မျှော်လင့်ချက်…
Vol. 33 Ch. 429
"ဟုတ်တယ်...သူက ဟန်ကွမ်းပဲ.."
ယန်နိုင်ငံရဲ့ အကြီးဆုံး သတ္တုဓားအုပ်စုမှ မင်းသား တစ်ပါးပဲ ဖြစ်သည်။ ရှင်းဖေးဝမ်က ခုနကပဲ ဒီအ မည်းရောင် သတ္တုက သတ္တုစပ်ဓားများ ပြုလုပ်ရန် အတွက် အကောင်းဆုံး အသင့်တော်ဆုံး ပစ္စည်းဖြစ် တယ်လို့ ပြောခဲ့သည်။
လျူယောင် အမိန့်ပေးလိုက်၏။
"မင်းပြန်ရောက်ရင် ငါ့အတွက် အနက်ရောင်သတ္တု န ည်းနည်းယူလာပေး...၁၀ ကီလိုဂရမ်လောက် ဆိုရတ ယ် "
အခု နည်းပညာရှင်တွေက ဒီသတ္တု အကြောင်းကို ပိုနားလည်လာပြီး ရက်စက်သည့် ဖြတ်တောက်မှု န ည်းလမ်းကို မသုံးတော့ဘဲ တိုက်ရိုက် အရည်ပျော် ပြီးမှ ထုတ်ယူလိုက်သည်။ဒီသတ္တုစပ်၏ အရည်ပျေ ာ်မှတ်က ၂၀၀၀ ဒီဂရီကျော် ရှိနေတာကြောင့် အရ ည်ပျော်ဖို့တော့ မခက်ပေ။
ခဏကြာတော့ ရှင်းဖေးဝမ် ပြန်သွားသည်။
လျူယောင်က အစီရင်ခံစာကို ကောက်ယူပြီး ပြန် ဖတ်လိုက်သည်။ ပြီးနောက် သူ့ဖုန်းကိုယူပြီး WeCh at ကနေ မက်ဆေ့စ် တစ်စောင် ပို့လိုက်သည်။
ရုံးခန်းထဲတွင် ဟန်ကွမ်းက မျက်မှောင်ကြုတ်နေသ ည်။ သူ့ဘေးမှာတော့ လက်ထောက်အများအပြား ရှိ နေပြီး လာမည့် ၁၁ ကြိမ်မြောက် သတ္တုစပ်ဓားပြပွဲ အကြောင်းကို တင်ပြနေကြသည်။
"မစ္စတာဟန်.. ကျွန်တော် အခြေခံအားဖြင့် စုံစမ်းပြီး ပါပြီ..ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်း သတ္တုစပ်ဓားထု တ်လုပ်သူ ဆယ်ဦးလုံး ပါဝင်ကြမှာပါ.."
ဒီစကားကိုကြားတော့ ဟန်ကွမ်းရဲ့မျက်နှာက ပိုပြီးမဲ မှောင်သွားသည်။
ဒီပွဲက သူ့ရဲ့ မျှော်လင့်ချက်ပင် ဖြစ်သည်။ဘာပဲဖြစ် ဖြစ် ယန်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်ရေးနိုင် ငံဖြစ်သလို သတ္တုစပ်ဓားအမျိုးမျိုးအတွက် အကြီး မားဆုံးစျေးကွက်လည်း ဖြစ်သည်။နိုင်ငံခြားမှ သ တ္တုစပ်ဓားထုတ်လုပ်သူများကတော့ ဒီစျေးကွက်ကို အာရုံစိုက်ကြလိမ့်မည်။ ဒီသတင်းကို ဟန်ကွမ်း ကြ ားတဲ့အခါ ဖိအားအလွန်ကြီးမားသလိုခံစားရသည်။
"လာတဲ့ ဧည့်သည်တွေက ကောင်းသည့် ရည်ရွယ်ချ က်နှင့် လာတာမဟုတ်ဘူး.. ပြပွဲမစခင်ကတည်းက သွေးချောင်းစီးမဲ့ အနံ့ကို ကျွန်တော်တို့ ရနေတယ်.."
