← Chapters

မနှိုးဆော်သင့်သော သူများ

Vol. 26 Ch. 377

မနှိုးဆော်သင့်သော သူများ

Vol. 26 Ch. 377

~“မင်းမှာ အရည်အချင်းမရှိဘူး”

ဖုန်းဝူချန်၏ စကားတစ်ခွန်းက ကျိထျန်းရှန်အား ထိုနေရာတွင်ပင် ကြက်သေ သေသွားစေသည်။ သူ လုံးဝ မလှုပ်မယှက်နိုင်တော့ပေ။

'ရှောင်ယောင်' နန်းတော်မှ လူများအားလုံးလည်း အံ့အားသင့် မင်သက်သွားကြ၏။ အခြား ပါရမီရှင်များ၏ မျက်နှာများပေါ်တွင်လည်း အမူအရာများ တင်းခနဲ ဖြစ်သွားကြသည်။

ဖုန်းဝူချန်၏ စကားက ဘယ်လောက်တောင် မောက်မာလွန်းသလဲ။

ကျိထျန်းရှန်သည် ’ကောင်းကင်ဘုံ မြောက်ပိုင်းနယ်မြေ’ ၏ ထိပ်သီး ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သို့သော် ဖုန်းဝူချန်က သူ့အား အရည်အချင်း မရှိဟု ပြောလိုက်ခြင်း ဖြစ်သည်။

'ရှောင်ယောင်' နန်းတော်သည် တစ်ဖန်ပြန်လည်၍ တိတ်ဆိတ်သွားရပြန်သည်။

“ရပ်လိုက်စမ်း”

ဖုန်းဝူချန်က လှည့်ထွက်၍ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အကြီးအကဲတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ အေးစက်သော သတ်ဖြတ်လိုစိတ်များက 'ထျန်းယွမ်ဘုံ' နဝမအလွှာ၏ ဖိအားနှင့်အတူ ပျံ့နှံ့ထွက်ပေါ်လာ၏။

ထိုသူမှာ 'ရှောင်ယောင်' နန်းတော်၏ အဓိက အကြီးအကဲဖြစ်ပြီး သူ၏ မျက်နှာမှာ အလွန်တရာ အရုပ်ဆိုး အကျည်းတန်နေလေသည်။

“ဘာပြဿနာ ရှိလို့လဲ”

ဖုန်းဝူချန်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်ကာ မေးလိုက်သည်။ သူ၏ အမူအရာတွင် ကြောက်ရွံ့ခြင်း အရိပ်အယောင် တစ်စွန်းတစ်စမျှ မရှိပေ။

“မလေးမခန့်နိုင်တဲ့ ကောင်စုတ်လေး။ မင်းက 'ရှောင်ယောင်' နန်းတော်ကို လုံးဝ အလေးမထားတာပဲ။ နန်းတော်သခင်လေးကို အခုလို စော်ကားတာကို 'ရှောင်ယောင်' နန်းတော်က ဘယ်လိုမှ သည်းခံနေနိုင်မှာ မဟုတ်ဘူး”

အဓိက အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ပခုံးတွန့်ကာ

ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

“သူက ကျွန်တော့်ကို လာစိန်ခေါ်တာလေ။ ပြီးတော့ ကျွန်တော် ပြောတာကလည်း အမှန်တရားပဲ။ ကျိထျန်းရှန်က တကယ်ပဲ အရည်အချင်းမရှိဘူး။ သူ 'ရှောင်ယောင်' နန်းတော်မှာပဲ ဆက်နေတာက သူ့အတွက် ပိုကောင်းလိမ့်မယ်”

ထိုသို့ ပြောပြီးသည်နှင့် ဖုန်းဝူချန်က ထပ်မံ လှည့်ထွက်သွားပြန်သည်။

“ဟမ့်။ မင်း ထွက်သွားနိုင်မယ် ထင်နေတုန်းလား။ လွယ်လွယ်နဲ့တော့ မရဘူး။ သူတို့ကို ဖမ်းထားကြစမ်း”

