← Chapters

အခန်း (၇၁၈-၇၂၀)

Vol. 60 Ch. 718-720

အခန်း (၇၁၈-၇၂၀)

Vol. 60 Ch. 718-720

အခန်း ၇၁၈ -

ညလူမျိုးရိုး၏ နှစ်ပေါင်းခြောက်သောင်း စောင့်ထိန်းရမည့် တာဝန်။

စုရီက မျက်ခုံးကို ကုပ်ခြစ်လိုက်၏။ တစ်ဖက်လူပြောသော ကူညီခြင်းဟူသည် အသေးအမွှားကိစ္စမဟုတ်ချေ။

ပိုအရေးကြီးသည်မှာ သူ့ရည်ရွယ်ချက်သည် သစ်ရွက်ကလေးကို ကယ်တင်ရန်ဖြစ်၏။ ထို့စဉ် မီးခိုးရောင်ဝတ်အမျိုးသားက၊

“ တာအိုမိတ်ဆွေ ငါမမှားရင် မင်းမှားယွင်းစွာသေဆုံးခြင်း မြို့ကိုလာတာဟာ ရီယုကို ကယ်တင်ဖို့မဟုတ်လား ယင်ယန်လမ်း ပျက်စီးမှုက ငရဲနတ်ဘုရားဘုံကျောင်းနဲ့ သက်ဆိုင်ပါတယ်။ ”

-ဟု ပြောကြားလာ၏။

“ ဟမ့် ... ယင်ယန်လမ်းကို ငရဲနတ်ဘုရားနန်းတော်က ဖျက်ဆီး လိုက်တာလား။ ”

“ မှန်တယ် ... ။ ”

“ ဘာအတွက်လဲ ။ ”

စုရီက အနည်းငယ် အံ့ဩသွားသည်။

“ ဧကရာဇ်အသွေးအသား စုစည်းပြီး အသက်ဝိညာဉ်ရိတ်သိမ်းကာ ငရဲဘုရင်ဆီကို ယဇ်ပူဇော်ဖို့ပဲ။ ”

“ နားလည်ပြီ ... ယင်ယန်လမ်းကို ထောင်ချောက်အဖြစ်အသုံးချပြီး ဝင်လာတဲ့ ဧကရာဇ်တွေကို ဖမ်းဆီးဖို့မဟုတ်လား။ ”

“ မှန်တယ် ... အမှောင်သန့်စင်မြေ ကိုးပါးထဲကိုစွန့်စားခဲ့တဲ့ ဧကရာဇ်တွေအားလုံး အထဲမှာ ပိတ်မိနေကြပြီ ... ဒီလိုသတင်းတွေ ပြန့်နှံ့သွားတဲ့အခါ ပိတ်မိနေတဲ့ ဧကရာဇ်တွေရဲ့ နောက်ကွယ်က အင်အားစုတွေက ...

... သန်မာတဲ့ ဧကရာဇ်တွေကို သောချာပေါက်စုံစမ်းစေမှာပဲ ဒီလိုနည်းလမ်းနဲ့ သားကောင်းကို စောင့်ဖမ်းနေကြတယ်။ ”

မီးခိုးရောင်ဝတ်အမျိုးသားက စုရီတစ်ယောက် ဝိုင်သောက်လျက် နားထောင် နေသည်ကိုမြင်ပြီး၊

“ မီးပုံးပွဲတော်နေ့နောက်ပိုင်း ကြက်သွေးရောင်လ နှစ်ကြိမ်ပေါ်လာခဲ့တယ် တလအတွင်း မှားယွင်းစွာသေဆုံးခြင်းမြို့ တံခါးက နှစ်ကြိမ်ပွင့်ခဲ့ရတယ် ...

... ငါ့အထင်တော့ ဒီဒေသရဲ့မြို့ကြီး ဆယ်မြို့လောက်က တစ်ခုခုတော့ မှားနေပြီ မနက်ဖြန်ညမှာလည်း ကြက်သွေးရောင်လ ပြန်ပေါ်လာလိမ့်မယ် ...

... ဒီတစ်ကြိမ်တော့ ယင်ယန်လမ်း ပျက်စီးမှုကိုစုံစမ်းဖို့ ဧကရာဇ်တွေ ယခင်ထက် နှစ်ဆများလာနိုင်တယ် ဒီမြို့ထဲမှာတင် ရွှမ်ယု ဧကရာဇ်အပါအဝင် ဧကရာဇ် (၂၉)ပါးကို ငါခံစားနိုင်တယ်။ ”

“ တာအိုမိတ်ဆွေ ... မင်းဘာလို့ မတားတာလဲ။ ”

ယွီရွယ်က မျက်ခုံးပင့်ကာ မေးသည်။ မီးခိုးရောင်ဝတ် အမျိုးသားမှ ပြန်မဖြေချေ။ ယင်းအစား စုရီက ပြန်ဖြေပေးသည်။

“ ညတစ္ဆေတွေကို သွေးလပေါ်လာတဲ့ အချိန်မှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြဖို့ တားမြစ်ထားတယ် ... မနာခံရင် ...

... သူ့ဝိညာဉ်မှာ အပြောင်းအလဲ ဖြစ်လာနိုင်တယ် အနိမ့်ဆုံး ချီသွေဖည်မှုကို ခံစားရပြီး အဆိုးဆုံးက ဝိညာဉ်ပျက်စီးခြင်းပဲ။ ”

ယွီရွယ်မှ တိတ်ဆိတ်သွားသည်။ ဤကမ္ဘာပေါ်တွင် ရှေးထုံးတမ်းစဉ်လာများဖြင့် ထူးဆန်းသော စည်းမျဉ်းအမျိုးမျိုးရှိသည်ကို သူမ ကောင်းစွာသိရှိထားခဲ့၏။

“ တာအိုမိတ်ဆွေ မင်းရီယုကို ကယ်တင်ချင်ရင် ငရဲနတ်ဘုရားနန်းတော်နဲ့ မလွဲမသေရင်ဆိုင်ရမယ် မင်းဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါ့ကို ကူညီရမယ်။ ”   

“ မင်းပြောနေမှတော့ ငါဘာများပြောနိုင်ဦးမှာလဲ။ ”

စုရီက သက်ပြင်းချကာ ရေရွတ်လိုက်သည်။ မီးခိုးရောင်ဝတ်အမျိုးသား၏ တင်းမာလွန်းသော မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာပြီး၊

“ မင်း အရေးယူဆောင်ရွက်နေသမျှ ငရဲ နတ်ဘုရားနန်းတော်ကို မဖျက်ဆီးနိုင်ရင်တောင် သေချာပေါက် ထိခိုက်စေမှာ သေချာပါတယ် ...

