အံ့မခန်း သတ္တု
Vol. 33 Ch. 428
ဟန်ကွမ်းက ရုံးခန်းထဲမှာ ထိုင်ပြီး သက်ပြင်းချလို က်သည်။
သူ့ရဲ့ ခမ်းနားတဲ့ ပုံစံကို မကြည့်ပါနဲ့။တကယ်တော့ ဟွာဟိုင်းမြို့မှာ ရှိတဲ့ ထိုင်ရှန်း သတ္တုစပ်ဓားအုပ်စုရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ ဖိအား အများကြီးကို သူ ခံစားနေရသည်။
လူတိုင်းရဲ့ အမြင်တွင် ပြည်တွင်းမှ ဓားတွေက ပြည် ပသွင်းကုန်ဓားတွေထက် နည်းနည်း ပိုဆိုးတယ်လို့ တွေးထင်နေကြသည်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပြည်ပမှ သွင်း ကုန်ဓားတွေက ပြင်းထန်ပြီး ယန်နိုင်ငံ သတ္တုစပ်ဓား ဈေးကွက်ကို အများအပြား သိမ်းပိုက်ခဲ့ကြသည်။ အကူအညီမဲ့စွာနဲ့ ပြည်တွင်းဓားတွေက အလယ် အ လတ်နဲ့ အဆင့်နိမ့် ဈေးကွက်တွေမှာသာ ယွမ် တစ် သောင်းနဲ့ ကစားနိုင်ပြီး အဆင့်မြင့် ဈေးကွက်ထဲကို လုံးဝ ဝင်လို့မရတော့ပေ။
သတ္တုစပ်ဓားလုပ်ငန်းမှာ ပါဝင်တဲ့ လုပ်ငန်းတစ်ခုအ နေနဲ့ ထိုင်ရှန်း သတ္တုစပ်ဖြတ်တောက်ရေး ကိရိယာ များက ပြည်တွင်း အဆင့်မြင့် ဖြတ်တောက်ရေး ကိ ရိယာ ဈေးကွက်တွင် ဆင်းရဲတဲ့ ဝေစုတစ်ခုကိုသာ နောက်ဆုံးမှာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
"ဪ..ခက်ခဲလိုက်တာ..."
ဟန်ကွမ်း ညင်သာစွာ သက်ပြင်းချလိုက်၏။သူ အ ခုမှ စက်ပိုင်းဆိုင်ရာ ဗီဒီယိုတစ်ခုကို ကြည့်ထားခဲ့သ ည်။ဒီဗီဒီယိုတွင် ပြည်ပသွင်းကုန်ဖြစ်တဲ့ ဖြတ်တော က်ရေးကိရိယာတွေ သုံးထားပြီး အဲဒီ CNC စက်က လှပတဲ့ အပိုင်းအစတွေကို တစ်ခုပြီးတစ်ခု ဖြတ်တေ ာက်နေတာပဲ ဖြစ်သည်။
ဗီဒီယိုအောက်မှာ မှတ်ချက်တွေ အများကြီး ရှိနေ၏ ။
"ဒါက ပြည်ပသွင်းကုန် သတ္တုစပ် ဖြတ်တောက်ရေး ကိရိယာပဲ သံသယရှိစရာ မလိုပါဘူး..."
"အရမ်းမိုက်တယ်...အရမ်းမိုက်တယ်..ကျွန်တော်တို့ ပြည်တွင်း သတ္တုစပ် ဖြတ်တောက်ရေးကိရိယာတွေ ဒီအဆင့်ရောက်လာရင် အရမ်းကောင်းလိမ့်မယ်ဗျာ”
"တကယ်တော့ ကျွန်တော်တို့ ယန်နိုင်ငံမှာလည်း တော်တော်လေး ကောင်းတဲ့ သတ္တုစပ်ဓားတွေ ရှိပါ တယ်..ဈေးကတော့ အရမ်းပေါတယ်.."
"ထွက်သွား..ပြည်တွင်းထုတ်ကုန်တွေက ပြည်ပ သွင်းကုန်တွေနဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ.."
