ဒေါသထွက်နေတဲ့ ထျန်းဟုန်ဧကရီ
Vol. 80 Ch. 1192
လုချန်း ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ဤလူသည် အခုတလောတွင် ဝီရိယပိုရှိလာပြီး ကျင့်ကြံခြင်း၌ အာရုံစိုက်လာကြောင်း ထျန်းဟုန်ဧကရီ တွေးတောလိုက်သည်။ ယခင်ကဆိုလျှင် သူသည် မိန်းမကိစ္စ အပျော်အပါး၌သာ မွေ့လျော်ကာ မည်သည့်အရာကိုမှ အလေးအနက် လုပ်ဆောင်လေ့ မရှိခဲ့ပေ။
သို့သော် လတ်တလောတွင် သူ လုပ်ဆောင်ခဲ့သည်များကို ပြန်တွေးကြည့်လျှင် သူ၏ ယခင်ဘဝ၌ မဟာဧကရာဇ် ဖြစ်ခဲ့တာ သေချာသလောက် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် သူတော်စင်အဆင့်ရှိသော အစေခံများပင် ရှိနေသောကြောင့် ဖြစ်သည်။
ဧကရာဇ်အဆင့်သို့ သူ ဘယ်အချိန်တွင် ပြန်ရောက်မည်မှန်း မည်သူမှ မသိနိုင်သော်လည်း သူ၏ ဧကရာဇ်အဆင့်ကို ပြန်လည်ရရှိသည်နှင့် သူမ ပြန်လည်ရှင်သန်လာရန်က မဖြစ်နိုင်သည့် ကိစ္စမဟုတ်ပေ။
လုချန်းကို ကြည့်ရင်း ထျန်းဟုန်ဧကရီ တစ်ယောက် အတွေးထဲနစ်မြောနေစဉ် ခန်းမဆောင်ကြီးထဲ၌ ယခင်ကကဲ့သို့ မြင်ကွင်းမျိုး နောက်တစ်ကြိမ် ထပ်မံ ပေါ်ပေါက်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ခန်းမတစ်ခုလုံးသည် ပန်းပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ပန်းပင်လယ်ထဲတွင် လွန်ခဲ့သော အကြိမ်က သူမ မြင်တွေ့ခဲ့ရသည့် စုံတွဲကို ထျန်းဟုန်ဧကရီ ထပ်မံ တွေ့လိုက်ရသည်။
ယခင်ကကဲ့သို့ပင် ပန်းပင်လယ်ထဲရှိ ထိုစုံတွဲသည် ရှက်ဖွယ်ကောင်းသော ကိစ္စရပ်များကို ပြုလုပ်နေကြသည်။
ထျန်းဟုန်ဧကရီ၏ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
ဒါက ဘာကြီးလဲ။
ပုံရိပ်ယောင် နယ်ပယ်လား...
