← Chapters

ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်

Vol. 80 Ch. 1197

ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်

Vol. 80 Ch. 1197

စကားတစ်ခွန်းမှ မပြောပဲ အလုပ်ရှုပ်နေသော လုချန်းကို မြင်လိုက်ရသဖြင့် ယွမ်ရှန်ရှန် စိတ်ပျက်အားငယ်သွားသည်။

ဒီလူက တကယ်ပါပဲ...

ထိုကဲ့သို့ ပုန်ကန်တတ်သော တပည့်မျိုးနှင့် ကြုံတွေ့ရသည်မှာ သူမ၏ ကံဆိုးမှုပင် ဖြစ်သည်။

လုချန်းကို ဆက်လုပ်ခွင့်ပြုရန် ယွမ်ရှန်ရှန် အဆင်သင့်ဖြစ်နေချိန်တွင် သူမ၏ ခန္ဓာကိုယ်၌ ထူးဆန်းသော ခံစားမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ ယွမ်ရှန်ရှန် အံ့အားသင့်သွား၏။

ဘာတွေဖြစ်ကုန်တာလဲ။

အချိန်မတန်သေးပဲ အဘယ်ကြောင့် ဤကဲ့သို့ သူမ ခံစားနေရသနည်း။

နောက်တစ်ခဏတွင် ထိုခံစားမှုက ပို အားကောင်းလာပြီး ယွမ်ရှန်ရှန်၏ အသိစိတ်ကို လုံးဝ လွှမ်းမိုးသွားသည်။ အချိန်မည်မျှ ကြာသွားသည်မသိ နောက်ဆုံးတွင် သူမ တဖြည်းဖြည်း သတိပြန်ဝင်လာသည်။

တည်ငြိမ်မှု ပြန်လည်ရရှိလာသော အခါမှ ယွမ်ရှန်ရှန်က ခေါင်းလှည့်လိုက်ပြီး ကြမ်းတမ်းစွာ ပြုမူနေဆဲဖြစ်သည့် လုချန်းကို ကြည့်လိုက်သည်။ သုမ၏ မျက်လုံးများထဲတွင် မျက်ရည်စ အနည်းငယ် ရှိနေသော်လည်း လုချန်းကို စိုက်ကြည့်နေပြီး အနည်းငယ် နာကြည်းသလို ပုံစံပေါက်နေသည်။

နာကြည်းနေပုံရသော အေးစက်သည့် နတ်သမီးကို မြင်လိုက်ရသဖြင့် လုချန်း၏ စိတ်များ ပို၍မငြိမ်မသက် ဖြစ်လာသည်။

ယွမ်ရှန်ရှန်က အလျင်အမြန်ပင်

“ဘာတွေ ဖြစ်နေတာလဲ။ ရှင်..ဘာလုပ်လိုက်တာလဲ။”

လုချန်းက ပြုံး၍

“ကိုယ်ဘာမှ မလုပ်ပါဘူး”

ယွမ်ရှန်ရှန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ လုချန်း ဘာမှမလုပ်ဘူးဆိုတာကို သူမ မယုံကြည်ပေ။ သူမ၏ ခန္ဓာကိုယ်အကြောင်း သူမ ကောင်းကောင်းသိ၏။

အဆင်သင့်မဖြစ်သေးပဲ မည်သို့ ရုတ်တရက်...။

လုချန်းဘက်က နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုခဲ့တာ ထင်ရှားသည်။

မိန်းမပျိုများနှင့် ပတ်သက်လာလျှင် ဤပုန်ကန်တတ်သော တပည့်၌ လှည့်ကွက်အနည်းငယ် ရှိနေတတ်သည်။ တစ်နေရာရာမှ မရိုးဖြောင့်သော နည်းလမ်းအချို့ကို သူ ထပ်မံသင်ယူခဲ့ခြင်း ဖြစ်နိုင်သည်။

ယွမ်ရှန်ရှန် တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် လုချန်းက ရုတ်တရက် ကိုင်းညွှတ်လိုက်ပြီး သူမ၏ ခါးကို လက်တစ်ဖက်ဖြင့် ဖက်ကာ နှုတ်ခမ်းများကို ပိတ်ဆို့လိုက်သည်။

“အွန်း...”

