လျှို့ဝှက်စည်းမျဉ်း နှင့် သမိုင်းဝင် အဆင့်သတ်မှတ်ချက်များ
Vol. 7 Ch. 62
ထိုအချိန်တွင် ရှန်းချန်ကောသည် မဟာပျက်သုဉ်းခြင်းကမ္ဘာကြီးထဲတွင် ရပ်နေပြီး မျက်နှာမသာမယာဖြစ်နေလေသည်။
"ဒီ လျှို့ဝှက်စည်းမျဉ်းတွေကို ဘယ်လိုလုပ်ပြီး အစပျိုးရမှာလဲ..."
ရှန်းချန်ကော သက်ပြင်းချလိုက်ပြီး မျက်လုံးများတွင် သံသယများ ပြည့်နှက်နေသည်။
သူ နည်းလမ်းပေါင်းစုံ ကြိုးစားကြည့်ပြီးပြီ ဖြစ်သော်လည်း အသုံးမဝင်ခဲ့ပေ။
အချိန်အကြာကြီးလေ့လာနေသော်လည်း အရိပ်အယောင်မျှပင် မတွေ့ရပေ။
ရှန်းချန်ကော လက်လျှော့လိုက်တော့သည်။
"သူတို့ကို စောင့်လိုက်တာ ပိုကောင်းမယ်။ သူတို့ဆီမှာ နည်းလမ်းရှိမလား ကြည့်ရအောင်"
ရှန်းချန်ကော ရုတ်တရက် အကြံတစ်ခု ရသွားသည်။
ဤအမှောင်နတ်ဘုရားကျောက်တိုင်ထဲသို့ ဝင်ရောက်လာသူ အများစုသည် နောက်ခံတောင့်တင်းကြသူများ ဖြစ်သည်။
ထို့ကြောင့် ရှန်းချန်ကော မသိသော သတင်းအချက်အလက်များကို သူတို့ သိထားနိုင်သည်။
"တစ်ယောက်ယောက် နိုးလာတာကို စောင့်ပြီး... သူလုပ်တဲ့အတိုင်း လိုက်လုပ်ရမယ်"
ရှန်းချန်ကော ပြုံးလိုက်သည်။
သူသည် ပါရမီကောင်းပြီး ဦးဆုံး နိုးထလာမည့်သူကို စောင့်ဆိုင်းရန်ရှာဖွေလိုက်သည်။
ထိုအချိန်တွင် လူငယ်တစ်ဦးသည် တင်ပျဉ်ခွေထိုင်နေသည်။
သူ၏ဒျန်ထျန်ထဲသို့ ပျက်သုဉ်းခြင်းချီ (၈)ကြောင်း အဆက်မပြတ် စီးဝင်နေပြီး နန်းတော်ဖွဲ့စည်းရန် ကူညီပေးနေသည်။
ပြီးခါနီးပြီ
ထိုလူငယ်၏စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။
ပျက်သုဉ်းခြင်းချီ (၈) ကြောင်း ဝင်ရောက်လာခြင်းကြောင့် နန်းတော်တည်ဆောက်မှု အလွန်မြန်ဆန်နေခဲ့သည်။
သူသိထားသလောက်ဆိုလျှင် ယခုတစ်သုတ်တွင် (၈)ကြောင်း စုစည်းနိုင်သူ အလွန်နည်းပါးပြီး အများစုမှာ (၇) ကြောင်းအောက်သာ ရှိကြသည်။
သူ့ပါရမီက ကောင်းမွန်ပြီး နောက်ခံလည်း တောင့်တင်းလှသည်။
ထို့ကြောင့်... သူသည် အမြန်ဆုံး ဖွဲ့စည်းပြီးစီးသူ ဖြစ်ရမည်။
ဘုန်း...
