← Chapters

အဲ့ကောင်က ထူးဆန်းပြီးကြောက်စရာကောင်းတယ်

Vol. 7 Ch. 67

အဲ့ကောင်က ထူးဆန်းပြီးကြောက်စရာကောင်းတယ်

Vol. 7 Ch. 67

အမှန်အတိုင်း ပြောရလျှင် ရှေးဟောင်းနန်းတော်ထဲတွင် မိုးမရွာ၍သာပေါ့၊မဟုတ်လျှင် ရှန်းချန်ကောသည် မျက်လုံးကြီးကို ချည်နှောင်ထားသည့် သံကြိုးများကို ပြေးဖက်ပြီး "ရောင်းရင်းရေ... သိပ်ပြီး ရှိုးမထုတ်ပါနဲ့တော့ကွာ" ဟု ပြောလိုက်မိမည်မှာ သေချာသည်။

ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေနဲ့ မင်းရဲ့မာနတွေ ဘယ်ရောက်သွားလဲ

မင်းရဲ့ မောက်မာမှုတွေရော ဘယ်ရောက်ကုန်ပြီလဲ

"မင်း ကြားလား"

ထိုအချိန်တွင် မျက်လုံးကြီးထံမှ အနည်းငယ် စိတ်လောနေသော အာဏာပြည့်ဝသည့် အသံကို ကြားလိုက်ရသဖြင့် ရှန်းချန်ကောသည် မတတ်သာသည့်အဆုံး နူးညံ့သောစွမ်းအားတစ်ရပ်ကို ထပ်မံဖြည့်သွင်းပေးလိုက်သည်။

အချိန်အတန်ကြာပြီးနောက် ရှေးဟောင်းနန်းတော်ထဲမှ ဇိမ်တွေ့နေသောညည်းသံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။

ရှန်းချန်ကော - "..."

ယခုအချိန်မှာတော့...

မျက်လုံးကြီးသည် သူ့အပေါ် ထားရှိသည့် သတိထားမှုများ တဖြည်းဖြည်း လျော့နည်းလာသည်ဟု ရှန်းချန်ကော ခံစားမိသည်။

၎င်း၏စွမ်းရည်များကို ရှန်းချန်ကောအား တဖြည်းဖြည်း ဖွင့်ပေးနေသကဲ့သို့ပင်။

ရှန်းချန်ကော အနည်းငယ် ပြုံးလိုက်မိသည်။

ဟုတ်သားပဲ

နတ်ဆိုးမွေးတာနဲ့ ဝက်မွေးတာ၊ အိမ်မွေးတိရစ္ဆာန် မွေးတာတွေက သဘောတရားချင်း အတူတူပါပဲ။

အမြဲတမ်း ဖိနှိပ်ချုပ်ချယ်နေလို့ မရဘူး၊ လိုအပ်ရင် ဂရုစိုက်မှုလေးတွေ ပေးရမယ်လေ။

ထို့နောက် သူသည် ရှေးဟောင်းနန်းတော်နှင့် အဆက်အသွယ်ကို ဖြတ်တောက်လိုက်သည်။

'သတ်ဖြတ်ခြင်းဓားနည်းစနစ် · အမြင့်ဆုံးကပ်ဘေး' ကို စတင်လေ့လာလိုက်သည်။

ကပ်ဘေးအဆင့် ဓားနည်းစနစ်

ရှန်းချန်ကော၏မျက်လုံးများ အရောင်တောက်ပသွားသည်။

ဤတစ်ခါတော့ စနစ်သည် ကပ်ဘေးအဆင့် ဓားနည်းစနစ်အတွက် ကျင့်ကြံခြင်းအခြေခံများကို တိုက်ရိုက် မပေးချေ။

အဘယ်ကြောင့်ဆိုသော် ဤဓားနည်းစနစ်သည် အမှောင်နတ်ဘုရားကျောက်တိုင် မှ ပေးအပ်လိုက်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရှန်းချန်ကော အနည်းငယ် ဒုက္ခရောက်နေပြီဟု ခံစားရသည်။

အမှန်အတိုင်း ပြောရလျှင် ရှန်းချန်ကောသည် သူ့ကိုယ်ပိုင် ပါရမီကို ကောင်းကောင်း နားလည်သည်။

