← Chapters

တုန်လှုပ်ဖွယ်ရာ အထောက်အထား

Vol. 26 Ch. 379

တုန်လှုပ်ဖွယ်ရာ အထောက်အထား

Vol. 26 Ch. 379

~“ဆေးဧကရာဇ်ကို နှုတ်ဆက်ဂါရဝပြုပါတယ်။ သခင်လေးကျန်းကိုလည်း နှုတ်ဆက်ပါတယ်”

'ယဲ့' မိသားစု၏ အကြီးအကဲမှစ၍ အောက်ခြေအထိ လူအားလုံးက အလွန်တရာ လေးစားရိုသေစွာဖြင့် နှုတ်ဆက်ကြသည်။

မိသားစု သခင်ကြီးနှင့် အကြီးအကဲများအပြင် အဆင့်မြင့် ပုဂ္ဂိုလ်များ၏ ဤသို့သော လေးစား ရိုကျိုးမှုများက အဖွဲ့အစည်း မျိုးစုံမှ ခေါင်းဆောင်များကို အံ့အားသင့် တုန်လှုပ်သွားစေသည်။

ဤလူငယ်လေး အနည်းငယ်က 'ယဲ့' မိသားစု သခင်ကြီး၏ ဤမျှသော လေးစားမှုကို ခံယူထိုက်ပါသလား။

'ဆေးဧကရာဇ်' နှင့် 'သခင်လေးကျန်း' တို့တွင် မည်သို့သော အထောက်အထားများ ရှိနေကြပါသနည်း။

အဖွဲ့အစည်း အသီးသီးမှ အဆင့်မြင့် ကိုယ်စားလှယ်များ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ပေါက်လာတော့သည်။

သို့သော်ငြားလည်း သူတို့ အများကြီး မစဉ်းစားကြတော့ဘဲ ချက်ချင်းပင် လေးစားစွာဖြင့် လိုက်လံ နှုတ်ဆက်ကြသည်။

“ဆေးဧကရာဇ်ကို နှုတ်ဆက်ဂါရဝပြုပါတယ်။ သခင်လေးကျန်းကိုလည်း နှုတ်ဆက်ပါတယ်”

“မိသားစုသခင်ကြီးယဲ့၊ အကြီးအကဲ သုံးပါး နဲ့ တခြား အကြီးအကဲများခင်ဗျာ” ဖုန်းဝူချန်ကလည်း အစွမ်းထက် ပုဂ္ဂိုလ်များစွာကို လက်နှစ်ဖက် ဆုပ်ကာဖြင့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သူ၏ အမူအရာတွင် မောက်မာမှု တစ်စွန်းတစ်စမျှ မရှိပေ။

ကျန်းကျွင့်လန်နှင့် လျိုချင်းယန်တို့ကလည်း ထိုနည်းတူပင် 'ယဲ့' မိသားစုကို မျက်နှာသာ ပေးသည့်အနေဖြင့် လိုက်လံ နှုတ်ဆက်ကြသည်။

ယဲ့ကူချန်၏ နှလုံးသားမှာမူ စိတ်လှုပ်ရှားမှုများဖြင့် တဒိတ်ဒိတ် ခုန်နေတော့သည်။ ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်ကို ဖိတ်ခေါ်နိုင်ခဲ့ခြင်းမှာ 'ယဲ့' မိသားစုအတွက် ဂုဏ်ယူဖွယ်ရာပင် ဖြစ်သည်။

“ဆေးဧကရာဇ်၊ သခင်လေးကျန်း။ ဒါက ကျွန်တော့်ရဲ့ ဖခင် 'ယဲ့ရွှေဟန်' ပါ။ ဒါက ပထမ အကြီးအကဲ 'ယဲ့ချင်းယွင်' ပါ။ သူကတော့ ဒုတိယ အကြီးအကဲ 'ယဲ့ချင်းရွှေ' ပါ။ ပြီးတော့ သူက ကျွန်တော့်ရဲ့ ဦးလေး 'ယဲ့ကျုံး' ပါ” ယဲ့ကူချန်က တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးလေသည်။

'ယဲ့' မိသားစု၏ မိသားစု သခင်ကြီး ဖြစ်သော 'ယဲ့ရွှေဟန်' သည် သူ၏ အဆင့်အတန်းနှင့် လိုက်ဖက်သော ခမ်းနားထည်ဝါသည့် မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မိသားစု သခင်ကြီး တစ်ဦး၏ သြဇာအာဏာကို ထုတ်ဖော် ပြသနေသည်။ သူသည် 'ကောင်းကင်ဘုံ လူသား' ဘုံ ပဉ္စမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဤဒေသတွင် လက် ဆယ်ချောင်းပင် မပြည့်သော ထိပ်တန်း အင်အားကြီးများထဲမှ တစ်ဦး ဖြစ်၏။

