အခန်း (၈၈၆-၈၈၈)
Vol. 60 Ch. 886-888
အခန်း (၈၈၆) - အစပိုင်းတွင် မောက်မာ၍ နောက်ပိုင်းတွင် ရိုသေခြင်း
ရွှယ်အန်က မရယ်ဘဲ မနေနိုင်ဖြစ်ကာ အန်းယန်၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်သည်။
"ငတုံးမလေး... အရင်တုန်းက တခြားနည်းလမ်းမရှိလို့ ကိုယ်က သွေးပုလဲကို မင်းကို မျိုချခိုင်းခဲ့ရတာ၊ အခုတော့ သေချာပေါက် နောက်တစ်ခါ အဲ့လို ထပ်လုပ်စရာမလိုတော့ပါဘူး၊ သွေးမျိုးနွယ်တွေကို အမြစ်ပြတ် သုတ်သင်ပြီးတာနဲ့ ကိုယ်က ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်တဲ့ ဆေးလုံးတစ်လုံးကို ဖော်စပ်ပြီး မင်းရဲ့ စည်းချိပ်ကို ဖြေရှင်းပေးမယ်"
"အွန်း"
ထိုအချိန်တွင် အယ်ဒီလာ ဝင်လာသည်။
"အရှင်... ဒီနယ်မြေက ကိစ္စတွေအားလုံးကို ဖြေရှင်းပြီးပါပြီ"
ရွှယ်အန်း ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပြီ... ငါသိပြီ၊ မင်းသွားလို့ရပြီ"
အယ်ဒီလာ သည် တွန့်ဆုတ်နေပြီး တစ်ခုခု ပြောချင်နေပုံရသော်လည်း အဆုံးတွင် ခေါင်းငုံ့လိုက်သည်။
"ဟုတ်ကဲ့"
ထို့နောက် သူ လှည့်ထွက်သွားသည်။
ရွှယ်အန်းသည် အန်းယန်ဘက်သို့ လှည့်ပြီး ပြုံးပြလိုက်သည်။
"ယန်အာ... မင်း မှော်ပြခန်းထဲကို အရင်ပြန်ဝင်နေလိုက်ဦးနော်၊ ကိုယ် သွေးမျိုးနွယ်တွေ အားလုံးကို ရှင်းပစ်ပြီးမှ ပြန်ထွက်ခဲ့"
"ဒါပေမယ့် ယန်အာက ယောင်္ကျားကို စိတ်ပူတယ်လေ..."
အန်းယန်က စိုးရိမ်တကြီး ပြောလိုက်သည်။ ဤသည်မှာ ယခင်ကကဲ့သို့ ဂိုဏ်းတစ်ခု၊ ရန်သူတစ်ယောက်ကို ရင်ဆိုင်ရခြင်းမျိုး မဟုတ်ပေ။ ယခုတစ်ခါ ရင်ဆိုင်ရသည်မှာ မျိုးနွယ်စုကြီးတစ်ခုလုံးသာမက ဂြိုဟ်တစ်ခုလုံးနှင့် ဖြစ်နေသည်။
ရွှယ်အန်းက အသာပြုံးလိုက်ပြီး အန်းယန်၏ ပါးလေးကို ဆွဲလိုက်သည်။
"စိတ်မပူပါနဲ့... ကိုယ် သတိထားပါ့မယ်"
အန်းယန် တုံ့ဆိုင်းနေပြီး ထပ်ပြောချင်နေသေးသော်လည်း ရွှယ်အန်း၏ ပြတ်သားသော မျက်နှာထားကို မြင်လိုက်ရသောအခါ ခေါင်းသာညိတ်လိုက်သည်။
"အွန်း"
ထိုသို့ပြောပြီးနောက် အန်းယန်သည် ရတနာပြခန်းသို့ ပြန်ဝင်သွားသည်။ ထိုမှ ရွှယ်အန်းလည်း မတ်တတ်ရပ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ အပြင်ဘက်တွင် အယ်ဒီလာ ၊ အိုက်ရှီ ၊ ဟော့အာ၊ ၀င်နီနှင့် သူ၏ လျှို့ဝှက်အဖွဲ့ဝင်များက စောင့်ဆိုင်းနေကြသည်။
ရွှယ်အန်း ထွက်လာသည်ကို မြင်သောအခါ ၎င်းတို့အားလုံး တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
"အရှင်"
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"ဒီနယ်မြေကို ကောင်းကောင်း စောင့်ရှောက်ထားကြ၊ ငါတစ်ယောက်တည်း အဓိကသွေးကမ္ဘာနယ်မြေကို သွားမယ်"
သူ့စကားကြောင့် သူနှင့်အတူ တိုက်ပွဲဝင်ရန် ဆန္ဒပြင်းပြနေသူများ အံ့သြသွားကြသည်။ အထူးသဖြင့် အယ်ဒီလာက အံ့သြတကြီး ပြောလိုက်သည်။
"အရှင်..."
ရွှယ်အန်းက လက်ကာပြလိုက်သည်။
"မင်းတို့ ဘာပြောချင်လဲဆိုတာ ငါသိတယ်၊ ဒါပေမယ့် မင်းတို့ ငါနဲ့အတူ လိုက်လာရင်တောင် ဘာမှ အကူအညီ ဖြစ်လာမှာ မဟုတ်ဘူး၊ အဲ့အစား ငါ့ကို အနှောင့်အယှက်တောင် ဖြစ်စေလိမ့်မယ်၊ ငါပြန်လာတဲ့အထိ ဒီနေရာက ကိစ္စတွေကို ကောင်းကောင်း စီမံခန့်ခွဲထားတာက ပိုကောင်းတယ်"
ရွှယခအန်း၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်ရသောအခါ ငြင်းခုံခြင်းသည် အချည်းနှီးသာ ဖြစ်မည်ကို အယ်ဒီလာ သိလိုက်သည်။ ထို့ကြောင့် သူ သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ကာ နာခံလိုက်သည်။ သူ ၎င်းနှင့် အချိန်အတန်ကြာ ထိတွေ့ဆက်ဆံပြီးနောက် ရွှယ်အန်းသည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ပြီ ဖြစ်သည်။
၎င်းသာ တစ်ခုခုကို ဆုံးဖြတ်ပြီးလျှင် မိုးပြိုပြီး မြေကွဲသွားလျှင်တောင် ပြီးဆုံးအောင် လုပ်ဆောင်မည့်သူ ဖြစ်သည်။
ထို့ကြောင့် သူ့ကို ဖျောင်းဖျရန် ကြိုးစားခြင်းသည် လုံးဝ အဓိပ္ပာယ်မရှိပေ။
အိုက်ရှီသည်တော့ မပျော်တော့ချေ။
သွေးမျိုးနွယ်၏ ပုန်ကန်တတ်သော မင်းသမီးလေး ဖြစ်သည့် သူမသည် ရွှယ်အန်းအပေါ် ရူးသွပ်လုနီးပါး ကိုးကွယ်နေပြီဖြစ်သည်။
အကယ်၍သာ အန်းယန် ပေါ်မလာခဲ့လျှင် သူမသည် သူမကိုယ်ကို ရွှယ်အန်းထံ လုံးဝ ပုံအပ်လိုက်ပြီး ဖြစ်ပေလိမ့်မည်။
ယခုတော့ သူမ ပြင်ဆင်မှုများ အားလုံး လုပ်ထားပြီးကာမှ ရွှယ်အန်းသည် သူမကို အိမ်စောင့်ကျန်ခဲ့ရန် ပြောနေသည်။
သူမသည် ကြောက်ရွံ့ခြင်း မရှိသူ ဖြစ်သော်လည်း ရွှယ်အန်း၏ စကားကို မလွန်ဆန်ရဲသဖြင့် စိတ်ပျက်လက်ပျက် ခေါင်းငုံ့လိုက်ရုံသာ တတ်နိုင်တော့သည်။
ရွှယ်အန်းသည် အားလုံးကို ဝေ့ဝဲကြည့်ပြီး အသာပြုံးလိုက်သည်။
"ဒီမှာပဲ စောင့်နေကြ... ငါ မကြာခင် ပြန်လာခဲ့မယ်"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လက်ကို ဓားသဖွယ် အသုံးပြုကာ ဟင်းလင်းပြင်ကို ပိုင်းဖြတ်လိုက်သည်။
ကြီးမားသော ဝင်ပေါက်တစ်ခု ရုတ်ခြည်း ဖြစ်ပေါ်လာသည်။
ရွှယ်အန်းသည် ယုံကြည်မှုရှိရှိဖြင့် ထိုအထဲသို့ ဝင်ရောက်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်း...
