← Chapters

အလုပ်သမားခေါ်ယူခြင်း

Vol. 33 Ch. 423

အလုပ်သမားခေါ်ယူခြင်း

Vol. 33 Ch. 423

လျူယောင်က ဒီလို ပြောပေမဲ့ ပီချင်းယွန်က ပုံမှန် အတိုင်းပဲ ခံစားရကာ သူ ပြုံးပြီး ပြောလိုက်သည်။

"မစ္စတာလျူတို့ ပစ္စည်းတွေက ကောင်းတာကိုး...ဒါ ဆို ကျွန်တော်တို့ရဲ့ ဖုန်းဒီဇိုင်းကို ပြောင်းပြီး ဘက် ထရီ အရွယ်အစားနဲ့ ကိုက်ညီအောင် လုပ်လိုက်ပါ့ မယ်..."

"မစ္စတာလျူ... ခင်ဗျား သိရဲ့လား..ဘက်ထရီ သန်း ၁၀၀ ကို တစ်ခါတည်း မှာယူတာအပြင် နောက်ထပ် အကြောင်းအရင်း တစ်ခု..ကျွန်တော့်မှာ.. ရှိသေးတ ယ်ဆိုတာ..."

ပီချင်းယွန်က ဆက်ပြီး ရှင်းပြလိုက်၏။

"မစ္စတာလျူ အရင်က ပြောသလိုမျိုး .. အရင်လာ တဲ့သူက အရင်ရ ဆိုတဲ့ မူပဲ... အရင်ဆုံး အော်ဒါမှ ာတဲ့လူကိုတော့ မစ္စတာလျူက ဦးစားပေးရလိမ့် မယ်..."

ဘက်ထရီ သန်း ၁၀၀ ကို တစ်ခါတည်း မှာလိုက်တာ ကြောင့် ကျင်းဖန်းခရိုင်မှ စက်ရုံရဲ့ ထုတ်လုပ်မှု့ စွမ်း ရည်နဲ့ဆို ထုတ်လုပ်တာပြီးစီးဖို့ အနည်းဆုံး သုံးလေး လ ကြာမှာပဲ ဖြစ်သည်။

လျူယောင် သဘောတူကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်....ဒါပေမဲ့..အနည်းဆုံး သုံးလတော့ကြာ လိမ့်မယ်..."

ကျင်းဖန်းခရိုင်မှာ ရှိတဲ့ စက်ရုံအမှတ် (၁) က မြေဧ က ၁,၀၀၀ ကျယ်ဝန်းပြီး တစ်လ ထုတ်လုပ်မှု စွမ်းရ ည် သန်း ၃၀ ရှိအောင် ဒီဇိုင်းထုတ်ထားပေသည်။ အ ချိန်ပို မလုပ်ပဲ ပုံမှန်အခြေအနေဆို ဘက်ထရီ သန်း ၁၀၀ ထုတ်လုပ်ဖို့က အနည်းဆုံး သုံးလ ကြာမြင့်နိုင် မည်။

ပီချင်းယွန်က ဒီအချက်ကို သဘောကျခဲ့သည်။

သူက စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာ ရှိနေ ပြီး ပရိယာယ်ကြွယ်ဝသူ တစ်ယောက်ပင်။

ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ ထုတ်လုပ်မှု စ တင်ပြီးနောက် သုံးလကျော်ကြာတဲ့အထိ Universal က ဒီဘက်ထရီကို ချင်းယွန်နိုင်ငံတကာကိုပဲ ပေးသွ င်း ရပေမည်။ပြိုင်ဘက်တွေက ဒီ ဂရက်ဖင်း-အလူမီ နီယမ် ဘက်ထရီတွေ မှာယူမယ်ဆိုရင် ချင်းယွန်နိုင်ငံ တကာက ရပြီး သုံးလကျော်ကြာတော့မှ သူတို့ရနိုင် လိမ့်မည်။

"သုံးလကျော်ဆိုရင် လုပ်စရာတွေ အများကြီး ငါ.. လုပ်လို့ရတယ်...."

လျူယောင်ကလည်း ဒီအချက်ကို နားလည်ပြီး ဒီလို လုပ်ဖို့ ဆန္ဒရှိသည်။အဲ့ဒီလိုဆိုရင် ဘက်ထရီ လိုအပ် တဲ့ ကုမ္ပဏီတွေက အော်ဒါတွေ အရူးအမူး မှာယူကြ ပေလိမ့်မည်။

.....