သူ့ကျောနောက်တွင် ဒျန်နန်းတော်တစ်ခု ထွက်ပေါ်လာသည်။
နန်းတော်ဟုဆိုခြင်းထက် နတ်ဘုရားကျောင်းတစ်ခုနှင့် ပိုတူနေသည်။
မြင့်မားသောတောင်ထိပ်ဖျားတွင်တည်ရှိပြီး မြူခိုးများဝန်းရံနေကာ နတ်ဘုံနတ်နန်းကဲ့သို့ပင်။
ဤအရာ ထူးခြားနန်းတော်ပင်။
သူ အနည်းမျှ ထပ်မံတည်ငြိမ်စေရန်ကြိုးစားလိုက်လျှင် ပြီးပြည့်စုံသွားပေလိမ့်မည်။
ထို့အတူ သူသည် ပထမဆုံးပြီးစီးသူ ဖြစ်နိုင်ပေလိမ့်မည်။
ငါ... ကျန်းဖုန့်ထျန်းရဲ့ ပါရမီက ဒီနေရာမှာရှိတဲ့ လူတိုင်းကို နင်းခြေပစ်နိုင်တယ်။
သူ့စိတ်ထဲတွင် ကျေနပ်အားရစွာဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူ၏အပြုံးတစ်ခု ချိတ်ဆွဲထားသည်။
သို့သော်..
ရုတ်တရက်
ဝတ်ရုံဖြူနှင့်လူတစ်ယောက်က သူ့ကို မျက်တောင်မခတ်ဘဲစိုက်ကြည့်နေသည်ကို ဗြုန်းစားကြီး တွေ့လိုက်ရသဖြင့် သူ ကြက်သီးထသွားသည်။
ထိုလူ၏မျက်လုံးများထဲတွင် စိတ်မရှည်မှုများ ပြည့်နှက်နေပြီး "မင်းကွာ... ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ" ဟု မေးနေသကဲ့သို့ပင်။
ဒီကောင်က ဘယ်သူလဲ
ကျန်းဖုန်းထျန် ထိတ်လန့်သွားသည်။
ငါ့ထက် မြန်တဲ့လူ ရှိသေးတာလား။
နေဦး... ပြိုင်ဘက်စာရင်းထဲမှာ ဒီလူ့ပုံစံ မပါပါဘူး။
သူက ဘယ်က ရောက်လာတာလဲ။
ကျန်းဖုန့်ထျန်း အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး ထိုလူငယ်ကို အကဲခတ်လိုက်သည်။
ထိုလူငယ်သည် ဓားသွားကဲ့သို့ မျက်ခုံး၊ ကြယ်တာရာကဲ့သို့ မျက်လုံးများနှင့် အလွန်အမင်း ခန့်ညားလွန်းနေသည်။
သူ မဲ့ကာ ရွဲ့လိုက်သည်။
ဟွန့်... နောက်ထပ်မျက်နှာဖြူကောင်ပဲ
ထိုအချိန်တွင် ရှန်းချန်ကော က စကားစပြောလိုက်သည်။
"မဟာပျက်သုဉ်းခြင်းကမ္ဘာရဲ့လျှို့ဝှက်စည်းမျဉ်း ကို ဘယ်လို အစပျိုးရမလဲဆိုတာ မင်း သိလား"
ကျန်းဖုန့်ထျန်းက အေးစက်စွာ ရယ်မောလိုက်သည်။
"ငါက ဘာကိစ္စ မင်းကို ပြောပြရမှာလဲ"
သူ၏အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
ဘုန်း... ကျယ်ပြန့်သောစွမ်းအင်များ လှုပ်ရှားလာပြီး၊ သူ့ကျောနောက်မှ ဒျန်နန်းတော်၏စွမ်းအားနှင့် ပျက်သုဉ်းခြင်းချီများ ပေါင်းစပ်ကာ ဖိအားပေးလိုက်သည်။
လျှို့ဝှက်စည်းမျဉ်းအကြောင်းကို သူ့နောက်ခံအဖွဲ့အစည်းက အဖိုးအခကြီးပေးပြီးမှ ရယူထားရခြင်း ဖြစ်သည်။
ယခုလို မည်သို့ပြောပြနိုင်မည်နည်း။
ဝှစ်
ရုတ်တရက်လေထဲတွင် ကြောက်မက်ဖွယ် ဓားအလင်းတန်းတစ်ခု လက်သွားပြီး၊ ဓားတစ်လက်သည် သူ့လည်ပင်းပေါ်သို့ ရောက်ရှိလာသည်။
ကျန်းဖုန်းထျန် မျက်နှာ ဖြူဖျော့သွားသည်။
ဘယ်ချိန်က..