တကယ်လို့များ သူသာ ပုံမှန်အတိုင်း တစ်ဆင့်ချင်းစီကျင့်ကြံသွားမည်ဆိုပါက သူ့အဆင့် နတ်ဘုရားလို ဖြစ်လာသည့်အချိန်ကျမှသာ ဤ 'အမြင့်ဆုံးကပ်ဘေး' ဓားနည်းစနစ်ကို အစပျိုးရုံလောက်သာ တတ်မြောက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် စနစ်ကို အသုံးပြုပြီး တစ်ခုခု လုပ်လို့ရမလားဆိုသည်ကို သူ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မနေ့ညက အမှောင်နတ်ဘုရားကျောက်တိုင် နယ်မြေအတွင်း လှုပ်ရှားခဲ့ရသော်လည်း ရှန်းချန်ကောသည် ပင်ပန်းနွမ်းနယ်ခြင်း မရှိဘဲ၊ ယခုအချိန်တွင် ပို၍ပင် လန်းဆန်းတက်ကြွနေသည်။

သူ ပုံမှန်အတိုင်း ချက်အင်ဝင်လိုက်သည်။

ကျန်းစန်းကျန့်၏ဓားစွမ်းအင်တောင် သိမ်းပိုက်မည့် စီမံကိန်းကို နေ့လယ်ပိုင်းမှ စတင်ရန် စီစဉ်ထားသဖြင့် ရှန်းချန်ကော မလောပေ။

ဤတစ်ခေါက် ခရီးစဉ်တွင် ဂိုဏ်းအကြီးအကဲများ ပါဝင်မည်ဖြစ်ပြီး၊ အကြီးအကဲများက 'ဝန်ထုတ်ဝန်ပိုး' ဟု သတ်မှတ်ထားသော ရှန်းချန်ကောလည်း ပါဝင်မည် ဖြစ်သည်။

"ချက်အင်"

"ချက်အင်အောင်မြင်သည် +၁"

"ရရှိသော ဆုလာဘ် - ကျင့်ကြံခြင်းစွမ်းအား * နှစ် (၅၀၀)"

ဤတစ်ခါ နှစ် (၅၀၀) စာ ကျင့်ကြံခြင်းစွမ်းအားကို ရရှိလိုက်ရာ ရှန်းချန်ကောသည် သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

မူလက သူ၏လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ် အရှိန်အဝါကို ထုတ်လွှတ်လိုက်လျှင် သူ့နောက်ကျောတွင် ကြီးမားသော လေပွေလှိုင်းတစ်ခု ပေါ်လာလေ့ရှိသည်။

သို့သော် ယခုတစ်ကြိမ်တွင် လေပွေလှိုင်းသည် တဖြည်းဖြည်း ပြောင်းလဲလာပြီး ခရမ်းရောင် သမ်းလာသည်။

ခရမ်းရောင်အလင်းတန်းများသည် မင်္ဂလာရှိသော ကောင်းကင်ဘုံနယ်မြေတစ်ခုကဲ့သို့ ဖြစ်နေပြီး၊ အတွင်းပိုင်းမှ နက်နဲသော ခရမ်းရောင်အလင်းများ စိမ့်ထွက်လာကာ အလွန်လျှို့ဝှက်ဆန်းကြယ်နေသည်။

ခရမ်းရောင်အငွေ့အသက်များ တလူလူ လွင့်ပျံနေသည်။

"နောက်ထပ် ပြောင်းလဲမှုတချို့ ဖြစ်လာပြန်ပြီ။" ရှန်းချန်ကော အံ့သြသွားသည်။

နောက်ရက်များတွင် အမှောင်နတ်ဘုရားကျောက်တိုင်နယ်မြေမှ တုံ့ပြန်မှုများ ရရှိလာလိမ့်မည်ဟု သူ ခံစားမိသည်။

ရှန်းချန်ကော တကယ်လို့ နတ်တံတားအဆင့် သို့ ရောက်ရှိသွားသောအခါ စုဆောင်းထားသမျှ ပေါက်ကွဲထွက်လာပြီး သူ့စွမ်းရည်သည် ဒုံးပျံစီးသကဲ့သို့ တရိပ်ရိပ် တက်လာလိမ့်မည် ဖြစ်သည်။

ရှန်းချန်ကောသည် ဓားသခင်ရုပ်တုနှစ်ခုအောက်သို့ သွားရောက်လိုက်ပြန်သည်။

"ချက်အင်"

"ချက်အင် အောင်မြင်သည် +၁"

"ရရှိသော ဆုလာဘ် - ကောင်းကင်ဘုံဓားကျမ်း · ဓားထိန်းချုပ်ခြင်းကဏ္ဍ * နှစ် (၅၀၀)"

"ရရှိသော ဆုလာဘ် - ကောင်းကင်ဘုံဓားကျမ်း · ဓားကွက်ဖော်ခြင်းကဏ္ဍ * နှစ် (၅၀၀)"