နှစ်ဖက်စလုံးးက တရားဝင် စာချုပ်ကို လက်မှတ် ရေးထိုးလိုက်ကြ၏။ ရလဒ်အနေနဲ့ ဂရက်ဖင်း-အလူ မီနီယမ် ဘက်ထရီအတွက် ထုတ်လုပ်မှု မစရသေး ခင် ပထမဆုံး​အော်ဒါက စုစုပေါင်းတန်ဖိုး ယွမ် ဘီ လျံ ၃၀ ပဲ ဖြစ်သည်။

လျူယောင်က ပီချင်းယွန်တို့ အဖွဲ့ကို လိုက်ပို့ပြီးနေ ာက် ကျိုးယန်၊ ဟွမ်ကွမ်း၊ ဟူနမ်နဲ့ အခြားသူတွေ အား ရုံးခန်းထဲကို လျူ​ယောင် ခေါ်လိုက်သည်။

ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီက ဈေးကွက်မှာ အများအပြား ထွက်လာတာနဲ့အမျှ သေချာပေါက် လူအများ၏ အာရုံစိုက်မှု့ ရမှာပဲ ဖြစ်သည်။ဒါကို လို အပ်တဲ့ ဖောက်သည်တွေက သူတို့ရဲ့ လက်ထဲမှာ ပို က်ဆံတွေ ဝှေ့ယမ်းပြီး အရူးအမူး လာကြလိမ့်မည်။

ဘာလို့လဲဆိုတော့ ဒီလို ဘက်ထရီမျိုးက အရမ်းကေ ာင်းပြီး လစ်သီယမ်ဘက်ထရီတွေထက် အဆ ၁၀၀ ပိုမြန်ပြီး စွမ်းအင်ကလည်း အဆ ၁၀ ဆကျော် ပိုမျာ းတာကြောင့်ပင်။ ဒါက လူအများကြီးကို ရူးသွပ်ဖို့ လုံလောက်ပေသည်။

"ငါတို့က မကြာခင် ဂရက်ဖင်း-အလူမီနီယမ် ဘက် ထရီတွေ အများအပြား ထုတ်လုပ်တော့ မယ်....နော င်လာမယ့် စီမံခန့်ခွဲမှုတွေ လွယ်ကူအောင် စည်းကမ် းချက်အချို့ ချမှတ်ရမယ်လို့ ငါ ထင်တယ်..."

ကျိုးယန်နဲ့ အခြားလူတွေက တပြိုင်နက်တည်းနီးပါး ပြောလိုက်ကြသည်။

"သူဋေး စည်းကမ်းချက်တွေက ဘာတွေလဲ ပြောပြ ပါ..."

စည်းကမ်းချက်တွေ အများကြီးကို လျူယောင် ပြေ ာ ပြလိုက်သည်။

"ပထမဆုံး... မိုဘိုင်းဖုန်း ဘက်ထရီ တစ်မျိုးတည်းပဲ ရှိရမယ်...ဖောက်သည်တွေ လိုအပ်ရင် ဘက်ထရီနဲ့ အရွယ်အစားကိုက်ညီအောင် သူတို့ရဲ့ ဖုန်းဒီဇိုင်းကို ပြောင်းရမယ်..."

"ဒုတိယက ပြည်တွင်း ဝယ်သူတွေကို ဘက်ထရီ တ စ်လုံးကို စျေးနူန်း ယွမ် ၃၀၀.. တစ်ပုံစံတည်း သတ် မှတ်မယ်..ဈေးစစ်ခွင့် မရှိဘူး..နိုင်ငံခြားဈေးနှုန်း အ တွက်ကတော့ လောလောဆယ် စဉ်းစားမှာ မဟုတ် သေးဘူး..ဒါကို လောလောဆယ် နိုင်ငံခြားကို မရေ ာင်းဘူးလို့ ဆိုလိုတာ မဟုတ်ဘူး.... ပြည်တွင်း လို အပ်ချက်ကိုပဲ လောလောဆယ် ဖြည့်ဆည်းပေးမယ် လို့ ဆိုလိုတာ..."

