← Chapters

ကောင်းကင်ဧကရာဇ် နိုးထစေရန် နည်းလမ်း ရှာမည်

Vol. 80 Ch. 1196

ကောင်းကင်ဧကရာဇ် နိုးထစေရန် နည်းလမ်း ရှာမည်

Vol. 80 Ch. 1196

ကျင့်စဉ်နှင့် နည်းပညာ ပေါင်းစပ်မှုက ထျန်းချန်ကမ္ဘာကို ပို၍လှပလာစေသည်။

အခြားသော ကျင့်စဉ်ကမ္ဘာများ၌ ကျင့်ကြံသူများသည် အဆင့်တစ်ခုသို့ ရောက်ရှိသည်နှင့် သာမန်လူများ မလုပ်ဆောင်နိုင်သည့် အရာများကို လုပ်ဆောင်နိုင်ကြသည်။ ထို့ကြောင့် ထိုကမ္ဘာမှ လူများသည် နည်းပညာပိုင်း ဆန်းသစ်တီထွင်ရန် စိတ်အားထက်သန်မှု မရှိကြပဲ ကျင့်စဉ်အပေါ်တွင်သာ အာရုံစိုက်တတ်ကြသည်။

ကျင့်စဉ်လောက၏ နည်းပညာဆန်းသစ်တီထွင်မှုတွင် စိတ်အားထက်သန်မှု အားနည်းခြင်းက ကုန်ထုတ်လုပ်မှုစွမ်းအားကို အလွန်နိမ့်ကျစေခဲ့ပြီး သာမန်ပြည်သူများ၏ ဘဝကို အလွန် ခက်ခဲစေသည်။

ကောင်းကင်မီး နိုင်ငံတော်သည်လည်း မထူးခြားပေ။ ကောင်းကင်မီးမျိုးနွယ်၏ အဓိကဝါဒမှာ ပြင်ပမှ သာမန်လူများကို ခေါင်းပုံဖြတ်ခြင်းနှင့် ဖိနှိပ်ခြင်းတို့သာ ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် ထျန်းချန်ကမ္ဘာသည် ကျင့်စဉ်နှင့် နည်းပညာ နှစ်ရပ်လုံးကို တန်ဖိုးထားသောကြောင့် သာမန်ပြည်သူများအတွက် သာယာဝပြောသော ဘဝကို ရရှိစေသည်။

ဤကဲ့သို့ ကွဲပြားခြားနားသော ကမ္ဘာကို မြင်တွေ့ပြီးနောက် မုချင်းလန်စိတ်ထဲ လုချန်းကို ပို၍လေးစားအားကျလာသည်။ ဤမျှ အံ့သြဖွယ်ကောင်းသော ကမ္ဘာကို ဖန်တီးပေးသည့်အတွက် ကောင်းကင်ဧကရာဇ်ဟူသော ဘွဲ့ထူးနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။

ဤမျှကြီးမားသော ကံစွမ်းအားကို ထျန်းချန်ကမ္ဘာ ပိုင်ဆိုင်ထားခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

မုချင်းလန်သည် ရွှမ်ယွမ်ယွမ်ချီနှင့်အတူ လမ်းမအမြောက်အမြားကို လျှောက်သွားရင်း စက်မှုထုတ်ကုန် အမြောက်အမြား ကို ဝယ်ယူခဲ့သည်။ ဤပစ္စည်းများသည် နန်းတွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ဝယ်ယူရန်မလိုကြောင်း ရွှမ်ယွမ်ယွမ်ချီက ပြောခဲ့သော်လည်း မုချင်းလန်ကတော့ အမြောက်အမြား ဝယ်ယူခဲ့သေးသည်။

