အခန်း (၇၁၅-၇၁၇)
Vol. 60 Ch. 715-717
အခန်း ၇၁၅ -
ပန်းပဲရုံသို့ ... ။
“ ဘယ်လိုလဲ ... ။ ”
ခြံဝင်းတစ်ခုတည်းတွင် လုချောင်မင်က ယွင်လင်းနင် ဝင်လာသည်ကို စောင့်ဆိုင်းနေရာ မော့ကြည့်ပြီးမေးမြန်း၏။
“ အဝါရောင်နွေဦးနန်းတော်ရဲ့ စီနီယာ ယွင်စုန့်ကျိနဲ့ တွေ့ခွင့်ရပါတယ် သိုင်းဦးလေး။ ”
ယွင်လင်းနင်က စားပွဲတွင် ဝင်ထိုင်ကာ ပြန်ဖြေသည်။
“ သူ့စကားအရ မကြာသေးမီက ပျောက်ဆုံးကုန်တဲ့ ဧကရာဇ်တွေ အားလုံးဟာ ငရဲနတ်ဘုရား နန်းတော်နဲ့ ပတ်သက် နေတယ်လို့ သံသယရှိနေပါတယ်။ ”
“ ဒါဆို ... ဒုတိယအကြီးအကဲ ပျောက်ဆုံးမှုက ငရဲနတ်ဘုရားနန်းတော်နဲ့ သက်ဆိုင်နေနိုင်မလား။ ”
“ ဖြစ်နိုင်ပါတယ်။ ”
“ ဟမ့် ... သူတို့က ဧကရာဇ်တွေကိုဖမ်းပြီး ဘာလုပ်ချင်တာလဲ။ ”
“ မသိပါဘူး။ ”
ဤမတိုင်မီ ယင်ယန်လမ်းကြောင်း အခြေအနေကိုစုံစမ်းရန် မန်ပိုနန်းတော်မှ သူတို့ကို စေလွှတ်လိုက်ခြင်းဖြစ်၏။
နှင်းမြို့တော်ရောက်ချိန်၌ ဒုတိယအကြီးအကဲရှောင်ပိုင်ရီမှ သတင်းစုများ ဆောင်းရန် ထွက်ခွာသွားစဉ် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။
သုံးရက်ကုန်လွန်နေပြီးနောက် ယွမ်လင်းနင်၏ သတင်းများအရ ငရဲနတ်ဘုရား နန်းတော်၏ သားကောင်ဖြစ်သွားဖွယ်ရှိ၏။
“ သိုင်းဦးလေး ငါတို့ဘာဆက်လုပ်ရမလဲ။ ”
ယွမ်လင်းနင်က မေးသည်။ လုချောင်မင်တစ်ယောက် တိတ်ဆိတ်သွား၏။ အပြစ်သွေးမြစ်ဒေသကြီးသို့ ဝင်ရောက်ပြီးချိန် မှစကာ ထိုအင်အားစုအမည်ကို မကြာမကြာ ကြားခဲ့ရသည်။
၎င်းတို့သည် ထွက်ပေါ်လာသည်မှာ မကြာသေးသော်လည်း အပြစ်သွေးမြစ်ဒေသ အနှံ့တွင် ပြန့်ကျဲနေသော ထိပ်တန်းအဆင့် အင်အားစု အားလုံးနီးပါးကို သိမ်းယူထား၏။
“ ဒုတိယအကြီးအကဲ ပျောက်ဆုံးမှုက ငရဲနတ်ဘုရားနန်းတော်နဲ့သာ တကယ် ဆက်စပ် နေတယ်ဆိုရင် ငါတို့လက်ရှိအင်အားနဲ့တော့ မကယ်တင်နိုင်မှာ ငါကြောက်မိတယ်။ ”
“ ဂိုဏ်းကို အကူအညီတောင်းလို့ မရဘူးလား သိုင်းဦးလေး။ ”
“ အဲဒါက အဆင်မပြေပါဘူး ဒုတိယအကြီးအကဲ ပျောက်ဆုံးသွားတဲ့ အပေါ် တိကျသေချာတဲ့ သတင်းအချက်အလက်တွေ ပေးနိုင်ဖို့လိုသေးတယ်။ ”
ထိုစကားကြောင့် ယွမ်လင်းနင်ခမျာ တိတ်ဆိတ်သွားလေသည်။
“ ဒါ့အပြင် ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ယင်ယန်လမ်းရဲ့ ကသောင်းကနင်း အခြေအနေ အပေါ် စုံစမ်းဖို့ပဲ ... ဒီအချိန်မှာ အင်အားကြီး ရန်သူကို ထိပ်တိုက်မတွေ့သင့်သေးဘူး ...
... မနက်ဖြန်ညမှာ ကြက်သွေးရောင် လမင်းပေါ်လာလိမ့်မယ် အဲဒီအချိန် အဆုံးမဲ့ တောင်ကြားမှာ ...
... မှားယွင်းစွာ သေဆုံးခြင်း မြို့တံခါး ပေါ်လာလိမ့်မယ် ဒါကိုလွဲချော်သွားခဲ့မယ်ဆိုရင် ငါဆိုတွေ လဝက်လောက် ထပ်ပြီး စောင့်နေရလိမ့်မယ်။ ”
“ သိုင်းဦးလေး ... မင်းက မှားယွင်းစွာ သေဆုံးခြင်း မြို့သွားဖို့ စိတ်ကူးရှိနေတာလား။ ”
“ မှန်တယ် ... မြစ်သံတမန်မိုဟန်က အထဲမှာပိတ်မိနေပြီး သူ့ကိုကယ်တင်ဖို့ကို နည်းလမ်းရှာရမယ်။ ”
ယွမ်လင်းနင်က မျက်ခုံးပင့်လိုက်၏။ လုချောင်မင်မှ ခေါင်ညိတ်ပြလေသည်။ သို့မှသာ တိကျသော သတင်းအချက်အလက်များ ရရှိနိုင်မည်ဖြစ်သည်။
အဆိုပါ မြစ်သံတမန်မိုဟန်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အမှောင်မြို့တော်သို့ ဝင်ရောက်ခဲ့သည့် မန်ပိုနန်းတော်၏ ရှေးဟောင်း အကြွင်းအကျံ တစ်ပါးဖြစ်၏။
ယင်ယန်လမ်း ကသောင်းကနင်းဖြစ်မှု၌ ထိုအဖိုးကြီးမိုဟန်၏ လုံခြုံရေးအပေါ် စိုးရိမ်ရ စေသည်။ ထို့ကြောင့်ပင် လုချောင်မင်၊ ယွင်လင်းနင်နှင့် ရှောင်ပိုင်ရီတို့ကို စုံစမ်းရန် စေလွှတ်ခဲ့ခြင်းဖြစ်၏။
“ သိုင်းဦးလေး ... မှားယွင်းစွာ သေဆုံးခြင်းမြို့တော်က မရေမတွက်နိုင်အောင် ကြောက်စရာကောင်းတဲ့ အန္တရာယ်တွေနဲ့ ဖုံးလွှမ်းနေတယ်မဟုတ်လား။ ”
“ လင်းနင်၊ စိတ်မပူပါနဲ့ ယင်ယန်လမ်း ပျက်စီးမှုကြောင့် ငါတို့လိုအင်အားကြီးဂိုဏ်းတွေ ကနေ ကျွမ်းကျင်သူတွေ အများကြီး ...