ပထမ အကြီးအကဲ 'ယဲ့ချင်းယွင်' သည် 'ကောင်းကင်ဘုံ လူသား' ဘုံ တတိယအလွှာတွင် ရှိပြီး အလွန်တရာ အစွမ်းထက်ကာ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

ဒုတိယ အကြီးအကဲ 'ယဲ့ချင်းရွှေ' သည် 'ကောင်းကင်ဘုံ လူသား' ဘုံ ဒုတိယအလွှာတွင် ရှိပြီး သူ၏ စွမ်းအားမှာလည်း မသေးလှပေ။

တတိယ အကြီးအကဲ 'ယဲ့ခွေ့' သည် 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာတွင် ရှိ၏။

'ယဲ့ရွှေဟန်' ၏ ညီ၊ ယဲ့ကူချန်၏ ဦးလေးတော်စပ်သူ 'ယဲ့ကျုံး' သည် 'ကောင်းကင်ဘုံ လူသား' ဘုံ တတိယအလွှာတွင် ရှိပြီး သူ၏ စွမ်းအားမှာလည်း အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

'ယဲ့' မိသားစု တစ်ခုတည်းမှာပင် 'ကောင်းကင်ဘုံ လူသား' ဘုံ ကျွမ်းကျင်သူ ငါးဦးအထိ ရှိနေသည်။ ဤအခန်းထဲတွင် ရှိနေသော 'ကောင်းကင်ဘုံ လူသား' ဘုံ ကျွမ်းကျင်သူ အရေအတွက်ကို ထည့်မတွက်သေးလျှင်တောင်မှ၊ ဤနေရာတွင် ရှိနေသူ အားလုံးမှာ အစွမ်းထက် ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။

ဤသည်ကား 'ယဲ့' မိသားစု၏ အင်အားပင်တည်း။

'ယဲ့ရွှေဟန်' က လေးစားသော အပြုံးဖြင့် “ဆေးဧကရာဇ်၊ သခင်လေးကျန်း။ အထဲကို ကြွပါ ခင်ဗျာ” ဟု ဖိတ်ခေါ်လိုက်သည်။ သူ၏ လှုပ်ရှားမှုတိုင်းက လူများကို လေးစား အထင်ကြီးသွားစေသည်။

သူ၏ မြင့်မားသော အဆင့်အတန်းအရ၊ 'ယဲ့ရွှေဟန်' ခြေတစ်ချက် ဆောင့်လိုက်ရုံမျှဖြင့် ဤဒေသတစ်ခုလုံး တုန်ခါသွားနိုင်သည်။ သို့တိုင်အောင် သူက လူငယ်လေး အနည်းငယ်ကို ဤမျှ လေးစားစွာ ဆက်ဆံနေပြီး မိသားစု သခင်ကြီး တစ်ဦး၏ မာန်မာနမျိုး လုံးဝ မရှိပေ။

“ကျေးဇူးပါပဲ၊ မိသားစု သခင်ကြီးယဲ့” ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့က ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့မှာ ဤနေရာတွင် အထူးခြားဆုံး ပုဂ္ဂိုလ်များ ဖြစ်လာကြသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အခြား အင်အားကြီး အဖွဲ့အစည်းများပင်လျှင် မိသားစု သခင်ကြီး ကိုယ်တိုင် ဧည့်ခန်းမသို့ ဖိတ်ခေါ်ခြင်း မခံကြရ။ ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့သာ ထိုအခွင့်အရေးကို ရရှိကြသည်။

သူတို့နှင့် အတူ လိုက်ပါလာသော မရင်းနှီးသည့် မိန်းကလေးနှင့် အမျိုးသားတို့မှာ အလွန်တရာ တုန်လှုပ်သွားကြသည်။ 'ယဲ့' မိသားစု၏ အမြင့်မားဆုံးသော ဧည့်ဝတ်ပြုမှုကို ခံရသည်မှာ အိပ်မက်ထဲ ရောက်နေသကဲ့သို့ပင် ဖြစ်သည်။