ဒါမှမဟုတ် အခြားနယ်ပယ်တစ်ခုလား။
သူမ၏ စိတ်ဝိညာဉ်စွမ်းအားသည် သိသိသာသာ ပြန်လည်ကောင်းမွန်လာသော်လည်း ဤမြင်ကွင်း မည်သို့ ဖြစ်ပေါ်လာသည်ကို သူမ သေချာမမြင်နိုင်သေးပေ။
လုချန်း၏ ခန္ဓာကိုယ်သည် လုံးဝ လှုပ်ရှားခြင်း မရှိပေ။ ဤကမ္ဘာသည် အခြားကမ္ဘာတစ်ခု မဖြစ်သင့်သလို ပုံရိပ်ယောင် နယ်ပယ်လည်း မဟုတ်ပေ။
ဒါက အခြားနယ်ပယ်တစ်ခုများလား။
သို့သော် လုချန်း၏ နယ်ပယ်ထဲတွင် အခြားလူများ အဘယ်ကြောင့် ရှိနေရသနည်း။
ထိုအရှက်မဲ့သော စုံတွဲ ဘယ်သူတွေလဲ ဆိုတာကို သိလိုသဖြင့် ထျန်းဟုန်ဧကရီလည်း သူတို့ထံသို့ နောက်တစ်ကြိမ် ပျံသန်းသွားလိုက်သည်။
သို့သော် လွန်ခဲ့သော အကြိမ်နှင့် မတူပဲ အရှက်မဲ့သော စုံတွဲ၏ ရှေ့သို့ ထျန်းဟုန်ဧကရီ လျင်မြန်စွာ ရောက်ရှိသွားပြီး အမျိုးသမီး၏ ညည်းညူသံများသည်လည်း သူမ၏ နားထဲသို့ ဝင်ရောက်လာသည်။
အရှက်မဲ့သော စုံတွဲကို မျက်စိရှေ့တွင် မြင်လိုက်ရသောအခါ ထျန်းဟုန်ဧကရီ ချက်ချင်း သတိဝင်လာသည်။ ဤမြင်ကွင်းသည် တကယ်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။
သို့သော် ထိုအချိန်၌ပင် အမျိုးသမီးတစ်ဦး၏ အသံသည် ထျန်းဟုန်ဧကရီ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
“မင်း မကြာခင် ပြန်လည်ရှင်သန်လာတော့မယ်”
ထိုအသံကို ကြားသောအခါ ထျန်းဟုန်ဧကရီ ကြောင်အသွားသည်။ ဖေးဟုန်နတ်လှေ ပိုင်ရှင်က သူမကို ပြန်လည်ရှင်သန်စေနိုင်ကြောင်း ပြောခဲ့သော အသံပင် ဖြစ်သည်။ သူမ၏ ဝိညာဉ်ကို ဖေးဟုန်နတ်လှေတွင် ချိပ်ပိတ်ထားခဲ့သူမှာလည်း ဤအသံပိုင်ရှင်ပင် ဖြစ်လောက်ပေသည်။
ထျန်းဟုန်ဧကရီက ချက်ချင်း မေးလိုက်သည်။
“ရှင်က ဘယ်သူလဲ”
ထိုအမျိုးသမီးအသံက ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။ ထျန်းဟုန်ဧကရီ၏ အကြည့်သည် အရှက်မဲ့သော စုံတွဲအပေါ်သို့ နောက်တစ်ကြိမ် ကျရောက်သွားပြီး အကြောင်းတစ်ခုခုကြောင့် ထိုအသံသည် ပန်းပင်လယ်ထဲရှိ အမျိုးသမီး၏ ညည်းညူသံနှင့် တူနေသကဲ့သို့ သူမ ခံစားလိုက်ရသည်။
ပန်းပင်လယ်ထဲတွင် လဲလျောင်းနေသော ထိုအမျိုးသမီးက...
ဖြစ်နိုင်ပါ့မလား။
ထျန်းဟုန်ဧကရီ ဆက်လက် တွေးတောခြင်း မပြုနိုင်မီမှာပင် ထိုအရှက်မဲ့သော စုံတွဲသည် ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်ပြီး ထျန်းဟုန်ဧကရီ ရှိရာသို့ မော့ကြည့်လိုက်ကြသည်။
ထိုအမျိုးသမီး ခေါင်းလှည့်လာသောအခါ ထျန်းဟုန်ဧကရီ နောက်တစ်ကြိမ် မှင်တက်သွားရသည်။ ထိုအမျိုးသမီး၏ ရုပ်သွင်သည် သူမနှင့် တစ်ပုံစံတည်း တူနေသည်။
ဘာ...