... စုံစမ်းဖို့ စေလွှတ်ထားပါတယ် ငါတို့အချင်းချင်း ပူးပေါင်းကြရင် အန္တရာယ် ကင်းနိုင်မယ်။ ”
ထို့နောက် လုချောင်မင်သည် သူ့လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ယွင်လင်းနင်က အနည်းငယ် စိတ်သက်သာရာရသွား၏။
“ ဒါဆိုရင် ပိုလုံခြုံပြီ ... ။ ”
မှားယွင်းစွာ သေဆုံးခြင်းမြို့သည် ဧကရာဇ်များပင် သတိထားရသည့် တားမြစ် နေရာကြီးဖြစ်သည်။
“ သိုင်းဦးလေး ... ။”
“ ပြောပါ ... အခြားတစ်ခုခုရှိလား။ ”
ယွင်လင်းနင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ လုချောင်မင်မှ ပြန်မေးလိုက် တော့၏။ ယွမ်လင်းနင်က ခေါင်းညိတ်လျက်၊
“ ငါပြန်လာတဲ့လမ်းမှာ စုရီကိုတွေ့ခဲ့တယ်။ ”
“ စုရီ ... ။ ”
“ ဟုတ်တယ် ... ။ ”
ထိုနာမည်ကိုကြားချိန်တွင် လုချောင်မင်သည် ကျောက်စိမ်းရောင် ဝတ်ရုံဖြင့် လူငယ်တစ်ယောက်ကို ပြန်မြင်ယောင်ကာ ရှုပ်ထွေးသော အမူအရာနှင့် အေးခဲသွား၏။
မိုးပြာမျိုးစေ့ကို သိမ်းယူရန်ကြိုးစားသည့် ဖြစ်စဉ်တွင် စီနီယာအကြီးအကဲတစ်ဦးအနေဖြင့် ဝင်ရောက် ဟန့်တားခြင်းမပြုသောကြောင့် မြစ်သံတမန်မိုဝူဟန်မှ သူ့အပေါ် ရာထူးက ဖယ်ရှားပစ်ခဲ့သည်။
တစ်ဖက်လူ၏ ဇာစ်မြစ်သည် လျှို့ဝှက်လွန်းပြီး ထိုအကြောင်းကို မိုဝူဟန်သည် ထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိချေ။
ဤအရာက လုချောင်မင်ကို သံသယဖြစ်စေသည်။ မည်သို့ပင်ဆိုစေကာမူ မြစ်သံတမန်မိုဝူဟန်ကဲ့သို့ ရှေးဟောင်းဘီလူး တစ်ကောင်ထံမှ ထိုသို့သောလေးစားမှုကို ရရှိထားသည်မှာ သာမန်မဟုတ်ချေ။
တစ်ဖက်တွင် ယွင်လင်းနင်သည်လည်း ထိုစုရီသည် ဝိညာဉ်တာအိုနယ်ပယ်ဖြင့် သူမကို အနိုင်ယူခဲ့သည်ကို မေ့နိုင်ပုံမရချေ။
“ သိုင်းဦးလေး ... အခွင့်အရေးရရင် ငါသူနဲ့တိုက်မယ် ဒါကလဲ့စားချေဖို့မဟုတ်ဘူး ဘယ်သူ ပိုသာလွန်တယ်ဆိုတာ ဆုံးဖြတ်ချင်တယ်။ ”
လုချောင်မင်က မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်ကာ၊
“ အခွင့်အရေးရရင် ငါတို့ထပ်ပြောမယ်။ ”
-ဟု ပြောကြားလိုက်သည်။
ယွမ်လင်းနင်သည် သူမ၏ရှုံးနိမ့်မှုကို ယုံကြည်ခြင်း မရှိကြောင်း မြင်သာနေချေပြီ။
***
နှင်းမြို့တော် အရှေ့မြောက်ဘက် ဒေသကြီးတစ်နေရာတွင် ပျက်စီးယို့ယွင်းနေပြီး ဟောင်းနွမ်းနေသော အဆောက်အအုံများက အစက်ချထားသကဲ့သို့ တည်ရှိနေသည်။
“ ကလန် ... ကလန် ... ။ ”
ညက အမှောင်ကို ဆောင်ကျဉ်းလျက် သတ္ထုရိုက်သံများသာ ညံနေသည်။ ဤသည်မှာ အလွန်ရိုးရှင်းသော ပန်းပဲဆိုင်လေး တစ်ဆိုင်ဖြစ်၏။
အရပ်ရှည်ပြီး ထွားကြိုင်းသော ကြေးနီရောင်အသားအရည်နှင့် လူငယ်တစ်ဦးမှ အနက်ရောင်ဓားတစ်လက်ကို ထုလုပ်နေ၏။
ပေါင်တူနှင့် ရိုက်လိုက်ချိန်တိုင်း ပေါက်ကွဲသံများထွက်ပေါ်လာပြီး မီးပွားများ ပျံ့လွင့်သွားကုန်သည်။
ပန်းပဲဆိုင်တစ်နေရာတွင် အနက်ရောင် ၀တ်စုံဝတ်ထားသည့် ပိန်ပိန်ပါးပါး အမျိုးသား တစ်ဦး ရပ်စောင့်နေ၏။
သူသည် ဓားနက်ပိုင်ရှင်ဖြစ်မည်မှာ ထင်ရှား၏။ သူ့မျက်လုံးများက ဓားနက်ထံမှ မခွာချေ။
“ နင်ရှာနေတဲ့ ပန်းပဲသမားက အဲဒီလူလား။ ”
ယွီရွယ်မှ စိတ်ရှုပ်သွားသည်။ အရပ်ရှည်ပြီး ထွားကြိုင်းသော လူငယ်သည် အသက်(၃၀)ခန့် ရှိနေသည့် သာမန်ပန်းပဲသခင်မျှသာပေပင်။
ကျင့်ကြံမှုအရ ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့်တွင်သာရှိ၏။
“ သူ မဟုတ်ဘူး ... ။ ”
စုရီက ခေါင်းအနည်းငယ်ခါယမ်းသည်။ သို့သော် သန်မာသော ဤလူငယ် ကိုယ်ဟန်နှင့် နည်းစနစ်သည် ရင်းနှီးနေ၏။
“ သူက ငါရှာနေတဲ့ ပန်းပဲဆရာရဲ့ ဆက်ခံသူပဲ။ ”
ပန်းပဲရုံထဲတွင် ရပ်နေသော အနက်၀တ်အမျိုးသားက တစ်စုံတစ်ခုကို ခံစားမိပြီး ရုတ်တရက်လှည့်ကြည့်လာသည်။ စုရီနှင့်ယွီရွယ်ကို မြင်ချိန်၌ ယွီရွယ်ထံသာ အကြည့်များပို့လျက် မျက်ခုံးပင့်သွား၏။
“ ဧည့်သည် မင်းရဲ့ဓားရပြီ။ ”
ဤအခိုက်အတန့်တွင် ထွားကြိုင်းသော လူငယ်သည် ဓားနက်တစ်လက်ကို ကမ်းပေး လာသည်။
အနက်ရောင် ၀တ်စုံဝတ် အမျိုးသားက နွေးထွေးစွာပြုံးပြလိုက်ပြီး ထွားကျိုင်းသော လူငယ်ထံ လက်ဝှေ့ရမ်းပြကာ၊
“ ကျေးဇူးပါ မိတ်ဆွေလေး ... ဖြစ်နိုင်ရင် မင်းသခင်ကို ... ငါနှုတ်ဆက်လိုက်ပါတယ်လို့ ပြောပေးပါ။ ”
-ဟု နှုတ်ဆက်လိုက်၏။