အချိန်နှင့် အာကာသ ပြန်လည် ပုံမှန်ဖြစ်သွားပြီး ကောင်းကင်နှင့် မြေကြီးသည် ဗလာဖြစ်သွားကာ ရွှယ်အန်း၏ အရိပ်အယောင်ပင် မကျန်တော့ချေ။
အယ်ဒီလာ နှင့် အခြားသူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အဆုံးတွင် အယ်ဒီလာက လေးနက်စွာ ပြောလိုက်သည်။
"အမိန့်ပေးလိုက်ပါ... အရှင့်ရဲ့ အမိန့်ကို တိတိကျကျ လိုက်နာပြီး သူပြန်လာမယ့်အချိန်ကို ဒီမှာပဲ စောင့်နေကြမယ်"
"ဟုတ်ကဲ့"
တစ်ချိန်တည်းမှာပင် အဓိကသွေးကမ္ဘာနယ်မြေတွင်
ဟင်းလင်းပြင်ထဲတွင် ဝဲဂယက်များ ထလာသည်။
ထို့နောက် ရွှယ်အန်း၏ ပုံရိပ်လည်း ပေါ်ထွက်လာသည်။
သူသည် ဤနယ်မြေသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သဖြင့် လေထုထဲတွင် ပျံ့နှံ့နေသော ပြင်းထန်သည့် သွေးစွမ်းအင်များကြောင့် ရွှယ်အန်း မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။
အမှန်ပင် သွေးမျိုးနွယ်တို့၏ အမြင့်ဆုံး နေရာနှင့် ထိုက်တန်ပေသည်။
ဤနေရာတွင် ပါရှိသော သွေးစွမ်းအင် တစ်ခုတည်းနှင့်ပင် သွေးမျိုးနွယ်အားလုံးကို အထင်သေးစွာ ကြည့်ရှုရန် လုံလောက်နေပြီ ဖြစ်သည်။
ထို့နောက် ရွှယ်အန်း မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။
သူ၏ ပြိုင်ဘက်ကင်းသော နတ်ဘုရားအာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်ပြီး ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်သည်။
သို့သော် ချက်ချင်းဆိုသကဲ့သို့ပင်...
ရွှယ်အန်း အံ့ဩမိသွားသည်။
"ဟ... ဒီကောင်တွေ ဘာကြံစည်နေတာလဲ"
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ စိတ်ဝိညာဉ်အာရုံထဲတွင် ဒါဇင်နှင့်ချီသော အားကောင်းသည့် သွေးအလင်းတန်းများသည် ဤနေရာသို့ အရှိန်ပြင်းစွာ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
သူတို့ နှာခေါင်းက တော်တော်ကောင်းတာလား...၊ ငါရောက်ရောက်ချင်းပဲ ငါ့ကို တွေ့သွားကြပြီပေါ့...
ရွှယ်အန်း စိတ်ထဲမှ တွေးလိုက်သည်။
သူသည် ထိတ်လန့်သည့် အရိပ်အယောင် မပြဘဲ လေထဲတွင် အေးအေးလူလူ ရပ်ကာ စောင့်ဆိုင်းနေလိုက်သည်။
ခဏအကြာတွင်...
သွေးအလင်းတန်း ဒါဇင်ခန့်သာ် ကောင်းကင်ယံသို့ ပျံတက်လာပြီး သူတို့၏ ပုံရိပ်များ တည်ငြိမ်သွားသောအခါ သူတို့သည် သွေးမျိုးနွယ် အကြီးအကဲများမှလွဲ၍ အခြားသူ မဟုတ်ပေ။
ထို့အပြင် ရှေ့ဆုံးမှ ရပ်နေသော အမျိုးသမီးသည် ရိုဆယ်လင်းဖြစ်နေသည်။ ရွှယ်အန်းသည် ထိုလူသစ်များကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မရှိသော်လည်း စိတ်ထဲတွင်တော့ တိုက်ပွဲကြီးတစ်ခုအတွက် အသင့်ပြင်ထားလိုက်သည်။
သို့သော် ချက်ချင်းဆိုသကဲ့သို့ပင် ထိုသွေးမျိုးနွယ် အကြီးအကဲများ၏ လုပ်ရပ်က ရွှယ်အန်းကို အနည်းငယ် အံ့အားသင့်သွားစေသည်။
ရိုဆယ်လင်းဦးဆောင်သော သွေးမျိုးနွယ် အကြီးအကဲများ အားလုံးသည် ရွှယ်အန်းကို တပြိုင်နက်တည်း အလွန်လေးစားသမှုဖြင့် ခါးကိုင်း ဦးညွှတ်လိုက်ကြသည်ကို တွေ့လိုက်ရသည်။
"လေးစားရပါသော အစွမ်းထက်ပုဂ္ဂိုလ် ... ရှင် နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ၊ ကျွန်မတို့ ရှင်ရောက်လာမယ့်အချိန်ကို စောင့်နေတာ ကြာပါပြီ"
ရွှယ်အန်း၏ အတွေးများ အလျင်အမြန် လည်ပတ်သွားပြီး သူ့ မျက်လုံးများ ကျဉ်းမြောင်းသွားကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ဝှက်ထားလျက် အေးစက်စွာ မေးလိုက်သည်။
"ဒါက ဘာသဘောလဲ"
ရိုဆယ်လင်းသည် ရိုသေစွာဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာသည်။
"အစွမ်းထက် ပုဂ္ဂိုလ်... ရှင် သံသယ၀င်စရာ မလိုပါဘူး၊ ကျွန်မတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး၊ ကိစ္စက ဒီလိုပါ..."
