နေမင်း ခုတ်ပိုင်း ဖန်သား
Vol. 33 Ch. 400
တစ်နေ့လုံး လည်ပတ်ပြီးနောက် ကျန်းပေရန်က သူ့တဲအိမ်လေး ရှေ့ ပြန်ရောက်လာပြီး ဘယ်လို ထွက်ပြေးရမလဲ ဆိုတာ စဉ်းစားနေလိုက်လေသည်။
တံခါးတွန်းဖွင့်လိုက်တာနဲ့ "မဖိတ်ခေါ်ထားတဲ့ ဧည့်သည်" တစ်ယောက် ရောက်နေတာကို ကျန်းပေရန် တွေ့လိုက်ရလေသည်။
"ပေရန် မင်း ဖျော်မှပဲ ဒီလက်ဖက်ရည်က သောက်ကောင်းတာ လာစမ်းပါ လာ ငါ မင်းလက်ဖက်ရည် တစ်ခွက် သောက်ချင်နေတာ ကြာလှပြီ"
လက်ဖက်ရည် စားပွဲမှာ ထိုင်နေတဲ့ ရှီဟုန်ဖေးက ကျန်းပေရန်ကို စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြလိုက်လေသည်။
တံခါးပြန်ပိတ်ပြီး ကျန်းပေရန်က ရှီဟုန်ဖေး ဘက် လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်လေသည်။
"စီနီယာ ဘာလို့ မလာခင် ကြိုမပြောတာလဲ ကျွန်တော် သိရင် ဒီနေ့ အပြင်ထွက်မှာ မဟုတ်ဘူး"
ဒီနေရာ ရောက်နေတဲ့ အချိန်အတွင်း ရှီမျိုးနွယ်စုရဲ့ တိုက်ရိုက် မျိုးဆက် အဖွဲ့ဝင်တွေထဲမှာ ဘယ်သူနဲ့ အရင်းနှီးဆုံးလဲ မေးရင် သေချာပေါက် ရှီဟုန်ဖေးက ပထမဆုံး ဖြစ်ပေလိမ့်မည်။
တစ်နည်းအားဖြင့် ပြောရရင် ကျန်းပေရန်နဲ့ သူက ဆရာရော သူငယ်ချင်းပါ ဖြစ်တယ်လို့ ပြောလို့ ရလေသည်။
ပြီးတော့ ဒီဆက်ဆံရေးမှာ ဆရာက ကျန်းပေရန် ဖြစ်လေသည်။
ကောင်းလန်ဝမ် ကို လိုက်တဲ့ နေရာမှာ သူမ အသည်းကို ဘယ်လို ယူရမလဲ ဆိုတာ ကျန်းပေရန်ကို မေးတုန်းက ရှီဟုန်ဖေးရဲ့ သဘောထားကို "နှိမ့်ချခြင်း" ဆိုတဲ့ စကားလုံး တစ်လုံးတည်းနဲ့ပဲ ဖော်ပြလို့ ရနိုင်လေသည်။
အချစ် အတွက် အရာအားလုံး လုပ်ခဲ့တာပေါ့။
ထို့အပြင် သူက လက်ရာမြောက် အလုပ်ရုံ ကို တာဝန်ယူထားသူ ဖြစ်ပြီး ကျန်းပေရန်က အခုဆိုရင် သူတို့အတွက် လျှို့ဝှက် ဝှက်ဖဲ တစ်ချပ် ဖြစ်နေပြီ ဖြစ်သည်။
သူ အလုပ်ရုံ အတွက် ယူဆောင်လာပေးတဲ့ အကျိုးကျေးဇူးတွေက အပြင်ပန်းမှာတင် မရေမတွက်နိုင်လောက်အောင် များပြားနေပြီ၊ နောင်အနာဂတ်မှာ ယူဆောင်လာပေးမယ့် အရာတွေ ဆိုရင် ပြောစရာတောင် မလိုတော့ပေ။
ဘဝမှာရော အလုပ်မှာပါ ဒီလောက် ကြီးမားတဲ့ အကူအညီတွေ ပေးနိုင်တဲ့ သူတစ်ယောက် အတွက် ရှီဟုန်ဖေးရဲ့ သဘောထားက သဘာဝကျကျ အကောင်းဆုံး ဖြစ်နေတာ မဆန်းပေ။
လက်ဖက်ရည် စားပွဲဆီ လျှောက်သွားပြီး ကျန်းပေရန်က လက်ဖက်ရည် ပစ္စည်းတွေ ယူကာ စတင် ဖျော်စပ်လိုက်လေသည်။
သူ့ရဲ့ လှုပ်ခါ ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာ လဲလျောင်းနေရင်း ရှီဟုန်ဖေးက သူ့လက်တွေကို ပေါင်ပေါ် ယှက်ထားပြီး ပြုံးကာ ပြောလိုက်လေသည်။
