← Chapters

လေးလံတဲ့ သတ္တုချောင်း

Vol. 33 Ch. 425

လေးလံတဲ့ သတ္တုချောင်း

Vol. 33 Ch. 425

လိပ်ကြီးက ဒီတစ်ခါတော့ စွံအသွားခဲ့ရပြီး ထူပူသွား ၏။

"ကျနော်က .ကြီးမားတဲ့ သတ္တုအပိုင်းအစကို တွန်း ထုတ်ရုံနဲ့ ဒီလောက်ကြီးတဲ့ လှုပ်ရှားမှု့ ဖြစ်သွားတာ လား.."

“ဘုန်း” ဆိုတဲ့ အသံနဲ့အတူ ဧရိယာကြီးတစ်ခုခုမှာ ပြိုကျသွားသလိုပင်။ အရင်က ကြည်လင်နေတဲ့ ပင် လယ်ရေက နောက်ကျိသွား၏။ပင်လယ်ရေ နည်း နည်း ပြန်ကြည်ဖို့ အချိန်အတော်ကြာပေသည်။

လိပ်ကြီးက ဘာဖြစ်နေလဲဆိုတာ နောက်ဆုံးတော့ နားလည်သွား၏။

အဲဒီနေရာက တကယ်ပဲ ပြိုကျသွားပြီး အပေါက် ကြီးတစ်ခု ပေါ်လာခဲ့ရာ အကျယ် မီတာ ၁၀၀ ကျော် ပြီး အမြင့်က အနည်းဆုံး မီတာ ၇၀၊ ၈၀ ရှိသည်။

ဒီ အပေါက်ဝက ပုံမှန်မဟုတ်ပေ။ သတ္တုအပိုင်းအစ တွေ အများကြီးနဲ့ ရွှံ့နဲ့ ကျောက်တွေ အများကြီး ရေ ာနှောနေသည်။

“သခင်ရေ...မြန်မြန်ကြည့်ပါဦး... ဘာတွေ ဖြစ်နေ လဲဆိုတာ...”

လိပ်ကြီးအသံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာတာ ကြောင့် လျူယောင် ချက်ချင်း တတိယအမြင်ကို ဖွင့်လိုက်ရာ အကာသယာဥ်ပျက်နဲ့ မလှမ်းမကမ်းက လိပ်ကြီးကို တွေ့ရပြီး အပေါက်ကြီးကိုလည်း တွေ့ လိုက်ရသည်။

"အာ ဒီလို အပေါက်ကြီးလား.."

လျူယောင်က တစ်ချက်ကြည့်လိုက်တာနဲ့ ဒီအပေါ က်ကြီးက ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာတာလို့ ပြေ ာနိုင်ပေသည်။ ဒီလို အပေါက်ကြီး ရှိရင် လိပ်ကြီး အာကာသ ယဥ်ထဲကို အလွယ်တကူ ဝင်နိုင်တော့မ ည်လေ။

ခုနက အဖြစ်အပျက်ကို လိပ်ကြီး အတိုချုပ် ရှင်း ပြလိုက်သည်။

လျူယောင်က နောက်ဆုံးတော့ ဘာတွေဖြစ်နေလဲ ဆိုတာ နားလည်သွားသည်။

“ငါ့ကောင်ကြီး.ဒီနေရာက အစတည်းက ပျက်စီးနေ တာ... အရင်ကတော့ ထူထဲတဲ့ မြေကျောက်အလွှာနဲ့ ဖုံးအုပ်ထားတာကြောင့်ပဲ..မင်းက ဖုံးအုပ်ထားတဲ့ မြေကျောက်တစ်စိတ်တစ်ပိုင်းကို ရှင်းလင်းလိုက်ပြီး ကြီးမားတဲ့ သတ္တုအပိုင်းအစတစ်ခုကို တွန်းထုတ်လို က်တာကြောင့် ပြိုကျသွားပြီး အပေါက်ကြီးတစ်ခု ဖြ စ်သွားခဲ့တာပဲ...”

“သြော်...ဒီလိုကိုး ကျနော် နားလည်ပါပြီ...”

လိပ်ကြီးက ဘာဖြစ်နေလဲဆိုတာ နားလည်သွား၏။

ဒီအပေါက်ကြီးကို ကြည့်ရင်း လိပ်ကြီး တဖြည်းဖြ ည်းနဲ့ စိတ်လှုပ်ရှားလာသည်။

"သခင်ရ...ကျွန်တော် ဒီအပေါက်ကနေ အာကာသယ ဥ်ထဲဝင်ပြီး ကြည့်လို့ရလား.."