လက်ထောက်တစ်ဦးက စိုးရိမ်တကြီးနှင့်မေးလိုက် သည်။
"မစ္စတာဟန်... ဒီလို အင်အားကြီးမားတဲ့ ပြိုင်ဘက် တွေနဲ့ ရင်ဆိုင်ရရင် ကျွန်တော်တို့ ဘာလုပ်ရမှာလဲ..."
ဟန်ကွမ်းက သက်ပြင်းချပြီး ပြန်ပြောလိုက်၏။
"ဟူး ..ကျွန်တော် အရင်စဉ်းစားပါရစေအုံး.. ပြပွဲမစ ခင် ရက် ၂၀ လောက် လိုပါသေးတယ်.."
လက်ထောက်များ ထွက်သွားပြီးနောက် ဟန်ကွမ်း မျက်မှောင် ပြန်ကြုတ်လိုက်သည်။ဒီဖိအားက တက ယ်ကို ကြီးမားခှသည်။ သူ စိတ်ပျက်လက်ပျက်နှင့် ဆေးလိပ်တစ်လိပ် ထုတ်ပြီး ဖွာလိုက်သည်။ဆေးလိ ပ်သောက်နေရင်း အဖြေရှာရန် စဉ်းစားနေသည်။
ဒီပြပွဲတွင် ပါဝင်ရန် သူ့အဖေက သူ့ကို လွှဲထားပြီးသ ားဖြစ်သည်။ ဒီလို အရေးကြီးသည့် ကိစ္စကို သူ အ မှားမခံနိုင်ပေ။
အထူးသဖြင့် နိုင်ငံခြားမှ ဓားရောင်းသူများရဲ့ ထိုး နှက်မှုများကို ဟန်ကွမ်းသည်းမခံနိုင်တော့ပေ။
" တင် "
ထိုအချိန် WeChat မှ မက်ဆေ့စ် တစ်စောင်ရောက် လာသည်။
ဟန်ကွမ်းက ဆေးလိပ်ကို တဖြည်းဖြည်းချင်း ဖွာပြီး ပြာခံခွက်ထဲတွင် ငြှိမ်းလိုက်ပြီးတော့ ဖုန်းကို ကော က်ယူက ကြည့်လိုက်သည်။
"အမ် အစ်ကိုယောင်က သူ့ဆီလာခဲ့ပါတဲ့.. သူ တစ်ခု ခု ပေးဖို့ရှိတယ်တဲ့..."
ဟန်ကွမ်း အရမ်း စူးစမ်းချင်စိတ် ဖြစ်မိသည်။ သူ့ ရဲ့စိတ်ပျက်နေသည့် စိတ်အခြေအနေမှလည်း တော် တော်လေး ကောင်းလာသည်။ဒါကြောင့် သူ မက် ဆေ့စ်ကို ပြန်ပို့လိုက်သည်။
သူ့ရုံးခန်းက Universal တာဝါနဲ့ နည်းနည်း ဝေး၏။ ကားနှင့်သွားရင် တစ်နာရီကျော် ကြာပေသည်။သို့ ပေမဲ့ အစ်ကိုယောင်က သူ့ကိုလာခိုင်းသည့်အတွက် ဟန်ကွမ်း စဉ်းစားမနေတော့ဘဲ ချက်ချင်းသွားဖို့ ဆုံး ဖြတ်လိုက်သည်။
သူ ဖုန်းကို သိမ်းပြီး ထိုင်ခုံမှ ထကာ ရုံးခန်းထဲမှ ချက် ချင်း ထွက်လာလိုက်သည်။
Universal တာသာတွင် ရှင်းဖေးဝမ်က လျူယောင် လိုချင်သည့် ပစ္စည်းများကို ပို့ပြီးပြီပဲ ဖြစ်သည်။အဲ့ ဒါက အနက်ရောင် သတ္တု ချောင်းတစ်ချောင်း ဖြစ် ပြီး အချင်း ၅၀ နှင့် အရှည် မီတာ ၅၀၀ ရှိ၏။