"လျိုဝေ့နင် ကိစ္စ ပြေလည်သွားပြီ မင်း ခန့်မှန်းထားသလိုပဲ လျိုမိသားစုက မြင့်မြတ်သော ဖန်သား ဝိညာဉ် ကျောက်စိမ်း ကို ပြန်မတောင်းတဲ့အပြင် သူတို့ သမီးကို ကယ်တင်ပေးလို့ လင်မိသားစုက ကောင်လေးကိုတောင် ကျေးဇူးတင်ကြောင်း စာပို့လိုက်သေးတယ်"
ဒါကို ကြားတော့ ကျန်းပေရန် အနည်းငယ် ပြုံးလိုက်သည် ရလဒ်က သူ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။
သူက အလကား ရချင်တဲ့ စိတ်ကူးနဲ့ မြင့်မြတ်သော ဖန်သား ဝိညာဉ် ကျောက်စိမ်း ကို အကြောင်းပြချက် အဖြစ် သုံးခဲ့တာလေ။
ဒါပေါ့ ဒီ "အလကား ရခြင်း" က လျိုဝေ့နင်ရဲ့ မိသားစု လုံလောက်အောင် ပါးနပ်မှု ရှိမရှိ ဆိုတာအပေါ် မူတည်လေသည်။
ရွှေရောင် ဆေးအိုး ကျွန်း တိုက်ပွဲ ပြီးနောက် ခုနစ်လေးက သူ့မျိုးဆက် အနက်ရောင်ဘုရင်တွေ ကြားမှာ ခေါင်းဆောင် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာခဲ့ပြီ ဆိုတာ ထင်ရှားလေသည်။
သူ့အနာဂတ်က တကယ့်ကို အကန့်အသတ်မဲ့ပါပဲ။
အမြင်ရှိတဲ့ ဘယ်မိသားစု ဘယ်ဂိုဏ်း မဆို သူ တက်လမ်း ရှိနေတုန်းမှာ ရင်းနှီးမြှုပ်နှံဖို့ အပြေးအလွှား ကြိုးစားကြမှာ သေချာလေသည်။
မြင့်မြတ်သော ဖန်သား ဝိညာဉ် ကျောက်စိမ်း က အဖိုးတန်တာ မှန်ပေမယ့် ခုနစ်လေး လို အလွန် အရည်အသွေး မြင့်မားတဲ့ အလားအလာ ရှိသူ တစ်ယောက် အပေါ် ရင်းနှီးမြှုပ်နှံဖို့ အသုံးပြုလိုက်တာက လုံးဝ အရှုံးမရှိနိုင်ပေ။
ဒါကြောင့် လျိုဝေ့နင်ရဲ့ မိသားစု ဇာတ်လမ်းစုံ သိသွားတာနဲ့ ခုနစ်လေးကို မြင့်မြတ်သော ဖန်သား ဝိညာဉ် ကျောက်စိမ်း ပြန်တောင်းတာ ဒါမှမဟုတ် ရှီမျိုးနွယ်စုကို လျော်ကြေး ပေးခိုင်းတာ လိုမျိုး မိုက်မဲတဲ့ ကိစ္စတွေ လုပ်မှာ မဟုတ်ဘူးလို့ ကျန်းပေရန် အစကတည်းက ခန့်မှန်းထားခဲ့တာ ဖြစ်လေသည်။
ဒါပေါ့ လျိုဝေ့နင်ရဲ့ မိသားစုက မလိုက်လျောမယ့် ဖြစ်နိုင်ချေကိုလည်း ကျန်းပေရန် စဉ်းစားထားခဲ့ပါသေးတယ်။
ဒါပေမဲ့ အဲ့လို ဆိုရင်တောင် ပြဿနာ သိပ်မရှိပါဘူး။
ရှီမျိုးနွယ်စုက လျိုမိသားစုရဲ့ ဆုံးရှုံးမှုကို ဝမ်းပန်းတသာ လျော်ကြေး ပေးမှာ သေချာတယ် ဘာလို့လဲဆိုတော့ အဲ့လို လုပ်လိုက်ရင် ခုနစ်လေးက လျိုမိသားစုကို ကျေးဇူးတင်ရမယ့် အစား ရှီမျိုးနွယ်စုကို ကျေးဇူးတင်ရမယ့် အခြေအနေ ရောက်သွားမှာမို့လို့ပါပဲ။
ဒီလို တွက်ချက်တတ်တဲ့ သူတွေ ရှီမျိုးနွယ်စုထဲမှာ အများကြီး ရှိတယ်လို့ ကျန်းပေရန် ယုံကြည်လေသည်။
အတိုချုပ် ပြောရရင် မြင့်မြတ်သော ဖန်သား ဝိညာဉ် ကျောက်စိမ်း ကို ခုနစ်လေး လက်ထဲ အကြောင်းပြချက် တစ်ခု အနေနဲ့ ထည့်ပေးလိုက်ကတည်းက ဒီကျောက်စိမ်းတုံးက ခုနစ်လေး ပိုင်ဆိုင်မှု ဖြစ်လာမှာ သေချာတယ်လို့ ကျန်းပေရန် တွက်ဆထားပြီးသား ဖြစ်လေသည်။
ပြီးတော့ ခုနစ်လေးရဲ့ ပစ္စည်းတွေ ဆိုတာ...