နဂါးနက်မြို့သည် အလွန်ကျယ်ဝန်းလွန်းလှသဖြင့် ညမိုးမချုပ်မီ နေရာအနှံ့ လျှောက်လည်ပတ်ရန် မဖြစ်နိုင်ပေ။ နောက်ပိုင်းတွင် သူမသည် ကောင်းကင်ဧကရာဇ်၏ အစောင့်အရှောက် ဖြစ်လာမည်ဖြစ်ပြီး နဂါးနက်မြို့ကို လှည့်လည်ကြည့်ရှုရန် အချိန်များစွာ ရှိဦးမည်ဟု တွေးမိသဖြင့် အလျင်မလိုတော့ပဲ နန်းတော်သို့ ခေါ်ဆောင်သွားရန်သာ ရွှမ်ယွမ်ယွမ်ချီကို ပြောလိုက် တော့သည်။

နန်းတော်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် လုချန်းနှင့် ကံကြိုးမျှင်များ ဆက်နွယ်နေသော လှပသည့် မိန်းမပျို အမြောက်အမြားကို မုချင်းလန် တွေ့လိုက်ရသည်။

ဤအရာကို မြင်လိုက်ရသောအခါ နန်းကုန်းညီအစ်မများ၏ စကားကို သူမ လုံးဝယုံကြည်သွားပြီး မုချင်းလန်၏ မျက်ခုံးများလည်း အနည်းငယ် တွန့်သွားသည်။ ဤခေတ်ကာလမှ ကောင်းကင်ဧကရာဇ်တွင် ကျင့်ကြံဖော်များစွာ ရှိနေပြီး အလွန် ပျော်ပါးနေပုံရသည်။

ကောင်းကင်ဧကရာဇ်၏ ဘေးနားတွင် စွမ်းအားစုပ်ယူသော နတ်ဆိုးမ အမြောက်အမြား ရှိနေသဖြင့် ကျင့်စဉ်အတွက် စိတ်ပါဝင်စားမှု ရှိနိုင်ပါသေးရဲ့လား။

ကျင့်စဉ်ကို အာရုံမစိုက်လျှင် ကောင်းကင်ဧကရာဇ်သည် သူ၏ ကျင့်စဉ်အဆင့်နှင့် အင်အားကို မည်သည့်အချိန်မှ အပြည့်အဝ ပြန်လည်ရရှိမည်နည်း။

မဖြစ်ပါ....

ကောင်းကင်ဧကရာဇ်ကို ဤကဲ့သို့ ယိုယွင်းနေသော အခြေအနေမျိုးတွင် ဆက်ရှိနေရန် သူမ ခွင့်မပြုနိုင်ပေ။ ကောင်းကင်ဧကရာဇ် ကျင့်စဉ်အပေါ် အပြည့်အဝ အာရုံစိုက်နိုင်စေရန် နည်းလမ်းတစ်ခု သူမ စဉ်းစားရမည်။

ဝူကျန်းဝမ်က မုချင်းလန်အနားသို့ လျှောက်လာပြီး ဖော်ရွေသော မျက်နှာထားဖြင့် နှုတ်ဆက်လိုက်သည်။

“ကျွန်မနာမည်က ဝူကျန်းဝမ်ပါ။ မင်းကြီးရဲ့ ကျင့်ကြံဖော်တွေထဲက တစ်ယောက်ပါ။ ဝါစဉ်ကြီးသူအတွက် အိပ်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်။ ကျွန်မနောက် လိုက်ခဲ့ပါ။”

မုချင်းလန် သတိပြန်ဝင်လာပြီး လျင်မြန်စွာပင်

“အဲ့ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ နောက်ဆို အစ်မလို့ပဲ ခေါ်ပါ။”

ဤနတ်ဆိုးမများကို မုချင်းလန် အနည်းငယ် သဘောမကျသော်လည်း ၎င်းတို့သည် ကောင်းကင်ဧကရာဇ်၏ ကျင့်ကြံဖော်များ ဖြစ်နေကြသဖြင့် သူမအနေနှင့် ဗြောင်ကျကျ ရန်စ၍ မရနိုင်ပေ။

ပုဂ္ဂိုလ်ရေး ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းထားရန် လိုအပ်ပေသည်။