... ရှေးခေတ်ကတည်းက နေထိုင်ခဲ့တဲ့ မြေအောက်ကမ္ဘာရဲ့ဘုရင်တောင်မှ မှားယွင်းစွာ သေဆုံးခြင်းမြို့တော်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ”

စုရီက ဝိုင်ခွက်ကိုကောက်ယူပြီး တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။ ထို့နောက် တစ်ဖက်လူထံ ကြည့်လိုက်ကာ၊

“ အကျိုးဆက်အနေနဲ့ နှင်းမြို့တော် ရင်ဆိုင်နေရတဲ့ ပြဿနာတွေလည်း ပြေလည်သွားမယ် မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်သည်။ မီးခိုးရောင်ဝတ် အမျိုးသားက ပြုံးပြီး ‘မှန်တယ်’-ဟု ဝန်ခံလိုက် လေသည်။

အားချန်က ဘေးတွင်ရပ်ကာ နားထောင်နေရာမှ သူ့ဆရာသည် ယနေ့တွင် အကြိမ်ကြိမ်ပြုံးခဲ့သည်ကို သတိထားမိလာ၏။

“ မင်းပြောသလိုပဲ သစ်ရွက်ကလေးကို သေချာပေါက် ငါကယ်တင်ရမယ် ... ဒါပေမယ့် ဒီအရေးမှာ မင်းရပ်ကြည့်နေလို့မရဘူး။ ”

“ ပွင့်ပွင့်လင်းလင်း ပြောပါ။ ”

“ ဒါကရှင်းပါတယ် ... မင်းရဲ့ နားထောင်ခြင်းစာအုပ်ကို ငှားပါ။ ”

နားထောင်ခြင်းစာအုပ်။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းမရသော အစွမ်းများပါရှိသည့် မွေးရာပါ နတ်ဘုရား ရတနာဖြစ်၏။ ၎င်းသည် ညလူများအတွက် ကာကွယ်သူ ရတနာပေပင်။

မြေအောက်ကမ္ဘာ၏ မူလမှမွေးဖွားခဲ့ပြီး အရာခပ်သိမ်းကို ပိုင်းခြားသိမြင်နိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်၏။

ဆိုလိုသည်မှာ မရဏကမ္ဘာ၏ မူလတာအိုမျိုးစေ့သည် နားထောင်ခြင်းကျမ်း အဖြစ် ဆင့်ကဲပြောင်းလဲလာခြင်းပေပင်။

“ ကောင်းပြီ ... ။ ”

အားချန်က အံ့သြသွားသည်။   နားထောင်ခြင်းကျမ်း၏ တန်ခိုးသည် အလွန် လေးနက်ပြီး မှန်းဆ၍မရချေ။ သာမာန်လူများ အပေါ် သက်ရောက်ခြင်း မရှိသော်လည်း မကောင်းဆိုးဝါးနှင့် နတ်ဆိုးသားရဲများအပေါ် မယုံနိုင်လောက်အောင် အစွမ်းထက်သည်။

အရေးအကြီးဆုံးသည် နားထောင်ခြင်းကျမ်း၏ စွမ်းအားသည် မြို့တံခါးကို ချိပ်ပိတ်ထားသော သင်္ချိုင်းဂူနှင့် ဆက်စပ်နေ၏။

အကယ်၍သာ ဤရတနာသည် ငရဲနတ်ဘုရားနန်းတော်လက်သို့ ကျရောက် သွားခဲ့ပါက ငရဲဘုရင်မှာ အမှန်တကယ် လွတ်မြောက်လာနိုင်မည်။

“ မင်းတကယ် ကူညီဖို့ ဆန္ဒရှိတယ်။ ”

မီးခိုးရောင်ဝတ် အမျိုးသားက ခေါင်းရမ်းလိုက်သည်။

“ ဒီရတနာ မရှိရင်တောင် ... မင်းရဲ့ခွန်အားနဲ့ဆိုရင် ရီယုကို ကယ်တင်ဖို့ မခက်ခဲပါဘူး။ ”

နောက်ဆုံးတွင် ကျောက်စိမ်းရောင်ဝတ် လူငယ်သည် တစ်ချိန်က ကောင်းကင်တစ်ခွင် အုပ်စိုးခဲ့ဖူးသော နတ်ဓားရှင်ဖြစ်သည်။ စုရီက ခဏမျှ စဉ်းစားပြီး ဝိုင်ကို အရသာခံသောက်၏။

ထို့နောက် လက်ဖဝါးအရွယ် ပုစဉ်းရင်ကွဲတောင်ပံနှင့်တူသော ကြေးဝါစာအုပ် တစ်အုပ်ကို မီးခိုးရောင်ဝတ် အဖိုးအိုမှ ထုတ်ပေးလာ၏။

ရိုးရှင်းပြီး သဘာဝတာအိုရူရ်များက စာအုပ်ပေါ်တွင် အလှဆင်ထားသည့်အလား တောက်ပနေသည်။ ဤသည်မှာ နားထောင်ခြင်းကျမ်းဖြစ်၏။

များမကြာခင် နှုတ်ဆက်လျက် စုရီနှင့် ယွီရွယ်တို့ ပြန်လည်ထွက်ခွာသွားလေသည်။ အားချန်က လူရိပ်များပျောက်ကွယ်သွားချိန်၌ သည်းမခံနိုင်တော့ဘဲ၊

“ ဆရာ သူတို့က ဘယ်သူတွေလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ဓားသမားတစ်ယောက်ပါ။ ”

မီးခိုးရောင်ဝတ်အမျိုးသားမှ ပြန်ဖြေသည်။ ကမ္ဘာကြီးသည် ထိုလူကို ဘွဲ့အမျိုးမျိုးပေးအပ်ခဲ့ သော်လည်း သူ့အမြင်၌ ဓားသမားသာဖြစ်၏။ ခေတ်အဆက်ဆက် တုနှိုင်းမရသော ဓားသမားကြီးပေပင်။

***

ညဉ့်နက်နေပြီဖြစ်၏။ စုရီနှင့် ယွီရွယ်သည် ပန်းပဲဆိုင်မှထွက်ခွာလာစဉ် မြို့သည်ဆိတ်ညံပြီး အိပ်မောကျနေသည်။

“ ရွှမ်ကြွယ် ... အဲဒီလူက ဘယ်လောက်သန်မာလဲ။ ”

ယွီရွယ်မှ မေးခွန်းများ ပြည့်နှက်နေပြီဖြစ်သဖြင့် သည်းမခံနိုင်တော့ဘဲ မမေးမြန်းလိုက်လေသည်။

“ သူက နှင်းမြို့တော်မှာ ပြိုင်ဘက်ကင်းစွမ်းအားရှင်ပဲ ငါ့ကျင့်ကြံမှု အမြင့်ဆုံး အချိန်မှာတောင် သူ့ကို အနိုင် မယူနိုင်ခဲ့ဘူး ...

... ဒီနှင်းမြို့တော်က ညတစ္ဆေလို့ခေါ်တဲ့ ညလူတွေအတွက် မဟာတာအိုဒိုမိန်းတစ်ခုပဲ မြို့အတွင်းဆိုရင် ညလူကို အနိုင်ယူဖို့ စျေးပေးရမယ်။ ”

ယွီရွယ်တစ်ယောက် မျက်ခုံးပင့်လိုက်၏။ စုရွှမ်ကြွယ်၏ အထွတ်အထိပ် ကျင့်ကြံမှုတွင် မည်မျှကြောက်စရာကောင်းကြောင်း သူမ ကောင်းကောင်း သိသည်။

ထိုခွန်အားဖြင့် ညလူအပေါ် အနိုင်မယူနိုင်သည်မှာ ယုံနိုင်စရာမရှိချေ။ ရုတ်တရက် သတိရလာပြီး၊

“ ဒါဆို မြို့အပြင်မှာဆိုရင်ရော။ ”

-ဟု ထပ်မံ မေးမြန်းလိုက်သည်။

“ မသိဘူး ... ညလူတွေရဲ့ စည်းမျဉ်းအရ ညတစ္ဆေဖြစ်လာရင် ဒီမြို့ကိုနှစ်ပေါင်း(၆၀၀၀၀) စောင့်ရတယ် ... ဒီကာလတွေမှာ ညလူတွေက မြို့တော်ကို အရိပ်တစ်ရိပ်လို ကာကွယ်တယ်။ ”

“ ဟမ့် ... ဒါက ထောင်ကျနေတာနဲ့ ဘာကွာတော့လို့လဲ မြေအောက်ငရဲဘုံကြီးဟာ ရှေးခေတ်တည်းက ပျောက်ကွယ်သွားပြီပဲ သူကဘာကို စောင့်နေရတာလဲ။ ”

“ ဒါက ညလူရဲ့တာဝန်ပဲ ဒီမျိုးရိုးရဲ့ သားမြေးတွေဟာ သူတို့တာဝန်ကိုအသက်ထက် ပိုတန်ဖိုးထားကြတယ် ကမ္ဘာကြီးမှာဘာတွေပဲ ဖြစ်နေပါစေ ... နှင်းမြို့တော်ကို အသက်နဲ့ ရင်းပြီး ကာကွယ်ကြလိမ့်မယ် ...

