← Chapters

အရမ်းမာတဲ့ သတ္တုချောင်း

Vol. 33 Ch. 427

အရမ်းမာတဲ့ သတ္တုချောင်း

Vol. 33 Ch. 427

လိပ်ကြီးက အသက်တစ်ချက်ရှိုက်ရုံနဲ့ ရေမိုင် ၃,၀၀၀ ကျော် ကူးခတ်လာ၏။ရပ်တာလည်း မရှိ စားတာလ ည်း မရှိပဲ ပြီးခဲ့တဲ့ည သန်းခေါင်ယံမှာ ပင်လယ်ကမ်း စပ်နားမှ ဂိုဒေါင်ကို သူ ရောက်လာခဲ့သည်။

သယ်လာတဲ့ အမည်းရောင်သတ္တုကို ဂိုဒေါင်ထဲမှာ ထားပြီးနောက် သူ ပြန်ထွက်သွားခဲ့ပြီး ရေမိုင် ရာဂ ဏန်းသို့ ကူးခတ်လာသည်။ မိုးလင်းလာတော့ သူ ဗိုက်ဖြည့်ဖို့ တစ်ကောင်ကောင်ကို ဖမ်းကာ စားတေ ာ့သည်။

လျူယောင်က လိပ်ကြီးကို ဆက်သွယ်တော့ သူက အလေးချိန်ပေါင် တစ်ထောင်ကျော်ရှိတဲ့ ငါးကြီးတ စ်ကောင်ကို ဖမ်းမိကာ ဆာလောင်စွာ စားနေခဲ့သည်။

လျူယောင်ရဲ့အသံ စိတ်ထဲမှာ ထွက်ပေါ်လာတော့ လိပ်ကြီးက ချက်ချင်း ပြန်ဖြေလိုက်သည်။

"သခင်...သခင်လိုချင်တဲ့ ပစ္စည်းတွေကို ပင်လယ် ကမ်းစပ်နားက ဂိုဒေါင်ထဲ ထားပေးပြီးပြီနော်..."

“အင်း..ငါ့ကောင်​ကြီး...မင်း...ပင်ပန်းသွားပြီ ”

"ပင်ပန်းတာတော့ မဟုတ်ပါဘူး အဓိကကတော့ ကျွ န်တော် ဆာနေလို့ပါ..."

လိပ်ကြီးက ပြန်ဖြေရင်း သူ ပါးစပ်ထဲမှ ငါးကြီးကို အားရပါးရ စားနေသည်။

ပုံမှန်အချိန်တွေမှာဆို လိပ်ကြီးက ဒီလို ငါးကြီးတွေ ကို အထင်သေးပြီး ပင်လယ်ချောက်နက်ထဲက ဧရာ မ ရေဘဝဲတွေကို သူ ပိုကြိုက်သည်လေ။

အခုကတော့ မတူတော့ပေ။

ဆယ်နာရီကျော်ထိ သူ ဘာမှ မစားရသေးပေ။ဆာ နေတာကြောင့် ပုံမှန် မကြိုက်တဲ့ အစားအစာမျိုး က ပင် အရမ်း အရသာရှိလှသည်။

လိပ်ကြီးက ငါးကြီး အနည်းငယ်ကို စားခဲ့ပြီး အကြီး ဆုံးကောင်က ပေါင်တစ်ထောင်ကျော်ရှိပြီး အသေး ဆုံးက ပေါင် ရာဂဏန်းလောက်ရှိသည်။ဒါပေမဲ့ လိပ် ကြီး ပို ဆာနေတယ်လို့တောင် ခံစားရသည်။

သူက ဝေလငါးကြီးတစ်ကောင်ကို တစ်ကိုက်တည်း နဲ့ မြိုချပစ်နိုင်မယ်လို့ ခံစားနေရသည်။

“ဟေး...ဟိုမှာ...တကယ်ပဲ ဝေလငါးတွေ ရှိတယ်... ဒီကောင်တွေက ကြီးမားတဲ့ ဝေလငါးပြာ အုပ်စု ကြီး ပဲ..ဟ”