လိပ်ကြီး ပို့ပေးသည့် အချင်း မီတာ ၅၀၀ နှင့် အရှည် ၁၀ မီတာရှိသည့် သတ္တုချောင်းကို အရည်ပျော်လိုက် ကာ သေးငယ်သည့် သတ္တု့ချောင်းများအဖြစ် ပြုပြ င်လိုက်သည်။
လျူယောင်က ဒီသတ္တုချောင်းလေးကို စိတ်ဝင်တစ ား ကြည့်နေသည်။ ဒါက အလေးချိန် အနည်းဆုံး ၁၀ ကီလိုဂရမ်ကျော် ရှိနေသည်။
မူလကတော့ ရှင်းဖေးဝမ်ကို ၁၀ ကီလိုဂရမ်လောက် ပဲ ပို့ခိုင်းဖို့ ရည်ရွယ်ခဲ့သည်။ ဒီအချောင်းလေးက ၁၀ ကီလိုဂရမ်ကျော်အထိ လေးနေမယ်လို့ ဘယ်သူက ထင်ထားမည်နည်း။
မြင့်မားတဲ့ အပူချိန်တွင် အရည်ပျော်ပြီး လေနှင့် ထိ တွေ့ခဲ့သော်လည်း သတ္တု မျက်နှာပြင်မှာတော့ ဓာတ် တိုးပြီး အခွံလန်ခြင်းမရှိဘဲ အနက်ရောင် တောက်ပ နေတုန်းပဲ ဖြစ်သည်။အဲ့ဒါက သတ္တုရောင် တောက် ပြောင်နေသည်။
လျူယောင် အံ့အားသင့်ကာ ချီးကျူးလိုက်၏။ဂြို လ်သားနည်းပညာမှ ထွက်လာသည့် ပစ္စည်းဆိုတော့ တကယ်ကို ထူးခြားပေသည်။
" ဒေါက် ဒေါက် ဒေါက် "
လျူယောင် တံခါးခေါက်သံကြားလိုက်ရာ ဟန်ကွမ် းက တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသည်။
"အစ်ကိုယောင်... ကျွန်တော် ရောက်ပါပြီ"
လျူယောင်က နွေးထွေးစွာ ကြိုဆိုပြီး မေးလိုက်သ ည်။
"လာ..ထိုင်ပါ..ဘာသောက်မလဲ "
ဟန်ကွမ်းက ဆိုဖာတွင် ထိုင်ရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရပါတယ် အကိုယောင် "
လျူယောင်လည်း အနားလာပြီး ရုံးခန်းရဲ့ ဧည့်ခံ နေရာမှ ဆိုဖာကြီးတွင် ထိုင်လိုက်သည်။ သူတို့နှစ်ဦး ကြားတွင် လက်ဖက်ရည်စားပွဲပဲ ရှိတော့သည်။
"ဒါဆိုရင် ရေနွေးကြမ်းသောက်ကြရအောင်"
မကြာခင်မှာပဲ လျူယောင်ရဲ့အတွင်းရေးမှူးက လက် ဖက်ရည်ဖျော်ပြီး ယူလာပေးသည်။
နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြ သည်။ ဟန်ကွမ်းရဲ့မျက်နှာတွင် စိတ်ပူပန်မှု အရိပ်အ ယောင်တောင် မတွေ့ရပေ။ ၁၁ ကြိမ်မြောက် သတ္တု စပ်ဓားပြပွဲအကြောင်းကို သူ မေ့နေပုံရသည်။
ခဏကြာ စကားပြောပြီးနောက် လျူယောင်က စိုးရိ မ်တကြီးနှင့် မေးလိုက်၏။
"မင်း အခုတလော ဘယ်လိုလဲ..၂၀ ရက်နေရင် ဟွာ ဟိုင်းမြို့မှာ ၁၁ ကြိမ်မြောက် နိုင်ငံတကာ သတ္တုစပ် ဓားပြပွဲလုပ်မယ်လို့ ငါ ကြားတယ်.."
