ယွမ် ၃၀ ဘီလီယံဖိုး အော်ဒါ
Vol. 33 Ch. 422
လူထု သဘောထားက ပိုပြင်းထန်လာတာနှင့်အမျှ စုန့်ကျန်းဝေလည်း မနေနိုင်တော့ပေ။ပီချင်းယွန် ၏ ရုံးခန်းထဲသို့ သူ အလျင်အမြန် ပြေးဝင်လာပြီး စိုးရိမ် တကြီး ပြောလိုက်သည်။
“ဥက္ကဋ္ဌ..ဒီအတိုင်းဆို ကျွန်တော်တို့ရှေ့ဆက်သွားလို့ မဖြစ်နိုင်တော့ဘူးထင်တယ်..”
မထင်မှတ်ထားပဲ ပီချင်းယွန်၏ တုံ့ပြန်ပုံက အတော် လေး ပုံမှန်အတိုင်းပဲ ဖြစ်နေသည်။သူက ညင်သာစွာ ပြုံးကာ ပြန်ဖြေလိုက်၏။
"ရတယ်... ဒီလူတွေကို ရက်နည်းနည်းငယ်လောက် ကခုန်နေပါစေ..."
"ဒါပေမဲ့... ဒီအတိုင်း ဆက်ဖြစ်နေရင် ကျွန်တော်တို့ အတွက်..."
ပီးချင်းယွန်က စကားဖြတ်ကာ ဝင်ပြောလိုက်သည်။
"မစိုးရိမ်နဲ့...ကောင်းကင်ကြီးက ပြိုလဲသွားမှာ မဟု တ်ဘူး...သူတို့ ဆက်ပြီး အနှောင့်အယှက်ပေးပါစေ”
"အဆင်သင့်ပြင်ထား...မနက်ဖန် ငါနဲ့အတူယူနီဗာဆ လ်လုပ်ငန်းစုကို သွားမယ်.. မစ္စတာလျူကို သွားတွေ့ ပြီး ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောကြတာ ပေါ့..."
အွန်လိုင်းပေါ်တွင် အတင်းအဖျင်းတွေ ပြောနေသော် လည်းဉက္ကဋ္ဌပီချင်းယွန်က ဒီလောက်ထိ ယုံကြည်မှု ရှိနေတာကို စုန့်ကျန်းဝေ ရုတ်တရက် နည်းနည်း နား လည်သွားသည်။ဥက္ကဌက ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကို တွေးထားပြီးသား ဖြစ်ပုံရသည်။
“ငါတို့မှာ ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ ရှိတ ယ်...”
ပီချင်းယွန် ဆက်ပြောလိုက်၏။
"အမှန်ပဲ ... ငါတို့.. ချင်းယွန်နိုင်ငံတကာက ဖုန်းတွေ အားလုံးကို ပြည်တွင်း ဘက်ထရီတွေနဲ့ အစားထိုးမ ယ်.အွန်လိူင်းပေါ်မှာ ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ငါတို့က ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေနဲ့ အစားထိုးထားတယ်ဆိုတာ ဒီလူတွေ မသိတာပဲ... ဟားဟားဟား.."
ပြောပြီးတော့ သူ ကိုယ်တိုင် အားရပါးရ ရယ်လိုက် ပြီး စိတ်ကောင်းဝင်နေပုံရသည်။
......
ယူနီဗာဆယ်လ် တာဝါတွင်...
လျူယောင်က ဆိုဖာပေါ်မှာ ထိုင်နေသည်။ဟွမ်ကွမ် း၊ ဟူနမ်နှင့် နန်ဇေထောင်တို့ကလည်း ထိုင်နေပြီး ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီအကြောင်းကို လျူယောင်ထံ အစီရင်ခံနေကြသည်။
သူတို့ အစီရင်ခံတာကို နားထောင်ပြီးနောက် လျူ ယောင် အလွန် ကျေနပ်နေသည်။
သုံးလဆိုတာ တကယ်ပဲ အတော်စောင့်လိုက်ရ သ ည်။ ဟူနမ်နဲ့ အခြားသုတေသီတို့က စက်မှုထုတ် လု ပ်မှု လုပ်ငန်းစဉ်နဲ့ ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေကို ဆုံးဖြတ်ပြီးသွားပြီမို့လို့ စက်ပစ္စ ည်းအများစုကို ဈေးကွက်ထဲမှာ တိုက်ရိုက် ဝယ်ယူ ပေတော့မည်။
စက်ပစ္စည်းအနည်းစုတွေကိုတော့ သူတို့ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတာပဲ ဖြစ်၏။ လက်ရှိမှာတော့ ဒီ ဇိုင်းရေးဆွဲမှု့ ကို လုပ်နေသည်။ ပုံကြမ်းတွေ ထွက် လာပြီးနောက် အထူးစက်ပစ္စည်းထုတ်လုပ်တဲ့ သူ တွေကို ထုတ်လုပ်ဖို့ လျူယောင် တာဝန်ပေးနိုင် သ ည်။
လျူယောင်က ထုတ်လုပ်တဲ့ ကုန်ကျစရိတ်ကို ဂရုစို က်ပြီး ထပ်မေးလိုက်သည်။
"ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ ထုတ်လုပ်တဲ့ ကုန်ကျစရိတ်က.. လစ်သီယမ်ဘက်ထရီတွေထက် ပိုသက်သာတာ တကယ်လား..."
