← Chapters

ငါ ဓားစမ်းကြည့်လိုက်တာ

Vol. 7 Ch. 63

ငါ ဓားစမ်းကြည့်လိုက်တာ

Vol. 7 Ch. 63

ကောင်းကင်ယံထက်တွင် ရှန်းချန်ကော၏ဓားအလင်းတန်းကို ဗဟိုပြုပြီးလှိုင်းဂယက်များ တုန်လှုပ်ဖွယ်အလိဖြင့် ပြန့်ကားထွက်ပေါ်လာသည်။

ကျန်းဖုန့်ထျန်း၏မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှန်းချန်ကော၏ဤဓားချက်တွင် ထူထဲလေးလံသော "ပျက်သုဉ်းခြင်းချီ"များ အပြည့်အဝဖုံးအုပ်ပါဝင်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ဓားအလင်းတန်းသည် ကောင်းကင်ပေါ်တွင် ဟိန်းဟောက်နေသော နဂါးတစ်ကောင်ကဲ့သို့ပင် တစ်ခဏအတွင်း ကောင်းကင်မြေပြင်ကိုလှုပ်ခါသွားကာ အလွန်ပြင်းထန်သောယန်လျှပ်စီးများ ပေါက်ကွဲထွက်ပေါ်လာလေသည်။

‌ဤမျှထိများပြားသော ပျက်သုဉ်းခြင်းချီကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူတို့အနေဖြင့် ဓားနည်းစနစ်ထုတ်ဖော်ရာတွင် ဓားသိုင်းကွက်ထဲ၌ ပျက်သုဉ်းခြင်းချီအနည်းငယ်လောက်ထည့်သွင်းနိုင်လျှင်ပင် ဓားနည်းစနစ်၏စွမ်းအားက ကြောက်ခမန်းလိလိ မြင့်တက်လာပြီဖြစ်သည်။

သို့သော် ယခု ဤအလွန်ချောမောခန့်ညားသော ဝတ်ရုံဖြူလူငယ်ထုတ်လိုက်သည့် ဓားချက်ကတော့ ဓားတစ်လက်လုံးကို ပျက်သုဉ်းခြင်းချီအလွှာလိုက်ဖြင့် အပြည့်အဝ ဖုံးအုပ်ထားခြင်း ဖြစ်သည်။

ထို့အပြင်...

ကောင်းကင်ယံထက်မှ ဓားအလင်းတန်းသည် မိုးကြိုးမုန်တိုင်းသဖွယ် တရစပ်မြည်ဟိန်းနေသည်ကို ကြည့်ပြီး သူကြောက်လန့်တကြားတုန်လှုပ်သွားခဲ့သည်။

သူ့အဖေ ပြောခဲ့ဖူးသည်။

အမှောင်နတ်ဘုရားကျောက်တိုင်ထဲတွင် ဓားအလင်းတန်းတစ်ခုသည် မပျောက်ပျက်ဘဲ ကောင်းကင်၌ကြာရှည်ကျန်ရှိနေပြီး လှိုင်းဂယက်များထလာပြီဆိုလျှင်... ထိုအရာအား "သမိုင်းဝင်အဆင့်သတ်မှတ်ချက်"ကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

ဘုန်း

ကောင်းကင်ယံတစ်ခုလုံး တုန်ခါသွားသည်။

ထိုအချိန်မှာတော့ ပုန်းကွယ်နေကြသော မွန်းစတားအိုကြီးများ ရှိနေသည့်နေရာသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အဘိုးကြီးများအားလုံးသည် မျက်လုံးပြူးလျက် ထိုမြင်ကွင်းကို စိုက်ကြည့်နေကြသည်။

သမိုင်းဝင်အဆင့်သဝ်မှတ်ချက် လှုပ်ရှားလာလေပြီ။

ဆိုလိုသည်မှာ ဤဝတ်ရုံဖြူလူငယ်၏ဓားချက်သည် အမှောင်နတ်ဘုရားကျောက်တိုင် စတင်ပေါ်ပေါက်လာချိန်ကစ၍ ဝင်ရောက်ခဲ့သော ပါရမီရှင်ပေါင်းများစွာ၊ရှေးဟောင်းနတ်ဘုရားခေတ်မှ နတ်ဘုရားနယ်မြေမှထွက်ပေါ်လာသည့် ပါရမီရှင်များအပါအဝင် မှတ်တမ်းတင်ထားသမျှ ဓားအလင်းတန်းများထဲတွင် ထိပ်ဆုံး (၁၀၀) စာရင်းဝင်သွားပြီဆိုသည့် သဘောပင်။