'ယန်ဒြပ်စင်ငါးပါး အဆင့်ရောက်နေပြီဖြစ်သော ဓားထိန်းချုပ်ခြင်းနည်းစနစ်သည် နှစ်ငါးရာ ထပ်ပေါင်းသော်လည်း သိပ်ပြီး ထူးခြားစွာ တိုးတက်လာခြင်း မရှိပေ။

သို့သော် ဓားကွက်ဖော်ခြင်းနည်းစနစ်မှာမူ သိသိသာသာ တိုးတက်လာခဲ့ပြီး ရှန်းချန်ကော၏ ဓားကွက်ပုံစံသည် မြွေတစ်ကောင်ကဲ့သို့ ပုံသဏ္ဌာန်တွင် ရပ်တန့်နေသည်။

အမှန်တကယ်တော့ ရှန်းချန်ကော စိတ်ထဲတွင် သိပ်ပြီး လှုပ်ရှားမှု မရှိလှပေ။

အဘယ်ကြောင့်ဆိုသော် သူသည် သဏ္ဍန်ဖော်ခြင်းဓားကို အသုံးပြုခဲပြီး ထိန်းချုပ်ခြင်းဓား နှင့် သတ်ဖြတ်ခြင်းဓား ကိုသာ အသုံးများသောကြောင့် ဖြစ်သည်။

အခြားသူများကမူ သဏ္ဍန်ဖော်ခြင်းဓားကို ရန်သူအား စမ်းသပ်ရန် အသုံးပြုကြသည်။

ထိန်းချုပ်ခြင်းဓားကိုမူ ခရီးသွားရန်နှင့် အခြားဓားနှစ်လက်ကို ထိန်းချုပ်ရာတွင် အထောက်အကူပြုရန်သာ သုံးလေ့ရှိကြသည်။

သို့သော် ရှန်းချန်ကော၏ထိန်းချုပ်ခြင်းဓား

မှာမူ 'ယန်ဒြပ်စင်ငါးပါး အဆင့်၊နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။

အဆင့်တူ 'ယင်ဒြပ်စင်ငါးပါး ပိုင်ဆိုင်သော မဟာပုဂ္ဂိုလ်ကြီးများ၏သတ်ဖြတ်ခြင်းဓား စွမ်းအားကိုပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။

စွမ်းအားနှင့် အမြန်နှုန်း နှစ်မျိုးစလုံး ပြည့်စုံသဖြင့် ရှန်းချန်ကောသည် သဏ္ဍန်ဖော်ခြင်းဓား ကို မသုံးဖြစ်တော့သည်မှာ ကြာပြီဖြစ်သည်။

သို့သော် သဏ္ဍန်ဖော်ခြင်းဓား သာ နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပါက အံ့အားသင့်စရာတစ်ခု ဖြစ်လာလိမ့်မည်ဟု ရှန်းချန်ကော ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်တွင် ဖတ်ဖူးသည်။

ထို့နောက် ရှန်းချန်ကောသည် သတ်ဖြတ်ခြင်းဓားစံအိမ်သို့ ရောက်လာခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် ရှန်းချန်ကော လာစမ်းသပ်ကြည့်ခြင်း ဖြစ်သည်။

သူသည် သတ်ဖြတ်ခြင်းဓားစံအိမ် တံခါးဝတွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

'သတ်ဖြတ်ခြင်းဓားနည်းစနစ် · အမြင့်ဆုံးကပ်ဘေး' ကို တိတ်တဆိတ် လည်ပတ်ကြည့်လိုက်သည်။

လည်ပတ်ရသည်မှာ အလွန်ခက်ခဲပြီး အဆင်မပြေ ဖြစ်နေသည်။

သို့သော် ထိုအချိန်မှာပင် သူ စိတ်ထဲမှ ရေရွတ်လိုက်သည်။

"ချက်အင်ဝင်မယ်"

"ချက်အင် အောင်မြင်သည် +၁"

"ရရှိသော ဆုလာဘ် - သတ်ဖြတ်ခြင်းဓားနည်းစနစ် -အမြင့်ဆုံးကပ်ဘေး ကျင့်ကြံခြင်း * (၁) နှစ်"

ရှန်းချန်ကော၏မျက်နှာတွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

တကယ် ရတာပဲ

သူ စနစ်အကြောင်းကို ပိုမို နားလည်လာခဲ့သည်။

သတ်ဖြတ်ခြင်းဓားစံအိမ်တွင် ချက်အင်လုပ်ခြင်းဖြင့် 'နတ္ထိ ဓားနည်းစနစ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ခဲ့သည်။

