← Chapters

အခန်း (၈၉၈-၉၀၀)

Vol. 60 Ch. 898-900

အခန်း (၈၉၈-၉၀၀)

Vol. 60 Ch. 898-900

အခန်း (၈၉၈) - လမင်းထိန်ထိန်နှင့် ကြယ်အနည်းငယ်အောက်တွင် မိုးတိမ်များငြိမ်သက်၍ လေပြေပင်ရပ်တန့် ခြင်း

ရွှယ်အန်းလည်း အံ့သြသွားပြီးနောက် မရယ်ချင်ဘဲ ရယ်လိုက်မိသည်။

ဒီမိန်းကလေး တုံးလိုက်တာ... သူမကို တကယ်ရောင်းစားတော့မယ်လို့ ထင်နေတာကိုး...

ရွှယ်အန်းသည် လက်ကိုဆန့်ထုတ်လိုက်ပြီး ယဲ့ရှောင်ချန်၏ နဖူးလေးကို ဖွဖွလေး ခေါက်လိုက်သည်။

မိန်းကလေးသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး မိုးလင်းမှသာ နိုးထလာပေလိမ့်မည်။

ထို့နောက် ရွှယ်အန်းသည် မတ်တတ်ရပ်လိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။

အပြင်ဘက်တွင် လမင်းထိန်ထိန်သာနေပြီး ကြယ်အနည်းငယ်အောက်တွင် မိုးတိမ်များငြိမ်သက်၍ လေပြေပင်ရပ်တန့်နေသည်။

သန်းခေါင်ယံ အချိန်ဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ကမ္ဘာကြီးတစ်ခုလုံး အိပ်ပျော်နေသည့်ပမာ ထင်ရသည်။

ရွှယ်အန်း၏ မျက်ဝန်းထဲတွင် အလင်းစတစ်ချက် လက်သွားပြီးနောက် လေထဲသို့ ခုန်ပျံတက်လိုက်ကာ ကျယ်ပြောလှသော ညအမှောင်ထုထဲသို့ တိတ်တဆိတ် တိုးဝင်ပျောက်ကွယ်သွားသည်။

ဤသည်မှယ မြို့ငယ်လေး တစ်မြို့သာ ဖြစ်သည်။

မြို့ရိုး၏ အရှေ့ဘက်စွန်းမှ အနောက်ဘက်စွန်းအထိ ၇ မိုင်၊ ၈ မိုင်ခန့်သာ ရှိသည်။

သို့သော် ဤမြို့လေးသည် မြို့တော်သို့ သွားရာလမ်းမကြီးဘေးတွင် တည်ရှိသောကြောင့် အလွန်စည်ကားသည်။

ယခုလို သန်းခေါင်ယံ အချိန်၌ပင် မြို့ထဲတွင် အလင်းရောင် အစက်အပြောက်များကို ဟိုတစ်စု ဒီတစ်စု တွေ့မြင်နေရဆဲ ဖြစ်သည်။

ရွှယ်အန်းသည် လမ်းလျှောက်ထွက်လာသည့်ပမာ အေးအေးလူလူပင် ညကောင်းကင်ယံမှတဆင့် အောက်ဘက်ရှိ မြို့ကို ငုံ့ကြည့်လိုက်သည်။

အဆုံးတွင် မြို့၏ အရှေ့မြောက်ဘက်ထောင့် တစ်နေရာ၌ ရွှယ်အန်း လေပေါ်တွင် ရပ်တန့်လိုက်သည်။

သူ့ရှေ့တွင် ခမ်းနားထည်ဝါသော အိမ်တော်ကြီးတစ်လုံး ရှိနေသည်။

ရွှယ်အန်း မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းကာ အိမ်တော်ကို အကဲခတ်လိုက်သည်။

ခဏအကြာတွင် သူ တိတ်တဆိတ် ပြုံးလိုက်ပြီး မြင့်မားသော ခြံစည်းရိုးတံတိုင်းကို ကျော်ဖြတ်ကာ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

ထိုအိမ်တော်ကြီး၏ တံခါးမကြီး အထက်တွင် ချန်မိသားစုအိမ်တော် ဟူသော စာလုံးကြီးများကို ရဲရင့်စွာ ရေးထိုးထားသည်။

အကယ်၍ ဒေသခံတစ်ဦးဦးသာ ထိုနေရာရောက်နေပြီး ဤစာလုံးလေးလုံးကို မြင်လိုက်ရပါက စိတ်ပျက်အားငယ်မှုများ ခံစားရပြီး အဝေးသို့ ပြေးသွားကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဤမြို့အတွင်း၌ ချန်မိသားစုသည် အကြွင်းမဲ့ အာဏာကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

မည်သူမျှ ထိုမိသားစု၏ အမိန့်ကို မလွန်ဆန်ရဲကြပေ။

ချန်မိသားစုဝင် တစ်ယောက်ယောက် နှာချေလိုက်ရုံဖြင့် ဤမြို့ငယ်လေးတစ်ခုလုံး တုန်လှုပ်သွားနိုင်သည်။

ချန်မိသားစု၏ လုပ်ရပ်များသည် အမြဲတမ်း ဗိုလ်ကျစိုးမိုးလေ့ရှိသည်။ သူတို့ လိုချင်သည့်အရာ (သို့မဟုတ်) သူတို့ လိုချင်သည့်လူ ဆိုလျှင် သူတို့ပိုင်ဆိုင်ရအောင်ကို လုပ်တက်သည်။

အဆုံးတွင် ချန်မိသားစုမှ အစေခံတစ်ယောက်သည်ပင်လျှင် အပြင်ရောက်သည်နှင့် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ မောက်မာစွာ ပြုမူနေထိုင်ကြသည်။

ထို့ကြောင့် ယခုအချိန်တွင် ချန်မိသားစုဟု ပြောလိုက်ရုံဖြင့် ဤမြို့ရှိ လူများ၏ မျက်နှာအရောင် ပြောင်းသွားတတ်ကြသည်။

တစ်စုံတစ်ယောက်က မတော်တဆ သူတို့ကို စော်ကားမိလျှင် (သို့မဟုတ်) ချန်မိသားစုဝင် တစ်ဦးဦးက သူတို့ပိုင်ဆိုင်ပစ္စည်းကို သဘောကျသွားလျှင် အကောင်းဆုံးရလဒ်မှာ မြို့ထဲမှ အမြန်ဆုံး ထွက်ပြေးခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက ထိုလူ၏ အလောင်းကို နောက်တစ်နေ့၌ မြောင်းထဲတွင် တွေ့ရပေလိမ့်မည်။

ထိုမိသားစု၏ အကြီးဆုံး သားဖြစ်သူ ချန်ကျားယွီသည် ငယ်စဉ်ကတည်းက အိမ်ရှေ့မင်းသားတစ်ပါးလို ဆက်ဆံခံခဲ့ရသူ ဖြစ်သည်။

ထိုအချိန်တွင် ရွှယ်အန်းသည် အိမ်တော်နောက်ဘက်ရှိ စာကြည့်တိုက် အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဝင်ရန် ပြင်လိုက်စဉ် အတွင်းဘက်မှ စကားပြောသံများ ရုတ်တရက် ကြားလိုက်ရသည်။