ဒီဗီဒီယိုနဲ့ အောက်က မှတ်ချက်တွေကို ကြည့်ပြီး နေ ာက် ဟန်ကွမ်း စိတ်ထဲမှာ ခါးသီးစွာ ခံစားနေရသ ည်။
သူ ခါးခါးသီးသီးနဲ့ အကူအညီမဲ့စွာ ပြုံးရုံကလွဲလို့ တ ခြား ဘာမှ မလုပ်နိုင်ခဲ့ပေ။
သူ့ကို ပိုပြီး ဖိအားပေးတာကတော့ ၁၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတ္တုစပ်ဓားများ ပြပွဲကို ဟွာ ဟိုင်းမြို့မှာ ကျင်းပတော့မည်။နိုင်ငံတကာကမှ ဓား ထုတ်လုပ်တဲ့ ကုမ္ပဏီများစွာက ဒီ ပြပွဲမှာ ပါဝင်ကြ လိမ့်မည်။ဒါကြောင့် သူ့စိတ်ထဲမှာ ဒီ ပြပွဲအတွက် ယုံ ကြည်မှု သိပ်မရှိပေ။
"ပစ္စည်းပဲ.."
"အရာရာတိုင်းက ပစ္စည်းကြောင့်ပဲကွာ.."
ဟန်ကွမ်းက မကျေမနပ် တွေးလိုက်၏။သူတို့ ထုတ် လုပ်တဲ့ ဓားတွေရဲ့ ဒီဇိုင်းက နိုင်ငံခြားက ဓားတွေထ က် မနိမ့်ကျဘူးလို့ သူ ယုံကြည်သည်။ထုတ်လုပ်မှု လုပ်ငန်းစဉ်ကလည်း မနိမ့်ကျပေ။
နောက်ဆုံး ခွဲခြမ်းစိတ်ဖြာကြည့်ရင် ဒါက ပစ္စည်း ကြောင့်ပဲ ဖြစ်၏။ဓားတွေ ထုတ်လုပ်ဖို့ သုံးတဲ့ သတ္တု စပ်ပစ္စည်းတွေက နိုင်ငံခြားက ပစ္စည်းတွေနဲ့ လုံးဝ နှိုင်းယှဉ်လို့မရတာကြောင့်ပဲ ဖြစ်သည်။
ဖိအားတွေ အများကြီး ခံစားနေရတဲ့ ဟန်ကွမ်းက စီး ကရက်တစ်လိပ်ကို ထုတ်ပြီး ဖြည်းဖြည်းချင်း သော က်နေသည်။ သူရဲ့ မျက်မှောင်တွေက ပိုပြီး ကျုံ့နေ သည်။
....
Universal အထူးသတ္တုစက်ရုံမှာတော့..
အလုပ်ရုံနေရာမှာ အလုပ်ရှုပ်နေကြပြီး လူများစွာက ခေါင်းတွေ ခါယမ်းနေကြ၏။သူတို့က ဒီအမည်းရေ ာင်သတ္တုချောင်းကို ဖြတ်ဖို့ နည်းလမ်းပေါင်းစုံ ကြို းစားကြည့်ခဲ့ကြသည်။ဒါပေမဲ့ နည်းအားလုံးက မ အောင်မြင်ခဲ့ပေ။
အချိန်အတော်ကြာ ကြိုးစားပြီးနောက် သတ္တုချောင် းပေါ်တွင် အမှတ်အသားတစ်ခုပဲ ဖြစ်သွားပြီး အပို င်းတစ်ပိုင်းကို ဖြတ်ဖို့ကတော့ အများကြီး ဝေးနေ သေးသည်။
"ဘယ်လိုလုပ်ရမလဲ.."
တစ်စုံတစ်ယောက်က ပြောလိုက်၏။
"ကဲ ငါတို့ လေဆာနဲ့ ဖြတ်ကြည့်ရအောင်.."
နည်းပညာရှင်တစ်ဦးက ခေါင်းခါယမ်းပြီး ပြောလို က်၏။
"လေဆာနဲ့ ဖြတ်တာလည်း အသုံး မဝင်ဘူး..ဒါက အချင်း ၅၀၀ ရှိတဲ့ သတ္တုချောင်းပဲ ..လေဆာနဲ့ ဖြတ် ဖို့ဆိုတာ မဖြစ်နိုင်ဘူး.."
"လျှပ်စစ်နဲ့ ဖြတ်တာရော လျှပ်စစ်နဲ့ ဖြတ်တာကို စမ် းကြည့်ရအောင်.."
