အခန်း (၈၈၉-၈၉၁)
Vol. 60 Ch. 889-891
အခန်း (၈၈၉) - နတ်ဘုရားနယ်မြေအောက်မှ နတ်ဘုရားကို သတ်ဖြတ်ခြင်း
ဒါက တကယ့်ကို ဥရောပမြောက်ပိုင်းရဲ့ ဒဏ္ဍာရီထဲက နတ်ဘုရားတွေ ဖြစ်နေတာပဲ...
အောင်နိုင်သူ၏ ဓားရှည်ကို ကိုင်ဆောင်ထားပြီး တောဝက်ရိုင်းကြီးကို စီးနင်းထားသူမှာ ဥရောပ ဒဏ္ဍာရီလာ နေနတ်ဘုရား ဖရီယာဖြစ်သည်။
သူ့ဘေးတွင်မူ ဘီလူးမျိုးနွယ်စုမှ နှင်းလူဘီလူးကြီးများရှိနေသည်။
ထို့အပြင် ရှေ့ဆုံးမှ ပင်လယ်မြွေနဂါးကြီးသည် နာမည်ဆိုးဖြင့် ကျော်ကြားလှသော ကမ္ဘာပျက်စေသည့် မြွေနဂါးကြီး Jormungandr ပင် ဖြစ်သည်။
ထိုမြွေနဂါးကြီး၏ ခေါင်းပေါ်တွင် ထိုင်နေသူမှာမူ ဥရောပမြောက်ပိုင်း နတ်ဘုရင်၏ သားတော် ဗီဒါဖြစ်သည်။
ဗီဒါသည် ရွှယ်အန်းကို စိတ်ဝင်တစား
အကြည့်ဖြင့် ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ငါ တော်တော်လေး သိချင်နေမိတယ်၊ အဲ့ဒီကမ္ဘာက လမ်းဆုံးနေပြီလို့ ပြောထားကြတာ မဟုတ်လား၊ မင်းလို အစွမ်းထက်တဲ့သူက ဘယ်လိုလုပ် အဲ့ဒီကနေ ထွက်လာနိုင်ရတာလဲ၊ ဒါမှမဟုတ် အဲ့လူသားမျိုးတွေရဲ့ မျိုးဆက်က တကယ်တမ်း မပြတ်တောက်သွားသေးတာလား"
ရွှယ်အန်းသည် သူ့စကားကို ပြန်မဖြေဘဲ နတ်ဘုရင်၏ သားတော်ကို အေးစက်သော မျက်လုံးများဖြင့်သာ ကြည့်လိုက်သည်။
"နတ်ဘုရားများ နေဝင်ချိန်ပြီးသွားတာနဲ့ မင်းတို့ နောဒစ်နတ်ဘုရားတွေ အကုန်လုံး ပျောက်ချင်းမလှ ပျောက်သွားကြတာ အံ့သြစရာ မဟုတ်တော့ပါဘူး၊ တကယ်တမ်းကျတော့ မင်းတို့ကောင်တွေ ကောင်းကင်ဘုံဆီ ထွက်ပြေးသွားကြတာကိုး"
ဗီဒါက ဟားတိုက် ရယ်မောလိုက်သည်။
"နတ်ဘုရားများ နေဝင်ချိန် ဟုတ်လား၊ အဲ့ဒါက ပြင်ပလူတွေကို ဟန်ပြသက်သက် ပြောတဲ့ အကြောင်းပြချက်ပဲ"
"ဒါဆို ကြည့်ရတာ... လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကမ္ဘာမြေပေါ်က စစ်ပွဲမှာ မင်းတို့ နောဒစ်နတ်ဘုရားတွေလည်း လူသားမျိုးတွေကို သတ်ဖြတ်တဲ့အထဲ ပါဝင်ခဲ့တာပေါ့လေ၊ ဒါမှမဟုတ်... မင်းတို့က အဲ့ဒီ ပြင်ပမျိုးနွယ်တွေရဲ့ လက်ပါးစေ ခွေးတွေ ဖြစ်သွားကြတာလား"
ရွှယ်အန်း၏ မျက်ဝန်းများ ပိုမိုအေးစက်လာပြီး ပြင်းထန်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် မေးလိုက်သည်။
ဤနောဒစ်နတ်ဘုရား အုပ်စုကို မြင်လိုက်ရသည့် အချိန်ကစပြီး ရွှယ်အန်းသည် အရာများစွာကို ရုတ်တရက် နားလည်သွားခဲ့သည်။ ဥပမာအားဖြင့် သွေးနတ်ဘုရားသခင် ကိုင်းအာသည် အဘယ်ကြောင့် နောဒစ်ကောင်းကင်ဘုံနန်းတော်နှင့် ပူးပေါင်းကြံစည်ခဲ့လဲ ဆိုသည်မျိုးဖြစ်သည်။
ထိုကောင်များ သူ့ကို ထောင်ချောက်ဆင်ဖမ်းဖို့ အင်အားစုစည်းထားကြတာလဲ ဆိုသည်ကိုပါ သူသဘောပေါက်သွားသည်။
ထို့အပြင် နောဒစ်နတ်ဘုရားများ ရုတ်တရက် အစုလိုက်အပြုံလိုက် ပျောက်ကွယ်သွားခြင်းဖြစ်ကာ သစ်တောနတ်ဘုရားမ Chloris တစ်ယောက်တည်းသာ သီသီလေး လွတ်မြောက်ခဲ့ပြီး သူမ၏ နတ်ဘုရားအဆင့်အတန်း ပျက်စီးပြီး လန်ဒန်မြို့ရှိ အမှောင်နတ်သူငယ်များ၏ နယ်မြေမှာ မိခင်နတ်ဘုရားမအဖြစ် ပုန်းအောင်းနေရခြင်းတို့ဖြစ်သည်။
ထိုအရာအားလုံး၏ အဓိကအရင်းအမြစ်သည် လွန်ခဲ့သော နှစ်တစ်သောင်းက ကမ္ဘာမြေ စစ်ပွဲကြီးနှင့် သက်ဆိုင်နေသည်မှာ သေချာသည်။
ထို့အပြင် ဖြစ်နိုင်ခြေအရှိဆုံး ရှင်းပြချက်မှာ ဤနတ်ဘုရားအုပ်စုသည် အာကာသ ဟင်းလင်းပြင်မှ မျိုးနွယ်ကြီးများထံတွင် ခိုလှုံသွားပြီး ပြင်ပကမ္ဘာမှ ကောင်များ၏ အမဲလိုက်ခွေးများ ဖြစ်သွားကြခြင်းဖြစ်သည်။
တကယ်ပဲ...