ဟူနမ်က သေချာ ရှင်းပြလိုက်၏။
"သူဋေး..ကျွန်တော်တို့က ထုတ်လုပ်တဲ့ ကုန်ကျ စရိ တ်ကို အကြိမ်ကြိမ် တွက်ချက်ခဲ့ပါတယ်..ဒီဟာက.. လစ်သီယမ်ဘက်ထရီတွေထက် အနည်းဆုံး ၃၀% သက်သာပါတယ်..."
"သူဋေး ..ကျွန်တော့်တို့နိုင်ငံမှာ ဂရက်ဖိုက် အရင်းအ မြစ်တွေ အလွန်ပေါများပါတယ်... ကမ္ဘာ့ စုစုပေါင်း သိုက်ပမာဏရဲ့ ၇၀% ကျော် ရှိပါတယ်.. ဒါ့အပြင် အလူမီနီယမ်သတ္တုက အဖိုးတန်သတ္တု မဟုတ်ဘူး.. သာမန်သတ္တုပဲမို့လို့ ..ကျွန်တော်တို့ရဲ့ ဂရက်ဖင်း - အလူမီနီယမ် ဘက်ထရီ ထုတ်လုပ်တဲ့ ကုန်ကျစရိတ် က မများပါဘူးခဗျ..."
ဒါကိုကြားတော့ လျူယောင် ကျေနပ်စွာ ခေါင်းထပ် ညိတ်လိုက်သည်။
ထုတ်လုပ်မှုက ဒီလောက်ဈေးပေါနေတော့ ဂရက်ဖ င်း-အလူမီနီယမ် ဘက်ထရီတွေကို လစ်သီယမ်ဘက် ထရီတွေနဲ့ တူညီတဲ့ ဈေးနှုန်းနဲ့ ရောင်းချရင်တောင် အမြတ်အစွန်း အလွန်များမှာပဲ ဖြစ်သည်။ဈေးနှုန်း ကို လစ်သီယမ်ဘက်ထရီတွေထက် နည်းနည်း ပိုမြင့် ထားရင်တောင် အမြတ်တွေ ပိုပြီး များနေပေလိမ့်မ ည်။
"အားလုံး ပိုကြိုးစားပြီး ..ပိုမြန်မြန် လုပ်ကြပါ... ဂရ က်ဖင်း-အလူမီနီယမ် ဘက်ထရီတွေကို စက်မှုလုပ်င န်းအဆင့်ကနေ အများအပြား ထုတ်လုပ်တဲ့အဆင့် ကို အမြန်ဆုံး ဝင်ရောက်နိုင်အောင် ကြိုးစားပေးပါ”
"ဟုတ်ကဲ့ပါ.သူဋေး..ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်.."
သုံးဦးလုံး တစ်ယောက်ပြီးတစ်ယောက် သူတို့ သ ဘောထားတွေကို ပြောလိုက်ကြသည်။ သူတို့က ယုံ ကြည်မှု အပြည့် ရှိနေကြသည်။ဒီ ဂရက်ဖင်း-အလူ မီနီယမ် ဘက်ထရီ အများအပြား ထုတ်လုပ်ရေးမှာ အချိန်မရွေး ဖြစ်လာပေတော့မည်။
" ဒေါက် ဒေါက် ဒေါက် "
ထိုအချိန် တံခါးခေါက်သံကို လျူယောင် ကြားလို က် ရသည်။ကျိုးယန်က ဝင်လာကာ အစီရင်ခံလိုက် သည်။
"သူဋေး.ချင်းယွန်နိုင်ငံတကာက တရားဝင် စာပို့လို က်ပါတယ်...မစ္စတာပီချင်းယွန်တို့အဖွဲ့က မနက်ဖန် မနက် ဟွာဟိုင်းမြို့ကို ရောက်လာပြီး ကျွန်တော်တို့နဲ့ လာရောက်တွေ့ဆုံပါလိမ့်မယ်..."