သူတို့ နှစ်ရက်အပြည့် ကြိုးစားခဲ့ကြပြီး အား အကုန် သုံးခဲ့ကြသည်။နောက်ဆုံးတော့ သတ္တုရဲ့ အပိုင်းတ စ်စကို ရလာသည်။
ဒီလို အပိုင်းတစ်စကို ရပြီးနောက် သူတို့က ဒီသတ္တု အပိုင်းအစကို နမူနာအဖြစ် သုံးပြီး စမ်းသပ်မှုတွေ အများအပြား လုပ်ခဲ့ကြသည်။
သိပ်သည်းဆ စမ်းသပ်မှု လုပ်ခဲ့ပြီးနောက် ဒီသတ္တုရဲ့ သိပ်သည်းဆက ၁၂.၅ အထိ ရှိတယ်လို့ သိခဲ့ကြ၏။ သာမန် သတ္တုစပ်သံမဏိ သိပ်သည်းဆကတော့ ၈ လောက်ပဲရှိသည်။
သူ့ရဲ့ အံ့မခန်း သိပ်သည်းဆအပြင် သူ့ရဲ့ မာကျော မှုက ပိုပြီး ကြောက်စရာကောင်းလှသည်။စိန်က သ ဘာဝမှာ အမာကျောဆုံးအရာဖြစ်ပြီး Mohs စကေး မှာ မာကျောမှု ၁၀ ရှိတယ်လို့ ကျွန်တော်တို့ သိထား ကြသည်။ဒီအမည်းရောင် သတ္တုရဲ့ မာကျောမှု က တော့ စိန်ထက် အများကြီး ပိုများနေသည်။
ဒီလောက် မာကျောမှုမြင့်ရင် ယုတ္တိရှိရှိဆို အရမ်းကြွ ပ်ဆတ်ရပေမည်။မာပြီး ကြွပ်ဆတ်တာ ဖြစ်နိုင်လော က်၏။ ဒါပေမဲ့ သူကတော့ အဲ့လို မဟုတ်ပေ။
သူ့ အစွမ်းသတ္တိက မြင့်မားပြီး သာမန် သတ္တုစပ်တွေ ထက် အများကြီး ပိုမြင့်နေသည်။
မာကျောမှု့က အရမ်းမြင့်တယ်၊ အစွမ်းသတ္တိလည်း အရမ်းမြင့်တယ်၊ ဒါက မယုံနိုင်စရာပါပဲ။လျူယောင် မျှော်လင့်ထားတဲ့အတိုင်း ဂြိုလ်သားတွေ လုပ်ထား တဲ့ ပစ္စည်းပဲ ဖြစ်လောက်မည်။
ဒါ့အပြင် သူမှာ သွင်ပြင်လက္ခဏာတွေ အများကြီး ရှိသေး၏။ဥပမာ- သံချေးတက်တာကို ခံနိုင်ရည် ရှိ ခြင်းနဲ့ ဓာတ်တိုးခြင်းကို ခံနိုင်ရည်ရှိခြင်းတို့က အရ မ်းမြင့်နေသည်။
ပင်လယ်ရေအောက်တွင် နှစ်ပေါင်း ၅၀,၀၀၀ ကြာ ထားပြီးနောက် အခုထိ အသစ်လို တောက်ပနေတာ အံ့သြစရာ မဟုတ်တော့ပေ။မျက်နှာပြင်ကလည်း မည်းနက်ပြီး တောက်ပြောင်နေကာ ဓာတ်တိုးခြင်း လုံးဝ မရှိပေ။
အရည်ပျော်မှတ်လည်း အတော်လေး မြင့်သည်။မီး ခိုးနက်ရောင် သတ္တုလို အပူချိန် ဒီဂရီ ၃,၀၀၀ မမြင့် ပေမဲ့ သူ့ရဲ့ အရည်ပျော်မှတ်က ဒီဂရီ ၂,၄၀၀ ကျော် ရောက်နေပြီး သာမန်သံမဏိထက် အများကြီး ပိုမြင့် ပေသည်။
......
Universal တာဝါတွင်...