ရွှယ်အန်း၏ စကားကို ကြားလိုက်ရသောအခါ နတ်ဘုရင်၏ သားတော် ဗီဒါ၏ မျက်နှာပေါ်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါတို့ မင်းကို လျှော့တွက်မိသွားပုံပဲ ရွှယ်အန်း မင်းပြောတာ မှန်ပါတယ်၊ ငါတို့ရဲ့ နောဒစ်ကောင်းကင်ဘုံနန်းတော်က စကြာဝဠာတစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ အရှင်သခင်ကြီးဆီမှာ ခိုလှုံခဲ့တာ အမှန်ပဲ"
ရွှယ်အန်း ခေါင်းကို အသာညိတ်လိုက်ရာ သူ၏မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များ ပိုမို ပြင်းထန်လာသည်။
"ကောင်းတယ်၊ မင်း ရိုးရိုးသားသား ဝန်ခံတဲ့အတွက် ငါမင်းကို မြန်မြန်ဆန်ဆန် ဇာတ်သိမ်းပေးမယ်"
"ဟားဟားဟားဟား ရွှယ်အန်း... မင်း တကယ်ကို မောက်မာလွန်းတာပဲ"
ဗီဒါက အားရပါးရ ရယ်မောလိုက်ပြီး ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။
"ဒါပေမယ့် ငါတို့ ဘာလို့ ဒီနေရာမှာ မင်းကို စောင့်နေကြတာလဲ သိလား"
"ဘာလို့လဲဆိုတော့ အရှင်သခင်ကြီးက မင်းတို့ လူသားမျိုးတွေထဲက အစွမ်းထက်တဲ့သူတွေ ထပ်ပေါ်လာသလားဆိုတာ သေသေချာချာ စောင့်ကြည့်ခိုင်းထားလို့ပဲ၊ တွေ့တာနဲ့ မေးခွန်းထုတ်မနေဘဲ သတ်ပစ်ဖို့ အမိန့်ပေးထားတယ်"
"ငါမင်းကို အမှန်တိုင်း ပြောပြရရင်... ဒီနှစ်ထောင်ပေါင်းများစွာအတွင်းမှာ မင်းတို့ လူသားမျိုးထဲက အစွမ်းထက်တဲ့သူ တော်တော်များများ ငါတို့လက်ချက်နဲ့ သေခဲ့ရပြီးပြီ၊ တချို့ဆို မင်းထက်တောင် ပိုမောက်မာကြသေးတယ်၊ ဒါပေမယ့် နောက်ဆုံးတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက ဖုန်မှုန့်ဖြစ်သွားပြီး သူတို့ရဲ့ ဝိညာဉ်တွေက ငါတို့ နန်းတော်ရဲ့ အကောင်းဆုံး ဆုတံဆိပ်တွေ ဖြစ်သွားကြတာချည်းပဲ"
ဗုန်း!
ရွှယ်အန်း၏ ပတ်လည်ရှိ အာကာသပြင်သည် ရုတ်တရက် အက်ကွဲကြောင်းများစွာ ပေါ်လာသည်။
အလွန်အမင်း အေးစက်သော သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် ကမ္ဘာကြီးတစ်ခုလုံးသည် ထိုအလေးချိန်ကို မခံနိုင်တော့သည့်အလား ညည်းတွားမြည်ဟီးလေသည်။
ရွှယ်အန်း၏ အသံမှာ ရေခဲတမျှ အေးစက်နေသည်။
"ကောင်းပြီလေ၊ မင်းတို့ နောဒစ်ကောင်းကင်ဘုံနန်းတော်က ဆက်ရှိနေစရာ မလိုတော့ဘူး"
ထိုစကားကို ကြားသောအခါ ဗီဒါက အထင်သေးစွာ ပြုံးလိုက်သည်။
"ရွှယ်အန်း... မင်းက ငါတို့ကို ကမ္ဘာမြေပေါ်မှာတုန်းကလို အားနည်းတဲ့ ဒေသခံ နတ်ဘုရားတွေလို့ ထင်နေတုန်းပဲလား"
"အရှင်သခင်ကြီးနောက်ကို လိုက်ပြီးတဲ့နောက်မှာ ငါတို့ရဲ့ အစွမ်းက အဆတစ်သောင်းမက တိုးတက်လာခဲ့ပြီကွ"
"ရွှယ်အန်း... ငါတို့နှစ်ယောက်လုံးက အဲ့ဒီမြေပေါ်မှာ နေထိုင်ခဲ့ဖူးကြတာကို ထောက်ထားပြီး မင်းသာ အညံ့ခံပြီး မင်းဝိညာဉ်ကို ချည်နှောင်ခွင့်ပေးမယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေးလေး နည်းနည်းတော့ ရှိဦးမယ်၊ အဲ့လိုမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက စစ်ပွဲကြီးအကြောင်းကို ဆက်ပြီး စုံစမ်းချင်နေတယ်ဆိုရင်တော့... ဟား... စကြာဝဠာရပ်ဝန်း ဘယ်နေရာမှာမှ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး"
"ဟားသား"
ရွှယ်အန်း ခေါင်းငုံ့လိုက်သည်။ သြူဆံပင်များသာ် မျက်လုံးများကို ဖုံးကွယ်သွားသဖြင့် သူ၏အကြည့်များကို သေချာမမြင်ရတော့ပေ။ ထို့နောက် ငရဲမှ လာသည့်အလား အေးစက်သော ရယ်သံများ ထွက်ပေါ်လာသည်။
"ပြိုင်ဘက်က ဘယ်သူပဲဖြစ်ဖြစ်... အဲ့ဒီတုန်းက လူသားမျိုးတွေအပေါ် အခုလို ယုတ်မာတဲ့ လုပ်ရပ်တွေ လုပ်ခဲ့မှတော့... လတ်ဆတ်တဲ့ သွေးတွေနဲ့ ဆယ်ဆပြန်ပေးဆပ်ရမယ်"
"မင်း..."
ဗီဒါ၏ မျက်နှာ ပျက်သွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် အဆုံးမဲ့ ဓားအလင်းတန်းများက ဟင်းလင်းပြင်တစ်ခုလုံးတွင် ပြည့်နှက်သွားသည်။
ရွှယ်အန်းသည် ထိုအလင်းတန်းများ၏ အထွတ်အထိပ်တွင် ရပ်လျက် နတ်ဘုရားများကို ငုံ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ပြီးတော့ မင်း... မင်းက ဒီသွေးကြွေးအတွက် အတိုးပေးရုံသက်သက်ပဲ ရှိသေးတယ်"
ဘုန်း!
ရွှယ်အန်း၏ အသံပဲ့တင်ထပ်သွားသည်နှင့် အဆုံးမဲ့ ဓားအလင်းတန်းများသည် မိုးစက်များအလား ရွာကျလာသည်။
ဤအချိန်တွင် ရွှယ်အန်း၏ သတ်ဖြတ်လိုစိတ်မှာ အရှိန်ပြင်းစွာ တောက်လောင်နေသည်။
သူ၏ ဓားအသိစိတ်မှာလည်း ပိုမို ရက်စက်ကြမ်းကြုတ်လာသည်။
မျက်စိတစ်မှိတ်အတွင်း...
