← Chapters

မင်းရဲ့ အိပ်မက်က ဘာလဲ

Vol. 33 Ch. 405

မင်းရဲ့ အိပ်မက်က ဘာလဲ

Vol. 33 Ch. 405

[ရွေးချယ်မှု ၁ - ကောင်းလန်ဝမ် နဲ့ ခဏလောက် စကားပြောပါ။

ပြီးမြောက်ပါက ဆုလက်ဆောင် - ပေတစ်ရာ လျှို့ဝှက် မှတ်တမ်း (မြေကမ္ဘာအဆင့်၊ အလယ်အလတ်)]

[ရွေးချယ်မှု ၂ - "ကောင်းပြီ ဒါဆို မင်းပဲ သူမနဲ့ ကစားလိုက်တော့ ငါ့မှာ အရေးကြီး ကိစ္စ ရှိလို့ အရင် သွားနှင့်တော့မယ်"

ဆုလက်ဆောင် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]

'ကဲ... သူမက နောက်ဆုံးတော့ သူမရဲ့ စွမ်းအားကို စပြလာပြီပေါ့လေ'

ကောင်းလန်ဝမ် ဆီကနေ ထိပ်တန်း အလှပဂေး တစ်ယောက်ရဲ့ အန္တရာယ်ရှိတဲ့ အရှိန်အဝါ စတင် ထွက်ပေါ်လာပြီ ဆိုတာ သိလိုက်ရပြီးနောက် ကျန်းပေရန် ဒုတိယ ရွေးချယ်မှုကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်လေသည်။

"ကောင်းပြီ ဒါဆို မင်းပဲ သူမနဲ့ ကစားလိုက်တော့ ငါ့မှာအရေးကြီး ကိစ္စ ရှိလို ့ အရင် သွားနှင့်တော့မယ်"

[မစ်ရှင် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - မာကျောခြင်း +၁]

ထွက်ခွာသွားတဲ့ ကျန်းပေရန်ရဲ့ ကျောပြင်ကို ကြည့်ပြီး ကောင်းလန်ဝမ် ဇဝေဇဝါ ဖြစ်ပြီး မျက်လုံးတွေ ပြူးကျယ်သွားလေသည်။

ဘာပဲဖြစ်ဖြစ် သူမ အရင်က ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။

ဆရာ့မှာ တကယ် အရေးကြီး ကိစ္စ ရှိတာလား ဒါမှမဟုတ် သူမကို ရှောင်ချင်လို့ အကြောင်းပြချက် ပေးတာလား ဆိုတာ သူမ မစဉ်းစားနိုင်ခင်မှာပဲ မြင်းရထား တစ်စီး သူမ ရှေ့မှာ ဖြည်းညှင်းစွာ ရပ်တန့်လာတာ တွေ့လိုက်ရလေသည်။

"ကလစ်" ဆိုတဲ့ အသံနဲ့ အတူ မြင်းရထား တံခါး ပွင့်သွားပြီး ဆီးနှင်းလို ဖြူဖွေးနေတဲ့ ဝတ်ရုံ ဝတ်ထားတဲ့ လူငယ် တစ်ယောက် ဆင်းလာလေသည်။

"အစ်မလန်ဝမ်"

ကောင်းလန်ဝမ် ကို မြင်လိုက်တာနဲ့ လူငယ်က အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်လေသည်။

ကောင်းလန်ဝမ် က သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်လေသည်။

"အစ်မလန်ဝမ် လွန်ခဲ့တဲ့ ခြောက်လလုံးလုံး ကျွန်တော်က ဖေဖေ့ အမိန့် အရ နားဆွဲတောင် မှာ ဖြစ်ပွားနေတဲ့ နတ်ဆိုးသားရဲ ဘေးအန္တရာယ်ကို သွားရောက် ဖြေရှင်းပေးနေခဲ့တာ အခုတော့ ပြီးသွားပြီ ဒါကြောင့် ကျွန်တော် ချက်ချင်း ပြန်လာခဲ့တာ ဒါက အစ်မ အတွက် လက်ဆောင်"

လူငယ်ရဲ့ လက်ထဲက လက်ရာမြောက်စွာ ထွင်းထုထားတဲ့ သစ်သား သေတ္တာလေးကို ကြည့်ပြီး ကောင်းလန်ဝမ် လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

"လုပ်ထားတာ မရှိဘဲ ဆုလာဘ် လက်မခံနိုင်ပါဘူး သခင်လေးရှီ ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားလိုက်ပါ"

ပြောပြီးနောက် သူမက လမ်းပျောက်ပြီး စိတ်ဓာတ်ကျနေတုန်း ဖြစ်တဲ့ လျိုဝေ့နင် ဘက် လှည့်ပြီး ပြောလိုက်လေသည်။

"နင်နင် ပြန်ရမယ့် အချိန် ရောက်ပြီ"

ငန်းရိုင်း ကျောက်စိမ်း နဲ့ ပွတ်သပ်ထားတဲ့ သူမရဲ့ ညာဘက် ပါးပြင်ကို ထိလိုက်ပြီး လျိုဝေ့နင် ခေါင်းညိတ်ကာ မျက်လုံးထဲမှာ ငေးငိုင်တဲ့ အကြည့်နဲ့ ကောင်းလန်ဝမ် နောက် လိုက်ပါသွားလေသည်။