ရက်အနည်းငယ်အတွင်း လျူယောင်က ဂရက်ဖင်း - အလူမီနီယမ် ဘက်ထရီရဲ့ တိုးတက်မှုကို အာရုံစိုက် တာအပြင် ဒီအမည်းရောင် သတ္တုချောင်းအကြောင်း တွေးနေမိသည်။
"ရှင်းဖေးဝမ်နဲ့ သူတို့ရဲ့ သုတေသန တိုးတက်မှု အ ခြေအနေ ဘယ်လိုရှိလဲ မသိဘူး..."
ရှင်းဖေးဝမ်က သတင်းပို့ဖို့ မလာရင် လျူယောင် ဖု န်းဆက် မေးမြန်းဖို့ ခေါ်တော့မည်။
နောက်ဆုံးတော့ လျူယောင်ရဲ့ ရုံးခန်းထဲကို ရှင်းဖေး ဝမ် ဝင်လာပြီး သူ နည်းနည်း စိတ်လှုပ်ရှားနေတာကို တွေ့ရသည်။
လျူယောင်ရဲ့ ရုံးခန်းထဲကို ဝင်ဖို့ ရှားပါးတာကြောင့် လား ဒါမှမဟုတ် အချိန်အရမ်းကြာလို့ ဝေဖန်ခံရမှာ စိုးရိမ်လို့လားဆိုတာတော့ မသိပေ။
"သူဋေး "
လျူယောင်က လုံးဝ မကျေမနပ်ဖြစ်ပုံမရပဲ ပုံမှန် လေသံနဲ့ မေးလိုက်သည်။
"ရလဒ် ထွက်လာပြီလား...ကျွန်တော့်ကို ပြပါအုံး.."
ရှင်းဖေးဝမ်က အစီရင်ခံစာကို လျူယောင်ထံ အမြန် ပေးလိုက်သည်။
လျူယောင်က အစီရင်ခံစာကိုယူပြီး သေချာ ဖတ် ကြည့်လိုက်၏။သူ သေချာဖတ်ဖို့ မိနစ် ဆယ်မိနစ် ကျော်ကြာခဲ့သည်။
မူလက အေးဆေးတဲ့ လျူယောင် အမူအရာက နေ ာက်ဆုံးတော့ န ည်းနည်း ပြောင်းလဲသွားသည်။ သေချာကြည့်မယ်ဆိုရင် လျူယောင်ရဲ့ မျက်နှာပေါ် မှာ စိတ်လှုပ်ရှားမှု အနည်းငယ် ရှိနေတာကို တွေ့နိုင် ပေသည်။
အစီရင်ခံစာကို ပိတ်ပြီးနောက် လျူယောင် အံ့အား သင့်ကာ ပြောလိုက်သည်။"သူ့ရဲ့ မာကျောမှုနဲ့ အစွ မ်းသတ္တိ ဒီလောက်မြင့်လိမ့်မယ်လို့ ကျွန်တော် မထင် ထားဘူး.."
ဓာတ်တိုးခြင်းကို ခံနိုင်ရည်ရှိခြင်းနဲ့ သံချေးတက်တ ာကို ခံနိုင်ရည်ရှိခြင်းကလည်း အလွန်မြင့်မား နေ သည်။ဒါက လျူယောင် မျှော်လင့်ထားတာပဲ ဖြစ်၏ ။ဘာလို့လဲဆိုတော့ ဒီသတ္တုက ပင်လယ်အောက်ခြေ မှာ နှစ်ပေါင်း ၅၀,၀၀၀ နေပြီးနောက် အခုထိ အသစ် လို တောက်ပနေလို့ပဲ ဖြစ်သည်။
သံချေးတက်ခြင်းကို ခံနိုင်ရည်ရှိမှု နည်းနည်း ပိုဆိုး ရင် နှစ်ပေါင်း ၅၀,၀၀၀ အကြာမှာဆို သတ္တုအမှုန် တွေ ဖြစ်သွားနိုင်သည်။
သိပ်သည်းဆ ၁၂.၅ ရောက်တာကလည်း လျူ ယောင် မျှော်လင့်ထားတာပင်။အစပိုင်းမှာ လိပ်ကြီး က ဒီသတ္တုချောင်းရဲ့ အလေးချိန် အနည်းဆုံး တန် ၂၀ ရှိတယ်လို့ ပြောခဲ့သည်။
လျူယောင် နောက်ဆုံးတော့ အစီရင်ခံစာကို ဖတ်ပြီ းသွားတာ မြင်တော့ ရှင်းဖေးဝမ် ရှင်းပြလိုက် သ ည်။
"သူဋေး သူ့ရဲ့ အလွန်မြင့်မားတဲ့ မာကျောမှု အစွမ်း သတ္တိနဲ့ သံချေးတက်ခြင်းကို ခံနိုင်ရည်ရှိမှုအပြင် ထူး ခြားတဲ့ သွင်ပြင်လက္ခဏာတစ်ခု ရှိပါသေးတယ်.အဲ့ ဒါက သူ့ရဲ့ အပူဒဏ်ခံနိုင်တဲ့ စွမ်းဆောင်ရည်ပါပဲ.."