ဒီအာကာသယဥ်ပျက်ထဲ ဝင်ကြည့်ရတာကို လိပ်ကြီး အမြဲတမ်း အိပ်မက်မက်ခဲ့ဖူးသည်။

သူ့မှာ သိချင်စိတ်တွေ အများကြီးပင်။

အရင်က လျူယောင် အကာသယဥ်ထဲ အကြိမ်ကြိမ် ဝင်ခဲ့တုန်းက သူလည်း ဝင်ကြည့်ချင်နေသည်။ ဒါ ပေမဲ့ အရင်က အပေါက်ဝက သေးငယ်လို့ သူ လုံးဝ ဝင်လို့မရခဲ့ပေ။

အခု သူ့ရှေ့က အပေါက်မှာ ကြီးမားလှသည်။

အကျယ် မီတာ ၁၀၀ ကျော်ပြီး အမြင့် အနည်းဆုံး မီ တာ ၇၀၊ ၈၀ ရှိနေ့သည်။ လိပ်ကြီးက အခု တန် ၁,၀၀ ၀ ကျော်ပဲ ရှိသေးတာ မပြောနဲ့ တန် ၂,၀၀၀ ကနေ ၃,၀၀၀ အထိ ကြီးလာရင်တောင် သူ ဝင်နိုင်သည်။

လျူယောင်က အာကာသယဥ်ပျက်ထဲမှာ အန္တရာယ် မရှိဘူးဆိုတာကို သိထားသည်။ ဘာလို့လဲဆိုတော့ အချိန်အတော်ကြာခဲ့လို့ အတွင်းက စက်ပစ္စည်းတွေ အားလုံး ပျက်စီးနေပြီး လုံးဝ အသုံးပြုလို့ မရတော့ ပေ။လိပ်ကြီး အထဲဝင်တာက အလွန်ဘေးကင်းပေ သည်။

" ရတယ်.. မင်း ဝင်ကြည့်လို့ရတယ်.."

"ယေး.တကယ်လား..အရမ်းကောင်းတာပဲ..."

ခွင့်ပြုချက်ရတော့ လိပ်ကြီးက ကလေးတစ်ယောက် လို ပျော်ရွှင်နေပြီး ကခုန်မလို ဖြစ်သွားသည်။

ဘာမှမတွေးတော့ဘဲ လိပ်ကြီးက ပျက်စီးနေတဲ့ အ ပေါက်ကြီးကနေ အတွင်းကို ကူးခတ်ဝင်သွားရာ မ လှမ်းမကမ်းတွင် ကြီးမားတဲ့ နေရာတစ်ခု ရှိနေသ ည်။

လိပ်ကြီးက ရပ်လိုက်ပြီး သူ့ရှေ့က အရာအားလုံးကို ထူပူစွာ ကြည့်နေသည်။

လျူယောင်လည်း ထူပူသွား၏။

အာကာသယဥ်ပျက်ထဲမှာ ဒီလောက်ကြီးတဲ့ နေရာ ရှိ နေမယ်လို့ ဘယ်တုန်းကမှ သူ မတွေးထားခဲ့ပေ။

"အမြင့် မီတာ သုံးရာကျော်တယ်ဟ.."

"ဒါ ဘယ်လို စိတ်ကူးမျိုးနဲ့ လုပ်ထားတာလဲ.. "

လိပ်ကြီးက အတော်လေး ကြီးပေမဲ့ ဒီနေရာမှာဆို သူ သေးငယ်နေပုံရသည်။

အံ့အားသင့်ပြီးနောက် လျူယောင် ကြည့်လိုက်ရာ ဒီ နေရာက အာကာသယဥ်ရဲ့ အခန်းတွေထဲမှ ကြီးမား တဲ့ အခန်းတစ်ခန်း ဖြစ်မယ်လို့ သူ ခန့်မှန်းလိုက်သ ည်။

ဒီအာကာသယာဉ်က အလျား ၁၀၀ ကီလိုမီတာ ကျေ ာ်ပြီး အနံ ၁၀ ကီလိုမီတာကျော် ရှိတာကို ထည့်တွ က်ရင် အတွင်းမှာ ဘောလုံးကွင်း ဒါဇင်နဲ့ချီလောက် ရှိတဲ့ အခန်းတစ်ခန်း ရှိနေတာက လုံးဝ ပုံမှန်ပါပဲ။

ဒီထက်တောင် ပိုကြီးမားတဲ့ အာကာသယာဉ်နဲ့ နှိုင်း ယှဉ်ရင် ဒီကြီးမားတဲ့ အခန်းက ဘာမှ မဟုတ်သေး ပေ။ဒီနေရာက အာကာသယာဥ် အရွယ်အစားရဲ့ တ စ်ရာခိုင်နှုန်းတောင် မရှိပေ။

ဒါပေမဲ့ ဘောလုံးကွင်း ဒါဇင်နဲ့ချီလောက် ကျယ်တဲ့ ကြီးမားတဲ့ အခန်းကို ပထမဆုံး မြင်တော့ လိပ်ကြီး ရော လျူယောင်ပါ နည်းနည်း ကြောက်သွားကြသ ည်။

"အရမ်းကြီးလွန်းတယ်..."