"ရှင်က သွေးကမ္ဘာရဲ့ အဆင့်နှစ်ဆင့်ကို ဖျက်ဆီးပစ်လိုက်ပြီး ကျွန်မရဲ့ ကိုယ်ပွား တစ်ခုကိုတောင် ချေမှုန်းပစ်လိုက်တုန်းကတော့ လက်စားချေဖို့ စိတ်ကူးခဲ့မိပါသေးတယ် ဒါပေမယ့် ကောင်စီခန်းမဆောင်ကို ပြန်ရောက်တဲ့အခါ ကျွန်မတို့ နတ်ဘုရားဆီက အမိန့်တစ်ခု ရခဲ့ပါတယ်"
"သွေးနတ်ဘုရားက ဒီကိစ္စတွေအားလုံးဟာ ကျွန်မတို့ရဲ့ အမှားကြောင့် ဖြစ်ရတာပါတဲ့၊ ရှင့်ရဲ့ လုပ်ရပ်တွေက မလွန်ကဲပါဘူးတဲ့ ပြီးတော့ ရှင့်ကို အမြင့်ဆုံး လေးစားမှုနဲ့ ဆက်ဆံရမယ် ပြောထားပါတယ် အဲ့လိုမှမဟုတ်ရင် သွေးမျိုးနွယ်စုကြီး တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်လို့ တင်းတင်းကြပ်ကြပ် အမိန့်ပေးထားတာပါ"
"သွေးနတ်ဘုရားရဲ့ စကားတွေက ကျွန်မတို့ကို တော်တော်လေး တုန်လှုပ်သွားစေခဲ့ပါတယ်၊ ဒါကြောင့် ရှင်ရောက်လာတာကို စောင့်ပြီး လူကိုယ်တိုင် တောင်းပန်ချင်လို့ပါ"
ထိုသို့ ပြောကာ ရိုဆယ်လင်းသည် အလွန်ရိုသေစွာ ဒူးထောက်လိုက်သည်။
သူမ ဒူးထောက်လိုက်သည်နှင့် သယမ နောက်မှ သွေးမျိုးနွယ် အကြီးအကဲများလည်း လိုက်လံ ဒူးထောက်လိုက်ကြသည်။
"လေးစားရပါသော အစွမ်းထက်ပုဂ္ဂိုလ်... ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ"
ထိုမြင်ကွင်းသည် ရွှယ်အန်း မျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်နေသည်။
သို့သော် မကြာမီ ရွှယ်အန်း၏ မျက်နှာထားမှာ ပိုမိုအေးစက်လာပြီး ပြောလိုက်သည်။
"တောင်းပန်စကားလေး ပြောရုံနဲ့ လုံလောက်မယ်လို့ မင်းတို့ ထင်နေတာလား၊ ဟွမ့်... မင်းတို့ တွေးတာ ရိုးရှင်းလွန်းတယ်"
ရွှယ်အန်းအနေဖြင့် သူတို့၏ တောင်းပန်စကား အနည်းငယ်ကြောင့် စိတ်ပြောင်းသွားမည် မဟုတ်ပေ။
အကယ်၍ တောင်းပန်စကား အနည်းငယ်ပြောရုံဖြင့် ဒီလူတွေကို ခွင့်လွှတ်ပေးလိုက်မည်ဆိုပါက သွေးမျိုးနွယ်ကြောင့် ပျက်စီးခဲ့ရပြီး မတရား သေဆုံးခဲ့ရသော ဝိညာဉ်များအတွက် မည်သူက တရားမျှတမှု ပေးမည်နည်း။
ရွှယ်အန်း၏ စကားကို ကြားသောအခါ ရိုဆယ်လင်းခေါင်းမော့လာပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"လေးစားရပါသော အစွမ်းထက်ပုဂ္ဂိုလ်... တောင်းပန်စကားပြောရုံနဲ့ ရှင့်ရဲ့ ခွင့်လွှတ်မှုကိုရမယ်လို့ ကျွန်မတို့မထင်ပါဘူး ဒါပေမယ့် ဒါက ကျွန်မတို့ရဲ့ ရိုးသားမှုကို ပြသတာပါ ပြီးတော့ အမိန့်မှာ ရှင်းရှင်းလင်းလင်း ညွှန်ကြားထားတာက ရှင်နဲ့တွေ့ရင် တောင်းပန်ဖို့ရယ် ပြီးရင် ဒီနေရာမှာ ခဏစောင့်နေဖို့ရယ်ပါ... သွေးနတ်ဘုရား မကြာခင် ဆင်းသက်လာပြီး အရာအားလုံးကို ကိုယ်တိုင်ရှင်းပြပါလိမ့်မယ်"
"သွေးနတ်ဘုရား ဟုတ်လား"
ရွှယ်အန်း၏ စိတ်ထဲ လှုပ်ရှားသွားသည်။
"ဟုတ်ပါတယ်၊ တကယ်တော့ အဓိကသွေးကမ္ဘာနယ်မြေမှာ ကျွန်မတို့ သွေးနတ်ဘုရားနဲ့ အဆက်အသွယ်ပြတ်နေတာ နှစ်တစ်ထောင်လောက် ရှိပါပြီ ဒါပေမယ့် မထင်မှတ်ဘဲ ဒီတစ်ခါ သွေးနတ်ဘုရား ကိုယ်တိုင် အမိန့်ပေးလာတာပါ၊ ကျွန်မတို့ မလွန်ဆန်ရဲပါဘူး"
ရိုဆယ်လင်းသည် ရွှယ်အန်းကို မျှော်လင့်ချက်အပြည့်ပါသော မျက်နှာဖြင့် ကြည့်လိုက်သည်။
"လေးစားရပါသော အစွမ်းထက်ပုဂ္ဂိုလ်... ကျွန်မတို့ ပြောသမျှ အမှန်တွေချည်းပါပဲ၊ တကယ်လို့ ရှင် မယုံရင် ကောင်စီခန်းမဆောင်ကို ကျွန်မတို့နဲ့အတူ လိုက်ကြည့်လို့ ရပါတယ်"
ရွှယ်အန်းသည် ထိုသွေးမျိုးနွယ် အကြီးအကဲများကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။
အခန်း (၈၈၇) - သွေးနတ်ဘုရား
ရွှယ်အန်းသည် ထိုသွေးမျိုးနွယ်များ ပြောသမျှ စကားတစ်ခွန်းကိုမျှ မယုံကြည်ပေ။
သို့သော် ၎င်းတို့ပြောဆိုနေကြသည့် '
သွေးနတ်ဘုရား ဆင်းသက်လာမည်'
ဆိုသည့် အချက်သည်တော့ ရွှယ်အန်းကို စိတ်ဝင်စားသွားစေခဲ့သည်။
ရွှယ်အန်း၏ အမြင်တွင် ဤလူများသည် သူတို့၏ သွေးနတ်ဘုရား ဆင်းသက်လာမည့်အချိန်ကို စောင့်ရင်း အချိန်ဆွဲနေကြခြင်းသာ ဖြစ်သည်။
ကောင်းပြီလေ...
သွေးနတ်ဘုရား ဆင်းသက်လာတဲ့အခါကျမှ အဲ့ဒီကောင်ရော၊ မင်းတို့အကုန်လုံးကိုပါ ငါက တစ်ခါတည်း သတ်ပစ်လိုက်ရမှာပေါ့...
ဒါဆို သူ့အတွက် ပိုပြီးတောင် အလုပ်ရှုပ် သက်သာသေးတယ်...
ထိုသို့ တွေးမိပြီးနောက် ရွှယ်အန်း ခေါင်းကို အသာညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ဒါဆို သွားကြည့်ကြရအောင်"
ရိုဆယ်လင်းaနှင့် အခြားသော သွေးမျိုးနွယ် အကြီးအကဲများမှာ ထိုစကားကို ကြားသောအခါ အလွန်ဝမ်းမြောက်သွားကြသည်။
"လေးစားရပါသောအရှင်... ကျွန်မနောက်ကို လိုက်ခဲ့ပါ"
အကြီးအကဲများသည် လမ်းပြခေါ်ဆောင်သွားပြီး ရွှယ်အန်းသည်တော့ အေးအေးလူလူပင် နောက်မှ လိုက်ပါလာခဲ့သည်။
မကြာမီ...
သူတို့သည် သွေးကမ္ဘာအဓ်ဗဟိုချက်ရှိ ခန်းမဆောင်ကြီးသို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင်...