“သူတို့ရဲ့ အထောက်အထားက လုံးဝ မရိုးရှင်းဘူး။ ဘယ်လိုနည်းနဲ့မှ သွားမစော်ကားမိစေနဲ့” မိသားစု သခင်ကြီး တစ်ဦးက အမိန့်ပေးသော လေသံဖြင့် ညွှန်ကြားလိုက်သည်။

အကြီးအကဲ တစ်ဦးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “သူတို့ရဲ့ ကျင့်ကြံမှုက မနိမ့်ကျဘူး။ အင်အားကြီး အဖွဲ့အစည်းတစ်ခုက ပါရမီရှင်တွေ ဖြစ်တာ ထင်ရှားတယ်။ သွားပြီး မနှိုးဆော်တာ အကောင်းဆုံးပဲ”

“မိသားစု သခင်ကြီး၊ အကြီးအကဲ။ ကျွန်တော်တို့ သူတို့ရဲ့ အထောက်အထားကို စုံစမ်းသင့်လား ခင်ဗျာ” အမျိုးသားတစ်ဦးက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“လုံးဝ မလုပ်ရဘူး။ သူတို့ကို စော်ကားမိသွားနိုင်တယ်” မိသားစု သခင်ကြီးက မဆိုင်းမတွ ငြင်းပယ်လိုက်သည်။

“'ယဲ့' မိသားစုတောင် ဒီလောက် သတိထားနေမှတော့ သူတို့က ဒီဒေသက မဟုတ်တာ သေချာတယ်။ အမိန့် ထုတ်ထားလိုက်။ 'မိုးကောင်းကင် နန်းတော်' က တပည့်တွေ၊ ဘယ်သူမှ သူတို့ကို သွားမနှိုးဆော်မိစေနဲ့။ နှိုးဆော်မိရင်တော့ ကိုယ့်အကျိုးဆက် ကိုယ်ခံကြရလိမ့်မယ်” နန်းတော်သခင် တစ်ဦးက ညင်သာစွာ အမိန့်ပေးလိုက်သည်။

ထို့အတူ၊ အခြား ဂိုဏ်းချုပ် တစ်ဦးကလည်း ပြင်းထန်သော အမိန့်ကို ထုတ်ပြန်လိုက်သည်။

“'ဆေးဧကရာဇ်' နဲ့ 'သခင်လေးကျန်း' တို့ရဲ့ နောက်ခံတွေက ကြောက်စရာကောင်းတယ်။ သခင်လေးယဲ့ ကိုယ်တိုင်က မြို့တံခါးဝအထိ သွားကြိုရပြီး အခု မိသားစု သခင်ကြီးယဲ့ ကိုယ်တိုင်က ဧည့်ခံနေတယ်။ သူတို့ကို လုံးဝ သွားမစော်ကားမိစေနဲ့”

အဖွဲ့အစည်း အသီးသီးမှ အဆင့်မြင့် ကိုယ်စားလှယ်များက တစ်ယောက်ပြီးတစ်ယောက် အမိန့်များ ထုတ်ပြန်နေကြ၏။ သူတို့၏ ရှေ့မှောက်မှ 'ဆေးဧကရာဇ်' မှာ အဖွဲ့အစည်းများကို စိန်ခေါ်ခဲ့သည့် နာမည်ကျော် လျှို့ဝှက်ဆန်းကြယ် ပါရမီရှင် ဖုန်းဝူချန် ဖြစ်သည်ကိုမူ သူတို့ မသိကြသေးပေ။

ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့ ရောက်ရှိလာသည်နှင့် 'ယဲ့ရွှေဟန်' က ဧည့်ခံပွဲ စတင်ကြောင်း ကြေညာလိုက်သည်။

'ယဲ့ရွှေဟန်' နှင့် အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံးမှာ အပြုံးများ ဝေဆာနေကြသည်။ ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်ကို ဖိတ်ခေါ်နိုင်ခဲ့ခြင်းမှာ 'ယဲ့' မိသားစုက ကြောက်မက်ဖွယ်ရာ ဂုဏ်ပုဒ် ရှိသော ပုဂ္ဂိုလ်နှစ်ဦးနှင့် မဟာမိတ် ဖွဲ့လိုက်နိုင်ခြင်းပင် ဖြစ်၏။