"တတိယ...ဖောက်သည် ကိုယ်တိုင် ကုန်ပစ္စည်း လ ာယူရမယ်... အိမ်အရောက် ပို့ဆောင်တာမျိုး မလု ပ်ဘူး...ဖောက်သည်တွေက ကျင်းဖန်းခရိုင်က စက် ရုံအမှတ် (၁) ကို သူတို့ မှာယူထားတဲ့ ဘက်ထရီတွေ သယ်ဖို့.. ကား လွှတ်နိုင်တယ်..."

"စတုတ္ထက တန်းစီစနစ်ကို အကောင်အထည်ဖော် မ ယ်...အော်ဒါ တစ်ခုပြီးမှ နောက်အော်ဒါ တစ်ခု ပို့မ ယ်... အရင်အော်ဒါ အပြည့်အဝ မပို့ရသေးရင် နော က်အော်ဒါ လာယူလို့ မရဘူ....."

လျူယောင်က စည်းကမ်းချက်တွေ အများကြီး သ တ်မှတ်ခဲ့ပြီး လုပ်ငန်းစဉ် တစ်လျှောက်လုံးကို မာန ကြီးဟန်ဖြင့် ပြောနေသည်။

"ဝယ်သူတွေက ..ယူနီဗာဆယ်လ် က ဘက်ထရီ မှာ ယူချင်ရင် ဒီစည်းကမ်းချက်တွေ အားလုံးကို လိုက် နာရမယ်"

ကျိုးယန်နဲ့ အခြားသူတွေက ဒါတွေကို တစ်ခုပြီး တ စ်ခု ရေးမှတ်ထားကြသည်။ ဒီစည်းကမ်းချက်တွေ သေချာပြီဆိုရင် နောင်လာမယ့် လုပ်ငန်းဆောင်ရွက် မှုတွင် အများကြီး ပိုလွယ်ကူမယ်ဆိုတာ သူတို့ သိထ ားကြသည်။

ဝယ်သူတွေက ဘက်ထရီ လာဝယ်တာနဲ့ ဆွေးနွေးတ ာတွေလည်း လွယ်ကူစေသည်။

ဘာပဲဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းတွေ ရှိပြီးသား မို့.လက်ခံနိုင်ရင် စာချုပ်ချုပ်လို့ရသည်။ လက်မခံ နို င်ရင်လည်း အတင်းအကျပ် မလုပ်ပေ။

......

ကျင်းဖန်းခရိုင် စက်မှုဇုန်နယ်မြေ..

ဒီနေရာဟာ လွန်ခဲ့တဲ့ ရက် ၂၀ အကြာက စပြီး သက် ဝင်လှုပ်ရှားလာကာ ဆောက်လုပ်ရေး စက်ယန္တရား တွေ အများကြီးနဲ့ အလုပ်ရှုပ်နေကြသည်။ ဥပမာ- မြေတူးစက် အနည်းဆုံး ဒါဇင်နဲ့ချီပြီး မြေသယ်ကား ရာနဲ့ချီ ရှိနေသည်။

မြေဧက ၁,၀၀၀ ကို အခြေခံအားဖြင့် ညီညာအောင် ပြုလုပ်ပြီးသွား၍ အနီးအနားက တောင်ကုန်းလေး လည်း ပျောက်ကွယ်သွား၏။

ပြန့်ပြူးတဲ့ မြေပေါ်မှာ ကြိုးတွေနဲ့ နေရာအနှံ့ အမှ တ်အသားတွေ ပြုလုပ်ထားပြီး ပိုက်မောင်းစက် မျာ းကလည်း ပိုက်တွေ တင်ကာ မောင်းနေပြီး အလွန် ကျယ်ဝန်းတဲ့ ဧရိယာတွင် စက်ရုံအဆောက်အအုံ ဆောက်လုပ်မှု စတင်နေပြီပဲဖြစ်သည်။

ဒီလို စက်ရုံမျိုးက ပိုက်ဆံ အလုံအလောက် ရှိရင် မြေအောက်ပိုက်တွေ စလုပ်အချိန်ကနေ ရေတွက် ရ င် စက်ရုံ ဆောက်လုပ်မှု ပြီးစီးဖို့ တစ်လ နှစ်လပဲ ကြ ာပေလိမ့်မည်။

