← Chapters

ဘယ်သူမှ မယုံံကြဘူး

Vol. 33 Ch. 421

ဘယ်သူမှ မယုံံကြဘူး

Vol. 33 Ch. 421

အဆင့်မြင့်အမှုဆောင်အရာရှိတွေက အရေးပေါ် အ စည်းအဝေး အကြောင်းကြားစာ လက်ခံရရှိခဲ့ပေမဲ့ အစည်းအဝေးမှာပြောမဲ့ အကြောင်းအရာကို မသိတ ာကြောင့် သူတို့က စိတ်ထဲမှ အမျိုးမျိုး ခန့်မှန်းနေ ကြသည်။

အများအားဖြင့် ဘက်ထရီနဲ့ ပတ်သက်နေတာ ဖြစ် နိုင်ပြီး ပြည်တွင်း ဘက်ထရီတွေ အသုံးပြုတာကို ဆွေးနွေးဖို့ ဖြစ်နိုင်လောက်သည်။

"တကယ်တော့ ပြည်တွင်းဘက်ထရီတွေ အသုံးပြု တာကို ကျွန်တော် သဘောမတူချင်ဘူးဗျာ.."

"ပြည်ပကနေ တင်သွင်းတဲ့ ဘက်ထရီတွေနဲ့ အခြေခံ အားဖြင့် ယှဉ်နိုင်ပေမဲ့ ကျွန်တော်တို့ ပြိုင်ဘက်တွေ က ဒီအချက်ကို အခွင့်ကောင်းယူပြီး အနှောက်အယှ က် ပေးလာမှာ စိုးရိမ်မိတယ်ဗျာ.."

အဆင့်မြင့်အမှုဆောင် အဖွဲ့က အစည်းအဝေးခန်း ထဲမှာ ထိုင်ပြီး အများကြီး ဆွေးနွေးနေကြသည်။ သူတို့က ဒီအစည်းအဝေးတွင် ပြည်တွင်းဘက်ထရီ အသုံးပြုတာကို ဆွေးနွေးဖို့ ကိစ္စဖြစ်မယ်လို့ ခန့်မှန်း မိခဲ့ကြသည်။

ခဏအကြာမှာတော အစည်းအဝေးခန်းထဲကို ပီချင် းယွန် ဝင်လာသည်။ သတိထားမိတဲ့သူတွေက ဥက္က ဋ္ဌပီ လက်ထဲတွင် ဘက်ထရီတစ်လုံး ကိုင်ထားတာကို သတိထားမိကြသည်။

ဒီဘက်ထရီကို မြင်တော့ ကုမ္ပဏီမှ ဖုန်းတွေက ပြည် တွင်းဘက်ထရီတွေကို အပြီးအဝအသုံးပြု ကြတော့ မှာဖြစ်နိုင်သလို ဥက္ကဋ္ဌ ပီ လက်ထဲမှာရှိတဲ့ ဘက်ထရီ က ပြည်တွင်းမှ ထုတ်လုပ်တဲ့ ဘက်ထရီဖြစ်နိုင်‌‌ တ ယ်လို့ သူတို့စိတ်ထဲကနေ အတည်ပြုလိုက်ကြသည်။

လူအားလုံးရဲ့မျက်စိရှေ့မှပဲ ပီချင်းယွန်က သူ့ထိုင်ခုံ မှာ ထိုင်ပြီး လက်ထဲမှ ဘက်ထရီကို စားပွဲပေါ် ညင် သာစွာ တင်လိုက်သည်။

"အားလုံးပဲ... ကျွန်တော်တို့ အခု အစည်းအဝေး လုပ်နေကြတယ်... ဒီအစည်းအဝေးက မိုဘိုင်းဖုန်း ဘက်ထရီတွေနဲ့ ပတ်သက်တယ်လို့ ခန့်မှန်းတဲ့လူ တွေလည်း ရှိလိမ့်မယ်... ဟုတ်ပါတယ်..ဒီနေ့ ခေါင်း စဉ်က အဲ့တာပါပဲ..."