သူ ရပ်တန့်လိုက်ပြီးနောက် သူ့ပုံရိပ်သည် ချက်ချင်းပင် အမှောင်ထုနှင့် တစ်သားတည်း ဖြစ်သွားသည်။ အတွင်းဘက်ရှိ အခြေအနေများကို သူ၏ စူးရှသော အာရုံခံနိုင်စွမ်းဖြင့်သာ ထောက်လှမ်းလိုက်သည်။

ချန်ကျားယွီသည် ထိုက်ရှီကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းလျက် မိတ်ဆွေအပေါင်းအသင်းအချို့နှင့် အရက်သောက် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် မျက်နှာ၌ ပလာစတာ ကပ်ထားသော လူငယ်တစ်ဦးသည် ဖားယားသည့်လေသံဖြင့် ပြောလိုက်သည်။

"သခင်လေး... တခြားမြို့က လာတဲ့ မိန်းကလေးကို သခင်လေး သဘောကျနေတယ်လို့ ကြားတယ်ဗျ"

ဤလူလေလူလွင့် အပေါင်းအသင်းများသည် အရည်အချင်း မရှိကြသော်လည်း မိန်းမကိစ္စနှင့် ပတ်သက်လာလျှင်တော့ နားစွင့်နေတတ်ကြသည်။

ပိုးထည်ဆိုင်များစွာ ပိုင်ဆိုင်သော မိသားစုမှ သူဌေးသားတစ်ဦးက မျက်လုံးအရောင်တောက်လျက် ပြောလိုက်သည်။

"အာ... မင်းတို့ သိမှာ မဟုတ်ပါဘူး၊ ငါ အဲ့ဒီမိန်းကလေးကို သခင်လေးချန်နဲ့ အတူတူ တွေ့ဖူးတယ်၊ ကျွတ် ကျွတ်..."

"ဘယ်လောက်တောင် လှလို့လဲကွ၊ ကျွတ် ကျွတ် လုပ်မနေနဲ့"

အပေါင်ဆိုင်အချို့ ပိုင်ဆိုင်သော မိသားစုမှ ကျောက်ပေါက်မာနှင့် ဝတုတ် လူငယ်တစ်ယောက်က စိတ်မရှည်စွာ ပြောလိုက်သည်။

"ဟားသား... ယွီရှို့ဖန်က ရှောင်ဟုန်ယွဲ့လောက် လှလို့လား"

ပိုးထည်ဆိုင်သူဌေးသားက ရယ်မောရင်း မေးလိုက်သည်။

"လှတာပေါ့ကွ၊ သါ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူနဲ့အိပ်ဖို့ ငါငွေအပြား ၁၀၀ တောင် ပေးလိုက်ရတာ"

ကျောက်ပေါက်မာနှင့် လူငယ်က နှမြောတသသဖြင့် ပြောလိုက်သည်။

"ဟား... ရှောင်ဟုန်ယွဲ့လောက်က ဒီမိန်းကလေးရဲ့ ဖိနပ်ကိုင်ပေးဖို့တောင် မတန်ဘူး"

"သောက်ကျိုးနည်း... တကယ်ကြီး အဲ့လောက်တောင် လှတာလား"

အခန်းထဲရှိ သူဌေးသားများ အားလုံး အံ့သြသွားကြသည်။

"ကျွတ် ကျွတ်... သခင်လေးချန်ရဲ့ ရှေ့မှာ ငါက လိမ်ရဲပါ့မလားကွ၊ အဲ့ဒီမိန်းကလေးကလေ... အခုထိ ပြန်တွေးလိုက်ရင်တောင် မှင်သက်မိတုန်းပဲ"

"ကျွတ် ကျွတ် လုပ်မနေနဲ့တော့... အသေးစိတ် ပြောပြစမ်းပါ"

"ဟဲဟဲ"

ပိုးထည်ဆိုင်သူဌေးသားသည် လူတိုင်း စိတ်ဝင်စားလာအောင် ဆွဲဆောင်ပြီးမှ ကျေနပ်စွာ ပြောလိုက်သည်။

"သူ့မျက်နှာလေးက ပန်းချီကားတစ်ချပ်လို လှတာကို ထားလိုက်ဦး... ဒီမိန်းကလေးရဲ့ အသားအရေက ပိုးသားအဖြူရောင်လေးလို ဖြူဝင်းနေတာကွ"

ဟစ်...

သူဌေးသားများ အားလုံး အသက်ပြင်းပြင်း ရှူလိုက်မိကြသည်။

ကျောက်ပေါက်မာနှင့် လူငယ်က ပို၍ စိတ်လှုပ်ရှားနေပြီး မျက်လုံးများ အရောင်တောက်လာသည်။

"တကယ်လား"

"ဒါပေါ့... အဲ့ဒါက အဓိကအချက် မဟုတ်သေးဘူး၊ အဓိကက ဒီမိန်းကလေးက ဒီနှစ်မှ ၁၄၊ ၁၅ နှစ်လောက်ပဲ ရှိသေးတာ၊ ရေညှစ်ချလိုက်ရင်တောင် အရည်ထွက်မတတ် နုဖတ်နေတဲ့ အရွယ်လေးကွ"

ထိုစကားကို ကြားသောအခါ သူဌေးသားများ၏ မျက်လုံးများတွင် ရမ္မက်ဆန္ဒများ ပေါ်လာပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ မကောင်းဆိုးဝါး ရယ်သံများဖြင့် ရယ်မောလိုက်ကြသည်။

"ဟဟ... သခင်လေးချန်... ဂုဏ်ယူပါတယ်ဗျာ၊ ဂုဏ်ယူပါတယ်"

"ဟုတ်တယ်... မြို့ထဲက ကြည့်ပျော်ရှုပျော် မိန်းမတွေကို ငါတို့ ငြီးငွေ့နေပြီ၊ အခုလို တခြားမြို့က အလှလေး ရောက်လာတယ်၊ ပြီးတော့ ဒီလောက် လှတယ်ဆိုတော့... ကောင်းကင်ဘုံက ငါတို့ဘက်မှာ ရှိနေတာပဲ"

"သခင်လေးချန်... ဘယ်အချိန်လောက် မြည်းစမ်းဖို့ စိတ်ကူးထားလဲ၊ သခင်လေး ဝသွားရင်လည်း ညီအစ်ကိုတွေကို အသစ်အဆန်းလေး မြည်းစမ်းဖို့ ပြန်မျှဝေပေးဦးလေ"

ထိုညစ်ညမ်းသော စကားသံများသည် အခန်းတစ်ခုလုံးတွင် ပြည့်နှက်သွားသည်။

အခန်းအပြင်ဘက်ရှိ ရွှယ်အန်း၏ မျက်ဝန်းများ ပို၍ အေးစက်လာသော်လည်း မလှုပ်ရှားသေးပေ။ သူ ဆက်လက် နားထောင်နေလိုက်သည်။

ချန်ကျားယွီသည် စကားတစ်ခွန်းမျှ မပြောသေးဘဲ ထိုက်ရှီကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီလျက် လက်တန်းကို လက်ချောင်းများဖြင့် ခေါက်နေသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီတစ်ခါတော့ ငါ အတင်းအဓမ္မ မယူချင်ဘူး၊ ဘာလို့လဲဆိုတော့ အဲ့ဒါက သိပ်ပျင်းစရာ ကောင်းလွန်းတယ်"