သူ့ပစ္စည်းတွေပဲ မဟုတ်ဘူးလား။
နောက်ဆုံးတော့ လျိုဝေ့နင်ရဲ့ မိသားစုက မိုက်မဲတာ မဟုတ်ဘဲ တော်တော် ပါးနပ်တယ် ဆိုတာ ပေါ်လာခဲ့လေသည်။
သူတို့က ကိုယ်တိုင် လာရောက် ကျေးဇူးတင်ခြင်း အားဖြင့် ခုနစ်လေးကို သတင်းစကား တစ်ခု ပါးလိုက်ကြလေသည်။
ဒီကျောက်စိမ်းက ငါတို့ မိသားစုဆီက နောင်ကျရင် မင်း အသုံးပြုတိုင်း ငါတို့ရဲ့ ကျေးဇူးကို သတိရနေရမယ်။
လက်ဖက်ရည် အိုးကို လှုပ်ခါရင်း ကျန်းပေရန် ပြုံးပြီး ပြန်ဖြေလိုက်လေသည်။
"အဲ့ဒီ မဟာမိတ် ခေါင်းဆောင်ဟန် က တကယ်ပဲ ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်ပါတယ် လျိုမိသားစုရဲ့ တုံ့ပြန်မှုကို ခန့်မှန်းရတာ မခက်ပါဘူး"
"ဟုတ်တယ်"
ရှီဟုန်ဖေး ခေါင်းညိတ်လိုက်လေသည်။
"အဲ့ဒီ ဟန်တာချန် မသေသရွေ့ နောင်ကျရင် ချီတိုင်းပြည် မှာ နာမည်ကျော်ကြားတဲ့ ပုဂ္ဂိုလ် တစ်ယောက် သေချာပေါက် ဖြစ်လာလိမ့်မယ် အဲ့ဒါ ယုံမှားသံသယ ဖြစ်စရာ မလိုဘူး ဒါနဲ့ မင်း ကျွန်းပေါ်မှာ အဲ့ဒီ ဟန်တာချန် နဲ့ ထိတွေ့မှု ရှိခဲ့မှာပဲ သူ ဘယ်လို လူမျိုးလဲ"
"သူက သူရဲကောင်းဆန်ပြီး ဖြောင့်မတ်ပါတယ် စီနီယာ ပြောသလိုပဲ သူ မသေသရွေ့ နောင်ကျရင် ဩဇာအာဏာ ကြီးမားတဲ့ ပုဂ္ဂိုလ် တစ်ယောက် သေချာပေါက် ဖြစ်လာမှာပါ"
"အင်း..." ရှီဟုန်ဖေး ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
"သူက ငါတို့ ထုန်တိုင်းပြည် က မဟုတ်ပေမယ့် ဒီလို လူငယ် ပါရမီရှင် မျိုးကို ငါတို့ ဘက်ပါအောင် စည်းရုံးသင့်တယ် ပေရန် ဒီကိစ္စ မင်းကို လွှဲထားလိုက်ရင် ဘယ်လိုလဲ"
ကျန်းပေရန် စကားပြောဖို့ ပြင်လိုက်တုန်း ရှီဟုန်ဖေး ဆက်ပြောလိုက်လေသည်။
"မင်း သူနဲ့ ဘာမှ မပတ်သက်ဘူးလို့တော့ မပြောနဲ့နော် နင်နင် လက်ထဲက မြင့်မြတ်သော ဖန်သား ဝိညာဉ် ကျောက်စိမ်း က ကျောက်ရိုင်းတုံး သက်သက်ပဲ အဲ့လောက် ထိရောက်မှု ရှိနိုင်မှာ မဟုတ်ဘူး အဲ့ဒီ ဟန်တာချန် ကို မပေးခင် မင်း သန့်စင်ပေးလိုက်တာ ဖြစ်ရမယ် ဟန်တာချန် ပြောတဲ့ နာမည်မဖော်လိုတဲ့ သူက မင်းကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ"
သူ ဒီလောက် တည့်တိုး ပြောနေမှတော့ ကျန်းပေရန် လက်ဖက်ရည် အိုးကို ချလိုက်ပြီး လက်သီးဆုပ် အရိုအသေပြုရုံသာ တတ်နိုင်တော့လေသည်။
"စီနီယာက ဉာဏ်ကောင်းပါတယ်"
"ဒါဆို ဆုံးဖြတ်လိုက်ပြီ စိတ်မပူပါနဲ့ ဟန်တာချန် ကို ငါတို့ ရှီမျိုးနွယ်စု ဘက် လုံးဝ ပါလာအောင် လုပ်ရမယ်လို့ မဆိုလိုပါဘူး ဒါပေမဲ့ အနည်းဆုံးတော့ ငါတို့ ဘက်လိုက်အောင် လုပ်ရမယ် ပြဿနာ ရှိလား"
"ကောင်းပါပြီ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"
"ဒါမှ ငါ့လူ ကွ"
ရှီဟုန်ဖေး မတ်တတ်ရပ်ပြီး ကျန်းပေရန်ရဲ့ ပခုံးကို ပုတ်လိုက်လေသည်။