ဤဓားသည် လွန်စွာမြန်လွန်းလှ၏။
လည်ပင်းပေါ်သို့ မညိသို့ရောက်လာမှန်းပင် သူ မမြင်လိုက်ရပေ။
ဤအရာက အလွန်ချဲ့ကားရာရောက်ပေသည်။
ရှန်းချန်ကောသည် စကားတစ်ခွန်းမျှ ထပ်မပြောဘဲ သူ့ကို ဒီအတိုင်း စိုက်ကြည့်နေသည်။
ထိုနက်ရှိုင်းသော မျက်လုံးများက တူညီသော ကျင့်ကြံခြင်းအဆင့်ချင်းရှိသော်လည်း သူ့ကို ကြောက်ရွံ့စေသည်။
ကျန်းဖုန့်ထျန်း နောက်သို့ အပြင်းအထန် ဆုတ်ခွာလိုက်သည်။
သူသည်လည်း ဓားသမားတစ်ဦး ဖြစ်သည်။
သူ့ကျောနောက်မှ ဓားသုံးလက် ဘွားခနဲ ထွက်လာပြီး ခုခံရန် ပြင်လိုက်သည်။
သို့သော် သူ့ကို အလွန် ထိတ်လန့်သွားစေသည့် အရာမှာ...
သူ မည်မျှထိနောက်ဆုတ်ပါစေ၊ ရှန်းချန်ကော၏ ဓားသည် သူ့လည်ပင်းပေါ်တွင် အရိုးစွဲနေသော သံကောင်ကဲ့သို့ ကပ်နေပြီး တစ်လက်မမျှ မရွေ့လျားပေ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ဒါ ဘယ်လို ဓားထိန်းချုပ်ခြင်းနည်းစနစ်မျိုးလဲ။အရမ်း တိကျလွန်းတယ်။
သူ့ဓားသုံးလက်ဖြင့် ရှန်းချန်ကော၏ဓားကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။
သို့သော် သူ့ဓားများက ရှန်းချန်ကော၏ ဓားနှင့် ထိတွေ့လိုက်မိသော အခိုက်အတန့်တွင်...
ဂျိန်း
ရှန်းချန်ကော၏ဓားပေါ်မှ အလွန်တောက်ပသော အဖြူရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
သေချာကြည့်လိုက်သောအခါ ၎င်းတို့မှာ အလွန်ပြင်းထန်သော လျှပ်စီးများ ဖြစ်နေကြလေ၏။
ယန်ဒြပ်စင်ငါးမျိုး လျှပ်စီး
တခဏချင်းတွင် သူ ကျောချမ်းသွားသည်။
'ဒါ ဘယ်လိုသောက်ကျိုးနဲမွန်းစတားကြီးလဲ။နတ်ဘုရားတစ်ပိုင်းအဆင့် ဓားထိန်းချုပ်ခြင်းမလား။'
သူ့ဓားသုံးလက်သည် လျှပ်စီးနှင့် ထိတွေ့မိပြီးနောက် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပြီး တစ်ဖက်လူ၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။
ဝှစ်
သူ့ကိုယ်ပိုင် ဓားသုံးလက်သည် လေထဲတွင် ရပ်တန့်သွားပြီးနောက် ပြန်လည် လှည့်ကာ သူ့လည်ပင်းကို ပြန်ချိန်လိုက်သည်။
ရှန်းချန်ကော၏ဓားနှင့်ပေါင်းပြီး ဓားလေးလက်သည် ကျန်းဖုန့်ထျန်စ၏ လည်ပင်းကို လေးဖက်လေးတန်မှ ဝိုင်းထားလိုက်သည်။
သူ့မျက်နှာ သွေးမရှိတော့သလောက် ဖြူဖျော့သွားသည်။
ဓားသမားချင်း ယှဉ်ပြိုင်မှုတွင် တစ်ခဏလေးအတွင်း သူ အပြတ်အသတ် ရှုံးနိမ့်သွားသည်။
တဖက်လူက လက်နောက်ပစ်ပြီး မတ်တပ်ရပ်နေရုံသာ ရှိသေးသည်။
"လျှို့ဝှက်စည်းမျဉ်းက... အစပျိုးဖို့ မလွယ်ဘူး..."