ပီချင်းယွန် စကားသံဆုံးတာနဲ့ အရင်က တိတ်ဆိတ် နေတဲ့ အစည်းအဝေးခန်းထဲတွင် ရုတ်တရက် ဆူညံ သွားသည်။လူအားလုံးက ဆူညံစွာ ဆွေးနွေးနေကြ သည်။

"ဥက္ကဋ္ဌ... ဒီကိစ္စကို သတိထားသင့်တယ်လို့ ကျွန်တေ ာ် ထင်ပါတယ်... ကျွန်တော်တို့အတွက် ဆိုးကျိုး တွေ ရှိလာမှာ စိုးရိမ်လို့ပါ..."

"ထပ်ကြိုးစားဖို့ ကျွန်တော် အကြံပြုလိုပါတယ်.. နိုင်ငံခြားက ဘက်ထရီပေးသွင်းသူနဲ့ ထပ်ဆွေးနွေး ပြီး ဈေးကို နည်းနည်းလျှော့လို့ ရမလား ကြည့်ရ အောင်ပါ..."

ပီချင်းယွန် သူ့လက်ကို မြှောက်ပြီး အချက်ပြလိုက် တော့ အစည်းအဝေးခန်းထဲတွင် တိတ်ဆိတ်သွား၏ ။လူအားလုံးက ပီချင်းယွန်ကို ကြည့်ပြီး သူပြောမယ့် စကားကို စောင့်နေကြသည်။

"အားလုံးပဲ...ကျွန်တော်တို့ ကုမ္ပဏီမှ မိုဘိုင်းဖုန်းတွေ ကို ပြည်တွင်းထုတ် ဘက်ထရီတွေနဲ့ အပြည့်အဝ အ သုံးပြုမှာဖြစ်လို့ ဒီအချက်က သံသယ ရှိစရာ မလိုပါ ဘူး... ကျွန်တော် ဒီနေရာမှာပဲ ဆုံးဖြတ်လိုက်ပြီ ..နေ ာက်ထပ်ဆွေးနွေးစရာ မလိုတော့ပါဘူး..."

“ဘာဖြစ်တယ်..."

လူတော်တော်များများက ခဏလောက် ထူပူသွားကြ သည်။

"ကိစ္စက ဒီလို ဆုံးဖြတ်လိုက်ပြီလား... နောက်ဆက် တွဲ ပြဿနာတွေ စိုးရိမ်စရာ မလိုဘူးလား..."

အကြီးတန်း အမှုဆောင်တစ်ဦးက မနေနိုင်ပဲ ပြောလို က်သည်။

"ဥက္ကဋ္ဌ...ကျွန်တော်တို့ ပြည်တွင်း ဘက်ထရီတွေ အ ပြည့်အဝ အသုံးပြုရင် ဝယ်သူတွေကရော ဝယ်ကြပ ါ့မလား..."

ပီချင်းယွန် ယုံကြည်မှု့ရှိစွာနဲ့ ပြန်ဖြေလိုက်သည်။

"သူတို့ သေချာပေါက် ဝယ်ယူကြလိမ့်မယ်.. ဒါ့အပြ င် ငါတို့ရဲ့ မိုဘိုင်းဖုန်းကို ဒီလို ပြည်တွင်းထုတ် ဘ က်ထရီကို အစားထိုးလိုက်တာနဲ့ သူတို့တွေက ငါတို့ ရဲ့ မိုဘိုင်းဖုန်းကို ..ဝယ်ယူဖို့ အပြေးအလွှား လာကြ လိမ့်မယ်..."

ပြောပြီးနောက် ပီချင်းယွန်က ဘက်ထရီကို ကောက် ယူပြီး အားလုံးရှေ့မှာ ဝှေ့ယမ်းပြလိုက်သည်။

“ဒါ...မဖြစ်နိုင်ပါဘူး...”

ပီချင်းယွန် ဒီလူတွေကို ဂရုမစိုက်တော့ဘဲ အသံ ကျယ်ကျယ်နဲ့ ပြောလိုက်သည်။

"ဒီဘက်ထရီကို အထင်မသေးပါနဲ့... ဒါက ယူနီဗာဆဲ လ်က အသစ်တီထွင်ထားတာပဲ... ဒါက သာမန် လစ် သီယမ်ဘက်ထရီ မဟုတ်ဘူး...ဂရက်ဖင်း-အလူမီနီ ယမ် ဘက်ထရီပဲ...."

“ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ ဟုတ်လား...”

လူတော်တော်များများရဲ့ မျက်လုံးတွေက အရောင် တောက်သွားကြ၏။ တကယ်ပဲ ဂရက်ဖင်း-အလူမီနီ ယမ် ဘက်ထရီသာဆိုရင် ကြောက်မက်ဖွယ်ကာင်း ပေလိမ့်မည်။

"ဒါပေမဲ့ ဒီလိုဘက်ထရီမျိုးက သုတေသနသီအိုရီ အဆင့်မှာပဲ ရှိနေသေးတာ မဟုတ်လား.."

" ယူနီဗာဆယ်လ်လုပ်ငန်းစုက နည်းပညာပြဿနာ တွေ အကုန်လုံးကို ကျော်လွှား နိုင်ပြီလား..."

ပီချင်းယွန်က ဆက်ပြောလိုက်၏။

“ဒါက အလွန်ထူးခြားတဲ့ ဘက်ထရီပဲ သူ့ရဲ့ အားသွင် းနှုန်းက သာမန် လစ်သီယမ်ဘက်ထရီတွေထက် အဆ ၁၀၀ ပိုမြန်တယ်.. အားသွင်းနိုင်တဲ့ စွမ်းဆောင် ရည်က ဘက်ထရီ အရွယ်အစားတူ လစ်သီယမ်ဘ က်ထရီတွေထက် ၁၀ ဆ ပိုများပါတယ်..”

ပီချင်းယွန်က ဘက်ထရီအကြောင်းကို ရှင်းပြလိုက် တာနဲ့ အစည်းအဝေးခန်းထဲတွင် တဖြည်းဖြည်း တိ တ်ဆိတ်သွားသည်။

ဘာလို့လဲဆိုတော့ လူအားလုံးက အံ့အားသင့် နေကြ လို့ပါပဲ။

"...ဘုရားရေ...ဒီလောက်ကောင်းတဲ့ ဘက်ထရီမျိုး ရှိသေးတာလား..."

ဘက်ထရီအကြောင်း ရှင်းပြပြီးနောက် ပီချင်းယွန် က လက်ဝှေ့ယမ်းပြလိုက်တော့ သူ့လက်ထောက်က နားလည်ပြီး ဘက်ထရီကို စမ်းသပ်ထားတဲ့ အစီရင် ခံစာ စာရွက်တွေအား အားလုံးကို ချက်ချင်း ဖြန့်ဝေ ပေးလိုက်သည်။

ဒီအစီရင်ခံစာရွက်ကို ဖတ်ပြီးနောက် အဆင့်မြင့် အ မှုဆောင်များက အချိန်အတော်ကြာတဲ့အထိ စကား မပြောနိုင်ကြပေ။ ဘာလို့လဲဆိုတော့ သူတို့အားလုံး က အရမ်းအံ့အားသင့်တဲ့ အခြေအနေတွင် နစ်မြုပ် နေဆဲ ဖြစ်နေတုန်းပင်။

ဒါက အောင်မြင်တဲ့ အစည်းအဝေး ဖြစ်ခဲ့သည်။

ပြန်လည် သတိဝင်လာပြီးနောက် ကုမ္ပဏီမှ ဖုန်းတွေ ကို ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေ အပြည့် အဝ အစားထိုးဖို့ကို လူအားလုံးက တညီတညွတ်တ ည်း သဘောတူလိုက်ကြသည်။

ဝမ်ဟုန်ဘောင်ဆိုသူက နည်းပညာကို စိတ်အားထ က်သန်တဲ့သူပဲ ဖြစ်၏။ အထူးသဖြင့် ခေတ်မှီနည်းပ ညာ အသစ် ဖြစ်တဲ့ ဂရက်ဖင်း ထုတ်ကုန်တွေကို စိ တ်ဝင်စားပြီးနောက် အဲဒီကဏ္ဍက သတင်းအချက် အလက်တွေ စုဆောင်းလေ့ရှိသည်။သူက ဒီနေ့မှာ လည်း အင်တာနက်မှဆောင်းပါးတစ်ပုဒ်ကို တွေ့ သွား၏။

အတိအကျပြောရရင် ခေါင်းစဉ်က အရမ်းကို ဆွဲ ဆောင်မှုရှိနေသည်။

"ကမ္ဘာ့ပထမဆုံး ဂရပ်ဖင်း-အလူမီနီယမ် ဘက်ထရီ က ယူနီဗာဆယ်လ်လုပ်ငန်းစုမှ ထွက်လာပြီ..."