အားနည်းသော သွေးမျိုးနွယ်ဝင် အများစုမှာ သေဆုံးကုန်ကြပြီး အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရကုန်ကြသည်။
သွေးမျိုးနွယ် အကြီးအကဲ အနည်းငယ်နှင့် သွေးနတ်စစ်သူကြီးများသာလျှင် ဤဓားအလင်းတန်းများအောက်၌ မိမိကိုယ်ကို သီသီလေး ကာကွယ်နိုင်ကြသည်။
သို့သော် ဤမျှ အစွမ်းထက်လှသော ဓားအသိစိတ်သည် နောဒစ်နတ်ဘုရားမျိုးနွယ်များကိုမူ ထိခိုက်မှု ကြီးကြီးမားမား မဖြစ်စေခဲ့ပေ။
နတ်ဘုရား သံချပ်ကာဝတ် စစ်သည်များသာ ဓားအလင်းတန်းကြောင့် စုတ်ပြတ်သတ်သွားကြသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုစစ်သည်များက ပြန်လည် ပေါင်းစည်း ဖြစ်ပေါ်လာကြသည်။
ဗီဒါနှင့် အခြားသော အဆင့်မြင့် နတ်ဘုရား ဝိညာဉ်များကမူ ဒဏ်ရာအသေးစားလောက်သာ ရရှိကြသည်။
ဗီဒါက အေးစက်စွာ ရယ်မောလိုက်သည်။
"ရွှယ်အန်း... မင်းရဲ့ ဓားအသိစိတ်က မဆိုးပါဘူး၊ အပြင်လောကမှာသာဆိုရင် ငါမင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါတို့ ဘာလို့ ဒီနေရာမှာ မင်းကို စောင့်နေလဲဆိုတာ သိလား"
ဗီဒါ၏ စကားအဆုံးတွင် အဓိကသွေးကမ္ဘာနယ်မြေ၏ ကောင်းကင်ယံ၌ နတ်ဘုရား အမှတ်အသားများ ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားသည်။
ထို့နောက် ရွှယ်အန်းသည် သူ့ပတ်ဝန်းကျင်မှ ကမ္ဘာကြီးတစ်ခုလုံးက သူ့ကို ဆန့်ကျင်နေသည့်ပမယ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တောင့်တင်းသွားကာ လှုပ်ရှားမှုများ နှေးကွေးသွားသည်။
ရွှယ်အန်း၏ မျက်လုံးများတွင် တောက်ပသော အလင်းတစ်ချက် လက်သွားသည်။
"နတ်ဘုရားနယ်မြေ"
ဗီဒါသည် အေးအေးလူလူ ကြည့်နေသော်လည်း ရွှယ်အန်း၏ စကားကို ကြားသောအခါ အံ့သြသွားသည့် အရိပ်အယောင်တစ်ခု မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။
"ဟုတ်တယ်... နတ်ဘုရားနယ်မြေပဲပဲ၊ ရွယ်အန်း မင်းက တော်တော်များများ သိထားတကို၊ မင်းက ကြယ်တာရာ မျိုးနွယ်စုကြီးတွေထဲက တစ်ခုခုရဲ့ မျိုးဆက်များ ဖြစ်နေမလားလို့တောင် ငါသံသယဝင်မိတယ်"
ရွှယ်အန်း နှာခေါင်းရှုံ့လိုက်ပြီး တကမ္ဘာလုံး၏ ဖိနှိပ်ထားသော အားကို အစွမ်းကုန် ခုခံလိုက်သည်။
ဗီဒါက ယုတ်မာစွာ ပြုံးလိုက်သည်။
"အလကားပဲ ရွှယ်အန်း... ငါတို့ရဲ့ နတ်ဘုရားနယ်မြေ အာဏာစက်အောက်မှာ ဘယ်သူမှမခံနိုင်ဘူး၊ ဘာလို့လဲဆိုတော့ လူသားတွေက နတ်ဘုရားကို မနိုင်နိုင်လို့ပဲ"
ထိုသို့ပြောပြီးနောက် ဗီဒါသည် အားရပါးရ ဟားတိုက် ရယ်မောလိုက်လေသည်။ သူ၏ ရယ်သံများထဲတွင် သားကောင်ကို လှောင်ပြောင်ရသည့် ကျေနပ်မှုများ ပြည့်နှက်နေသည်။ ထိုအချိန်တွင် သူ့နောက်ကျောဘက်မှ ရွှယ်အန်း၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။
"ဟုတ်လား၊ ဒါဆို ဒီနေ့... ငါ နတ်ဘုရားဆိုတာကို သတ်ပြမယ်"
ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်း လက်သီးဖြင့် ထိုးလိုက်သည်။
ဗီဒါမှာ အလွန်တုန်လှုပ်သွားပြီး စကားပင်မပြောနိုင် ကာကွယ်ရန်ပင် အချိန်မရဘဲ မိုးကြိုးပစ်ချလိုက်သည့်ပမာ ဝင်ရောက်လာသော လက်သီးချက်ကို မျက်လုံးပြူးကြည့်နေရုံသာ တတ်နိုင်တော့သည်။
ကံကောင်းစွာပင် သူ့ဘေးမှ နေနတ်ဘုရား
ဖရီယာ သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ဓားကိုမြှောက်ကာ ရှေ့သို့ ပြေးထွက်လာကာ ရွှယ်အန်း၏ လက်သီးကို သီသီလေး ဝင်ရောက်ပိတ်ဆို့ပေးလိုက်သဖြင့် ဗီဒါရှောင်တိမ်းချိန် ရသွားသည်။
သို့သော် နေနတ်ဘုရား ဖရီယာ သည်ပင်လျှင် ရွှယ်အန်း၏ အထွတ်အထိပ် အစွမ်းထက်လှသော လက်သီးချက်ကြောင့် စက္ကန့်ပိုင်းလောက်သာ တောင့်ခံနိုင်ပြီး မိုင်ရာချီဝေးသော နေရာသို့ လွင့်ထွက်သွားလေသည်။
ထို့နောက် သူကိုင်ဆောင်ထားသော အောင်နိုင်သူ၏ ဓားရှည်သည် မိုးခြိမ်းသံကဲ့သို့ အသံမြည်လျက် ကြေမွသွားပြီး သူ၏ နတ်ဘုရား ခန္ဓာကိုယ်ပေါ်တွင်လည်း အက်ကွဲကြောင်းများ ပေါ်လာသည်။
ရှုံးပွဲမရှိဟု ကျော်ကြားသော နေနတ်ဘုရား ဖရီယာ သည် ရွှယ်အန်း၏ လက်သီးတစ်ချက်ကိုပင် မခံနိုင်ပေ။
ထိုမြင်ကွင်းကြောင့် ဗီဒါလည်း တုန်လှုပ်သွားသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် မော့ကြည့်လာပြီး ဗီဒါကို အေးစက်စွာ ပြုံးပြလိုက်သည်။
"နောက်တစ်ခါကျရင်တော့... အခုလောက် ကံကောင်းမှာ မဟုတ်တော့ဘူးနော်"
ရွှယ်အန်း၏ အပြုံးကြောင့် ဗီဒါမှာ နှလုံးသားထဲထိ တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
တစ်ချိန်တည်းမှာပင် သူ့ဒေါသများကိုလည်း အကြီးအကျယ် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူသည် မြင့်မြတ်လှသော နတ်ဘုရင်၏ သားတော် ဖြစ်ပါလျက် လူသားတစ်ယောက်ကြောင့် ကြောက်ရွံ့သွားခဲ့သည်။
ထို့ကြောင့် သူ မာန်မဲလိုက်သည်။
"အကုန်လုံး တိုက်ကြ၊ သူ့ကို သတ်ပစ်”
အခန်း (၈၉၀) - နတ်ဘုရင် အိုဒင် - ရာစုနှစ်တိုက်ပွဲ
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် လွင့်စဉ်သွားဖူးသော နေနတ်ဘုရား ဖရီယာ၊ နှင်းလူဘီလူးကြီး၊ သူရဲကောင်းစစ်သည်များနှင့် Yimir ဟုခေါ်သော စီးတော်ယာဉ် တို့သည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ရွှယ်အန်းကို ဝိုင်းထားလိုက်ကြသည်။
ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသော်လည်း ရွှယ်အန်းတွင် ကြောက်ရွံ့မှု အလျဉ်းမရှိပေ။
ယခုအချိန်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိသည်။
ထိုအရာမှာ သတ်ဖြတ်ရန်ပင်...