သူတို့ မျက်စိမှောက်ခြင်းတော့ မဟုတ်နိုင်ပေ။

သူတို့ မျက်လုံးများကို သေချာ ပွတ်သပ်ကြည့်လိုက်ကြသည်။

အမှန်ပင် တကယ်ကို ထိပ်ဆုံးအယောက် (၁၀၀) စာရင်းဝင်သွားခြင်း ဖြစ်သည်။

"လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း ဓားနည်းစနစ်စွမ်းအားမှာ သမိုင်းဝင် ထိပ်ဆုံး (၁၀၀) ဝင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ရှေးဟောင်းနတ်ဘုရားတွေပေါ်ထွန်းခဲ့တဲ့ ခေတ်တုန်းကဆိုရင် ဒီလိုကြောက်မက်ဖွယ် ဓားနည်းစနစ်စွမ်းအားမျိုးကို ရှေးဟောင်းနတ်ဘုရားတွေက နောက်လူတွေ လိုက်မမီနိုင်လောက်တဲ့ အထွတ်အထိပ်အဆင့်ထိ ရောက်အောင် လုပ်ပြခဲ့ကြတာလေ။"

သူတို့ အကြီးအကျယ် တုန်လှုပ်သွားကြသည်။

ဤလူငယ်သည် သမိုင်းဝင်အဆင့်သတ်မှတ်ချက်၏လှိုင်းဂယက်ကို တိုက်ရိုက် ဖော်ဆောင်နိုင်ခဲ့သည်။

သူ ယခင်က ထုတ်ဖော်လိုက်သော ဓားချက်သည် သမိုင်းတစ်လျှောက် ထိပ်ဆုံး (၁၀၀) အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်လေ၏။

ဒါက...

ထိုအချိန်တွင် ချင်းရွှမ် တစ်ယောက် ခါးသီးစွာ ပြုံးလိုက်မိသည်။

"သူ့ရဲ့ ဒီဓားချက်က ပျက်သုဉ်းခြင်းချီ အများကြီး ဖုံးအုပ်ထားတာပဲ။ မူလစွမ်းအင်မပြောင်းလဲခင်မှာတင် မူလပျက်သုဉ်းခြင်းစွမ်းအင်က ဓားမှာ တွယ်ကပ်နေနိုင်တာမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး... ဒီကောင်ကတော့ တကယ့် သရဲသဘက်ပဲ။"

"ယန်ဒြပ်စင်ငါးမျိုးလျှပ်စီးစွမ်းအင်၊ ပြီးတော့ မူလပျက်သုဉ်းခြင်းစွမ်းအင်က ဓားကို လွှမ်းခြုံထားတယ်..."

"ခေါင်းအစခြေအဆုံး တကယ့်ကိုမွန်းစတားကောင်ပဲ။"

'မူလပျက်သုဉ်းခြင်းစွမ်းအင်' ဆိုသည်မှာ ကျင့်စဉ်လည်ပတ်ချိန်တွင် ခန္ဓာကိုယ်ပေါ်၌ဝန်းရံခြင်းမဟုတ်ဘဲ၊ ဓားကို ထိန်းချုပ်လိုက်သည်နှင့် တိုက်ရိုက် လွှမ်းခြုံသွားခြင်းကို ဆိုလိုသည်။

ဤနှစ်ခုကြားတွင် အလွန်ကြီးမားသော အခြေခံကျသည့် ကွာခြားချက်ကြီး ရှိနေသည်။

ယခုအချိန်တွင် သူတို့ အံ့အားသင့်နေကြပြီး

ကောင်းကင်ယံထက်မှာတော့အရိပ်များ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

အလင်းရောင်များလှိုင်းထနေသော ကောင်းကင်ယံတွင် အမှောင်နတ်ဘုရားကျောက်တိုင်နယ်မြေ၏ သမိုင်းတစ်လျှောက်မှ ထူးချွန်ပြောင်မြောက်လှသော ပုံရိပ်များ ထင်ဟပ်လာသကဲ့သို့ပင်။