ဒီလို စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုမျိုးက စကားနဲ့ လုံး ဝ ဖော်ပြလို့ မရပေ။ အဲဒီနေရာမှာ သင် တကယ်ရှိနေ မှပဲ ဒီလို ခိုင်မာပြီး နှိုင်းယှဉ်လို့မရတဲ့ ခံစားချက်မျိုး ကို ခံစားရပေလိမ့်မည်။

အချိန်အတော်ကြာတော့ လျူယောင် နောက်ဆုံးမှာ သတိပြန်ဝင်လာသည်။

"ငါ့ကောင်ကြီး ဒါက အာကာသယာဥ်ရဲ့ အခန်းတွေ ထဲက တစ်ခန်း ဖြစ်လိမ့်မယ်.. အတွင်းမှာ ပစ္စည်း တွေ အတော်လေး ရှိလောက်မယ်.."

လိပ်ကြီးလည်း သတိပြန်ဝင်လာ၏။အခန်းက အလွ န် ကြီးမားတဲ့ အပြင် အတွင်းမှာလည်း ပစ္စည်းတွေ အပြည့်နီးပါး ရှိနေသည်။

အကုန်လုံး ဆလင်ဒါပုံစံ သတ္တုချောင်းတွေပါပဲ။တစ် ချောင်းချင်းစီက အချင်း ၁ မီတာလောက်ရှိပြီး အ လျား မီတာ ၅၀ လောက် ရှိသည်။

ဂြိုလ်သားတွေကလည်း မီတာကို အတိုင်းအတာ အ ဖြစ် သုံးလား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒီသတ္တုချောင် းတွေက အရမ်းကို စံချိန်မှီနေသည်။

ဒီလို သတ္တုချောင်းတွေသာ သံမဏိနဲ့ လုပ်ထားရင် တစ်ချောင်းချင်းစီရဲ့ အလေးချိန်က အနည်းဆုံး တန် ၃၀၀ လောက်ရှိလိမ့်မည်။ဒါပေမဲ့ သူတို့က မီးခိုးနက် ရောင်သတ္တုဖြစ်နေကာ သံမဏိထက် သိပ်သည်းဆ နည်းတာကြောင့် တစ်ချောင်းချင်းစီ၏ အလေးချိန် က တန် ၁၀၀ လောက်ရှိသည်။

အခန်းကြီးတစ်ခုလုံးမှာ ဒီလိုသတ္တုမျိုးတွေ အပြည့် ရှိနေပြီး အရေအတွက်က တန် သန်းနဲ့ချီ ရှိနေသည်။

ဒီအာကာသယာဉ်က စစ်ဘက်ဆိုင်ရာသုံး အာကာသ ယာဥ် မဟုတ်လောက်ပေ။ သယ်ယူပို့ဆောင်ရေး အ ာကာသယာဥ် ဒါမှမဟုတ် သတ္တုတူးဖော်ရေး အာ ကာသယာဥ် ဖြစ်နိုင်တယ်လို့ လျူယောင် ထပ် အတ ည်ပြုလိုက်သည်။

ဒါက စစ်ဘက်ဆိုင်ရာ အကာသယာဥ်ဆိုရင် သူ့ရဲ့ ကြီးမားတဲ့ အခန်းက အမျိုးမျိုးသော လက်နက် တွေ၊ အမျိုးမျိုးသော တိုက်လေယာဉ်တွေ ဒါမှမဟု တ် အမျိုးမျိုးသော တိုက်ခိုက်ရေး စက်ရုပ်တွေနဲ့ ပြည့်နေရမှာပဲ ဖြစ်သည်။ဒီလို သတ္တုပစ္စည်းတွေ အ များကြီး ရှိရမှာ မဟုတ်ပေ။

" လခွမ်း..ဒီလောက် ဆလင်ဒါပုံစံ သတ္တုပစ္စည်းတွေ ကို အစီအစဉ်တကျ ထားထားတာ အံ့သြစရာပဲ.."

သတိပြန်ဝင်လာတဲ့ လိပ်ကြီးက စိတ်ကောင်းဝင်နေ ပြီး ကူးခတ်သွားကာ တစ်ချောင်းကို ကောက်ယူပြီး ဝှေ့ယမ်းကြည့်လိုက်သည်။

“သခင်ရေ..ဒီဟာက ..ကျွန်တော့်ရဲ့ ဧရာမလှံနဲ့ အရွ ယ်အစား အတူတူလောက်ပဲ...ဒါပေမဲ့ အရမ်း ပေါ့ တယ်.. ကျွန်တော်တော့ တန် နှစ်ရာကျော်ရှိတဲ့ ကျွန် တော့်ရဲ့ ဧရာမလှံကို ပိုကြိုက်တယ်...”