အဓိက အကြီးအကဲက ထပ်မံ အမိန့်ပေးလိုက်သည်။

'ထျန်းယွမ်ဘုံ' အဆင့်ရှိ 'ရှောင်ယောင်' နန်းတော်၏ တပည့်များက လျင်မြန်စွာပင် ရှေ့တိုးလာကြပြီး ဖုန်းဝူချန်တို့၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။

'ရှောင်ယောင်' နန်းတော်၏ အနေအထားမှာ သူတို့အား သတ်ဖြတ်ပစ်ရန် ရည်ရွယ်ထားပုံ ပေါ်နေ၏။

“ဘာလဲ။ စိန်ခေါ်ပွဲ ရှုံးတာနဲ့ လူသတ်ပြီး ပါးစပ်ပိတ်မလို့လား”

လျိုချင်းယန်က အေးစက်စွာ မေးလိုက်သည်။ သူ၏ အေးစက်သော အကြည့်များက 'ထျန်းယွမ်ဘုံ' တပည့်များထံသို့ ကျရောက်သွား၏။

'ရှောင်ယောင်' နန်းတော်၏ အင်အားမှာ အလွန်တရာ ကြီးမားသည်မှာ သံသယရှိစရာ မလိုပေ။ ဖုန်းဝူချန်တို့ အဖွဲ့ကို တားဆီးရန်မှာ သူတို့အတွက် လက်ဖဝါးတစ်ချက် လှည့်လိုက်သလောက်ပင် လွယ်ကူပေလိမ့်မည်။

“'ရှောင်ယောင်' နန်းတော်သခင်။ ခင်ဗျားတို့ 'ရှောင်ယောင်' နန်းတော်က ဒီလိုမျိုး လုပ်ရပ်တွေ လုပ်လေ့ရှိသလား။ ရှုံးတာကို မခံနိုင်ရင်၊ အစကတည်းက သူများကို လာမစိန်ခေါ်နဲ့ပေါ့။ ဒီသတင်းသာ ပျံ့နှံ့သွားရင်၊ ခင်ဗျားတို့ 'ရှောင်ယောင်' နန်းတော်က လောကကြီးရဲ့ အဟားခံ

ဖြစ်သွားဦးမယ်”

တုံကျန့်ထျန်းကလည်း လှောင်ပြောင်သည့် မျက်နှာထားဖြင့် ဝင်ပြောလိုက်သည်။

“စိန်ခေါ်တာက စိန်ခေါ်တာပဲ။ ရှုံးတာက အရှက်ရစရာ မဟုတ်ဘူး။ ဒါပေမဲ့ ဖုန်းဝူချန်က နန်းတော်သခင်လေးကို မစော်ကားသင့်ဘူး။ 'ရှောင်ယောင်' နန်းတော်ကိုလည်း မလေးမခန့် မလုပ်သင့်ဘူး”

အခြား အကြီးအကဲ တစ်ဦးကလည်း ဒေါသများ ပြည့်နှက်နေသော လေသံဖြင့် တင်းမာစွာ ဆိုသည်။

ထိုအခါ၊ ကျန်းကျွင့်လန်က အေးစက်စွာ ဝင်ပြောလိုက်သည်။

“ကျိထျန်းရှန်က တကယ်ပဲ အရည်အချင်း မရှိတာပါ”

'ရှောင်ယောင်' နန်းတော်သခင်၏ မျက်နှာမှာ အလွန်တရာ တင်းမာသွား၏။ ကျိထျန်းရှန်သည် သူ၏ သားအရင်း ဖြစ်သည်။ မိမိ၏ သားကို ဤသို့ စော်ကားခံရသည်ကို သူ မည်သို့ သည်းခံနိုင်မည်နည်း။