သူ့အပြောအဆိုနှင့် အမူအရာသည် အလွန်ယဉ်ကျေးသိမ်မွေ့နေသဖြင့် ယွီရွယ်က အံ့သြသွားသည်။
ရွှမ်ယုဧကရာဇ်သည် ထိုကဲ့သို့နှိမ့်ချသော ကိုယ်ဟန်အနေအထားကို ခံယူရသည့်အတွက် ပန်းပဲရုံပိုင်ရှင်သည် သာမန် မဖြစ်နိုင်ချေ။ အလွန်ထူးကဲသူ ဖြစ်ရပေမည်။
ပို၍ မယုံနိုင်စရာကောင်းသည်မှာ ရွှမ်ယုဧကရာဇ်သည် သူ့ဓားအတွက် ဝိညာဉ် တာအိုနယ်ပယ် တစ်စုံတစ်ဦးထံ အကူအညီ တောင်းနေခြင်းဖြစ်၏။ ယုတ္တိမတန်ချေ။
သူမ၏အကြည့်များသည် အနက်ရောင်ဓားပေါ်သို့ အမှတ်တမဲ့ ကျရောက် သွားလေသည်။ သို့သော် ရှင်းရှင်းလင်းလင်း မမြင်နိုင်မီ အနက်ဝတ်လူသည် သိမ်းဆည်း သွားပြီးဖြစ်သည်။
ထွားကြိုင်းသော လူငယ်ကပြုံးလျက်၊
“ ဧည့်သည်၊ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး သရဲမြို့တော်တံဆိပ်ပိုင်ဆိုင်ထားတဲ့ ဘယ်သူမဆို ... ငါတို့ဆိုင်ရဲ့ဖောက်သည်ပဲ ကောင်းကောင်း ဆက်ဆံသင့်ပါတယ်။ ”
-ဟု တုန့်ပြန်သည်။ အနက်ရောင် ၀တ်စုံဝတ်ထားသည့် အမျိုးသားက ပြုံးပြပြီး၊
“ မိတ်ဆွေ ... ငါ့နာမည် ယွင်စုန့်ကျိပါ အဝါရောင်နွေဦးနန်းတော်ကနေ လာပါတယ် မင်းရဲ့သခင်ကမေးရင် ကျေးဇူးပြုပြီး ပြောပြပေးပါ။ ”
-ဟုဆိုလျက် လက်ဝှေ့ရမ်းကာ လှည့်ထွက်သွားလေသည်။ စုရီအနားမှ အဖြတ်တွင် ယွီရွယ်ကို စောင်းငဲ့ကြည့်၏။
ထိုအချိန်တွင် စုရီသည် ရှေ့သို့တိုးသွားကာ ပန်းပဲဆိုင်ထဲ လှမ်းဝင်လိုက်သည်။ လူငယ်သည် သူ့ကိုမြင်ချိန်တွင် ခေါင်းကုတ်ကာ၊
“ ဧည့်သည်တော် မှောင်နေပြီမို့ ငါတို့ဆိုင်ပိတ်ရတော့မယ်။ ”
-ဟု တောင်းပန်စကားဆိုလာတော့၏။
***
အခန်း ၇၁၆ -
မိတ်ဆွေဟောင်း ... ။
စုရီက ခေါင်းယမ်းပြပြီး၊
“ ရတနာတွေကို ပြုပြင်ဖို့ ငါက ဒီမှာမဟုတ်ဘူး မိတ်ဆွေတစ်ယောက် သူ့ဆီ လာလည်တယ်လို့ မင်းရဲ့ဆရာကို သွားပြောလိုက်ပါ။ ”
-ဟု တုန့်ပြန်၏။ ထွားကျိုင်းသော လူငယ်သည် ထိတ်လန့်သွားပြီး၊
“ ဧည့်သည်၊ ငါ့သခင်ကိုသိလား။ ”
-ဟု ပြန်မေးသည်။
အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားက အဝေးမရောက်သေးသဖြင့် ထိုစကားကြောင့် ရုတ်တရတ် ရပ်တန့်သွား၏။
ပန်းပဲဆရာ၏ သူငယ်ချင်းဆိုသူသည် လူငယ်တစ်ဦးဖြစ်နေသဖြင့် စိတ်ဝင်စားခြင်း ဖြစ်လေသည်။
“ မင်းသခင်ကို ငါမသိရင် ငါဘာလို့လာရမှာလဲ။ ”
စုရီက ပြုံးလျက် ဖြေလိုက်သည်။ ထွားကြိုင်းသောလူငယ်မှ တုံ့ဆိုင်းသွားပြီး၊
“ ဧည့်သည် ... မင်းမှာ အထောက်အထား တစ်စုံတစ်ရာရှိပါသလား။ ”
-ဟု ပြန်မေး၏။ စုရီက ခဏမျှစဉ်းစားကာ၊
“ မင်းရဲ့သခင်ကို စကားတစ်ခွန်း ပြောလိုက်ပါ ... ငါ့သူ့ဆီလာတာကို သဘာဝ အတိုင်း နားလည်လာလိမ့်မယ်။ ”
“ ကောင်းပြီ ... ပြောပါဧည့်သည်။ ”
ထွားကျိုင်းသောလူငယ်က သံသယဝင်နေဆဲဖြစ်၏။ စုရီက ပေါ့ပေါ့ပါးပါး အသွင်ဖြင့်၊
“ ကောင်းကင်က နှင်းတွေကျနေတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟမ် ... ဒါပဲလား။”
ထွားကျိုင်းသော လူငယ်ခမျာ အံ့အားသင့်သွား၏။ စီုရမှ ခေါင်းညိတ်ပြသည်။
“ မင်းသခင်ကို သွားပြောပါ ... သူသိလိမ့်မယ်။ ”
ထွားကျိုင်းသော လူငယ်က အသက်ပြင်းပြင်းရှူကာ၊
“ ဧည့်သည်၊ ငါ့ကိုလှည့်စားဖို့ မကြိုးစားနဲ့ မင်းလိမ်နေတာကို ငါသိရင် မင်းကိုဘယ်တော့မှ မမေ့နိုင်တဲ့သင်ခန်းစာ ငါသင်ပေးမယ်။ ”
-ဟု သတိပေးစကားဆိုလေသည်။ စုရီတစ်ယောက် ပြုံးလိုက်တော့၏။
“ မြန်မြန်သွား ... ။ ”
ထို့နောက် ထွားကြိုင်းသော လူငယ်သည်လှည့်၍ ပန်းပဲဆိုင်ထဲသို့ အမြန် လှမ်းဝင်သွားခဲ့သည်။
ပန်းပဲဆိုင်နောက်တွင် ရိုးရှင်းသော ခြံဝင်းတစ်ခုရှိ၏။ ညအချိန်အခါဖြစ်သဖြင့် တံစက်မြိတ်တွင်ချိတ်ဆွဲထားသော မီးအိမ်များ လင်းထိန်နေသည်။
လူလတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးသည် ခြံဝင်းအလယ်ရှိ သစ်သားခုံတွင် ထိုင်နေ၏။
မီးခိုးရောင် ဝတ်ရုံအဟောင်းကို ၀တ်ဆင်ထားပြီး အေးစက်သောအသွင်ဖြင့် သတ္ထုရောင်ဝါများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေ၏။
သူ့ရှေ့တွင် အိုမင်းရင့်ရော် မျက်လုံးများ မှေးစင်းလျက် အချိန်နှင့်အမျှ နွမ်းလျနေသော အသွင်အပြင်ဖြင့် အနက်ဝတ် ဘုန်းကြီး တစ်ပါးထိုင်နေ၏။
“ ကမ္ဘာကြီးက မိုက်မဲပြီး အတိတ်ကိုမသိချင်တတ်ကြဘူး ဒီနေရာကို စောင့်နေတဲ့ ငါ့မိတ်တွေသာ ညလူမဟုတ်ခဲ့ရင် သာယာဝပြောတဲ့ ...