ခန်းမဆောင်ကြီးမှာ လှုပ်ရှားသွားလာမှုများဖြင့် စည်ကားနေသည်။
သွေးမျိုးနွယ် အစေခံများစွာသည် ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်ရှုပ်နေကြသည်။
"အရှင်... လူသားမျိုးနွယ်တွေရဲ့ ဓလေ့ထုံးတမ်းအရ ကျွန်မတို့ အကြီးအကဲတွေရဲ့ အပြစ်ရှိမှုကို ဝန်ခံတောင်းပန်တဲ့အနေနဲ့ စားပွဲသောက်ပွဲ ပြင်ဆင်ထားပါတယ်"
ရိုဆယ်လင်းက ပြုံးလျက်ပြောဆိုပြီး ရွှယ်အန်းကို ခန်းမထဲသို့ လမ်းပြခေါ်ဆောင်သွားသည်။
ရိုဆယ်လင်းပြောခဲ့သည့်အတိုင်းပင် ခန်းမဆောင်ကြီးထဲတွင် အလွန်ခမ်းနားထည်ဝါသော စားသောက်ပွဲကြီးတစ်ခုကို ခင်းကျင်းပြင်ဆင်ထားသည်။
"အရှင်... ကျေးဇူးပြုပြီး ထိုင်ပါဦး"
ရွှယ်အန်းသည်တော့ အားနာမနေပေ။
ဤလူများ ဘာကြံစည်နေဆိုသည်ကို သူသိချင်နေသည်။
ထို့ကြောင့် သူသည် ထိပ်ဆုံးထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။
ထို့နောက် သွေးမျိုးနွယ် အကြီးအကဲများစွာသည် သူ့ဘယ်ဘက်နှင့် ညာဘက်တို့တွင် မတ်တတ်ရပ်လိုက်ကြသည်။
ရိုဆယ်လင်းကိုယ်တိုင်ပင် ဝိုင်ခွက်တစ်ခုကို အပြည့်ငှဲ့ပေးလိုက်သည်။
"လေးစားရပါသောအရှင် ... ဒီတစ်ခွက်က အရှင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ပါ"
ရွှယ်အန်းက သဘောတူခြင်း၊ မတူခြင်း တစ်စုံတစ်ရာ မပြုဘဲ ခွက်ကို လှမ်းယူလိုက်သော်လည်း မသောက်သေးပေ။
သူသည် ဖော်ရွေစွာ ပြုံးပြနေသော ရိုဆယ်လင်းaကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
ခန်းမတစ်ခုလုံး၏ လေထုမှာ ရုတ်ခြည်းဆိုသကဲ့သို့ အနည်းငယ် တင်းမာသွားသည်။
ရိုဆယ်လင်း၏ မျက်နှာပေါ်မှ အပြုံးများ တောင့်တင်းသွားသည့် အချိန်ရောက်မှ...
ရွှယ်အန်းသည် ပေါ့ပါးစွာ ပြောလိုက်သည်။
"ဝိုင်က မဆိုးဘူးပဲ"
ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် ဝိုင်ကို တစ်ခါတည်း မော့ချလိုက်သည်။
သွေးမျိုးနွယ် အကြီးအကဲများမှာ စိတ်မလှုပ်ရှားသွားဘဲ မနေနိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် ရန်သူ့နယ်မြေထဲတွင် တစ်ယောက်တည်း ရောက်နေသည့်တိုင် ဧည့်ခံပွဲကို လက်ခံပြီး တည်ငြိမ်စွာပင် ဝိုင်သောက်ပြလိုက်သောကြောင့် ဖြစ်သည်။
အခြားအရာများကိုမဆိုနှင့် ဤသို့သတ္တိမျိုးတစ်ခုတည်းနှင့်တင် လေးစားဖို့ လုံလောက်နေပြီ ဖြစ်သည်။
ရွှယ်အန်းသည် ခွက်ထဲမှ ဝိုင်ကုန်သွားသည်နှင့် ခွက်ကို စားပွဲပေါ်သို့ ဘုန်းခနဲ ပစ်တင်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် အမိန့်ပေးလိုက်သည်။
"ဖြည့်စမ်း"
ရိုဆယ်လင်း၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသော နေရာတွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူမလို နှစ်ပေါင်း တစ်သောင်းကျော် နေထိုင်လာခဲ့သည့် ရှေးဟောင်း သွေးမျိုးနွယ်ဝင်တစ်ဦးသည် လူငယ်လေးတစ်ဦးထံမှ အစေခံတစ်ယောက်လို ခိုင်းစေခံရသည်မှာ သူမအတွက် ဒေါသထွက်စရာဖြစ်သည်။
သို့သော် သခင်ကြီး ချမ်ကျဲ့၏ ညွှန်ကြားချက်ကို သတိရလိုက်ကာ ရိုဆယ်လင်းသည် စိတ်ထဲမှ မကျေနပ်ချက်များကို အတင်းဖိနှိပ်လျက် ရွှယ်အန်း၏ ခွက်ထဲသို့ ဝိုင်ထပ်ဖြည့်ပေးလိုက်သည်။
ရွှယ်အန်းသည် ဝိုင်ခွက်ကိုကိုင်ကာ ခန်းမဆောင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။
"အရမ်းကြီး တောင့်တင်းနေစရာ မလိုပါဘူး... မိတ်ဆွေဖြစ်ဖြစ် ရန်သူဖြစ်ဖြစ် စားပွဲဝိုင်းမှာ ထိုင်နေကြမှတော့ လောလောဆယ် မိတ်ဆွေဖွဲ့ထားကြတာပေါ့"
၎င်းတို့ကိုယ်ကို ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းများနှင့် ယဉ်ပါးနေပြီဟု ထင်မှတ်ထားကြသော သွေးမျိုးနွယ် အကြီးအကဲများသည် ရွှယ်အန်း၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ တုန်လှုပ်သွားကြပြီး အတင်းလုပ်ယူထားသော အပြုံးကိုညှစ်ထုတ်ပြီး ခေါင်းညိတ် ထောက်ခံလိုက်ကြရသည်။
"ဟုတ်... ဟုတ်ပါတယ်"
"ကောင်းလိုက်တဲ့ စကားပါဗျာ... ကျွန်တော် အရှင့်ကို ဂုဏ်ပြုပါရစေ"
ထို့နောက်တွင်တော့ စားသောက်ပွဲကြီးသည် ဂုဏ်ပြုစကားများ၊ အပြန်အလှန် စကားပြောသံများဖြင့် ဆက်လက်လည်ပတ်နေပြီး သွေးမျိုးနွယ် အကြီးအကဲအများအပြား ရှေ့ထွက်ကာ အရက်ခွက်များဖြင့် ဂါရဝပြုကြရာ ရွှယ်အန်းကလည်း ငြင်းပယ်ခြင်း မရှိပေ။
သို့သော် ပတ်ဝန်းကျင် အခြေအနေသည်တော့ တဖြည်းဖြည်း ပို၍ လေးလံအုပ်မှိုင်းလာသည်။
ဝိုင်သုံးပုလင်းလောက် သောက်ပြီးသော်လည်း ရွှယ်အန်းတွင် မူးဝေသည့် အရိပ်အယောင် လုံးဝမရှိသည့်အပြင် ပိုသောက်လေ သူ့မျက်လုံးများမှာ ပိုမိုကြည်လင်တောက်ပလေ ဖြစ်လာသည်။
သွေးမျိုးနွယ် အကြီးအကဲများမှာ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
အထူးသဖြင့် ရိုဆယ်လင်းမှာ ယခုအချိန်၌ အလွန် စိုးရိမ်ပူပန်နေပြီဖြစ်သည်။
သခင်ကြီး ချမ်ကျဲ့က ဘာလို့ အခုထိ ပေါ်မလာသေးတာလဲ...