"ပြီးတော့ အဲ့ဒီကောင်မလေးက အရမ်းခေါင်းမာပြီး စိတ်ကြီးတယ်၊ အတင်းအဓမ္မ လုပ်လိုက်ရင် လွယ်လွယ်လေး ပျက်စီးသွားလိမ့်မယ်"

"ဒါကြောင့် ဒီတစ်ခါတော့ ငါမတူညီတဲ့ နည်းလမ်းကို သုံးပြီး သူ လမ်းပိတ်သွားအောင် တစ်ဆင့်ချင်း လုပ်နေတာ

"

"သူ ငါ့ကို လုံးဝ ဒူးထောက် အညံ့ခံလာတာကို ငါလိုချင်တယ်၊ အဲ့ဒါက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်"

ချန်ကျားယွီ၏ စကားကို ကြားသောအခါ အခန်းထဲတွင် တခဏမျှ တိတ်ဆိတ်သွားသည်။

ထို့နောက် မြှောက်ပင့်သော စကားသံများ လှိုင်းလုံးပမာ ထွက်ပေါ်လာသည်။

"သခင်လေးချန်က တကယ့်ကို ကစားတတ်တာပဲ"

"ဟုတ်တယ်... ငါတို့က အခြေခံအဆင့်မှာပဲ ရှိသေးတယ်၊ သခင်လေးချန်ကတော့ လူတွေရဲ့ စိတ်နှလုံးကိုပါ ကစားတတ်နေပြီပဲ"

ထိုမြှောက်ပင့်သံများကို နားထောင်ရင်း ချန်ကျားယွီ ရယ်မောလိုက်သံမှာ အလွန် ပျော်ရွှင်သော ရယ်သံမျိုး ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က တဒင်္ဂ တွေ့လိုက်ရသော မြင်ကွင်းကို သူ ပြန်တွေးမိလိုက်သည်။

ထိုစဉ်က သူပျင်းနေသဖြင့် လက်အောက်ငယ်သား အချို့ကို ခေါ်ပြီး ယန်ဇီလင်၏ တည်းခိုခန်းသို့ အပျော်ရှာရန် ထွက်လာခဲ့သည်။

တကယ်တမ်း အပျော်ရှာသည်ဆိုခြင်းမှာ ကုန်ပစ္စည်းအသစ် (မိန်းကလေးအသစ်) များ ရှိမရှိ လာကြည့်ခြင်းသာ ဖြစ်သည်။

ထိုအချိန်တွင် ဆေးဝယ်ရန် ထွက်လာသော ယဲ့ရှောင်ချန်နှင့် ဆုံမိလိုက်သည်။

ထိုအခိုက်အတန့်တွင် ချန်ကျားယွီ မှင်သက်သွားခဲ့သည်။

သူ မိန်းမလှများကို မမြင်ဖူးတာ မဟုတ်သော်လည်း ယဲ့ရှောင်ချန်လို အပြစ်အနာအဆာကင်းပြီး နတ်သမီးလေးလို မိန်းကလေးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အသိပြန်ဝင်လာသောအခါ ချန်ကျားယွီ အလွန် ဝမ်းသာသွားသည်။

ပျင်းရိနေသော သူသည် ဤမိန်းကလေးကို ပိုင်ဆိုင်ရမည်ဟု ချက်ချင်း ဆုံးဖြတ်လိုက်သည်။

သို့သော် ယဲ့ရှောင်ချန်ကို ချဉ်းကပ်ရန် ကြိုးစားသောအခါ တားဆီးခံလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ရှောင်ချန်သည် အလွန်သတိကြီးပြီး စိမ်းသက်သော ယောက်ျားများ၏ ချဉ်းကပ်မှုမှန်သမျှကို လျစ်လျူရှုခဲ့သောကြောင့် ဖြစ်သည်။

ချန်ကျားယွီသည် အကြိမ်ကြိမ် ကြိုးစားပြီးနောက် မအောင်မြင်ဘဲ ပြန်လာခဲ့ရသဖြင့် ဒေါသထွက်ကာ လူလွှတ်ပြီး အတင်းအဓမ္မ ဖမ်းခေါ်ခိုင်းရန် ပြင်လိုက်သည်။

ထိုအချိန်၌ပင် ဆိုင်ရှင် ယန်ဇီလင် အချိန်မီ ရောက်ရှိလာသည်။

ချန်ကျားယွီ၏ မျက်နှာထားကို မြင်လိုက်သည်နှင့် ဘာဖြစ်နေသလဲဆိုသည်ကို ယန်ဇီလင် ချက်ချင်း သဘောပေါက်သွားသည်။

အခန်း (၈၉၉) - နင်းခြေသတ်ဖြတ်ခြင်း

တကယ်တမ်းတွင် သူသည်လည်း ယဲ့ရှောင်ချန်ကို တဏှာစိတ်ဖြင့် သွားရည်ကျနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ချန်မိသားစုမှ သခင်လေးက သူမကို မည်မျှ အသည်းအသန် လိုချင်နေသည်ကို တွေ့လိုက်ရသောအခါ သူသည် ဗျူဟာချက်ချင်း ပြောင်းလိုက်ပြီး သခင်လေးအတွက် အကြံပေး အကွက်ဆင်ပေးသူအဖြစ် ပြောင်းလဲလိုက်သည်။

ယဲ့ရှောင်ချန်က သူမနှင့်အတူ စာပေပညာရှင်တစ်ဦး ပါလာကြောင်း ထိုပညာရှင်ကလည်း ဆိုးဆိုးရွားရွား ဖျားနာနေကြောင်း ကြားသိလိုက်ရသောအခါ ချန်ကျားယွီ၏ စိတ်ထဲမှ အလျင်စလို ဖြစ်မှုများ လျော့ကျသွားသည်။

သူ့အမြင်တွင် ယဲ့ရှောင်ချန်သည် သူ့လက်ခုပ်ထဲမှ ရေသာ ဖြစ်ပြီး ယခုအခါ သူလုပ်ရမည်မှာ သူမကို ကောင်းကောင်းကြီး ကစားရန်သာ ဖြစ်သည်။

ထို့ကြောင့် သူသည် ယန်ဇီလင်ကို ယဲ့ရှောင်ချန်အား နည်းလမ်းပေါင်းစုံသုံး၍ ဖိနှိပ်ရန်နှင့် အထီးကျန်အောင်ထားရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

သူမ လမ်းပိတ်သွားအောင် ဖန်တီးပြီး အဆုံးတွင် သူ့ရှေ့၌ ဒူးထောက်ကာ ကယ်တင်ပေးရန် တောင်းပန်လာစေချင်သောကြောင့် ဖြစ်သည်။

သို့သော် သူ့ကို အံ့သြစေသည်မှာ ပိန်လှီအားနွဲ့ပုံရသော ထိုကောင်မလေးသည် ကြံ့ကြံ့ခံနိုင်ခဲ့ခြင်းဖြစ်သည်။

