← Chapters

အမည်းရောင် သတ္တု

Vol. 33 Ch. 426

အမည်းရောင် သတ္တု

Vol. 33 Ch. 426

“ဘာဖြစ်တယ်..”

သိပ်သည်းဆ ဒီလောက်များနေတာက လိပ်ကြီးကို အံ့အားသင့်စေရုံသာမက လျူယောင် ခန့်မှန်းထား တာထက်လည်း အများကြီး ကျော်လွန်နေသည်။ဒီ သတ္တုချောင်က တန် ၂၀ ကနေ ၃၀ လောက် လေး ရင် သူ့ရဲ့ သိပ်သည်းဆ အနည်းဆုံး ၁၂ ဒါမှမဟုတ် ဒီ့ထက် ပိုများလိမ့်မည်။

သံမဏိရဲ့ သိပ်သည်းဆက ၇.၈ လောက်ရှိပြီး သတ္တု စပ် သံမဏိ သိပ်သည်းဆက နည်းနည်းပိုများပြီး ၈ လောက် ရောက်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ သိ ထားကြသည်။

၇.၈ ပဲဖြစ်ဖြစ်၊ ၈ ပဲဖြစ်ဖြစ် ၁၂ ရဲ့ သိပ်သည်းဆနဲ့ နှို င်းယှဉ်ရင် အများကြီး နည်းနေသေးသည်။

“အီး..အရမ်းလေးတယ်...”

“သခင်.....ဒါက တန် နှစ်ဆယ် သုံးဆယ် လေးလိမ့်မ ယ်လို့ ...ကျွန်တော်..မထင်ထားဘူး...”

"အင်း...ငါသိပြီ..."

လျူယောင်က တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်၏။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အရမ်း စိတ်လှုပ်ရှားနေ သည်။

"ဒါက ဒုတိယမြောက် သတ္တုပဲ..."

ပထမဆုံး လျူယောင် တွေ့တာက ဒီလို မီးခိုးနက် ရောင် သတ္တုပဲ ဖြစ်၏။သူ့ရဲ့ သိပ်သည်းဆနည်းပြီး ပေါ့ပါးကာ သံချေးလည်း မတက်ပဲ အပူချိန်မြင့်တာ ကို ခံနိုင်ရည်ရှိသည်။ သူ့ စွမ်းရည် ကလည်း အရမ်း ကောင်းပေသည်။လျူယောင်က သင်္ဘော အနည်းင ယ် စေလွှတ်ပြီး တန် ၂ သိန်းကျော်ကို ပြန်သယ်လာ ခဲ့သည်။

ဒုတိယကတော့ အခုမှ တွေ့ရှိတဲ့ အမည်းရောင် သ တ္တုပါပဲ။ဒီ သတ္တုမှာ ဘယ်လို အစွမ်းသတ္တိမျိုးတွေ ရှိလဲဆိုတာကိုတော့ လျူယောင် မသိသေးပေ။

ဒီအာကာသယာဉ်ပျက်ကြီးရဲ့ ကြီးမားတဲ့ ကုန်ပစ္စည်း ခန်းထဲမှာ ဒီလောက် အများကြီးရှိနေပြီး အစီအစဉ် တကျ ပုံထားတာဆိုတော့ ဒါတွေက ထူးခြားပေလိ မ့်မည်။

"ငါ့ကောင်ကြီး.. ဒီကြီးမားတဲ့ ကုန်ပစ္စည်းခန်းထဲမှာ တခြား ပစ္စည်းတွေ ရှိလားဆိုတာ ကြည့်လိုက်... ပြီး ရင် ..မင်း ဒီအမည်းရောင် သတ္တုချောင်းတစ်ချောင်း ကို ဟွားဟိုင်မြို့က ပင်လယ်ကမ်းစပ်နားက ဂိုဒေါင် ကို သယ်လာပေးပါအုံး..."