... အခြားသူတွေအမြင်မှာတော့ အကျဉ်းထောင်ဖြစ်ပြီး ညလူတွေအတွက်တော့ ဒါက တာဝန်တစ်ခုပဲ နှစ်ပေါင်း (၆)သောင်း ထမ်းဆောာင်ရမယ့်တာဝန်ပါ။ ”

“ ဒါနဲ့ ရွှမ်ယု ဧကရာဇ်အတွက် ဓားကို ဝိညာဉ်တာအိုနယ်ပယ်မှာရှိတဲ့ ... ဒီအားချန်က သွန်းလုပ်ပေးနေတာကရော။ ” 

“ ညတစ္ဆေတံဆိပ်ကို ပိုင်ဆိုင်သူက သူတို့ရဲ့ရတနာတွေထဲမှာ ဝါးမျိုးခြင်းအမိန့်တော် ရေးထိုးပေးဖို့အတွက် ညလူတွေဆီမှာ အကူအညီ တောင်းနိုင်တယ် ...

... ဒီအမိန့်စွမ်းအားနဲ့ မှားယွင်းစွာ သေဆုံးခြင်းမြို့တော်မှာ မထင်မှတ်ထားတဲ့ အန္တရာယ်တွေကို ရှောင်နိုင်တယ်။ ”

စကားပြောနေစဉ် စုရီက မျက်ခုံးပင့်ကာ အဝေးသို့လှမ်းကြည့်လိုက်၏။ အမှောင်ထဲတွင် စက္ကူဖြူမီးပုံးတစ်လုံး ကိုင်ဆောင်ထားသော အဖိုးကြီးတစ်ယောက် ရပ်နေသည်။

မီးပုံး၏ မှိန်ဖျော့နေသော အလင်းရောင်များသည် သူ့ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ဖယ်ရှားပေး၏။

မီးပုံးအလင်းရောင်အောက်တွင် မျက်နှာသည်အရိပ်ကွယ်နေသည်။ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။

***

အခန်း ၇၁၉ –

လက်ဖျစ်သုံးတွတ်ကြာချိန်။

လမ်းမကြီးသည် ညအမှောင်တွင် လူဆိတ်ညံနေပြီး တစ်စုံတစ်ယောက်အနေဖြင့် ထိုအခြေအနေ၌ စက္ကူဖြူမီးပုံးကိုင်ဆောင်ကာ ရပ်စောင့်နေသည်မှာ ထိတ်လန့်စရာပေပင်။

အမှောင်ထု၏ အလင်းအမှောင်နှင့် အရိပ်များသည် စုရီနှင့် ယွီရွယ်တို့ ဝန်းကျင်တွင် ရစ်သိုင်းလာသည်။ ချက်ခြင်းပင် ကမ္ဘာကြီး ရွေ့လျားသွားသလို ရှုခင်းများရုတ်တရတ် ပြောင်းသွားပြီး လူဆိတ်ညံသော အမှောင်ကမ္ဘာကြီးအဖြစ် ပြောင်းလာ၏။

စုရီအမူအရာမှာ ငြိမ်သက်နေခဲ့သည်။ ယွီရွယ်က မျက်မှောင်ကြုတ်ပြီး လှုပ်ရှားလိုခဲ့ သော်လည်း စုရီမှ စကားမပြောသဖြင့် မလုပ်ဆောင်ဝံ့ချေ။

အမှောင်ကမ္ဘာကြီးတွင် မီးပုံးတစ်လုံးသာ တောက်ပပြီး ကြောက်မက်ဖွယ်ကောင်းသည့် အလင်းရောင်များ ဖြာထွက်လာသည်။

မီးပုံးကိုင်ဆောင်ထားသည့် အဖိုးအိုအသွင်သည်လည်း ဝိုးတဝါးမြင်လာရ၏။ အဖြူရောင်၀တ်ရုံနှင့် ကျဲပါးသောဆံပင်ရှည်များ ဖြန့်ကျထားသည့် အဖိုးအိုတစ်ဦးဖြစ်သည်။

မျက်ဝန်းနှစ်ဖက်သည် လွတ်နေပြီး ပဲစေ့အရွယ် လောက်ကောင်ဖြူဖြူများတိုးထွက် နေသည်။ ရွံ့စရာအသွင်ဖြစ်၏။

“ မထိတ်လန့်ပါနဲ့ လူကြီးမင်း ... ငါ့သခင်ကမင်းကို မြို့ပြင်မှာတွေ့ဆုံဖို့ ဖိတ်ခေါ် ခိုင်းလိုက်ပါတယ်။ ”

အဖိုးအိုမှ ပြောကြားလာသည်။

“ မင်းရဲ့သခင်က ဘယ်သူလဲ။ ”

“ မင်းရောက်တဲ့အခါ သိမှာပါ။ ”

“ ငါငြင်းရင်ရော ... ။ ”

“ မင်းငြင်းရင် ... မင်းကို ငါကိုယ်တိုင်ခေါ်ဆောင်သွားရလိမ့်မယ် ငါ့ကို အပြစ်မတင်ပါနဲ့။ ”

“ ဟမ့် ... ဒါနှင်းမြို့တော်ပဲ ... မင်းသေမှာ မကြောက်ဘူးလား။ ”

အဖြူရောင်ဝတ် အဖိုးအိုမှ ခေတ္တ တိတ်ဆိတ်သွားပြီး အဆုံး၌ တည်ငြိမ်သော အပြုံးတစ်ဖွင့် ပေါ်လာသည်။

“ လက်ရှိအခြေအနေအရ ညလူက ငါတို့ကိုမစော်ကားရဲဘူး မဟုတ်ရင်အကျိုးဆက် အပေါ် သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ”

“ ဟား ဟား ဟား ... တာအိုမိတ်ဆွေ ဒါအမှန်ပဲလား။ ”

စုရီက လှည့်ကြည့်ကာ မေးမြန်းလိုက်၏။ ထိုအပြုအမူကြောင့် အဖြူဝတ်အဖိုးအိုမှလည်း အံ့အားသင့်သွားပြီး လှည့်ကြည့်လေသည်။

ရုတ်ချည်း မီးခိုးရောင်၀တ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မှောင်မိုက်ပြီး လူဆိတ်ညံသော လေထုအလယ် ဖြည်းညှင်းစွာထွက်ပေါ်လာ၏။

ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် မပြောင်းမလဲတည်မြဲနေသော ကျောက်ဆောင် တစ်ခုအလား ခံစားချက်ပေးစွမ်း၏။ ဤသည်မှာ ညလူပေပင်။