ထိုခံစားမှုကို ယွမ်ရှန်ရှန် ထပ်မံကြုံတွေ့လိုက်ရသည်။

ယွမ်ရှန်ရှန်၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်တစ်ခဏတွင် သူမ၏ ဦးနှောက်ထဲ ဗလာဖြစ်သွားသည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ဘာတွေဖြစ်နေလဲဆိုတာကို ယွမ်ရှန်ရှန် လျင်မြန်စွာ နားလည်သွားသည်။ သူမ၏ စိတ်ခံစားမှုများ လှုပ်ရှားလာတိုင်း ဤပုန်ကန်တတ်သော တပည့်က သူတို့၏ အာရုံခံစားမှုများကို ချိတ်ဆက်ရန် အထူးနည်းလမ်းတစ်ခုကို အသုံးပြုနေပုံရသည်။

လုချန်း တစ်စုံတစ်ခုကို ခံစားရတိုင်း သူမလည်း ထပ်တူလိုက်၍ ခံစားနေရသည်။

သူမအပေါ် ထိုကဲ့သို့သော နည်းလမ်းမျိုးအသုံးပြုခဲ့မှန်း သိလိုက်ရသဖြင့် ယွမ်ရှန်ရှန်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ဖြစ်ပေါ်လာသည်။ စုံတွဲကျင့်စဉ်ကို သူမ မငြင်းဆန်ပေ။ ဘာပဲဖြစ်ဖြစ် လုချန်းက သူမ၏ အမျိုးသား ဖြစ်သည်။

သို့သော် သူမကို ကိုင်တွယ်ရန် ဤနည်းလမ်းကို လုချန်းက အသုံးပြုနေသည်။ ဤအရာက သူမ၏ စိတ်ကို ရှုပ်ထွေးသွားစေသည့်အတွက် ယွမ်ရှန်ရှန် အနည်းငယ် မပျော်မရွှင် ဖြစ်မိသည်။

ထိုအချိန်တွင် ယွမ်ရှန်ရှန်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး လုချန်းကို စိုက်ကြည့်နေသည်။ လုချန်းလည်း တည်ငြိမ်သွားပြီး ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ပေါ်တွင် လက်များဖြင့် ပွတ်သပ်ရင်း ငုံ့ကြည့်နေသည်။

ယွမ်ရှန်ရှန်က ထပ်မေးလိုက်သည်။

“ပြောပါဦး။ ဒီတစ်ခါ ဘယ်လိုနည်းလမ်း သုံးလိုက်တာလဲ။”

ယွမ်ရှန်ရှန်၏ ဆံပင်များကို ညင်သာစွာ ကစားရင်း

“ကိုယ် ဘာနည်းလမ်းမှ မသုံးတာကော မဖြစ်နိုင်ဘူးလား။ ဒါက ဆရာမရဲ့ ကိုယ်ပိုင်ခံစားချက် သက်သက်ဖြစ်မနေနိုင်ဘူးလား။”

ယွမ်ရှန်ရှန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ကျွန်မကို အရူးလို့ ထင်နေလား။”

သူ၏ လှည့်ကွက်လေးကို ယွမ်ရှန်ရှန် ရိပ်မိနေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် လုချန်းလည်း ဆက်လက်ငြင်းခုန်မနေတော့ပဲ

“ဒါက စုံတွဲကျင့်စဉ်တစ်ခုပါပဲ။ ဒီကျင့်စဉ်ကို ကျင့်ကြံနေစဉ်မှာ ကျင့်စဉ်အတွက် ပို အထောက်အကူပြုဖို့ နှစ်ဖက်စလုံးရဲ့ ခံစားချက်တွေက ထပ်တူကျသွားတာပါ။”