သူမသည် ၁၀ ရက်တိုင်တိုင် တောင့်ခံခဲ့သည်။

ချန်ကျားယွီ စိတ်မရှည်တော့ဘဲ ယန်ဇီလင်ကို လှမ်းပြီး ဖိအားပေးရန် ပြင်လိုက်သည်။

ထိုအချိန်၌ပင် ရွှယ်အန်းက သတိရလာသည်။

ထို့နောက် ယန်ဇီလင်က သတင်းကောင်းတစ်ခု သယ်ဆောင်လာသည်။

ထိုသတင်းမှာ ရွှယ်အန်းက ယဲ့ရှောင်ချန်ကို လောင်းကြေးအဖြစ် အသုံးပြုလိုက်သည် ဆိုသည့် သတင်းဖြစ်သည်။

ထိုသတင်းကို ကြားသောအခါ ချန်ကျားယွီသည် အောင်နိုင်သူအဖြစ် အားရပါးရ အော်ဟစ်ရယ်မောချင်စိတ် ပေါက်သွားသည်။

ဒီအစေခံမလေးက သစ္စာအရမ်းရှိတယ်ဆိုပေမယ့် သူ့သခင်က နိုးလာလာချင်း ပထမဆုံး လုပ်တဲ့အလုပ်က သူ့ကို ရောင်းစားလိုက်တာပဲလေ...

ဒီအခြေအနေမှာ သူဘယ်လိုလုပ် ဆက်ပြီး တောင့်ခံနိုင်တော့မှာလဲ...

ချန်ကျားယွီ၏ နှလုံးသားထဲတွင် အေးစက်သော လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူသည် ယဲ့ရှောင်ချန်ကို လွယ်လွယ်လေးတော့ လွတ်ပေးမှာ မဟုတ်ချေ။

မင်းသခင်အပေါ် သစ္စာရှိတယ်လို့ ပြောတယ်မလား၊ ကောင်းပြီလေ... မနက်ဖြန် မင်းငါ့လက်ထဲ ရောက်လာတာနဲ့ မင်းသခင်ရဲ့ မျက်စိရှေ့မှာတင် မင်းကို ငါကစားပြမယ်...

အဲ့ဒီအချိန်ကျရင် မင်းရဲ့ တုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်...

ထိုအတွေးကြောင့် ချန်ကျားယွီသည် စိတ်လှုပ်ရှားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

တစ်ချိန်တည်းမှာပင် သူဌေးသားများ၏ စိတ်လှုပ်ရှားစွာ ပြောဆိုနေသံများ အခန်းထဲတွင် ပြည့်နှက်နေပြီး ပြောမထွက်ရက်စဖွယ် ခေါင်းစဉ်များကို ဆွေးနွေးနေကြသည်။

ရွှယ်အန်း၏ အာရုံခံနိုင်စွမ်းအရဆိုလျှင် ဤသူဌေးသားများသည် ဤကဲ့သို့သော ကိစ္စများကို လုပ်ရိုးလုပ်စဉ်အဖြစ် သဘောထားနေကြပြီး သူတို့အတွက် ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာနေသည်။

မိန်းကလေးပေါင်း ဘယ်လောက်များများ သူတို့၏ ရက်စက်မှုအောက်တွင် သားကောင်ဖြစ်ခဲ့ရသလဲ ဆိုသည်မှာ ထင်ရှားနေသည်။

ဤသည်မှာ ရွှယ်အန်း၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ် မီးတောက်များကို လောင်စာထည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

သူ၏ မျက်လုံးများ ပိုမို အေးစက်လာသည်။

ဒီကောင်တွေထဲက တစ်ကောင်မှ အလွတ်ပေးလို့ မဖြစ်ဘူး...

ရွှယ်အန်း စိတ်ထဲမှ တွေးလိုက်ပြီး စာကြည့်တိုက် ရှိရာသို့ ခြေတစ်လှမ်း တိုးဝင်လိုက်သည်။

ယခင်က အမှောင်ထုနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေသော သူသည် ထိုခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ လွှမ်းမိုးနိုင်စွမ်းကြီးမားသော အရှိန်အဝါကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။

"ဘယ်သူလဲ"

စာကြည့်တိုက်ဝန်းကျင်တွင် ကင်းလှည့်နေသော အစောင့်များက စူးရှစွာ အော်ဟစ်လိုက်သည်။

သို့သော် ရွှယ်အန်းသည် စကားများမနေဘဲ လက်ကောက်ဝတ်ကို ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်သည်။

မှိန်ဖျော့သော ဓားအလင်းတန်း အနည်းငယ် ချက်ချင်း ပျံထွက်သွားပြီး ထိုလူများ၏ လည်ပင်းများကို လှီးဖြတ်လိုက်သည်။

ကျွမ်းကျင်သူများဟု သတ်မှတ်ခံထားရသော ဤအစောင့်များသည် အမှောင်ထဲမှ ထွက်ပေါ်လာသော ရွှယ်အန်းကို မယုံနိုင်စွာ စိုက်ကြည့်ရင်း သူတို့၏ ဒဏ်ရာများကို ဖိအုပ်လျက် ဘုန်းခနဲ လဲကျသေဆုံးသွားကြသည်။

သွေးများ မြေကြီးပေါ်တွင် စီးဆင်းသွားသည်။ တိတ်ဆိတ်နေသော ညကို သတ်ဖြတ်ခြင်း အနီရောင်ဖြင့် ဆိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ကျယ်လောင်သော လှုပ်ရှားသံကြောင့် အတွင်းဘက်ရှိ လူအားလုံး သတိထားမိသွားကြသည်။

"ဘာဖြစ်တာလဲ၊ အပြင်မှာ ဘာဖြစ်နေတာလဲ"

"တစ်ယောက်ယောက် လာနေတဲ့အသံပဲ"

သာမန်အချိန်များတွင် သူတစ်ပါးကို အနိုင်ကျင့် ဗိုလ်ကျလေ့ရှိသော ဤသူဌေးသားများသည် ယခုအချိန်၌ ထိတ်လန့်သော အရိပ်အယောင်များ ပြသလာကြသည်။ ချန်ကျားယွီ တစ်ယောက်သာ တည်ငြိမ်နေပြီး သူ့နောက်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။ ခန္ဓာကိုယ် ကြီးမားသော လက်အောက်ငယ်သား နှစ်ဦး တံခါးဝသို့ ချက်ချင်း လျှောက်သွားလိုက်သည်။ ထိုနှစ်ဦးစလုံးသည် ချန်ကျားယွီ ငွေအမြောက်အမြား ပေးပြီး ငှားရမ်းထားသော သိုင်းပညာရှင်များ ဖြစ်ကြသည်။

ထို့ကြောင့် ချန်ကျားယွီ လုံးဝ စိတ်မပူပေ။

သို့သော် ထိုနှစ်ယောက် တံခါးနား ရောက်ခါနီးအချိန်လေးမှာပင် မာကျောသော သစ်သားအကောင်းစားဖြင့် ပြုလုပ်ထားသည့် တံခါးကြီးသည် စက္ကူစတစ်စလိုပင် ကွဲကြေသွားသည်။