လျူယောင် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး တတိ ယအမြင်ကနေ ဒီအခန်းက အခြေအနေကို သေချာ ကြည့်နေသည်။

ဒီကြီးမားတဲ့ အခန်းထဲမှာ ဒီဆလင်ဒါပုံစံ မီးခိုးနက် ရောင် သတ္တုတွေပဲ မဟုတ်ပဲ တခြား ပစ္စည်းတွေ လ ည်း ရှိနေတာကို လျူယောင် တွေ့လိုက်သည်။

အဲ့ဒါတွေက ဒီကြီးမားတဲ့ အခန်းရဲ့ ထောင့်တစ်နေရာ မှာ ရှိနေပြီး တစ်ချောင်းချင်းစီကလည်း ဆလင်ဒါ ပုံ စံ သတ္တုတွေပါပဲ.. ဒါပေမဲ့ အရွယ်အစားက အများ ကြီး ပိုသေးပြီးတစ်ချောင်းချင်းစီရဲ့ အလျားက ၁၀ မီတာ လောက်ပဲရှိကာ အချင်းက မီတာဝက်ပဲ ရှိ၏။

အရေအတွက်ကတော့ အချင်း ၁ မီတာ၊ အလျား မီ တာ ၅၀ ရှိတဲ့ မီးခိုးနက်ရောင် သတ္တုတွေထက် အမျ ားကြီး နည်းပေမဲ့ လျူယောင် အမြင်အရတော့ အန ည်းဆုံး သောင်းချီလောက် ရှိသည်။

သူတို့က ထူးခြားစွာ မီးခိုးရောင် သတ္တုတွေ မဟုတ် ပေ။ ဒါပေမဲ့ အများကြီး ပိုမည်းပြီး အမည်းရင့်ရော င်ဖြစ်နေသည်။

"ငါ့ကောင်ကြီး ...မင်း ညာဘက်ထောင့်မှာ ပုံစံမတူ တဲ့ သတ္တုတွေ ရှိတယ်...သွားကြည့်လိုက်..."

လိပ်ကြီးက မြင်းတစ်ကောင်လို ကူးခတ်သွားပြီး အ စီအစဉ်တကျ ပုံထားတဲ့ သတ္တုချောင်းတွေကို မြင် လိုက်ရာ အရွယ်အစားက ပိုသေးငယ်နေသည်။

လိပ်ကြီးက သိချင်စိတ်ပြင်းပြလာပြီး တစ်ချောင်း ကို ကောက်ယူလိုက်ရာ သူ လန့်သွားသည်။

ဒီ သတ္တုချောင်းက အနည်းဆုံး ငါးတန်၊ ခြောက်တ န်လောက်ပဲ ရှိမယ်လို့ လိပ်ကြီး တွေးထားခဲ့သည်။ အခုလိုမျိုး အနည်းဆုံး တန် ၂၀ လောက် လေးလိမ့် မယ်လို့ သူ မထင်ထားပေ။

အဲ့ဒါက လိပ်ကြီးရဲ့ ခန့်မှန်းချက်ကို လုံးဝကျော်လွန် သွားခဲ့သည်။လိပ်ကြီးက စိတ်ထဲမှာ လန့်သွားပြီး အံ့ အားသင့်စွာ ပြောလိုက်သည်။

"သခင်ရ.. ဒီ သတ္တုချောင်းက အရမ်းလေးတယ် အ နည်းဆုံး တန် ၂၀ လောက်ရှိပြီး တန် ၃၀ လောက် တောင်ရှိနိုင်တယ်..."

"ဘာ မဟုတ်လောက်ပါဘူးကွာ.."

လိပ်ကြီးရဲ့ စကားက သူ ခန့်မှန်းထားတာထက် အ များကြီး ကျော်လွန်နေသည်။ဒီလောက်လေးလိမ့် မ ယ်လို့ ဘယ်တုန်းကမှ သူ မတွေးထားခဲ့ပေ။

ဒီသတ္တုချောင်းက အချင်း မီတာဝက်ရှိပြီး အလျား က ၁၀ မီတာ ရှိ၏။ သံမဏိသတ္တုစပ် ဖြစ်ရင်တောင် ၁၅ တန်လောက်ပဲ ရှိသင့်သည်လေ။

မထင်မှတ်ထားပဲ ဒီအမည်းရောင် သတ္တုက တန် ၂၀ ၃၀ လောက် လေးနေပေသည်။

All Chapters