လျူယောင်က ဘာဖြစ်နေလဲဆိုတာ ချက်ခြင်းပဲ နား လည်သွားသည်။ ပီချင်းယွန်က ဂရက်ဖင်း-အလူမီနီ ယမ် ဘက်ထရီအတွက် လာတာ သေချာလောက်သ ည်။
"အင်း ငါသိပြီ.. .ချင်းယွန်နိုင်ငံတကာရဲ့ ဥက္ကဋ္ဌပီ လ ာရောက်တွေ့ဆုံတာက ..ငါတို့ရဲ့ ဂရက်ဖင်း-အလူ မီနီယမ် ဘက်ထရီရဲ့ ပထမဆုံး အော်ဒါ မကြာခင် ရတော့မယ်ဆိုတဲ့ သဘောပဲ..."
ဟွမ်ကွမ်း အပါအဝင် သုံးယောက်သား တစ်ယောက် ကိုတစ်ယောက် ကြည့်ပြီး တစ်ယောက် မျက်လုံးထဲ မှာ တစ်ယောက် ဝမ်းမြောက်နေတာကို မြင်နေရသ ည်။
.......
နောက်တစ်နေ့မှာတော့....
ဟွားဟိုင်အပြည်ပြည်ဆိုင်ရာ လေဆိပ်..
သီးသန့်လေယာဉ်တစ်စင်း လေဆိပ်တွင် ဆင်းသက် လာခဲ့သည်။ ပီချင်းယွန် ခေါင်းဆောင်တဲ့ လူဆယ်ဦး ကျော် ပါဝင်တဲ့ အဖွဲ့က လေယာဉ်ပေါ်မှ ဆင်းလာ ကြကာ သူ့နောက်မှာတော့ စုန့်ကျန်းဝေ အပါအဝင် မိုဘိုင်းဖုန်းလုပ်ငန်းဌာနမှ အလယ်အလတ်နှင့် အဆ င့်မြင့် အမှုဆောင်တွေ လည်း လိုက်ပါလာသည်။
သူတို့ လေယာဉ်ပေါ်က ဆင်းလာတော့ အဆင့်မြင့် ယာဥ်တစ်စီးက လေဆိပ်မှာ သူတို့ကို ကြိုဆိုနေကြ သည်။
လူအားလုံးက ကားပေါ်ကို တစ်ယောက်ပြီးတစ်ယေ ာက် တက်လိုက်ပြီး ယူနီဗာဆဲလ်တာဝါကို ဦးတည် လာကြသည်။
လျူယောင်က ဧည့်ခံခန်းကို ပြင်ဆင်ထားကာ လူအု ပ်စုတစ်စုကို ဦးဆောင်ပြီး တာဝါ အဝင်ဝမှာ ကြိုဆို နေသည်။
နှစ်ဖက် တွေ့ဆုံပြီးနောက် ခဏတာ ယဉ်ကျေးစွာ နှု တ်ဆက်ခဲ့ကြသည်။
လျူယောင်ရဲ့ တောင်းဆိုချက်အရ အားလုံးက အ ထပ် ၉၈ ထပ်ကို တက်လာခဲ့ပြီး ပြင်ဆင်ထားသည့် ဧည့်ခံခန်းထဲမှာ ထိုင်လိုက်ကြသည်။
တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ပြီးနောက် သူ တို့က အဓိကအချက်ကို ရောက်သွားကြ၏။ ပီချင်း ယွန်က ပြောလိုက်သည်။
"မစ္စတာလျူရဲ့.. ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ က အရမ်းအံ့သြစရာ ကောင်းတာပဲ ... ကျွန်တော် ဒီ တစ်ခါ ဘက်ထရီအတွက် လာတာပါ..."
လျူယောင် ခေါင်းညိတ်လိုက်ပြီး အသံကျယ်ကျယ် နဲ့ ပြောလိုက်သည်။
"မစ္စတာဟူ.. ခဏ... ကျွန်တော်တို့ရဲ့ ဂရက်ဖင်း-အ လူမီနီယမ် ဘက်ထရီအကြောင်း ဧည့်သည်တွေကို မိတ်ဆက်ပေးလိုက်ပါအုံး...."