အဖြူရောင်ဝတ် အဘိုးအိုသည် အမူအရာများ သိသိသာသာ ပြောင်လဲသွားခဲ့ သော်လည်း တည်ငြိမ်မှု ပြန်ယူပြီး၊

“ ဒီမိတ်ဆွေနှစ်ယောက်ကို ... မြို့အပြင်ဘက်ဖိတ်ခေါ်ဖို့ လာခဲ့တာပါ ဒါကို မိတ်ဆွေကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ ”

-ဟု ရှင်းပြလိုက်သည်။

ညလူက ဂရုမစိုက်ချေ။ စုရီထံ လှည့်ကြည့်ကာ၊

“ တောင်းပန်ပါတယ်။ ”

-ဟု ဆိုလိုက်သည်။ စုရီက ဟန်ဆောင်သနားစိတ်ဖြင့်၊

“ ငရဲနတ်ဘုရားနန်းတော်က မင်းကိုဖားတစ်ကောင်ဖြစ်သွားအောင် ဖိအား ပေးထားနိုင်တာ ထင်ရှားပါတယ်။ ”

-ဟု မှတ်ချက်ပေး၏။ အဖြူဝတ်အဖိုးအိုမှ ဒေါသထွက်သွားပြီး၊

“ မိတ်ဆွေလေး မင်းပိုယဉ်ကျေးပါ။ ”

-ဟု သတိပေးလာသည်။

သူ့အမြင်၌ ဤလူငယ်သည် ညလူနှင့် ရန်တိုက်ပေးခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည်သာ ရူးသွပ်သွားသော် အကျိုးဆက်မှာ မကောင်းနိုင်ချေ။

“ မင်း ရောက်လာတာ ကောင်းတယ် ဒီညကစပြီး ငါဒါကို သည်းခံနေစရာ မလိုဘူး မဟုတ်လား။ ”

ထိုစကားကြောင့် အဖြူဝတ်အဘိုးအိုက တစ်ခုခုမှားနေကြောင်း သိရှိလိုက်ပြီး အမူအရာ ပြောင်းသွားသည်။

“ မြို့သခင် ... မင်းဘာကိုဆိုလိုတာလဲ။ ”

ထိုစဉ် ညလူသည် သူ့မေးခွန်းကို ပြန်မဖြေတော့ဘဲ ခြေတစ်လှမ်း လှမ်းတက်ကာ ဆွဲဖြုတ်လိုက်လေသည်။

“ ဘောင်း ... ။ ”

တိတ်ဆိတ်နေသော ကမ္ဘာကြီးသည် ပူဖောင်းတစ်လုံးကဲ့သို့ ချက်ချင်းကွဲအက်ကာ စက္ကူမီးပုံးအလင်းများသည် ပတ်ဝန်းကျင်နှင့် ပြတ်တောက်သွားပြီး အရာအားလုံးသည် လက်တွေ့ဆန်လာတော့၏။

“ ရွှပ် ... ။ ”

အဖြူဝတ်အဘိုးအိုက လုံးဝ အရောင်ပြောင်းသွားသည်။ ဗလာကျင်းနေသော မျက်လုံးအိမ်များရှိ လောက်ကောင်များတွင် ကြက်ခြေခတ်အသွင် ဓားအလင်းများ တောင်ပလာပြီး ညလူထံ ပြေးဝင်သွား၏။

ညလူက ဂရုမစိုက်ဘဲ ညာလက်ကိုမြောက်ကာ ဖမ်းဆွဲလိုက်‌သည်။ အဖြူဝတ်အဖိုးအိုခမျာ ချက်ချင်း ဆွဲငင်ခံရပြီး ညလူက ညာလက်ထဲ ဝင်ရောက်သွား၏။

“ ဘောင်း ... ဘောင်း ... ။ ”

ညလူက သူ့လည်ပင်းကို ဆုပ်ကိုင်စဉ် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲလျက် အပိုင်းပိုင်း ကွဲကျေသွားချေပြီ။

လေထုအလယ် သွေးရနံ့များ ထုံမွှန်းသွားသည်။ အသားအပိုင်းအစများသည် မြေကြီးပေါ် ကျသွားသောအခါ ပြာများအဖြစ်သို့ ပြောင်းလဲပြန့်ကျဲသွား၏။

ဤနည်းဖြင့် အလယ်အလတ်အဆင့် ရွှမ်ကျောက်ဧကရာဇ်သည် ယင်ကောင်ကဲ့သို့ အလွယ်တကူ ခေါင်းဖြတ်ခံလိုက်ရ၏။

ထိုမြင်ကွင်းသည် ယွီရွယ်ကို မျက်ခုံးပင့်စေသည်။ စုရီပြောခဲ့သောစကားသည် အမှန်ဖြစ်ချေပြီ။ နှင်းမြို့တော်တွင် ညလူသည် ပြိုင်ဘက်ကင်း အုပ်စိုးရှင်ဖြစ်၏။

“ ဒီနေ့ညကစပြီး ... နှင်းမြို့တော်ထဲ ဝင်လာဝံ့တဲ့ ငရဲနတ်ဘုရားနန်းတော်ရဲ့ ဘယ်သူ မဆို ... ပြာမှုန်အဖြစ်ငါပြောင်းလဲမယ်။ ”

“ ဝှစ် ... ။ ”

ညလူက သူ့လက်ကို လွှဲလျက် ကြေငြာချက်ထုတ်လိုက်သည်။ လေခွင်းသံများ နှင့်အတူ အဖြူဝတ်အဖိုး၏ ဦးခေါင်းကြီးသည် မြို့အပြင်ဘက်သို့ ပျံ့လွင့်သွားချေပြီ။

“ မြို့ထဲမှာ သူတို့ရှိနိုင်ဦးမယ် မဟုတ်လား။”

“ ဒီညပြီးရင် မရှိကြတော့ဘူး။ ”

ဤညတွင် နှင်းမြို့တော်၌ သွေးထွက်သံယိုမုန်တိုင်းကြီး ထွက်ပေါ်လာ တော့မည်ကို နားလည်လိုက်၏။

“ ဘယ်လောက်ကြာမလဲ။ ”

“ ဘာတွေ စိတ်ပူနေတာလဲ။ ”

စုရီကပြုံးလျက် သူ့အနားရှိ ယွီရွယ်ထံ လက်ညှိုးထိုးပြကာ၊

“ သူမက မင်းရဲ့ခွန်အားကို အရမ်းစိတ်ဝင်စားနေတယ်။ ”

-ဟု ပြောပြလိုက်သည်။ ညလူက အံ့အားသင့်သွားပြီး၊

“ ဟမ့် ... ငါးသေးသေးလေးတွေအတွက် ပြောစရာမရှိပါဘူး လက်ဖျစ်သုံးတွတ်အချိန်နဲ့ သုတ်သင်လို့ရပါတယ်။ ”

-ဟု ပြန်ဖြေ၏။

“ လက်ဖျစ်သုံးတွတ်လား ... ။ ”

ယွီရွယ်မှ အံ့သြသွားသည်။ နှင်းမြို့တော်သည် သေမျိုးနိုင်ငံတစ်ခုကဲ့သို့ ကျယ်ဝန်းချေ၏။ ထိုကဲ့သို့သော မြို့ပြကြီးတွင် သက်ရှိသန်းပေါင်းများစွာ စုဝေးနေသည်။

ငရဲနတ်ဘုရားနန်းတော်၏ အဖွဲ့ဝင်များကို ရှာဖွေရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာ သကဲ့သို့ ခက်ခဲပေမည်။ လက်ဖျစ်သုံးတွတ် အချိန်သည် ယုံနိုင်စရာမရှိချေ။

