ဓားစမ်းသပ်ခြင်း
Vol. 33 Ch. 430
"ဘုရားရေ ဒီလောက် လေးတာလား.."
လက်ထဲမှ အလေးချိန်ကို ခံစားရင်း ဟန်ကွမ်းက အံ့ သြစွာ ပြောလိုက်သည်။
"ဒါက တကယ်ကိုလေးတယ်..မြေပေါ်ကို ပြုတ်ကျ လုနီးပါးပဲ"
လျူယောင်က ပြုံးလိုက်ပြီး "ဒီအနက်ရောင် သတ္တု ရဲ့ သိပ်သည်းဆက ၁၂.၅ ရှိတယ်..ဒါက သာမန်သ တ္တုတွေထက် ထက်ဝက် ပိုတယ်ကွ.."
ဟန်ကွမ်း ခေါင်းညိတ်ပြလိုက်သည်။သူ့ရင်ထဲတွင် စိတ်လှုပ်ရှားနေသည်။ဒါက သတ္တုတစ်ချောင်းမ ဟု တ်ဘဲ ရွှေတုံးတစ်တုံးလိုပင် ခံစားနေရသည်။သူက ထပ်ခါထပ်ခါ ကြည့်ပြီး သဘောကျနေ၏။
ခဏကြာအောင် ကြည့်ပြီးနောက် သူ မအောင့်နိုင် တော့ပေ။
"အစ်ကိုယောင်.. ကျွန်တော့်ကို ဒီသတ္တု ပေးတဲ့ အ တွက် ကျေးဇူးတင်ပါတယ်ဗျာ...ကျွန်တော် အခု ပြန် တော့မယ်..ဒီဟာကို ကျွန်တော် ချက်ချင်း ဓား ပြု လုပ်တော့မယ်.." တောင်းပန်သည့် သဘောနဲ့ ဟန် ကွမ်း ပြောလိုက်သည်။
"သွားပါ..စမ်းသပ်မှုပြီးရင်လည်း ငါ့ကို အခြေအနေ ပြောပြပေးပါ..နောက်ပြီး ဒီသတ္တုတွေ က ငါ့မှာ အ များကြီးရှိသေးတယ်..မင်း ဝယ်ချင်ရင် လျှော့စျေးနဲ့ ပေးမယ်.."
ဟန်ကွမ်း အနက်ရောင် သတ္တုစပ်ချောင်းကို ယူပြီး ပျော်ရွှင်စွာ ထွက်ခွာသွားသည်။သူ့ရင်ထဲမှာတော့ ဖိ အားအများကြီး လျော့ကျသွားပြီး မျှော်လင့်ချက် တွေဖြင့် ပြည့်နေသည်။
သူ ကုမ္ပဏီကို ပြန်ရောက်သည့်အခါ ချက်ချင်းပဲ ဒီ သတ္တုချောင်းကို အသုံးပြုပြီး သတ္တုစပ်ဓားများ စ တင်ထုတ်လုပ်ရန် စီစဉ်ခဲ့သည်။
ထိုင်ရှန်းသတ္တုဓား အုပ်စုတွင် ဟွားဟိုင်မြို့မှာ ကု မ္ပဏီဘဏ်ခွဲနှင့် စက်ရုံခွဲတစ်ခု ရှိပြီး အထောက်အ ကူပစ္စည်းများ အစုံအလင်ရှိသည်။
ဟန်ကွမ်းကိုယ်တိုင်စီစဉ်မှုဖြင့် ဒီအနက်ရောင်သတ္တု ကို ၃၅ ဒီဂရီနှင့် ၈၀ ဒီဂရီရှိသော သတ္တုစပ်ဖြတ်တေ ာက်ရေး ဓားနှစ်မျိုး စတင်ထုတ်လုပ်လိုက်သည်။ နောက်ပြီး အခြား ဖောက်သည့်ပစ္စည်းများ၊ဖြတ်စ က် များလည်း ထုတ်လုပ်ခဲ့သည်။
အပူပေး၊ အအေးခံခြင်း လုပ်ဆောင်မှုအပြီးတွင် အ နက်ရောင် သတ္တုရဲ့ မာကျောမှုက များစွာ လျော့နည် းသွားပြီး စက်ဖြင့်ပြုပြင်ရတာ လွယ်ကူသွားသည်။
နေ့ရောညပါ အလုပ်လုပ်ပြီး နှစ်ရက်အတွင်းတွင် ဓာ းများကို ထုတ်လုပ်ပြီးစီးသွား၏။
သတ္တုစပ်ဖြတ်တောက်ရေးကိရိယာထုတ်လုပ်သည့် အလုပ်ရုံသို့ ဟန်ကွမ်း ကိုယ်တိုင်သွားရောက် ကြည့် ရူ့ခဲ့သည်။
အမည်းရောင်သတ္တုနဲ့ လုပ်ထားတဲ့ ဓားများကို မြင် သည့်အခါ စိတ်ကျေနပ်သွား၏။
" အင်း..အရည်အသွေး ဘယ်လိုနေမလဲ .."
