လိပ်ကြီး လန့်သွားခြင်း
Vol. 33 Ch. 424
ချင်းယွန်နိုင်ငံတကာမှာတော့...
ရုံးခန်းထဲတွင် ပီချင်းယွန်က စုံစမ်းစစ်ဆေးရေး အစီ ရင်ခံစာကို ဖတ်နေစဥ် မလှမ်းမကမ်းမှ ဆိုဖာပေါ်တွ င် စုန့်ကျန်းဝေ ထိုင်နေသည်။
ဒီအစီရင်ခံစာက စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပဲ ဖြစ်သည်။အွန်လိုင်းပေါ်မှာ ချင်းယွန်နိုင်ငံတကာမှ ဖုန်းတွေအကြောင်း အလွန်အမင်း ဆိုးရွားတဲ့ သတင် းတွေ ပျံ့နှံ့နေသည်။ ဒါဟာ နောက်ကွယ်က လူတွေ က လှုံ့ဆော်တာ သေချာလို့ ချင်းယွန်နိုင်ငံတကာက စုံစမ်းစစ်ဆေးရပေမည်။
"လူအိုစုန့်...ခင်ဗျားရဲ့ အမြင်က.. ဘယ်လိုလဲ.."
“ကျွန်တော်တို့ ဒီလောက်ကြာကြာ သည်းခံခဲ့ပြီးပြီပြ န်တိုက်ဖို့ အချိန်ရောက်ပြီ...."
ပီချင်းယွန်လည်း သဘောတူစွာ ခေါင်းညိတ်လိုက် ၏။
"သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ငါ စီစဉ်ထားတယ်... ခင်ဗျား ကိုယ်တိုင် ရှေ့ထွက်ပြီး နောက်သုံးလ ကြာ ရင် ငါတို့ရဲ့ ချင်းယွန်နိုင်ငံတကာရဲ့ ဖုန်းတွေကို ပြည် တွင်းထုတ် ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေ အပြည့်အဝ သုံးမယ်ဆိုတာ ကြေညာပေးပါ.."
အစီရင်ခံစာမှာ ပြောထားသလို ချင်းယွန်နိုင်ငံတကာ မှ ဖုန်းတွေကို တကယ်ပဲ ပြည်တွင်းထုတ် ဘက်ထရီ တွေ သုံးမှာပဲ ဖြစ်သည်။ဒါပေမဲ့ ဂရက်ဖင်း-အလူမီနီ ယမ် ဘက်ထရီတွေ သုံးမှာပဲ ဖြစ်၏။
စုန့်ကျန်းဝေ အရမ်းစိတ်လှုပ်ရှားနေသည်။ နောက်ဆုံ းတော့ သူ အားကုန်သုံးပြီး ပြန်တိုက်ခိုက်နိုင်ပြီလေ ။
"ဥက္ကဋ္ဌ...ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ လုပ် လိုက်တာနဲ့ သေချာပေါက် အာရုံစိုက်မှု ရလိမ့်မယ်.. ဆီနိုကုမ္ပဏီက လူတွေ ဒေါသကြောင့်.. သွေးအန်ဖို့ များတယ်..."