လူသားမျိုးများကို ရက်စက်စွာ ဖိနှိပ်ခဲ့ပြီး ပြင်ပလူများ၏ ရုပ်သေးရုပ်များအဖြစ် ပြုမူခဲ့သော ဤနတ်ဘုရားများအားလုံးကို သတ်ဖြတ်ပြီး အတိတ်က နေ့ရက်များအတွက် လက်စားချေရန်ဖြစ်သည်။
ထို့ကြောင့် ရွှယ်အန်း၏ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာပြီး သူ၏ လက်သီးများသည် ကြယ်တံခွန်များပမာ မောက်မာသော နတ်ဘုရားများထံသို့ တရစပ် ကျဆင်းသွားလေသည်။
ဗုန်း ဗုန်း ဗုန်း!
အသံနက်ကြီးများ ထွက်ပေါ်လာပြီးနောက် နေနတ်ဘုရား ဖရီယာ သည် နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။ ဤတစ်ကြိမ်မူ သူ ယခင်ကဲ့သို့ မတည်ငြိမ်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ နတ်ဘုရားခန္ဓာကိုယ်ပေါ်တွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်နေပြီး နောက်ထပ် လက်သီးတစ်ချက်သာ ထပ်ထိပါက ကြေမွပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် ရွှယ်အန်းကို ထိတ်လန့်စွာ ကြည့်နေပြီး အနားသို့ မကပ်ရဲတော့ပေ။
တချိန်တည်းမှာပင် နှင်းလူဘီလူးကြီးမှာလည်း တစ်ဝက်ခန့် ကြေမွသွားပြီး ဟင်းလင်းပြင်ထဲတွင် မနည်းရပ်နေရသည်။
ကမ္ဘာပျက်စေသော မြွေနဂါးကြီး Yimir ၏ အဖြစ်က ပိုဆိုးသည်။
၎င်း၏ ခန္ဓာကိုယ်သည် ရွှယ်အန်း၏ လက်သီးချက်ကြောင့် နှစ်ပိုင်းပြတ်သွားပြီး ယခုအခါ မြေကြီးထဲမှ တီကောင်တစ်ကောင်ပမာ တွန့်လိမ်နေကာ ပြန်လည်စပ်ရန် ကြိုးစားနေရသည်။
ဗီဒါသည်လည်း တည်ငြိမ်မှုကို ထိန်းမထားနိုင်တော့ပေ။ ဘယ်တော့မှ မပျက်စီးနိုင်ဟု ဆိုထားသော ဖိနပ်သည် ယခုအခါ အက်ကွဲကြောင်းများ ပေါ်နေပြီဖြစ်သည်။
ထိုဖိနပ်သည် သူ့ဖခင် Odin ကိုယ်တိုင် ပေးသနားထားသော ဘယ်တော့မှ မပျက်စီးနိုင်ဟု ကျော်ကြားသည့် နတ်ဘုရားလက်နက်ဖြစ်သည်။
သို့သော် ရွှယ်အန်း၏ လက်သီးတစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။
ယခုအချိန်တွင်...
ဗီဒါသည် ရွှယါအန်းကို ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်နေမိသည်။
ဤလူမှာ အစွမ်းထက်လွန်းနေသည်။
သူ ထင်ထားသည်ထက် ပိုပြီး အစွမ်းထက်နေသည်။
ပျက်စီးတော့မည့် ကမ္ဘာမြေပေါ်မှ ဘာကြောင့် ဤမျှလောက် အစွမ်းထက်သောလူမျိုး ပေါ်ထွက်လာရသနည်း...
ဗီဒါစိတ်ထဲတွင် သံသယများနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
သို့သော် ရွှယ်အန်းမှာ မောပန်းသည့် အရိပ်အယောင် လုံးဝမရှိဘဲ လက်ကိုမြှောက်ကာ ဗီဒါကို ညွှန်ပြပြီး အေးစက်စွာ ပြောလိုက်သည်။
"ဒါက အမြည်းသဘောပဲ ရှိသေးတယ်၊ ပွဲစစ်စစ်က အခုမှ စမှာ"
"အကြောင်းအကျိုးတရား"
ဝုန်း!
အစွမ်းထက်လှသော စည်းမျဉ်းစွမ်းအင်များ ဆင်းသက်လာပြီး နတ်ဘုရားအားလုံးကို မြဲမြံစွာ ချုပ်နှောင်လိုက်သည်။
ဗီဒါရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ပေ။ ထိုအခါ သူ့စိတ်ထဲတွင် ကြီးမားသော ကြောက်ရွံ့မှုများ ဝင်ရောက်လာသည်။
ထိုအချိန်တွင်...
ရွှယ်အန်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ပြောင်းပြန်လှန်စမ်း"
ဝုန်း!
အဆုံးမဲ့ အကြောင်းအကျိုး စွမ်းအားများသည် နတ်ဘုရားအားလုံးကို လွှမ်းမိုးသွားသည်။
မျက်စိတစ်မှိတ်အတွင်း...
နေနတ်ဘုရား ဖရီယာ ၊ နှင်းလူဘီလူးကြီးနှင့် မြွေနဂါးကြီး Yimir တို့ အားလုံးသည် အပိုင်းပိုင်းအစစ ကြေမွသွားပြီး သူတို့၏ နတ်ဘုရားအဆင့်အတန်းများပါ ပျောက်ကွယ်သွားလေသည်။
Odin ပေးထားသော ဖိနပ်ကို အားကိုးပြီး နတ်ဘုရင်၏ သားတော် ဗီဒါတစ်ယောက်တည်းသာ ဆက်လက် ရုန်းကန်နေရသည်။
သို့သော် ထိုဖိနပ်ရှိ အက်ကွဲကြောင်းများ နက်ရှိုင်းလာသည်ကို ကြည့်ခြင်းအားဖြင့် ကြာကြာခံတော့မည် မဟုတ်ကြောင်း ထင်ရှားနေသည်။
ဗီဒါကြောက်ရွံ့နေပြီဖြစ်သောကြောင့် အော်ဟစ်အကူအညီတောင်းလိုက်သည်။
"ခမည်းတော်... ကယ်ပါဦးဗျာ"
ဗီဒါစကားဆုံးသည်နှင့် ၎င်း၏ ခေါင်းပေါ်တွင် ကြောက်မက်ဖွယ် နတ်ဘုရားအရှိန်အဝါများ ထွက်ပေါ်နေသော လှံရှည်ကြီးတစ်ချောင်း ရုတ်တရက် ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ရွှယ်အန်း၏ မျက်နှာတည့်တည့်သို့ ထိုးစိုက်ကျလာသည်။
သို့သော် လှံသွားထိပ်ဖျားသည် ရွှယ်အန်း၏ မျက်နှာပေါ်မှ မွေးညင်းနုများကို ထိခါနီးအချိန်လေးမှာပင် ရွှယ်အန်းသည် နှိုင်းယှဉ်မရနိုင်သော အမြန်နှုန်းဖြင့် လက်ကိုမြှောက်ကာ လှံရှည်ကြီးကို ဖမ်းကိုင်လိုက်သည်။
ဝုန်း!