"အာ ပေရန် အခုတော့ ငါ မင်းကို ငါတို့ လူတစ်ယောက် အဖြစ် ပိုပိုပြီး မြင်လာပြီ နောင်ကျရင် မင်း ဘာလိုအပ်လိုအပ် ငါ့ကို ပြော ငါ သေချာပေါက် ရှာပေးမယ်"
ဒါကို ကြားတော့ ကျန်းပေရန် ခဏ စဉ်းစားပြီး မေးလိုက်လေသည်။
"စီနီယာ နေမင်း ခုတ်ပိုင်း ဖန်သား အကြောင်း ကြားဖူးလား မသိဘူး"
စနစ်က ပြသတဲ့ "သုံးနှစ် သဘောတူညီချက်" စာရင်းထဲက ပစ္စည်းတွေ ထဲမှာ နေမင်း ခုတ်ပိုင်း ဖန်သား က ကျန်းပေရန် သဲလွန်စ လုံးဝ ရှာမတွေ့သေးတဲ့ တစ်ခုတည်းသော ပစ္စည်း ဖြစ်လေသည်။
ရှီဟုန်ဖေး ယုံကြည်မှု ရှိရှိ ပြောနေတာ မြင်တော့ ကျန်းပေရန် စမ်းပြီး မေးကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။
"နေမင်း ခုတ်ပိုင်း ဖန်သား..." ရှီဟုန်ဖေး ခေါင်းငုံ့ပြီး ခဏ စဉ်းစားလိုက်လေသည်။
"မင်း ငါ့ကို တကယ် အခက်တွေ့အောင် လုပ်လိုက်တာပဲ အဲ့လို အရာမျိုး ငါ တစ်ခါမှ မကြားဖူးဘူး ထင်တယ် ဘာအတွက် သုံးတာလဲ"
ရှီဟုန်ဖေးရဲ့ အဖြေက ကျန်းပေရန် မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။
ဘာပဲဖြစ်ဖြစ် ကျန်းပေရန် ကိုယ်တိုင်လည်း ဒီ နေမင်း ခုတ်ပိုင်း ဖန်သား ကို ရှာနေတာ ကြာပြီ။
ယုံကြည်ရဆုံး ထူးခြားဆန်းပြား ပန်းပွင့် အဆင့်သတ်မှတ်ချက် စာအုပ် အပြင် တခြား အလားတူ စာရင်း စာအုပ်တွေကိုလည်း ကျန်းပေရန် ဖတ်ရှုခဲ့ပေမယ့် "နေမင်း ခုတ်ပိုင်း ဖန်သား" ဆိုတဲ့ စကားလုံး သုံးလုံးကို ဘယ်နေရာမှာမှ မတွေ့ခဲ့ရပေ။
လက်ဖက်ရည် တစ်ခွက် ငှဲ့ပြီး ရှီဟုန်ဖေး ကို ကမ်းပေးလိုက်ကာ ကျန်းပေရန် ပြောလိုက်လေသည်။
"ဒီဂျူနီယာလည်း မသိဘူး ကျွန်တော် တောင်ပေါ်က ဆင်းတုန်းက ဆရာက ရှာခိုင်းလိုက်တာ ဒါပေမဲ့ ကျွန်တော် ထူးခြားဆန်းပြား ပန်းပွင့် အဆင့်သတ်မှတ်ချက် စာအုပ်ထဲမှာ ရှာကြည့်တော့ ဘာသဲလွန်စမှ မတွေ့ရဘူး"
"ထူးခြားဆန်းပြား ပန်းပွင့် အဆင့်သတ်မှတ်ချက် စာအုပ် ဟုတ်လား အဲ့ဒါ ကြည့်ရုံနဲ့တော့ ဘယ်တွေ့ပါ့မလဲ"
ရှီဟုန်ဖေးရဲ့ လေသံထဲက အထင်သေးမှုကို ကြားလိုက်ရတော့ ကျန်းပေရန် သိချင်စိတ် ပြင်းပြစွာ မေးလိုက်လေသည်။
"စီနီယာရဲ့ လမ်းညွှန်မှုကို တောင်းခံပါတယ်"
ကျန်းပေရန် မသိတာ တစ်ခု ရှားရှားပါးပါး တွေ့လိုက်ရလို့ ရှီဟုန်ဖေး စိတ်ဝင်စားသွားပြီး ရှင်းပြလိုက်လေသည်။
"ထူးခြားဆန်းပြား ပန်းပွင့် အဆင့်သတ်မှတ်ချက် စာအုပ် က လောကမှာ ပေါ်လာဖူးတဲ့ ကောင်းကင်ရတနာတွေရဲ့ အနည်းငယ်သော အစိတ်အပိုင်းကိုပဲ မှတ်တမ်းတင်ထားတာ ပြီးတော့ အဲ့ဒီ ရတနာတွေကို ငါတို့ ခွင့်ပြုချက် ပေးပြီးမှသာ မှတ်တမ်းတင်ခွင့် ရတာ အခု မင်း နားလည်လောက်ပြီ မဟုတ်လား"