ဘာတွေ ဖြစ်ပျက်နေတာလဲ။
ထျန်းဟုန်ဧကရီကို တုန်လှုပ်သွားစေသည်က ထိုအမျိုးသမီး၏ ရုပ်ရည်တစ်ခုတည်း မဟုတ်ပေ။
ထိုအမျိုးသား၏ ရုပ်ရည်ကလည်း ထျန်းဟုန်ဧကရီကို ဇဝေဇဝါ ဖြစ်သွားစေသည်။ သူသည် လုချန်းနှင့် တစ်ပုံစံတည်း တူနေသည်။
သတိပြန်ဝင်လာသောအခါ ထျန်းဟုန်ဧကရီ အနည်းငယ် ဒေါသထွက်သွားသည်။
ဤအရာသည် ပုံရိပ်ယောင်နယ်ပယ် ဖြစ်စေ၊ အခြားအရာတစ်ခု ဖြစ်စေ ဤအရှက်မဲ့သော စုံတွဲသည် သူမ၏ ရုပ်သွင်ကို ယူပြီး ထိုကဲ့သို့ ညစ်ညမ်းသော လုပ်ရပ်များကို လုပ်ဆောင်ရဲသည်က သူမကို စော်ကားခြင်းပင် ဖြစ်သည်။
ထျန်းဟုန်ဧကရီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထိုအရှက်မဲ့သော စုံတွဲကို တိုက်ခိုက်ရန် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သို့သော် ထိုအချိန်၌ပင် သူမနှင့် တစ်ပုံစံတည်းတူသော အမျိုးသမီးက ရုတ်တရက် စကားပြောလိုက်သည်။
“ငါက မင်းပဲ”
ထျန်းဟုန်ဧကရိီက အေးစက်စွာဖြင့် အော်ဟစ်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း”
သူမသည် ဧကရီ တစ်ပါး ဖြစ်သည်။ လုချန်းကဲ့သို့သော တိရစ္ဆာန်တစ်ကောင်နှင့် ထိုကဲ့သို့သော ကိစ္စမျိုးကို သူမ မည်သို့ လုပ်မည်နည်း။ နောက်တစ်ခဏ၌ ထျန်းဟုန်ဧကရီက လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သော်လည်း သူမ၏ စိတ်ဝိညာဉ်စွမ်းအား ထွက်ပေါ်သွားသည်နှင့် ပင်လယ်ထဲသို့ ကျောက်ခဲတစ်လုံး ကျသွားသကဲ့သို့ မည်သည့်ဂယက်မှ မထပဲ ပျောက်ကွယ်သွားသည်။
သူမ၏ စိတ်ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်သွားပုံ ရသည်။
ထျန်းဟုန်ဧကရီက လက်မလျှော့သေးပဲ နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ထပ်မံ အသုံးပြုလိုက်သည်။ သို့သော် ထိုအချိန်တွင် ထိုအမျိုးသမီးက ထပ်ပြောလိုက်သည်။
“ဒါက မင်းရဲ့ ကံကြမ္မာပဲ”
ထျန်းဟုန်ဧကရီ ဒေါသပိုထွက်လာသည်။ လုချန်း ဝင်စားလာမည့် အချိန်ကို စောင့်ဆိုင်းကာ သူမကို လုချန်း၏ ကျင့်စဉ်မီးဖို ဖြစ်လာစေရန်အတွက် ဤအမျိုးသမီးက ဖေးဟုန်နတ်လှေသို့ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း သူမ နားလည်သွားသည်။
စိတ်ဝိညာဉ်စွမ်းအား လှိုင်းများသည် ပန်းပင်လယ်အတွင်း ပဲ့တင်ထပ်သွားပြီး ပန်းပွင့်များ လေထဲသို့ လွင့်ပျံတက်လာကြသည်။ ထျန်းဟုန်ဧကရီ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်၌ပင် ပန်းပင်လယ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး သူမ၏ မျက်စိရှေ့ရှိ မြင်ကွင်းသည် ခန်းမကြီး အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။
ဤအချိန်တွင် လုချန်းလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် ထူထဲသော အနီရောင် စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်နေပြီး ထိုစွမ်းအားများကြောင့် သူမ၏ အနီရောင် ဝတ်စုံသည် တလွင့်လွင့် ဖြစ်နေသည်။
ဒါက...
