန်စွာ ပုံမှန်ပြန်ဖြစ်သွားပြီး စောစောက စိတ်ဓာတ်ကျနေမှုများ ပျောက်ကွယ်သွားကာ ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။

ဒီဘဝမှာ ကောင်းကင်ဧကရာဇ်က ကျင့်ဖော် အများကြီး ရှာထားပြီးပြီဆိုတော့ နောက်ထပ်တစ်ယောက် ထပ်တိုးရင် မများလောက်ပါဘူး။

ထိုသို့ တွေးလိုက်မိသဖြင့် သူမအတွက် မျှော်လင့်ချက် ကြီးကြီး ရှိလာသည်ဟု ခံစားလိုက်ရသည်။

ကျင့်စဉ်ကိုသာ အာရုံစိုက်ပြီး အမျိုးသမီးများကို စိတ်မဝင်စားသော ယခင်ဘဝက ကောင်းကင်ဧကရာဇ်သာ ဆိုပါက သူမတွင် မျှော်လင့်ချက် လုံးဝ ရှိမည် မဟုတ်ပေ။

လုချန်း မိတ်ဆက်ပေးပြီးနောက် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ သူတို့၏ အတွေးများကို အတည်ပြုလိုက်ကြသည်။ ဤမုချင်းလန် ဆိုသူကလည်း လုချန်း၏ အမျိုးသမီးဖြစ်ကြောင်း သိသာနေသည်။

ထိုအမျိုးသမီးနှစ်ဦးက မုချင်းလန်ကို

“ဂါရဝပြုပါတယ် ဝါစဉ်ကြီးသူ “

“ဂါရဝပြုပါတယ် အစ်မမု”

ဟု ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။

ထိုအမျိုးသမီးနှစ်ဦး အသုံးပြုသော အခေါ်အဝေါ်များက မတူညီကြပေ။ မုချင်းလန်သည် လုချန်း၏ အမျိုးသမီးဖြစ်နိုင်ကြောင်း ခန့်မှန်းမိသော်လည်း နန်းကုန်းယွဲ့ဟွာက တော့ ဝါစဉ်ကြီးသူဟု ခေါ်ဆိုခဲ့သည်။

မုချင်းလန်သည် သူတော်စင်တစ်ပါး ဖြစ်နိုင်သည်ဟု သံသယရှိသောကြောင့် ဖြစ်သည်။

သို့သော် နန်းကုန်းချင်ရကတော့ ထိုအခေါ်အဝေါ်များကို ဂရုမစိုက်ပေ။ မုချင်းလန် သူတော်စင် ဖြစ်နေရင်တောင် လုချန်းရှေ့တွင် သူတို့က အတူတူပင်ဖြစ်ပြီး တစ်နေ့တွင် လုချန်းကို အတူတကွ ပြုစုရကောင်း ပြုစုရနိုင်သည်။

မုချင်းလန်က ထိုအမျိုးသမီးနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး မည်သူ့ကိုမှ ပြင်မပေးပဲ

“သိပ်ပြီး ယဉ်ကျေးနေစရာ မလိုပါဘူး”

ဟု ခပ်အေးအေး ပြောလိုက်သည်။

မုချင်းလန်၏ အေးစက်ပြီး တည်ငြိမ်သော ပုံစံကို မြင်သောအခါ နန်းကုန်းချင်ရနှင့် နန်းကုန်းယွဲ့ဟွာတို့ စိတ်ထဲ ထူးဆန်းသော ခံစားချက်တစ်ခု ရလိုက်သည်။ လုချန်းရှေ့တွင် အခြားအမျိုးသမီးတစ်ဦးက ထိုကဲ့သို့ တည်ကြည်ပြီး အေးစက်သော ပုံစံမျိုး ထားရှိနေသည်ကို မြင်ရသည်မှာ သူတို့နှစ်ဦးစလုံးအတွက် အနည်းငယ် ဘဝင်မကျစရာ ဖြစ်နေသည်။

မူလက အေးစက်သော သူတို့၏ စိတ်နေသဘောထားကို လုချန်းက ဖျက်ဆီးခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။

တစ်နေ့တွင် ဤအမျိုးသမီးလည်း လုချန်းရှေ့တွင် သူတို့ကဲ့သို့ ပြုမူလာလိမ့်မည်ဟု ညီအစ်မနှစ်ဦးစလုံး တွေးလိုက်ကြသည်။

အတွေးနယ်ချဲ့နေမှုမှ သတိပြန်ဝင်လာပြီးနောက် နန်းကုန်းယွဲ့ဟွာက

“မင်းကြီး... ဒီတစ်ခါ ချန်ရန်ကမ္ဘာကို ဘာကိစ္စနဲ့ လာတာလဲ”

လွန်ခဲ့သော ရက်အနည်းငယ်က လုချန်း ရောက်လာခဲ့သည်။ ထိုစဉ်က ညီအစ်မနှစ်ဦးကို သွားမတွေ့ခဲ့ပဲ ဤနေရာကို ရွေးချယ်ပြီးနောက် ပြန်သွားခဲ့ခြင်း ဖြစ်သည်။

All Chapters