ပီချင်းယွန် ကျေနပ်စွာ ရယ်လိုက်သည်။
ဆီနိုဆိုတာ M နိုင်ငံမှာ ရှိတဲ့ မိုဘိုင်းဖုန်း ထုတ်လုပ် တဲ့ ကုမ္ပဏီဖြစ်ပြီး အရမ်းကို ကြီးမားလှသည်။ကမ္ဘ့ အလယ်အလတ်နှင့် အဆင့်မြင့် မိုဘိုင်းဖုန်း ဈေး ကွက်ရဲ့ ၃၀% ကျော်ကို သိမ်းပိုက်ထားပြီး သူတို့က တစ်နှစ်ကို ဖုန်း သန်းရာနဲ့ချီ တင်ပို့ရောင်းချရသည်။
ယန်နိုင်ငံမှာလည်း သူတို့ရဲ့ ဆီနိုဖုန်းတွေက ဖုန်းဈေး ကွက်တွင် ကြီးကြီးမားမား သိမ်းပိုက်ထားပြီး ချင်း ယွန်နိုင်ငံတကာမှ ဖုန်းတွေရဲ့ ရောင်းအားထက် နှစ် ဆ သုံးဆ ပိုများပေသည်။
ဒီကုမ္ပဏီရဲ့ စွမ်းဆောင်ရည်က အားကောင်းပေမဲ့ ပြို င်ဘက်တွေကို နှိမ်နင်းတဲ့ နည်းလမ်းတွေက ဂုဏ်သိ က္ခာတော့ သိပ်မရှိပေ။
ပြည်တွင်း မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီ အကြီး စား အများအပြားက သူတို့ကြောင့် အကြိမ်ကြိမ် နှိ မ်နင်းခံခဲ့ရကာ ချင်းယွန်နိုင်ငံတကာကလည်း အပါ အဝင်ပဲ ဖြစ်၏။
ပြည်တွင်း မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး အ များအပြားက သူတို့ရဲ့ဒေါသတွေကို ထိန်းထားနေ ကြရသည်။
အခုတော့ အားလုံး အဆင်ပြေသွား၏။ပီချင်းယွန် က အပြည့်အဝ ပြန်တိုက်ခိုက်နိုင်တဲ့အတွက် ဝမ်း သာနေသည်။ဒီဂရက်ဖင်း-အလူမီနီယံ ဘက်ထရီ ကြောင့် ဆီနိုဖုန်းတွေ အားနည်းသွားနိုင်သည်။
ချင်းယွန်နိုင်ငံတကာက သတင်းစာရှင်းလင်းပွဲ လုပ် လိုက်သည်။မကြာခင် ထွက်ရှိမယ့် ဖုန်းအသစ် အ ကြောင်း မိတ်ဆက်ရုံသာမက သုံးလကြာရင် ချင်း ယွန်နိုင်ငံတကာမှ ဖုန်းအသစ်တွေကို ဂရက်ဖင်း-အ လူမီနီယမ် ဘက်ထရီတွေ အစားထိုး သုံးမယ်လို့ လ ည်း ကြေညာလိုက်သည်။
ရုတ်တရက် နေရာတစ်ခုလုံး ဆူညံသွားကာ လူများ စွာက လုံးဝ ထူပူသွားကြသည်။ဒီသတင်းက အရမ်း အလေးအနက်ရှိပြီး သူတို့ ခေါင်းတောင် မူးမလို ဖြစ် သွားခဲ့ရသည်။
သတိပြန်ဝင်လာပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ သတင်းထောက်များက မေးခွန်းတွေ မေးဖို့ အလုအယက် လုပ်လိုက်ကြ၏။ စုန့်ကျန်းဝေနဲ့ အခြ ားသူတွေက သတင်းထောက်တွေရဲ့ မေးခွန်းတွေ ကို တစ်ခုပြီးတစ်ခု ပြန်ဖြေပေးလိုက်သည်။
“ဘာဖြစ်တယ်...”
"ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေက ဒီလော က်တောင် မိုက်တာလား..."
"ဟုတ်တယ်...သူ့ရဲ့ အားသွင်းနှုန်းက လစ်သီယမ် ဘက်ထရီတွေထက် အဆ ၁၀၀ ပိုမြန်တယ်ဆိုပဲ… စွမ်းအင်ကလည်း လစ်သီယမ်ဘက်ထရီတွေထက် ၁၀ ဆကျော် ပိုများတယ်တဲ့. "
လူတော်တော်များများက မယုံကြည်ဘူးလို့ ပြောနေ ကြပြီး ဒါက ပုံကြီးချဲ့တာ ဖြစ်နိုင်တယ်လို့ တွေးနေ ကြသည်။