အနီရောင်ဝတ် အမျိုးသမီး၏ မျက်နှာကို မြင်လိုက်ရပြီးနောက် လုချန်းက နားမလည်နိုင်စွာဖြင့်
“ဟုန်ဟုန်...”
လုချန်း ဇဝေဇဝါ ဖြစ်သွားသည်။ ဖေးဟုန်နတ်လှေ၏ ဝိညာဉ်က ဘာဖြစ်နေတာလဲ။ အဘယ်ကြောင့် ရူးသွပ်နေသကဲ့သို့ ဖြစ်နေရသနည်း။
လှေဝိညာဉ်တွေကလည်း ဒေါသထွက်တတ်သလား။
ဒီပစ္စည်းကပ် ဝိညာဉ်က ကိုယ်ပိုင်အသိရှိပြီး လူသားတွေရဲ့ ဉာဏ်ရည်ကိုပါ ရထားတာများလား။
နေပါဦး...
သူမမှာ လူသားဉာဏ်ရည် ရှိတယ်ဆိုရင်တောင် ဒါက သူမ ရူးသွပ်သွားရမယ့် အကြောင်းပြချက် မဖြစ်သင့်ဘူး မဟုတ်လား။
သူ သူမကို စော်ကားမိတာ တစ်ခုခုများ ရှိလို့လား။
လုချန်း၏ အသံကို ကြားသောအခါ ထျန်းဟုန်ဧကရီ ရုတ်တရက် သတိပြန်ဝင်လာသည်။ သူမပတ်လည်ရှိ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး သူမ၏ မျက်နှာထားသည်လည်း ယခင်ကကဲ့သို့ အေးစက်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
နောက်တစ်ခဏ၌ သူမ၏ ပုံရိပ် လုံးဝ ပျောက်ကွယ်သွားသည်။
လူသူကင်းမဲ့နေသော ခန်းမဆောင်ကြီးကို ကြည့်ရင်း လုချန်း အချိန်အတော်ကြာအောင် တုံ့ပြန်နိုင်ခြင်း မရှိဖြစ်နေသည်။
ခဏကြာပြီးနောက် လုချန်းက စနစ်ကို မေးလိုက်သည်။
“စနစ်... ဖေးဟုန်နတ်လှေရဲ့ ဝိညာဉ်မှာ ဉာဏ်ရည် ရှိသင့်တယ် မဟုတ်လား။”
စနစ်က
“ပစ္စည်းကပ် ဝိညာဉ်တွေမှာ သဘာဝအလျောက် ဉာဏ်ပညာ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဆင့်တွေ ကွဲပြားမှု ရှိပါတယ်။ ဝိညာဉ် အဆင့်မြင့်လေလေ ဉာဏ်ရည်ပိုမြင့် လေလေပါပဲ။”
စနစ်၏ တုံ့ပြန်စကားကို ကြားသောအခါ ဖေးဟုန်နတ်လှေ၏ ဝိညာဉ်သည် လူသားတို့၏ ဉာဏ်ရည်ကို အမှန်တကယ် ရရှိထားကြောင်း လုချန်း ပိုယုံကြည်သွားသည်။
ထို့နောက် လုချန်း ဖေးဟုန်နတ်လှေ၏ ထိန်းချုပ်ရေး နည်းဗျူဟာပုံစံ အနီးသို့ လျှောက်သွားလိုက်သည်။ ဤအချိန်တွင် ထျန်းဟုန်ဧကရီသည် နည်းဗျူဟာပုံစံ အလယ်ဗဟို၌ ပျံဝဲနေပြီး ဟင်းလင်းပြင်ကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် စိုက်ကြည့်နေသည်။
ထျန်းဟုန်ဧကရီ၏ အနီးသို့ ရောက်ရှိပြီးနောက် လုချန်းက စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။
“ဟုန်ဟုန်... ကိုယ်ပြောတာကို မင်း နားလည်တယ်ဆိုတာ ကိုယ် သိပါတယ်။”