ဒီကိစ္စကို ပြောတော့ ဟန်ကွမ်းက ခပ်ယဲ့ယဲ့ ပြုံးလို က်သည်။ နောက်ဆုံးတော့ သူ့မျက်နှာတွင် ဝမ်း နည်းမှု အရိပ်အယောင်လေး ပြလာသည်။
"ဟူး အစ်ကိုယောင်.. ရိုးရိုးသားသားပြောရရင် ကျွ န်တော် ဖိအားအများကြီး ခံစားနေရပါတယ်.. အနော က်နိုင်ငံတွေက နာမည်ကြီး ဓားထုတ်လုပ်သူတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့က အများကြီး နောက်ကျ ကျန်နေတယ်... နိုင်ငံတကာရောပြည်တွင်းမှာပါ အ ဆင့်မြင့် သတ္တုစပ်ဓားစျေးကွက်က ပြည်ပကနေ တ င်သွင်းတဲ့ ဓားများရဲ့ လွှမ်းမိုးမှုအောက်တွင်သာ အဓိ ကရှိနေတာပါ.."
လျူယောင် စဉ်းစားပြီ မေးလိုက်သည်။
"ပြည်တွင်း သတ္တုစပ်ဓားရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ် ဒါမှမဟုတ် ဒီဇိုင်းကြောင့် မဟုတ်ဘဲ သတ္တုစပ်ပစ္စ ည်းကြောင့် အလဲထိုးခံရတယ်မဟုတ်လား.."
"ဟုတ်ပါတယ်..အကိုယောင် .ပစ္စည်းကြောင့် အဓိ ကဖြစ်ပါတယ် .. နှစ်စဉ်နှစ်တိုင်း ဓားလုပ်ဖို့အတွက် ပြည်ပကနေ အမျိုးမျိုးသော သတ္တုစပ်များကို အပ င်ပန်းခံ ဝယ်ယူရပါတယ် ဒါပေမယ့် သူတို့က အရည် အသွေး နည်းနည်းကောင်းတဲ့ သတ္တုစပ်တွေကို လုံး ဝမရောင်းဘူး.. ဒီလိုဖြစ်နေတဲ့အတွက် ကျွန်တော်တို့ က ကမ္ဘာ့အဆင့်မီ သတ္တုစပ်ဓားတွေ မထုတ်လုပ်နိုင် ဘဲ အလယ်အလတ်နဲ့ အဆင့်နိမ့် စျေးကွက်မှာပဲ ရေ ာက်နိုင်တော့တာ.."
ပြောပြီးနောက် သူ့မျက်နှာတွင် စိတ်ပျက်အားငယ် သည့်ပုံ ပေါက်နေသည်။
ခုနကလို ပျော်နေသည့်ပုံစံမျိုး လုံးဝမရှိတော့ပေ။
လျူယောင်က ခဏစဉ်းစားပြီးပြောလိုက်သည်။
"မင်း ဒီအခြေအနေကနေ အဆုံးသတ်နိုင်တော့မယ် လို့ ငါ ထင်တယ်...ငါတို့ Universal အထူးသတ္တုစ က်ရုံက အရမ်းကောင်းတဲ့ အနက်ရောင် သတ္တုစပ် ရှိတယ်..အဲ့ဒါကို ဓားတွေ လုပ်ဖို့ အသုံးပြုမယ်ဆိုရင် အလွန်ပြည့်စုံမှာပဲ..."