Universal က ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီကို အောင်မြင်စွာ တီထွင်ခဲ့ပြီး ကျင်းဖန်းခရိုင်မှာ ဘီလျံ ဆယ်နဲ့ချီ ရင်းနှီးမြှုပ်နှံကာ မြေဧက ၁,၀၀၀ ကျယ်ဝ န်းတဲ့ စက်ရုံကြီး ဆောက်လုပ်နေကြောင်းတစ်လကို မိုဘိုင်းဖုန်း ဘက်ထရီ သန်း ၃၀ ထုတ်လုပ်နိုင်တယ် ဆိုတဲ့ သတင်းကိုပါ စုန့်ကျန်းဝေက ထုတ်ဖော်လိုက် သည်။
တဖြည်းဖြည်းနဲ့ လူများစွာက ယုံကြည်ဖို့ ရွေးချယ် လာကြသည်။
သတင်းစာရှင်းလင်းပွဲပြီးနောက် ဒီသတင်းတွေက အွန်လိုင်းပေါ်တွင် လွှမ်းမိုးသွားခဲ့သည်။
"ချင်းယွန်နိုင်ငံတကာရဲ့ ဖုန်းတွေကို ဂရက်ဖင်း-အ လူမီနီယမ် ဘက်ထရီတွေနဲ့ အစားထိုးသုံးမယ်… ကျ င်းဖန်းခရိုင်ကဘက်ထရီစက်ရုံ .."ဆိုတဲ့ ခေါင်းစဉ် တွေလည်း ခေတ်စားနေသည်။
ဒါက အခမဲ့ ကြော်ငြာပါပဲ။
ကြော်ငြာဖို့ ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘဲ ဒီလို ကောင်းတဲ့ ရလဒ်ရလို့ ချင်းယွန်နိုင်ငံတကာက အ ကျိုးအမြတ် ရခဲ့သည်။
ဆီနိုကုမ္ပဏီမှ လူတွေကတော့ မပျော်ကြပေ။
သူတို့က အရေးကြီးတဲ့ အစည်းအဝေးတစ်ခု ကျင်း ပ နေသည်။ ဆီနိုမှ အလယ်အလတ်နဲ့ အဆင့်မြင့် အ မှုဆောင်တွေအားလုံးနီးပါးက နေရာမှာ ထိုင်နေကြ သည်။
ဆီနိုဥက္ကဋ္ဌဂျက်ဖရီမော် ကိုယ်တိုင် အစည်းအဝေးကို ဦးဆောင်ပြီး သူက အလေးအနက် ပြောလိုက်သည် ။
“လူကြီးမင်းတို့....လွန်ခဲ့တဲ့ ဆယ်နာရီကျော်က ယန်နို င်ငံမှာရှိတဲ့ ချင်းယွန်နိုင်ငံတကာက သတင်းစာရှင်း လင်းပွဲ လုပ်ခဲ့ပြီး သူတို့ ဖုန်းတွေကို ဂရက်ဖင်း-အလူ မီနီယမ် ဘက်ထရီတွေ သုံးမယ်လို့ ကြေညာခဲ့တယ် ...”
ဂျက်ဖရီမော်က အခြေအနေကို ကိုယ်တိုင် မိတ်ဆ က်ပေးလိုက်သည်။
ချက်ချင်းပဲ အဆင့်မြင့် အမှုဆောင်တစ်ဦးက ဝင် ပြောလိုက်၏။
“ဥက္ကဋ္ဌ...ဒီဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေ က ယုံကြည်စိတ်ချရမှု နည်းတယ်လို့ ကျွန်တော်ထင် တယ်..ဒီလို ဘက်ထရီမျိုးက စိတ်ကူးသက်သက်ပဲ ရှိနေသေးတာ.. အောင်မြင်စွာ တီထွင်နိုင်ဖို့ဆိုတာ မ ဖြစ်နိုင်သေးပါဘူး..."
“ဟုတ်ပါတယ်... ကျွန်တော်လည်း လုံးဝ သဘော တူပါတယ်... ဒါ အများစုက မီဒီယာရဲ့ လှုံ့ဆော်မှုနဲ့ ပုံကြီးချဲ့တာမျိုးပဲ ဖြစ်လိမ့်မယ်...ဒါက လစ်သီယမ် ဘက်ထရီ ဖြစ်နိုင်တယ်... သူတို့က ထုပ်ပိုးမှုကို ပြေ ာင်းပြီး ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီလို့ ကြေ ညာတာ ဖြစ်နိုင်ပါတယ်....”
ဂျက်ဖရီမော် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး...”
“ငါ့ရဲ့ ဆဌမအာရုံက.. ဒီကိစ္စ တကယ်ဖြစ်နိုင်တယ် ဆိုပြီးး ငါ့ကို ပြောနေတယ်..."