ကြီးမားလှသော အရှိန်ကြောင့် ရွှယ်အန်းသည် မီတာတစ်ရာခန့် နောက်သို့ လွင့်ပါသွားပြီးမှ ရပ်တန့်နိုင်ခဲ့သည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား လှံရှည်ကြီးသည် ရှေ့သို့ တိုးမလာနိုင်တော့ပေ။
ဗီဒါကြောင်အသွားသည်။
လှံရှည်ကြီး ပေါ်လာခါစတွင် ဗီဒါ၏ စိတ်ထဲတွင် ရွှယ်အန်း သေပြီဟု တွေးကာ ဝမ်းသာသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤလှံသည် သူ့ခမည်းတော်၏ အစွမ်းကုန်တိုက်ခိုက်မှု ပါဝင်နေသောကြောင့် ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် အထွတ်အထိပ် နတ်ဘုရားလက်နက် ဖြစ်သော ထာဝရလှံတံ
၏ စစ်မှန်သော ပုံရိပ်ယောင် ဖြစ်သည်ဟုပင် ပြောနိုင်သည်။
မည်သူမျှ ဤတိုက်ခိုက်မှုကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။ သို့သော် ဤမျှဖြစ်နေသည့်တိုင် ရွှယ်အန်းကို မသတ်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။ ထိုအချိန်တွင် ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"ထာဝရလှံတံရဲ့ ပုံရိပ်ယောင်ပဲလား၊ နှမြောစရာပဲ... တကယ်လို့သာ အစစ်ဆိုရင် ငါနည်းနည်းတော့ စိုးရိမ်မိမှာ၊ ဒီလောက်နဲ့တော့ မင်းငါ့ကို ဘာလုပ်နိုင်မှာလဲ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လက်ကို အားကုန်ညှစ်လိုက်သည်။
ဂျွတ်!
လှံသွားသည် အတင်း ချိုးခံလိုက်ရသည်။ ထို့နောက် လှံတံသည် အော်ဟစ်သံ ပေးလျက် ရွှေရောင်အလင်းတန်းများအဖြစ် ကွဲထွက်သွားပြီး ပျောက်ကွယ်သွားလေသည်။ လှံတံ ကြေမွသွားသည်နှင့် ဗီဒါတစ်ကိုယ်လုံး တုန်ယင်သွားပြီး သေမင်းကို ယခုမှ ကြောက်ရွံ့မိသွားသည်။ ထိုအချိန်၌ပင် ကမ္ဘာကြီးတစ်ခုလုံးလည်း ရပ်တန့်သွားသည်။
မိုးတိမ်များ ရပ်တန့်သွားပြီး လေများလည်း ငြိမ်သက်သွားကာ အချိန်ကာလတစ်ခုလုံး ရပ်တန့်သွားသည့်ပမာ ထင်ရသည်။
ထို့နောက် ကောင်းကင်ကြီး တုန်ခါသွားပြီး ကြီးမားသော နတ်ဘုရားမျက်နှာကြီးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
မျက်လုံးတစ်လုံးတည်းနှင့် မုတ်ဆိတ်ရှည်ကြီး ပါရှိသော ထိုမျက်နှာကြီးသည် ဘုရင့်သရဖူကို ဆောင်းထားသည်။ သူ၏ အရှိန်အဝါ သက်ရောက်ရာနေရာတိုင်းတွင် အာကာသပြင်ပင် အက်ကွဲမတတ် ဖြစ်နေသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ဗီဒါသည် အံ့သြသွားပြီးနောက် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"ခမည်းတော် ကယ်ပါဦး"
ရွှယ်အန်းကမူ လက်ကို နောက်ပစ်ကာ မတ်မတ်ရပ်လျက် ကောင်းကင်မှ နတ်ဘုရားမျက်နှာကြီးကို မော့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"နတ်ဘုရင်Odin"
မှန်ပေသည်။
ဤမျက်လုံးတစ်လုံးတည်းနှင့် နတ်ဘုရားသည် စစ်ပွဲနှင့် သေခြင်းတရားကို ကိုယ်စားပြုသော ဒဏ္ဍာရီလာနတ်ဘုရင် Odinပင်ဖြစ်သည်။
Odin ၏ နတ်ဘုရားမျက်လုံးအတွင်းတွင် အလင်းတစ်ချက် လက်သွားသည်။
သူ့တွင် တောက်ပသော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး ဗီဒါကို လွှမ်းခြုံထားသော စည်းမျဉ်းများကို ဖျက်ဆီးလိုက်သည်။
ထို့နောက် သူသည် ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော အသံကြီး ထွက်ပေါ်လာသည်။
"လူသားမျိုး စစ်သည်တော်... မင်းက အရမ်း မောက်မာလွန်းတယ်၊ နောက်ဆက်တွဲ အကျိုးဆက်ကို အစဉ်းစားဘူးလား"
သူ့အသံ ရောက်ရှိရာ နေရာတိုင်းတွင် ထူးဆန်းသော ဖြစ်ရပ်များ ပေါ်ပေါက်နေသည်။
သို့သော် ရွှယ်အန်းကမူ တုန်လှုပ်ခြင်းမရှိဘဲ မိုးပေါ်တွင် မတ်မတ်ရပ်ကာ အေးစက်စွာ ပြောလိုက်သည်။
"အကျိုးဆက် ဟုတ်လား၊ မင်းတို့ ကမ္ဘာမြေကို သစ္စာဖောက်ပြီး ပြင်ပလူတွေနဲ့ပေါင်းကာ ငါတို့ လူသားမျိုးတွေကို သတ်ဖြတ်တုန်းကရော နောက်ဆက်တွဲ အကျိုးဆက်ကို စဉ်းစားခဲ့ရဲ့လား"
ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားသော Odin က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ငါတို့ နတ်ဘုရားတွေက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့တာပဲ၊ ဒါပေမယ့် မင်းက ခေါင်းမာနေမှတော့ ဒီနေ့ မင်းကို ငါကိုယ်တိုင် သတ်ပေးမယ်"
ထို့နောက် အဓိသွေးကမ္ဘာနယ်မြေ တစ်ခုလုံး တုန်ခါသွားပြီး လေပြင်းများ တိုက်ခတ်ကာ မိုးကြိုးများ ကောင်းကင်အနှံ့ ဖုံးလွှမ်းသွားသည်။
နတ်ဘုရင်၏ အမျက်ဒေါသ...
အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
သွေးနတ်ဘုရားကိုင်းအာပင်လျှင် ဤအချိန်၌ ခေါင်းငုံ့ကာ အညံ့ခံကြောင်း ပြသနေရသည်။
သို့သော် ထိုအရာအားလုံးကို ရင်ဆိုင်နေရသော ရွှယ်အန်း၏ မျက်လုံးများကမူ ပိုမိုတောက်ပလာသည်။
ထို့နောက် သူ လက်ကိုမြှောက်လိုက်ပြီး ကောင်းကင်မှ Odinကို မောက်မာစွာ လက်ယက်ခေါ်လိုက်သည်။
"စကားများမနေနဲ့... လာတိုက်စမ်း"
ဝုန်း...