"ဒီသတင်းကို မြင်တာနဲ့ သူ ချက်ချင်းနှိပ်ပြီး ဝင်ဖတ် လိုက်သည်။ အစကနေ အဆုံးအထိ ဖတ်ပြီးနောက် သက်ပြင်းချလိုက်သည်။

"ဟင့်အင်း...သတင်းအတုတွေနဲ့ ကြွားလုံးတွေ အရ မ်းများလွန်းတယ်... ဂရက်ဖင်း-အလူမီနီယမ် ဘက် ထရီက သီအိုရီအဆင့်မှာပဲ ရှိနေသေးတာကို... ဘယ် လိုလုပ် ကမ္ဘာ့ပထမဆုံး ဂရပ်ဖင်း-အလူမီနီယမ် ဘ က်ထရီ ရှိနိုင်မှာလဲ...."

ဝမ်ဟုန်ပေါင်က သတင်းအောက်မှ မှတ်ချက်တွေ အ များကြီးကိုလည်း နှိပ်ကြည့်လိုက်သည်။ အကြောင်း အရာတွေက တစ်သားတည်းလို ဖြစ်နေသည်။

"ဒီ အယ်ဒီတာက အနာဂတ်ကနေ လာတာလား… ကမ္ဘာ့ပထမဆုံး ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ ထွက်လာဖို့က အနည်းဆုံး နှစ် ၃၀ လောက် ကြာဦး မယ်လေ..."

"မိုက်ရူးရဲအယ်ဒီတာ...ခင်ဗျားရဲ့ IQ အတွက် စိတ်ပူ ရတယ်...."

"ကျွန်တော်လည်း ဒီဆောင်းပါးမှာ ရေးထားတာတွေ တကယ်မှန်ဖို့ မျှော်လင့်တယ်... ဒါပေမဲ့ သေချာပေါ က် အမှန် မဟုတ်ဘူးဆိုတာ ကျွန်တော်သိနေတယ်..”

"ပီပြင်တဲ့ ဆွဲဆောင်မှု့ပဲ... ဒီလိုဆောင်းပါးတွေ မဖ တ်တာက ပိုကောင်းတယ်..."

...

ဒီဆောင်းပါးနဲ့ အောက်က မှတ်ချက်တွေကို ဖတ်ပြီး နောက် ဝမ်ဟုန်ပေါင်က ဒါကို ထပ်မျှဝေလိုက်ပြီး မှတ်ချက်ပေးလိုက်သည်။

"ဒီ သတင်းက တကယ်အမှန်အကန်ဖြစ်ဖို့ ကျွန်တေ ာ် မျှော်လင့်ပါတယ်...."

အင်တာနက်ပေါ်တွင် ဂရက်ဖင်း-အလူမီနီယမ် ဘ က်ထရီတွေအကြောင်း သတင်းတွေ ဆက်တိုက် ထွ က်ပေါ်လာသည်။ ဒါပေမဲ့ လူအများရဲ့ အာရုံ စိုက် မှုကိုတော့ မရခဲ့ပေ။ ဒီသတင်းနဲ့ ဆောင်းပါးတွေကို ဖတ်တဲ့လူ ၉၉% က ဒါကို အတုလို့ ယုံကြည်ကြသ ည်။

ရုံးခန်းထဲမှာတော့ ဟွမ်ကွမ်းက မျက်နှာပျက်နေကာ လျူယောင်ကို အစီရင်ခံနေသည်။

“အကိုယောင် ..လူတိုင်းရဲ့ တုံ့ပြန်ပုံအရ ဘယ်သူမှ မယုံဘူး...ကျွန်တော်တို့ရဲ့ ဒေါ်လာဘီလျံ ၁၀၀ တန် ဖိုး ရှိတဲ့ ယူနီဗာဆယ်လ်လုပ်ငန်းစု ကိုတောင် လူတွေ က အခြေခံအားဖြင့် မယုံကြည်ကြဘူးဗျာ...”