သူတို့အား အစ်မဟု ခေါ်ခွင့်ပြုသည်ကို မြင်လိုက်ရသောအခါ မုချင်းလန်နှင့် လုချန်းကြားရှိ ဆက်ဆံရေးကို ထိုမိန်းမပျိုများ နားလည်သွားကြပြီး သေလည်း သေချာသွားကြသည်။

အစောင့်အရှောက်ဟု ဆိုသော်လည်း ပို၍ တိကျစွာ ပြောရလျှင် အစောင့်အရှောက်မှာ လုချန်းသာဖြစ်ပြီး သူမက ကာကွယ်စောင့်ရှောက်ခံရသူ ဖြစ်သည်။ မည်သည့် လမ်းစဉ်ကို ကာကွယ်စောင့်ရှောက်နေသည်ကိုလည်း သူတို့ ရှင်းလင်းစွာ သိထားကြသည်။

ဝူကျန်းဝမ်က

“ဒါဆိုလည်း ကောင်းပါပြီ၊ အစ်မမု... ကျွန်မနဲ့ လိုက်ခဲ့ပါ။”

ထိုစကားများနှင့်အတူ ဝူကျန်းဝမ်လည်း မုချင်းလန်အတွက် ပြင်ဆင်ထားသော အိပ်ဆောင်သို့ ခေါ်သွားခဲ့သည်။ မုချင်းလန်၏ အိပ်ဆောင်သည် ယွမ်ရှန်ရှန်၏ အိပ်ဆောင်နှင့် အလွန်နီးကပ်ပြီး ကပ်လျက်နီးပါးတွင် ရှိသည်။

ယွမ်ရှန်ရှန်၏ အိပ်ဆောင်အပြင်ဘက်မှ မုချင်းလန် ဖြတ်လျှောက်သွားချိန်တွင် တိုးညှင်းသော အော်ဟစ်သံအချို့ကို သူမ ရေရေရာရာ ကြားလိုက်ရသည်။ ပုံမှန်မဟုတ်သော အရာတစ်ခုကို အာရုံခံမိသဖြင့် ဝူကျန်းဝမ်နောက်သို့ ဆက်မလိုက်တော့ပဲ သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

မုချင်းလန်က မေးလိုက်သည်။

“အသံတချို့ ကြားလိုက်ရလား”

ဘေးချင်းကပ် အိပ်ဆောင်မှ ထွက်ပေါ်လာသော အသံများကို အာရုံစိုက် နားထောင်နေသည့် မုချင်းလန်ကို ကြည့်ရင်း ဝူကျန်းဝမ်လည်း ရပ်တန့်လိုက်သည်။

ဤအရာကို ဝူကျန်းဝမ် အံ့သြခြင်း မရှိတော့ပေ။ အမှောင်ကျသည်အထိ လုချန်း စောင့်ဆိုင်းနိုင်ခြင်းကပင် တိုးတက်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ အတိတ်ကသာဆိုလျှင် နေ့ဘက် ပြန်ရောက်သည်နှင့် ဇနီးသည်တစ်ယောက်ကို အခန်းထဲခေါ်သွားပြီး စုံတွဲကျင့်စဉ် ကျင့်လောက်သည်။

ဝူကျန်းဝမ်က

“အစ်မမု။ ဒီလိုအသံတွေက နန်းတော်ထဲမှာ ပုံမှန်ပါပဲ။ အစ်မ သိပ် ပြီး စိတ်ပူနေစရာ မလိုပါဘူး။”

ဟမ်...