ရွှယ်အန်း ဤနယ်မြေထဲ ရောက်လာသည်နှင့် တစ်နာရီ၊ နှစ်နာရီလောက်အတွင်းမှာ နတ်ဘုရားအဖွဲ့အစည်းကို ဦးဆောင်ပြီး ရောက်လာမည်ဟု သူပြောထားသည် မဟုတ်ပေလား
ထို့ကြောင့်လည်း ရိုဆယ်လင်းနှင့် အခြားအကြီးအကဲများသည် ရွှယ်အန်းကို နည်းလမ်းပေါင်းစုံသုံး၍ အချိန်ဆွဲထားခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ၃၊ ၄ နာရီလောက်ပင် ကြာမြင့်နေပြီ ဖြစ်သော်လည်း လှုပ်ရှားမှု အရိပ်အယောင်မျှပင် မတွေ့ရသေးသည့်အတွက် ရိုဆယ်လင်းစိတ်ပူလာသည်မှာ သဘာဝပင် ဖြစ်သည်။
ရွှယ်အန်းသည် ထိုအချက်ကို သတိထားမိပုံရသော်လည်း အနည်းငယ် ပြုံးရုံသာ ပြုံးလိုက်ပြီး သူ၏ဝိုင်ကိုသာ အေးအေးလူလူ ဆက်သောက်နေသည်။
အဆုံးတော့...
အချိန်အတန်ကြာ ထပ်မံကုန်လွန်ပြီးနောက်...
ကောင်စီခန်းမဆောင်ကြီး၏ အလယ်ဗဟိုရှိ မိုးထိမျှော်စင်ကြီး၏ အထက်မှ သွေးရောင်အလင်းတန်းများ ရုတ်တရက် ထိုးထွက်လာပြီး ၎င်း၏ ကြီးမားခမ်းနားလှသော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် အဓိကသွေးကမ္ဘာနယ်မြေ၏ ကောင်းကင်နှင့် မြေကြီးတို့ပင် မူလအရောင် ပျောက်ကွယ်သွားရသည်။
ရိုဆယ်လင်းနှင့် သွေးမျိုးနွယ် အကြီးအကဲများစွာတို့မှာ အတိုင်းမသိ ဝမ်းသာသွားကြသည်။
နောက်ဆုံးတော့ သူတို့စောင့်မျှော်နေတဲ့အချိန် ရောက်လာခဲ့ပြီပဲ...
ထို့နောက် သွေးရောင်အလင်းတန်းများထဲမှ ပုံရိပ်တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်...
ရိုဆယ်လင်းကြည့်ရင်းပင် ထိတ်လန့်သွားရသည်။
ဤတစ်ခါတွင် သွေးစစ်သူကြီး၁၀ ယောက်တိတိ ဆင်းသက်လာခြင်း ဖြစ်သည်။
ထို့အပြင် နတ်ဘုရား၏ အမိန့်ကို လာရောက်ပို့ဆောင်ခဲ့ဖူးသည့် ချမ်ကျဲ့သည် တပ်ဖွဲ့၏ ရှေ့ဆုံးမှ ရောက်ရှိနေသည်။
ထိုသို့သော တပ်ဖွဲ့အနေအထားအောက်တွင် ရိုဆယ်လင်းနှင့် အခြားသော သွေးမျိုးနွယ် အကြီးအကဲများမှာ တစ်ကိုယ်လုံး တုန်ယင်သွားကြပြီး မြေပြင်ပေါ်သို့ ဝပ်ဆင်း ဂါရဝပြုလိုက်ကြသည်။
"နတ်စစ်သူကြီးများ ကြွမြန်းလာတာကို ကြိုဆိုပါတယ်"
မည်သူကမျှ ပြန်မဖြေကြပေ။
သာမန်အချိန်များတွင် အလွန်မောက်မာလေ့ရှိသော ထိုနတ်စစ်သူကြီးများသည် ယခုအချိန်၌ လွန်စွာ ရိုသေလေးစားသော မျက်နှာထားများ ရှိနေကြသည်။
သူတို့၏ ပုံရိပ်များကို ဖော်ပြပြီးနောက် သူတို့သည် ပိုမြင့်မြတ်သော ဖြစ်တည်မှုတစ်ခု ရောက်ရှိလာတော့မည့်အလား လက်များကို ဘေးတွင်ချလျက် ဘေးတစ်ဖက်တစ်ချက်စီတွင် ငြိမ်သက်စွာ ရပ်တန့်လိုက်ကြသည်။
ထို့နောက် မိုးကုပ်စက်ဝိုင်းအထိ မြင့်မားသော မျှော်စင်ထိပ်မှ လေထုကွေးညွတ်သွားပြီး လှေကားထစ်များ ပေါ်ထွက်လာသည်။
သွေးရောင် ဝတ်ရုံရှည်ကြီးကို လွှမ်းခြုံထားပြီး မျက်နှာကိုလည်း သွေးရောင်အလင်းတန်းများ ဖုံးအုပ်ထားသည့် ပုံရိပ်တစ်ခုသည် လှေကားထစ်များအတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်း ဆင်းသက်လာသည်။
ထိုပုံရိပ်သည် အရပ်မရှည်သကဲ့သို့ အားကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်မနေပေ။
သို့သော် သူ ခြေလှမ်းလှမ်းလိုက်သည့် အကြိမ်တိုင်းတွင် ကောင်းကင်နှင့် မြေကြီးတို့သည် တုန်ခါသွားကြသည်။
သွေးမျိုးနွယ်ဝင် အားလုံးမှာ ထိုပုံရိပ်၏ အရှိန်အဝါကို ခံစားလိုက်ရသည်နှင့် တပြိုင်နက် မြေကြီးပေါ်တွင် ဝပ်ဆင်းကာ ခေါင်းကို မြေကြီးထဲ စိုက်ဝင်မတတ် ဦးညွှတ်လိုက်ကြသည်။
အချို့ဆိုလျှင် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ကျလာကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုသူသည် သွေးမျိုးနွယ်အားလုံး၏ အထွတ်အထိပ် ယုံကြည်ရာလည်းဖြစ် အရာအားလုံး၏ အစပျိုးရာဟု ခေါ်ဆိုကြသော သွေးနတ်ဘုရားသခင် ဖြစ်သောကြောင့်ဖြစ်သည်။
ကိုင်းအာ...
သွေးနတ်ဘုရားနယ်မြေ မပိတ်သိမ်းမီ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ဤသွေးမျိုးနွယ်ဝင်များသည် ကိုင်းအာကို လူကိုယ်တိုင် မတွေ့ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
ဤတစ်ကြိမ်တွင် သူကိုယ်တိုင် ဆင်းသက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။
ဒီအခြေအနေတောင် ရောက်လာပြီဆိုတော့...
သွေးမျိုးနွယ်ဝင် အားလုံး၏ စိတ်နှလုံးများ အေးချမ်းသွားကြပြီ ဖြစ်သည်။
ကိုင်းအာသည် သူတို့၏ ယုံကြည်ကိုးကွယ်ရာ၊ သူတို့၏ ဘိုးဘေးဖြစ်သောကြောင့်ဖြစ်သည်။
သူတို့၏ အမြင်တွင် မည်သူမျှ သူတို့၏ နတ်ဘုရားသခင်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
သူတို့ရှေ့မှောက်တွင် ရှိနေသော အစွမ်းထက် ကျင့်ကြံသူပင်လျှင် မယှဉ်နိုင်ဟု ယူဆထားကြသည်။
သို့သော် ထိုသို့သော အခြေအနေများကြား၌...