"အိုကေဘာ...သခင်... ပြဿနာမရှိပါဘူး.." လိပ်ကြီးက သဘောတူကာ ပြန်ဖြေလိုက်သည်။

လိပ်ကြီးက အမည်းရောင် သတ္တုချောင်းကို ချလိုက် ကာ ကြီးမားတဲ့ ကုန်ပစ္စည်းခန်းထဲကို လှည့်လည် ကူ းခတ်ရင်း ရှာဖွေကြည့်လိုက်သည်။

ဒီနေရာမှာ ဒီသတ္တုနှစ်မျိုးပဲ ရှိပုံရပြီး တခြား ဘာမှ မရှိတော့ပေ။

ဒီကြီးမားတဲ့ ကုန်ပစ္စည်းခန်းကနေ တခြားနေရာတွေ ဝင်လို့ရလားဆိုတာ လိပ်ကြီး တွေးနေပြီး အရပ်မျက် နှာ အမျိုးမျိုးမှာ တံခါးအနည်းငယ်ကို လည်း သူ တွေ့လိုက်ရသည်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဒီတံခါး တွေက တင်းတင်းပိတ်နေပြီး လုံးဝ ဖွင့်လို့မရခဲ့ပေ။

ခဏ ကြည့်ပြီးနောက် ဘာမှမတွေ့တာကြောင့် လိပ် ကြီး အတော်လေး နောင်တရနေသည်။

"သခင်ရေ... ဒီကြီးမားတဲ့ ကုန်ပစ္စည်းခန်းထဲမှာ ဒီသ တ္တုနှစ်မျိုးပဲ ရှိတယ်ဗျ.."

လျူယောင်ကတော့ မတူပေ။သူ အရမ်းစိတ်ကောင်း ဝင်နေပြီး ထိန်းချုပ်ထားလို့ မရတဲ့ စိတ်လှုပ်ရှားမှု တောင် ဖြစ်နေ၏။ဒီနေ့က သူ့အတွက်တော့ ကြီးမား တဲ့ အကျိုးအမြတ်တွေ ရတဲ့နေ့ပါပဲ။

ဒီကြီးမားတဲ့ ကုန်ပစ္စည်းခန်းထဲမှာ အမည်းရောင် သ တ္တုချောင်းတွေ အများအပြား ရှိရုံသာမက တစ်ချော င်းချင်းစီက တန် ၁၀၀ လောက် လေးပြီး အရေအတွ က်က အနည်းဆုံး သန်းနဲ့ချီ ရှိနေသည်။

ဒီလို မီးခိုနက်ရောင် သတ္တုတွေ အများကြီးအပြင် ဒု တိယမြောက် သတ္တုတစ်မျိုးကို တကယ်ပဲ တွေ့ရှိခဲ့ ၏။အဲ့ဒါက အမည်းရောင် သတ္တုပါပဲ။သူတို့ရဲ့ အ ရေအတွက်ကလည်း မနည်းလှပဲ အနည်းဆုံး တန် သောင်းချီ ရှိနေသည်။

ဒါကြောင့် တခြားပစ္စည်းတွေ မလိုတော့ပေ။ဒီဟာက လုံးဝ ကြီးမားတဲ့ ရတနာသိုက်ကြီးဖြစ်ပြီး ဘယ်တေ ာ့မှ မကုန်နိုင်တဲ့ အမျိုးအစားပဲလေ။

"ငါ့ကောင်ကြီး..အမည်းရောင် သတ္တုတစ်ချောင်းကို သယ်လာပေးအုံး...ဒါ ဘယ်လို သတ္တုမျိုးလဲဆိုတာ ငါ လေ့လာချင်တယ်...."

လျူယောင်ရဲ့ ညွှန်ကြားချက်အရ ဒီနေရာက အမ ည်းရောင် သတ္တုတစ်ချောင်းကို လိပ်ကြီး ယူလာပြီး အာကာယာဥ်ရဲ့ ပျက်စီးနေတဲ့ အပေါက်ကနေ ထွက် လာကာ ဟွားဟိုင်မြို့ကို ကူးခတ်လာတော့သည်။

......

"အကိုယောင်... ကျွန်တော် ဟွားဟိုင်မြို့ကို ရောက် နေပြီ..."

တင်းဝိန်ဆီက ဖုန်းလက်ခံရရှိတော့ လျူယောင် နည် းနည်းအံ့သြသွား၏။

"မင်း အိမ်ကို ပြန်ပြီးမှ လဝက်အတွင်း ဟွားဟိုင်မြို့ ကို ပြန်ရောက်လာတာလား..."