အထိရောက်ဆုံးနှင့် တိုက်ရိုက်ကျဆုံး နည်းလမ်း က တော့ စမ်းသပ်ကြည့်ခြင်းပင်။
ထိုင်ရှန်း ဓားကိရိယာအုပ်စုက လုပ်ငန်းကြီးများစွာ အတွက် သတ္တုကိရိယာများ ထောက်ပံ့ပေးသူဖြစ် ပြီး ထိုကုမ္ပဏီများနှင့်လည်း ကောင်းမွန်သည့် ပူး ပေါင်းဆောင်ရွက်မှု ဆက်ဆံရေးမျိုး ရှိ၏။ဒီ ကိရိ ယာများရဲ့ အရည်အသွေးကို စမ်းသပ်ရန်မှာ လုံးဝ ပြဿနာမရှိပေ။
ဟန်ကွမ်း ကိုယ်တိုင် ထွက်လာခဲ့သည်။ဟန်ကွမ်းက ဒီ ဓားများနဲ့ လက်အောက်ငယ်သား အချို့ကို ခေါ် ပြီး ဟွာဟိုင်း မြို့ရှိ စက်ရုံကြီးတစ်ခုသို့ ကားဖြင့် မေ ာင်းလာလိုက်သည်။
"ဒါရိုက်တာဖုန်း..ဒါတွေက ကျွန်တော်တို့ရဲ့ ဓားအသ စ်တွေပါ..ခင်ဗျားတို့နဲ့အတူ စမ်းသပ်ကြည့်ချင်လို့.."
"သြော် မစ္စတာဟန်.. ခင်ဗျားက..အချိန်ကိုက် ရော က်လာတာပဲ..ကျွန်တော်တို့မှာ အပူချိန်မြင့် သတ္တု စပ်ပစ္စည်းတွေ အများကြီး ပြုပြင်ဖို့ရှိနေတာ..ဒါ ကြောင့် သတ္တုစပ်ကိရိယာတွေ အများကြီးလိုနေတာ ”
"ကျွန်တော် အစက ခင်ဗျားတို့ကို ဖုန်းခေါ်ပြီး လာ စမ်းသပ်ဖို့ ပြောမလို့.. ဒါပေမယ့် ခင်ဗျားတို့ ကိုယ် တိုင် ရောက်လာမယ်ဘို့မမျှော်လင့်ခဲ့ဘူး.."
ဟန်ကွမ်း ပျော်ရွှင်သွားပြီး လက်ပြကာ ပြောလိုက် ၏။
"ဒါဆို ကျွန်တော်တို့ ကံကောင်းတာပဲ...အခုပဲ ဓား စမ်းသပ်မှု စီစဉ်ပေးပါအူံး.."
ဖုန်းရွှေစုန်းက စိတ်မကောင်းဟန်နဲ့ ပြောလိုက် သ ည်။
"ဓားကို အခုစမ်းသပ်လို့ရတယ်..ဒါပေမဲ့ .."
"ဒါရိုက်တာဖုန်း...ပြဿနာ ရှိလို့လား..."
"ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး.. ရှန်းထ ယ် ကုမ္ပဏီကလည်း ဓားတွေ လာစမ်းသပ်နေလို့ ..ခ င်ဗျား ဖိအား ခံရမှာ စိုးလို့ပါ "
"ရှန်းထယ် ကုမ္ပဏီလား..."