ယွမ်ရှန်ရှန် လုချန်းကို စိုက်ကြည့်လိုက်သည်။ ကောက်ကျစ်သော လှည့်ကွက်တစ်ခုကို ဒီလူ အသုံးပြုခဲ့မှန်း သူမ သိနေသည်။

ထို့နောက် ယွမ်ရှန်ရှန်က

“နောက်ဆိုရင် ကျွန်မအပေါ် ဒီနည်းလမ်း မသုံးရဘူးနော်။”

လုချန်းက

“ဘာလို့လဲ”

ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်

“ကျွန်မ မကြိုက်လို့”

အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ သူမ၏ ခန္ဓာကိုယ်ကို သူမကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း မရှိခြင်းကို သူမ မကြိုက်ပေ။

လုချန်းကို အပြည့်အဝ လက်ခံပြီးကတည်းက လုချန်း ထိုကိစ္စအတွက် ရောက်လာတိုင်း ကျင့်စဉ်အပေါ် သူမ အာရုံစိုက်လေ့ရှိသည်။ ဒီလူက လှည့်ကွက်အမျိုးမျိုး သုံးသဖြင့် အာရုံစိုက်ရန် ခက်ခဲသော်လည်း ခဏကြာလျှင် သူမ၏ စိတ်နှင့် ခန္ဓာကိုယ်က တည်ငြိမ်သွားတတ်သည်။

တည်ငြိမ်သွားတိုင်း သူမ ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်ကာ လုချန်း သဘောရှိ လုပ်ဆောင်ခွင့် ပေးထားတတ်သည်။ သို့သော် ယခု လုချန်းက ထိုမိစ္ဆာကျင့်စဉ်ကို အသုံးပြုလိုက်သည်သဖြင့် ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ။

အာရုံခံစားမှုများကို မျှဝေပြီးနောက် လုချန်းက သူမ၏ စိတ်ခံစားချက်များကို အဆက်မပြတ် လှုပ်ရှားစေသဖြင့် ကျင့်ကြံရန် မဆိုထားနှင့် တည်ငြိမ်အောင်ပင် လုံးဝ မလုပ်နိုင်တော့ပေ။

ယွမ်ရှန်ရှန်၏ အေးစက်သော အမူအရာကို မြင်လိုက်ရသဖြင့် လုချန်း၏ စိတ်ထဲ ရမ္မက်မီးတောက်များ ထပ်မံတောက်လောင်လာတော့သည်။ ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်ကြောင့် လုချန်း၏ စိတ်ခံစားချက်များကို ယွမ်ရှန်ရှန်လည်း ထင်ရှားစွာ ခံစားလိုက်ရသည်။

ဒီသစ္စာဖောက်.....

ထို့နောက် လုချန်း လှဲချလိုက်ပြီး ယွမ်ရှန်ရှန်၏ နားနားကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကိုယ်ကတော့ ဒီလိုပဲ လုပ်ရမှာပဲ။ မင်း ကိုယ့်ကို ဘာလုပ်နိုင်မှာလဲ။”

“ရှင်”

လုချန်း၏ စကားကို ကြားလိုက်ရသဖြင့် ယွမ်ရှန်ရှန် ပို‌၍ ဒေါသထွက်သွားသော်လည်း သူမ ဘာမှ မတတ်နိုင်ပေ။

ယွမ်ရှန်ရှန်သည် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အချိန်အများစုတွင် သူမ၏ စိတ်က ထိုကိစ္စများအပေါ် မရှိကြောင်း လုချန်း သိထားပြီးဖြစ်သည်။ ရက်အနည်းငယ်ခန့်သာ သူမ ထိုအရာကို ခံစားတတ်သည်။ ထိုရက်များ ကုန်လွန်သွားပြီး အနည်းငယ် အမူးပြေသွားသည်နှင့် ကျင့်စဉ်အပေါ် အာရုံစိုက်တတ်သည်။