သူ့လက်ဆောင် လက်မခံတာ မြင်တော့ လူငယ်က သူတို့နောက် အမြန် လိုက်သွားပြီး အော်ပြောလိုက်လေသည်။

"အစ်မလန်ဝမ် အဖိုးတန် ပစ္စည်း မဟုတ်ဘူး လက်ခံလိုက်ပါ ပြီးတော့ ကျွန်တော် ဒေသထွက် လက်ဖက်ခြောက်တချို့လည်း ယူလာခဲ့သေးတယ် အရမ်း ကောင်းတယ် အစ်မ မြည်းကြည့်ဖို့ ကျွန်တော် ဖျော်ပေးမယ်လေ"

လူငယ်က မျက်နှာရဖို့ အစွမ်းကုန် ကြိုးစားနေတုန်း ကျန်းပေရန် ကတော့ လျှို့ဝှက်ဈေး ဆီ ရောက်ရှိနေပြီ ဖြစ်လေသည်။

သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက လူစာရင်း တစ်ခု ထုတ်လိုက်ပြီး ဖွင့်ကြည့်ကာ တောင်ဘက် ခရိုင်ဆီ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားလိုက်လေသည်။

...

[ရွေးချယ်မှု ၁ - ဖန်ဘင် ကို လက်အောက်ငယ်သား အဖြစ် ခေါ်ယူပါ။

ပြီးမြောက်ပါက ဆုလက်ဆောင် - စာကလေး ငှက်မွှေး ဖုံးကွယ်ထားသော မှတ်တမ်း (မြေကမ္ဘာအဆင့်၊ အလယ်အလတ်)]

[ရွေးချယ်မှု ၂ - သူ့ကို လျှို့ဝှက်ဈေး မှာ အေးအေးဆေးဆေး ဆက်လုပ်ခိုင်းလိုက်ပါ။

ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

'တောက် လက်အောက်ငယ်သား ခေါ်ယူရတာ မလွယ်ကူပါလား...'

ကျန်းပေရန်ရဲ့ မူလ အစီအစဉ်က ရွှေရောင် ဆေးအိုး ကျွန်း လူစာရင်းထဲက "အလုပ်သမား" တွေကို အရင် စိစစ်ပြီးမှ ကျန်တဲ့သူတွေထဲက အထူးချွန်ဆုံး လူနည်းစုကို ရွေးထုတ်ပြီး သူ့လက်အောက်ငယ်သားတွေ အဖြစ် ခန့်အပ်ဖို့ ဖြစ်လေသည်။

ဒါပေမဲ့ ပထမ အဆင့်မှာတင် စနစ် ရွေးချယ်မှုတွေ မကြာခဏ ပေါ်လာပြီး သူ ရွေးထားတဲ့ လူတွေရဲ့ တစ်ဝက်ကျော်ကို စစ်ထုတ်ပစ်လိုက်လိမ့်မယ်လို့ သူ မထင်ထားခဲ့မိပေ။

ဒုတိယ ရွေးချယ်မှုကို ရွေးလိုက်ပြီး ကျန်းပေရန်က သူ့ရှေ့က ဖန်ဘင် ကို ပြောလိုက်လေသည်။

"အလုပ် ကောင်းကောင်း ဆက်လုပ်ပါ မင်း အစပျိုး ကောင်းနေပြီ ရာထူးတိုးဖို့ အခွင့်အရေး သေချာပေါက် ရလာလိမ့်မယ်"

[မစ်ရှင် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - လျင်မြန်ခြင်း +၁]

"အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီးကျန်း"

ကျန်းပေရန်ကို လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး ဖန်ဘင် စကားမပြောနိုင်လောက်အောင် စိတ်ထိခိုက်သွားလေသည်။

ရွှေရောင် ဆေးအိုး ကျွန်း ကနေ ပြန်လာပြီးနောက် သူ ချီးကျူးမှုတွေ အများကြီး ရရှိခဲ့လေသည်။

သူက လက်ဆောင်တချို့ ပြင်ဆင်ပြီး အစ်ကိုကြီးကျန်း ကို သွားကျေးဇူးတင်ဖို့ မူလက စီစဉ်ထားပေမယ့် အစ်ကိုကြီးကျန်း က သူ့လက်ရှိ အခြေအနေကို အရင် လာမေးလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။

ဒါက သူ့ကို အရမ်း ဝမ်းသာပီတိ ဖြစ်စေလေသည်။

"ငါ တခြား လူနည်းစုဆီ သွားစရာ ရှိသေးတယ် မင်း အရင် ပြန်လို့ ရပြီ"

"ဟုတ်ကဲ့ ဂရုစိုက်ပါ အစ်ကိုကြီးကျန်း"

ပြောပြီးနောက် ဖန်ဘင် က ကျန်းပေရန် ဘက် လက်သီးဆုပ် အရိုအသေပြုပြီး ဧကရာဇ် လက်နက်တိုက် အလုပ်ရုံ ဆီ ပြန်ပြေးသွားလေသည်။