" ဒီလောက်ကောင်းတဲ့ အပူဒဏ်ခံနိုင်တဲ့ သတ္တုမျိုး ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး..ပူအောင်ပြုလု ပ် ပြီးနောက် သူ့ရဲ့ မာကျောမှု့က သာမန်သံမဏိနဲ့ အ တူတူနီးပါး လျော့ကျသွားနိုင်တယ်..ဒီလို မာကျောမှု နဲ့ဆို စက်ပိုင်းဆိုင်ရာ ဖြတ်တောက်တာ လုပ်ဆောင် ဖို့ အရမ်း အဆင်ပြေပါတယ် ခဗျ.. သူ့ရဲ့ မာကျော မှုက Mohs မာကျောမှု ၁၅ ကျော်ကို ရောက်နေပြီး စိန်ထက် အများကြီး ပိုမာကျောပါတယ်.. ဒီလို မြင့် မားတဲ့ မာကျောမှု့နဲ့တောင် အစွမ်းသတ္တိက မလျော့ ကျသွားဘူး...သူ့မှာ အမာခံနိုင်တဲ့ အစွမ်းသတ္တိက လည်း အ လွန်မြင့်မားပါတယ်ခဗျ.."
ရှင်းဖေးဝမ် ပြောဆိုပုံက ချောမွေ့နေသည်။သူက ဒီ သတ္တုအတွက် ချီးကျူးစကားတွေ အပြည့် ပြောနေ သည်။သူက ချီးကျူးဖို့ လုံးဝ တွန့်ဆုတ် မနေပေ။
လျူယောင် သိချင်စိတ်နဲ့ မေးလိုက်၏။ "ဒီသတ္တု က ဒီလို သွင်ပြင်လက္ခဏာတွေ ရှိတယ်ဆိုတော့ ဘယ်လုပ်ငန်းနယ်ပယ်အတွက် အသင့်တော်ဆုံးလို့ ခင်ဗျား ထင်လဲ.."
"ဓားလုပ်ငန်းနယ်ပယ်အတွက်ပေါ့.." ရှင်းဖေးဝမ်က မစဉ်းစားဘဲ ချက်ချင်း ပြောလိုက်သည်။
"ဒါက ဓားလုပ်ငန်းမှာ အသင့်တော်ဆုံး၊အသင့်တော် ဆုံး၊အသင့်တော်ဆုံး သတ္တုပစ္စည်း ဖြစ်ပါတယ် ခဗျ .."
"ကျွန်တော် ၁၀၀% သေချာပါတယ်..သူဋေး.. ဒီဟာနဲ့ ထုတ်လုပ်ထားတဲ့ သတ္တုစပ်ဓားတွေက ကမ္ဘာပေါ်မှာ အထူးခြားဆုံး ဓားတွေ ဖြစ်လာမှာပါ.... လက်ရှိ ဈေး ကွက်မှာ 'ပြည်ပသွင်းကုန်ဓားတွေ' လို့ ခေါ်တဲ့ ဓား တွေကို လုံးဝ နှိမ်နင်းနိုင်ပါတယ်.."
သူက စိတ်လှုပ်ရှားနေပုံရ၏။
"အသင့်တော်ဆုံး" နဲ့ "၁၀၀%" နဲ့ "လုံးဝ" ဆိုတဲ့ စကာ းလုံးကို သုံးကြိမ်ဆက်တိုက်ကို ဆက်တိုက် ပြောခဲ့ သည်။
ရှင်းဖေးဝမ်ရဲ့ စကားတွေကို ကြားပြီးနောက် လျူ ယောင်က လူယောက်ကို အမြန် တွေးလိုက်မိသည်။
"ဟန်ကွမ်း..."