“ထျန်းယွမ်ကို စော်ကားပြီးတော့ မင်းတို့ ဒီကနေ အရှင်လတ်လတ် ထွက်သွားနိုင်မယ် ထင်နေတုန်းလား။ 'ကောင်းကင်ဘုံ' နယ်မြေမှာ မင်းတို့လိုကောင်တွေ ကြမ်းခွင့်ရအောင် ငါတို့ နန်းတော်က ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး”

'ရှောင်ယောင်' နန်းတော်သခင်က အေးစက်စွာ ဆိုလိုက်သည်။ ထိုစကားနှင့်အတူ 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများက သူ့ထံမှ ပေါက်ကွဲထွက်လာတော့သည်။

ဖုန်းဝူချန်က 'ရှောင်ယောင်' နန်းတော်သခင်အား အေးစက်သော်လည်း ထက်ရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ဒါဆိုလည်း ခင်ဗျားတို့ 'ရှောင်ယောင်' နန်းတော်မှာ ကျွန်တော်တို့ကို တားထားနိုင်တဲ့ အရည်အချင်း ရှိမရှိ ကြည့်ကြတာပေါ့”

“မောက်မာလှချည်လား”

အဓိက အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“'ရှောင်ယောင်' နန်းတော်သခင်။ သူတို့ကို လွှတ်လိုက်ပါ။ သူတို့ရဲ့ နောက်ခံက ကြောက်စရာကောင်းလွန်းတယ်။ 'ရှောင်ယောင်' နန်းတော် မနှိုးဆော်နိုင်တဲ့ သူတွေပဲ။ သူတို့ကို သွားမစော်ကားနဲ့။ မဟုတ်ရင် 'ရှောင်ယောင်' နန်းတော် တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်”

ထိုအချိန်မှာပင် 'ရှောင်ယောင်' နန်းတော်သခင်၏ စိတ်ထဲသို့ အသံတစ်သံ ဝင်ရောက်လာလေသည်။

“ယဲ့ကူချန်”

ထိုစိတ်လှိုင်းဖြင့် ပေးပို့သော သတင်းစကားကို ကြားလိုက်ရသည်နှင့် 'ရှောင်ယောင်' နန်းတော်သခင်၏ မျက်နှာမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားတော့သည်။

သူ အနည်းငယ် စဉ်းစားကြည့်လိုက်သည်။ ဖုန်းဝူချန်တို့ အုပ်စုတွင် အင်အားကြီးသော နောက်ခံ ရှိရပေမည်။ မဟုတ်လျှင် ဤမျှ ငယ်ရွယ်သော အရွယ်ဖြင့် ဤမျှ အစွမ်းထက်သော ကျင့်ကြံမှုများ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ကြောက်စရာ အကောင်းဆုံးမှာ ဖုန်းဝူချန် ဖြစ်သည်။ 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာဖြင့် သတ္တမအလွှာ အထွတ်အထိပ်ကို အနိုင်ယူခဲ့သည်။ အဋ္ဌမအလွှာပင်လျှင် သူ့ကို မခံနိုင်ပေ။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လူငယ်များ၏ နောက်ကွယ်တွင် အင်အားကြီးသော အဖွဲ့အစည်း မရှိဘဲ နေပါ့မလား။

ထိုသို့ တွေးမိသောအခါ 'ရှောင်ယောင်' နန်းတော်သခင်၏ နဖူးတွင် ချွေးစေးများ ပျံလာတော့သည်။ သူ ကိုယ့်ဘာသာကိုယ်ပင် ကြောက်လန့်သွားမိ၏။ သူ၏ တင်းမာနေသော မျက်နှာမှာ ယခုအခါ ချွေးများဖြင့် စိုရွှဲနေပြီး ကြောက်ရွံ့မှု အရိပ်အယောင်များပင် ယှက်သန်းနေ ဖြစ်၏လေ၏။

'ရှောင်ယောင်' နန်းတော်သခင်က ရုတ်တရက်ကြီး ပြောလိုက်သည်။

“မင်းတို့ သွားလို့ရပြီ။ ထျန်းယွမ်က မင်းကို မျှမျှတတ ရှုံးနိမ့်ခဲ့တာပါ”