"တကယ်လား..အကို့မှာ ဓားလုပ်ဖို့အတွက် သတ္တု ရှိ တယ်ပေါ့... ပြည်ပက တင်သွင်းတဲ့ သတ္တုစပ်တွေ နှို င်းယှဉ်ရင်ရော ....ဘယ်လိုလဲ"
"ပြည်ပကတင်သွင်းတဲ့ သတ္တုစပ်တွေက ဘယ်လိုလဲ ငါ..မသိဘူး..ငါက ဂရုမစိုက်ခဲ့သလို မလေ့လာခဲ့ဘူး လေ...ဒါက ငါတို့ရဲ့ အနက်ရောင် သတ္တုစပ်ရဲ့စွမ်း ဆောင်ရည် စမ်းသပ်မှု ရလဒ် အစီရင်ခံစာပဲ..မင်း ကြည့်ကြည့်ပါအုံး.."
အစီရင်ခံစာကို ယူပြီးနောက် ဟန်ကွမ်း ဂရုတစိုက် ကြည့်လိုက်သည်။ သူက ကျွမ်းကျင်သူတစ်ဝက်လို့ ဆိုနိုင်ပြီး အမျိုးမျိုးသော သတ္တုစပ်များနှင့် မကြာခ ဏ ထိတွေ့ဖူးသည်။ စာမျက်နှာအနည်းငယ် ဖတ်ပြီး နောက် သူ့မျက်လုံးက ပိုပြီး တောက်ပလာသည်။
" ဘုရားရေ.."
" မယုံနိုင်စရာပဲ..."
" ဒါ.. ဒါ..ဒီရလဒ်က.."
နောက်တော့ သူက စိတ်လှုပ်ရှားမှုများနှင့် အံ့ဩမှုမျ ား ဖြစ်လာသည်။
ဟန်ကွမ်းက အရမ်း စိတ်လှုပ်ရှားနေ၏။
"အို..ဘုရားရေ.. ဒီလို သတ္တုမျိုးတောင် ရှိနေတာလ ား.. ဒါက .. သတ္တုစပ်ဓားတွေအတွက် အထူးတလ ည် လုပ်ထားတာပဲ..ပြည်ပကနေ တင်သွင်းတဲ့ သ တ္တုစပ်တွေနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်တော့ဘူးဗျ ာ...."
အစီရင်ခံစာကို ပိတ်ပြီးနောက် ဟန်ကွမ်းက အသက် ပြင်းပြင်း ရူလိုက်ပြီး စိတ်ကို တည်ညိမ်အောင် ကြို းစားလိုက်သည်။
ဟန်ကွမ်းက မျှော်လင့်ချက်နဲ့ မေးလိုက်၏။
"အစ်ကိုယောင်မှာ.. တကယ်ပဲ ဒီလို အနက်ရောင် သ တ္တု ရှိတာလား.."
"ရှိတာပေါ့ကွ.."
လျူယောင် ချက်ခြင်းပြန်ဖြေလိုက်ပြီး အနက်ရောင် သတ္တုချောင်းလေးကို ယူလိုက်သည်။
"ဒါက အနက်ရောင် သတ္တုရဲ့နမူနာပဲ...ငါ..မင်းကို ... ပေးလိုက်မယ်.. ပြန်ရောက်ရင် သတ္တုစပ်ဓားတစ် ချောင်းအဖြစ် လုပ်ကြည့်လိုက်... အစိတ်အပိုင်းတွေ ကို ပြုပြင်ထုတ်လုပ်ပြီးရင် မင်း သိသွားမှာပဲ..."
ဟန်ကွမ်းက စိတ်လှုပ်ရှားစွာနဲ့ လျူယောင့်လက်ထဲ မှအနက်ရောင် သတ္တုချောင်းကို ယူလိုက်သည်။ဒီ ဟာက သာမန် သတ္တုစပ်များထက် အများကြီး ပိုလေးနေတယ်လို့ သူ ခံစားလိုက်ရသည်။