ဟူနမ်က ရီမုတ်ကို ကောက်ယူပြီး ပရိုဂျက်တာကို ဖွင့်ကာ ရုပ်ပုံတွေနဲ့ စာသားတွေပါတဲ့ ဂရက်ဖင်း-အ လူမီနီယမ် ဘက်ထရီကို အသေးစိတ် မိတ်ဆက်ပေး လိုက်သည်။
ဟူနမ် မိတ်ဆက်ပုံက အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်လှပြီး ပီချင်းယွန် အပါအဝင် အားလုံးက စိတ် လှုပ်ရှားနေကြသည်။
" ဘုရားရေ..."
" ဒီလို ဘက်ထရီမျိုးက အရမ်းကောင်းတာပဲ..."
မိတ်ဆက်တာကို နားထောင်ပြီးနောက် ပီချင်းယွန် ဦး ဆောင်ပြီး လက်ခုပ်တီးလိုက်သည်။ ဧည့်ခံခန်းထဲ တွင် နွေးထွေးတဲ့ လက်ခုပ်သံတွေ ထွက်ပေါ်လာသ ည်။
လက်ခုပ်သံ တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် ပီချင်းယွန် မေးလိုက်သည်။
"မစ္စတာလျူ..ဒီ ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ တွေကို ဘယ်တော့လောက် အများအပြားထုတ်လုပ် နိုင်မှာလဲ.."
လျူယောင်က ယုံကြည်မှုရှိစွာနဲ့ ပြန်ဖြေလိုက်၏။
"သုံးလတောင် မကြာတော့ဘူး...အခု ဧပြီလအစပို င်း ဖြစ်လို့ ဇွန်လမှာ ကျွန်တော်တို့က ပစ္စည်းတွေ တ စ်သုတ်ပြီးတစ်သုတ် ပို့နိုင်ပါပြီ..."
"အရမ်းကောင်းတယ်.."
"ဒါက တကယ်ပဲ သတင်းကောင်းပဲဗျာ.."
ပီချင်းယွန် မျက်နှာက ပုံမှန်အတိုင်း တည်ငြိမ်နေပေ မဲ့ စုန့်ကျန်းဝေနဲ့ အခြားလူတွေ အပါအဝင် သူတို့ မျက်နှာတွေကတော့ သိသိသာသာ ပျော်ရွှင်နေကြ သည်။
နှစ်ဖက်စလုံး ဆွေးနွေးမှု စတင်ခဲ့ကြသည်။
နေ့လယ်မှာတော့ လျူယောင်က ဧည့်ခံပွဲ ကျင်းပပြီး ပီချင်းယွန်နဲ့ အဖွဲ့ကို နွေးထွေးစွာ ဧည့်ခံလိုက်သည်။
နေ့လယ်ပိုင်းတွင်နှစ်ဖက်လုံး ဆွေးနွေးမှု ဆက်လုပ်ခဲ့ ရာ ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တစ်ခုလုံး အလွန်ချော မွေ့နေပေသည်။
နောက်ဆုံးမှာတော့ နှစ်ဖက်လုံး သဘောတူညီမှု ရရှိ သွား၏။
ချင်းယွန်နိုင်ငံတကာက Universal မှ ဂရက်ဖင်း-အ လူမီနီယမ် ဘက်ထရီ သန်း ၁၀၀ဖိုး မှာယူခဲ့သည်။ တစ်လုံး ဈေးနှုန်း ယွမ် ၃၀၀ ဖြစ်တာကြောင့် စာချု ပ် စုစုပေါင်းတန်ဖိုးမှာ ယွမ် ဘီလျံ ၃၀ ဖိုး ဖြစ်၏။
လျူယောင်အတွက်တော့ ဒါဟာ ဂရက်ဖင်း-အလူမီ နီယမ် ဘက်ထရီရဲ့ ပထမ ဆုံး အော်ဒါပဲ ဖြစ်သည်။
"ယွမ် ၃၀ ဘီလျံဖိုး .."
"ဒီလို ကြီးကျယ်တဲ့...အမှာစာ..."