... ဒီကောင်းကင်နှင်းမြို့တော်ဟာ ကမ္ဘာမြေပြင်ပေါ်ကနေ ပျောက်ကွယ်သွားခဲ့တာ ကြာပါပြီ ... ။ ”
မီးခိုးရောင်ဝတ်လူသည် ငြိမ်သက်လျက် အနက်ဝတ်ဘုန်းကြီးစကားကို နားထောင်၏။ အနက်ဝတ်ဘုန်းကြီးမှ၊
“ ဒါပေမယ့် ... စိတ်မကောင်းစွာနဲ့ မှားယွင်းစွာသေဆုံးခြင်းမြို့တော်ရဲ့ ကံကြမ္မာက ပြောင်းလဲတော့မယ် ...
... ကမ္ဘာ့ကြီးရဲ့ချိန်ခွင်လျှာက အမြဲပြောင်းနေတာမို့ နောက်ကိုလိုက်နေတဲ့ သူတွေက ကြီးပွားချမ်းသာလာပြီး ...
... ဆန့်ကျင်သူတွေကတော့ ရှုံးနိမ့်ဆုံးပါးသွားနိုင်မယ် ... တာအိုမိတ်ဆွေ မင်းမှာ ထူးထူးခြားခြား အစွမ်းအစတွေ ပိုင်ဆိုင်ထားရင်တောင် ဒီလိုအကြွင်းမဲ့ ခွန်အားကို မင်းမခံနိုင်ပါဘူး။ ”
-ဟု ပြောကြားလိုက်သည်။ ထို့နောက် မီးခိုးရောင်ဝတ် အမျိုးသားထံ စူးစူးစိုက်စိုက် ပြန်ကြည့်ကာ၊
“ ငါမင်းဆီကို အလည်လာတာ သခင်ငရဲကျီးကန်းရဲ့ ညွှန်ကြားချက်ကြောင့်ပါ တာအိုမိတ်ဆွေ ... တစ်ခုပဲ ငါသိချင်တယ် ... မင်း ဒီပန်းပဲရုံအတွင်းမှာ နှစ်ပေါင်းများစွာ စောင့်ရှောက်နေခဲ့တာ ဘာကြောင့်လဲ ...
... ငါ့အမြင်အရတော့ မင်းဒီမှာ ပိတ်လှောင်ခံနေရတာပါပဲ မြို့ကိုမင်းကာကွယ် နိုင်ပေမယ့် လူတွေကိုတော့ မကာကွယ်နိုင်ဘူး ...
... နှင်းမြို့တော်ရဲ့ မြို့သူမြို့သားတွေ မရှိတော့ရင် ဒီမြို့ဟာအလွတ်ပဲ မင်းအတွက် ဘာကိုဆက်ပြီး ကာကွယ်မလဲ ...
... မှားယွင်းစွာ သေဆုံးခြင်းမြို့ကို စောင့်ထိန်းဖို့ မင်းသဘောတူနေသရွေ့ ငရဲဘုရင် ပြန်လာတဲ့အခါ ဒီပိတ်လှောင်မှုကနေ မင်းကို လွတ်မြောက်အောင် ကူညီပေးပါလိမ့်မယ်။”
သို့တိုင် မီးခိုးရောင်ဝတ်အမျိုးသားသည် တုန့်ပြန်မှု မပြုချေ။ အနက်ဝတ်ဘုန်းကြီးခမျာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။
မီးခိုးရောင်ဝတ် အမျိုးသားက တည်ငြိမ်သောအသွင်ဖြင့် ရေနွေးကြမ်းတစ်ခွက် မော့သောက်လိုက်ကာ၊
“ မင်းပြောလို့ပြီးရင် ထွက်သွားလို့ရပြီ။ ”
-ဟု လျစ်လျူရှုစွာ တုန့်ပြန်လာခဲ့သည်။
အနက်ဝတ်ဘုန်းကြီးတစ်ယောက် မျက်မှောင်ကြုတ်သွားသော်လည်း အဆုံးတွင် သူ့ကိုယ်သူ ထိန်းထားလိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ပြီး၊
“ မနက်ဖြန်ညမှာ ကြက်သွေးရောင် လမင်းပြန်ပေါ်လာမယ် ဒီတစ်ခါတော့ လူတွေ သေသွားမှာကို ငါကြောက်မိတယ်။ ”
-ဟု သတိပေးလျက် ထွက်ခွာရန်ပြင်၏။
ထိုစဉ် ထွားကျိုင်းသောလူငယ်သည် ခြံဝင်းထဲသို့ လှမ်းဝင်လာသဖြင့် ရပ်တန့်ကာ စူးစမ်းလိုက်တော့သည်။
များမကြာခင် အနက်ဝတ်ဘုန်းကြီးသည် တစ်စုံတစ်ရာကိုရှာတွေ့သွားပြီး သိမ်မွေ့စွာဖြင့် ပြုံးရယ်လိုက်၏။
“ တာအိုမိတ်ဆွေ ... မင်းရဲ့ဆက်ခံသူဟာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလွန်းတယ် သူ့ရဲ့ရွှေဗုဒ္ဓအရိုးတွေက မာကျောပြီး တကယ့်ကို ရှားပါးတဲ့ ကျောက်ရိုင်းတုံးတစ်တုံးပဲ။
ထွားကြိုင်းသောလူငယ်သည် အနက်ဝတ်ဘုန်းကြီးထံ တစ်ချက်ကြည့်ကာ လျင်မြန်စွာဦးညွှတ်ပြီး၊
“ အကြီးအကဲက ငါ့ကိုမြှောက်ပင့်နေပါပြီ။ ”
-ဟု အရိုအသေပေးလိုက်သည်။
သစ်သားစားပွဲတွင်ထိုင်နေသော မီးခိုးရောင်ဝတ်အမျိုးသားက မျက်မှောင်ကြုတ် သွားပြီးနောက်၊
“ မင်းကို ဘယ်သူဝင်ခွင့်ပြုလဲ။ ”
-ဟု မေးမြန်း၏။
ထွားကြိုင်းသောလူငယ်က ချက်ချင်းတုန်လှုပ်သွားကာ ခေါင်းငုံ့လျက်၊
“ ဆရာ့ရဲ့ သူငယ်ချင်းဟောင်းလို့ပြောပြီး ဧည့်သည်ရောက်နေပါတယ် သူ ဆရာနဲ့တွေ့ဖို့ အတင်းအကြပ်တောင်းဆိုနေပါတယ်။ ”
-ဟု အမြန်ရှင်းပြလိုက်သည်။
“ နှစ်တွေကြာလာတာနဲ့အမျှ ငါ့ရဲ့သူငယ်ချင်းဟောင်းလို့ပြောတဲ့ လူလိမ်တွေ မရေမတွက်နိုင်အောင် များပြားလာနေပြီ မင်း သင်ခန်းစာယူပြီး မောင်းထုတ်သင့်တယ်။ ”
“ ဆရာ ... သူက စကားတစ်ခွန်း ပါးခိုင်းလိုက်ပါတယ် သူ့စကားကို မင်းကြားရင် သူ ဘယ်သူလဲဆိုတာ သိမယ်လို့ ပြောပါတယ်။ ”
မီးခိုးရောင်ဝတ် အမျိုးသားတစ်ယောက် မျက်ခုံးပင့်လျက် အနက်ရောင်ဝတ်ဘုန်းကြီးထံ လှည့်ကြည့်ကာ၊
“ မင်းထွက်သွားသင့်ပြီ။ ”
-ဟု မောင်းထုတ်လိုက်၏။
အနက်ဝတ်ဘုန်းကြီးက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ကာ ထွက်ခွာသွားတော့သည်။
ထိုဘုန်းကြီး ပျောက်ကွယ်သွားမှသာလျှင် မီးခိုးရောင်ဝတ်အမျိုးသားက လက်ဝှေ့ရမ်း၏။ တာအိုစွမ်းအားတစ်ခု ခြံဝင်းကို ဖုံးအုပ်သွားချေပြီ။