သို့သော် ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်ကြောင့် အခြေအနေ ကွာခြားသွားပြီဖြစ်သည်။ အနာဂတ်တွင် အမူးပြေရန် မဖြစ်နိုင်တော့ပေ။

ထိုအချိန်တွင် လုချန်းလည်း သူ၏ ကိစ္စများနှင့် စတင်အလုပ်ရှုပ်နေတော့သည်။

ထိုအချိန်တွင် ဘေးချင်းကပ် အိပ်ဆောင်၌ မုချင်းလန်သည် ပြတင်းပေါက်နားတွင် ရပ်လျက် ယွမ်ရှန်ရှန်၏ အိပ်ဆောင်ဘက်သို့ အေးစက်စက် ကြည့်နေသည်။

တကယ်တော့ နန်းတော်၏ အသံလုံခန်းများက အလွန် ကောင်းမွန်လှသည်။ သာမန်လူသာဆိုလျှင် ဘေးခန်းမှ အသံများကို ကြားနိုင်မည် မဟုတ်သော်လည်း မုချင်းလန်ကတော့ သူတော်စင်အဆင့် ဖြစ်သည်။ သူမ၏ အားကောင်းသော အာရုံခံနိုင်စွမ်းကြောင့် ဘေးခန်းမှ အသံများ၊ တိုးညှင်းသော စကားသံများကိုပင် ရှင်းလင်းစွာ ကြားနေရသည်။

သူမ ခိုးမနားထောင်ချင်သော်လည်း မတတ်နိုင်‌ပေ။ ကောင်းကင်ဧကရာဇ် ပျက်စီးသွားပြီး ရည်မှန်းချက် ကင်းမဲ့သွားစေရန် ထိုနတ်ဆိုးမက သူမ၏ အလှအပကို မည်သို့အသုံးပြုနေတာလားဟု သူမ သိချင်နေသည်။

သို့သော် ချောင်းမြောင်းကြည့်ရှုပြီးနောက် အခြေအနေများက သူမ ထင်ထားသလို မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ တကယ်တမ်းတွင် ကောင်းကင်ဧကရာဇ်ကသာ စတင်လှုပ်ရှားနေခြင်း ဖြစ်သည်။ သူ၏ ဆရာမသည် ထွက်ပြေးချင်လျှင်ပင် မပြေးနိုင်ပေ။

ကောင်းကင်ဧကရာဇ်တစ်‌ယောက် ယခု ကဲ့သို့ အခြေအနေမျိုး ရောက်သွားပြီဟု တွေးမိပြီး မုချင်းလန် သက်ပြင်းမချပဲ မနေနိုင်တော့ပေ။ ကောင်းကင်ဧကရာဇ် ပုံမှန်ပြန်ဖြစ်လာစေရန်နှင့် သူ၏ စိတ်အာရုံအားလုံးကို ကျင့်စဉ်အပေါ် အာရုံစိုက်လာစေရန်မှာ လွယ်ကူသော အလုပ်တစ်ခု ဟုတ်ပုံမရ‌တော့ပေ။

သို့သော် မည်မျှပင် ခက်ခဲပါစေ နည်းလမ်းတစ်ခု သူမ ရှာရမည်။ အတိတ်ဘဝက ကောင်းကင်ဧကရာဇ်၌ ရန်သူများစွာ ရှိခဲ့တာကို ထားလိုက်ဦး ဤဘဝတွင်ပင် ကောင်းကင်ဧကရာဇ်နှင့် မနီးမဝေးတွင် အားကြီးသော ရန်သူတစ်ယောက် ရှိနေသည်။