လူစာရင်းကို ထုတ်လိုက်ပြီး ကျန်းပေရန်က ကလောင်တံ တစ်ချောင်း ကောက်ယူကာ နောက်ထပ် နာမည် တစ်ခုကို ဖြတ်ပစ်လိုက်လေသည်။

အပြင်ပန်း ကြည့်ရုံနဲ့တင် သူတို့ရဲ့ သူ့အပေါ် လေးစားမှုက အတူတူလောက်ပဲလို့ ကျန်းပေရန် ခံစားမိလေသည်။

စနစ်က ရွေးချယ်မှု တစ်ခု၊ အထူးသဖြင့် မြေကမ္ဘာအဆင့် အလယ်အလတ် တစ်ခုကို ပြသရတဲ့ အဓိက အကြောင်းရင်းက တစ်ခုတည်း ဖြစ်လောက်လေသည်။

အဲ့ဒါကတော့ သူတို့ လုံလောက်အောင် စိတ်မချရလို့ ဖြစ်လေသည်။

သူတို့ရဲ့ လက်ရှိ သဘောထားက အရမ်း ရိုသေလေးစားမှု ရှိပေမယ့် အခုလောလောဆယ်ပဲ ရှိသေးသည်။

နောင်ကျရင် သူတို့ ပိုသန်မာလာတဲ့ အခါ ဒါမှမဟုတ် သွေးဆောင်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ သူတို့ စိတ်တွေ စတင် လွင့်ပါးလာပြီး နောက်ဆုံးမှာ သစ္စာဖောက်တွေ ဖြစ်လာကြလိမ့်မည်။

သက်ပြင်းချလိုက်ပြီး ဒီနေ့ လက်အောက်ငယ်သား ခေါ်ယူဖို့တင် ရွေးချယ်မှု ဆယ်ခုလောက် ပေါ်လာပြီ ဆိုတာ တွေးမိတော့ ကျန်းပေရန် ဒီည ပြန်နားပြီး မနက်ဖြန်မှ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။

လမ်းမှာ ကျန်းပေရန်က စာရင်းထဲက ကျန်တဲ့သူတွေထဲက ဘယ်နှယောက် စနစ်ရဲ့ စစ်ဆေးမှုကို အောင်မြင်နိုင်မလဲ ဆိုတာ ခန့်မှန်းရင်း လျှောက်လာခဲ့လေသည်။

'နီကွမ်းယွီ တောင့်ခံနိုင်မလား မသိဘူး

သူသာ စစ်ထုတ်ခံလိုက်ရရင် တကယ် နှမြောစရာပဲ'

ရွှေရောင် ဆေးအိုး ကျွန်း ခရီးစဉ် အတွင်းမှာ လူနည်းစုလောက်ကပဲ ကျန်းပေရန် အပေါ် နက်ရှိုင်းတဲ့ အထင်ကြီးမှု ထားရစ်ခဲ့ကြတာ ဖြစ်ပြီး နီကွမ်းယွီ က အဲ့ဒီထဲက တစ်ယောက် ဖြစ်လေသည်။

ပထမ အချက် သူက အရမ်း သတ္တိရှိလေသည်။

သူတို့ ကျွန်းပေါ် စရောက်တုန်းက သာမန် ရုပ်ဖျက်ခြင်း ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ တခြားသူတွေ သိနေကြပေမယ့် သူတို့ အများစုက အဝေးကြီး သွားဖို့ မဝံ့ရဲကြဘဲ အဓိက စခန်း နားမှာပဲ အဖိုးတန် ပစ္စည်းတွေ ရှာရဲကြလေသည်။

နီကွမ်းယွီ တစ်ယောက်တည်းသာ စောစောစီးစီး မိုင်ပေါင်းများစွာ အကွာအဝေးထိ ပြေးရဲခဲ့လေသည်။

ဒုတိယ အချက် သူ့အရည်အချင်းတွေက အရမ်း သန်မာလေသည်။

နီကွမ်းယွီ က အလွန် အာရုံခံစားလွယ်တဲ့ အင်းဆက် ဆရာ တစ်ယောက် ဖြစ်ပြီး မိုင်တစ်ရာ အကွာက လှုပ်ရှားမှုတွေကို အာရုံခံနိုင်လေသည်။

ထို့အပြင် သူက ပတ်ဝန်းကျင် အကြောင်း သတင်းအချက်အလက် ရယူဖို့ အင်းဆက် အုပ်စုတွေနဲ့ အခြေခံ ဆက်သွယ်မှု လုပ်နိုင်လေသည်။

သူက ရှားပါး ပါရမီရှင် တစ်ယောက်လို့ ပြောလို့ ရလေသည်။

ကျန်းပေရန်က လူစာရင်း စာရွက်ကို နောက်တစ်မျက်နှာ လှန်ဖို့ ပြင်လိုက်တုန်း မော့ကြည့်လိုက်တော့ သူ့တံခါးပေါက်မှာ တစ်ယောက်ယောက် ရပ်နေတာ ရုတ်တရက် တွေ့လိုက်ရလေသည်။

"ဦးလေး..."