ဒီကိစ္စက တကယ်ဆိုရင်တောင် သူတို့ အကုန်သိထား သင့်သည်။
ဘာလို့လဲဆိုတော့ နည်းပညာက အလွန်မြင့်မား နေ လို့ပါပဲ။ သူတို့ထဲက တော်တော်များများက ဒီကိစ္စကို မှန်တယ်လို့ မယုံကြပေ။ဒီသတင်း အတုလို့သာ ယုံ ကြည်ဖို့ ရွေး ချယ်လိုက်ကြသည်။
အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် အတိအကျ သိစေရန်အတွက် ဂျက်ဖရီမော်က ယန်နိုင်ငံကို အ ဆင့်မြင့် အမှုဆောင်တစ်ဦး စေလွှတ်ပြီး သွားကြည့် ရန် ဆုံးဖြတ်လိုက်သည်။ အထူးသဖြင့် ကျင်းဖန်းခရို င်မှာ ရှိတဲ့ ဘက်ထရီစက်ရုံကိုပဲ ဖြစ်သည်။
..........
လိပ်ကြီးရဲ့ အလေးချိန်က အခု ၁,၁၇၈ တန် ရောက် နေပြီး တန် ၁,၂၀၀ နဲ့ သိပ်မဝေးတော့ပေ။
ဒီနေ့ ရာသီဥတုကောင်းကာ နေကလည်း အလွန်ပူနေ သည်။ လိပ်ကြီးက ပင်လယ်ရေမျက်နှာပြင် အောက် ဆယ်မီတာလောက်မှာ နေပူစာ လုံရင်း အေးအေး ဆေးဆေး နားနေသည်။ နာရီအနည်းငယ်ကြာတော့ မှ ပင်လယ်အောက်ခြေမှ ချောက်နက်ဆီကို ကူးခတ် လာသည်။
သူက အကာသယဥ်ပျက်ဆီ ပြန်လာခဲ့တာပဲ ဖြစ်၏။ သူ့ကိုယ်သူ ဗိုက်ဖြည့်ပြီးနောက် အကာသယာဥ်ရဲ့ အမြီးနားကို ရောက်လာသည်။
အာကာသယဥ်ရဲ့ အလယ်ပိုင်းနဲ့ အမြီးနားတွင် ပျက် စီးမှုနှစ်ခု ရှိပြီး ပထမပျက်စီးမူကနေ လိပ်ကြီးက သ တ္တုအပိုင်းအစ တန် သိန်းနဲ့ချီ ရှင်းလင်းခဲ့ပြီး ဒုတိယ ပျက်စီးမှုကနေ သတ္တုအပိုင်းအစ တန် သိန်းနဲ့ချီ ရှ င်းလင်းခဲ့သည်။
ဒီ ရက်ပိုင်းတွင် လိပ်ကြီးက အချိန်အများကြီး နား ချိန်ရှိသည်။သူက နေပူစာလုံတာ၊ ပတ်ပတ်လည် ကို လည်ပတ်တာကလွဲလို့ ပုံမှန်အားဖြင့် ရှင်းလင်းရေး ပဲ လုပ်နေသည်။
ဒီနေရာတွင် လိပ်ကြီးက အစပိုင်းမှာ သတ္တုအပိုင်း အစ တန် သိန်းချီ ရှင်းလင်းခဲ့ပြီး ဒီရက်တွေမှာ သူ ဆက်လက် ရှင်းလင်းခဲ့လို့ သတ္တုအပိုင်းအစ တန် သောင်းနဲ့ချီ ရှင်းလင်းပြီးစီးခဲ့သည်။
ဒီသတ္တုအပိုင်းအစတွေကိုလည်း လိပ်ကြီးက အကာ သယဥ်ပျက်ကနေ မီတာ ရာဂဏန်းလောက်သာ ဝေး တဲ့ ပြန့်ပြူးနေတဲ့ မြေနေရာလွတ်ပေါ်တွင် တောင်ကု န်းလိုမျိုး စုပုံထား၏။
အခု လိပ်ကြီးက ဆက်လက် ရှင်းလင်းနေသည်။ရ က်အတော်ကြာကြာ သူ ရှင်းလင်းပြီးနောက် သတ္တု အပိုင်းအစတွေ အများကြီး ရှင်းလင်းခဲ့တာအပြင် ရွှံ့နဲ့ ကျောက်ခဲတွေ အများကြီးလည်း ရှင်းလင်းခဲ့သ ည်။
အရင်က ထူထဲတဲ့ ရွှံ့နဲ့ ကျောက်တွေ ဖုံးအုပ်ထားတဲ့ အကာသယဥ်ပျက် ဧရိယာက နည်းနည်း ပိုကြီးလာ ပြီး ပွင့်နေတဲ့ ဧရိယာလည်း ပိုကျယ်လာသည်။
လိပ်ကြီးက သူ့ရဲ့ ကြီးမား ချွန်ထက်တဲ့ ခြေသည်း တွေ သုံးပြီး မြေကြီးတွေကို ရှင်းလင်းလိုက်ရာ ခြေ သည်းတစ်ချောင်းနဲ့တင် မြေကြီး တန် ဆယ်ဂဏန်း လောက် တူးဆွနိုင်ခဲ့သည်။
"တစ်ချောင်း.... နောက်တစ်ချောင်း...."