ထို့နောက် သူက လက်ကို ဝှေ့ယမ်းပြလိုက်ရာ တပည့်များအား နောက်ဆုတ်ခိုင်းသည့် အဓိပ္ပာယ် ဖြစ်၏။

လွန်ခဲ့သော ခဏလေးကပင် ဖုန်းဝူချန်တို့ကို အရှင်မထားဟု ပြောခဲ့သော နန်းတော်သခင်သည် ယခုအခါ တစ်ပတ် ၃၆၀ ဒီဂရီ လုံးလုံး ပြောင်းပြန်လှန်လိုက်ခြင်း ဖြစ်သည်။

တစ်ခဏမျှ... လူတိုင်း မိမိတို့ နားကြားမှားသလားဟု ထင်မှတ်သွားကြ၏။

'ရှောင်ယောင်' နန်းတော်၏ အကြီးအကဲများနှင့် အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ တပည့်များလည်း ကြောင်ငေးသွားကြပြီး အားလုံး၏ အကြည့်များက 'ရှောင်ယောင်' နန်းတော်သခင်ထံသို့ စုပြုံ ရောက်ရှိသွားသည်။

'ရှောင်ယောင်' နန်းတော်သခင်က ဖုန်းဝူချန်တို့ကို အလွယ်တကူ ထွက်သွားခွင့် ပေးလိုက်သည်တဲ့လား။

“ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်။ နန်းတော်သခင်က ဖုန်းဝူချန်တို့ကို သွားခိုင်းလိုက်တယ် ဟုတ်လား။ ခုနကပဲ သူတို့ကို သတ်မယ်လို့ ပြောနေတာ မဟုတ်ဘူးလား”

“နန်းတော်သခင် ဘာဖြစ်သွားတာလဲ။ ဒီလောက် အင်အားကြီးရဲ့သားနဲ့ သူက ဒီကောင်တွေကို ကြောက်နေတာလား”

“ဖုန်းဝူချန်က ကျိထျန်းရှန်ကို စော်ကားသွားတာလေ။ 'ရှောင်ယောင်' နန်းတော်ကိုလည်း အလေးမထားဘူး။ နန်းတော်သခင်က ဘာလို့ သူ့စကားကို သူ ပြန်ရုပ်သိမ်းသွားတာလဲ။ ဖုန်းဝူချန်တို့ အဖွဲ့မှာ ကြောက်စရာကောင်းတဲ့ နောက်ခံတွေ ရှိနေလို့လား”

အခြား အင်အားစုများမှ ပါရမီရှင် တပည့်များမှာ အံ့အားသင့်ခြင်း၊ ရှုပ်ထွေးခြင်းများ ဖြစ်နေကြသည်။ 'ရှောင်ယောင်' နန်းတော်သခင် အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားသည်ကို သူတို့ နားမလည်နိုင် ဖြစ်နေကြသည်။

ပြင်းထန်စွာ ဒဏ်ရာရနေသော ကျိထျန်းရှန်က ရုတ်တရက် အော်ဟစ်လိုက်သည်။

“အဖေ။ သူတို့ကို လုံးဝ သွားခွင့်မပြုရဘူး”

“နန်းတော်သခင်။ ဒီကောင်စုတ်လေးက..”

အကြီးအကဲ တစ်ဦးက စကားဝင်ပြောရန် ကြိုးစားသော်လည်း အတားခံလိုက်ရသည်။

'ရှောင်ယောင်' နန်းတော်သခင်က စိတ်မရှည်စွာ အော်လိုက်သည်။

“ပါးစပ်ပိတ်ထား”

“ဖုန်းဝူချန်။ မင်းတို့ သွားနိုင်ပါပြီ”

'ရှောင်ယောင်' နန်းတော်သခင်က ယဲ့ကူချန် ပေးပို့သော သတင်းစကားကို အပြည့်အဝ ယုံကြည်လျက် ထပ်မံ ပြောလိုက်၏။