ထို့နောက် သိုင်းပညာရှင်ဟု ဆိုသော ထိုနှစ်ယောက်သည် အသံပင် မထွက်နိုင်လိုက်ဘဲ လွင့်ထွက်သွားကြသည်။ မြေကြီးပေါ်သို့ ပြန်ကျလာချိန်တွင် သူတို့ သေဆုံးနေပြီဖြစ်ပြီး ပြင်းထန်သော အရှိန်ကြောင့် သွေးများ ယိုစီးကျနေသည်။

ဤအရာသည် အားလုံးကို အံ့အားသင့်သွားစေသည်။ ချန်ကျားယွီလည်း အပါအဝင်ဖြစ်သည်။ ယခုအချိန်တော့ သူလည်း ဟန်မဆောင်နိုင်တော့ပေ။ သူ ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး မျက်နှာများဖြူဖျော့လျက် တံခါးပေါက်အပြင်ဘက်မှ အမှောင်ထုကို စိုက်ကြည့်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"ဘယ်သိုင်းဆရာကြီးလဲ မသိဘူး... ဘာကိစ္စကြောင့် ချန်မိသားစုကို ရန်စရတာလဲ"

တုံ့ပြန်သံ မရှိပေ။

ချန်ကျားယွီသည် တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သည်။ ထိုအချိန်တွင် အမှောင်ထဲမှ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ထို့နောက် ရွှယ်အန်းသည် အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး အခန်းထဲသို့ ဝင်ရောက်လာသည်။

"လှပလိုက်တဲ့ ညလေးပါလား၊ ဒီလိုညမျိုးက သွေးထွက်သံယို ဖြစ်ဖို့ အသင့်တော်ဆုံးပဲ"

ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထို့နောက် ချန်ကျားယွီ၏ မျက်နှာထား အမျိုးမျိုး ပြောင်းလဲသွားသည်။

"မင်း... မင်းက"

သူ ရွှယ်အန်းကို မှတ်မိသွားသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း သတိမေ့နေစဉ် သူတစ်ခေါက် သွားကြည့်ဖူးသောကြောင့် ဖြစ်သည်။ သို့သော် သေခါနီးနေသော စာပေပညာရှင် တစ်ယောက်က ဤနေရာကို ရုတ်တရက် ရောက်လာကာ လူသတ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။

ရွှယ်အန်းသည် ဖျော့တော့သော အပြုံးဖြင့် ချန်ကျားယွီကို ကြည့်လိုက်သည်။

"ငါ ခန့်မှန်းကြည့်မယ်... မင်းက ချန်မိသားစု သခင်လေး ဖြစ်ရမယ်၊ ချန်အာ့ကို နောက်ကွယ်ကနေ ကြံစည်နေတဲ့ ကောင်ပေါ့ ဟုတ်တယ်ဟုတ်"

ချန်ကျားယွီ တစ်ကိုယ်လုံး တုန်ယင်သွားကာ ရင်ထဲတွင် အေးစက်သွားသည်။

သူဘယ်လိုလုပ် အကုန်သိနေတာလဲ...

သို့သော် ချန်မိသားစု သားတစ်ယောက်ဟူသော ဂုဏ်သိက္ခာကြောင့် သူ အမြန် တည်ငြိမ်အောင် ပြန်လုပ်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်တယ်... ငါပဲ၊ ငါက ချန်မိသားစုရဲ့ သားကြီး ချန်ကျားယွီပဲ၊ ရွှယ်အန်း... ငါ့အမြင်ကျဥ်းခဲ့တာ ဝန်ခံပါတယ်၊ မင်းက ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာရှင်တစ်ယောက်ဖြစ်နေမယ်လို့ ငါမထင်ထားခဲ့မိဘူး"

"ဒီလိုလုပ်ကြမလား... ဒီကိစ္စကို ဒီမှာတင် မေ့လိုက်ကြရအောင်၊ ငါ ကတိပေးပါတယ်... မင်းရဲ့ အစေခံမလေးကို နောက်ထပ် ဘယ်တော့မှ မနှောင့်ယှက်တော့ဘူး၊ မင်း ငါ့လူတွေကို သတ်ခဲ့တာကိုလည်း ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်မယ်... ဘယ်လိုလဲ"

ချန်ကျားယွီသည် စကားပြောနေစဉ် သူ၏ ဦးနှောက်က အသည်းအသန် အလုပ်လုပ်နေသည်။

လောလောဆယ် သူ့ကို အချိန်ဆွဲထားရမယ်...

*သူ့ကို ခဏလောက် ငြိမ်အောင် ထိန်းထားပြီးရင် ကျွမ်းကျင်သူတွေကို ခေါ်ပြီး သူ့ကို ဖမ်းခိုင်းမယ်၊ ဒီကောင်ကို ဓားပြတွေနဲ့ ပေါင်းကြံပါတယ်ဆိုပြီး အမှုဆင်မယ်*

*ပြီးရင်တော့ အဲ့ဒီ အ‌စေခံမလေးကို သူ့မျက်စိရှေ့မှာတင် ဖြည်းဖြည်းချင်း နှိပ်စက်သတ်ပစ်မယ်*

သူ့စိတ်ထဲတွင် မကောင်းသော အတွေးများဖြင့် ပြည့်နှက်နေသည်။

သို့သော် ရွှယ်အန်းက ရယ်မောလိုက်သည်။

"ငါထင်တာ မမှားဘူးဆိုရင် မင်းက နောက်ပိုင်း ငါ့ကို ဘယ်လို ရှင်းပစ်ရမလဲဆိုတာ တွေးနေတာမလား"

"ငါ မတွေး..."

သူ့ စကားမဆုံးခင်မှာပင် ရွှယ်အန်း လက်ညှိုးကို မြှောက်လိုက်သည်။

ဓားအလင်းတန်း တစ်ခုသည် ချက်ချင်း ပျံထွက်သွားကာ ချန်ကျားယွီ၏ ခြေထောက်များကို ဖြတ်တောက်လိုက်သည်။

ချန်ကျားယွီသည် ဘုန်းခနဲ လဲကျသွားသည်။

အစပထမတွင် သူ ဘာဖြစ်သွားမှန်း နားမလည်လိုက်သော်လည်း မြေကြီးပေါ်တွင် ထောင်လျက် ကျန်နေရစ်သော ခြေထောက်နှစ်ဖက်ကို မြင်လိုက်ရသောအခါ သူ ကြောင်သွားပြီးနောက် နာကျင်စွာ စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

"အားးးး ငါ့ခြေထောက်တွေ၊ ရွှယ်အန်း... မင်း... မင်း ငါ့ကို လုပ်ရဲတယ်ပေါ့..."

ရွှယ်အန်းသည် ခံစားချက်မရှိသော မျက်နှာဖြင့် ရှေ့သို့ တိုးလာကာ ချန်ကျားယွီ၏ ခေါင်းကို ခြေထောက်ဖြင့် ဖိနင်းလိုက်ကာ အေးစက်စွာ ပြောလိုက်သည်။

"မင်း အသံက အရမ်းကျယ်တာပဲ"

ချန်ကျားယွီသည် အနင်းခံထားရသော်လည်း အရှက်ရသည်ဟု မခံစားရပေ။

အဘယ်ကြောင့်ဆိုသော် သေခြင်းတရား၏ ခြိမ်းခြောက်မှုကို သူ အစစ်အမှန် ခံစားနေရသောကြောင့် ဖြစ်သည်။

ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်က သူ့တစ်ကိုယ်လုံးကို တုန်ယင်စေသည်။

ထို့ကြောင့် သူသည် အော်ဟစ်နေသော ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ကာ အလျင်အမြန် ပြောလိုက်သည်။

"သခင်လေးရွှယ်... ကျွန်တော် မှားမှန်း သိပါပြီ... ခင်ဗျား..."