ထျန်းဟုန်ဧကရီက လုချန်းကို ပြန်လည်တုံ့ပြန်ခြင်း မရှိပဲ လေထဲတွင် ဆက်လက် ပျံဝဲနေကာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ ပြသခြင်း မရှိပေ။
လုချန်းက မေးလိုက်သည်။
“ကိုယ် မင်းကို တစ်ခုခု စော်ကားမိလို့လား”
ထျန်းဟုန်ဧကရီဆီက မည်သည့် တုံ့ပြန်မှုမှ မပြသသေးပေ။
ထျန်းဟုန်ဧကရီသည် ဉာဏ်ပညာ ကင်းမဲ့နေသကဲ့သို့ ဟန်ဆောင်နေဆဲ ဖြစ်သည်ကို မြင်သောအခါ လုချန်း ပို၍ စူးစမ်းလိုစိတ် ဖြစ်လာသည်။
ဤအချိန်တွင် လုချန်းက စနစ်ကို မေးလိုက်သည်။
“စနစ်.....ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို အသုံးပြုပြီး ပစ္စည်းကပ် ဝိညာဉ်အတွက် ရုပ်ခန္ဓာ ဖန်တီးပေးလို့ မရဘူးလား။”
ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်သည် ပြန်လည်သန်စွမ်းစေသောစွမ်းအား၏ အဆင့်မြင့် ကျင့်စဉ်တစ်ခုဖြစ်ပြီး ၎င်း၏ အဓိက လုပ်ဆောင်ချက်မှာ သေဆုံးသူများကို ပြန်လည်ရှင်သန်စေခြင်း ဖြစ်သည်။ သို့သော် ၎င်း၏ မူလသဘောတရားမှာ ဝိညာဉ်ရှိနေသရွေ့ ရုပ်ခန္ဓာတစ်ခုကို ပုံဖော်ပေးနိုင်ပြီး ထိုရုပ်ခန္ဓာနှင့် ဝိညာဉ် ပေါင်းစည်းနိုင်ရန် ကူညီပေးနိုင်ခြင်း ဖြစ်သည်။
ပစ္စည်းကပ် ဝိညာဉ်များသည်လည်း ဝိညာဉ်များပင် ဖြစ်ကြသည်။ ပစ္စည်း ဝိညာဉ်တစ်ခုအတွက် ရုပ်ခန္ဓာတစ်ခု ဖန်တီးပေးလိုက်လျှင် မည်သို့ ဖြစ်လာမည်ကို လုချန်း သိချင်နေသည်။
စနစ်က
“ဖြစ်နိုင်ပါတယ်”
စနစ်ထံမှ အတည်ပြုသည့် အဖြေကို ကြားသောအခါ လုချန်း ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
ဤအချိန်တွင် စနစ်က အကြံပြုသည်။
“ရုပ်ခန္ဓာ ပုံဖော်ဖို့အတွက် နဂါးဖီးနစ်သစ်ပင်ရဲ့ အကိုင်းအခက်တွေကို အခြေခံအရိုးအဖြစ် လိုအပ်ပါတယ်။”
စနစ်၏ အကြံပြုချက်ကို ကြားသောအခါ လုချန်း သိပ်အာရုံမထားပေ။ နဂါးဖီးနစ်သစ်ပင်သည် မိုးမျှော်သစ်ပင်ကြီး အဖြစ်သို့ ကြီးထွားလာပြီးဖြစ်ရာ အကိုင်းအခက် အချို့ကို ဖြတ်ယူခြင်းက ဘာပြဿနာမှ မရှိပေ။
ထို့နောက် လုချန်းက ပြုံးကာ ထျန်းဟုန်ဧကရီကို ပြောလိုက်သည်။
“ဟုန်ဟုန်... မင်း ရုပ်ခန္ဓာ လိုချင်လား။ မင်း လူသားတစ်ယောက်လို နေထိုင်နိုင်ဖို့ ကိုယ် ဖန်တီးပေးနိုင်ပါတယ်။”