ရှန်းထယ်ကုမ္ပဏီကို ဟန်ကွမ်း သိသည်မှာ သေချ ာသည်။ ဒီ ရှန်းထယ်ကုမ္ပဏီကလည်း နိုင်ငံတကာ တွင် နာမည်ကျော် ဓားထုတ်လုပ်သည့် ကုမ္ပဏီဖြစ် ပြီး ထိုင်ရှန်းဓားအုပ်စုရဲ့ အပြင်းထန်ဆုံး ပြိုင်ဘက် များထဲမှ တစ်ဦးလည်းဖြစ်သည်။
ရှန်းထယ် ကုမ္ပဏီက ယန်နိုင်ငံရှိ အလယ်အလတ် နှင့် အဆင့်မြင့် သတ္တုစပ် ဓားဈေးကွက်တွင် ကြီး မားသည့် နေရာကို ခိုင်မာစွာ ရယူထားသည်။
အဆင့်မြင့် သတ္တုစပ်ဓားနယ်ပယ်တွင် ထိုင်ရှန်း အုပ် စုက ရှန်းထယ် ကုမ္ပဏီရဲ့ ပြင်းပြင်းထန်ထန် နှိမ်နင်း ခြင်းကို ခံခဲ့ရသည်။ အလယ်အလတ်နယ်ပယ်တွင် တော့ စျေးနှုန်းချိုသာမှု့ကြောင့် ဝေစုအချို့ကိုပဲ ရ ယူနိုင်ခဲ့တာပဲ ဖြစ်၏။
ဒါရိုက်တာဖုန်းရွှေ့စုန်းက ကြင်နာသည့် သဘောနဲ့ ပြောလိုက်ခြင်း ဖြစ်လိမ့်မည်။
ရှန်းထယ်ကုမ္ပဏီက ဓားစမ်းသပ်နေသည်မှာ ထင်ရှ ားလှသည်။ အရှက်ရဖွယ်အခြေအနေကို ရှောင်ရှား ရန်အတွက် ဟန်ကွမ်းတို့ကို နေ့လယ်ပိုင်း ဒါမှမဟု တ် နောက်ရက်မှ ဓားများ ပြန်လာစမ်းသပ်ရန် ပြော ခြင်းဖြစ်သည်။
အတိတ်တုန်းကဆိုလျှင် ဟန်ကွမ်းက တုံဆိုင်းကာ နောက်ဆုတ်ပြီး ဒီရှန်းထယ်ကုမ္ပဏီကို ရှောင်ကော င်းရှောင်မှာဖြစ်သော်လည်း အခုက မတူ တော့ပေ။
သူ့စိတ်ထဲကနေ တွေးလိုက်၏။
"အစ်ကိုယောင်ကသာ ငါ့ကိုလိမ်ပြီး ကြွားလုံးထုတ် တာမဟုတ်ရင် ဒီအနက်ရောင် သတ္တုစပ်ကအလွန်အ စွမ်းထက်ပြီး အဲ့တာကနေ ထုတ်လုပ်တဲ့ သတ္တုဓား တွေက ရှန်းထယ် ကုမ္ပဏီရဲ့ ဓားတွေနဲ့ယှဉ်ပြိုင်နိုင် မှာပဲ "
"ဒါရိုက်တာဖုန်း.. ကျွန်တော်တို့ အခုပဲ ဓားစမ်းသပ် မယ်..နေ့လယ်ပိုင်း ဒါမှမဟုတ် နောက်ရက်အထိ မ စောင့်တော့ဘူး.."
ဟန်ကွမ်းက ခိုင်မာစွာဖြင့် ပြန်ဖြေလိုက်၏။
"တကယ်ပါ..အခုပဲ ဓားစမ်းသပ်ကြစို့..."
"ကောင်းပြီလေ.. ဒါဆို ခင်ဗျားတို့ကို ပြုပြင်သည့် နေရာကို ခေါ်သွားမယ်..."
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာဖုန်း..."