သူမတွေးနေစဉ် ညလူသည် သူ့လက်ကို လွှဲလိုက်သည်။ နှင်းမြို့တော် ကောင်းကင်တွင် တွန်းခေါက်နေသော လေဟာနယ်လှိုင်းများ ဖြစ်ပေါ်လာ၏။

ဤသည်မှာ တာအိုစည်းမျဉ်းများဖြစ်ကာ မြို့အနှံ့အပြားသို့ ချက်ချင်း ပျံ့ကားသွားသည်။ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်ပြီး အေးစက် ဆိတ်ညံနေ၏။

တစ်ချက်ကြည့်ရုံဖြင့် ပြင်းထန်သော ဖိနှိပ်မှုကိုခံစားရကာ လူအများ၏နှလုံးသားကို တုန်လှုပ်သွားစေသည်။

ဤတန်ခိုးအာဏာသည် နှင်းမြို့တော်ကို အုပ်စိုးထားသော တာအိုဖြစ်၏။ ၎င်းစွမ်းအားမှာ ရွှမ်ဟဲအဆင့် ကျွမ်းကျင်သူများထက် အားနည်းခြင်းမရှိချေ။

“ တစ္ဆေမြို့ရဲ့ ... မူလဇစ်မြစ်က ဖျက်ဆီးခြင်းတာအိုဥပဒေတွေပဲ ဒါကိုသုံးပြီး ဒီလိုအမှိုက်တွေကိုရှင်းရတာ နည်းနည်းတော့ ဖြုန်းတီးရာရတယ်။ ”

စုရီက ညည်းညူလိုက်သည်။ ညလူက ခေါင်းညိတ်လိုက်ပြီး၊

“ ဒါက မထိုက်တန်ပေမယ့် ... ဒီလိုနည်းနဲ့သာ သပ်သပ်ရပ်ရပ် သတ်နိုင်ပြီး ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ”

-ဟု ပြန်ဖြေသည်။

ထိုအချိန်တွင်ခမ်းနားထည်ဝါသော နန်းတော်တစ်ခုအတွင်းတွင် လူအချို့ စကား ပြောနေကြသည်။

သူတို့ရှေ့တွင် လှပချောမောသော ကချေသည်များသည် ကျက်သရေရှိစွာ ကပြ နေတော့၏။ ပါးလွှာသော အင်္ကျီများနှင့် နုပျိုသောခန္ဓာကိုယ်များ ပေါ်လွင်စေသည်။

“ ဟမ့် ... ။ ”

“ ရွှပ် ... ။ ”

ရုတ်တရက် ကောင်းကင်မှ သံကြိုးများဆင်းသက်လာသဖြင့် မော့ကြည့် လိုက်ကြစဉ် နတ်ဆိုးကျင့်ကြံသူ (၃၅)ဦးမှာ ပြာအဖြစ်သို့ ချက်ချင်းပြောင်းလဲသွား၏။

တီးမှုတ်ကခုန်နေသံများ ရုတ်ချည်း ရပ်တန့်ကုန်သည်။ လူတိုင်းထိတ်လန့်စွာဖြင့် မျက်နှာများ ဖြူဖျော့လျက် မှင်သပ်ကုန်၏။

“ အား ... ။ ”

အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်၏ စူးစူးဝါးဝါးအော်ဟစ်သံ ပြန်လည်ထွက်ပေါ်လာကာ လူတိုင်း ထွက်ပြေးတော့သည်။

တစ်ချိန်တည်းမှာမှာ လျှို့ဝှက် ကျောက်ဂူတစ်ခုအတွင်း အကာအကွယ်အစီရင် အောက်တွင် ယင်ကိုစုပ်ယူနေသော အမျိုးသား တစ်ယောက်သည် စိတ်ဝိညာဉ် တုန်ခါလာ သဖြင့် ကုတင်ပေါ်မှ မော့ကြည့်သည်။

ရုတ်တရက် မီးခိုးရောင်သံကြိုးတစ်ချောင်း ဂူနံရံကိုဖောက်ကာ ဆင်းသက်လာပြီး သူ့အပေါ် ရစ်ပတ်လျက် အမှုန်အဖြစ် ပြောင်းလဲလိုက်သည်။

“ အား ... ။ ”

ခန္ဓာကိုယ်အပေါ် အေးစက်သော လေပြင်းများတိုက်ခတ်လာသဖြင့် အမျိုးသမီးက မျက်လုံးဖွင့်ကြည့်စဉ် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တကြား အော်ဟစ်တော့၏။

အဝတ်များပင် မဝတ်နိုင်တော့ဘဲ လက်ဖြင့်ဆွဲကိုင်လျက် ကုတင်ပေါ်မှ ပြေးဆင်း သွားခဲ့သည်။

နှင်းမြို့တော်၏ နေရာအနှံ့အပြားတွင် အလားတူမြင်ကွင်းများ တစ်ဆက်တည်းဖြစ်ပွား နေတော့၏။

တန်ခိုးကြီးသော ဧကရာအဆင့် နတ်ဆိုးများသို့မဟုတ် အခြားအဆင့်ဖြစ်သည့် ကျင့်ကြံသူများ မည်သူမဆို မျက်စိတစ်မှိတ် အတွင်း ပြာများအဖြစ်သို့ လျော့ကျသွားချေပြီ။

ဤသည်မှာ ဖျက်ဆီးခြင်းဥပဒေ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖြစ်၏။ အသတ်ခံရသူများအတွက် အလောင်းပင် မကျန်ရစ်ချေ။

ထိုဖျက်ဆီးခြင်းဥပဒေကို ရွှမ်ယုအဆင့် မြင့်မားသော ဧကရာဇ်အချို့မှ သတိထားမိ၏။ သို့သော် အချိန်သည် တိုတောင်းလွန်းသဖြင့် အဖြစ်အပျက်ကို မြင်နိုင်ခြင်းမရှိခဲ့ချေ။

“ ကုန်ပြီ ... ။ ”

တစ်ဖက်တွင် လူညသည် လေထုအလယ် လွင့်မျောနေရာမှ မျက်ဝန်းများပြန်ဖွင့်ကြည့်ကာ မြေပြင်ပေါ် ဆင်းသက်လာ၏။

“ အားလုံးသေပြီလား။ ”

ယွီရွယ်မှ အံ့အားသင့်သွားသည်။ မီးခိုးရောင်ဝတ်အမျိုးသားက ခေါင်းညိတ်ပြပြီး စုရီထံလှည့်ကြည့်ကာ၊

“ ပြန်သွားသောက်ချင်လား။ ”

-ဟု မေးမြန်း၏။

စုရီက အနည်းငယ်ခေါင်းခါလိုက်ပြီး၊

“ မေ့လိုက်ပါ မင်းနေရာက လူဆိတ်ညံပြီး ပျင်းစရာကောင်းလွန်းပါတယ် ယင်ယန်လမ်းက ငါပြန်လာရင်သောက်ဖို့ ကောင်းတဲ့နေရာ ရှာကြမယ်။ ”

“ ကောင်းပြီး ... ။ ”