လိပ်ကြီးက အရမ်းပျော်ရွှင်သွား၏။

"ငါ ဆာနေတာကို ..အစာက အိမ်ရှေ့အထိ ရောက် လာတယ်. ဘယ်လောက်တောင် မိုက်လိုက်သလဲ.. " ဒီဝေလငါးပြာကို ကောင်းတဲ့ အစားအစာအဖြစ် လိပ် ကြီး သတ်မှတ်လိုက်သည်။

သူ အမြန် ကူးခတ်သွားကာ အရှိန်က အရမ်းမြန် နေ သည်။ တခြားနည်းလမ်း မရှိပေ။သူ အရမ်း စိတ်လှု ပ်ရှားနေလို့ပါပဲ..။

ဝေလငါးပြာတွေက အစပိုင်းမှာ လိပ်ကြီးကို မတွေ့ သေးပေ။ အခုလို ဖိတ်ကြားမခံရတဲ့ ဧည့်သည်ကြီး ကို တွေ့တော့ အချိန်က အရမ်းနောက်ကျသွား ပေသ ည်။

လိပ်ကြီးက အမြန် ပြေးဝင်သွားပြီး အကြီးဆုံးဝေလ ငါးပြာကို တစ်ကိုက်တည်း ကိုက်လိုက်၏။ကျန်တဲ့ ဝေလငါးပြာတွေကတော့ ငှက်တွေ၊ တိရစ္ဆာန်တွေလို ပဲ အရူးအမူး ထွက်ပြေးသွားကြသည်။

ကံကောင်းစွာနဲ့ သူတို့နောက်ကို လိုက်ဖို့ လိပ်ကြီး ရ ည်ရွယ်ချက် မရှိပေ။ဒီ ဝေလငါးပြာကြီးက သူ့အတွ က် ဗိုက်ဝတာကြောင့် ဝေလငါးပြကြီးကိုပဲ အရင် စာ းပစ်တော့မည်။

လိပ်ကြီးက အစာကို ပျော်ရွှင်စွာ စားနေချိန်မှာ လျူ ယောင်ကတော့ ပင်လယ်ကမ်းစပ် ဂိုဒေါင်ကို ဦးတ ည်သွားနေသည်။

မနက်စာ မစားခင် Universal စက်ရုံက ရှင်းဖေးဝမ် ဆီကို မက်ဆေ့စ် ပို့ဖို့လည်း သူ မမေ့ခဲ့ပေ။လျူယော င်က ပင်လယ်ကမ်းစပ်နားမှ ဂိုဒေါင်ကို ထရပ်ကား ကြီးတစ်စီး လွှတ်ခိုင်းလိုက်သည်။

ဒီအမည်းရောင် သတ္တုချောင်းကို Universal စက်ရုံ ကို ပို့ပြီးမှ အရင် သုတေသနအချို့ လုပ်ရမည်။

စကားမစပ် အရင်က ရှင်းဖိန် သံရည်ကျိုစက်ရုံကို Universal အထူးသတ္တုစက်ရုံအဖြစ် ပြန်လည်ဖွဲ့စ ည်းထားပြီး အဲ့ဒါက Universal Group ၏ ကုမ္ပဏီ ခွဲတွေထဲမှ တစ်ခုဖြစ်လာခဲ့သည်။

"သူဋေး..."