သူ ဒီလောက် ရှင်းရှင်းလင်းလင်း ပြောနေမှတော့ ကျန်းပေရန် နားမလည်ရင် အရူး ဖြစ်သွားလိမ့်မည်။
ဆိုလိုတာက ထူးခြားဆန်းပြား ပန်းပွင့် အဆင့်သတ်မှတ်ချက် စာအုပ် က နိုင်ငံခြောက်နိုင်ငံရဲ့ ထိပ်တန်း ဂိုဏ်းကြီးတွေ အသုံးပြုခဲ့တဲ့ ဒါမှမဟုတ် လောကမှာ ပေါ်လာပြီးသား ရတနာတွေရဲ့ အစိတ်အပိုင်း တစ်ခုကိုပဲ မှတ်တမ်းတင်ထားတာ ဖြစ်လေသည်။
ဒါပေမဲ့ ဘယ်မိသားစုက ရတနာတချို့ လျှို့ဝှက် မသိမ်းထားဘဲ နေမှာလဲ။
လူတိုင်းက ရတနာ ရတာနဲ့ ထုတ်ကြွားကြမှာ မဟုတ်ပေ။
"ကျွန်တော် နားလည်ပါပြီ လမ်းညွှန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"
ကျန်းပေရန် လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်လေသည်။
ခေါင်းညိတ်လိုက်ပြီး ရှီဟုန်ဖေး ဆက်ပြောလိုက်လေသည်။
"ဒါပေါ့ မင်း အနေနဲ့ ထူးခြားဆန်းပြား ပန်းပွင့် အဆင့်သတ်မှတ်ချက် စာအုပ် ကို ကိုးကားစရာ အနေနဲ့ သုံးတာ ပြဿနာ မရှိပါဘူး ဟိုဟာ ဒီဟာ လိုနေပေမယ့် အရည်အသွေး မမီတဲ့ ပစ္စည်းတွေနဲ့ ဖြည့်ထားတာတော့ မဟုတ်ဘူး ဒီစာအုပ်ထဲ ပါတဲ့ ရတနာတွေက တကယ် ကောင်းတဲ့ ပစ္စည်းတွေပါ ပစ္စည်းကောင်း အားလုံး ဒီစာအုပ်ထဲ မပါတာပဲ ရှိတာ"
"ဒါဆို စီနီယာ ဆီမှာ ကျွန်တော် ကိုးကားလို့ ရမယ့် ပိုကောင်းတဲ့ စာအုပ်တွေ ရှိမလား ခင်ဗျာ"
"စာအုပ် အနေနဲ့ ပြုစုထားတာတော့ မရှိဘူး ဒါပေမဲ့ ငါ့အားလပ်ချိန်တွေမှာ ကိုယ်တိုင် မှတ်တမ်းတင်ထားတာ တစ်ခု ရှိတယ် နောက်မှ မိတ္တူ တစ်စောင် ပေးမယ် အဲ့ဒီထဲမှာ ထူးခြားဆန်းပြား ပန်းပွင့် အဆင့်သတ်မှတ်ချက် စာအုပ် ထဲ မပါတဲ့ ရတနာတွေ ပါတယ် ဒါပေါ့ လျှောက်မဖြန့်နဲ့နော် မင်းဘာသာ ကြည့်ရုံပဲ ကြည့်"
'အိုး မမျှော်လင့်ထားတဲ့ အမြတ်ပဲ'
ရှီဟုန်ဖေး မှာ ကိုယ်ပိုင် စာအုပ်ငယ် ရှိနေလိမ့်မယ်လို့ ကျန်းပေရန် မထင်ထားခဲ့မိပေ။
ထူးခြားဆန်းပြား ပန်းပွင့် အဆင့်သတ်မှတ်ချက် စာအုပ် ထဲ မပါတဲ့ ကောင်းကင်ရတနာတွေ အားလုံးက ဂိုဏ်းကြီးတွေနဲ့ မိသားစုကြီးတွေရဲ့ လျှို့ဝှက်ချက်တွေလို့ သူ ထင်ထားခဲ့တာ။
'အမြတ်ပဲ အမြတ်ပဲ'
ရှီဟုန်ဖေး ဘက် လက်သီးဆုပ် အရိုအသေပြုပြီး ကျန်းပေရန် ကျေးဇူးတင်လိုက်လေသည်။
"လက်ဆောင် အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"
"ကိစ္စ သေးသေးလေးပါ မင်း ပြောတဲ့ နေမင်း ခုတ်ပိုင်း ဖန်သား နဲ့ ပတ်သက်လို့တော့..." ရှီဟုန်ဖေး သူ့မေးစေ့ကို ပွတ်သပ်ပြီး ခဏ စဉ်းစားလိုက်လေသည်။
"မင်းဆရာက နာမည်ပဲ ပေးလိုက်တာလား"
"ဟုတ်ကဲ့"
"ကောင်းပြီ နေမင်း ခုတ်ပိုင်း ဖန်သား ဟုတ်လား ငါ မင်းကို ကူရှာပေးဖို့ နည်းလမ်း ရှာကြည့်မယ်"
"ကျေးဇူးတင်ပါတယ် စီနီယာ"
ဒါပေါ့ ကျန်းပေရန်က မျှော်လင့်ချက် အားလုံးကို ရှီဟုန်ဖေး အပေါ် ပုံအပ်ထားဖို့ အစီအစဉ် မရှိပေ။