ရှီကျာမု က ခေါင်းငုံ့ပြီး ရှက်ရွံ့စွာ ခေါ်လိုက်လေသည်။

"ဘာဖြစ်လို့လဲ" ကျန်းပေရန် မေးလိုက်လေသည်။

သူမ ဦးလေးရဲ့ အပြုအမူက ပုံမှန် အတိုင်းပဲ ဖြစ်ပြီး မနေ့က စကားများခဲ့တာတွေ လုံးဝ မဖြစ်ခဲ့သလို ဖြစ်နေတာ မြင်တော့ သူမရဲ့ စိုးရိမ်မှုတွေက လုံးဝ အဓိပ္ပာယ် မရှိဘူးလို့ ရှီကျာမု ရုတ်တရက် ခံစားလိုက်ရလေသည်။

"ကျွန်မ... ကျွန်မ တောင်းပန်ပါတယ် ကျွန်မ မနေ့က အရမ်း ကလေးဆန်ခဲ့မိတယ် ဦးလေး အပေါ် ဒေါသ မထွက်သင့်ပါဘူး"

ဆယ်နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ ကလေးမလေး တစ်ယောက်က မနေ့က သူမ အရမ်း ကလေးဆန်ခဲ့မိတယ်လို့ သူ့ကို လာပြောတာ ကြည့်ပြီး ကျန်းပေရန် နည်းနည်း ရယ်ချင်မိသွားပေမယ့် ရှီကျာမု ဘယ်လောက် လေးလေးနက်နက် တောင်းပန်နေလဲ ဆိုတာ မြင်တော့ သူ အောင့်ထားလိုက်လေသည်။

"အော် မင်း တောင်းပန်တာကို လက်ခံပါတယ်"

ဒါကို စကားများတယ်လို့ ကျန်းပေရန် တကယ် မထင်ပေမယ့် ဘာလို့ သူမ တောင်းပန်စရာ မလိုလဲ ဆိုတာ အကြောင်းပြချက်တွေ အများကြီး ရှင်းပြနေတာထက် သူမ တောင်းပန်တာကို လက်ခံလိုက်တာက ပိုအဆင်ပြေလေသည်။

ကျန်းပေရန် စကားဆုံးတာနဲ့ ရှီဖုန်းလန် အိမ်ထဲကနေ ခုန်ထွက်လာပြီး အော်လိုက်လေသည်။ "ဟားဟား ငါ ပြောသားပဲ ပေရန်လေးက သဘောထားကြီးပါတယ်လို့"

မိန်းကလေး နှစ်ယောက်ကို ကျော်ဖြတ်ပြီး ကျန်းပေရန် တဲအိမ်လေးထဲ ဝင်သွားကာ လက်ဖက်ရည် စားပွဲဆီ တန်းတန်းမတ်မတ် သွားလိုက်လေသည်။

စိတ်သက်သာရာ ရသွားတဲ့ ရှီကျာမု ကို အိမ်ထဲ ပြန်ဆွဲခေါ်လာပြီး ရှီဖုန်းလန်က ပေရန်လေးကို လှမ်းအော်လိုက်လေသည်။

"ပေရန်လေး ဒီည ကျင့်ကြံခြင်း အတုယူဂိမ်း ကစားကြရအောင်"

"ကောင်းပြီ"

လက်ဖက်ရည် ပစ္စည်းတွေ စီစဉ်နေတဲ့ ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။

"ယေး"

အားပေးသံနဲ့ အတူ ရှီဖုန်းလန် ကျန်းပေရန်ဆီ ပြေးလာပြီး တစ်ခုခု တောင်းနေသလို လက်နှစ်ဖက် ဆန့်ထုတ်လိုက်လေသည်။

ကျင့်ကြံခြင်း အတုယူဂိမ်း ရပြီးနောက် ရှီဖုန်းလန် ပျော်ရွှင်စွာ အော်လိုက်လေသည်။

"မြန်မြန် မိုမို ကံကောင်းခြင်း ကတ်ပြားတွေနဲ့ ပစ္စည်းကိရိယာ ကတ်ပြားတွေကို အရင် စီလိုက်ရအောင် ပေရန်လေး လက်ဖက်ရည် ဖျော်ပြီးတာနဲ့ ငါတို့ ချက်ချင်း စကစားလို့ ရပြီ"

"အင်း"

ရှီကျာမု သဘောတူလိုက်ပြီး ကတ်ပြားတွေ စီဖို့ ရှီဖုန်းလန်ကို ကူညီပေးလိုက်လေသည်။

ကျင့်ကြံခြင်း အတုယူဂိမ်း က အချိန်ကုန်လွန်ဖို့ တကယ် ကောင်းတဲ့ နည်းလမ်း တစ်ခုလို့ ပြောရပေမည်။

သူတို့ မသိလိုက်ခင်မှာပဲ သုံးယောက်သား မိုးလင်းတဲ့ အထိ ကစားခဲ့ကြပြီး ကျန်းပေရန် ပြင်ဆင်ထားတဲ့ လက်ဖက်ရည် အမြည်းမုန့်တွေလည်း အကြိမ်ကြိမ် ကုန်သွားခဲ့လေသည်။