အရိပ်တစ်ခုသည် ဝေဝါးနေသော်လည်း ခေတ်အဆက်ဆက်ကို လွှမ်းမိုးနိုင်သော ပါရမီကို မြင်တွေ့နေရဆဲဖြစ်သည်။

သူသည် ရှေးဟောင်းနတ်ဘုရားလူငယ် တစ်ပါး ဖြစ်ပြီး ဦးခေါင်းထက်တွင် နတ်ဘုရားအလင်းစက်ကွင်း၊ကျောဘက်တွင် ရောင်စုံအလင်းတန်းများဖြာထွက်နေကာ မျက်ဝန်းများက မောက်မာပြီး အလွန်မြင့်မြတ်နေသည်။

ထိုပုံရိပ်သည် အားယူလိုက်ပြီး ကောင်းကင်မှ လှိုင်းဂယက်များသည် သူ၏အချိန်ကြာမြင့်စွာ စုစည်းထားသော စွမ်းအားကို ထင်ဟပ်စေကာ ကမ္ဘာပျက်မတတ် ပြင်းထန်သော ဓားချက်ကို ထုတ်ဖော်လိုက်သည်။

ထို့နောက် ဒုတိယပုံရိပ်...

တတိယပုံရိပ်...

ကျန်းဖုန့်ထျန်းသည် ထိုပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်ကို ကြည့်ရင်း စိတ်ဓာတ်အကြီးအကျယ် ကျသွားခဲ့ရသည်။

အမှန်အတိုင်း ပြောရလျှင် ထိုထူးချွန်ပြောင်မြောက်သော ပုံရိပ်များကို ကြည့်ပြီး သူ၏ တာအိုနှလုံးသားသည် ထိခိုက်သွားခဲ့သည်။

လူများည် ကိုယ်နှင့်အရွယ်တူများကို မြင်လျှင် မသိစိတ်မှ နှိုင်းယှဉ်တတ်ကြသည်။

နှိုင်းယှဉ်ပြီးနောက်တွင်တော့ ကိုယ့်ကိုယ်ကိုယ် အသုံးမကျသော အမှိုက်တစ်စလို ခံစားကြရတတ်၏။

ဘယ်လိုတောင် သတ္တိရှိလိုက်တာလဲ။

ကျန်းဖုန့်ထျန်းသည် သူ့ရှေ့မှ ဝတ်ရုံဖြူလူငယ်ကို ကြည့်လိုက်သည်။

ထိုလူငယ်သည် လက်နောက်ပစ်လျက် ကောင်းကင်ပေါ်မှ ပုံရိပ်များကို လျှပ်စီးများသဖွယ် စူးရှသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

သူ့မျက်ဝန်းထဲတွင် နောက်ဆုတ်လိုဟန်မရှိဘဲ လေးနက်မှုနှင့် တိုက်ခိုက်လိုသောဆန္ဒများပြည့်နှက်နေလေသည်။

ရှုံးသွားပြီ။

စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ငါကျန်းဖုန့်ထျန်း ရှုံးသွားပြီ။

ဒီလူက ဘယ်လို မွန်းစတားမျိုးလဲ။

အမှောင်မြူသမုဒ္ဒရာထဲတွင် သမိုင်းလမ်းကြောင်း ပြတ်တောက်မှုများ ဖြစ်ခဲ့ဖူးလေ၏။

ရှေးဟောင်းနတ်ဘုရားခေတ်သည် အတိတ်ပြာပုံသို့ ဖြစ်ခဲ့ပြီးလေပြီ။

ထိုခေတ်မှ သက်ရှိများသည် လွန်စွာသန်မာကြလေသည်။

လက်ရှိခေတ်၏လူများသည် ကိုယ့်ကိုယ်ကိုယ် ရှေးဟောင်းနတ်ဘုရားများနှင့် နှိုင်းယှဉ်ကြသော်လည်း အမှန်မှာ ဖြစ်တည်မှုအဆင့်တန်းခြင်းပင်ကွာဟမှုရှိလေသည်။

'ဒါပေမဲ့ ဒီလူကတော့ ရှေးဟောင်းနတ်ဘုရား လူငယ်ပုံရိပ်တွေကို ရင်ဆိုင်ရင်း...ခြေတစ်လှမ်းတောင် နောက်မဆုတ်ခဲ့ဘူး။'

ယခင် ဓားချက်ကို ပြန်တွေးလိုက်ရင်း...