သူ ကိုယ်တိုင်လည်း တခြား လမ်းကြောင်းတွေကနေ စုံစမ်းဖို့ ဆက်လက် ကြိုးစားသွားမည်။
လက်ဖက်ရည် ခဏ ဆက်သောက်ပြီးနောက် ရှီဟုန်ဖေး က ဗိုက်ပြည့်သွားပြီ ဖြစ်တာကြောင့် တခြား ကိစ္စ ရှိသေးတယ် ဆိုပြီး အရင် ထွက်သွားလေသည်။
ရှီဟုန်ဖေး ထွက်သွားပြီးနောက် ကျန်းပေရန် ငြိမ်မနေခဲ့ပေ။
သူက လစ်ထွက်ဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်တာကြောင့် ရှီမျိုးနွယ်စု အတွင်း ဖြေရှင်းစရာ ရှိတာတွေကို အမြန် ဖြေရှင်းလိုက်တာ အကောင်းဆုံး ဖြစ်လေသည်။
သူ လက်ရာမြောက် အလုပ်ရုံ ဆီ ထွက်လာပြီး ထာဝရ ကျက်သရေရှိ အခန်း ဆီ တန်းတန်းမတ်မတ် သွားလိုက်လေသည်။
"ဆ... ဆရာ"
အပြင်ထွက်ဖို့ ပြင်နေတဲ့ ကောင်းလန်ဝမ် က သူမဆီ လျှောက်လာတဲ့ ကျန်းပေရန်နဲ့ တိုးမိပြီး ခဏ ကြောင်သွားလေသည်။
ကျန်းပေရန် ရွှေရောင် ဆေးအိုး ကျွန်း ကို သွားကတည်းက သူမရဲ့ အစီအရင် လေ့လာမှုက ပျင်းစရာ ကောင်းပြီး ခက်ခဲလာခဲ့လေသည်။
သူမ ရှိနေတုန်းက တန်ဖိုးမထားခဲ့ပေမယ့် အခု ကျန်းပေရန် လို ဆရာကောင်း တစ်ယောက် ဆုံးရှုံးသွားတော့မှ အစီအရင်တွေရဲ့ ရှုပ်ထွေးမှုနဲ့ ခက်ခဲမှုတွေက သူမကို နောက်တစ်ကြိမ် လွှမ်းမိုးလာပြီး လမ်းပျောက်ကာ အကူအညီမဲ့သလို ခံစားရစေလေသည်။
ဒီလို စိတ်အခြေအနေမှာ ကောင်းလန်ဝမ် အစီအရင် စလေ့လာတိုင်း ကျန်းပေရန်ရဲ့ ပုံရိပ်က သူမ စိတ်ထဲ အမြဲ ဖြတ်ပြေးနေတတ်သည်။
သူမရဲ့ လေ့လာမှုကြောင့် သူ့ကို သတိရတာလား ဒါမှမဟုတ် ရိုးရိုးလေးပဲ သူ့ကို သတိရနေတာလား ဆိုတာ သူမ မခွဲခြားနိုင်တဲ့ အဆင့်ထိ ရောက်လာခဲ့လေသည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က လျိုဝေ့နင် ပြန်ရောက်လာတာ မြင်တော့ ကောင်းလန်ဝမ်က ဆရာ လာမယ့် အချိန်ကို ဒုတိယထပ်မှာ စောင့်နေခဲ့လေသည်။
ဒါပေမဲ့ သူမ စောင့်ရင်း စောင့်ရင်း သူ ဘယ်တော့မှ ရောက်မလာခဲ့ပေ။
လှေကားထစ်တွေပေါ် တက်လာတဲ့ ခြေသံ ကြားတိုင်း ကောင်းလန်ဝမ်ရဲ့ ရင်တွေ တဒိန်းဒိန်း ခုန်လာလေ့ ရှိသည်။
ဒါပေမဲ့ လာတဲ့သူက ရှီဟုန်ဖေး ဖြစ်နေတာ မြင်လိုက်ရတော့ သူမရဲ့ စိတ်လှုပ်ရှားမှုတွေ ချက်ချင်း တစ်ဝက် လျော့ကျသွားလေသည်။
ဒါကြောင့် သူမက ဒုတိယထပ်ကို လူတွေ ပေါ့ပေါ့ပါးပါး တက်ခွင့် မပေးတော့တာ ဖြစ်လေသည်။
ဒါပေမဲ့ ဒီနေ့ သူမ လုံးဝ မမျှော်လင့်ထားတဲ့ အချိန်မှာ ဆရာက သူမ ရှေ့ ရုတ်တရက် ပေါ်လာခဲ့လေသည်။
"ဒါ ယူထား"
ကျန်းပေရန်က သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက စာအုပ်ငယ် တစ်အုပ် ထုတ်ပြီး ကောင်းလန်ဝမ်ကို ကမ်းပေးလိုက်လေသည်။
ကောင်းလန်ဝမ်က ကြောင်တောင်တောင်နဲ့ ယူလိုက်ပြီး မေးလိုက်လေသည်။
"ဒါက..."