"အာ နောက်ထပ် နည်းနည်းလေးပဲ ငါ နိုင်ဖို့ နီးနီးလေး လိုတော့တာ" ကျန်းပေရန်ရဲ့ ကျန်ရှိနေတဲ့ သွေး အမှတ် နည်းနည်းလေးကို ကြည့်ပြီး ရှီဖုန်းလန် စိတ်ပျက်လက်ပျက်နဲ့ ခြေဆောင့်ပြီး ရင်ဘတ်ကို ထုလိုက်လေသည်။

"ကဲ ဒီနေ့တော့ ဒီလောက်ပဲ ငါ အပြင်မှာ လုပ်စရာ ရှိသေးတယ်"

မတ်တတ်ရပ်ရင်း ကျန်းပေရန် ပြောလိုက်လေသည်။

"ဟင်" အခုလေးတင် ရှုံးထားတဲ့ ရှီဖုန်းလန်က ကျန်းပေရန်ရဲ့ ခြေသလုံးကို ဖက်ထားပြီး အော်လိုက်လေသည်။

"နေပါဦး နောက်တစ်ပွဲ နောက်ထပ် တစ်ပွဲတည်းပါပဲ ကျေးဇူးပြုပြီး"

"မရဘူး"

"ဟွန့်..."

ပေရန်လေးရဲ့ ပြတ်သားတဲ့ ငြင်းပယ်သံကို ကြားတော့ ရှီဖုန်းလန် "ကပ်စေးနှဲ" လို့ပဲ တီးတိုး ရေရွတ်ပြီး လွှတ်ပေးလိုက်ရလေသည်။

ဂိမ်းဘုတ်ပြားကို သိမ်းလိုက်ပြီး ကျန်းပေရန်က "အိမ်စောင့်ထား" လို့ မှာခဲ့ကာ တဲအိမ်လေးထဲကနေ ထွက်ခွာပြီး လျှို့ဝှက်ဈေး ဆီ ဦးတည်သွားလိုက်လေသည်။

ပေရန်လေး အဝေးကြီး ရောက်သွားမှသာ ရှီဖုန်းလန်က ရှီကျာမု ဘက် လှည့်ပြီး ပြောလိုက်လေသည်။ "မိုမို နင် တစ်ညလုံး စိတ်နဲ့ကိုယ် မကပ်သလို ငါ ခံစားရတယ်"

"ဟင် ဟုတ်လား" ရှီကျာမု ပြန်မေးလိုက်လေသည်။

"ဒါပေါ့ ရှားပါး ကတ်ပြား တစ်ကတ် ဆွဲမိတုန်းကတောင် နင် မပျော်ခဲ့ဘူး အဲ့ဒါ ပုံမှန် မဟုတ်ဘူး"

ပြောပြီးနောက် ရှီဖုန်းလန်က ရှီကျာမုရဲ့ ပခုံးကို နှစ်ချက် ပုတ်လိုက်လေသည်။

"စိတ်မပူပါနဲ့ ပေရန်လေး အကြောင်း ငါ အသိဆုံးပါ သူ စိတ်မဆိုးဘူး ပြောရင် သူ စိတ်မဆိုးဘူး ဒါ့အပြင် ငါတို့က နောက်ရက်နည်းနည်း နေရင် ပြန်တော့မှာ နင်သာ..."

"ဘာ" ရှီကျာမု ရုတ်တရက် အော်လိုက်လေသည်။

"ဦးလေး ပြန်တော့မယ် ဘယ်ကို ပြန်မှာလဲ"

"ရှန့်တိုင်းပြည် ကို ပြန်မှာ ဟင် ပေရန်လေး နင့်ကို မပြောဘူးလား"

"ဟင့်အင်း" ရှီကျာမု ခေါင်းခါလိုက်လေသည်။

"အို မဟုတ်သေးပါဘူး..."

ရှီဖုန်းလန် သူမ ကျောရိုးတလျှောက် ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရပြီး သူမ မျက်နှာထား တဖြည်းဖြည်း ထိတ်လန့်လာလေသည်။

"ငါ အခု ပြဿနာကြီး တက်ပြီ..."

"ဘာတွေ ဖြစ်နေတာလဲ ဘာလို့ ဦးလေးက ရုတ်တရက် ပြန်မှာလဲ"

"အိုး ငါ ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ ငါ နင့်ကို ဒါ ပြောပြတယ် ဆိုတာ ပေရန်လေးကို လုံးဝ မပြောရဘူးနော်"

"ကောင်းပြီ ဒါပေမဲ့ ဦးလေး ဘယ်တော့ သွားမှာလဲ ဘယ်လောက်ကြာမှာလဲ ဆိုတာကို ပြောပြရမယ်"

"ဒါက... ဟူး ကောင်းပြီလေ"

...