ဆောက်လုပ်ရေးနေရာတွင် ဆောက်လုပ်ရေး ပစ္စည်း တွေ အများကြီး ပုံထားပြီး ဆောက်လုပ်ရေး အလုပ် သမားများစွာက အလုပ်ရှုပ်နေကာ အလွန် သက်ဝင် လှုပ်ရှားလျက် ရှိသည်။

ခရိုင်ဝန်ဝမ်ရုံဝမ်က ဘေးကင်းရေးဦးထုပ် ဆောင်း ထားပြီး Universal စွမ်းအင်သစ် ကုမ္ပဏီရဲ့ ဒုတိယ မန်နေဂျာကျင်းရှင်းဖိန်လည်း လိုက်ပါလာသည်။

သူတို့နောက်မှာ လူ အနည်းဆုံး တစ်ဒါဇင်လောက် ရှိ ၏။ဒီလူတွေက ကျင်းဖန်ခရိုင်မှ အရာရှိတွေ၊ဒါမှ မ ဟုတ် စက်ရုံအမှတ် (၁) ရဲ့ အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့် အရာရှိတွေပဲ ဖြစ်သည်။

ဝမ်ရုံဝမ်က သိချင်စိတ်နဲ့ မေးလိုက်၏။

"မစ္စတာကျင်း.. ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ အတွက် ပထမဆုံး အော်ဒါ စာချုပ်ချုပ်ဆိုပြီးပြီလို့ ကြားတယ်.."

ကျင်းရှင်းဖိန်က ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်ရက်ကပဲ စာချုပ်ချုပ်ခဲ့ တာပါ...ချင်းယွန်နိုင်ငံတကာက ဘက်ထရီ အလုံး ရေ သန်း ၁၀၀ ဖိုးမှာယူပြီး... စာချုပ် စုစုပေါင်းတန် ဖိုး ယွမ် ဘီလျံ ၃၀ ဖိုးပါ....."

ကျင်းဖန်းခရိုင်မှ အရာရှိတွေ တိတ်တိတ်လေး ပါးစ ပ် အာစေးမိနေကြသည်။

ပြီးခဲ့တဲ့နှစ် ကျင်းဖန်းခရိုင်တစ်ခုလုံးရဲ့ GDP က ယွ မ် ဘီလျံ ၂၀ ကျော်ပဲ ရှိပြီး ယွမ် ဘီလျံ ၃၀ မထိ ရော က်ခဲ့ပေ။

အခုတော့ တကယ်ပဲ ကောင်းကင်ကို ပျံတက်တော့မဲ့ ပုံရ၏။ဒီယွမ် ဘီလျံ ၃၀ တန် ဂရက်ဖင်း-အလူမီနီယ မ် ဘက်ထရီတွေကို ဒီနေရာမှာ ထုတ်လုပ်မှာဆိုတော့ ကျင်းဖန်းခရိုင်တွင် အမြင်ဆုံး GDP အဖြစ် သတ်မှ တ်လို့ရသည်။

Universal ချပ်ပြားထုတ်လုပ်ရေး စက်ရုံအမှတ် (၂) က အဲဒီနေရာနဲ့ ကပ်လျက်ပဲ ဖြစ်၏။ အဲဒီစက်ရုံ ထု တ်လုပ်မှု စတင်ခဲ့ပြီး ပြီးခဲ့တဲ့လက ဆယ်ဘီလျံ တန် ချပ်ပြားတွေ ထုတ်လုပ်ပြီးစီးလို့ တစ်နှစ်ကို ယွမ် ဘီ လျံ ၁၀၀ ကျော်ဖို့က ပြဿနာ မရှိပေ။

Universal စွမ်းအင်သစ် စက်ရုံက ပိုတောင် အစွမ်း ထက်သေး၏ ဆောက်လုပ်မှု မစရသေးခင်မှာပဲ ယွ မ် ဘီလျံ ၃၀ တန် အော်ဒါ ရှိနေသည်။

ခရိုင်ဝန်ဝမ်က စိတ်လှုပ်ရှား ပျော်ရွှင်နေတာအပြင် စက်ရုံအသစ် ဆောက်လုပ်မှုအတွင်း ဘာတွေ အကူ အညီပေးဖို့ လိုအပ်လဲ ဘာတွေ ဖြေရှင်းပေးဖို့ လိုအ ပ်လဲဆိုတာ မေးပြီး သူ့ ပုံစံက အရမ်းစိတ်အားထက် သန်နေသည်။