၏စကားဆုံးသည်နှင့် ညလူသည် လေထုအလယ် ပျက်ပြယ်သွားကာ ချက်ချင်း ပျောက်ကွယ်သွားချေပြီ။

ထို့နောက်တွင် စုရီနှင့် ယွီရွယ်သည် နှစ်ယောက်သားအနားယူရန် တည်းခိုခန်းတစ်ခု ထံသို့ ဦးတည်လာခဲ့သည်။ သို့သော် ရုတ်တရက် ကောင်းကင်မှ လူရိပ်တစ်ရိပ် ဆင်းလာသဖြင့် စုရီက ခေါင်းမော့ကြည့်လိုက်သည်။

ဆံပင်ဖြူဖြူနှင့် တောက်ပြောင်သော အ၀တ်အစားများဝတ်ဆင်ထားသည့် အမျိုးသား တစ်ယောက်ဖြစ်သည်။ ထိုသူကို မြင်ချိန်၌ စုရီက မျက်ခုံးပင့်လိုက်၏။

ဤသည်မှာ မန်ပိုနန်းတော်၏ တတိယမြစ်သံတမန် လုချောင်မင်ဖြစ်သည်။ တစ်ဖက်လူသည်လည်း စုရီကို မြင်ချိန်၌ အံ့အားသင့်သွား၏။

အစောပိုင်း ဖျက်ဆီးခြင်းဥပဒေကို ခံစာမိသဖြင့် စုံစမ်းရန် ထွက်ခွာလာခြင်းပေပင်။ စုရီနှင့် ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားသည်မှာ သဘာဝဖြစ်၏။

“ သခင်လေးစု မတွေ့တာကြာပြီနော်။ ”

လုချောင်မင်က ယခင်ကထက် ပို၍ ယဉ်ကျေးသောအသွင်ဖြင့် နှုတ်ဆက်စကား ဆိုတော့သည်။ စုရီက ဂရုမစိုက်ဘဲ၊

“ ဒီနေ့ မြို့ထဲကို ဝင်တည်းက ယွင်လင်းနင်နဲ့ဆုံရတယ် အခု မင်းနဲ့ထပ်ပြီး ဆုံမယ်လို့ မမျှော်လင့်ထားဘူး။ ”

-ဟု တုန့်ပြန်လိုက်တော့၏။

***

အခန်း ၇၂၀ -

သဲလွန်စများ ... ။

လုချောင်မင်က ပြုံးသည်။ ကျောက်စိမ်းရောင်ဝတ်လုံဝတ် ဤလူငယ်သည် ထူးခြားသော နောက်ခံရှိကြောင်း သူ သိ၏။

ထိုသို့မဟုတ်သော် မြစ်သံတမန် မိုဝူဟန်သည် သူ့ကဲ့သို့ ရွှမ်ယုအဆင့် ဧကရာဇ် တစ်ပါးကို ရာထူးမှ ရပ်ဆိုင်းမည် မဟုတ်ချေ။

“ ဒါက ကံကြမ္မာပဲလေ ဆရာစု ... မနက်ဖြန်ည ယင်ယန်လမ်း ကသောင်းကနင်း ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ မှားယွင်းစွာ သေဆုံးခြင်းမြို့တံခါးပွင့်မယ် ... ဒီအတွက် မင်းလာခဲ့တာလား။ ”

“ မှန်တယ် ... ။ ”

စုရီက ခေါင်းညိတ်ပြပြီး လှမ်းထွက်ရန် ခြေလှမ်းပြင်၏။ သူ့တွင် လုချောင်မင်အပေါ် ခံစားချက် သိပ်မရှိချေ။

“ ဆရာစု ခဏနေပါဦး။ ”

လုချောင်မင်မှ ဟန့်တားလေသည်။

“ ဘာကိစ္စလဲ။ ”

စုရီက လှည့်မကြည့်ဘဲ ပြန်မေး၏။ လုချောင်မင်တစ်ယောက် အသက်ပြင်းပြင်း ရှူကာ၊

“ မင်းထွက်သွားပြီး သိပ်မကြာခင်မှာပဲ မြစ်သံတမန်မိုဝူဟန်က ဒေါသတကြီးနဲ့ ငါ့ကို အပြစ်ပေးခဲ့ပါတယ်။ ”

ထို့နောက် အခြားသူများ၏ အပြစ်ဒဏ်များကိုလည်း ပြန်ပြောင်းပြောပြ လိုက်သဖြင့် စုရီမှ အံ့သြသွားသည်။

မိုဝူဟန်သည် ယွင်ကျိယွမ်၏ ဂျူနီယာတစ်‌ယောက်ဖြစ်ပြီး ထိုစဉ်အချိန်က မန်ပိုနန်းတော်သခင်အဖြစ် အမှုထမ်းခဲ့ဖူး၏။

သို့သော် မိုဝူဟန်သည် သူ့ကြောင့် ဤမျှလောက်အထိ လှုပ်ခတ်နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ လုချောင်မင်ကဲ့သို့ ရွှမ်ယုအဆင့် ကျွမ်းကျင်သူကိုပင် အပြစ်ပေးခဲ့၏။

ကြည့်ရသည်မှာ ဝမ်ချွမ်လှိုဏ်ဂူမှ ထွက်ခွာပြီးနောက် မိုဝူဟန်သည် အမှောင် တွင်းနက် သားရဲထံမှ သူ့အထောက်အထားကို မှန်းဆထားနိုင်ပုံရလေသည်။

“ ဆရာစု၊ ဟိုတုန်းက ဖြစ်ပျက်ခဲ့တာတွေအတွက် ငါတို့မှာ အပြစ် ရှိခဲ့ပြီး အဲဒီအတွက် ငါတို့ အပြစ်ပေး ခံခဲ့ရပါတယ် မင်းငါတို့ကို စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်။ ”

“ မင်း အဲဒါကို အရမ်းတွေးနေတာပဲ ... ငါစုရီက ဒီလိုအသေးအဖွဲအတွက် ရန်ငြိုးထား တတ်တဲ့သူ မဟုတ်ဘူး။ ”

လုချောင်မင်မှ စိတ်သက်သာရာရဟန်ဖြင့် ပြုံးပြီး၊

“ ဆရာစု ... မန်ပိုနန်းတော်နဲ့ အဝါရောင်နွေဦးနန်းတော်တို့လို ထိပ်တန်း အင်အားစုတွေက မှားယွင်းစွာသေဆုံးခြင်း မြို့တော်ရဲ့ အန္တရာယ်တွေကို ...

... အပြည့်အဝ ကိုင်တွယ်ဖြေရှင်းဖို့ ပေါင်းစည်းထားပါတယ် ... မင်းငါတို့နဲ့အတူ လိုက်ချင်သလား။ ”

စုရီက ခေါင်းခါပြီး၊

“ မသွားဖို့ ... ငါအကြံပေးချင်တယ် ယင်ယန်လမ်းအုံကြွမှုက ငရဲနတ်ဘုရား နန်းတော်ရဲ့ ထောင်ချောက်တစ်ခုပဲ။ ”

-ဟု အကြံပေးသည်။

လုချောင်မင်က ထိတ်လန့်သွားကာ သူ့မျက်လုံးများ သိသိသာသာ ကျဉ်းမြောင်းသွား လေသည်။

ဤသည်မှာ ငရဲနတ်ဘုရားနန်းတော်၏ ထောင်ချောင်ပင်လော။ ရှောင်ပိုင်ရီတစ်ယောက် ထူးထူးခြားခြား ပျောက်ကွယ်သွားသည်မှာ ၎င်းတို့နှင့် ပတ်သတ်နေပုံရချေပြီ။