ဒီအချိန်မှာ လျှို့ဝှက်ဈေး ဆီ ပြန်ရောက်နေတဲ့ ကျန်းပေရန် အသက်ပြင်းပြင်း ရှူလိုက်လေသည်။

မနေ့က လူတိုင်းနီးပါး စစ်ထုတ်ခံလိုက်ရပြီးနောက် ဒီနေ့တော့ လူနည်းနည်းလောက် စနစ်ရဲ့ စမ်းသပ်မှုကို အောင်မြင်နိုင်ပါစေလို့ သူ မျှော်လင့်မိလေသည်။

နာကျင်မှုကို အမြန် ပြီးဆုံးစေတာ ပိုကောင်းတယ်လို့ တွေးပြီး ကျန်းပေရန်ရဲ့ ပထမဆုံး မှတ်တိုင်က နီကွမ်းယွီ ရှိနေတဲ့ သစ်ရွက်တောအုပ် ဆိုင် ဖြစ်လေသည်။

အစ်ကိုကြီးကျန်း က သူ့ကို ကိုယ်တိုင် လာရှာတာ မြင်တော့ နီကွမ်းယွီ အလွန် ဝမ်းသာသွားလေသည်။

သူ လုပ်လက်စ အလုပ်ကို အမြန် ချထားလိုက်ပြီး ကျန်းပေရန်ကို နှုတ်ဆက်ဖို့ ပြေးလာလေသည်။

"အစ်ကိုကြီးကျန်း ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ"

"မင်းကို လာတွေ့တာ"

"ဒါက... ဒါက ကျွန်တော့်ကို တကယ် ရှက်ရွံ့စေတယ် ကျွန်တော်က အစ်ကိုကြီးကို လာတွေ့သင့်တာ"

နီကွမ်းယွီ စကားပြောနေရင်း ဘေးကနေ ကုလားထိုင် တစ်လုံး အမြန် ရွှေ့ပေးလိုက်လေသည်။

"ကျေးဇူးပြုပြီး ထိုင်ပါ"

"ထိုင်စရာ မလိုပါဘူး ငါ လမ်းကြုံလို့ ဝင်လာတာ ဒီရက်ပိုင်း မင်း ဘယ်လို နေလဲ သိချင်လို့"

"ကောင်းပါတယ် အရမ်း ကောင်းပါတယ် မန်နေဂျာက ကျွန်တော့်ကို ဆုတွေ အများကြီး ပေးတယ် ကြည့်ပါဦး"

နီကွမ်းယွီက သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက ကြက်သွေးရောင် ကြွေအိုး တစ်လုံး ထုတ်လိုက်လေသည်။

"ကျွန်တော် ဒီ လပြည့်ဝန်းအိုး ကို လိုချင်နေတာ ကြာပြီ နောက်ဆုံးတော့ ဆန္ဒ ပြည့်သွားပြီ ကျေးဇူးတင်လက်ဆောင်တချို့ စုပြီးမှ အစ်ကိုကြီးကို လာတွေ့မလို့ စီစဉ်ထားတာ ဒါပေမဲ့ အစ်ကိုကြီးကျန်း ကိုယ်တိုင် လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ကျွန်တော် တကယ် အားနာမိတယ်"

ပြောပြီးနောက် နီကွမ်းယွီ ကျန်းပေရန်ကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်လေသည်။

"မင်းရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ ရခဲ့တာပဲ ဒီလောက် ကျေးဇူးတင်နေစရာ မလိုပါဘူး"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ဒါတွေ အားလုံးက အစ်ကိုကြီးကျန်း ကျွန်တော့်ကို ဒီအခွင့်အရေး ပေးခဲ့လို့ပါ မဟုတ်ရင်..."

"ကောင်းပြီ ကျေးဇူးတင်တာတွေ ခဏ ဘေးဖယ်ထားလိုက်ရအောင် ငါ ဒီတစ်ခါ မင်းကို မေးစရာ ကိစ္စ တစ်ခု ရှိလို့ လာခဲ့တာ"

"မေးပါ အစ်ကိုကြီးကျန်း ကျွန်တော် သိသမျှ အကုန် ဘာမှ မချန်ဘဲ ပြောပြပါ့မယ်"

"မင်းရဲ့ အိပ်မက်က ဘာလဲ"

'ဟေ'

ခဏတာ နီကွမ်းယွီ ဘာပြောရမှန်း မသိ ဖြစ်သွားလေသည်။

အစ်ကိုကြီးကျန်း က ဘာလို့ သူ့ကို ဒီလို မေးခွန်းမျိုး ရုတ်တရက် မေးလိုက်လဲ သူ သိပ် နားမလည်ပေ။

"ကျွန်တော်..."

အကြာကြီး တိတ်ဆိတ်နေပြီးနောက် နီကွမ်းယွီ နောက်ဆုံးတော့ ဖြေလိုက်လေသည်။

"ကျွန်တော်က အဆင့်မြင့် အင်းဆက် ဆရာ တစ်ယောက် အရင် ဖြစ်ချင်တယ် ပြီးတော့... ပြီးတော့ အနက်ရောင်ဘုရင် နယ်ပယ်ကို ဖောက်ထွက်ဖို့ အခွင့်အရေး ရှိမလား ကြည့်ချင်တယ်"

ပြောပြီးနောက် နီကွမ်းယွီ ကိုယ်တိုင် နည်းနည်း ရှက်သွားပြီး ထပ်ပြောလိုက်လေသည်။

"ကျွန်တော်က လောဘကြီးလွန်းနေသလား..."