"ကျွန်တော် အခုမှ ဟွားဟိုင်မြို့ကို ပြန်ရောက်တာ... ကျွန်တော်က အခု ဟွားဟိုင်မြို့ခွဲမှာရှိတဲ့ ချင်းယွန်နို င်ငံတကာရဲ့ အထွေထွေ မန်နေဂျာ ဖြစ်နေပြီ...ဘယ် လိုလဲ...အရမ်းမိုက်တယ်မလား.."

"မိုက်တယ်..." လျူယောင်က ပျော်ရွှင်စွာ ပြန်ဖြေ လိုက်၏။

"သာမန်လူဆိုရင် ချင်းယွန်နိုင်ငံတကာကို ဝင်ဖို့ တောင် ခက်တယ်... မင်းက... ဌာနခွဲရဲ့ အထွေထွေ မန်နေဂျာတန်းဖြစ်တာပဲ..ဟားဟား"

တင်းဝိန်လည်း ပျော်ရွှင်စွာ ရယ်မောလိုက်၏။စကား အနည်းငယ် ပြောပြီးနောက် သူ ဆက်ပြောလိုက် သ ည်။

"အကိုယောင် ဒီည အားလား.. ကျွန်တော့်မှာ အကို့ ကို လေးစားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်... သူက.. အကိုနဲ့ သိကျွမ်းချင်နေတာ..."

တင်းဝိန် သူငယ်ချင်းတွေရဲ့ အထောက်အထားက သာမန်တော့ မဖြစ်နိုင်ပေ။ဘာပဲဖြစ်ဖြစ် အဆင့် အ တန်း တူတဲ့ လူတွေက တစ်နေရာတည်း စုဝေးပြီး အ ဖွဲ့တွေ ဖြစ်နေကြတာပါပဲ။

လျူယောင်က ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။

"ညနေ အားတယ်... အရင်နေရာပဲ...ချူကျိ ပင်လယ် စာစားသောက်ဆိုင်ပဲ..."

"ဟုတ်ကဲ့ အကိုယောင်...တွေ့ရင် အကုန်ပြောပြပါ့မ ယ်.."

လျူယောင် ဖုန်းချလိုက်၏။

တင်းဝိန် သူငယ်ချင်းရဲ့ ညစာစားပွဲနဲ့ နှိုင်းယှဉ်ရင် လိပ်ကြီး အခြေအနေကို ပို စိတ်ဝင်စားတာကြောင့် တတိယအမြင်ကို ဖွင့်ပြီး လျူယောင် ကြည့်လိုက် သည်။

ရေအောက် မီတာ တစ်ရာ၊ နှစ်ရာလောက်မှာ လိပ် ကြီး ရှိနေပြီး အမြန် ကူးခတ်နေသည်။သူက ဒီည သန်းခေါင်ယံမှာ ပင်လယ်ကမ်းစပ် ဂိုဒေါင်ကို ရော က်နိုင်လောက်သည်။

......

နေဝင်ရီတရော...

ချန်းဟူကိုပဲ ခေါ်ပြီး တင်းဝိန်နဲ့ ချိန်းဆိုထားတဲ့ နေရ ာကို လျူယောင် သွားလိုက်သည်။ ချန်းဟူက ချူ ကျိ ပင်လယ်စာဆိုင်၏ အဝင်ဝမှာ ကားရပ်လိုက် သ ည်။

"ချန်းဟူ.. မင်းလည်း ငါနဲ့အတူ လိုက်ခဲ့လေ.."

ချန်းဟူက ခေါင်းခါကာ ပြန်ဖြေလိုက်၏။

"သူဌေး...ဒါ နည်းနည်း မကောင်းဘူးထင်တယ်… ကျွန်တော် အပြင်မှာပဲ စောင့်နေပါ့မယ်..."

"ရပါတယ်ကွာ ..တခြား ဘယ်သူမှ မရှိပါဘူး... တင်း ဝိန်နဲ့ သူ့သူငယ်ချင်းတစ်ယောက်ပဲ ရှိတယ်..."