“ အားချန် ပြောပါ။ ”
ထွားကျိုင်းသော လူငယ်က ရှေ့သို့ လျင်မြန်စွာတိုးသွားပြီး၊
“ ဧည့်သည်က ကောင်းကင်က နှင်းတွေကျလာပြီလို့ ပြောခိုင်းပါတယ် … ။ ”
-ဟု တိုတိုတုတ်တုတ်ဆို လိုက်တော့၏။
“ ကောင်းကင်က နှင်းတွေကျလာပြီ။ ”
ဤဝါကျတွင် လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေပုံရပြီး မီးခိုးရောင်ဝတ် အမျိုးသားကို နှုတ်ဆိတ်သွားစေသည်။
“ ဆရာ ... မင်းမသိဘူးလား။ ”
တွေဝေနေသော ဆရာသခင် အမူအရာကောင့် ထွားကြိုင်းသောလူငယ်က ဒေါသတကြီးဖြင့်၊
“ ဒီကောင်လေး လူလိမ်ဆိုတာ ငါသိတယ် ငါအခုချက်ချင်း သွားဖြေရှင်းလိုက်မယ်။ ”
-ဟု ထွက်ခွာရန်ပြင်တော့၏။
“ နေဦး ... ဧည့်သည်ကို ဖိတ်ကြားလာခဲ့။ ”
“ ဟမ့် ... ။ ”
“ အဲဒီလူကို ရိုသေဖို့လည်းသတိရပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
ထွားကျိုင်းသော လူငယ်ခမျာ အံ့အားသင့်သွားပြီး တစ်ခုခုမှားနေကြောင်း ချက်ချင်းသိလိုက်၏။
“ ဒါနဲ့ဆရာ၊ အဲဒီလူက ဆယ်ကျော်သက်အရွယ် ကောင်လေး တစ်ယောက်ပါ … ။ ”
“ မြန်မြန်သွား ... လမ်းမှာ အနက်ဝတ်ဘုန်းကြီးနဲ့ဆုံရင် စကားမပြောနဲ့။ ”
“ ဟုတ်ကဲ့ ... ။ ”
သူ့ဆရာ၏ သတိပေးစကားကြောင့် ထွားကျိုင်းသော လူငယ်ခမျာ သွေးလည်ပတ်မှု တောင့်တင်းလာပြီး အမြန်ထွက်ခွာလာခဲ့၏။
“ ကောင်းကင်က နှင်းတွေကျလာပြီ ... ငါတို့သောက်ကြမလား။ ”
ထိုအချိန်တွင် ခြံဝင်းထဲ ထိုင်လျက်ကျန်ရစ်နေခဲ့သည့် မီးခိုးရောင်ဝတ် အမျိုးသား၏ မျက်နှာတွင် ရှားရှားပါးပါး ခံစားချက် တစ်စုံတစ်ရာပေါ်လာတော့၏။
အနက်ဝတ်အဖိုးအိုသည် ပန်းပဲရုံထဲမှ ထွက်လာသောအခါတွင် လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦး မတ်တပ်ရပ်စောင့်နေ သည်ကို မြင်လိုက်ရသည်။
အထူးသဖြင့် ရိုးရိုးရှင်းရှင်း ၀တ်စုံဝတ်ထားသော အမျိုးသမီးကိုမြင်သော အခါတွင် သူ့မျက်ဝန်းထဲ အံ့သြမှုအရိပ်အမြွက် ထွက်ပေါ်လာကာ၊
“ ခွင့်လွှတ်ပါ၊ ဒီနေရာရဲ့ပိုင်ရှင်ဆီကို လာလည်တာ မိန်းကလေးလား။ ”
-ဟု မေးမြန်းလိုက်၏။ သို့သော် မိန်းကလေးသည် တုန့်ပြန်မှု မပြချေ။ သူ့ကို လျစ်လျူရှုထား၏။
တစ်ဖက်တွင် ယွီရွယ်အမြင်၌ ဤဘုန်းကြီးသည် အပြစ်များဖြင့် ပြည့်နေသော မကောင်းဆိုးရွား ကျင့်ကြံသူဖြစ်သည်။
သူမအတွက် စကားပြောရန် မထိုက်တန်ချေ။ အနက်ဝတ်ဘုန်းကြီးခမျာ အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး စုရီထံသို့လှည့်ကြည့်လေသည်။
“ ဒါဆို ဒီက မိတ်ဆွေဖြစ်နိုင်မလား။ ”
“ မင်းနဲ့ ဘာဆိုင်လဲ။ ”
ဤတုန့်ပြန်မှုက အနက်ဝတ်ဘုန်းကြီး၏ အမူအရာကို လုံးဝအေးခဲသွားစေတော့သည်။ ထိုအခိုက်တွင် ထွားကျိုင်းသောလူငယ်သည် ပြုံးလျက် ပြန်ရောက်လာပြီး၊
“ ဧည့်သည်တော်၊ ငါ့သခင်က မင်းကိုဖိတ်ခေါ်လိုက်ပါတယ်။ ”
-ဟု ပြောကြားလာ၏။
ထိုစကားကြောင့် အနက်ဝတ်ဘုန်းကြီး၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး နှလုံးခုန်သံမြန်လာလေသည်။
“ လူငယ်လေး ... ။ ”
အဆုံး၌ သည်းမခံနိုင်တော့ဘဲ ဤလူငယ်နှင့်မိန်းကလေး၏ ဇာစ်မြစ်ကို မေးမြန်းရန် ပြင်လိုက်သည်။
သို့သော် အစောပိုင်းက ဖော်ရွေသော ထွားကျိုင်းသည့်လူငယ်သည် လျစ်လျူရှုကာ ချက်ချင်းလှည့်ထွက်သွား၏။ သူ့ဆရာသည် ဤဘုန်းကြီးနှင့် စကားတစ်ခွန်းမျှ မပြောရန် သတိပေးထားသည်။
အနက်ဝတ်ဘုန်းကြီး၏ အပြုံးသည် အေးခဲသွားပြီး မျက်ဝန်းများမှေးစင်းလျက် ဒေါသများ ထွက်ပေါ်လာသည်။
အဖြူရောင်ဝတ် အမျိုးသမီး၏ လျစ်လျူရှုခြင်းကို ခံနိုင်ရည်ရှိ၏။ သို့သော် ထိုကျောက်စိမ်းရောင်ဝတ်လူငယ်နှင့် ပန်းပဲ ဆရာ၏ တပည့်ကိုမူ ခံနိုင်ရည်မရှိချေ။
“ ဒီကိစ္စအတွက် မကြာခင်ရှင်းရမယ်။ ”
ထို့နောက် အနက်ဝတ်ဘုန်းကြီး၏ အကြည့်သည် အဝေးရှိလူသူကင်းမဲ့နေသော လမ်းမပေါ်သို့ ကျရောက်သွားသည်။
အဆိုပါအရပ်တွင် အနက်ရောင် ၀တ်စုံဝတ်ထားသော အမျိုးသားတစ်ယောက် လက်နှစ်ဖက်နောက်ပို့ကာ ရပ်နေ၏။
ဤသည်မှာ မနက်တည်းကပင် ဓားတစ်လက်ကို လာရောက်သန့်စင်နေခဲ့သော အဝါရောင်နွေဦးနန်းတော်၏ အကြီးအကဲ ယွင်စုန့်ကျိဖြစ်ကြောင်း သူသိသည်။
“ တာအိုမိတ်ဆွေ မနက်ဖြန်ညမှာ မှားယွင်းစွာသေဆုံးခြင်းမြို့ကို အောင်မြင်စွာ ဝင်ရောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ”