"ဒါဆို အဆင့်မြင့် အင်းဆက် ဆရာ တစ်ယောက် ဖြစ်လာဖို့ မင်း ဘယ်လို ကြိုးစားအားထုတ်မှုမျိုး ပေးဆပ်ဖို့ စီစဉ်ထားလဲ"

...

ပုံသေ မေးခွန်းတွေ မေးပြီးနောက် စိတ်ဓာတ်ခွန်အား ဖြည့်ပေးတဲ့ ကြက်ပေါင်းရည် အိုးအတော်များများ တိုက်ကျွေးခံလိုက်ရတဲ့ နီကွမ်းယွီက စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ ရဲတက်နေလေသည်။

စိတ်ခံစားမှု အငွေ့အသက် တည်ဆောက်ပြီးပြီ ဖြစ်တာ မြင်တော့ ကျန်းပေရန်က အချိန်ကိုက် စကားပြောလိုက်လေသည်။

"မင်းမှာ တက်လှမ်းချင်တဲ့ ရည်မှန်းချက် တကယ် ရှိတယ် ဆိုရင် ငါ မင်းကို ကူညီနိုင်တယ်"

ဒါကို ကြားတော့ နီကွမ်းယွီ ချက်ချင်း သစ္စာဆိုလိုက်လေသည်။

"အစ်ကိုကြီးကျန်း က ကျွန်တော့် အိပ်မက် အကောင်အထည် ပေါ်လာအောင် ကူညီပေးနိုင်မယ် ဆိုရင် ဒီနှိမ့်ချတဲ့ လူသားက အစ်ကိုကြီးရဲ့ အမိန့်ကို တစ်သက်လုံး နာခံဖို့ ဆန္ဒရှိပါတယ်"

'အောင်မြင်ပြီ'

စနစ် ရွေးချယ်မှုတွေ မပေါ်လာဘဲ ဒီအထိ စကားပြောနိုင်ပြီ ဆိုကတည်းက နီကွမ်းယွီ က စနစ်ရဲ့ စစ်ဆေးမှုကို အောင်မြင်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပင်။

သူ့ကို လက်အောက်ငယ်သား အဖြစ် ခေါ်ယူနိုင်ဖို့ အလားအလာ အရမ်း များလေသည်။

"ဒါဆိုရင် မင်း အရင် ပြန်လို့ ရပြီ နောက်ရက်နည်းနည်း နေရင် နောက်တစ်ဆင့် ဘာလုပ်ရမလဲ ဆိုတာ ပြောပြဖို့ တစ်ယောက်ယောက် သဘာဝကျကျ ရောက်လာလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးကျန်း"

ကျန်းပေရန်ကို လေးလေးနက်နက် ဦးညွှတ်ပြီးနောက် နီကွမ်းယွီ ထွက်ခွာသွားလေသည်။

လူစာရင်းကို ဖွင့်လိုက်ပြီး ကျန်းပေရန်က ပျော်ရွှင်စွာ စက်ဝိုင်း တစ်ခု ဝိုင်းလိုက်ကာ အိပ်မက် လမ်းညွှန် လိုအပ်နေတဲ့ နောက်တစ်နေရာဆီ လျှောက်သွားလိုက်လေသည်။

"ကယ်ကြပါဦး"

သူ ပင်မ လမ်းမပေါ် ခြေချလိုက်တာနဲ့ ကြောက်လန့်တကြား မျက်နှာထားနဲ့ သူ့ဆီ ပြေးလာတဲ့ အမျိုးသမီး တစ်ယောက်ကို ကျန်းပေရန် တွေ့လိုက်ရလေသည်။

[ရွေးချယ်မှု ၁ - သင့်နောက်က အမျိုးသမီးကို ကာကွယ်ပေးပါ။

ပြီးမြောက်ပါက ဆုလက်ဆောင် - ဘီး မီးလျှံ လျှို့ဝှက် လက်စွဲ (အနက်ရောင်အဆင့်၊ အဆင့်မြင့်)]

[ရွေးချယ်မှု ၂ - အမြန် ရှောင်တိမ်းပါ။

ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

ဒုတိယ ရွေးချယ်မှုကို ရွေးလိုက်ပြီး ကျန်းပေရန် ဘေးဘက်ကို ချက်ချင်း ရှောင်လိုက်ကာ အမျိုးသမီးရဲ့ အံ့သြနေတဲ့ အကြည့်အောက်ကနေ အမြန် ထွက်ခွာသွားလိုက်လေသည်။

'ဒီလူက မျက်စိကန်းနေတာလား ဒါမှမဟုတ် သတ္တိမရှိလွန်းတာလား ငါက ဒီလောက် လှပတဲ့ အလှပဂေး တစ်ယောက်လေ ဒုက္ခရောက်နေတဲ့ မိန်းမလှလေးကို ကယ်တင်တဲ့ သူရဲကောင်း ဖြစ်ခွင့် ပေးနေတာကို သူက မလိုချင်ဘူးတဲ့လား'

စိတ်ထဲကနေ အကြိမ်ကြိမ် ကျိန်ဆဲပြီးနောက် အမျိုးသမီးက ပိုပြီး သန်မာပုံ ရတဲ့ နောက်ထပ် အမျိုးသား တစ်ယောက်ဆီ ပြေးသွားလိုက်လေသည်။

"ကယ်ကြပါဦး"

...