ရွှယ်အန်းသည်တော့ ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်နေဆဲဖြစ်ပြီး ကိုယ့်ဘာသာ ဝိုင်ငှဲ့သောက်နေသည်။
သူသည် ဆင်းသက်လာသော Gaiaဆိုသည့်အကောင်ကို မရှိသကဲ့သို့သဘောထားနေသည်။
ထိုအချိန်တွင်...
ကိုင်းအာ၏ ပုံရိပ်သည် အောက်သို့ရောက်ရှိလာပြီး လက်ကိုမြှောက်ကာ ပြောလိုက်သည်။
"အကုန်လုံး ထကြတော့"
သူ၏ အသံမှာ အေးစက်နေသော်လည်း မည်သူမျှ မငြင်းဆန်ရဲသော အထွတ်အထိပ် အာဏာများပါဝင်နေသည်။
သွေးမျိုးနွယ် အကြီးအကဲများ အားလုံး ကပျာကယာ ထလိုက်ကြပြီး တစ်ဖက်တွင် ရိုသေစွာ သွားရောက်ရပ်နေကြသည်။
အင်အားချင်း ယှဉ်ပြိုင်မှု အခြေအနေမှာ ချက်ချင်းပင် ထင်ရှားသွားသည်။
တစ်ဖက်တွင် ကမ္ဘာမြေကို တုန်လှုပ်စေသော သွေးမီးတောက်များဖြင့် သွေးမျိုးနွယ်အုပ်စုကြီး ရှိနေပြီး အခြားတစ်ဖက်တွင်တော့ စားပွဲခုံနောက်တွင် ထိုင်ကာ ကိုယ့်ဘာသာ ဝိုင်ငှဲ့သောက်နေသော ရွှယ်အန်း ရှိနေသည်။
ဤထူးဆန်းသော ထိပ်တိုက်တွေ့ဆုံမှုကြောင့် နေရာတစ်ခုလုံးတွင် သေမင်းတမန်နယ်မြေပမာ တိတ်ဆိတ်မှုမျိုး လွှမ်းခြုံသွားသည်။
ထို့နောက် သွေးရောင်အလင်းတန်းများ နောက်ကွယ်မှ ကိုင်းအာ၏ အသံသည် အေးစက်စွာ ထွက်ပေါ်လာသည်။
"ရွှယ်အန်း... မင်းက ငါ့ရဲ့ သွေးကမ္ဘာထဲကို တစ်ယောက်တည်း လာပြီးတော့ ဖျက်ဆီးရဲတယ်၊ ငါ့ရဲ့ သွေးမျိုးဆက်တွေကိုလည်း ရဲရဲတင်းတင်း သတ်ဖြတ်ရဲတယ်ဆိုတော့ မင်းသတ္တိက ဘယ်လောက်တောင်ရှိလဲ ငါသိချင်တယ်၊ မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို နိုင်မယ်လို့ တကယ်ပဲ ယုံကြည်နေတာလား"
ရွှယ်အန်းသည် မျက်လုံးကို ပင့်ကြည့်လိုက်ပြီး သူ့ရှေ့မှ အင်အားကြီးမားလှသော သွေးမျိုးနွယ်အုပ်စုကြီးကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် ကိုင်းအာကို အာရုံစိုက်လိုက်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။
"နတ်ဘုရား အဆင့်အတန်း ပျက်စီးနေတဲ့ နတ်ဘုရားတုကများ ငါ့ကို ဒီလေသံနဲ့ ပြောရဲတယ်ပေါ့"
ထိုစကားသံအဆုံးတွင်...
ကိုင်းအာကို လွှမ်းခြုံထားသော သွေးရောင်အလင်းတန်းများမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကောင်းကင်နှင့် မြေကြီးပါ သိမ့်သိမ့်တုန်သွားတော့သည်။
အခန်း (၈၈၈) - ကောင်းကင်ဘုံမှ နတ်ဘုရားများ
ထိုအချိန် အေးစက်စက် လှောင်ရယ်သံတစ်ခု ထွက်လာသည်။
"ငါ ပိုပြီးတော့တောင် သိချင်လာပြီ၊ မင်းက ဘယ်လိုနောက်ခံမျိုး ရှိနေလို့ ဒီလောက်တောင် အများကြီး သိနေရတာလဲ"
ရွှယ်အန်းက ကုလားထိုင်ကို နောက်မှီလိုက်ပြီး သက်သောင့်သက်သာပင် နေလိုက်သည်။ သူ့ မေးခွန်းကိုတော့ မဖြေပေ။ ထိုအစား ရိုဆယ်လင်းကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းတို့က အချိန်ဆွဲဖို့ နည်းလမ်းပေါင်းစုံ သုံးနေကြတာ ဒါကြောင့်လား"
ရိုဆယ်လင်း က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ရွှယ်အန်း... ရှင်က သေခါနီးနေတာတောင် မောက်မာနေတုန်းပဲ... ရှင်..."
သူမ စကားမဆုံးခင်မှာပင် ရွှယ်အန်းက ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ့လက်ထဲမှ ဝိုင်ခွက်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ရိုဆယ်လင်း၏ ရှေ့သို့ ရောက်သွားကာ တခဏချင်းမှာပင် သူမ၏ နှာခေါင်းရိုးကို ရိုက်ချိုးလိုက်လေသည်။
သူမသည် သွေးမျိုးနွယ်၏ အစွမ်းထက်သော အကြီးအကဲတစ်ဦး ဖြစ်သော်လည်း ဤဒဏ်ရာမျိုးက သူမအတွက် မပြင်းထန်လှပေ။
သို့သော် ရွှယ်အန်း၏ လုပ်ရပ်က ရက်စက်လွန်းသည်။
သူမ၏ နှာခေါင်းရိုးမှာ အတွင်းဘက်သို့ ချိုင့်ဝင်သွားသည်။
ပြင်းထန်လှသော နာကျင်မှုကြောင့် ရိုဆယ်လင်းမှာ နှာခေါင်းကို အုပ်ကိုင်ပြီး အော်ဟစ်လိုက်ရသည်။
Gaiaသည်လည်း သူ၏ သွေးမျိုးနွယ်၀င်ကို သူမျက်စိရှေ့မှာတင် ရွှယ်အန်းက ဆုံးမရဲသည်ကို မြင်လိုက်ရသောအခါ သူ့ စိတ်ထဲမှ ဒေါသများကို မထိန်းချုပ်နိုင်တော့ပေ။
"ရွှယ်အန်း... အရမ်း မမောက်မာနဲ့၊ ငါက သွေးနတ်ဘုရားသခင်ပဲ၊ မင်းဘယ်လောက် အစွမ်းထက်ထက် ငါ့လို ပုဂ္ဂိုလ်မျိုးကိုတော့ လေးစားမှု ရှိသင့်တယ်"
သို့သော် ရွှယ်အန်းက ရယ်မောလိုက်ပြီး လက်သုံးချောင်း ထောင်ပြလိုက်သည်။
"ငါ ဒီကိုလာတာ ရည်ရွယ်ချက် သုံးခုရှိတယ်၊ အဲ့ဒါတွေ ပြီးတာနဲ့ ငါပြန်မယ်"
"ပထမအချက်... မင်းရဲ့ နတ်ဘုရားအဆင့်အတန်းက မပြည့်စုံတော့ဘူး ဆိုပေမယ့် မင်းက သွေးမျိုးနွယ်တွေရဲ့ ဘိုးဘေးပဲ၊ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကမ္ဘာမြေပေါ်က စစ်ပွဲမှာ ဘယ်သူတွေ ပါဝင်ခဲ့လဲဆိုတာ မင်းသိကိုသိရမယ် အဲ့ဒါ ငါ့ကို ပြောပြ..."