"ဒါက အစီအရင်တွေ အကြောင်း ပိုနက်ရှိုင်းတဲ့ စာအုပ် တစ်အုပ် မင်းရဲ့ လက်ရှိ အရည်အချင်းနဲ့ ဆိုရင် ကိုယ့်ဘာသာ လေ့လာနိုင်သင့်တယ် နားမလည်တာ ရှိရင် အရင် မှတ်ထားလိုက် နောက်တစ်ခါ ပြန်လာရင် တစ်ခါတည်း ရှင်းပေးမယ် ကဲ ဒါပဲ သွားတော့မယ်"
ပြောပြီးနောက် ကျန်းပေရန် မဟာ စည်းလုံးခြင်း ခန်းမ ဆီ လျှောက်သွားလိုက်လေသည်။
"ဒါပေမဲ့..." ကြောင်နေတဲ့ ကောင်းလန်ဝမ် တစ်ခုခု ပြောဖို့ ပြင်လိုက်တုန်း သူမ နောက်ကနေ ခြေသံတွေ အလျင်စလို ကြားလိုက်ရပြီး "ကျောက်စိမ်း ကျောက်စိမ်း ငါ့ကို ကျောက်စိမ်း ပေးထိပါ" ဆိုတဲ့ အော်သံတွေနဲ့ အတူ တစ်ယောက်ယောက် ပြေးထွက်သွားလေသည်။
တွန်းထုတ်ခံရတာတောင် ဆရာ့နားမှာ အတင်း ကပ်နေတဲ့ လျိုဝေ့နင်ကို ကြည့်ရင်း ကောင်းလန်ဝမ်ရဲ့ ရင်ထဲမှာ မနာလိုစိတ် တစ်ခု ရုတ်တရက် ပေါ်လာလေသည်။
သူမလည်း ဆရာ့နားမှာ ကပ်ပြီး ပိုသင်ပေးဖို့ ပြောချင်သည်။
ဒါပေမဲ့ သူမရဲ့ မာနက သူမကို ဘယ်တော့မှ အဲ့လို လုပ်ခွင့်ပြုမှာ မဟုတ်ပေ။
ဆရာ ပိုပိုပြီး ဝေးကွာသွားတာ ကြည့်ရင်း ကောင်းလန်ဝမ် ကြေးမုံပြင် တစ်ချပ် ထုတ်ပြီး သူမကိုယ်သူမ ဘယ်ညာ ကြည့်မနေဘဲ မနေနိုင်တော့ပေ။
တောက်ပနေတုန်းပါပဲ၊ ကျက်သရေရှိပြီး ဆွဲဆောင်မှု ရှိနေတုန်းပါပဲ။
အဲ့ဒီနောက် သူမကို အဝေးကနေ ခိုးကြည့်နေကြတဲ့ အစေခံတွေနဲ့ အလုပ်သမား အနည်းငယ်ကို ကြည့်လိုက်လေသည်။
အရာအားလုံးက ပုံမှန် အတိုင်းပါပဲ၊ ဒါပေမဲ့ ဆရာ ရောက်လာမှုကြောင့် အရာအားလုံးက နည်းနည်း ကွဲပြားသွားသလို ဖြစ်သွားလေသည်။
သူမ ပါးပြင်ကို ပွတ်သပ်ရင်း ကောင်းလန်ဝမ် ကြေးမုံပြင်ထဲ ကြည့်ပြီး တီးတိုး ရေရွတ်လိုက်လေသည်။
"ဆရာ ငါ့ကို နည်းနည်းလောက် ပိုသတိထားမိအောင် ဘယ်လို လုပ်ရမလဲ..."
...
မဟာ စည်းလုံးခြင်း ခန်းမ ကို ရောက်တော့ ကျန်းပေရန် နှုတ်မဆက်နိုင်ခင်မှာပဲ လူယန်ယွီ က သူ့ရဲ့ ခမောက်ရှည်ကြီး ဆောင်းပြီး အမြန် ဆင်းလာလေသည်။
ဒါပေမဲ့ သူ လမ်းလျှောက်တာ မြန်လွန်းလို့ လှေကားထစ်မှာ ခလုတ်တိုက်ပြီး ဟန်ချက်ပျက်ကာ အစေခံမလေး တစ်ယောက်ဆီ ထိုးကျသွားလေသည်။
"အို့..."
သူမကို အပြည့်အဝ ပွေ့ဖက် ဖမ်းမိလိုက်တဲ့ လူယန်ယွီ နာကျင်စွာ အော်ဟစ်လိုက်လေသည်။
သူမကို ညာလက်နဲ့ နှစ်ချက်လောက် ညှစ်လိုက်ပြီးနောက် မတ်မတ် ပြန်ရပ်ကာ ပြောလိုက်လေသည်။
"ကန်းနေတဲ့သူရဲ့ ခြေလှမ်းက မငြိမ်ပါဘူး မင်းကို ဝင်တိုက်မိတဲ့ အတွက် တောင်းပန်ပါတယ်"
အစေခံမလေးက မျက်နှာရဲသွားပြီး လူယန်ယွီကို တွဲပေးလိုက်လေသည်။
"ကျွန်မ ဘာမှ မဖြစ်ပါဘူး ခန်းမသခင်လူ အဆင်ပြေရဲ့လား"
"ငါ အဆင်ပြေပါတယ် အဆင်ပြေပါတယ် မင်း အလုပ် မင်း ပြန်လုပ်လို့ ရပါပြီ"
"ဟုတ်ကဲ့ပါ"
နူးညံ့တဲ့ အသံနဲ့ ပြန်ဖြေပြီး အစေခံမလေး အမြန် ထွက်ခွာသွားလေသည်။
"သူမက အသစ်လား" ကျန်းပေရန် လျှောက်လာပြီး မေးလိုက်လေသည်။
အစေခံမလေး အဟောင်းတွေထဲက တစ်ယောက်သာ ဆိုရင် လူယန်ယွီရဲ့ 'ငါ့ရင်ခွင်ထဲ လဲကျစေ' လှည့်ကွက်ကို ကျင့်သားရနေလောက်ပြီ။