ဧည့်ခံပွဲ စတင်ပြီး မကြာမီမှာပင် 'ယဲ့ရွှေဟန်' က သူ၏ ခွက်ကို မြှောက်ကိုင်လိုက်ပြီး လေးစားသော အပြုံးဖြင့် ဆိုသည်။ “ဆေးဧကရာဇ်၊ သခင်လေးကျန်း။ ကျွန်တော်.. ခင်ဗျားတို့ နှစ်ယောက်ကို ဂုဏ်ပြုပါတယ်။ ဆေးဧကရာဇ်နဲ့ သခင်လေးကျန်းတို့ ဒီကို ကြွရောက်လာတာဟာ ကျွန်တော်တို့ 'ယဲ့' မိသားစုအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ကျွန်တော် အရင် သောက်ပြီး အရိုအသေ ပြုပါရစေ”

အကြီးအကဲ 'ယဲ့ချင်းယွင်' နှင့် အခြား အကြီးအကဲများ၊ အဆင့်မြင့် ပုဂ္ဂိုလ်များကလည်း မတ်တပ်ရပ်ကာ ခွက်များကို မြှောက်ကိုင်လိုက်ကြသည်။ သူတို့၏ လေးစားမှု အတိုင်းအတာမှာ ပြောပြစရာ မလိုအောင်ပင် ထင်ရှားနေသည်။

“မိသားစု သခင်ကြီးယဲ့က ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ” ဟု ဖုန်းဝူချန်က ကျိုးနွံသော အပြုံးဖြင့် တုံ့ပြန်လိုက်ပြီး သူ၏ ခွက်ကို ခန့်ညားစွာ မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူ၏ အမူအရာမှာ ထူးကဲလှ၏။

“မိသားစု သခင်ကြီးယဲ့... 'ကောင်းကင်ဘုံ လူသား' ဘုံ ပဉ္စမအလွှာကို အဆင့်ချိုးဖြတ် တက်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်” ကျန်းကျွင့်လန်ကလည်း ခန့်ညားစွာ ဆိုလိုက်ပြီး သူ၏ ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။

မိသားစု သခင်ကြီးယဲ့က ဂုဏ်ပြုစကား ဆိုသည်ကို မြင်သောအခါ လူတိုင်းက ချက်ချင်းပင် ခွက်များကို မြှောက်ကိုင်လိုက်ကြပြီး မလေးမစား မဖြစ်ရဲကြပေ။

“ဆေးဧကရာဇ်၊ သခင်လေးကျန်း။ 'ယဲ့' မိသားစုက ဒီဒေသမှာတော့ နည်းနည်း အင်အားရှိပါတယ်။ ခင်ဗျားတို့ ဒီမှာ ဘာအခက်အခဲပဲ ကြုံကြုံ၊ ကျွန်တော်တို့ အပြည့်အဝ ကူညီ ပံ့ပိုးပေးပါ့မယ်” 'ယဲ့ရွှေဟန်' က ယဉ်ကျေးသော အပြုံးဖြင့် တုံ့ပြန်သည်။

“ကျေးဇူးတင်ပါတယ်၊ မိသားစု သခင်ကြီးယဲ့” ဖုန်းဝူချန်က လက်နှစ်ဖက် ဆုပ်ကာဖြင့် ပြုံးလျက် ဆိုလိုက်သည်။ 'ယဲ့' မိသားစု၏ ရည်ရွယ်ချက်ကို သူ သိသော်လည်း၊ ဖုန်းဝူချန်က ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူက ယဲ့ကူချန်ကို စိတ်ဝင်စားနေသောကြောင့် ဖြစ်သည်။

'ယဲ့ရွှေဟန်' ၏ စကားများက ဤနေရာတွင် ရှိနေသော အဆင့်မြင့် ကိုယ်စားလှယ်များအတွက် သတိပေးချက်တစ်ခု ဖြစ်သလို၊ ဤသတင်းစကားကို ပျံ့နှံ့စေရန်လည်း ကူညီပေးနိုင်သည်။

'ယဲ့' မိသားစုက ဤသို့ ဖွင့်ဟ ပြောကြားလိုက်သည်နှင့်၊ အရှေ့ပိုင်း ဒေသတွင် ဖုန်းဝူချန်ကို နှိုးဆော်ရန် သတ္တိရှိသူ အများအပြား ရှိတော့မည် မဟုတ်ပေ။

'ယဲ့' မိသားစုက ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့အပေါ် ဤသို့ မျက်နှာသာ ပေးနေခြင်းက အခြား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကိုလည်း အဆုံးမရှိသော မြှောက်ပင့် စကားများ ဆိုလာစေသည်။ သူတို့အားလုံးက ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်နှစ်ဦး၏ မျက်နှာသာကို ရရှိလိုကြသည်။