သူ့စကားမဆုံးခင်မှာပင် ရွှယ်အန်းသည် "မလိုတော့ဘူး" ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

ထို့နောက် ရွှယ်အန်းက ခြေထောက်ကို ဖိချလိုက်သည်။

ဘုန်း!

အသံအနက်ကြီး ထွက်ပေါ်လာသည်။

ချန်ကျားယွီ၏ ခေါင်း ပေါက်ကွဲထွက်သွားသည်။

ဦးနှောက်စများ နေရာအနှံ့ လွင့်စဉ်သွားသည်။

ချန်ကျားယွီ၏ ခန္ဓာကိုယ်မှာတော့ သတိလစ်လျက် တဆက်ဆက် တုန်နေဆဲဖြစ်သည်။

ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် လူတိုင်း၏ မျက်နှာ ဖြူဖျော့သွားကာ စိတ်မခိုင်သူများမှာ ပြင်းထန်စွာ တုန်ယင်လာကာ မူးမေ့လဲလုနီးပါး ဖြစ်ကုန်ကြသည်။

ထို့နောက် ရွှယ်အန်းသည် ဦးနှောက်စများကြားမှ သူ့ခြေထောက်ကို ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်လိုက်ကာ ဖိနပ်အောက်ခြေကို ချန်ကျားယွီ၏ အလောင်းပေါ်တွင် သုတ်လိုက်သည်။

သူ့ပုံစံမှာ မြေကြီးထဲမှ မုန်လာဥနီ တစ်လုံးကို ဆွဲနှုတ်လိုက်သည့်ပမာ ပေါ့ပါးသော အမူအရာမျိုးသာရှိနေသည်။

ထို့နောက် ရွှယ်အန်းသည် အခန်းထဲရှိ လူများကို ဝေ့ဝဲကြည့်လိုက်ကာ ဖျော့တော့စွာ ပြုံးလိုက်သည်။

"မင်္ဂလာညချမ်းပါ လူကြီးမင်းတို့”

အခန်း (၉၀၀) - ပင်လယ်နှင့်တူသော မှောင်မိုက်တဲ့ည

အခန်းတစ်ခုလုံး သေမင်းတမန်နယ်မြေပမာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

သာမန်အချိန်များတွင် မောက်မာဝင့်ကြွားကာ သူတစ်ပါးကို အနိုင်ကျင့် ဗိုလ်ကျရသည်ကို ပျော်မွေ့ကြသော ဤသူဌေးသားများသည် ယခုအချိန်၌ အခြေအနေ ပြောင်းပြန်ဖြစ်သွားကြပြီ ဖြစ်သည်။ သူတို့သည် အသတ်ခံရတော့မည့် သိုးသူငယ်များပမာ ရွှယ်အန်းကို ကြည့်၍ တုန်လှုပ်နေကြသည်။

"အပြင်ကနေ မင်းတို့ပြောသမျှ အကုန်လုံးကို ငါကြားခဲ့တယ်"

ရွှယ်အန်းက ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင် ငါအတော်လေး အံ့သြမိတယ်... ဘာလို့လဲဆိုတော့ မင်းတို့ရဲ့ လုပ်ရပ်တွေက လူ့ကျင့်ဝတ် စည်းကမ်းတွေကို ကျော်လွန်လွန်းနေလို့ပဲ"

"ဒါပေမယ့် အခုတော့ အဲ့ဒါတွေက အရေးမကြီးတော့ပါဘူး၊ ဘာလို့လဲဆိုတော့ လူသားတစ်ယောက်အနေနဲ့ အကြောက်တရားနဲ့ လေးစားမှုဆိုတာ ရှိသင့်တယ်ဆိုတဲ့ အချက်ကို မင်းတို့ နားလည်အောင် ငါလုပ်ပေးမှာမို့လို့ပဲ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ပြုံးလျက် ရှေ့သို့ တိုးလာသည်။

"မလုပ်ပါနဲ့..."

သူဌေးသားများသည် ကြောက်လန့်တကြား တုန်ယင်သွားကြပြီး နားကွဲမတတ် အော်ဟစ်လိုက်ကြသည်။

စာပေပညာရှင်ပုံပေါက်နေသော ဤလူငယ်သည် တကယ့်လက်တွေ့တွင် ပြိုင်ဘက်ကင်းသော နတ်ဘုရားသတ်ဖြတ်သူ တစ်ဦးဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြသည်။

သူ၏ စကားများကို နားထောင်ခြင်းအားဖြင့် သူတို့အားလုံးကို သတ်ပစ်တော့မည်ဆိုသည်မှာ ထင်ရှားနေသည်။

"သခင်လေး... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော် ဒီကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး"

"ဟုတ်ပါတယ်... ချန်ကျားယွီကပဲ ဒီကိစ္စတွေကို လုပ်တာပါ၊ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး"

သူတို့သည် သနားစဖွယ် အော်ဟစ်ငိုယိုလျက် အသက်ချမ်းသာပေးရန် တောင်းပန်ကြသည်။

သို့သော် ရွှယ်အန်းကမူ စိတ်လှုပ်ရှားခြင်း မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"အဲ့ဒီစကားကို မြေအောက်ရောက်မှ သွားပြော"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်း လက်ကိုဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းတစ်ခုသည် နဂါးတစ်ကောင် လှည့်ပတ်သွားသည့်ပမာ အခန်းထဲတွင် ဖြတ်သန်းသွားသည်။

သူတို့အားလုံး နေရာမှာတင် တောင့်ခဲသွားကြပြီး မျက်လုံးများ ပြူးကျယ်လျက် ကြောင်အသွားကြသည်။

ခဏအကြာမှ ဒုတ် ဒုတ် ဒုတ် ဟူသော အသံများ ထွက်ပေါ်လာသည်။

ထို့နောက် တပြိုင်နက်တည်းဆိုသကဲ့သို့ပင် ထိုသူဌေးသားများ၏ ခေါင်းများသည် လေထဲသို့ လွင့်စဉ်သွားပြီး သွေးများ မျက်နှာကြက်အထိ စင်တက်သွားလေသည်။

ဘုန်း ဘုန်း

ခန္ဓာကိုယ်များ တစ်ခုပြီးတစ်ခု မြေကြီးပေါ်သို့ လဲကျသွားသည်။

စာကြည့်တိုက် တစ်ခုလုံးတွင် ရွှယ်အန်းမှလွဲ၍ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။

ကြမ်းပြင်တစ်ခုလုံးတွင် သွေးများဖြင့် ရဲရဲတောက်နေသည်။ သို့သော် ထိုသွေးအိုင်ကြီးထဲတွင် ရပ်နေသော ရွှယ်အန်း၏ ခန္ဓာကိုယ်ပေါ်တွင် သွေးတစ်စက်မျှ မစွန်းထင်းပေ။ သူသည် ဒီကမ္ဘာပေါ်တွင် တစ်ဦးတည်းသော နတ်ဘုရားအလား တိတ်ဆိတ်စွာ ရပ်နေသည်။

ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ အော်ဟစ်သံသဲ့သဲ့ ကြားလိုက်ရပြီး တစ်စုံတစ်ယောက်သည် အပြေးအလွှားလာနေပုံရသည်။ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် သူ လှည့်ထွက်သွားပြီး စာကြည့်တိုက်မှ ထွက်ခွာကာ ခြံဝန်းထဲသို့ ရောက်ရှိလာပြီး ကြယ်အနည်းငယ်သာရှိသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ထိုအချိန်တွင် အဝေးမှ အော်ဟစ်သံများသည် အလွန်နီးကပ်လာသည်။

"သူ့ကို အလွတ်မပေးနဲ့"

"မြန်မြန်... ရှေ့တံခါးနဲ့ နောက်တံခါးတွေကို ပိတ်လိုက်ကြ"

ထိုအော်ဟစ်သံများသည် ခြံဝန်းထဲတွင် ပျံ့နှံ့နေသည်။

ရွှယ်အန်း သက်ပြင်းချလိုက်သည်။

"လူသတ်ရတာ တကယ် အဓိပ္ပာယ်မရှိလိုက်တာ"

ထိုအချိန်၌ပင် ခြံဝန်းငယ်လေး၏ တံခါးမှာ ကြမ်းတမ်းစွာ ဖွင့်ခြင်းခံလိုက်ရသည်။ ချန်အိမ်တော်မှ အိမ်ဖော်များနှင့် အစောင့်များစွာ ဝင်ရောက်လာကြသော်လည်း သူတို့မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ခြံဝန်းတစ်ခုလုံးသည် သွေးများဖြင့် စိုရွှဲနေသောကြောင့် ဖြစ်သည်။ ထို့အပြင် စာပေပညာရှင် ပုံပေါက်နေသော လူတစ်ယောက်သည် အလယ်ခေါင်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ ရွှယ်အန်းသည် ဝင်ရောက်လာသော အစေခံအုပ်စုကို ဝေ့ဝဲကြည့်လိုက်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။

"ဒီလူတွေကို ငါသတ်လိုက်တာ"

ထိုလူများ အံ့သြသွားကြသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင် အချို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး တပြိုင်နက် အော်ဟစ်လိုက်ကြသည်။

"သူ့ဆီ ဝင်တိုက်ကြ၊ သူ့ကို ဖမ်း"

ချန်မိသားစု အမွေဆက်ခံသူကို သတ်သွားသော လူသတ်သမားကို သူတို့ မဖမ်းနိုင်လျှင် အစေခံများနှင့် အစောင့်များ အားလုံး သေရပေလိမ့်မည်။ ထို့ကြောင့် အသက်ရှင်လိုဇောဖြင့် အ‌စေခံများနှင့် အစောင့်များ၏ မျက်လုံးများ နီရဲလာကြသည်။

ဝုန်း

သူတို့သည် ရူးသွပ်စွာဖြင့် အုံနှင့်ကျင်း အလုအယက် ဝင်ရောက်လာကြသည်။ ရွှယ်အန်းသည် ပျင်းရိစွာ သမ်းဝေလိုက်သည်။

"အရမ်းပျင်းဖို့ကောင်းတာပဲ... သူတို့ကို မြန်မြန်ရှင်းပြီး ပြန်အိပ်တာ ကောင်းမယ်"

ထိုသို့ပြောနေစဉ်မှာပင် ရှေ့ဆုံးမှ ဝင်ရောက်လာသော အစေခံများသည် ရုတ်တရက် ရပ်တန့်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ကြက်ခြေခတ် သွေးရာများ ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုသွေးရာများမှ သွေးများ စိမ့်ထွက်လာပြီးနောက် သူတို့၏ ခန္ဓာကိုယ်များသည် အပိုင်းပိုင်းအစစ ပြတ်ထွက်ကျကုန်သည်။

ပြတ်ရာများသည် အလွန်ချောမွတ်ပြီး ညီညာနေသည်ဖြစ်ရာ ပဲပြားတုံးများကို ဓားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ထင်ရသည်။ ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ကျန်ရှိနေသော အစေခံများ ထိတ်လန့်ကုန်ကြသည်။

"မိစ္ဆာကောင်၊ သူက မိစ္ဆာကောင်ပဲ" လူတစ်ယောက်က အော်ဟစ်လိုက်သည်။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး... မင်းတို့ကမှ မိစ္ဆာတွေ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ရှေ့သို့ တိုးလာရာ အစေခံများ အစုလိုက်အပြုံလိုက် လဲကျသေဆုံးကုန်ကြသည်။ အချို့က လှည့်ပြေးရန် ကြံသော်လည်း ခြံဝန်းထဲမှ မထွက်နိုင်ခင်မှာပင် အလောင်းကောင်များ ဖြစ်ကုန်ကြသည်။ တခဏအတွင်း ဝင်ရောက်လာသော အစေခံများနှင့် အစောင့်များ အားလုံး နေရာတွင်ပင် သေဆုံးကုန်ကြသည်။

ရွှယ်အန်းသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မရှိပေ။ ထို့နောက် လတ်ဆတ်သော သွေးများကို ကျော်ခွလျက် ချန်မိသားစု အိမ်တော် အတွင်းပိုင်းသို့ ဝင်ရောက်သွားသည်။

ထိုအချိန်တွင် ချန်မိသားစု၏ အရှင်သခင်၊ ချန်ကျားယွီ၏ ဖခင်ဖြစ်သူသည် နတ်ဘုရားကျောင်းဆောင်အတွင်းရှိ နတ်ဘုရားကျောင်းဆောင်အောက်တွင် ပုန်းအောင်းလျက် တုန်ယင်နေသည်။

သူသည် ဘဝတစ်လျှောက်လုံး စည်းစိမ်ယစ်မူးစွာ နေထိုင်ခဲ့သော အသက် ၅၀ နီးပါးရှိပြီဖြစ်သော်လည်း ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီ ဖြစ်သည်။

အပြင်ဘက်တွင် ဘာတွေဖြစ်ပျက်နေသည်ကို သူ သေချာမသိပေ။

သို့သော် ကျောချမ်းဖွယ် အော်ဟစ်သံများနှင့် လေထဲတွင် ပါလာသော သွေးညှီနံ့များက အပြင်ဘက်တွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ပွဲကြီး ဖြစ်ပွားနေကြောင်း တိတ်တဆိတ် သက်သေပြနေသည်။

ချန်မိသားစု သခင်ကြီးသည်လည်း သွေးထွက်သံယိုဖြစ်သည်ကို နှစ်သက်သူ ဖြစ်သည်။

တစ်ခါတုန်းကဆိုလျှင် သူသည် အသေးအဖွဲ ကိစ္စလေးတစ်ခုကြောင့် မိန်းမငယ်လေး တစ်ဦးကို အလွန် ရက်စက်သော နည်းလမ်းများဖြင့် ၃ ရက်လုံးလုံး နှိပ်စက်ခဲ့ဖူးသည်။