သူတို့က စိုးရိမ်စိတ်နဲ့ မျက်နှာရဲနေမှာ မဟုတ်ဘူး အချိန်မီ ထွက်ပြေးလွတ်မြောက်သွားရင်တောင် ကံကောင်းတယ်လို့ မှတ်ယူကြမှာ။
"မဆိုးဘူး မဟုတ်လား"
လူယန်ယွီရဲ့ ညစ်ပတ်တဲ့ အပြုံးကို ကြည့်ပြီး ကျန်းပေရန် စိတ်ထဲကနေ လေးစားအားကျမှု တစ်ခု ခံစားလိုက်ရလေသည်။
ဒါက မျက်လုံးတောင် မသုံးဘဲ 'ငါက ကာမဂုဏ် လိုက်စားတဲ့ အဖိုးကြီးပဲ' ဆိုတာ ဖော်ပြနိုင်တဲ့ သူ တွေ့ဖူးသမျှ ပထမဆုံးနဲ့ တစ်ဦးတည်းသော ပါရမီရှင် ဖြစ်လေသည်။
ကျန်းပေရန် မဖြေနိုင်ခင် လူယန်ယွီက သူ့ပခုံးကို ပုတ်ပြီး ပြောလိုက်လေသည်။
"သွားကြစို့ သွားကြစို့ အပေါ်ထပ် အပေါ်ထပ် ငါ မင်းကို လွမ်းလွန်းလို့ သေတော့မယ် တစ်လကျော်တောင် ရှိနေပြီ"
လူယန်ယွီ သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ လှေကားထစ်တွေ တက်သွားတာ ကြည့်ပြီး ကျန်းပေရန် ဒါက သာမန် မြင်ကွင်း တစ်ခုလို့ ယူဆကာ မှတ်ချက်တောင် မပေးချင်တော့ပေ။
ဒုတိယထပ် ရောက်တော့ လူယန်ယွီ ထိုင်လိုက်တာနဲ့ သန့်ရှင်းရေး လုပ်နေတဲ့ အစေခံမလေး တစ်ယောက်ကို လှမ်းအော်လိုက်လေသည်။
"ဟုန် ဝိုင်ကောင်း တစ်အိုး သွားဖွင့်လိုက် အကောင်းဆုံး ဟာနော်"
အခေါ်ခံရတဲ့ အစေခံမလေးက ချက်ချင်း ဦးညွှတ်ပြီး "ဟုတ်ကဲ့" လို့ ပြောလိုက်လေသည်။
အစေခံမလေး အောက်ထပ် ဆင်းသွားပြီးနောက် လူယန်ယွီက ကျန်းပေရန်ကို သူ့ဘေးနား လာထိုင်ဖို့ လှိုက်လှိုက်လှဲလှဲ ဆွဲခေါ်လိုက်ပြီး ပြောလိုက်လေသည်။
"ရွှေရောင် ဆေးအိုး ကျွန်း ခရီးစဉ် ဘယ်လိုလဲ ညီလေးရဲ့ အရည်အချင်းနဲ့ ဆိုရင် တစ်ခုခု ရှာတွေ့ခဲ့လား"
"မတွေ့ပါဘူး" ကျန်းပေရန် ခေါင်းခါလိုက်လေသည်။
"ဟီး..." လူယန်ယွီ လေအေးတစ်ချက် ရှူသွင်းလိုက်လေသည်။
"အဲ့ဒီ ရွှေရောင် ဆေးအိုး ကျွန်း က တကယ် တခြား တစ်ခုပဲ အဆင့်မြင့် အစီအရင် ဆရာတွေ အများကြီး အချိန်အကြာကြီး လေ့လာခဲ့တာတောင် ဘာမှ မတွေ့သေးဘူး ငါ့ဆရာတောင် လက်လျှော့လိုက်ရတယ်"
ကျန်းပေရန်က အံ့သြစွာ "အိုး" လို့ အသံပြုလိုက်ပြီး မေးလိုက်လေသည်။
"ခင်ဗျား ဆရာကလည်း ရွှေရောင် ဆေးအိုး ကျွန်း ကို လေ့လာနေတာလား"
"ဟုတ်တယ် ဒါပေမဲ့ သူ အခု ပြန်သွားပြီ လူသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်နေတယ်တဲ့ ငါ့ဆရာကိုတောင် အဲ့လို ပြောအောင် လုပ်နိုင်တဲ့ ရွှေရောင် ဆေးအိုး ကျွန်း ပတ်လည်က မဟာအစီအရင်ကို ဘယ်လို နတ်ဘုရားမျိုးက တည်ဆောက်ထားလဲ ငါ မသိတော့ပါဘူး"
"ခင်ဗျား ဆရာနဲ့ အတူတူ သွားမကြည့်ဘူးလား"
"ထားလိုက်ပါတော့"
လူယန်ယွီ လက်ဝှေ့ယမ်းလိုက်လေသည်။
"ငါ့ဆရာအိုကြီးတောင် ဘာမှ မသိနိုင်တာ ငါသွားလို့ ဘာထူးမှာလဲ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလိုပဲ ဖြစ်မှာ"
သူတို့ စကားပြောနေတုန်း အစေခံမလေး ဝိုင်အိုး တစ်လုံးနဲ့ တက်လာလေသည်။
"လာ လာ ငါ့ညီလေး ခွက်ကို အရင် ဖြည့်ပေးလိုက်" လူယန်ယွီ လက်ဝှေ့ယမ်းပြီး အော်လိုက်လေသည်။