ကျန်းဖုန့်ထျန်းအသံတုန်တုန်ဖြင့် ရှင်းပြလိုက်သည်။
"ဒီ မဟာပျက်သုဉ်းခြင်းကမ္ဘာကြီး တစ်ခုလုံးက စမ်းသပ်စက်ကြီး တစ်ခုလိုပဲ။ ဥပမာ... မင်းရဲ့ ဓားချက်တိုင်းက လေထဲမှာ အမှတ်အသား ကျန်ခဲ့လိမ့်မယ်။အဲဒီဓားချက်ကို ဒီနေရာမှာ ရှိခဲ့ဖူးသမျှ သမိုင်းတစ်လျှောက်က ဓားချက်တွေနဲ့ နှိုင်းယှဉ်လိမ့်မယ်။ ဒါမှမဟုတ် လက်တစ်ဖက်တည်းနဲ့ ထုတ်တဲ့အားဆိုရင်လည်း သမိုင်းဝင် စံချိန်တွေနဲ့ ယှဉ်ပြိုင်လိမ့်မယ်..."
"သမိုင်းဝင် အဆင့်သတ်မှတ်ချက်တစ်ခုခု ဝင်သွားရင် လျှို့ဝှက်စည်းမျဉ်း ပွင့်လာလိမ့်မယ်..."
"ဒါပေမဲ့ အဲဒါက အရမ်းခက်တယ်။ ခေတ်အဆက်ဆက် ပါရမီရှင်တွေ ဒီနေရာကို ရောက်ဖူးကြတယ်။သူတို့အားလုံးက ထူးချွန်ကြတယ်။ သူတို့ကို ကျော်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ..."
ရှန်းချန်ကော ခေါင်းညိတ်လိုက်သည်။
ကျန်းဖုန့်ထျန်းသည် ခြိမ်းခြောက်ခံထားရသော်လည်း စိတ်ထဲတွင်တော့ လှောင်ပြောင်နေမိသည်။
အရေးကြီးဆုံး အချက်တစ်ချက်ကို သူ ချန်လှပ်ထားခဲ့သည်။
ထိုအရာကတော့... တိုက်ခိုက်မှု၊ အမြန်နှုန်း စသည်တို့တွင် ရှေးခေတ်နတ်ဘုရားများကို ယှဉ်ပြိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် လူအများစုသည် လမ်းကြောင်းခွဲကာ ကြိုးစားကြသည်။
ဥပမာ- ပြီးခဲ့သည့်အသုတ်က လူတစ်ယောက်သည် ဂျွမ်းပြန်ထိုးပြီး ပြေးသည့်အမြန်နှုန်း ဖြင့် စံချိန်တင်ကာ လျှို့ဝှက်စည်းမျဉ်းကို ဖွင့်နိုင်ခဲ့သည်။
ယခုလူများသည် လက်တစ်ဖက်တည်းဖြင့် ဒိုက်ထိုးခြင်း စသည်တို့ကို လုပ်ဆောင်ကြသည်။
ရှက်စရာ ကောင်းသော်လည်း ရလာသည့် ဆုလာဘ်ကတော့ တန်သည်။
ရှန်းချန်ကောက ခေါင်းတစ်ချက်ညိတ်ပြီးနောက်...
ရုတ်တရက် သူ၏ဓားဖြင့် ကောင်းကင်ယံကို ပိုင်းဖြတ်လိုက်သည်။
ဘုန်း
ကောင်းကင်ယံထက်တွင် လှိုင်းဂယက်များ ထသွားခဲ့သည်။
ဝှစ်
နဂါးတစ်ကောင်ပျံတက်သွားသကဲ့သို့ ဓားအလင်းတန်းကြီး တစ်ခုပေါ်ထွက်လာလေ၏။
ရှန်းချန်ကော၏ဤဓားချက်တွင် သိပ်သည်းလွန်းသောပျက်သုဉ်းခြင်းချီ များ ကပ်ငြိပါဝင်နေသည်။
ကောင်းကင်ထက်မှ လှိုင်းဂယက်များကို ကြည့်ရင်း ကျန်းဖုန့်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားပြီး မျက်ဝန်းအိမ်များ ကျုံ့ဝင်သွားတော့သည်။