အိုဒင်သည် လက်ညှိုးတစ်ချောင်း ထုတ်ကာ မြေကြီးဆီသို့ တည့်တည့် ဖိချလိုက်သည်။
သူ့ လက်ညှိုးတစ်ချောင်းတည်း ဆိုသော်လည်း သူ၏ နတ်ဘုရားခန္ဓာကိုယ်ကြီးမှာ ကြီးမားလွန်းသဖြင့် ထိုလက်ညှိုးသည် သွေးကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်လာချိန်တွင် ကျောချမ်းဖွယ်ရာ တိုင်လုံးကြီးတစ်တိုင်အလား ဖြစ်နေသည်။
ထိုဖိအား ရောက်ရှိရာနေရာတိုင်းတွင် မြေကြီးများ ပြိုကျကုန်ပြီး အောက်ခြေမရှိသော ချောက်နက်ကြီးများ ဖြစ်ပေါ်ကုန်သည်။
သို့သော် ရွှယ်အန်းသည် ရှောင်တိမ်းခြင်းမရှိဘဲ လက်သီးကိုမြှောက်ကာ Odinင် ၏ ကောင်းကင်ကို လောင်ကျွမ်းစေသော လက်ညှိုးအား ပင့်ထိုးလိုက်သည်။
ဗုန်း
အသံအနက်ကြီး ထွက်ပေါ်လာပြီးနောက် သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံရာ နေရာမှ ကြောက်မက်ဖွယ် တုန်ခါမှုလှိုင်းများ ပေါက်ကွဲထွက်လာသည်။ဆ
ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် တောင်များ ပြိုကျပြီး မြေကြီးများ တုန်ခါကာ ကောင်းကင်ကြီးပင် ယိမ်းယိုင်သွားသည်။
သွေးမျိုးနွယ်ဝင် အားလုံးသည် ထိုအစွမ်းကြောင့် လန့်ဖျပ်သွားကြပြီး ခပ်ဝေးဝေးသို့ ဆုတ်ခွာကာ ထိတ်လန့်စွာ စောင့်ကြည့်နေကြသည်။
အလင်းရောင်များ ကွယ်ပျောက်သွားသောအခါ ရွှယ်အန်းသည် လေထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ခြေတစ်လှမ်းမျှပင် နောက်မဆုတ်ခဲ့သည်ကို တွေ့လိုက်ရသည်။
ထို့နောက် Odin သည် နာကျင်စွာ အော်ဟစ်လိုက်သည်။
သူ၏ လက်ညှိုးသည် တစ်လက်မချင်းစီ ကြေမွသွားပြီး နတ်ဘုရားအလင်းတန်းများအဖြစ် ကွဲထွက်သွားလေသည်။
"ဘာလဲဟ... ခမည်းတော်ရဲ့ တိုက်ချက်ကို သူက ခုခံနိုင်တယ်တဲ့လား"
Vidar၏ မျက်လုံးများ ပြူးကျလုမတတ် ဖြစ်သွားသည်။ ဒါက သူ့စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီ...
"လူသားမျိုး... ငါမင်းကို တစ်စစီ ဆွဲဖြဲပစ်မယ်"
Odin ဟိန်းဟောက်လိုက်ပြီး အခြားလက်တစ်ဖက်က တုနှိုင်းမဲ့ လှံရှည်ကြီးကို ကိုင်ဆောင်ကာ အောက်သို့ ထိုးစိုက်ချလိုက်သည်။
ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အာကာသပြင်တောက် ပေါက်ကွဲထွက်သွားသည်။
စစ်မှန်သော လက်နက်၊ ထာဝရလှံတံ ပေါ်ထွက်လာချေပြီ…
အခန်း (၈၉၁) - ကောင်းကင်နဲ့ မြေကြီးကို ဆန့်ကျင်ပြီး သံသရာကို လည်ပတ်စေခြင်း
လေထုထဲတွင် အရှိန်အဝါများ ပြည့်နှက်နေသည်။
ရွှယ်အန်း၏ ဝတ်ရုံသည် လေတိုးသံကြောင့် တဖျပ်ဖျပ်ဖြစ်နေပြီး သူ့ပတ်ဝန်းကျင်ရှိ အာကာသပြင်သည် စတင်၍ အက်ကွဲ ကြေမွလာသည်။
သို့သော် ရွှယ်အန်းတွင် ကြောက်ရွံ့သည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။
ထို့အစား သူ၏ မျက်ဝန်းများသည် ပိုမိုတောက်ပလာပြီး ထာဝရလှံတံ၏ ပြိုင်ဘက်ကင်း တိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်ရန် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
ဗုန်း
နှစ်ဖက်ထိပ်တိုက် တွေ့ဆုံလိုက်သည့် နေရာတွင် အာကာသပြင်သည် အစအနမကျန် ဆုတ်ဖြဲခံလိုက်ရပြီး ကြောက်မက်ဖွယ်ရာ တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။
ထို့နောက် လှံရှည်ကြီးမှာ ပြန်ကန်ထွက်သွားသည်။
သို့သော် ရွှယ်အန်းသည်လည်း မအောင့်နိုင်ဘဲ ညည်းသံတစ်ချက်ပြုကာ ပေပေါင်းများစွာ အနောက်သို့ လွင့်စဉ်သွားရသည်။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရွှယ်အန်းသည် ထာဝရလှံတံကို ထိပ်တိုက်ရင်ဆိုင်ရဲပြီး အောင်မြင်စွာ တွန်းလှန်နိုင်လောက်သည်အထိ ဤမျှ ကြမ်းကြုတ်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
ထိုအချိန်တွင် ဗီဒါက ရွှယ်အန်းကို လက်ညှိုးထိုးပြပြီး ရုတ်တရက် အော်ပြောလိုက်သည်။
"သူ ဒဏ်ရာရသွားပြီ"
အကြည့်များစွာသည် သူ့ထံသို့ ရောက်ရှိလာကြသည်။
တကယ်ပဲ...
ရွှယ်အန်း၏ လက်ကောက်ဝတ်မှ လတ်ဆတ်သော သွေးများ စီးကျလာသည်ကို သူတို့ တွေ့လိုက်ရသည်။
ထိုသည်ကို မြင်လိုက်ရသော်လည်း လူအုပ်ကြီးမှာ ကြောက်ရွံ့မှုများ ပြည့်နှက်နေဆဲဖြစ်သည်။
မည်သို့ဆိုစေ Odin ၏ ဒေါသ အပြည့်ပါဝင်သော တိုက်ခိုက်မှုကြီးအား ရွှယ်အန်းက ချိုးဖျက်ပစ်လိုက်သည်မှာ ယုံကြည်နိုင်စရာပင် မရှိပေ။
ရွှယ်အန်းသည် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လက်ဖဝါးမှ ကွဲအက်နေသော ဒဏ်ရာကို ကြည့်ကာ ပြုံးလိုက်သည်။
"ကောင်းတယ်... ဒဏ်ရာရတဲ့ အရသာကို မခံစားရတာတောင် တော်တော်ကြာသွားပြီပဲ"
ရွှယ်အန်း ပြုံးနေသော်လည်း ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် နတ်ဆိုးများအတွက်တော့ ကျောချမ်းစရာ ကောင်းလှသည်။
နတ်ဘုရင်Odinပင်လျှင် မျက်နှာပျက်သွားသည်။
Odin ကိုယ်တိုင်လည်း ခုနက ထိပ်တိုက်တွေ့ဆုံမှုတွင် သက်သာလှသည် မဟုတ်ပေ။
ထာဝရလှံတံကို ကိုင်ဆောင်ထားသော သူ့လက်မှာ ထုံကျင်နေဆဲ ဖြစ်သည်။
ဤသည်မှာ သူ့လိုနတ်ဘုရင်ဖြစ်သော သူ့ကိုတောင် ကြောက်ရွံ့စေသည်။
ဒီလူငယ်လေးရဲ့ နောက်ခံက ဘာလဲ...
ဘာလို့ သူက ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ...
ထိုအချိန်တွင်...
ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"ဒီတစ်ခါ ငါဒဏ်ရာရတာကို အထိမ်းအမှတ် ပြုတဲ့အနေနဲ့... မင်းရဲ့ နတ်ဘုရားအဆင့်အတန်းကို တံဆိပ်လုပ်ပြီး ယန်အာဆီ လက်ဆောင်ပေးရမယ်"
Odin အနည်းငယ် အံ့သြသွားပြီး စကားပြန်ပြောရန် ပြင်လိုက်သည်။
ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ အရှိန်အဝါများ မြင့်တက်လာပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
"ငါ့သွေးတွေနဲ့... အမွှာကြာပန်းကို ပေါင်းစပ်စမ်း"
ဝုန်း!
ရွှယ်အန်း လက်မှ စီးကျနေသော သွေးများသည် သွေးရောင်တောက်နေသော ကြည်လင်သည့် ကြာပန်းများအဖြစ် ပြောင်းလဲသွားပြီး အနီရောင်နှင့် အဖြူရောင် မီးတောက်များ ယှက်နွယ်ထွက်ပေါ်လာသည်။
ထို့နောက် သွေးဖြင့်ပြုလုပ်ထားသော ထိုကြာပန်းများသည် ကောင်းကင်ယံသို့ ပြင်းထန်စွာ တိုးဝင်သွားကြသည်။
ဗုန်း ဗုန်း ဗုန်း...
အသံနက်ကြီးများ ဆက်တိုက် ထွက်ပေါ်လာသည်။
ဗုံးများပမာ ကြာပန်းများသည် Odin ၏ ကြီးမားလှသော နတ်ဘုရားခန္ဓာကိုယ်နှင့် ထိတွေ့မိသည်နှင့် မိုးခြိမ်းသံပမာ ပေါက်ကွဲလေတော့သည်။
ကြီးမားလှသော အစွမ်းကြောင့် ပေါက်ကွဲမှုဖြစ်တိုင်း Odinမှာ နာကျင်စွာ အော်ဟစ်နေရသည်။
"အားးး လူသားမျိုး... ငါ မင်းဝိညာဉ်ကို အနက်ရှိုင်းဆုံး ချောက်ထဲ ပို့ပစ်မယ်... မသေနိုင်ဘဲ ထာဝရနှိပ်စက်ခံနေရအောင် လုပ်ပစ်မယ်"
Odin သည် နားကွဲမတတ် ကျိန်ဆဲလိုက်သည်။
ရွှယ်အန်းသည်တော့ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မရှိဘဲ ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် Odin ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကစားပွဲပြီးပြီ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လက်သီးကိုမြှောက်ကာ ခြေတစ်လှမ်းယူပြီး ပစ်ထိုးလိုက်သည်။
ဝုန်း...
အလွန်ပြင်းထန်လှသော ဤလက်သီးချက်သာ ထိမှန်သွားပါက Odin ကို လုံးဝ ဖျက်ဆီးပစ်နိုင်ပေသည်။
သို့သော် ထိုအချိန်လေးမှာပင် ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်အာရုံတစ်ခုသည် Odin ၏ နဖူးအလယ်တည့်တည့်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် အေးစက်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
"ကောင်းကင်နဲ့ မြေကြီးကို ဆန့်ကျင်ပြီး သံသရာကို လည်ပတ်စေ... ချိတ်ပိတ်စမ်း"
ထိုစကားသံနှင့်အတူ စိတ်ဝိညာဉ်အာရုံသည် အားကောင်းမောင်းသန် ဆင်းသက်လာပြီး ရွှယ်အန်းကို လုံးဝ လွှမ်းခြုံသွားသည်။
ချက်ချင်းဆိုသကဲ့သို့ပင် ရွှယ်အန်း၏ အရှိန်အဝါများ ရုတ်တရက် ထိုးကျသွားသည်။
ရွှယ်အန်း၏ မျက်နှာထား မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
"မဟာ ချိတ်ပိတ်ခြင်း နည်းစနစ်လား၊ မင်းတို့ကောင်တွေ ငါ့ကိုသတ်ဖို့ တော်တော်လေး ပြင်ဆင်ထားကြတာပဲ"
သူ့စကားသံတွင် ဒေါသများ ပြည့်နှက်နေသည်။
အဘယ်ကြောင့်ဆိုသော် မဟာ ချိတ်ပိတ်ခြင်း နည်းစနစ်သည် အလွန်ယုတ်မာပြီး အလွန်အစွမ်းထက်သော ချိတ်ပိတ်နည်းတစ်ခု ဖြစ်ကြောင်း ရွှယ်အန်း သိထားသောကြောင့် ဖြစ်သည်။
ထိုနည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် ချိတ်ပိတ်ခံရသူသည် ကျင့်ကြံခြင်းအဆင့်အားလုံး ဆုံးရှုံးသွားမည်ဖြစ်ပြီး သံသရာစက်ဝန်းထဲသို့ ပြန်လည် တွန်းပို့ခံရမည်ဖြစ်သည်။
မိမိ၏ မူလခန္ဓာ သို့မဟုတ် လမ်းစဉ်များမည်မျှပင် အစွမ်းထက်နေပါစေ အဆုံးတွင် လုံးဝ ပျက်စီးသွားရမည် ဖြစ်သည်။
သို့သော် ဤနည်းစနစ်သည် အသုံးပြုသူအတွက် တောင်းဆိုချက်များစွာ ရှိသည်။
၎င်းတို့ အနည်းဆုံး အင်မော်တယ်သခင်အဆင့်ရှိမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။
ဆိုလိုသည်မှာ နတ်ဘုရင် Odin ပင်လျှင် ဤအရာကို မလုပ်ဆောင်နိုင်ပေ။
ဤနည်းစနစ်ကို တစ်စုံတစ်ယောက်က Odin ၏ နတ်ဘုရားအာရုံထဲတွင် တမင်တကာ ထည့်သွင်းပေးထားခြင်း ဖြစ်ကြောင်း ရွှယ်အန်း ရိပ်မိလိုက်သည်။
မှန်ကန်သော အခြေအနေနှင့် ကြုံတွေ့ရပါက ၎င်းသည် အလိုအလျောက် အသက်ဝင်လာမည် ဖြစ်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် မည်မျှ စနစ်တကျ တွက်ချက်ထားကြောင်း သိမြင်နိုင်သည်။
"ကံဆိုးတာက... ဒီချိတ်ပိတ်နည်းစနစ်က ငါ့အတွက်တော့ အားနည်းလွန်းနေသေးတယ်"
ထိုသို့ပြောကာ ရွှယ်အန်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ ပြင်းထန်လှသော စိတ်ဝိညာဉ်အာရုံဖြင့် ကြမ်းကြုတ်စွာ ပြန်လည် တိုက်ခိုက်လိုက်သည်။
ဝုန်း...
ရွှယ်အန်းကို မြဲမြံစွာ ချုပ်နှောင်ထားသော စိတ်ဝိညာဉ်အာရုံသည် ပြင်းထန်စွာ တုန်ခါသွားပြီး နေရာတင် ကြေမွသွားလုနီးပါး ဖြစ်သွားသည်။
"နောက်တစ်ခါ"
ရွှယ်အန်း အေးစက်စွာ အော်ဟစ်လိုက်ပြီး နောက်ထပ် စိတ်ဝိညာဉ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် စကြာဝဠာများ၏ ဝေးကွာလှသော ကြယ်တာရာ နက်ရှိုင်းသော နေရာတွင် အလွန် ဝေးလံပြီး မြင့်မြတ်သော ကောင်းကင်ဘုံ နန်းတော်တစ်ခု ရှိသည်။
ထိုနန်းတော် အတွင်း၌...