ချန်းဟူ ရောက်လာ၏။လျူယောင်ကို အလုပ်သွားဖို့ လာခေါ်တာက သူ့အတွက် မဖြစ်မနေ လုပ်ရမယ့် အ လုပ်ပဲ ဖြစ်သည်။

လျူယောင် လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“အခု စက်ရုံကို မသွားသေးဘဲ ပင်လယ်ကမ်းစပ်နား က ဂိုဒေါင်ကို အရင်သွားရအောင် ”

ကားနှစ်စီးက တစ်စီးပြီးတစ်စီး ထွက်ခွာလာ​ကာ ပင် လယ်ကမ်းစပ် ဂိုဒေါင်သို့ ဦးတည်ခဲ့ကြသည်။မိနစ် သုံးဆယ်၊ လေးဆယ်ကြာပြီးနောက် ကားနှစ်စီးက ဂိုဒေါင်ထဲသို့ မောင်းဝင်လာသည်။

လျူယောင်က ဒီဂိုဒေါင်ကို ပြန်လည်ပြင်ဆင်ထားပြီ း ဂိုဒေါင်နဲ့ ပင်လယ်ကို ဆက်သွယ်ထားတဲ့ ရေလမ်း ကြောင်းကို ချဲ့ထားသည်။

ဒီရေလမ်းကြောင်းက ပိုကြီး၊ ပိုနက်၊ ပိုကျယ်လာတာ ကြောင့် လိပ်ကြီးက အလွယ်တကူ ဂိုဒေါင်ထဲ ဝင်နိုင် ပေသည်။

လျူယောင် ကားပေါ်မှ ဆင်းပြီးနောက် ဂိုဒေါင်ရဲ့ အ လယ်မှာ ရှိနေတဲ့ အမည်းရောင် သတ္တုကို အရင်ဆုံး မြင်လိုက်ရသည်။

အရင်က လျူယောင် အမည်းရောင် သတ္တုကို တတိ ယအမြင်ကနေပဲ မြင်ခဲ့တာဖြစ်ပြီး အခုလို အနီးကပ် မြင်ရတော့ ခံစားမှုက လုံးဝ မတူခဲ့ပေ။

စိတ်ထဲမှာ နည်းနည်း စိတ်လှုပ်ရှားနေလို့ လျူယောင် သတ္တုချောင်းဆီ အလျင်အမြန် လျှောက်သွားကာ သေချာ ကြည့်လိုက်သည်။

ဒီဟာက မည်းနက်ပြီး တောက်ပြောင်နေသည်။မျက် နှာပြင်ကလည်း အရမ်းပြောင်ချောပြီး သတ္တု အလ င်းရောင် ရှိနေ၏။

လျူယောင် သေချာကြည့်ပြီး သူ့စိတ်ထဲမှာ အလွန် သိချင်နေသည်။

"ဒါ ဘယ်လို သတ္တုမျိုးလဲ..သူ့ရဲ့ ဂုဏ်သတ္တိတွေက ရော ဘာတွေလဲ..."

လောလောဆယ် သူ့ရဲ့ သိပ်သည်းဆက ၁၂ ကို ရော က်နိုင်တယ်လို့ပဲ လျူယောင် သိထား၏။ဒါက သာ မန် သံမဏိ သတ္တုစပ် သိပ်သည်းဆထက် အနည်း ဆုံး ၁.၅ ဆ ပိုများနေသည်။

မြင့်မားတဲ့ သိပ်သည်းဆအပြင် တခြား ဘယ်လို သွ င်ပြင်လက္ခဏာတွေ ရှိလဲဆိုတာကိုတော့ လျူယောင် မသိသေးပေ။ ဒီဟာကို Universal အထူးသတ္တု စက် ရုံကို ပို့ပြီး စမ်းသပ်မှုတွေ လုပ်ဖို့ လိုအပ်ပေသည်။

Universal အထူးသတ္တုစက်ရုံ တွင်အထူးဓာတ်ခွဲခန် း၊ပညာရှင်တွေနဲ့ အထောက်အကူပြု စက်ပစ္စည်း တွေ ရှိတာကြောင့် ဒီအမည်းရောင်သတ္တုကို ပြည့်ပြ ည့်စုံစုံ စမ်းသပ်တာက ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

ခဏကြာတော့ တံခါးအပြင်ဘက်မှာ လှုပ်ရှားမှုတွေ ရှိလာသည်။

ထရပ်ကားကြီးတစ်စီး မောင်းဝင်လာပြီး ကား ရပ် တာနဲ့ ရှင်းဖေးဝမ် ကားပေါ်ကနေ ခုန်ဆင်းလာသည်။

" မထင်မှတ်ထားပဲ ဒီလူ ကိုယ်တိုင် ရောက်လာတာ ပဲ.."