“ဟွန့်။ အလိုက်တသိ ရှိသေးသားပဲ”

တုံကျန့်ထျန်းက လှောင်ပြောင်သရော်လိုက်သည်။

ဖုန်းဝူချန်က 'ရှောင်ယောင်' နန်းတော်သခင်ကို တစ်ချက် ကြည့်လိုက်ပြီး တစ်ခွန်းတည်းပင် ထပ်မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။

ဖုန်းဝူချန်တို့ အဖွဲ့ ပျံသန်း ထွက်ခွာသွားပြီးနောက် အဓိက အကြီးအကဲက မျက်မှောင်ကြုတ်ကာ “နန်းတော်သခင်။ ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ သူတို့ကို ရုတ်တရက် လွှတ်ပေးလိုက်ရတာလဲ”

ဟု မေးလိုက်၏။

ပြင်းထန်စွာ ဒဏ်ရာရနေသော ကျိထျန်းရှန်ကလည်း ဆင်းသက်လာပြီး အံကြိတ်ကာ မေးးလေသည်။

“အဖေ။ ဘယ်လိုလုပ် သူတို့ကို လွှတ်ပေးလိုက်ရတာလဲ။ သူတို့က 'ရှောင်ယောင်' နန်းတော်ကို ဘာမှ ထည့်တွက်ပုံ မရဘူး”

'ရှောင်ယောင်' နန်းတော်သခင်က သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်လိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ချလိုက်သည်။

“ဘာလို့လဲဆိုတော့... 'ရှောင်ယောင်' နန်းတော်က သူတို့ကို မနှိုးဆော်နိုင်လို့ပဲ”

ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာပြီး လူရိပ် တစ်ခုသည် 'ရှောင်ယောင်' နန်းတော်ရင်ပြင်သို့ ဖြည်းညင်းစွာ ကျဆင်းလာသည်။

“'ယဲ့' မိသားစုရဲ့ သခင်လေး”

“ယဲ့ကူချန်။ သူ ဘယ်လိုလုပ် 'ထျန်းယွမ်ဘုံ' မြောက်ပိုင်းဒေသကို ရောက်လာတာလဲ”

လူအားလုံး၏ အကြည့်များက ယဲ့ကူချန်ထံသို့ ရောက်သွားကြသည်။ သူ၏ စကားက ဘာအဓိပ္ပာယ်လဲဟု အားလုံး အံ့အားသင့်နေကြသည်။

'ရှောင်ယောင်' နန်းတော်သခင်က လေးနက်သော မျက်နှာထားဖြင့် မေးလိုက်၏။

“သခင်လေးယဲ့။ ဖုန်းဝူချန်တို့ အဖွဲ့က တကယ်တမ်း ဘယ်သူတွေလဲ”

“အဓိက ပြောချင်တာကတော့... 'ရှောင်ယောင်' နန်းတော်ရော... ကျွန်တော့် 'ယဲ့' မိသားစုကပါ... သူတို့ကို မနှိုးဆော်နိုင်ဘူး ဆိုတာပါပဲ”

ယဲ့ကူချန်က ဖုန်းဝူချန်၏ အခြေအနေကို တိုက်ရိုက် မဖော်ထုတ်ဘဲ လေးနက်စွာ ပြောလိုက်သည်။

“'ယဲ့' မိသားစုတောင် မနှိုးဆော်နိုင်ဘူး ဟုတ်လား”

'ရှောင်ယောင်' နန်းတော်သခင်နှင့် အကြီးအကဲများ၏ မျက်နှာများမှာ ချက်ချင်းပင် ထိတ်လန့်တကြား ပြောင်းလဲသွားကြသည်။

'ယဲ့' မိသားစုသည် ကြီးမြတ်သော အင်အားစု ခြောက်ခုထဲမှ တစ်ခု ဖြစ်သည်။ ယခု ယဲ့ကူချန် ကိုယ်တိုင်က 'ယဲ့' မိသားစုပင် မနှိုးဆော်နိုင်ဟု ပြောလိုက်ခြင်းက ဖုန်းဝူချန်၏ အခြေအနေမှာ ထိုမျှလောက် ကြောက်စရာ ကောင်းနေပါသလော။