ထို့နောက် ချန်းဟူက လျူယောင်နောက်ကနေ ချူ ကျိ ပင်လယ်စာဆိုင်ကို လိုက်ဝင်ခဲ့ပြီး သီးသန့်အခန် းရဲ့ တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။

လျူယောင်က ချန်းဟူကို ခေါ်လာတာ မြင်တော့ တ င်းဝိန်နဲ့ လူငယ်တစ်ယောက်က ချက်ချင်း ထရပ်လို က်ကြသည်။

"အကိုယောင် ကျွန်တော် မိတ်ဆက်ပေးပါရစေ.. ဒါ ကျွန်တော့် သူငယ်ချင်းကောင်း ဟန်ကွမ်း.."

ဟန်ကွမ်းက အလျင်အမြန် လျူယောင်နဲ့ စိတ်အား ထက်သန်စွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။သူ့ပုံစံ က ညီလေးက အစ်ကိုကြီးကို တွေ့ရသလိုမျိုးပင်။

"မင်္ဂလာပါ အစ်ကိုလျူ... ကျွန်တော် အကို့ကို အချိန် အတော်ကြာတည်းက သိနေခဲ့တာပါ... ဒီနေ့မှ ကိုယ် တိုင်တွေ့ရတော့တယ်.."

လျူယောင် ပြုံးလိုက်ပြီး ဟန်ကွမ်းရဲ့ သဘောထား ကို အလွန်ကျေနပ်နေမိသည်။

"တင်းဝိန်ရဲ့ သူငယ်ချင်းကလည်း ငါ့ သူငယ်ချင်းပါ ပဲ.. ထိုင်ပြီး စကားပြောကြတာပေါ့..."

ဟန်ကွမ်းလည်း ထိုင်လိုက်ရာ ချန်းဟူကို ကြည့်လို က်ပြီး သူ အံ့အားသင့်သွား၏။သူ့ပုံစံက တိုက်အသ စ် တစ်ခုကို သူ တွေ့လိုက်ရသလိုမျိုးပင်။

"ဟာ...ခင်ဗျားက ချန်းဟူပဲ.... အိုလံပစ်စံချိန် အများ ကြီးရဲ့ ပါရမီရှင်ပဲ..."

ချန်းဟူက ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

"ဒါတွေ အကုန်လုံး အတိတ်က ကိစ္စတွေပါပဲ..အခု ကျွန်တော် အနားယူပြီးပါပြီ..."

တင်းဝိန်က ဝင် ပြောလိုက်သည်။

"ချန်းဟူက အခု အကိုယောင်ရဲ့ ယာဉ်မောင်းနဲ့ ကို ယ်ရံတော် ဖြစ်နေပြီလေ..."

ဟန်ကွမ်းက ချန်းဟူကို ယာဉ်မောင်းတစ်ယောက် ဖြ စ်တဲ့အတွက် လုံးဝ အထင်အမြင် မသေးဘဲ နွေးထွေ းစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

လျူယောင်က လက်ခံသဘောတူစွာ ခေါင်းညိတ် လို က်သည်။ပထမဆုံးအကြိမ် တွေ့တာတောင် ဒီဟန်ကွ မ်းက ကောင်းတဲ့ အထင်အမြင်ကို ပေးခဲ့သည်။

ဟန်ကွမ်းကရော...။

သူက လျူယောင်ကို လေးစားတဲ့ အကြည့်နဲ့ ကြည့် နေပြီး စိတ်ထဲကနေ ရေရွတ်လိုက်၏။

"အကိုယောင်က အရမ်းမိုက်တယ်.. ချန်းဟူလို ပါရ မီရှင်တစ်ယောက်က ...အကိုယောင်ရဲ့ ယာဉ်မောင်း ဖြစ်နေတာပဲ..."

လေးစားတဲ့ အကြည့်နဲ့ ကြည့်ပြီးနောက် ဟန်ကွမ်းက လျူယောင်ကို တက်ကြွစွာ မီနူး ကမ်းပေးလိုက် သ ည်။ "အကိုယောင်..ဘာစားချင်လဲ..."

"မင်းတို့ စိတ်ကြိုက်ပဲ... မှာလိုက်ပါ..."