"သူဋေး..ကျွန်တော်တို့ ရောက်နေပြီ...ဘာတွေလုပ်ဖို့ လို အပ်လဲ..."

လျူယောင်က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

“ဒီသတ္တုချောင်း ငါတို့ဆီမှာ မရှိတာ တွေ့လို့ ပြန်ပို့ လိုက်တာ...ပြီးတော့ စမ်းသပ်ဖို့ နမူနာယူပြီး စမ်းသ ပ်မှုနဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ အစီရင်ခံစာကို လိုချင်တယ်”

"ဟုတ်ကဲ့ပါ သူဋေး.."

ရှင်ဖေးဝမ် က သူ့လူတွေကို အလုပ်လုပ်ဖို့ ညွှန်ကြား လိုက်၏။ဂိုဒေါင်ထဲမှာ တန် ၅၀ ရှိတဲ့ ကရိန်းတစ်စီး ရှိလို့ သတ္တုချောင်းကို ထရပ်ကားပေါ်တင်ဖို့ အဆင် ပြေခဲ့သည်။ မကြာခင်မှာပဲ သတ္တုချောင်းကို ထရပ် ကားပေါ် တင်လို့ ပြီးသွားသည်။

ထရပ်ကားမှာ ဂိုဒေါင်ကနေ ထွက်ခွာသွားပြီး တဖြ ည်းဖြည်း ဝေးသွားတော့သည်။

လျူယောင် လက်ဝှေ့ယမ်းပြီ ပြောလိုက်သည်။

“လာ...ကားပေါ်တက်ပြီး Universal တာဝါကို သွား မယ်”

......

Universal အထူးသတ္တုစက်ရုံ....

ရှင်းဖေးဝမ်က သတ္တုချောင်းကို ပြန်သယ်လာပြီး အ လုပ်ရုံရဲ့ မြေလွတ်မှာ ထားလိုက်တော့ လူများစွာ ဝိုင် းကြည့် နေကြသည်။

"ဒါ ဘယ်လို သတ္တုမျိုးလဲ.. မည်းနက်ပြီး တောက် ပြောင်နေတာ....အရမ်းလှတာပဲ..."

"ဒီသတ္တုချောင်းက... သာမန်မဟုတ်ဘူးလို့ ကျွန်တေ ာ် ထင်တယ်....ဒါ... သတ္တုစပ်တစ်မျိုးများလား..."

အလုပ်သမားတွေတော်တော်များများက သိချင်စိတ် နဲ့ ကြည့်ကာ ဆွေးနွေးနေကြသည်။

ရှင်ဖေးဝမ်က လူအုပ်စုတစ်စုနဲ့အတူ ရောက်လာ၏။ အလယ်အလတ်နဲ့ အဆင့်မြင့် မန်နေဂျာ အနည်းငယ် ကလွဲလို့ ကျန်တဲ့သူတွေ အားလုံးက သတ္တုဆိုင်ရာ ပ ညာရှင်တွေ ဒါမှမဟုတ် နည်းပညာ ကျွမ်းကျင်သူ တွေ ဖြစ်ကြသည်။

"အားလုံးပဲ... ဒါက သတ္တုချောင်းအသစ်ပဲ ...သူဋေး က ကျွန်တော်တို့ကို စမ်းသပ်ဖို့ နမူနာလုပ်ခိုင်း ထား တာ... ဒီသတ္တုရဲ့ စမ်းသပ် အစီရင်ခံစာကို သူ လိုချင် တယ်...."