မေးမြန်းမှုအချို့ လုပ်ပြီးနောက် သူက လာမယ့် တန င်္လာနေ့မှာ ကျင်းပမယ့် ခရိုင်တစ်ခုလုံးရဲ့ အလုပ်အ ကိုင်ပြပွဲကိုလည်း အလွန်စိတ်ဝင်စား မိသည်။

Universal စွမ်းအင်သစ် စက်ရုံအမှတ် (၁) ကို ကျင်း ဖန်းခရိုင်မှ သာမန်အလုပ်သမား ၃,၀၀၀ လောက် ခန့် အပ်ပြီး ကြီးကြပ်ရေးနဲ့ စီမံခန့်ခွဲရေး ရာထူးတွေ အ တွက် ထောင်နဲ့ချီတဲ့ အရည်အချင်းရှိသူတွေ ခန့်အပ် မှာပဲ ဖြစ်၏။ ဒါတွေကလည်း ကျင်းဖိန်စီရင်စုကိုပဲ ဦးတည်ထားသည်။

ခရိုင်မှ ပြည်သူ​တွေအတွက် အလုပ်အကိုင်တွေ အမျ ားကြီး တစ်ပြိုင်နက်တည်း ဖြေရှင်းပေးနိုင်တာ ကြောင့် ဝမ်ရုံဝမ်က အိပ်ရင်းနဲ့တောင် ရယ်နေပေလိ မ့်မည်။

လာမယ့် အပါတ်မှာ ကျင်းပမဲ့ အလုပ်အကိုင်ပြပွဲကို ကျင်းဖိန်ခရိုင်မှ အရာအားလုံး လုပ်ပေးမှာဖြစ်လို့ Universal က ဘာမှ စိတ်ပူစရာ မလိုပေ။

စက်ရုံအမှတ် (၁) အတွက် အလုပ်သမားနဲ့ စီမံခန့်ခွဲ သူ ၁၀,၀၀၀ ကျော် လိုအပ်တာကြောင့် ကျင်းဖန်း ခရိုင်မှ ခေါ်ယူတာတွေအပြင် ကျန်တာတွေကို တစ် နိုင်ငံလုံးက ခေါ်ယူမှာပဲ ဖြစ်သည်။

ဒီလိုနဲ့ ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။

ယနေ့က တနင်္လာနေ့ဖြစ်ပြီး ကျင်းဖန်းခရိုင်မှ လူ တွေအတွက်တော့ ဒီနေ့က ထူးခြားတဲ့နေ့တစ်နေ့ ပဲ ဖြစ်၏။

ကျင်းဖန်းခရိုင်မှ ဟုန်ရီဥယျာဉ်ကို အလုပ်အကိုင် ပြ ပွဲ ကျင်းပရာနေရာ အဖြစ် သတ်မှတ်ခဲ့သည်။ ရက် အနည်းငယ်ကတည်းက ပြင်ဆင်မှုတွေ အားလုံး စ တင်ခဲ့တာကြောင့် မနေ့ကမှ အားလုံး အဆင်သင့် ဖြစ်နေသည်။ ဒီနေ့မှာတော့ ကြီးကျယ်ခမ်းနားတဲ့ အ လုပ်အကိုင်ပြပွဲ စတင်ကျင်းပခဲ့သည်။

မူလက သာမန်အလုပ်သမား ၃,၀၀၀ အတွက် စီမံခန့် ခွဲသူ ရာနဲ့ချီ ခန့်အပ်ဖို့ စီစဉ်ထားပေမဲ့ လူပေါင်း ထေ ာင်နဲ့ချီ တစ်ပြိုင်နက်တည်း ရောက်လာကြသည်။

ကျင်းဖန်းခရိုင်မှ အလယ်အလတ်အရွယ် လူငယ် အားလုံး ဒီကို လာကြတယ်လို့ ခန့်မှန်းရပြီး သူတို့ထဲ မှ တော်တော်များများဟာ အသက် ၄၀ ကျော်အရွ ယ်တွေပဲ ဖြစ်ကြသည်။

အလုပ်အကိုင်ပြပွဲ ကျင်းပတဲ့ နေရာ တစ်ခုလုံးတွင် လေထုက အလွန်ပူပြင်းလျက်ရှိ​နေ၏။

All Chapters