ဒီလိုအသံတွေ မကြာခဏ ရှိတယ်လား။

မုချင်းလန် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ၎င်းသည် အမျိုးသမီးတစ်ဦး၏ ငိုယိုအော်ဟစ်သံ ဖြစ်ကြောင်း ရှင်းလင်းနေသည်။ ဤကဲ့သို့ အသံမျိုးက ဘယ်လိုလုပ်ပြီး မကြာခဏ ပေါ်နိုင်မည်နည်း။

ဘာတွေများ ဖြစ်နေတာလဲ။

နန်းတော်အတွင်း၌ မနှစ်မြို့ဖွယ်ရာ ကိစ္စတစ်ခုခု ဖြစ်ပျက်နေခြင်းများလား။

ချက်ချင်းပင် နန်းတော်တစ်ခုလုံးကို စုံစမ်းစစ်ဆေးရန် သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ ဦးနှောက် ဗလာဖြစ်သွားသည်။

ယွမ်ရှန်ရှန်၏ အိပ်ဆောင်အတွင်း၌ ဖြစ်ပျက်နေသည့်အရာကို သိလိုက်သောအခါ ထို အသံများ အဘယ်ကြောင့် မကြာခဏ ဖြစ်နေရသည်ကို မုချင်းလန် နားလည်သွားသည်။

မုချင်းလန်၏ မျက်နှာ အနည်းငယ် ရဲတက်လာသည်ကို ခံစားလိုက်ရပြီး ဝူကျန်းဝမ်ကို သူမ လျင်မြန်စွာ ပြောလိုက်သည်။

“သွားကြစို့”

မုချင်းလန် ရုတ်တရက် အလျင်လိုသွားသည်ကို မြင်လိုက်ရသဖြင့် လုချန်း လုပ်နေသည့်အရာကို မုချင်းလန် ချောင်းကြည့်လိုက်မှန်း ဝူကျန်းဝမ် သိလိုက်သည်။ သို့သော် မုချင်းလန်လည်း မကြာမီ ထိုအရာကို ကြုံတွေ့ရ တော့မည်မှန်း သိနေသဖြင့် သူမ ထုတ်မပြောတော့ပေ။

ထို့နောက် ယွမ်ရှန်ရှန်၏ ဘေးရှိ အိပ်ဆောင်သို့ မုချင်းလန်အား ခေါ်ဆောင်သွားခဲ့သည်။

သူတော်စင် တစ်ပါးအနေနှင့် မုချင်းလန်၏ အာရုံခံနိုင်စွမ်းသည် သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်သည်။ ဘေးချင်းကပ် အိပ်ဆောင်သို့ ရောက်ရှိချိန်၌ပင် ယွမ်ရှန်ရှန်၏ အသံကို သူမ ကြားနေရဆဲ ဖြစ်သည်။

မုချင်းလန်၏ မျက်နှာ အလွန် အေးစက်သွားပြီး မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။ ထိုမိန်းမ ကောင်းကင်ဧကရာဇ်၏ ဆရာမ ဖြစ်လာခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ သူမက ဤကဲ့သို့ ရှက်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးပြုနေခြင်းဖြစ်သည်။

ယွမ်ရှန်ရှန်သည် လုချန်းကို ဖမ်းစားရန် သူမ၏ ခန္ဓာကိုယ်ကို အသုံးပြုနေခြင်းသာဖြစ်သည်။ သူမ၌ စစ်မှန်သော စွမ်းရည်မရှိသည့်အပြင် ကောင်းကင်ဧကရာဇ်ကိုလည်း မည်သည့် ကောင်းမွန်‌သော အရာကိုမှ သင်ပေးနေခြင်း မရှိလောက်ဟု မုချင်းလန် ခံစားမိလိုက်သည်။

၎င်းတို့၏ ဆရာတပည့် ဆက်ဆံရေးသည် သန့်ရှင်းစင်ကြယ်ခြင်း မရှိပေ။

ဒီနတ်ဆိုးမ...