ဒီအလုပ်က ရိုးရှင်းပြီး တိုက်ရိုက်ဆန်လှသည်။

ဒီပညာရှင်တွေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေအတွ က်ကတော့ နမူနာယူတာနဲ့ ခွဲခြမ်းစိတ်ဖြာတာလိုမျိုး ကိစ္စတွေက ရင်းနှီးပြီးသားပဲ ဖြစ်၏။

သူတို့ ချက်ချင်းပဲ အလုပ် စလုပ်လိုက်ကြသည်။ ကိ ရိယာတွေနဲ့ သတ္တု နမူနာယူဖို့အတွက် ဖြတ်တောက် ဖို့ အဆင်သင့် ဖြစ်နေသည်။

ထိုအချိန် အံ့အားသင့်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ် လာသည်။

အရင်က သတ္တုတွေကို ဖြတ်တောက်ရင် မီးပွားတွေ ထွက်လာသည်။ ဒါပေမဲ့ အခု ဘာမှ မထွက်လာပေ။ ဒီသတ္တုချောင်းရဲ့ မျက်နှာပြင်မှာ အမှတ်အသား လုံး ဝနီးပါး မကျန်ခဲ့ပေမဲ့ ဖြတ်စက်ရဲ့ ဓားသွားကတော့ အတော်လေး ပွန်းပဲ့သွားသည်။

" ဘာ..."

စမ်းသပ်တဲ့ လူတွေ အားလုံးနီးပါး ပါးစပ်အာစေးမိ သွားကြပြီး ဘယ်သူမှ ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ထ ားခဲ့ကြပေ။

နည်းပညာရှင်တစ်ဦးက အံအားသင့်စွာ ပြောလိုက် သည်။

" ဘုရားရေ.."

"မယုံနိုင်စရာပဲ...မီးခိုးရောင် သတ္တုတောင် ဒီလိုမဟု တ်ဘူး...."

အဖွဲ့ကို ဦးဆောင်တဲ့ အဆင့်မြင့် နည်းပညာ ကျွမ်း ကျင်သူကလည်း ခေါင်းညိတ်ကာ ဝင်ပြောလိုက်၏။

"ဒါ သေချာတယ်...သူ့ရဲ့ မာကျောမှုက အရမ်းမြင့် တယ်...ကျွန်တော်တို့ မြင်ဖူးတဲ့ ဘယ်သတ္တုပစ္စည်း ထက်မဆို ပိုမြင့်မယ်လို့ ခန့်မှန်းရတယ်..."

ဒီလို ကြောက်စရာကောင်းတဲ့ မာကျောမှု ရှိတာက လူအများကြီးကို စကားမပြောနိုင် ဖြစ်သွားကြသ ည်။

သာမန်ဖြတ်တောက်တဲ့ ကိရိယာတွေ ဒါမှမဟုတ် စ က်ပစ္စည်းတွေက သေချာပေါက် အလုပ်မလုပ်နိုင် တော့ပေ။သူ့ရဲ့ မာကျောမှုက အရမ်းမြင့်နေလို့ပါပဲ။

နည်းပညာရှင်နဲ့ နည်းပညာကျွမ်းကျင်သူ အများအ ပြား စုဝေးပြီး ဒီ သတ္တုချောင်းကို စကားမပြောနိုင် ဘဲ စိုက်ကြည့်နေကြသည်။သူတို့ ဖြတ်တောက်ရာ တွင် ဒီ သတ္တုပေါ်မှာ ဘာအမှတ်အသားမှ မကျန်ခဲ့ တာကို သူတို့ တွေ့လိုက်ရသည်။

သူတို့ တစ်ယောက်ပြီးတစ်ယောက် မျက်မှောင်ကြု တ်လိုက်ကြ၏။နမူနာယူဖို့အတွက် သတ္တုစတစ်စကို ဖြတ်ဖို့က လွယ်ကူတဲ့ အလုပ်မဟုတ်လောက်ပေ။

"ငါတို့ ဘယ်လို လုပ်ရမလဲ..."

" ဒီလောက်တောင် မာတာလား.. "

All Chapters