လျူယောင်က ဂရုမစိုက်ပဲ လက်ဝှေ့ယမ်းကာ ပြော လိုက်၏။

"သူတို့ မယုံရင် နေပါ‌စေ...ဆန့်ကျင်ဘက်အနေနဲ့ ငါ တို့က ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေကို တတ်နိုင်သလောက်ပဲ မြန်‌မြန်မြန်ဆန်ဆန်နဲ့ စက်မှု လုပ်ငန်းအဆင့် ထုတ်လုပ်တာကို အမြန်ဆုံး အကော င်အထည်ဖော်ရမယ်..."

ဟွမ်ကွမ်းက ဝမ်းနည်းစွာ ပြောလိုက်သည်။

"စက်မှုလုပ်ငန်းအဆင့် အများအပြား ထုတ်လုပ်မှု အကောင်အထည်ပေါ်ဖို့က နီးနေပါပြီ.... ဒါပေမဲ့ ကျွန်တော် နည်းနည်း စိုးရိမ်မိတယ်...မှာယူတဲ့လူ မရှိ ပဲ ....လူတွေလည်း မယုံကြတာကိုပဲ.... ကျွန်တော်တို့ က ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေ အများ ကြီး ထုတ်လုပ်ပြီးရင် ဘယ်လို ဆက်လုပ်ရမလဲ...."

လျူယောင်က ယုံကြည်မှုရှိစွာ ပြောလိုက်၏။

"မစိုးရိမ်ပါနဲ့...ဝိုင်ကောင်းရင် ဆိုင်နဖူး မရွေးဘူး.. ....ဒီလိုကောင်းတဲ့ ကုန်ပစ္စည်းက သေချာပေါက်.. ရောင်းကောင်းမှာပဲ...ဒါ့အပြင် ငါတို့က ပထမဆုံး အော်ဒါကို မကြာခင် ရတော့မယ်... ချင်းယွန်နိုင်ငံတ ကာက သူတို့ရဲ့ မိုဘိုင်းဖုန်းတွေမှာ ငါတို့ရဲ့ ဘက်ထ ရီတွေ အားလုံးကို အသုံး ပြုဖို့ ဆုံးဖြတ်ပြီးပြီ..."

ဒီစကားကိုကြားတော့ ဟွမ်ကွမ်း အရမ်းပျော်သွားသ ည်။

"အကိုယောင်.. ဒီလိုဆို...ကျွန်တော် စိတ်ချရပြီ အ ချိန်တိုင်းကို အသုံးချပြီး ထုတ်လုပ်မှု အမြန်ဆုံးပြီး ဖို့ ကျွန်တော် ကြိုးစားပါ့မယ်...."

နှစ်ယောက်သား ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ တွေ အများအပြား ထုတ်လုပ်မှုအကြောင်းကို အန ည်းဆုံး မိနစ် ၂၀ မှ ၃၀ ကြာတဲ့အထိ ပြောဆိုခဲ့ ကြ သည်။

....

ချင်းယွန်နိုင်ငံတကာတွင်...

ပီချင်းယွန် အစိုးရိမ်ဆုံး ကိစ္စတစ်ခု ရှိလာ၏။

လူထု သဘောထားက ချင်းယွန်နိုင်ငံတကာအတွက် အလွန်ဆိုးရွားနေသည်။ အင်တာနက်ပေါ်တွင် ချင်း ယွန်နိုင်ငံတကာမှ ဖုန်းတွေ အားလုံးကို ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ဘက်ထရီတွေ အသုံးပြုမယ်ဆိုတဲ့ သ တင်းတွေ အများကြီး ရှိနေသည်။

အတွေ့အကြုံရှိတဲ့ ပီချင်းယွန်က ဒီအရာတွေရဲ့ နော က်ကွယ်မှာ နတ်ဆိုးတွေ ရှိနေတာကို တစ်ချက် ကြ ည့်တာနဲ့ သူ သိလိုက်၏။ အင်တာနက်ပေါ်မှ လူထု သဘောထားက ပိုပိုပြီး ပြင်းထန်လာဖို့ များသည်။

All Chapters