သူတို့က ပို၍ လျှို့ဝှက်ဆန်းကြယ်လေ၊ အခြားသူများက ပို၍ စူးစမ်းလိုစိတ် ပြင်းပြလေ ဖြစ်သည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က စိတ်မထိန်းနိုင်တော့ဘဲ ထုတ်မေးလိုက်၏။

“မိသားစု သခင်ကြီးယဲ့။ ဆေးဧကရာဇ်နဲ့ သခင်လေးကျန်းတို့က ထူးကဲတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ကို သူတို့အကြောင်း မိတ်ဆက်ပေးလို့ မရဘူးလား ခင်ဗျာ”

ဂိုဏ်းချုပ် တစ်ဦးက ပြုံးလျက် မေးမြန်းလိုက်ခြင်းပါ။

“ဟုတ်ပါ့။ မိသားစု သခင်ကြီးယဲ့... မိတ်ဆက်ပေးပါဦး”

အခြား အစွမ်းထက် ပုဂ္ဂိုလ်များကလည်း ဤနေရာတွင် ရှိနေသူ အားလုံး၏ စူးစမ်းလိုစိတ်ကို ကိုယ်စားပြုကာ မေးမြန်းလိုက်ကြသည်။

ထိုအခါ 'ယဲ့ရွှေဟန်' က ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့ထံသို့ လှမ်းကြည့်လိုက်ပြီး၊ သူတို့က ကိစ္စမရှိဟန် တွေ့ရမှ စိတ်သက်သာရာ ရသွားသည်။

ဖုန်းဝူချန် ဤဒေသသို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဤဒေသကို ထိန်းချုပ်ရန်နှင့် ပါရမီရှင်များကို စုဆောင်းရန် ဖြစ်သည်။

ဖုန်းဝူချန်က သူ၏ အထောက်အထားကို အခြားသူများ သိရှိသွားခြင်းအား ဂရုမစိုက်ပေ။ အစွမ်းထက်သော အထောက်အထား ရှိခြင်းက အလုပ်များကို ပိုမို ထိရောက်စွာ ပြီးမြောက်စေပြီး အချိန်များစွာကို သက်သာစေနိုင်ပေလိမ့်မည်။

အရေးကြီးဆုံးမှာ မလိုအပ်သော ပြဿနာများစွာကို လျှော့ချနိုင်ခြင်း ဖြစ်၏။

ထို့အပြင် လူများစွာက ဤသို့ မေးမြန်းနေကြသဖြင့် 'ယဲ့ရွှေဟန်' အနေဖြင့် မိတ်ဆက် မပေးလျှင် အတော်လေး မလေးမစားရာ ကျသွားပေလိမ့်မည်။

ကျယ်ဝန်းသော ဧည့်ခန်းမကြီးမှာ တိတ်ဆိတ်သွားပြီး လူတိုင်း၏ အကြည့်များက 'ယဲ့ရွှေဟန်' ထံသို့ စုပေါင်း ရောက်ရှိသွားကြ၏။

'ယဲ့ရွှေဟန်' က အပြုံးလေးဖြင့် မိတ်ဆက်ပေးလိုက်တော့သည်။

“ဒီ သခင်လေးကျန်းကတော့... တကယ်တော့... ဒီမှာ ရှိနေတဲ့ လူတိုင်း သိကြတဲ့ 'ဝူကျိ' နယ်မြေက 'လက်နက်သန့်စင်ခြင်း မိသားစု' ရဲ့ အမွေဆက်ခံသူ၊ ပြီးတော့ ကျွန်တော်တို့ ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက်သန့်စင်ခြင်း ပါရမီရှင်... ကျန်းကျွင့်လန်ပါပဲ”

“အလို..။ 'လက်နက်သန့်စင်ခြင်း မိသားစု' ရဲ့ အမွေဆက်ခံသူ ဟုတ်လား”

“ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက်သန့်စင်ခြင်း ပါရမီရှင်…”

“ဘုရား..ဘုရား.. 'လက်နက်သန့်စင်ခြင်း မိသားစု' ရဲ့ အမွေဆက်ခံသူတဲ့”

'ယဲ့ရွှေဟန်' ၏ စကားများက လူတိုင်းကို ချက်ချင်းပင် ကြီးစွာ တုန်လှုပ်သွားစေသည်။ သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ လင်းလက်သွားပြီး သူတို့၏ လေးစားမှုမှာ ပိုမို အားကောင်းလာတော့၏။