ကောင်းကင်ဧကရာဇ်အစစ် နှိုးထလာစေရန်နှင့် ဤမိန်းမများ၏ မျက်နှာအစစ်အမှန်များကို ဖော်ထုတ်ရန် နည်းလမ်းတစ်ခု သူမ ရှာဖွေရမည်။

မုချင်းလန်၏ မျက်နှာထား ပြောင်းလဲသွားသည်ကို ဝူကျန်းဝမ် သတိပြုမိပြီး ချက်ချင်း ပြောလိုက်သည်။

“အစ်မမု..... တကယ်လို့ တစ်ခုခုလိုအပ်ရင် အိပ်ဆောင်ထဲက အစေခံတွေကို အချိန်မရွေး ပြောနိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်မဆီ တိုက်ရိုက်လာခဲ့လို့လည်း ရပါတယ်။”

မုချင်းလန်က ခံစားချက်မဲ့စွာ တုံ့ပြန်လိုက်သည်။

“ကောင်းပါပြီ။ ကျွန်မ သိပါပြီ။ ညီမကျန်းဝမ် လုပ်စရာရှိတာ သွားလုပ်လို့ရပါပြီ။”

ဝူကျန်းဝမ်လည်း စကားဆက်မပြောတော့ပဲ မုချင်းလန်၏ အိပ်ဆောင်မှ ထွက်ခွာသွားသည်။ ဝူကျန်းဝမ် ထွက်သွားသည်နှင့် မုချင်းလန်၏ မျက်နှာ ပို၍ပင် အေးစက်သွားပြီး ဒေါသကြောင့် ဖြစ်လာသော သူမ၏ ဓားအငွေ့အသက်ကို မနည်း ထိန်းချုပ်ထားရသည်။

ခဏခန့် ကြာပြီးနောက် ဤကိစ္စကို ကိုင်တွယ်ရန စိတ်လော၍ မရကြောင်း တွေးလိုက်ပြီး ဒေါသထွက်နေသော စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ကောင်းကင်ဧကရာဇ်သည် အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်လည်မရရှိသေးပေ။ ကောင်းကင်ဧကရာဇ်၏ ကိစ္စများကို သူမ အလွန်အကျွံ ဝင်ရောက်စွက်ဖက်ပါက သူ၏ မနှစ်သက်မှုကိုသာ ဖြစ်စေနိုင်သည်။

ကောင်းကင်ဧကရာဇ်၏ စိတ်ကို ကျင့်စဉ်ဘက်သို့ ပြန်ရောက်စေလိုပါက ပထမဦးစွာ သူ၏ ကျင့်ဖော်များကို သူမ ရန်လုပ်၍ မရပေ။ ရန်လုပ်၍ မရရုံသာမက သူတို့နှင့် ပို သင့်မြတ်အောင် ပေါင်းသင်းရမည်ဖြစ်သည်။ ထို့နောက်မှ ကောင်းကင်ဧကရာဇ်ကို လမ်းမှန်ပေါ် ပြန်ရောက်စေရန် ၎င်းတို့ကို အသုံးပြုရမည်ဖြစ်သည်။

…….

ထိုအချိန်တွင်။

ဘေးချင်းကပ် အိပ်ဆောင်အတွင်း၌။

လုချန်းသည် လေ့ကျင့်ခန်းကို ဆက်လုပ်နေသည်။ ထိုအချိန်တွင် လုချန်း၏ လေ့ကျင့်ခန်းကို ကူညီပေးနေသော ယွမ်ရှန်ရှန်က

“ဟွန်း... ရှင် တမင်သက်သက် လုပ်နေတာပဲ”

မုချင်းလန် ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ် စွမ်းအားမှာ အလွန် သိမ်မွေ့သော်လည်း ယွမ်ရှန်ရှန် အာရုံခံမိနေဆဲ ဖြစ်သည်။ ဤမျှ နီးကပ်သော အကွာအဝေးတွင် ရှိနေသည့် သူတော်စင် တစ်ပါးအနေနှင့် သူမတို့ကို သတိမထားတာ မဖြစ်နိုင်ပေ။

ဘေးခန်းမှ သူတော်စင်မအကြောင်း တွေးမိပြီးနောက် လုချန်း ရူးသွပ်သွားပြီး ကြမ်းတမ်းနေတာလား ဆိုတာကတော့ တွေးစရာပင် ဖြစ်နေသည်။

လုချန်းကတော့ တိတ်ဆိတ်နေပြီး ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်ကို တိတ်တဆိတ် လည်ပတ်စေလျက် သူ၏ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေသည်။

All Chapters