[မစ်ရှင် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - အာရုံခံစားမှု +၁]

'တောက် အသိပေးချက် တစ်ခု အလဟသ ဖြစ်သွားတာပဲ

တကယ့် ဆုံးရှုံးမှုပဲ'

အမျိုးသမီး တဖြည်းဖြည်း ဝေးကွာသွားတာ ကြည့်ပြီး ကျန်းပေရန် စိတ်ထဲကနေ သက်ပြင်းချလိုက်ကာ ရှေ့ဆက်လျှောက်သွားလေသည်။

"အစ်ကိုကျန်း ရှင်က သမားရိုးကျ မဟုတ်တုန်းပဲနော်"

'ကံဆိုးလိုက်တာ...'

အပေါ်ကနေ ဒီအသံ ကြားလိုက်ရတဲ့ အခိုက်အတန့်မှာ ကျန်းပေရန် ခြေလှမ်းကို ချက်ချင်း မြှင့်တင်လိုက်ပြီး ရှေ့ဆက်လျှောက်သွားလေသည်။

"ဟေ့ အဲ့လောက် အလျင်စလို မသွားပါနဲ့ အစ်ကိုကျန်း"

အသံနဲ့ အတူ ကျက်သရေရှိတဲ့ ပုံရိပ် တစ်ခု ကျန်းပေရန် ရှေ့မှာ ဆင်းသက်လာလေသည်။

ဒါက ရှီယုထုန် ဖြစ်လေသည်။

"တောင်းပန်ပါတယ် ကျွန်တော့်မှာ အရေးကြီး ကိစ္စ ရှိလို့ အရင် သွားလိုက်ပါဦးမယ်"

ကျန်းပေရန်က ပြောရင်း ရှီယုထုန် ကို ကွေ့ရှောင်ပြီး ဆက်သွားလိုက်လေသည်။

"ဟေ့ အဲ့လောက် အလျင်စလို မသွားပါနဲ့ အစ်ကိုကျန်း ကျွန်မဆီမှာ နေမင်း ခုတ်ပိုင်းဖန်သား အကြောင်း သတင်း ရှိတယ် ရှင် နားထောင်ချင်လား"

'...'

'သောက်ကျိုးနည်း'

နေမင်း ခုတ်ပိုင်း ဖန်သား အကြောင်း ရှီယုထုန်ရဲ့ နှုတ်ဖျားကနေ ကြားရလိမ့်မယ်လို့ ကျန်းပေရန် ဘယ်တုန်းကမှ စိတ်ကူး မယဉ်ခဲ့ဖူးပေ။

ဒီ နတ်ဆိုးမလေးရဲ့ မူလအစက ဘာလဲ။

အခုထိ ကျန်းပေရန်က နေမင်း ခုတ်ပိုင်း ဖန်သား အကြောင်း ရှီဟုန်ဖေး ကိုပဲ ပြောပြဖူးသေးတယ် ပြီးတော့ စနစ်က ရွေးချယ်မှုတွေ မပြတဲ့ အချိန်မှာ သူ ပြောခဲ့တာ။

ဒါပေမဲ့ ဒီ နတ်ဆိုးမလေး ဘယ်လို သိသွားတာလဲ။

ရှီဟုန်ဖေး ပြောပြလိုက်တာလား။

အဓိပ္ပာယ် မရှိဘူး။

ရှီဟုန်ဖေး က လက်ရာမြောက် အလုပ်ရုံ ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ပိုင်နက်သခင်လေ……

တစ်ခုခု စုံစမ်းဖို့ ဒီလို ကောင်မလေးဆီ သူ သွားစရာ လိုလို့လား။

ကျန်းပေရန်ရဲ့ ပုံရိပ် ရပ်တန့်သွားတာ မြင်တော့ ရှီယုထုန် က သူ့ဘေးနား ချက်ချင်း ခုန်ပေါက် ရောက်လာပြီး ပြုံးဖြီးဖြီးနဲ့ ပြောလိုက်လေသည်။

"အစ်ကိုကျန်း ကျွန်မကို အမြဲ မရှောင်ပါနဲ့ ကျွန်မက ရှင့်ဆီကနေ ဗေဒင်ပညာ သင်ချင်ရုံ သက်သက်ပါ တခြား ရည်ရွယ်ချက် မရှိပါဘူး"

"ပြီးတော့ ကျွန်တော်လည်း ခင်ဗျားကို တကယ် မသင်ပေးချင်ပါဘူး နေမင်း ခုတ်ပိုင်း ဖန်သား သတင်းနဲ့ ပတ်သက်လို့တော့ ခင်ဗျားဘာသာပဲ သိမ်းထားလိုက်ပါ နှုတ်ဆက်ပါတယ်"

All Chapters