'ဝူကျိ' နယ်မြေမှ 'လက်နက်သန့်စင်ခြင်း မိသားစု' ဖြစ်သော 'ကျန်း' မိသားစု၏ တည်ရှိမှုသည် ပြည်မကြီး၏ ဧရာမ ကြီးမားသော အင်အားစုများထဲမှ တစ်ခု ဖြစ်ပြီး၊ 'ကောင်းကင်ဘုံ' နယ်မြေ တစ်ခုလုံးထက် အဆပေါင်းများစွာ ပိုမို အင်အားကြီးမားလေသည်။

ကျန်းကျွင့်လန်၏ အထောက်အထားကို သိရှိသွားသောအခါ၊ မိသားစု သခင်ကြီးယဲ့နှင့် သခင်လေးယဲ့တို့ အဘယ်ကြောင့် ဤမျှ လေးစားနေကြသည်ကို လူတိုင်း နားလည်သွားကြတော့သည်။ 'ယဲ့' မိသားစုကို ထားလိုက်ဦး၊ 'ကောင်းကင်ဘုံ' နယ်မြေ တစ်ခုလုံး ပေါင်းလျှင်တောင် 'ကျန်း' မိသားစုကို ယှဉ်နိုင်မည် မဟုတ်ပေ။

ကျန်းကျွင့်လန်၏ တည်ရှိမှု တစ်ခုတည်းကပင် သူတို့ကို ဤမျှ ကြောက်လန့်တကြား ဖြစ်စေလျှင်၊ ဖုန်းဝူချန်က ပို၍ပင် ကြောက်မက်ဖွယ် ကောင်းမည် မဟုတ်လော။

ဤနေရာတွင် ရှိနေသူ အားလုံးက ဖုန်းဝူချန်သည် ဤခုနစ်ယောက် အဖွဲ့၏ ခေါင်းဆောင် ဖြစ်ပြီး၊ ကျန်းကျွင့်လန်ပင်လျှင် သူ၏ နောက်တွင် ရပ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

ထင်ထားသည့်အတိုင်းပင်၊ 'ယဲ့ရွှေဟန်' ထံမှ ထွက်ပေါ်လာသော နောက်ထပ် စကားများက လူတိုင်းကို သေလုမတတ် ကြောက်လန့်သွားစေတော့၏။

'ယဲ့ရွှေဟန်' ၏ အကြည့်များက ဖုန်းဝူချန်ထံသို့ ရောက်ရှိသွားသည်။ ထို့နောက် သူက ပြုံးလျက် ဆိုသည်။

“'ဆေးဧကရာဇ်' က 'ကျိုကျိုး ကိုးပြည်ထောင်' က လာတာပါ။ သူက 'ကျိုကျိုး ကိုးပြည်ထောင်' ရဲ့ အရှင်သခင်၊ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး၊ ဆေးပညာ လမ်းကြောင်းမှာ သူ့ရဲ့ ကျွမ်းကျင်မှုက အလွန် နက်ရှိုင်းတဲ့အတွက် 'ဆေးဧကရာဇ်' လို့ ဂုဏ်ပြု ခေါ်ဝေါ်ခံရသူ ဖြစ်ပါတယ်။ ပြီးတော့ သူက အစွမ်းထက်တဲ့ လက်နက်သန့်စင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်”

“'ကျိုကျိုး ကိုးပြည်ထောင်' ရဲ့ အရှင်သခင် ဟုတ်လား။ ပြီးတော့ ထိပ်သီး ပါရမီရှင်။ ဒါဆို 'ကျိုကျိုး ကိုးပြည်ထောင်' က အင်အား အကြီးဆုံးပေါ့”

“ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ ဒီလို မမီနိုင်တဲ့ အောင်မြင်မှုတွေကို ရထားတာ... တကယ်ပဲ အားကျစရာကောင်းလိုက်တာ”

“ဆေးပညာရှင်ရော၊ လက်နက်သန့်စင်သူရော... 'ဆေးဧကရာဇ်' က တကယ်ပဲ အစွမ်းအစ အပြည့်နဲ့ မွေးဖွားလာတာပဲ။ တစ်ပြည်မလုံးမှာ သူ့လို လူစားမျိုး ဒုတိယ တစ်ယောက် မရှိနိုင်တော့ဘူး။ ငါ့သားထက် အဆ တစ်သန်းမက ပိုကောင်းတယ်”

နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်ပြီး လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာတော့သည်။

နယ်ပယ် နှစ်ခုလုံးတွင် ဤမျှ မြင့်မားသော အဆင့်သို့ ရောက်ရှိနေခြင်း၊ ဤသို့သော ကြောက်မက်ဖွယ် ပါရမီက လူတိုင်းကို လေးလေးနက်နက် အားကျသွားစေ၏။

“'ဆေးဧကရာဇ်' က သခင်လေးကျန်းရဲ့ ဆရာလည်း ဖြစ်ပါတယ်” 'ယဲ့ရွှေဟန်' က နောက်ဆုံးတွင် ထပ်ဖြည့် ပြောလိုက်သည်။

“.......”