"ဒုတိယအချက်၊ မင်းနဲ့ မင်းရဲ့လက်အောက်ငယ်သားတွေရဲ့ နတ်ဘုရားခန္ဓာကိုယ်တွေကို ဖျက်ဆီးပြီး သွေးပုလဲအဖြစ် ပြောင်းလဲဖို့ ငါ့ကို ခွင့်ပြုရမယ်၊ အဲ့ဒါမှ ငါက မင်းတို့ရဲ့ စိတိဝိညာဉ်တွေကို ပြန်လွှတ်ပေးနိုင်မှာ"
"တတိယအချက်၊ မင်းတို့ရဲ့ နတ်ဘုရားဝိညာဉ်တွေအတွက် တန်ဖိုးအနေနဲ့ သက်ရှိတွေကို စိတ်ထင်တိုင်း မသတ်ဖြတ်တော့ဘူးဆိုတဲ့ ရှေးဟောင်း ကတိသစ္စာတစ်ခုကို ပြုရမယ်"
"ဒီအချက် ၃ ချက်ကို လုပ်ပေးရင် မင်းတို့အကုန်လုံးကို ငါအလွတ်ပေးမယ်"
"မောက်မာလိုက်တာ"
"သေချင်နေတာပဲ"
ရွှယ်အန်း ပြောပြီးသည်နှင့် ခန်းမဆောင်တစ်ခုလုံးတွင် ကန့်ကွက်ဆဲဆိုသံများ ပဲ့တင်ထပ်သွားသည်။
နတ်ဘုရား ကိုင်းအာဆိုလျှင် ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်မောလိုက်သည်။
"ရွှယ်အန်း... မင်းက ဘာကောင်လဲဆိုတာ ငါနောက်ဆုံးတော့ သိသွားပြီ"
"မင်းက ဟိုကမ္ဘာက လာတာပဲမလား၊ ငါမမှားဘူးဆိုရင် မင်းက အဲ့လူသားမျိုး ဖြစ်ရမယ်"
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"အဖြေမှန်တယ်... ဒါပေမယ့် ဆုတော့ မချဘူး"
"ဟမ့်"
ကိုင်းအာက နှာခေါင်းရှုံ့လိုက်ပြီး မောက်မာသော လေသံဖြင့် ပြောလိုက်သည်။
"ရွှယ်အန်း... မင်းမှာ ငါ့ရဲ့ ဖြစ်တည်မှုကို ခြိမ်းခြောက်နိုင်လောက်တဲ့ ထူးခြားတဲ့ အစွမ်းအစရှိတာတော့ ငါဝန်ခံတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ကိစ္စကို စုံစမ်းချင်တယ်ဆိုရင်တော့ မင်းအာခေါင် ခြောက်မခံနဲ့လို့ ငါအကြံပေးချင်တယ်"
"ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက ပါဝင်ပတ်သက်ခဲ့သူတွေက ဘယ်သူမှ မထိပါးရဲတဲ့ စကြာဝဠာအရပ်ရပက ပုဂ္ဂိုလ်တွေ ဖြစ်လို့ပဲ"
ထိုစကားကို ပြောလိုက်ချိန်တွင် ကိုင်းအာ၏ အသံ၌ မသိမသာ ကြောက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေသည်။
ရွှယ်အန်းက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။
"ဘယ်သူမှ မထိပါးရဲဘူး ဟုတ်လား၊ ဟားဟား... ငါ့မျက်လုံးထဲမှာတော့ မထိပါးရဲတဲ့သူဆိုတာ မရှိဘူး၊ ဘာလို့လဲဆိုတော့ ဘယ်သူမှ ငါ့ထက် မထူးခြားနိုင်လို့ပဲ"
ထိုစကားကြောင့် မထီမဲ့မြင် ရယ်သံများ ထွက်ပေါ်လာပြီး လူအများသည် ရွှယ်အန်း ကြွားလုံးထုတ်နေသည်ဟုသာ ထင်လိုက်ကြသည်။
ကိုင်းအာက ပိုလို့ပင် လှောင်ရယ်လိုက်သည်။
"ရွှယ်အန်း... တစ်ခါတလေကျရင် မင်းရဲ့ သတ္တိကို ငါလေးစားမိပါတယ်၊ ဒါပေမယ့် သတ္တိဆိုတာ အမြဲတမ်းတော့ ခွန်အားနဲ့ မညီမျှဘူးကွ"
"ကောင်းလိုက်တဲ့စကားပဲ"
ရွှယ်အန်းက လက်ကို ဖွဖွလေး တီးလိုက်ပြီး ဂရုမစိုက်သကဲ့သို့ ပြောလိုက်သည်။
"ဒါဆို ငါပြောတဲ့ အချက် ၃ ချက်လုံးကို မင်းသဘောမတူဘူးပေါ့လေ"
ကိုင်းအာစကားမပြောရသေးခင်မှာပင် သူ့နောက်တွင် ရပ်နေသော ချမ်ကျဲြသည် သည်းမခံနိုင်တော့ဘဲ အေးစက်စွာ ပြောလိုက်သည်။
"ရွှယ်အန်း... မင်းက သေခါနီးနေတာတောင် အခြေအနေကို မသိဘဲ ဒီလို တောင်းဆိုမှုမျိုး လုပ်ရဲတာက တကယ့်ကို ရယ်စရာကောင်းလွန်းတယ်"
ဗုန်း!
သူ့စကားဆုံးသည်နှင့် ထိုင်နေသော ရွှယ်အန်းသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ချမ်ကျဲ့၏ နောက်ကျောဘက်တွင် ပြန်ပေါ်လာကာ လက်သီးဖြင့် ထိုးချလိုက်သည်။
ချမ်ကျဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူမှုန်များအဖြစ် ပေါက်ကွဲထွက်သွားသည်။
ရွှယ်အန်းက လျစ်လျူရှုထားသည့် ပုံစံဖြင့် ပြောလိုက်သည်။
"မင်းတို့ သဘောမတူရင်လည်း ငါက တစ်ယောက်ချင်းစီ လိုက်ရိတ်သိမ်းပေးရတာပေါ့"
"သူ့ကို သတ်ကြ"
ကိုင်းအာဟိန်းဟောက်လိုက်သည်။
နတ်စစ်သူကြီးများနှင့် သွေးမျိုးနွယ် အဖွဲ့ဝင်အားလုံးသည် သူတို့၏ အပြင်းထန်ဆုံး သတ်ကွက်များကို တပြိုင်နက် ထုတ်ဖော်လိုက်ကြသည်။
ကိုင်းအာကိုယ်တိုင်လည်း အစွမ်းကုန် ထုတ်သုံးကာ သွေးလက်သည်းကွက်ဖြင့် တိုက်ခိုက်လိုက်သည်။
သို့သော် ရွှယ်အန်း ပြောသကဲ့သို့ပင် နတ်ဘုရားအဆင့်အတန်း မပြည့်စုံတော့သည့် ကိုင်းအာသည် စစ်မှန်အင်မော်တယ်တစ်ပိုင်းအဆင့်သို့သာ ရောက်ရှိသေးသည်ဖြစ်ရာ ရွှယ်အန်းကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
သူတို့၏ ဒေါသတကြီး တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း...
ရွှယ်အန်း၏ မျက်နှာထားမှာ အေးစက်နေပြီး မည်သည့် ဟန်ရေးပြမှုမျှ မပါဘဲ လက်သီးကိုဆုပ်ကာ တရစပ် ထိုးနှက်လိုက်လေသည်။
ဗုန်း ဗုန်း ဗုန်း...