အလုပ်ရုံဒါရိုက်တာ ဖုန်းရွှေစုန်းရဲ့ ဦးဆောင်မှုအေ ာက်တွင် ဟန်ကွမ်းတို့အဖွဲ့ က အလုပ်ရုံ၏ ထုတ်လု ပ်ရေးနှင့် ပြုပြင်ရေးနေရာသို့ ရောက်လာသည်။
ဒီနေရာက ကြီးမားသည့် အလုပ်ရုံတစ်ခုဖြစ်ပြီး အ မျိုးမျိုးသော စက်များစွာ ရှိသည်။
အများစုက CNC ကိရိယာများဖြစ်ကြ၏။ဥပမာ- CNC လေဆာ၊ CNC စက်စင်တာများ ဖြစ်ပြီး နိုင်ငံ ခြားများမှ တင်သွင်းထားတဲ့ စက်ပစ္စည်းများ ဖြစ်၏ ။
မလှမ်းမကမ်းတွင် နိုင်ငံခြားမှ တင်သွင်းသည့် CNC စက်စင်တာတစ်ခုဘေး၌ လူအများအပြား ရှိနေသ ည်။အလုပ်ရုံမှ အလုပ်သမားများနှင့် နည်းပညာရှင် များသာမက ရှန်းထယ်ကုမ္ပဏီမှ ကိရိယာနည်းပညာ ရှင်များနှင့် အရောင်းသမားများလည်း ပါဝင်ပေသ ည်။
သူတို့က ဓားများ စမ်းသပ်နေကြသည်။
အလုပ်ရုံဒါရိုက်တာ ဖုန်းရွေ့စုန်းက အရင်သွားပြီး စို း ရိမ်တကြီးဖြင့် မေးလိုက်သည်။
"ဖန်ကုန်း... ဓားစမ်းသပ်မှုအခြေအနေ ဘယ်လိုလဲ.."
ဖန်ကုန်းက ချက်ခြင်းပဲ ပြန်ဖြေလိုက်၏။
"စမ်းသပ်မှုရဲ့ တစ်ဝက်ကျော် ပြီးသွားပါပြီ...အခြေ အနေက မဆိုးပါဘူး..ရှန်းထယ်ရဲ့ ဓားတွေက ပုံမှန် အားဖြင့်အစိတ်အပိုင်း သုံးလေးခုကို ပြုပြင်နိုင်ပါ တယ်.. ဒါပေမယ့်သူတို့ရဲ့ဈေးနှုန်းတွေက အရမ်း ဈေးကြီးတယ်..."
ဖုန်းရွှေစုန်းက ထပ်မေးလိုက်သည်။
"အော်.. သူတို့ရဲ့ ဈေးနှုန်း ဘယ်လောက်မို့လို့လဲ..."
"ဥပမာဆို.. ဒီစစ်တမ်းဖောက်သည့်ပစ္စည်းက ကျွန် တော်တို့ရဲ့ အစိတ်အပိုင်း လေးခုကို ပြုပြင်ပြီး နော က်မှာ ပြန်သွေးဖို့လိုတယ်...ဒါ ပေမယ့်ရှန်းထယ်ကု မ္ပဏီရဲ့ ဈေးနှုန်းက ယွမ် ၃,၂၀၀ ဖြစ်လို့နည်းနည်း ဈေးကြီး နေတာပါ..."
နိုင်ငံခြားကတင်သွင်းသည့် သတ္တုကိရိယာများက အများအားဖြင့် ပိုဈေးကြီးသည်။ သုံးလေးထောင် တန်တင်သွင်းတဲ့ စစ်တမ်းဖောက်သည့် ပစ္စည်းတစ် ခုက သာမန်သာ ဖြစ်၏။
ဖုန်းရွှေစုန်းကပြောပြီးနောက် သူက ဟန်ကွမ်းနဲ့ အ ခြားလူများကို ဘေးမှာရှိတဲ့ နိုင်ငံခြားမှ တင်သွင်းသ ည့် CNC စက်ကိရိယာတစ်ခုဆီသို့ ခေါ်သွားပြီး ဖန် ကုန်းကို ခေါ်လိုက်သည်။
ဟန်ကွမ်းနှင့် အခြားလူများကတော့ ရှန်းထယ် ကုမ္ပ ဏီမှ လူများကို အာရုံစိုက်နေကြပြီး တစ်ဖက်လူများ ကလည်း ဟန်ကွမ်းတို့ကို လေ့လာနေကြသည်။
မမြင်ရသည့်အရာမှာ နှစ်ဖက်စလုံးရဲ့ယှဉ်ပြိုင်လို သည့် စိတ်ဓာတ်က အလွန်ပြင်းထန်နေသည်။