ထို တိုတောင်းသော စကားရပ်က သူတို့၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သည်။ လူတိုင်းမှာ ထိုနေရာတွင်ပင် တောင့်ခဲသွားပြီး မလှုပ်မယှက်နိုင်တော့ပေ။

သူတို့၏ မျက်လုံးများနှင့် မျက်နှာများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။

တစ်ခဏမျှ ဧည့်ခန်းမကြီးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

'ဆေးဧကရာဇ်' က ကျန်းကျွင့်လန်၏ ဆရာ ဟုတ်လား။

ကျန်းကျွင့်လန်သည် ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်ခြင်း ပါရမီရှင်ဟု လူသိများသည်။ ဖုန်းဝူချန်က သူ့ထက်ပင် ငယ်ရွယ်သေးသော်လည်း၊ သူက ထိပ်သီး လက်နက်သန့်စင်ခြင်း ပါရမီရှင်၏ ဆရာတဲ့လား။

ဖုန်းဝူချန်၏ လက်နက်သန့်စင်ခြင်း ပညာရပ်များက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

လူအုပ်ကြီးမှာ မခန့်မှန်းနိုင်သလို၊ မတွေးဝံ့ကြတော့ပေ။

'ကျန်း' မိသားစုသည် 'လက်နက်သန့်စင်ခြင်း မိသားစု' ဖြစ်သည့်အားလျော်စွာ ထူးကဲသော လက်နက်သန့်စင်ခြင်း စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ကျန်းကျွင့်လန်ကို အလွယ်တကူ ပျိုးထောင်နိုင်သော်လည်း၊ ကျန်းကျွင့်လန်တွင် ဆရာတစ်ဆူ ရှိနေသေးခြင်းက ပို၍ပင် အံ့အားသင့်ဖွယ် ဖြစ်သည်။

ပြည်မကြီး၏ ထိပ်သီး လက်နက်သန့်စင်ခြင်း ပါရမီရှင်၏ ဆရာ... ထိုအဆင့်အတန်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

ဖုန်းဝူချန်က ကျန်းကျွင့်လန်၏ ရှေ့တွင် ရပ်ဝံ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ နောက်ဆုံးတော့ ကျန်းကျွင့်လန်မှာ သူ၏ တပည့်မျှသာ ဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်းက သူတို့၏ အပေါ်သို့ တောင်ကြီး တစ်လုံး ပြိုကျ ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ပင် မရှူနိုင်တော့သလောက် ဖြစ်သွားကြ၏။

လူတိုင်း၏ တုန်လှုပ် ကြောက်ရွံ့နေသော မျက်နှာများကို မြင်သောအခါ လျိုချင်းယန်က တိတ်တဆိတ် ခေါင်းခါလိုက်သည်။ ဤသို့သော မြင်ကွင်းမျိုးကို သူတို့ အကြိမ်များစွာ မြင်တွေ့ခဲ့ရပြီး ယခုအခါ အလေ့အကျင့် ဖြစ်နေလေ၏။

“ငါ မှတ်မိပြီ။ 'ယွဲ့ယွင်' မြို့က ပြဿနာတွေက 'ကုန်းစွန်း' မိသားစုက 'ဆေးဧကရာဇ်' နဲ့ 'သခင်လေးကျန်း' တို့ကို သွားစော်ကားလို့ ဖြစ်တာပဲ” တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

“ဟုတ်တယ်။ 'ဝူကျိ' နယ်မြေက 'လက်နက်သန့်စင်ခြင်း မိသားစု' ရဲ့ သခင်လေးကျန်းလို့ ငါလည်း ကြားတယ်”

“ဟမ့်။ 'ဆေးဧကရာဇ်' နဲ့ 'သခင်လေးကျန်း' တို့ကို သွားစော်ကားရဲတာ... သေချင်လို့ပဲ ဖြစ်မယ်”

“'ဆေးဧကရာဇ်' က ကြင်နာလို့ သူတို့ရဲ့ လက်တွေကိုပဲ ဖြတ်လိုက်တာ။ ငါသာ ဆိုရင်... သူတို့ အကုန်လုံးကို သတ်ပစ်မှာ”