ယခု ရှန်းချန်ကောသည် ဓားစံအိမ်တံခါးဝတွင် ထိုင်ပြီး 'အမြင့်ဆုံးကပ်ဘေး' ဓားနည်းစနစ်ကို လည်ပတ်နေသည်။

'အမြင့်ဆုံးကပ်ဘေး' သည်လည်း သတ်ဖြတ်ခြင်းဓားနည်းစနစ် အမျိုးအစားပင် ဖြစ်သဖြင့် လည်ပတ်နေစဉ် ချက်အင် လုပ်လိုက်ရာ ချက်ချင်း အကျိုးသက်ရောက်သွားခြင်း ဖြစ်သည်။

တကယ်ပဲ 'အမြင့်ဆုံးကပ်ဘေး' ကျင့်ကြံခြင်းအဆင့်ကို ရလိုက်ပြီ

ရှန်းချန်ကောသည် တစ်ခဏချင်းမှာပင် ဤဓားနည်းစနစ်အပေါ် ပိုမိုနက်ရှိုင်းသော နားလည်မှုကို ရရှိလိုက်သည်။

"ဒါက 'အမှောင်မြူခိုးကျင့်စဥ်ကျမ်း'အမျိုးအစားနဲ့ ဆင်တူတဲ့ သတ်ဖြတ်ခြင်းဓားနည်းစနစ်ပဲ။ ဓားသိုင်းကို လည်ပတ်ဖို့အတွက် 'ပျက်သုဉ်းခြင်းချီ' ကို သုံးဖို့ လိုအပ်တယ်။"

'ပျက်သုဉ်းခြင်းချီ'အား အသုံးပြုပြီး သတ်ဖြတ်ခြင်းဓားကို ထိန်းချုပ်ရမည်။

'ပျက်သုဉ်းခြင်းချီ'ဆိုသည်မှာ မူလကတည်းက ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်သည်။

'မြူခိုးနေထိုင်သူ' အဖွဲ့အစည်းတွင် ဥပမာ - ကျိဘ ဆိုလျှင် 'ပျက်သုဉ်းခြင်းချီ' ကို မကျင့်ကြံနိုင်ပေ။

ထို့ကြောင့် 'ပျက်သုဉ်းခြင်းချီ' သည် အလွန်တန်ဖိုးရှိသည်။

အမျှင်တစ်မျှင်လောက် ကျင့်ကြံနိုင်လျှင်ပင် အဖွဲ့အစည်းတစ်ခုလုံးက လေးစားခြင်းကို ခံရမည်။

ဥပမာအားဖြင့် ဝတ်ရုံနက်အဖွဲ့မှ လူလေးယောက်တွင် တစ်ယောက်က နတ်ဆိုးပျိုးထောင်နိုင်ပြီး၊ တစ်ယောက်က 'ပျက်သုဉ်းခြင်းချီ'ကို ကျင့်ကြံနိုင်သည်။

အမျှင်တစ်မျှင်လောက်သာ ရှိသော်လည်းထိုသူတို့သည် အလွန်အလေးပေး ဆက်ဆံခံရသည်။

သို့သော် ဤ 'အမြင့်ဆုံးကပ်ဘေး' ဓားနည်းစနစ်ကမူ 'ပျက်သုဉ်းခြင်းချီ'ကို အသုံးပြုမှသာ အသုံးပြုနိုင်သည့် ဓားနည်းစနစ်ဖြစ်သည်။

၎င်း၏စွမ်းအား မည်မျှကြီးမားမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။

ရှန်းချန်ကောသည် မုဆိုးက သားကောင်တွေ့သလို စိတ်လှုပ်ရှားစွာဖြင့် ဓားစမ်းကြည့်ချင်လာသည်။

သူသည် အမှောင်မြူခိုးများရှိရာသို့ ဦးတည်လျှောက်သွားလိုက်သည်။

ထိုအချိန်၌...