သူ့လက်ထဲတွင် အသက်တစ်ချောင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ခံစားမှုက သူ့ကို အလွန် စိတ်လှုပ်ရှားစေသည်။

သို့သော် သူသည် သားကောင်ကို လှီးဖြတ်မည့် သားသတ်သမားသာ ဖြစ်လိုပြီး စဉ်းတီတုံးပေါ်မှ ငါးနှင့် အသားတုံးတော့ အဖြစ်မခံလိုပေ။

ရက်စက်ကြမ်းကြုတ်သူများတွင် ထိုအချက်ကို အကြောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် ထိုခံစားချက်က ဘယ်လိုလဲဆိုသည်ကို သူတို့ နားလည်ထားသောကြောင့် ဖြစ်သည်။

သူ၏ အတော်ဆုံး တိုက်ခိုက်ရေးသမားများကို စေလွှတ်လိုက်သော်လည်း ပင်လယ်ထဲသို့ရောက်သွားသော ရွှံ့နွံများပမာ အစအနမကျန် ပျောက်ကွယ်သွားသည်ကို သိလိုက်ရသောအခါ အခြေအနေ မဟန်တော့ကြောင်း သူသဘောပေါက်လိုက်သည်။

သူသည် မျှော်လင့်ချက်မဲ့စွာ ဘုရားကျောင်းဆောင်အောက်တွင် ပုန်းအောင်းပြီး ဤကပ်ဘေးမှ လွတ်မြောက်အောင် ကယ်တင်ပေးရန် နတ်ဘုရားများထံ ဆုတောင်းနေရသည်။

သူသည် ပုံမှန်အချိန်ဆို နတ်ဘုရားများကို မယုံကြည်သော်လည်း ယခုအချိန်တွင် စိတ်အားထက်သန်စွာ ဆုတောင်းနေရသည်မှာ ရယ်စရာပင်ကောင်းလှသည်။

သူ့ဆုတောင်းသံကို တုံ့ပြန်လိုက်သည့်ပမယ ဆက်တိုက် ထွက်ပေါ်နေသော အော်ဟစ်သံများ ရုတ်တရက် တိတ်ဆိတ်သွားသည်။

ကမ္ဘာကြီးတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

တိတ်ဆိတ်လွန်းသဖြင့် သူ့သွေးစီးဆင်းသံသူပင် ပြန်ကြားနေရသည်။

ချန်မိသားစု သခင်ကြီးသည် အသက်ပင် ပြင်းပြင်းမရှူရဲဘဲ တတ်နိုင်သမျှ ကျုံ့ဝင်အောင် ကွေးနေလိုက်သည်။

ဘုရားစင်၏ အမိုးအကာက သူ့ကို လုံခြုံမှု အနည်းငယ် ပေးစွမ်းနေသည်။

ထိုအချိန်၌ပင် ဘုရားကျောင်းဆောင် တံခါးများ ဂျီခနဲ ပွင့်သွားသည်။

အသံမှာ အလွန်တိုးညှင်းသော်လည်း သူ့နားထဲတွင်တော့ မိုးခြိမ်းသံပမာ ကျယ်လောင်နေသည်။

သူ့တစ်ကိုယ်လုံးရှိ မွေးညင်းများ ထောင်ထသွားပြီး အသက်ရှူပင် ရပ်တန့်သွားသည်။

ခြေသံများ မကြားရပေ။

တစ်စုံတစ်ယောက်က တံခါးဖွင့်ကြည့်ပြီး ပြန်ထွက်သွားသကဲ့သို့ထင်ရသည်။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ထူးခြားသောအသံများ မကြားရတော့သဖြင့် ချန်မိသားစုသခင်ကြီးသည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

သို့သော် ထိုအချိန်တွင် အပြင်ဘက်မှ တစ်စုံတစ်ယောက်သည် သူ့ကို စောင့်ကြည့်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

ထိုကြောက်မက်ဖွယ် ခံစားချက်ကြောင့် သူ့နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားသည်။ သူသည် အနည်းငယ်မျှပင် မလှုပ်ရဲတော့ဘဲ စိတ်ထဲတွင်သာ အသည်းအသန် ဆုတောင်းနေမိသည်။

သူ့ကို ရှာမတွေ့ပါစေနဲ့ဟု နတ်ဘုရားများကိုပင် တောင်းပန်နေမိသည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သည့် အချိန်အထိ ကြာမြင့်သွားသည်။

ချန်မိသားစုသခင်ကြီး စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေချိန်တွင် သူ့အရှေ့မှ အသံသဲ့သဲ့တစ်ခု ထွက်ပေါ်လာသည်။

"အပြစ်ဆိုတာ အင်အားနဲ့လိုက်ပြီး ကွာခြားမယ်လို့ ငါထင်ခဲ့ဖူးတယ်၊ ဒါပေမယ့် အခု ငါမှားမှန်း သိလိုက်ပြီ၊ အားနည်းတဲ့သူတွေက အားကြီးတဲ့သူတွေထက်တောင် ပိုပြီး ရက်စက်တဲ့ မကောင်းမှုတွေကို ကျူးလွန်တတ်ကြတာပဲ၊ အထူးသဖြင့် သူတို့ထက် ပိုအားနည်းတဲ့သူတွေကို နှိပ်စက်တဲ့နေရာမှာပေါ့ ဟုတ်တယ်မလား"

ချန်မိသားစုသခင်ကြီး၏ သွေးများ အေးစက်သွားပြီး ညည်းတွားသံသဲ့သဲ့ဖြင့်သာ ပြောလိုက်နိုင်သည်။

"အသက်ချမ်းသာပေးပါခင်ဗျာ"

နတ်ဘုရားကျောင်းဆောင် အလယ်မှ တိတ်တဆိတ် ကွဲအက်သွားပြီး ရွှယ်အန်းက ထိုနေရာတွင် ရပ်ကာ တုန်ယင်နေသော ချန်မိသားစုသခင်ကြီးကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"နောက်လာမယ့် အချိန်တွေကို ခင်ဗျား ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"

သူ့ စကားဆုံးသည်နှင့် အော်ဟစ်သံများ စတင် ထွက်ပေါ်လာသည်။

ရွှယ်အန်းသည် သနားညှာတာမှု အလျဉ်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် လမ်းတစ်လျှောက်တွင် သူမြင်တွေ့ခဲ့ရသမျှ အရာအားလုံးက သူ့ကို အလွန်တုန်လှုပ်စေခဲ့သောကြောင့် ဖြစ်သည်။

ဒီချန်မိသားစုက ဆက်ရှိနေဖို့ မထိုက်တန်တော့ဘူး...

အပြင်ဘက်တွင် လရောင်ကို မိုးတိမ်မည်းများက တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။

ညအမှောင်သည် ပင်လယ်ပြင်ကြီးပမာ ကျယ်ပြောလှသည်။

ဤညတွင် အပြစ်များဖြင့် ပြည့်နှက်နေသော ချန်မိသားစု အိမ်တော်ကြီးအပေါ်သို့ သတ်ဖြတ်ခြင်း ကပ်ဘေးကြီး ကျရောက်လာလေသည်။

All Chapters