ရွှယ်အန်း၏ သံမဏိ လက်သီးချက်များအောက်တွင် သွေးမျိုးနွယ်ဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲကုန်ကြသည်။
တခဏအတွင်းမှာပင်...
သွေးမျိုးနွယ်၏ နတ်စစ်သူကြီးများနှင့် အကြီးအကဲ အားလုံးကို ရွှယ်အန်းက ပြင်းထန်စွာ ရိုက်နှက် ဖျက်ဆီးလိုက်လေသည်။
ဤသွေးမျိုးနွယ်ဝင်များသည် ပြန်လည်ကုစားနိုင်စွမ်း ရှိကြသော်လည်း ဤမျှ ပြင်းထန်သော ဒဏ်ရာမျိုးကို ပြန်ကောင်းရန် လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်ခန့်တော့ ကြာမြင့်မည်ဖြစ်သည်။
ထို့နောက် ရွှယ်အန်းသည် ခပ်လှမ်းလှမ်းတွင် တုန်ယင်စွာ ရပ်နေသော ကိုင်းအာဘက်သို့ လှည့်ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။
"ကစားပွဲက အခုမှ စတာ၊ မင်းက မပြောချင်မှတော့ မင်းပါးစပ်က ထွက်လာတဲ့အထိ ငါရိုက်ထုတ်ရတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်း၏ ပုံရိပ်သည် ရိပ်ခနဲ ဖြစ်သွားပြီး ကိုင်းအာ၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားကာ လက်သီးဖြင့် ရွယ်လိုက်သည်။
နတ်ဘုရား ကိုင်းအာသည် ရွှယ်အန်း၏ အမြန်နှုန်းကြောင့် ထိတ်လန့်သွားပြီး နတ်ဘုရားအစွမ်းကြောင့်သာ သေစေနိုင်သော ထိုတိုက်ကွက်ကို သီသီလေး ရှောင်တိမ်းလိုက်နိုင်သည်။
သို့သော် လက်သီးဖြတ်သွားသော နေရာတွင် သူ့ခန္ဓာကိုယ်၏ တစ်ဝက်ခန့်မှာ စိစိညက်ညက် ကြေမွသွားသည်။
ကိုင်းအာသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး အက်ကွဲသောအသံဖြင့် အော်ပြောလိုက်သည်။
"ကျန်တဲ့လူတွေ ထွက်မလာကြသေးဘူးလား၊ ငါအသတ်ခံရတဲ့အထိ စောင့်နေကြတာလား"
"မင်းမှာ ကူညီမယ့်သူတွေ ရှိသေးတာလား?"
ရွှယ်အန်း အနည်းငယ် အံ့သြသွားသော်လည်း နှုတ်ခမ်းကို သပ်လိုက်ရာ သူ့လေသံတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပါဝင်နေသည်။
ထိုအချိန်၌ပင်...
ကောင်စီခန်းမဆောင်၏ အမိုးခုံးကြီးသည် ရုတ်တရက် ပြိုကျသွားပြီး ဘာမှမရှိတော့သည့် အာကာသပြင် ဖြစ်သွားသည်။ ထို့နောက် ပြိုကျသွားသော အမိုးခုံး၏ အထက်မှ တောက်ပသော အလင်းတန်းကြီးတစ်ခု တည့်မတ်စွာ ထိုးဆင်းလာပြီး နေရာတစ်ခုလုံး လင်းထင်းသွားသည်။ ထို့နောက် ချက်ချင်းဆိုသကဲ့သို့ အလင်းတန်းကြီးထဲမှ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသော အရှိန်အဝါများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ထိုအရှိန်အဝါများ ပေါ်လာသည်နှင့် တပြိုင်နက် အာကာသဟင်းလင်းပြင်ကြီးပင် မခံနိုင်တော့ဘဲ တစ်စစီ အက်ကွဲကုန်သည်။
ရွှယ်အန်း၏ မျက်နှာထားသည်လည်း လေးနက်သွားသည်။
ဒီလောက် အစွမ်းထက်တယ်ဆိုတော့ ဒါက...
ကိုင်းအာသည် ရွှယ်အန်း၏ ဇဝေဇဝါဖြစ်မှုကို ရိပ်မိသွားသဖြင့် မောက်မာစွာ ရယ်မောလိုက်သည်။
"ရွှယ်အန်း... ငါက မင်းရဲ့အစွမ်းကို သတိမထားမိဘူးလို့ မင်းထင်နေတာလား၊ ငါမင်းကို ဒီရောက်အောင် ဆွဲခေါ်လာတာက ကောင်းကင်ဘုံက နတ်ဘုရားတွေ ဆင်းလာတာကို စောင့်ဖို့ပဲ"
ကောင်းကင်ဘုံက နတ်ဘုရားများ...
ဤရိုးရှင်းသော စကားလုံးများသည် မှန်းဆ၍မရနိုင်သော အထွတ်အထိပ် အင်အားကို ကိုယ်စားပြုနေသည်။
ရွှယ်အန်း၏ မျက်လုံးအကြည့်များပင် အေးစက်သွားသည်။
ထိုအချိန်တွင်...
ပျင်းရိလေးတွဲ့သော လေသံတစ်ခု အလင်းတန်းထဲမှ ထွက်ပေါ်လာသည်။
"ရွှယ်အန်း... မင်းရဲ့ လတ်တလော လုပ်ရပ်တွေကို ငါတောင် ကြားထားမိတယ်၊ ငါကိုယ်တိုင် မင်းကို လာရှင်းပေးရတာဆိုတော့ မင်းအနေနဲ့ ဂုဏ်ယူသင့်တယ်"
ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် လူတစ်စုသည် အလင်းတန်းထဲမှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုထဲတွင် ရွှေရောင် အမွေးအမှင်များပါရှိသော တောဝက်ကြီးကို စီးနင်းထားပြီး အောင်နိုင်သူ၏ ဓားရှည်ကို ကိုင်ဆောင်ထားသည့် အပေါ်ပိုင်း ဗလာကျင်းနှင့် ရွှေရောင်ဆံပင်ပိုင်ရှင် အမျိုးသားတစ်ဦး ပါဝင်သည်။
သူ့ဘေးတွင်မူ တောင်ကြီးတစ်လုံးမျှ မြင့်မားသော နှင်းလူဘီလူးကြီးတစ်ကောင် ပါလာသည်။
ထိုတင်မကသေး သူတို့နောက်တွင် ရောမခေတ် ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားပြီး လှံတံရှည်များ ကိုင်ဆောင်ထားသော စစ်သည်များ မရေမတွက်နိုင်အောင် ပါဝင်သည်။
သို့သော် ထိုအဖွဲ့၏ ရှေ့ဆုံးတွင် ကြီးမားလှသော ပင်လယ်မြွေနဂါးကြီးတစ်ကောင် ရှိသည်။
ထိုမြွေနဂါးကြီး၏ ခေါင်းပေါ်တွင်မူ ဖိနပ်တစ်ဖက်တည်းသာ စီးထားပြီး မျက်နှာတွင် မောက်မာမှုအပြည့်နှင့် အလွန်ချောမောသော အမျိုးသားတစ်ဦး ထိုင်နေသည်။
ရွှယ်အန်းသည် ထိုလူအုပ်စုကို စိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် အသက်ပြင်းပြင်း ရှူလိုက်သည်။
"ဥရောပမြောက်ပိုင်း နတ်ဘုရားတွေများလား"