အနက်ဝတ်ဘုန်းကြီးမှ သိမ်မွေ့စွာပြုံးပြပြီး နောက်သို့ဆုတ်ခွာလျက် အနက်ရောင်အမှုန်များ အဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။
“ ဟမ့် ... ဒီဘုန်းကြီးဘယ်သူလဲ ... သူ့အငွေ့အသက်က ဘာလို့ထူးဆန်းပြီး ကြောက်စရာ ကောင်းနေရတာလဲ ... ။ ”
ယွင်စုန့်ကျိတစ်ယောက် မသေချာ မရေရာမှုများနှင့် သံသယများဝင်ရောက်လာ၏။ ယနေ့ပန်းပဲရုံတွင် မြင်တွေ့ကြားသိခဲ့ရသမျှ လုံးဝနားမလည်နိုင်စရာပေပင်။
***
အခန်း ၇၁၇ –
တစ္ဆေမြို့တော်မှ ညတစ္ဆေ။
ပန်းပဲဆိုင်အနောက်ဘက် ခြံဝင်းထဲတွင် မီးပုံးများ မြင့်မားစွာချိတ်ဆွဲထားပြီး အလင်းများ အရိပ်အဖြစ်လှုပ်ယမ်းနေသည်။
မီးခိုးရောင်ဝတ် အမျိုးသားသည် ကျောက်စိမ်းရောင်ဝတ် လူငယ်တစ်ယောက် အေးအေးဆေးဆေး လျှောက်လှမ်းလာသည်ကို မြင်ချိန်၌ ထူးဆန်းမှုတစ်ခု ခံစားလာရ၏။
“ ဒီနေရာက အရင်အတိုင်းပါပဲ ... ဖိနှိပ်ချုပ်ချယ်မှု၊ မွန်းကြပ်မှုနဲ့ ငြီးငွေ့စရာတွေ ကောင်းလိုက်တာ။ ”
စုရီက ပတ်ပတ်လည်ကို ကြည့်ကာ မှတ်ချက်ပေးသည်။ ပုံမှန်မဟုတ်သော အပြုံး တစ်ပွင့်သည် ခြံရှင်၏ တင်းမာအေးစက်သည့် မျက်နှာတွင် ဖြစ်ပေါ်လာ၏။
“ ဒီရေနဲ့အတူ လွင့်မျောနေရတာထက် မပြောင်းလဲဘဲ ... အမြဲတည်ရှိနေရတာက ပိုကောင်းပါတယ်။ ”
ထို့နောက် စုရီကိုထိုင်ရန် လက်ပြ လိုက်လေသည်။ စုရီက ခြံရှင်အမျိုးသားနှင့် မျက်နှာချင်းဆိုင်တွင် သဘာဝအတိုင်း ဝင်ထိုင်လိုက်၏။
ယွီရွယ်သည် စုရီအနားတွင်ရပ်ပြီး စောင့်ဆိုင်းနေသည်။ ပုံမှန်အားဖြင့် သူမသည် ခပ်ခွာခွာနေတတ်ပြီး သီးသန့်ဆန်၏။
ခြံဝင်းထဲသို့ သူမ ဝင်ရောက်လာစဉ် နားမလည်နိုင်သော ဖိနှိပ်ချုပ်ချယ်မှုခံစားရ၏။ ထိုစွမ်းအား၏ အရင်းအမြစ်သည် ဤခြံရှင်ထံမှ လာခြင်းပေပင်။
ထိုသူသည် အေးစက်ပြီး သံကဲ့သို့ ခိုင်မာပြတ်သားသောရောင်ဝါနှင့် ထာဝရတည်ရှိ နေသည့် ကျက်သရေများ ပိုင်ဆိုင်ထား၏။
ဤခံစားချက်သည် လူတစ်ဦးဟူသော ခံစားချက်အစား ကောင်းကင်နှင့် မြေကြီးကြား အထီးကျန်ဆန်သော တောင်ကြီးတစ်လုံးနှင့် တူနေသည်။
အချိန်ကာလ၏ တိုက်စားမှုကို မကြောက်မရွံ့ ငြိမ်သက်စွာ စောင့်ဆိုင်းနေသည့် သဘာဝ ကျောက်ဆောင်ကြီးဖြစ်၏။
ထို့ကြောင့် တစ်ဖက်လူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဇာတ်ကောင် ဖြစ်မည်ကို သူမ သဘောပေါက်သည်။
“ ဝိုင်ဘယ်မှာလဲ ... ။ ”
စုရီက စားပွဲကို ပုတ်လိုက်၏။ သူ့အမူအရာကြောင့် ထွားကျိုင်းသော လူငယ်က၊
“ ငါ့ဆရာက တခါမှ မသောက်ဘူး။ ”
-ဟု ဝင်ပြောသည်။
“ အားချန်၊ မင်းမှားနေပြီ ... ငါကထိုက်တန်တဲ့လူတွေနဲ့ တွေ့မှသာ ဝိုင်သောက်တယ်။ ”
“ ဝှစ် ... ။ ”
စကားဆုံးသည်နှင့် လက်ကိုလှန်ကာ ဝိုင်ပုလင်းတစ်လုံးနှင့် ဝိုင်ခွက်နှစ်ခွက်ထုတ်ပြီး၊
“ ဒီဝိုင်ကို မှတ်မိသေးလား။ ”
-ဟု မေးသည်။ စုရီက လွမ်းဆွတ်နေသော အကြည့်ဖြင့်၊
“ ဒါဆို ... မင်းသိမ်းထားတုန်းပဲ။ ”
-ဟု တုန့်ပြန်သည်။
ထိုစဉ်က မှားယွင်းစွာ သေဆုံးခြင်း မြို့တော်မှ ပြန်လာသောအခါ ဤလူနှင့် သူ ခွက်တစ်ထောင် သောက်ခဲ့ဖူးသည်။
ဘဝသည် ခရီးတစ်ခုနှင့်တူသည်ဟု မှတ်ချက်ချခဲ့ကြကာ ဤဝိုင်အိုးကို စုရီမှပင် ထားခဲ့ခြင်းဖြစ်၏။
နှစ်ပေါင်းများစွာ သိမ်းဆည်းထားသော ဝိုင်အိုးကိုဖွင့်ပြီး စုရီနှင့်သူ့အတွက် တစ်ခွက်စီ လောင်းငှဲ့ကာ၊
“ မင်း ပြန်လာမယ်ဆိုတာ ငါသိတယ်၊ ဒါကြောင့် သိမ်းထားခဲ့တာ။ ”
-ဟု ပြန်ဖြေသည်။
ထို့နောက် သူ့ဝိုင်ခွက်ကို တစ်ကျိုက်တည်း သောက်ချလိုက်၏။ စုရီမှ ပြုံးပြပြီး အတူလိုက် သောက်လေသည်။
နှစ်ယောက်သား စကားစမြည် ပြောကြားလျက် ပေါ့ပေါ့ပါးပါး ဖြစ်လာခဲ့သည်။ ထွားကြိုင်းသောလူငယ်က မျက်ခုံးပင့်ကာ ထိုမြင်ကွင်းထံကြည့်နေ၏။
သူ့ဆရာနှင့် ထိုင်သောက်နိုင်သူသည် အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ယောက် ဖြစ်နေသည်မှာ နားမလည်နိုင်စရာပေပင်။
ပို၍ပင် မယုံနိုင်စရာကောင်းသည်မှာ ဆရာသခင်သည် အေးစက်နေသော်လည်း အလွန်ပျော်ရွှင်နေကြောင်း မြင်သာ၏။
“ ဒီတစ်သက်မှာ ဘယ်သူ့ကိုမှ တပည့်မယူဘူးတော့လို့ မင်းပြောခဲ့ဖူးတာကို ငါမှတ်မိသေးတယ်။ ”
စုရီက ပြောသည်။ ဤစကားသည် ထွားကျိုင်းသောလူငယ်၏ နှလုံးသားအပေါ် တင်းကျပ်သွားစေ၏။
“ ဒါက ကံကြမ္မာပဲလေ ... နှစ်တွေကြာလာတာနဲ့အမျှ ဒီနှင်းမြို့တော်မှာ မရေမတွက်နိုင်တဲ့ ထူးချွန်ထက်မြက်သူတွေ တွေ့ခဲ့ရတယ် ဒါပေမယ့် ...