အလင်းမြူခိုးများ လွှမ်းခြုံထားသော အမျိုးသမီးပုံရိပ်တစ်ခုသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။
ရုတ်တရက်ဆိုသကဲ့သို့
သူမ၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
သူမ၏ မျက်နှာတွင် ထိတ်လန့်သော အမူအရာများ ပေါ်လာသည်။
"ဘာဖြစ်တာလဲ"
အလွန် ခမ်းနားထည်ဝါသော အသံတစ်ခု ထွက်ပေါ်လာသည်။
"သခင်လေး... ဥရောပမြောက်ဘက်က နတ်ဘုရင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျွန်မ ထားခဲ့တဲ့ မဟာ ချိတ်ပိတ်ခြင်း နည်းစနစ်ကို တစ်ယောက်ယောက်က ချိုးဖျက်နေပါတယ်"
ထိုအမျိုးသမီးက ထိတ်လန့်တကြား ပြောလိုက်သည်။
"ဟုတ်လား"
ထိုအချိန်၌ပင် အမျိုးသမီး၏ ခန္ဓာကိုယ်သည် ထပ်မံ တုန်ခါလာပြန်သည်။
"သခင်လေး..."
အမျိုးသမီးက လှမ်းအော်လိုက်သည်။
"ဟမ့်၊ တကယ် သေလမ်းရှာနေတာပဲ"
ထိုအသံနှင့်အတူ အလွန်အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံတစ်ခုသည် အမျိုးသမီး၏ ချိတ်ဆက်မှုမှတဆင့် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ တိုက်ရိုက် ရောက်ရှိလာသည်။
ရွှယ်အန်းသည်တော့ သူ့ကို ချည်နှောင်ထားသော ချိတ်ပိတ်နည်းစနစ်ကို လုံးဝ ဖျက်ဆီးပစ်ရန် နီးစပ်နေပြီဖြစ်သည်။
သို့သော် ထိုအချိန်၌ပင် လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး ဆူပွက်နေသော စိတ်ဝိညာဉ်အာရုံ ရောက်ရှိလာသည်။
ဝုန်း...
မူလက မှေးမှိန်နေသော မဟာ ချိတ်ပိတ်ခြင်း နည်းစနစ်သည် ရုတ်တရက် တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးသွားသည်။
ရွှယ်အန်း၏ မျက်နှာထား တင်းမာသွားပြီး အေးစက်သော သတ်ဖြတ်လိုစိတ်ဖြင့် ပြောလိုက်သည်။
"အင်မော်တယ်သခင် အထွတ်အထိပ်ပဲ"
ဟုတ်ပေသည်။
ဟင်းလင်းပြင်ကို ဖြတ်သန်းရောက်ရှိလာသော ဤစိတ်ဝိညာဉ်အာရုံသည် အင်မော်တယ်သခင် အထွတ်အထိပ် အဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထို့အပြင် ၎င်းသည် ဥပဒေသစွမ်းရည် ပြည့်စုံပြီး အပြစ်အနာအဆာကင်းသော ပြီးပြည့်စုံသည့် အင်မော်တယ်သခင် အဆင့်ဖြစ်သည်။
ဤကဲ့သို့သော အင်အားသည် ကြယ်စနစ် တစ်ခုလုံးကို ချေမှုန်းပစ်ရန် လုံလောက်သည်။
ရွှယ်အန်းလည်း ဖိအားကို ခံစားလိုက်ရသည်။
သို့သော် ရွှယ်အန်း၏ အဘိဓာန်တွင် အညံ့ခံခြင်း ဆိုသည့် စကားလုံး မရှိပေ။
ထို့ကြောင့် သူ မထီမဲ့မြင် ပြုံးလိုက်သည်။
"နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘူးလား၊ စိတ်မပူနဲ့... နောက်ကွယ်က ကြိုးကိုင်နေတဲ့ မင်းတို့ကောင်တွေ ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး"
ထိုသို့ ပြောကာ ရွှယ်အန်းသည် သူ၏ စိတ်ဝိညာဉ်အာရုံ အားလုံးကို အပ်တစ်ချောင်းကဲ့သို့ စုစည်းလိုက်ပြီး တစ်ဖက်လူ၏ စိတ်ဝိညာဉ်အာရုံ အားအနည်းဆုံး နေရာကို ရက်စက်စွာ ထိုးဖောက်လိုက်သည်။
မဟာချိတ်ပိတ်ခြင်း နည်းစနစ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ဤတိုက်ခိုက်မှုအောက်တွင် ပျက်စီးလုနီးပါး ဖြစ်သွားသည်။
သို့သော် ထိုအချိန် တစ်ဖက်လူ၏ စိတ်ဝိညာဉ်အာရုံသည် ရုတ်တရက် အားကောင်းလာပြီး တခဏချင်းတွင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာသည်။
ထို့နောက် ချိတ်ပိတ်နည်းစနစ်သည် အတင်းအဓမ္မ ပုံဖော်ကာ ရွှယ်အန်းကို မသိနားမလည်နိုင်သော ဟင်းလင်းပြင်တစ်ခုဆီသို့ ဆွဲခေါ်သွားလေသည်။
ချက်ချင်းဆိုသကဲ့သို့ပင် ထိုဟင်းလင်းပြင်ထဲ၌ ဝဲဂယက်များ ထလာပြီး အာကာသပြင် ပါးလွှာသွားကာ အတွင်းဘက်ရှိ ကျယ်ပြောလှသော ကမ္ဘာတစ်ခုကို တွေ့လိုက်ရသည်။
ရွှယ်အန်း ရုန်းကန်ချင်သော်လည်း ထိုကမ္ဘာကို တစ်ချက် အကဲခတ်မိလိုက်ချိန်တွင် သူ အနည်းငယ် အံ့သြသွားသည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် အလွန်အားနည်းသော်လည်း အလွန်ရင်းနှီးသော အငွေ့အသက်တစ်ခုကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
သူ စိတ်လွင့်သွားသည့် ခဏတာအချိန်လေးတွင် စိတ်ဝိညာဉ်အာရုံကြောင့် မဟာ ချိတ်ပိတ်ခြင်း နည်းစနစ်သည် ရွှယ်အန်းကို ထိုကမ္ဘာထဲသို့ လုံးဝ ဆွဲခေါ်သွားလေတော့သည်။
ဝုန်း...
ရွှယ်အန်း၏ ပုံရိပ် ထိုနေရာမှ ပျောက်ကွယ်သွားသည်နှင့် ထိုကမ္ဘာသည် ပြင်းထန်စွာ ပိတ်သွားပြီး ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားသည်။
သွေးမျိုးနွယ်၀င်များနှင့် ဗီဒါတို့သည် ဘာမှမရှိတော့သည့် ကောင်းကင်ပြင်ကို မော့ကြည့်ကာ အံ့အားသင့်နေကြသည်။
ဘာတွေ ဖြစ်သွားတာလဲ...၊ အဲ့ဒီ အစွမ်းထက်တဲ့ လူသားမျိုး လူငယ်လေး သေသွားတာများလား...
Odin တစ်ယောက်တည်းသာ တစ်ကိုယ်လုံး တုန်ယင်လျက် သတိပြန်ဝင်လာသည်။
ထို့နောက် သူ၏ မာန်တက်နေသော ဦးခေါင်းကို ငုံ့လိုက်ပြီး ကြည်ညိုလေးစားမှု အပြည့်ဖြင့် ရိုသေစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်အရှင်”