“'ယဲ့' မိသားစုတောင် မပတ်သက်ရဲဘူးဆိုရင်... ဖုန်းဝူချန်တို့က ဘယ်ကများလဲ”

“'ထျန်းယွဲ့' ဂိုဏ်းကများလား။ မဖြစ်နိုင်ဘူး။ 'ထျန်းယွဲ့' ဂိုဏ်းမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ပါရမီရှင် တပည့်တွေ မရှိဖူးဘူး”

“ဖုန်းဝူချန် ဆိုတဲ့ နာမည်ကိုလည်း အရင်က တစ်ခါမှ မကြားဖူးပါဘူး”

အခြား အင်အားစုများမှ ပါရမီရှင်များက မိမိတို့ဘာသာ မှန်းဆ ပြောဆိုနေကြသည်။

“'ရှောင်ယောင်' နန်းတော်သခင်... သူ့ကို မနှိုးဆော်မိပါစေနဲ့။ မဟုတ်ရင်... ခင်ဗျားက ကျွန်တော့် 'ယဲ့' မိသားစုရဲ့ ရန်သူ ဖြစ်ချင်တယ် ဆိုရင်တော့... တစ်မျိုးပေါ့လေ”

ယဲ့ကူချန်က ထိုစကားကို ချန်ထားခဲ့ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

“'ယဲ့' မိသားစုရဲ့ ရန်သူ ဟုတ်လား”

'ရှောင်ယောင်' နန်းတော်မှ အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံး ကြီးစွာ တုန်လှုပ်သွားကြ၏။

ယဲ့ကူချန်က ဘာကို ဆိုလိုသွားတာလဲ…။

'ရှောင်ယောင်' နန်းတော်မှ အကြီးအကဲများမှာ လုံးဝ ရှုပ်ထွေးသွားကြသည်။ တပည့်များမှာမူ ပို၍ပင် နားမလည်နိုင် ဖြစ်နေကြတော့၏။

သို့သော် အချက်တစ်ချက်တော့ သေချာသွားသည်။ 'ယဲ့' မိသားစုက ဖုန်းဝူချန်ကို မိတ်ဖွဲ့ အနိုင်ယူချင်နေ ယလေ၏။

ကျိထျန်းရှန်မှာမူ လုံးဝ ကြက်သေ သေနေလေ၏။ ဖုန်းဝူချန်ကို စိန်ခေါ်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဤသတင်း ပျံ့နှံ့သွားပါက သူ၏ ဂုဏ်သတင်းမှာ မြေပြင်ပေါ်သို့ ကျဆင်းသွားမည် ဖြစ်၏။

ယခု... လက်စားချေရန် အခွင့်အရေးပင် မရှိတော့။ ဖုန်းဝူချန်တို့ အဖွဲ့သည် သူတို့ မနှိုးဆော်နိုင်သော သူများ ဖြစ်ရုံတင်မက၊ 'ယဲ့' မိသားစုကပါ 'ရှောင်ယောင်' နန်းတော် မနှိုးဆော်နိုင်သော အဖွဲ့အစည်း ဖြစ်နေပြန်သည်။

ကျိထျန်းရှန်မှာ သူ့ဘာသာသူ ဒုက္ခရှာခဲ့မိခြင်း ဖြစ်ပြီး၊ မိမိ လုပ်ရပ်၏ အရှက်တရားကို မိမိကိုယ်တိုင် ပြန်လည် ခံစားနေရခြင်းသာ ဖြစ်ပေသည်။

သူက ဟန်ပြ ကြွားဝါချင်ခဲ့သော်လည်း... ပို၍ပင် အရှက်ခွဲခံလိုက်ရခြင်းသာ ဖြစ်တော့သည်။

All Chapters