ကျန်းဖုန့်ထျန်း ရူးသွပ်မတတ် ဖြစ်လာသည်။

သူက ဤခေတ်ကာလတွင် မိမိကိုယ်မိမိ ထိပ်တန်းပါရမီရှင်တစ်ယောက်ဟု ထင်မှတ်ထားခဲ့လေသည်။

သို့သော် ယနေ့မှာတော့ သူ အကြီးအကျယ် ထိုးနှက်ခံလိုက်ရသည်။

သူ့မျက်လုံးအလင်းရောင်များ မှိန်ဖျော့သွားပြီး အလွန်ရှုပ်ထွေးသော စိတ်ခံစားချက်များ ဝင်ရောက်လာသည်။

ဘုန်း

ဘုန်း

ကောင်းကင်ယံတွင် ပုံရိပ်ပေါင်းတစ်ရာနီးပါး ထွက်ပေါ်လာပြီး ဓားချက်ကိုယ်စီ ထုတ်ဖော်ကြသည်။

တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် ပါရမီအစွမ်းများပြည့်နှက်နေကြသည်။

ထိုအချိန်မှာပင်

အလွန်ရင်းနှီးနေသော ဝတ်ရုံဖြူလူငယ်တစ်ဦး ကောင်းကင်ပေါ်၌ထွက်ပေါ်လာခဲ့သည်။

ပြီးပြည့်စုံသော မျက်နှာ၊ ဓားသွားကဲ့သို့ မျက်ခုံး၊ ကြယ်တာရာကဲ့သို့ မျက်လုံးများက ကောင်းကင်နှင့်မြေပြင်၏ထုဆစ်ခြင်းခံထားရသလိုပင်။

မျက်ဝန်းထဲတွင် လျှပ်စီးများလက်နေပြီး လက်ကို ဖြန့်လိုက်သည်နှင့် ဓားပေါ်မှလျှပ်စီးများ ပေါက်ကွဲထွက်လာကာ ပျက်သုဉ်းခြင်းချီများနှင့်ပေါင်းစပ်ပြီး အဆုံးမဲ့စွမ်းအားများဖြင့် ကောင်းကင်ယံကို ထိုးဖောက်သွားသည်။

ထိုသူမှာ ရှန်းချန်ကော ပင်

ဓားနည်းစနစ်စွမ်းအား သမိုင်းဝင်အဆင့်သတ်မှတ်ချက် - အမှတ် (၉၇)

ကျန်းဖုန့်ထျန်း တုန်လှုပ်သွားသလို မနာလိုဝန်တိုမှုနှင့် အားကျမှုများကိုလည်း တပြိုင်နက် ခံစားလိုက်ရသည်။

လူငယ်တစ်ယောက်အနေဖြင့် ဤအမှောင်နတ်ဘုရားကျောက်တိုင်နယ်မြေတွင် ကိုယ့်၏ပုံရိပ်ကို မည်သူက မချန်ထားခဲ့ချင်ဘဲ ရှိမည်နည်း။

မျိုးဆက်သစ်များကြည့်ရှုရန် မိမိ၏ဓားနည်းစနစ်စွမ်းအားကို သမိုင်းပုံရိပ်အဖြစ်ချန်ရစ်ထားရန်အတွက်ဖြစ်သည်။

သူ လုပ်နိုင်ခဲ့ပြီပဲ

ကျန်းဖုန့်ထျန်း၏မျက်လုံးများ မီးထတောက်မတတ် ဖြစ်လာသည်။

သို့သော် ထိုအချိန်မှာပင် ရှန်းချန်ကော ရုတ်တရက် ဓားကိုပြန်ရုပ်သိမ်းလိုက်သည်။

ဘုန်း

ကောင်းကင်ပေါ်မှ အမှတ်အသားများ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဖြစ်ပေါ်နေသော ထူးခြားဖြစ်စဉ်အားလုံး ရပ်တန့်ငြိမ်သက်သွားသည်။