ဟန်ကွမ်း ခေါင်းညိတ်လိုက်ပြီး ဟင်းအမယ်တွေ အ များကြီးကို ရက်ရောစွာ မှာလိုက်သည်။ဥပမာ- ၃၈၀ ၀ တန် သဘာဝနှခေါင်းပါးတဲ့ Abalone လေးခု၊ရှစ် ဆယ့်နှစ်တန် ဂဏန်းကြီးလေးကောင်...

မကြာခင်မှာပဲ မှာထားတာတွေ တစ်ခုပြီးတစ်ခု ရော က်လာ၏။ဒီ ဟင်းပွဲတွေက အရမ်းများပြီး ကြီးကျ ယ်ခမ်းနားလှသည်။ ဒီလို ညစာစားပွဲက အနည်းဆုံး ယွမ် သုံးသောင်းကနေ လေးသောင်းအထိ ကုန်ကျ နိုင်ပေသည်။

သာမန်လူတွေက ဒါကို တွေးတောင် မတွေးရဲလော က်ပေ။ဒါပေမဲ့ ဟန်ကွမ်းကတော့ ဘာမှမဟုတ်တဲ့ပုံ ရပြီး အရမ်း ရဲရဲဝံ့ဝံ့ ရှိနေသည်။

လျူယောင်က သူ့ကို ကောင်းတဲ့ အထင်အမြင်ရှိတ ာကြောင့် မေးလိုက်သည်။

"ဟန်ကွမ်း...မင်း အခု ဘာအလုပ် လုပ်နေလဲ.."

"အာ..အကိုယောင်..ခွင့်လွှတ်ပါ.. ကျွန်တော် ကိုယ့် ကိုယ်ကိုယ် အရင်ကတည်းက မိတ်ဆက်သင့်တာ.."

"ကျွန်တော့်အဖေက ထိုင်ရှန်း သတ္တုစပ်ဓားအုပ်စုရဲ့ သူဋေးပါ.. ကျွန်တော်ကတော့ အဖေရဲ့ လုပ်ငန်းကို ဆက်ခံတာပဲရှိတာပါ.. ကျွန်တော်က လက်ရှိ ဟွာဟို င်းမြို့မှာ ရှိတဲ့ ထိုင်ရှန်း သတ္တုစပ်ဓားအုပ်စုရဲ့ တာဝ န်ခံ ဖြစ်နေပါပြီ..."

ဟန်ကွမ်းက သူ့ရဲ့ ကိုယ်ပိုင်အထောက်အထားနဲ့ အ ခြေအနေကို မိတ်ဆက်ပေးလိုက်၏။

လျူယောင် ခေါင်းညိတ်ပြလိုက်သည်။ ထိုင်ရှန်း သ တ္တုစပ်ဓားအုပ်စုကို သူ သိပါသည်။အဲ့ဒါက ယန်နိုင် ငံမှာ အကြီးဆုံး ဓားကုမ္ပဏီဖြစ်ပြီး ဓားလုပ်ငန်းမှာ န ာမည်ကြီးလှသည်။

အားလုံးက လူငယ်တွေဆိုတော့ အရမ်းစကား ပြော ကောင်းပြီး ပျော်ရွှင်စွာ စကားပြောဖြစ်ခဲ့ကြသည်။ ညစာစားပြီးနောက် တင်းဝိန်ရဲ့ အကြံပေးမှုအရ လေးယောက်သား ကာရာအိုကေ အတူသွားဆိုကြ ပြီး ည ၁၂ နာရီမှ ပြန်လာခဲ့ကြသည်။

နောက်နေ့မှာတော့...

လျူယောင် မနက်စောစော နိုးလာပြီးနောက် ပြီးခဲ့ တဲ့ညက ဖြစ်ခဲ့တာတွေကို တွေးလိုက်မိတာကြောင့် ပျော်ရွှင်စွာ ပြုံးမိကာ တတိယအမြင်ကို ဖွင့်ကြည့် လိုက်သည်။

"အင်း ပစ္စည်းတွေကို ပင်လယ်ကမ်းစပ်နားက ဂိုဒေ ါင်ထဲ လိပ်ကြီး ပို့ပြီးပြီထင်တယ်..."

All Chapters