လိပ်ကြီးက နေရာတစ်နေရာကို အမြန်ရှင်းလင်းခဲ့ လို့ အောက်က မီးခိုးနက်ရောင်သတ္တုမှာ ပေါ်လာသ ည်။ ဒါက အာကာသယဥ်၏ အပြင်ခွံမှန်း သူ သိနေ သည်။
"ဟေး...နောက်ထပ် သတ္တုအပိုင်းအစတစ်ခုပဲ..."
လိပ်ကြီးက ဖုံးအုပ်ထားတဲ့ မြေကြီးကို ရှင်းလင်း နေ ချိန်မှာ သတ္တုအပိုင်းအစတစ်ခုကို မြေကြီးထဲမှာ တွေ့လိုက်ရသည်။
သူက ဖြည်းဖြည်းချင်း သတ္တုအပိုင်းအစ ပတ်ပတ် လည်မှာရှိတဲ့ မြေကြီးကို ရှင်းလင်းပြီးနောက် အာက ာသယဥ်ရဲ့ ပွင့်နေတဲ့ ဧရိယာက တဖြည်းဖြည်း ပို ကျယ်လာ၏။ဒီဟာက ကြီးမားတဲ့ သတ္တုအပိုင်းအစ ဖြစ်နေသည်။
ပတ်ပတ်လည်မှ မြေကြီးကို ရှင်းလင်းပြီးနောက် ဒီ သတ္တုအပိုင်းအစ အလေးချိန်က အနည်းဆုံး တန် ထောင်ဂဏန်းလောက်ရှိမယ်လို့ လိပ်ကြီး ခန့်မှန်းလို က်သည်။
ဒီသတ္တုအပိုင်းအစကို ရှင်းလင်းပြီးနောက် မီတာ ရာ ဂဏန်းလောက်ဝေးတဲ့ ပြန့်ပြူးတဲ့ မြေပေါ်ကို သွား ထားဖို့ လိပ်ကြီး ပြင်လိုက်သည်။
“အီးယား လေးလိုက်တာ..”
ဒါပေမဲ့ သူ ရွေ့ဖို့ ကြိုးစားလိုက်ပေမဲ့ သတ္တုက လုံးဝ လူပ်မလာခဲ့ပေ။
လိပ်ကြီးက ဒါကို မယုံကြည်နိုင်တာကြောင့် သူ့စွမ်း အား အကုန်သုံးပြီး ဧရာမလှံကိုလည်း ဂေါ်ပြားအ ဖြစ် သုံးလိုက်မှ နောက်ဆုံးတွင် ထို ကြီးမားတဲ့ သ တ္တုအပိုင်းအစကို တွန်းထုတ်နိုင်သွားသည်။
"ဟေးး နောက်ဆုံးတော့..ငါ ..တွန်းထုတ်နိုင်ပြီကွ.."
“ဘုန်း”
ကျယ်လောင်တဲ့ အသံ ထွက်ပေါ်လာပြီးနောက် ပင် လယ်ရေများ နောက်ကျိသွားကာ တစ်ခုခု ပြိုကျသွ ားတာကို လိပ်ကြီး တွေ့လိုက်ရသည်။
" ဘာလဲဟ.."
သတ္တုရဲ့ လှုပ်ရှားမှုက အရမ်းကျယ်လောင်တာ ကြေ ာင့် လိပ်ကြီး လန့်သွားကာ ဧရာမလှံနဲ့အတူ မီတာ နှစ်ရာ သုံးရာ အကွာကို သူ အလျင်အမြန် ဆုတ်ခွာ လိုက်သည်။