ထိုအချိန်တွင် မြို့အရှေ့ဘက် မိုင်သုံးရာအကွာ တောကန္တာရတစ်ခုတွင် အပြစ် ဘုန်းကြီးဟုခေါ်သော အနက်ရောင်သင်္ကန်းဝတ် ထားသည့် ဘုန်းကြီးတစ်ပါးထိုင်နေ၏။

ရုတ်တရက် လက်ထဲရှိ အရိုးပုတီးကို ရေတွက်နေရာမှ ခေါင်းမော့ကြည့်ရာ သွေးများ ရွှဲနစ်နေသော ဦးခေါင်းပြတ်ကြီးသည် လေထဲ လွင့်ပျံလျက် သူ့ထံကျဆင်းလာ၏။

“ ဝှစ် ... ။ ”

အနက်ဝတ်ဘုန်းကြီး၏ အကြည့်များ ကြောက်မက်ဖွယ်စူးရှလာကာ ၎င်းကိုဖမ်းရန် လှမ်းလိုက်တော့သည်။ သွေးများရွှဲနေသော ဦးခေါင်းက သူ့လက်ဖဝါးထဲကျလာပြီး၊

“ သခင် ... ညလူက ဒီနေ့ကစပြီး ... နှင်းမြို့တော်ထဲဝင်လာတဲ့ ငါတို့နန်းတော်ရဲ့ ဘယ်သူမဆို ပြာဖြစ်သွားလိမ့်မယ်လို့ ပြောပါတယ်။ ”

စကားဆုံးသည်နှင့် ဦးခေါင်းခွံသည် မရေမတွက်နိုင်အောင် အပိုင်းပိုင်း ကွဲထွက်ပြီး ပြာအဖြစ်သို့လွင့်ပြယ်သွားသည်။

“ ဒီသဘောထား အပြောင်းအလဲက နည်းနည်းလေးတော့ ပြတ်ပြတ်သားသား နိုင်နေတယ် … ။ ”

အနက်ဝတ်ဘုန်းကြီးက ညည်းညူလိုက်လေသည်။ ဤမတိုင်မီ ပန်းပဲ ဆိုင်ရှင်သည် သူ့အပေါ် ပြတ်သားသော အသွင် မပြခဲ့ချေ။

သို့သော် ယခုမူ သူ့လက်အောက် ငယ်သားများကိုသတ်ကာ အကျိုးဆက်အပေါ် လျစ်လျူရှုခဲ့သည်။

“ အဲဒီကောင်လေးနဲ့ ကောင်မလေးက သူ့ရဲ့မိတ်ဆွေဟောင်းလို့ပြောတယ် ကြည့်ရတာ ညတစ္ဆေရဲ့ပြတ်သားမှုက သူတို့နဲ့ ဆက်စပ်နေနိုင်မလား။ ”

အနက်ဝတ်ဘုန်းကြီးက ထိုလူငယ်နှင့် အဖြူရောင်၀တ်စုံဝတ်ထားသည့် ကောင်မလေး အပေါ် သတိရသွားကာ မျက်မှောင်ကြုတ်၏။

“ ဒီနှစ်ယောက်ကြောင့် ညတစ္ဆေက ငါတို့ငရဲနတ်ဘုရားနန်းတော်ရဲ့ ခြိမ်းခြောက်မှုကို ဂရုမစိုက်တော့တာ ဖြစ်နိုင်မလား ...

... ဒါဆိုရင်တော့ ... ဒီကိစ္စအတွက် သခင်ကျီးနက်ဆီ တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားရမယ်။ ”

အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် အနက်ဝတ်ဘုန်းကြီးက ဆုံးဖြတ်ချက်ချဟန်ဖြင့် လက်ဖဝါးကိုဖွင့်လိုက်ရာ ငှက်မွှေးတစ်စ ပေါ်လာသည်။

၎င်းငှက်မွှေးသည် ရုတ်တရက် ပြိုးပြိုးပြက်ပြက်တောက်ပလျက် နတ်မီးလျှံများ လောင်ကျွမ်းပေါက်ကွဲသွား၏။

အဆုံး၌ နတ်မီးလျှံ၏ အလင်းရောင်နှင့် အရိပ်တို့ရောယှက်ကာ အမြင့်ပေတစ်ပေခန့်ရှိ ကျီးနက်တစ်ကောင်၏ အသွင်အပြင် ပေါ်လာလေသည်။

၎င်းအတောင်ပံများသည် ညဥ့်ကဲ့သို့ မှောင်မိုက်နေပြီး မျက်လုံးများသည် သွေးနီ အဆင်းရှိ၏။

ဤသည်မှာ ဆန္ဒတစ်ခုဖြစ်ပြီး ပုံစံသည် ထင်ယောင်ထင်မှားနှင့် အစစ်အမှန်မဟုတ်ချေ။ အနက်ဝတ်ဘုန်းကြီးက လက်ဝှေ့ရမ်းလျက် ရိုသေစွာဦးညွှတ်ကာ၊

“ မင်္ဂလာပါ သခင်ကျီးနက်။ ”

-ဟု နှုတ်ဆက်လိုက်၏။

“ အပြစ်ဘုန်းကြီး၊ ညလူဆီကနေ သဘောတူညီချက်ရဖို့ ပျက်ကွက်ခဲ့တာလား။ ”

“ ဟုတ်ကဲ့ ... ။ ”

ထို့နောက် အနက်ဝတ်ဘုန်းကြီးသည် ယနေ့အတွင်း အဖြစ်အပျက်သမျှကို ပြန်ပြောပြ လိုက်၏။ သူ့စကားကြားချိန်၌ ငရဲကျီးကန်း၏ အနီရောင်မျက်ဝန်းများ တောက်ပလာပြီး၊

“ ဒီလူက ရိုးရိုးရှင်းရှင်း ... အကြောင်းပြချက်နဲ့ ဖီဆန်နေတာပဲ ... သူ မရှိရင် ငါ့သခင်ငရဲဘုရင်ကို ကူညီနိုင်တဲ့လူ မရှိဘူးလို့ သူတကယ်ထင်နေတာလား။ ”

-ဟု ကြိမ်းမောင်းလိုက်သည်။

“ သခင်ကျီးနက်၊ ငါ့အမြင်အရတော့ ညတစ္ဆေရဲ့သဘောထားက အဲဒီကောင်လေးနဲ့ မိန်းကလေးအပေါ်မှာ အများကြီး သက်ဆိုင်နေပါတယ်။ ”

အနက်ဝတ်ဘုန်းတော်က တိုးတိုးလေးပြောသည်။

“ သူတို့ရဲ့ဇာစ်မြစ်ကို မင်းသိလား။ ”

“ မသိပါဘူး။ ”

“ ဒါဆို မင်းဘာသိလဲ။ ”

အနက်ဝတ် ဘုန်းကြီးခမျာ အနည်းငယ် တောင့်တင်းသွားပြီး၊

“ ဒီလက်အောက်ငယ်သားက သူတို့ရဲ့ အသွင်အပြင်ကို အလွတ်ကျက်ထားပါတယ် ကြည့်ပါ သခင်ကျီးနက်။ ”

စကားဆုံးသည်နှင့် တံဆိပ်တစ်ခုကို ချက်ချင်းရေးဆွဲသည်။ လေဟာနယ် တုန်ခါပြီး ဖျော့တော့သောအလင်းများ ပေါ်လာ၏။

ဤသည်မှာ စုရီနှင့် ယွီရွယ်တို့၏ ပန်းပဲဆိုင်တွင် စောင့်ဆိုင်းနေသည့်ပုံရိပ်များ မှတပါး အခြားမရှိချေ။

ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် ငရဲကျီးကန်းသည် အံ့အားသင့်သွားပြီး သွေးနီမျက်လုံးများမှာ အငွေ့များ တောက်လောင်လာခဲ့၏။

အနက်ဝတ်ဘုန်းကြီးသည် ထိုပြောင်းလဲမှုကိုသတိမထားမိဘဲ ဆက်လက်၍၊

“ သခင် ... ဒီမိန်းကလေးက အလွန် ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ရာပါပဲ ... သူမရဲ့အရိပ်အာဝါသကို ဖုံးကွယ်ထားပေမယ့် သူမ လှုပ်ရှားမှုတိုင်းမှာ အမှတ်မထင် ပေါ်လွင်လာတဲ့ ဘုန်းအာနုဘော်က သာမန် ဧကရာဇ်တွေထက် ထင်ရှားပါတယ်။ ”

-ဟု အသိပေးလိုက်သည်။

သို့တိုင် သူစကားပြောပြီးနောက် အချိန်အတော်ကြာအောင် တုံ့ပြန်မှုများ ပြန်မရ သဖြင့် ပဟေဠိဖြစ်လာပြီး မော့ကြည့်လိုက်၏။ ကျီးနက်မှ သတိဝင်လာကာ၊

“ ဒီကောင် ဘယ်သူလဲ ငါသိတယ်။ ”

-ဟု တုန့်ပြန်လိုက်၏။

သူ့အသံနှင့် မျက်ဝန်းများတွင် ဖုံးကွယ်မထားသော အမုန်းတရားများဖြင့် ပြည့်နေသည်။ အနက်ရောင်ဝတ် ဘုန်းကြီးခမျာ အံ့သြသွား၏။

“ သူ့နာမည်ကို မသိပေမယ့် ဒီကောင်လေးက စွေ့မိသားစုနဲ့ ပတ်သတ်တယ် မီးပုံးပွဲတော်ညမှာ ငါတို့ရဲ့အစီအစဉ်တွေကို သူပဲ လုံးလုံးလျားလျား ပျက်ပြားအောင်လုပ်ခဲ့တယ်။ ”

ကျီးနက်၏ စကားများကြောင့် အနက်ဝတ်ဘုန်းကြီးခမျာ မျက်ခုံးပင့်လျက် သက်ပြင်းချလိုက်သည်။

ထိုစဉ်က သခင်ကျီးနက်သည် နတ်ဆိုးတပ်ကိုဦးဆောင်ပြီး ခရမ်းရောင်မြို့ကို တိုက်ခိုက်ရန် ရှေးမျိုးနွယ်စုများစွာနှင့် ပူးပေါင်းခဲ့သည်။

အမှောင်ည ကျေးကျွန်တစ်ဦးပင် အားဖြည့်ခဲ့၏။ သို့သော် တိုက်ပွဲ၌ အမှောင်ည ကျေးကျွန်အပါအဝင် အခြားသော ကြောက်စရာ ကောင်းသည့် သတ္တဝါများအားလုံး သတ်ဖြတ် ခံလိုက်ရချေပြီ။

“ သခင် ... ဒီကောင်လေးက နတ်ဓားရှင်ရွှမ်ကြွယ်များလား။ ”

အနက်ဝတ်ဘုန်းကြီးက ရုတ်တရက် သတိရသွားပြီး ထိတ်လန့်စွာမေးမြန်းလေသည်။ နတ်ဓားရှင်ဟူသည် တားမြစ်ပုဂ္ဂိုလ်ဖြစ်၏။

“ ဟမ့် ... ဘာတွေစိုးရိမ်နေတာလဲ၊ အဲ့ဒီကောင်လေးက စွေ့မိသားစုမှာဘီလူးကောင် ထားခဲ့တဲ့ တာအိုစွမ်းအားကို ငှားယူလိုက်တာပါ ဒီလောက်ကြီး မဟုတ်ပါဘူး။ ”

သို့မှသာ အနက်ဝတ်ဘုန်းကြီးသည် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

“ ဟမ့် ... ငါတို့သခင်ငရဲဘုရင်သာ အမှောင်မြို့တော်ကနေ လွတ်မြောက်ပြီးတာနဲ့ ဘီလူးကောင်ပြန်လာရင်တောင် ပြိုင်ဘက် မဖြစ်နိုင်တော့မှာ ကြောက်မိတယ်။ ”

ထို့နောက် ငရဲကျီးကန်းက မောက်မာစွာ ပြောကြားလိုက်သည်။ အနက်ဝတ် ဘုန်းကြီးမှ ခေါင်းညိတ်ပြ၏။

“ ဒါပေမယ့် စွေ့မိသားစုထဲမှာ ... ဒီကောင်လေးရဲ့ အထောက်အထားကတော့ အရမ်း လျှို့ဝှက်ဆန်းကြယ်နေတယ် ...

... ငါ့လူတွေကို စုံစမ်းဖို့အတွက် စေလွှတ်ခဲ့ပေမယ့် လူတိုင်းက ပဟေဠိတွေနဲ့ ပြန်လာရတယ် စွေ့မိသားစုအုပ်ထိန်းသူဖြစ်တဲ့ တာအိုတစ်သောင်းသစ်ပင်ရဲ့ သဘာဝ ဝိညာဉ်ကတောင် ...

... အဲဒီကောင်လေးနဲ့ တစ်ချိန်က ခရီးသွားခဲ့ဖူးတယ်ပြောတယ် ... စွေ့မိသားစုမှာ သူ့အဆင့်အတန်းက မရိုးရှင်းနိုင်ဘူး ...

... ဒီကောင်လေး ကြည့်ရတာ မှားယွင်းစွာသေဆုံးခြင်း မြို့တော်ဆီသွားဖို့ ညတစ္ဆေနဲ့ လာတွေ့ပုံရတယ်။ ”

ထိုစဉ်အချိန်က တစ်ဖက်လူသည် အမှောင်မြို့တော် တားမြစ်ဇုန်များအကြောင်း ပြောခဲ့ဖူးကြောင်း ရုတ်တရက် သတိရသွားသည်။

( မှားယွင်းစွာ သေဆုံးခြင်းမြို့မှာ တားမြစ်နယ်မြေ တစ်ရာကျော်ရှိပေမယ့်လည်း အန္တရာယ်အရှိဆုံးက မြို့ကိုးမြို့သာရှိတယ် ...

... ငါ မမှားရင် ... မင်းလိုကျီးကန်းက အဲဒီတားမြစ်နယ်မြေတွေကနေ လာခဲ့တာ မဟုတ်လား ... တစ်ချိန်က ...

... အရိုးဖြူဧကရာဇ်ကို အကျဉ်းချပြီး သွေးလနတ်ဘုရားကို ဘယ်သူသတ်ခဲ့လဲဆိုတာ မင်းသိလား၊ ကောင်းကင်ဘုံနတ်မိစ္ဆာနွယ်ပင်က သင်္ချိုင်းမြေကိုသိမ်းပိုက်ရာမှာ ကူညီခဲ့တာရော ဘယ်သူလဲ။ )

အထက်ပါစကားများသည် ထိုစဉ်က တစ်ဖက်လူပြောခဲ့သော စကားများဖြစ်သည်။ ထို့ကြောင့် လူငယ်၏ မူလကိုသိရှိလိုသော် ဤအကြောင်းအရာများကို ရှာဖွေရပေမည်။ အတွေးများဖြင့် ငရဲကျီးကန်းခမျာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

***

All Chapters