ပီချင်းယွန်က ဘက်ထရီ အလုံး သန်း ၁၀၀ ကို တစ်ခ ါတည်း မှာယူလိမ့်မယ်လို့ လျူယောင် မမျှော်လင့် ထားပေ။
ပြီးခဲ့တဲ့နှစ်က ချင်းယွန်နိုင်ငံတကာရဲ့ဖုန်း ရောင်းအာ းမှာ သန်း ၃၀ လောက်ရှိသည်။ ပီချင်းယွန်က သန်း ၂၀ ဒါမှမဟုတ် အများဆုံး သန်း ၃၀ လောက် ဘက် ထရီ မှာယူမယ်လို့ လျူယောင် တွေးထားခဲ့သည်။
"မထင်မှတ်ထားပဲ အလုံးရေ သန်း ၁၀၀ တဲ့လား.."
လျူယောင်က အရမ်း ပျော်ရွှင်နေသည်။ ဒီလို ကိစ္စ မျိုးက များလေကောင်းလေပါပဲ။ ဖောက်သည်တွေ များများမှာလေ သူ့အတွက် ပိုကောင်းလေပါပဲ။
ပီချင်းယွန်လည်း ပျော်နေသည်။ ဂရက်ဖင်း-အလူမီ နီယမ် ဘက်ထရီတွေက ဒီလောက် ဈေးပေါမယ်လို့ သူ မထင်ထားခဲ့ပေ။အဲ့ဒါတွေက လစ်သီယမ်ဘက် ထရီတွေထက် နည်းနည်းပဲ ပိုဈေးကြီးတာ တကယ် ပဲ ဖြစ်၏။
မိုဘိုင်းဖုန်းအတွက် လစ်သီယမ်ဘက်ထရီတွေ ဈေး ကွက်မှာ ဈေးနှုန်းတွေ အမျိုးမျိုးရှိကာ ကုန်အမှတ် တံဆိပ်နဲ့ အသေးစိတ် ဖော်ပြချက်တွေလည်း မတူ ညီကြပေ။ ဈေးနှုန်းတွေက ကွာခြားလှသည်။ဈေး ပေါတာက ဒေါ်လာ ဆယ်ဂဏန်းလောက်ရှိပြီး ပိုကေ ာင်းတာဆို ဒေါ်လာ ရာဂဏန်းလောက်ရှိသည်။ အမှ တ်တံဆိပ်ရှိတဲ့ လစ်သီယမ်ဘက်ထရီရဲ့ ဈေးနှုန်းဆို ဒေါ်လာ နှစ်ရာ သုံးရာလောက် ရှိပေသည်။
ဒီ ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ ဈေးနှုန်းက ယွမ် ၃၀၀ ပဲရှိတာကြောင့် ပီချင်းယွန်က တန်ဖိုး သင့် တယ်ထင်လို့ ယူဆကာ တစ်ခါတည်း သန်း ၁၀၀ ဖိုး မှာယူလိုက်သည်။
နှစ်ဖက်စလုံးက ကိစ္စများအား ဆွေးနွေးလို့ ပြီးသွား ခဲ့သည်။မနက်ဖန်တွင် တရားဝင်စာချုပ်မှာ လက်မှ တ်ထိုးဖို့ပဲ ကျန်တော့သည်။
ပတ်ဝန်းကျင်မှ လေထုက လုံးဝ ပေါ့ပါးသွားကာ လျူယောင်က ကရုဏာစိတ်နဲ့ ပြောလိုက်သည်။
“ဥက္ကဋ္ဌပီ...ကျွန်တော်တို့ ဂရက်ဖင်း-အလူမီနီယမ် ဘ က်ထရီမှာ မော်ဒယ်တစ်ခုပဲ ရှိတယ်..”
အမှန်ပါပဲ မော်ဒယ်တစ်ခုပဲ ရှိနေသည်။သတ်မှတ် ချက်တွေကလည်း တစ်ပုံစံတည်းပဲ ဖြစ်ပြီး အရွယ် အစားကိုတော့ ဖောက်သည်ရဲ့ ဖုန်း မော်ဒယ်အရပြေ ာင်း ပြောင်းလဲပေးမှာ မဟုတ်ပေ။
လျူယောင်က ဆက်ပြောလိုက်၏။
“ဥက္ကဌပီက ကျွန်တော်တို့ရဲ့ ဘက်ထရီကို သုံးမယ် ဆိုရင် ....ဒီဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီနဲ့ လို က်လျောညီထွေဖြစ်အောင် ချင်းယွန်နိုင်ငံတကာရဲ့ ဖုန်းဒီဇိုင်းကို ပြောင်းလဲရလိမ့်မယ်...”
ဒါက ဘယ်လောက်တောင် မာနကြီးလိုက်သနည်း။