သမိုင်းဝင်အဆင့်သတ်မှတ်ချက် မှတ်တမ်းတင်ခြင်းကို ရှန်းချန်ကောက ရပ်တန့်ပစ်လိုက်ခြင်းပင်။

သူ ဘာလုပ်တာလဲ

ထိုအချိန်မှာတော့ ကျန်းဖုန့်ထျန်းသာမက ပုန်းကွယ်နေသောအဘိုးကြီးများပင် မျက်ခုံးများ တဆတ်ဆတ်လှုပ်လာကြသည်။

"သူ ဘာလုပ်လိုက်တာလဲ"

"ဘာလို့ ဆက်ပြီး မှတ်တမ်းမတင်တာလဲ။ တကယ်လို့သာ ဆက်လုပ်ရင် သူသေချာပေါက် အရမ်းအားကောင်းတဲ့ ဓားနည်းစနစ်ကျင့်စဉ်တစ်ခု ရနိုင်မှာလေ။ တိုက်ခိုက်ခြင်းဓားနည်းစနစ်ကောင်းကောင်းတစ်ခုလောက် ရရင် သူ့စွမ်းရည်က အများကြီး တက်လာဦးမှာကို"

မွန်းစတားအိုကြီးများအားလုံး သွေးအန်ချင်စိတ် ပေါက်သွားကြသည်။

ဒီကောင် ဘာလုပ်ချင်နေတာလဲ

ကျန်းဖုန့်ထျန်းမှာလည်း နှလုံးသားထဲမှ သွေးယိုစီးကျနေသလို ခံစားလိုက်ရသည်။

သမိုင်းဝင်အဆင့်သတ်မှတ်ချက် မှတ်တမ်းတင်ခြင်းဆိုသည်မှာ မည်မျှထိဂုဏ်ယူဖွယ်ကောင်းသော အခိုက်အတန့်ဖြစ်သနည်း။

'သူက ဘာလို့ ရုတ်တရက် ရပ်ပစ်လိုက်တာလဲ။

လက်ရှိခေတ်မှာ ဓားနည်းစနစ်စွမ်းအားကို မှတ်တမ်းတင်နိုင်သူမပေါ်တာ နှစ်တစ်ရာလောက် ရှိနေပြီလေ။'

မိမိခံစားကြည့်နေစဉ်၊ထို ဂုဏ်ယူဝင့်ကြွားမှုများ နှင့် ထိုခံစားချက်များ... ယခုတော့ ကိုယ်တိုင်မှတ်တမ်းတင်နေစဉ် ရပ်တန့်ခံလိုက်ရသလိုမျိုး ဖြစ်သွားပြီး အတော်လေး ခံစားရခက်သွားသည်။

"မင်း ဘာလုပ်တာလဲ" သူ မေးလိုက်သည်။

ရှန်းချန်ကောက သူ့ကို ထူးဆန်းသလို ကြည့်လိုက်ပြီး သူ၏ဓားကို လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ ဓား၏ကြည်လင်ပြတ်သားသောအသံ ထွက်ပေါ်လာသည်။

"ငါ အရင်ဆုံး ဓားကို စမ်းကြည့်လိုက်တာလေ။"

ငါက သာမန်ကာလျှံကာ ဓားတစ်ချက် စမ်းလိုက်ရုံပဲရှိသေးတယ်၊ မင်းက ဘာတွေ လာပြီး စိတ်လှုပ်ရှားနေတာလဲ။

ကျန်းဖုန့်ထျန်း "..."

မွန်းစတားအိုကြီးများ "..."

ဓားစမ်းတာ

မင်းက ဓားစမ်းလိုက်ရုံပဲလား

ပါရမီရှင်တွေက အရင်ဆုံး ဓားတစ်ချက် ခုတ်ပြီး အရှိန်ယူ၊ ပြီးမှ အားကုန်ထုတ်ပြီး ခုတ်ကြတာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ မင်းကကျတော့ ဓားစမ်းရုံနဲ့တင် သမိုင်းဝင်အဆင့်သတ်မှတ်ချက်ကို တန်းရောက်သွားတယ်ပေါ့ ဟုတ်လား'

ကျန်းဖုန့်ထျန်း ရုတ်တရက် သွေးအန်ချင်လာသလို ခံစားလိုက်ရတော့သည်။

All Chapters