... အားချန်သာ ငါ့မျိုးရိုးကို အမွေဆက်ခံနိုင်တဲ့ အလားအလာမျိုး ပိုင်ဆိုင်နေတယ် ... ဒီကလေးအားချန်ဟာ ငါငယ်ငယ်ကနဲ့ အရမ်းတူတယ်။ ”
“ မင်းက ဘာကိုဆိုလိုတာလဲ။ ”
စုရီက ရှုပ်ထွေးသွား၏။
“ သူက သိပ်ရိုးသားတယ်လို့ မင်းမထင်ဘူးလား။ ”
“ ရိုးသားတာလား ... ဟား ဟား ဟား။ ”
စုရီတစ်ယောက် အံ့သြသွားကာ ချက်ချင်းရယ်မောလိုက်သည်။
“ ဒါဆို ... မင်းငယ်ငယ်က အရမ်းရိုးသားတယ်လို့ ပြောချင်တာလား။ ”
“ ငါဆိုလိုတာက ကျင့်ကြံခြင်းအပေါ် ရိုးသားခြင်းကို ရည်ရွယ်တာပါ ... စစ်မှန်သော ရိုးသားခြင်းက မိုက်မဲလွန်းတယ်။ ”
ဤတစ်ကြိမ်တွင် စုရီက ခေါင်းညိတ်ပြလိုက်သည်။ အားချန်ကို မြင်စဉ် ရိုးသားပြီး သာမန်ထက်သာလွန်သော ထက်မြက်မှုကို မြင်နိုင်၏။
“ ဒါနဲ့ ... အဲဒီနတ်ဆိုးဘုန်းကြီးက ဘယ်သူလဲ။ ”
“ သူက တောငန်းဘုံကျောင်းရဲ့ ကာကွယ်သူတစ်ယောက်ပါ ... အခု ငရဲဘုရင်ရဲ့ နောက်လိုက်လို့ ယူဆနိုင်တယ်။ ”
စုရီတစ်ယောက် မျက်ခုံးပင့်သည်။
“ ဒါက ဘယ်လိုများ အပြောင်းအလဲ မြန်ရတာလဲ။ ”
တစ်ချိန်က တောငန်းဘုံကျောင်းသည် အပြစ်သွေးမြစ်ဒေသရှိ အင်အားစုကြီးဖြစ်ပြီး နတ်ဆိုးများကို သုတ်သင်ရန် ရည်ရွယ်၏။
ထိုသို့သော အင်အားစုကို ဖျက်ဆီးခဲ့သော ရန်သူသည် မှားယွင်းစွာသေဆုံးခြင်းမြို့တော်မှ ဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။
ယခုမူ တောငန်းဘုံကျောင်း၏ ကာကွယ်သူဘုန်းကြီးတစ်ပါးသည် ငရဲဘုရင်၏ နောက်လိုက်ဖြစ်နေ၏။ ဤပြောင်းလဲမှုသည် ပြင်းထန်လွန်းချေပြီ။
“ ဒါကရှုပ်ထွေးတယ်လို့ ထင်ရပေမယ့် တကယ်တော့ ရိုးရှင်းပါတယ် ... သူက ငါတို့ကို သစ္စာဖောက်ခဲ့တာပဲ။ ”
မီးခိုးရောင်ဝတ် အမျိုးသားက တည်ငြိမ်စွာပြောသည်။
“ အဲဒီတုန်းက တောငန်းဘုံကျောင်း သူတို့ရဲ့ကာကွယ်အဆင့် ဘုန်းကြီးတွေအားလုံး မှားယွင်းစွာသေဆုံးခြင်းမြို့တော်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြတယ် ...
... ကံမကောင်းစွာနဲ့ပဲ ဘုန်းကြီးတိုင်း အသတ်ခံလိုက်ရပြီး သူတို့ရဲ့ရုပ်အလောင်းကို နတ်ဆိုးအဖြစ် သန့်စင်ခံလိုက်ရတယ် ...