'ယွဲ့ယွင်' မြို့မှ အဖြစ်အပျက်ကို ပြန်အမှတ်ရသွားကြသဖြင့် လူအုပ်ကြီးမှာ နောက်တစ်ကြိမ် ကြွက်ကြွက်ညံသွားကြပြန်သည်။

ဤသို့ ကြီးမြတ်သော ပုဂ္ဂိုလ်များကို စော်ကားမိခြင်း၏ အဆုံးသတ်မှာ သေချာပေါက် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

တုန်လှုပ်မှုများ မပြယ်သေးခင်မှာပင် လူတစ်ဦးက ရုတ်တရက် လွှတ်ခနဲ မေးလိုက်သည်။

“'ဆေးဧကရာဇ်' က 'ကောင်းကင်ဘုံ' နယ်မြေက အဖွဲ့အစည်း မျိုးစုံရဲ့ ပါရမီရှင်တွေကို စိန်ခေါ်နေတာ... 'ဆေးဧကရာဇ်' များ ဖြစ်နေမလား”

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က အနည်းငယ် အံ့အားသင့်သွားဟန် ပေါ်လာသည်။ ခဏမျှ စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်ပါပဲ…”

ဖုန်းဝူချန်၏ အဖြေက လူအုပ်ကြီးထံမှ အာမေဋိတ်သံများကို နောက်တစ်ကြိမ် ထွက်ပေါ်လာစေပြန်သည်။

သို့သော် သူတို့ကို ဇဝေဇဝါဖြစ်သွားစေသည့် အချက်မှာ၊ ဖုန်းဝူချန်ကဲ့သို့ မြင့်မားပြီး လွန်ကဲသော အထောက်အထား ရှိသူက အဘယ်ကြောင့် 'ကောင်းကင်ဘုံ' နယ်မြေသို့ လာရောက်ပြီး ပါရမီရှင်များစွာကို စိန်ခေါ်နေရသနည်း။ အဘယ်ကြောင့် ရှုံးနိမ့်သွားသော ပါရမီရှင်များကို သူ၏ နောက်လိုက် ဖြစ်စေလိုရသနည်း။

လူအုပ်ကြီး၏ ရှုပ်ထွေးသော အကြည့်များအားလုံး ဖုန်းဝူချန်ထံသို့ စုပြုံ ရောက်ရှိသွားကြတော့၏။

“အစ်ကိုဖုန်း။ ဒီအခွင့်အရေးကို ယူပြီး ရှင်းပြလိုက်ပါလား။ ဒါဆို ပါရမီရှင်တွေ အများကြီး စုဆောင်းနိုင်လောက်တယ်။ ခင်ဗျား ကိုယ်တိုင်သာ မေးလိုက်ရင်... ယဲ့ကူချန်တောင် သဘောတူနိုင်တယ်” လျိုချင်းယန်က အလျင်အမြန် လေသံတိုးတိုးဖြင့် ကပ်ပြောလိုက်သည်။

ဖုန်းဝူချန်က ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။ အမှန်ပင် ဒီပွဲက အခွင့်အရေးတစ်ခု ဖြစ်ပါ၏။

ဖုန်းဝူချန်က ပါရမီရှင်များကို ပိုမို လျင်မြန်စွာ မည်သို့ စုဆောင်းရမည်ကို စဉ်းစားနေခဲ့ရာ၊ ယခု အခွင့်အရေးက သူ့ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေ၏။

သူ 'ယဲ့' မိသားစုသို့ လာရောက်ခြင်းမှာ ရှင်းလင်းသော ရည်ရွယ်ချက်တစ်ခု ရှိသည်။ ၎င်းကတော့

ယဲ့ကူချန်ကို ရရှိရန်ပင်တည်း။

ထိုအခါမှာတော့ ကျန်းကျွင့်လန်က တိုတိုတုတ်တုတ် ရှင်းပြလိုက်သည်။

“ကျွန်တော့် ဆရာက 'ကောင်းကင်ဘုံ' နယ်မြေကို ပါရမီရှင်တွေ စုဆောင်းဖို့ လာတာပါ။ ပြီးတော့ သူ ကိုယ်တိုင် ရွေးချယ်ချင်လို့ပါ”

“ဗျာ…ပါရမီရှင်တွေ စုဆောင်းဖို့…”

အင်အားကြီး အဖွဲ့အစည်းများမှ အစွမ်းထက် ပုဂ္ဂိုလ်များအားလုံး ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။

All Chapters