ရှန်းထယ်ကုမ္ပဏီဘက်တွင် ရွှေရောင်ဆံပင်နှင့် မျက် လုံးအပြာရောင်ရှိသော နိုင်ငံခြားသားနှစ်ဦးလည်း ပ ါပေသည်။သူတို့က ယန်နိုင်ငံတွင် အချိန်ကြာမြင့်စွ ာ နေခဲ့ဖူးတာကြောင့် ယန်ဘာသာစကားကို ကော င်းစွာ ပြောတတ်သည်။
နိုင်ငံခြားသားတစ်ဦးက ဟန်ကွမ်းတို့ကို မထီမဲ့မြင် ကြည့်ရင်း လှောင်ပြောင်သံဖြင့် ပြောလိုက်သည်။
"မင်းတို့ရဲ့ ဓားတွေက မကောင်းဘူး..ငါတို့နဲ့ လုံးဝမ ယှဉ်နိုင်ဘူး"
ပြောပြီးနောက် သူက လက်မကို အောက်သို့ ထိုးပြ လိုက်သည်။ဆိုလိုသည်မှာ "မင်းတို့ အရမ်းအားနည်း တယ်..အားနည်းလွန်းတယ်.." လို့အဓိပ္ပာယ်ရသည်။
ဟန်ကွမ်းရဲ့ လက်အောက်ငယ်သားအချို့က ချက် ချင်း ဒေါသထွက်လာသည်။လူငယ်တစ်ဦးက ဒီနိုင် ငံခြားသားကို တစ်ခုခု ပြောတော့မည့်အချိန် ဟန်ကွ မ်းက တားလိုက်သည်။
အခုချိန်က စကားစစ်ပွဲ ဆင်နွှဲရန် အချိန်မဟုတ်သ ည်မှာ ရှင်းနေသည်။
"ဒါရိုက်တာဖုန်း..ကျွန်တော်တို့ကို ဓားစမ်းသပ်ဖို့ စီ စဉ်ပေးပါ"
ဖုန်းရွှေ့စုန်းက ခေါင်းညိတ်ပြီး ဖန်ကုန်းကို ညွှန်ကြား ချက်ပေးလိုက်သည်။ဖန်ကုန်းက နည်းနည်းမျက်မှေ ာင်ကြုတ်သွားပြီး အလွန်ဆန့်ကျင်ဘက်ဖြစ်သည့် စကား ပြောလိုက်သည်။
"ဒါရိုက်တာဖုန်း...ပြည်တွင်းဓားတွေထဲမှာ ထိုင်ရှန်း ရဲ့ ဓားတွေက မဆိုးပါဘူး.. ဒါပေမယ့်ဒီတစ်ကြိမ် ကျွန်တော်တို့က အပူချိန်မြင့် သတ္တုပစ္စည်းတွေကို ပြုပြင်နေတယ်လေ..ပြည်တွင်းထုတ်ဓားတွေအစား ပြည်ပက တင်သွင်းတဲ့ ဓားတွေကို အသုံးပြုဖို့ အ ကြံပြုပါတယ်..."
ဒီစကားကိုကြားတော့ ဟန်ကွမ်းက နည်းနည်း စိတ် မသက်မသာ ဖြစ်သွားသည်။သူ့လက်အောက် ခံအ ချို့ရဲ့ မျက်နှာများလည်း ပြောင်းလဲသွားကာ အနည် းငယ်ကြည့်ရဆိုးနေသည်။
တစ်ခြားသူများထံမှ အကူအညီမတောင်းလိုရင် လွ န်ခဲ့သည့်အချိန်ကတည်းက သူတို့ ပေါက်ကွဲပြီးနေ သည်။ နည်းပညာရှင်တစ်ဦးအနေနဲ့ ဒီလူက ပြည် တွင်းမှာရှိတဲ့ သတ္တုဓားတွေကို ဒီလောက်တောင် အ ထင်သေးတာလား.."
ကံကောင်းစွာနဲ့ပင် ဖုန်းရွှေစုန်းက စိတ်ဓာတ် အတေ ာ်အတန် ခိုင်မာသည်။သူက ထရပ်ကာ အမိန့်ပေး လိုက်၏။
"ဖန်ကုန်း.. ခင်ဗျား ပြောတဲ့စကားက အရမ်းပြဿ နာရှိနေတယ်.. မစမ်းသပ်ဘဲ ဘယ်လိုသိမှာလဲ.. အ မြန် ဓားစမ်းသပ်ပါ.."
ဖန်ကုန်းက စိတ်ထဲကနေ မကျေမနပ်နဲ့ တီးတိုး ရေ ရွတ်လိုက်သည်။
"ဟင်း နိုင်ငံခြားက တင်သွင်းလာတဲ့သတ္တုစပ်ဓား တွေ နဲ့နှိုင်းယှဉ်ရင် ပြည်တွင်း သတ္တုစပ်ဓားတွေက အမြဲတမ်း အဆင့်တစ်ဆင့်နိမ့် နေကျပဲဟာကို စမ်းသပ်ဖို့ လိုသေးလို့လားကွာ.. "