... အချို့သော ဘုန်းကြီးတွေကတော့ ငါတို့ကိုသစ္စာဖောက်ပြီး ငရဲဘုရင်ရဲ့ တပည့် ရာထူးကို ရွေးချယ်ခဲ့တယ်။ ”
ဗုဒ္ဓသားတော်များသည် နှလုံးသားကို ကျောက်တုံးကဲ့သို့ လေ့ကျင့်ထားခဲ့ကြသဖြင့် သစ္စာဖောက်ရန်မှာ အလွန်ခက်ခဲသော အလုပ်ဖြစ်သည်။
ဤငရဲဘုရင်သည် အမှန်တကယ်ပင် ကြီးမားသောတန်ခိုးရှိပုံပေပင်။ မီးခိုးရောင် အမျိုးသားက သက်ပြင်းချလျက်၊
“ အဲဒါက ကံကြမ္မာစက်ဝန်းတံဆိပ် စွမ်းအားကြောင့် ဖြစ်နိုင်မယ်။ ”
-ဟု မှတ်ချက်ပေးသည်။
စုရီမှ မျက်ခုံးပင့်၏။ ရှေးယခင်က ငရဲဘုရင်သည် မရဏကမ္ဘာ၏ တားမြစ်ရတနာ ကိုးပါးကို ပိုင်ဆိုင်ထားကြောင်း ဒဏ္ဍာရီအရ သတင်းများထွက်ပေါ်ဖူးသည်။
၎င်းရတနာများထဲတွင် လူဝင်စားခြင်း လမ်းစဉ်ခြောက်ပါးလုံးကို ရေးထွင်းထားသော စက်ဝိုင်းပုံသဏ္ဍာန် ရတနာတစ်ခုရှိသည်။
အတွင်းဘက်တွင် ကံကြမ္မာစက်ဝန်းဟု ရေးထွင်းထား၏။ ထိုရတနာသည် အနာဂတ်ကို ကြိုမြင်နိုင်ပြီး အတိတ်ကံကို ဖြတ်နိုင်သည်။
ပစ္စုပ္ပန်ဘဝ၏ ဘေးဆိုးများကိုလည်း ဖြေရှင်းနိုင်သည့် လျှို့ဝှက်ဆန်းကြယ်လွန်းသော တန်ခိုးပါရှိ၏။ ခရမ်းရောင်မြို့တွင် ကျီးနက်ကို သတ်သောအခါ ကံကြမ္မာစက်ဝန်းတန်းခိုးဖြင့် လွတ်မြောက်သွားဖူးသည်။
စုရီကခဏမျ စဉ်းစားပြီးနောက်၊
“ သူ မင်းဆီက ဘာလိုချင်လို့လဲ။ ”
-ဟု မေးလိုက်သည်။
မီးခိုးရောင်ဝတ် အမျိုးသားသည် ဝိုင်အိုးကိုကောက်ယူပြီး စုရီနှင့် သူ့အတွက် တစ်ခွက်စီလောင်းငှဲ့ကာ၊
“ ၍ရဲဘုရင်နန်းတော်က မှားယွင်းစွာ သေဆုံးခြင်းမြို့မှာ ပိတ်မိနေတဲ့ ငရဲဘုရင်ကို ကယ်တင်ဖို့ ကြံစည်နေတယ်။ ”
-ဟု ဆိုလိုက်သည်။ စုရီက နားလည်သွားကာ၊
“ သူတို့က ဒီသင်္ချိုင်းဂူကို ရွှေ့ခိုင်းနေတာလား။ ”
“ မှန်တယ် ... ဂူသင်္ချိုင်းဟာ မှားယွင်းစွာသေဆုံးခြင်း မြို့တော်တံခါးဝမှာ ရှိနေသရွေ့တော့ ... အဲဒီမကောင်းဆိုးရွားတွေ လွတ်မြောက်ဖို့ ခက်ခဲနေတုန်းပါပဲ။ ”
ထိုအချိန်တွင် မီးခိုးရောင်၀တ် အမျိုးသားသည် တစ်စုံတစ်ရာကို သတိရသွား ပြီးနောက်၊
“ မကြာသေးမီက မီးပုံးပွဲတော်ညမှာ ခရမ်းရောင်မြို့ဆီ ဝင်သွားကြတဲ့ ငရဲကျီးကန်းနဲ့ အမှောင်ညကျေးကျွန်ကို အနိုင်ယူခဲ့တာ မင်းလား။ ”
-ဟု မေးမြန်း၏။ စုရီက ပြုံးပြီး မငြင်းချေ။
“ ဒီကျီးနက်လေးက စွေ့မိသားစုရဲ့ တရားရေးကလောင်တံကိုခိုးယူဖို့ ကြိုးစားတယ် ကြည့်ရတာ မှားယွင်းစွာသေဆုံးခြင်းမြို့တော်ရဲ့ နိယာမတွေကို ... ပြောင်းပြီး ငရဲဘုရင်ကို လွှတ်ပေးဖို့ဖြစ်နိုင်တယ် ဒါကြောင့် မင်းအပေါ် မျက်စိကျနေတာ။ ”
“ သဘောမတူဘူး။ ”
မီးခိုးရောင်ဝတ်အမျိုးသားက ပြတ်သားစွာ ခေါင်းယမ်းသည်။
“ ဒါပေမယ့် သူတို့လွယ်လွယ်နဲ့ အရှုံးမပေးလောက်ဘူး။ ”
“ ဒါတော့မှန်တယ် ဒီနေရာကို တစ်နှစ်ပတ်လုံး ငါစောင့်ရှောက်နေခဲ့တာ ဘာကြောင့်လဲ သူတို့သိပြီးသားပါ။ ”
“ မင်းကို ခြိမ်းခြောက်သေးလား။ ”
စုရီက သိချင်သွားသည်။
“ အခုတော့ မလုပ်ရဲကြသေးဘူး ... ငါ့ဒေါသဖြစ်ရင် ဘယ်လောက်ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတာ သူတို့လည်းသိတယ် ဒါပေမယ့် အနာဂတ်မှာတော့ ဒီလိုမျိုး ဖြစ်လာမယ်လို့ အာမမခံဘူး။ ”
စုရီက တိတ်ဆိတ်သွား၏။ ကောင်းကင်နှင်းမြို့တော်တွင် အခြားသော နာမည်တစ်ခုရှိနေသေးသည်။ ထိုအမည်ကို ဤကမ္ဘာပေါ်တွင် လူအနည်းငယ်သာသိ၏။
ပန်းပဲဆရာဆိုင်ရှင် ဤအမျိုးသား၌ပင် ညတစ္ဆေဟူသည့် အခြားသော အထောင်အထား တစ်ခုရှိနေသည်။ တစ္ဆေမြို့တော်၏ ညတစ္ဆေ။
ထိုစဉ်က မရဏကမ္ဘာကြီး ပျက်စီးသွားစဉ် တစ္ဆေမြို့သည် နှင်းမြို့တော်အဖြစ် ညတစ္ဆေများ ကာကွယ်မှုအောက်၌ ဆက်ရှိနေ၏။
ဆိုလိုသည်မှာ မီးခိုးရောင်ဝတ် အမျိုးသားသည်သာမရှိသော် နှင်းမြို့တော်သည် ဟိုးစဉ်ကတည်းကပင် သုတ်သင်ခံရဖွယ် ရှိကြောင်း ချဲ့ကားပြောခြင်းမဟုတ်ချေ။
ညတစ္ဆေများ၏ စည်းမျဉ်းများအရ ထိုမျိုးရိုးကိုအမွေဆက်ခံသူသည် တစ္ဆေမြို့ကို နှစ်ပေါင်း (၆၀၀၀၀)စောင့်ကြည့်ပေးရန် ကျိန်ဆိုရပေမည်။
ထို့ကြောင့် အကယ်၍သာ ငရဲနတ်ဘုရားနန်းတော်သည် နှင်းမြို့တော်ကို ဖျက်ဆီးရန် ပစ်မှတ်ထားလာသော် ဒုက္ခရောက်နိုင်၏။
ညတစ္ဆေ၏ ကျင့်ကြံမှုအရ ငရဲနတ်ဘုရားနန်းတော်သည် အကျိုးဆက်ကို ခံနိုင်မည် မဟုတ်ကြောင်း ပြောနိုင်သည်။
တစ္ဆေမြို့တွင် ညတစ္ဆေတစ်ကောင်ကို ခြိမ်းခြောက်ဝံ့သောလူမိုက်သည် မရဏကမ္ဘာ၌ အနည်းငယ်သာရှိပေမည်။
“ ဒါပေမယ့် ကျေးဇူးတင်ပါတယ် ... အခု မင်းပြန်လာပြီ။ ”
အေးစက်နေသော အမျိုးသား၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။ ထိုအပြုံးကြောင့် စုရီမှမျက်လုံးပြူးသွားပြီး၊
“ ငါ ... အခု ဝိညာဉ်တာအိုနယ်ပယ်မှာပဲ ရှိနေသေးတာ မင်းမမြင်ဘူးလား။ ”
-ဟု အသိပေးလိုက်သည်။
“ ဒီကမ္ဘာကြီးမှာ ... ငါ့ကိုကူညီနိုင်တဲ့ လူတစ်ယောက်သာရှိခဲ့ရင် အဲဒါမင်းပဲဖြစ်မှာပါ။”
ထိုစကားဝိုင်းကို နားထောင်နေသော အားချန်သည် စိတ်ရှုပ်သွား၏။ ဆရာသခင်သည် သူ့ထက်များစွာငယ်သော တစ်ဖက်လူအပေါ် အလွန်မျှော်လင့်နေချေပြီ။
***