တောင်ဝင်တောင်တန်း နယ်ပယ်သခင်သည် ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နှစ်ငါးထောင်အတွင်း ဧကရာဇ်အစစ် ဖြစ်လာနိုင်သည်။ ကောင်းကင်ဧကရာဇ် ရှိနေသည်ကို သူ သိသွားပါက တိုက်ရိုက် လာရောက်တိုက်ခိုက်နိုင်သည်။

ကောင်းကင်ဧကရာဇ် ဒီလို ဆက်ပြီး ပျက်ဆီးနေလို့ မဖြစ်ချေ။

မုချင်းလန် ထိုသို့ တွေးနေစဉ်မှာပင် ဘေးခန်းမှ နတ်ဆိုးမ၏ တောင်းပန်သံ ထွက်ပေါ်လာသည်။

“တပည့်..... ဆရာမ အမှားကို သိပါပြီ”

“ မလုပ်ပါနဲ့...”

“ပုန်ကန်တတ်တဲ့... ကောင်စုတ်...”

မုချင်းလန်၏ အိပ်ဆောင်အတွင်း၌ ဓားအငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာသော်လည်း ကံကောင်းထောက်မစွာပင် သူမ ထိန်းချုပ်လိုက်နိုင်ခဲ့သည်။ မဟုတ်ပါက အိပ်ဆောင်တစ်ခုလုံး သူမ၏ ဓားအငွေ့အသက်ကြောင့် ပျက်စီးသွားလောက်သည်။

……

မျက်စိတစ်မှိတ်အတွင်း တစ်လ ကုန်လွန်သွားသည်။

ယွမ်ရှန်ရှန် လုံးဝ မလှုပ်နိုင်တော့သလို မုချင်းလန်လည်း စိတ်ကုန်သွားသည်။

ကောင်းကင်ဧကရာဇ် ဤအဆင့်ထိ ကျဆင်းသွားလိမ့်မည်ဟု သူမ တစ်ခါမှ စိတ်ကူးပင်မယဉ်ဖူးပေ။

မုချင်းလန်၏ ရင်ထဲ စိုးရိမ်ပူပန်မှုများသာ ရှိနေ၏။ သို့သော် ဤအချိန်တွင် မည်သည့်အရာကိုမှ သူမ မလုပ်ရဲပေ။

ထိုအချိန်မှာပင် အစေခံတစ်ဦးက လက်ဖက်ခြောက်တစ်ထုပ်ကို ကိုင်ဆောင်လျက် မုချင်းလန်၏ အိပ်ဆောင်ထဲသို့ ဝင်လာသည်။

“သခင်မ... ...ဒါက ကျင့်စဉ်အတွက် ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်ပါ။ သခင်မ လိုအပ်ရင် အရသာမြည်းကြည့်ဖို့ ဖျော်သောက်နိုင်တယ်လို့ မိဖုရားကြီးဝူက မှာလိုက်ပါတယ်။”

မုချင်းလန် သူမ၏ အတွေးများ ရပ်တန့်သွားပြီး အစေခံလက်ထဲမှ လက်ဖက်ခြောက်ထုပ်ကို ကြည့်ကာ မျက်နှာပေါ်၌ မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာသည်။

ဉာဏ်အလင်းပွင့် လက်ဖက်ခြောက် ဟုတ်လား။

အစစ်လား အတုလား။

သူတော်စင်အဆင့် တစ်ဦးအနေနှင့် ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်၏ တန်ဖိုးရှိမှုကို သူမ ကောင်းစွာသိသည်။ အထူးသဖြင့် ဤအရာမျိုးက ဧကရာဇ်ဖြစ်ခါနီး ဧကရာဇ်တစ်ပိုင်းအဆင့်များအတွက် ဖြစ်သည်။ အချို့သော ဧကရာဇ်လောင်းများသည် ထိုသို့ အဆင့်တက်နိုင်ရန် ဉာဏ်အလင်းပွင့် လက်ဖက်ရည် တစ်ခွက်သာ လိုအပ်သည်။

All Chapters