သတ်ဖြတ်ခြင်းဓားစံအိမ် အနီးတွင် လူရိပ်အချို့ ရုတ်တရက် မမျှော်လင့်ဘဲ ဆုံမိသွားကြသည်။

"ရှူး... မင်းတို့နှစ်ယောက် ဘယ်လိုလုပ် ရောက်လာတာလဲ" ကျိဘ၏မျက်လုံးများ လှုပ်ရှားသွားပြီး ရုတ်တရက် ပေါ်လာသော လူနှစ်ယောက်ကြောင့် ထိပ်လန့်သွားသည်။

"အစ်ကိုကြီးကျိဘ... ခင်ဗျားလား" မိုချင်းချန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူ့ဘေးနားရှိ လင်းချင်းရှန်ကမူ မျက်နှာလေး တင်းထားပြီး အချိန်မရွေး သူမ၏ထိန်းချုပ်ခြင်းဓားနည်းစနစ်ကို ထုတ်သုံးတော့မည့်ပုံ ပေါက်နေသည်။

"မင်းတို့နှစ်ယောက်... ရှန်းချန်ကော နောက်ကို လိုက်လာကြတာလား"

မိုချင်းချန် တစ်ယောက် ရှားရှားပါးပါး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်။

"ကျွန်တော်က သိချင်လို့ပါ။စီနီယာအစ်ကိုကြီး အခု ဘယ်လောက်တောင် စွမ်းအားကြီးနေလဲ ဆိုတာကိုလေ။"

"အဟမ်း... ငါလည်း သိချင်လို့ပါ။" ကျိဘ ချောင်းတစ်ချက် ဟန့်လိုက်ပြီး အနည်းငယ်ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

ထိုအချိန်တွင် သူတို့သည် အတွင်းပိုင်း၌ကုန်းကုန်းကွကွပုံစံဖြင့် ရှန်းချန်ကော နောက်သို့ ခိုးကြောင်ခိုးဝှက် လိုက်ပါကာ မြူမည်းထဲ ဝင်ရောက်သွားသော အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရသည်။

"အဲဒါ ဆရာပဲ"

တကယ်ပဲ

ဆရာကလည်း အစ်ကိုကြီးနောက်ကို တကောက်ကောက် လိုက်ပြီး အမှောင်မြူခိုးထဲ ဝင်သွားပါရောလား။

ရှန်းချန်ကော၏လက်ရှိစွမ်းအားသည် တကယ့်ကို လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ခန့်မှန်းရ ခက်နေသည်။

သူတို့အနေဖြင့် သူ၏စစ်မှန်သော စွမ်းအင်အဆင့်ကို လုံးဝ မခန့်မှန်းနိုင်ကြပေ။

သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီးနောက် အထဲသို့ လိုက်ဝင်သွားကြသည်။

ကျန်းစန်းကျန့်၏မျက်လုံးများ တောက်ပနေသည်။

"ချန်ကောရဲ့လျှို့ဝှက်ချက်..."

ဖြောင်း

ရုတ်တရက် သူ့ပခုံးကို လူတစ်ယောက်က လာပုတ်လိုက်သဖြင့် လန့်ပြီး တုန်တက်သွားသည်။

လှည့်ကြည့်လိုက်တော့...

ကျိဘ၊ မိုချင်းချန် နှင့် လင်းချင်းရှန် တို့ကို တွေ့လိုက်ရသည်။

"ဂိုဏ်းချုပ်ကြီး... ခင်ဗျားက ဒီမှာ..."

ကျန်းစန်းကျန့် ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် မိုချင်းချန်နှင့် လင်းချင်းရှန်တို့၏မျက်နှာပေါ်မှ အထင်အမြင်သေးသော အကြည့်များကို မြင်လိုက်ရသည်။

ဒီကောင်စုတ်လေးတွေ...

ငါ့လို ဆရာကို ဘယ်အချိန်ကတည်းက ဒီလောက် မလေးမစား ဖြစ်သွားကြတာလဲ။

သို့သော် သူသည် ဆရာတစ်ယောက်အနေဖြင့် ကိုယ့်တပည့် ဘယ်လောက်စွမ်းလဲဆိုတာကို သိချင်လို့နောက်ကနေ ခိုးကြောင်ခိုးဝှက် လိုက်ချောင်းခြင်းသည် သိပ်ပြီး ဂုဏ်ယူစရာမကောင်းကြောင်း သိသည်။

ဒါပေမဲ့လည်း ဆရာတစ်ယောက်က တပည့် ဘယ်လောက်တော်လဲ ဆိုတာကို စောင့်ကြည့်တာလေ... နှစ်ဆုံး စာမေးပွဲ စစ်တာလို့ သဘောထားလိုက်ရင် ဘာဖြစ်လဲ။

ပြဿနာ ရှိလို့လား။

"တိုးတိုးနေ၊ ချန်ကော သိသွားဦးမယ်... အဲဒီကောင်လေးက အခု နတ်ဆိုးပူးနေသလား ထင်ရလောက်အောင်ကို သောက်ရမ်းကြမ်းနေတာ။"

All Chapters