မထိန်းချုပ်နိုင်တော့သူ
Vol. 49 Ch. 725
မီးက ရုတ်တရက် ထလောင်ခြင်းဖြစ်သည်။ အခြေအနေမကောင်းတော့မှန်း ကုရှဲ့နားလည်လာသည်။
သူ့ဤနေရာတွင် မီးလောင်၍သေသွားလျှင် သိတတ်လိမ္မာမှုအကြောင်း ပြောစရာရှိမည်မဟုတ်တော့။
ထို့ပြင် ယခုသူသည် သေမျိုးတစ်ယောက်ဖြစ်သည်။ ဘာမှော်စွမ်းအားမှထုတ်မသုံးနိုင်။
မီးငြိမ်းချိန်ထိစောင့်နေလျှင်၊ တစ်ယောက်ယောက်လာကယ်ချိန်ကိုစောင့်နေလျှင် နောက်ကျသွားတော့မည်။
အသက်ရှင်လိုလျှင် နည်းလမ်းက တစ်ခုသာရှိသည်။ အံတင်းတင်းကြိတ်၍ ကိုယ်ဟန်ပြင်လိုက်ပြီး စပါးကျီခေါင်မိုးပေါ်မှ ခုန်ချသည်။
သူကံကောင်းသည်။ ခြေတစ်ချောင်းသာ ကျိုးသည်။
နောက်တစ်ရက်တွင် ကုရှဲ့ထိုနေရာ၌ လှဲနေသည်။ သေဖို့ဆုတောင်းနေသည်။ အိမ်တွင် သူ့ကိုဂရုစိုက်မည့်လူ တစ်ယောက်မှမရှိ။
အိပ်ယာထဲမှာပင် လဲလျောင်းခွင့်မရှိ။ ကောက်ရိုးဖျာပေါ်တွင် ကောက်ရိုးခြုံ၍သာ လှဲရသည်။
"သား၊ အဆင်ပြေရဲ့လား"
ကုသခင်ကြီးက စိုးရိမ်ပူပန်ဟန်ဖြင့်မေးသည်။
ကုရှဲ့စိတ်ထဲတွေးနေသည်။
ကျုပ်က ဒီမှာလှဲနေရတာကို အဆင်ပြေရဲ့လားလို့ ခင်ဗျားဘယ်လိုများမေးနိုင်တာလဲ..
ခင်ဗျားသာ မီးမရှို့ခဲ့ရင် ကျုပ်အပူလောင်ပါ့မလား...
အစစ်အမှန်လောကသာဖြစ်လျှင် ကုသခင်ကို သူအကြိမ်ကြိမ်သတ်ပြီးဖြစ်လိမ့်မည်။ သို့သော် ယခုအဖြစ်က စမ်းသပ်နေခြင်းဖြစ်သည်။ သိတတ်လိမ္မာမှုကို စမ်းသပ်နေခြင်းဖြစ်သည်။
ဒေါသကိုဖိနှိပ်ထိန်းချုပ်၍ သူပြုံးလိုက်သည်။
"ပြောပါတယ်အဖေ"
ကုသခင်စိတ်သက်သာရာရသွားသည်။
"သမားတော်ကို ဆေးဖော်ခိုင်းစရာမလိုဘူးလို့ ငါပြောသားပဲ။ အလကားငွေကုန်ရုံပဲ။ ငယ်ငယ်ကတည်းက မင်းသန်စွမ်းတာကို ငါသိတယ်။ ဆေးမရှိလည်း ပြန်ကောင်းလာမှာပဲလေ"
"ဟုတ်ပါတယ်အဖေ"
နေ့လည်စာစားချိန်တွင် ကုရှဲ့မိထွေးက ငှက်ဆိုးထိုးသံဖြင့်ပြောသည်။
"နင်ဘယ်တော့ပြန်ကောင်းမှာလဲ။ ဒီအိမ်မှာ အသုံးမဝင်တဲ့လူကို ကျွေးမွေးမထားနိုင်ဘူးနော်"
သုံးလကြာပြိးနောက် ကုရှဲ့ ပြန်ကောင်းလာသည်။ မြေပေါ်တွင်အလုပ်လုပ်နိုင်လာသည်။
နောက်ထပ်သုံးလအကြာတွင် ကုသခင်က ကုရှဲ့ကိုလာပြောသည်။ တစ်ခြားမိသားစုများအားလုံး ရေတွင်းကိုယ်စီရှိသည်။ သူတို့အိမ်လည်း ရေတွင်းတူးသင့်သည်ဟုဆိုသည်။
ထိုတာဝန်က ကုရှဲ့အပေါ်ကျလာသည်။ ကုသခင်နျင့် ကုသခင်မက သူ့ညီငယ်ကို အလုပ်မလုပ်စေချင်ကြ။
ကုရှဲ့က အတော်သန်မာသည်။ အသက်ကိုမောပန်းစွာရှူရှိုက်လျက် ဂေါ်ပြားဖြင့်ထိုးကော်လွှဲယမ်းနေသည်။ နေ့တစ်ပိုင်းအတွင်း သုံးလေးမီတာနက်သည့် ရေတွင်းတစ်ခုပြီးသွားသည်။
သူအနားယူရန်ပြင်နေစဉ် မြေတစ်ကော်စာ သူ့ခေါင်းပေါ်သို့ကျလာသည်။
သူမော့ကြည့်သည်။ သူ့အဖေနှင့်ညီငယ်က မြေတွင်းကို ပြန်ဖို့နေသည်။
"ဘာလုပ်နေကြတာလဲ။ ကျုပ်အောက်မှာရှိသေးတယ်လေ"
သူ့ဖခင်နှင့်ညီငယ်က မကြားချင်ယောင်ဆောင်၍ မြေဖို့နေသည့်အရှိန်ကို မြှင့်လိုက်သည်။ ကုရှဲ့ကိုမြေဖို့ရန် ကြိုးစားနေခြင်းဖြစ်သည်။
ကုရှဲ့ ဒေါသထွက်သွားသည်။ ဆက်၍ဟန်ဆောင်လိုစိတ်မရှိတော့။
ကံကောင်းထောက်မစွာဖြင့် အစောပိုင်းက ရေတွင်းနံရံတွင် အတက်အဆင်းခြေကန်ရလွယ်စေရန် ချိုင့်ခွက်ငယ်လေးများ သူတူးထားခဲ့သည်။
အချိန်တိုအတွင်း ထိုတွင်းခွက်များကိုသုံး၍ ရေကန်ထဲမှထွက်လာနိုင်ခဲ့သည်။ သူ့အဖေနှင့်သူညီ အတော်ကြောက်သွားကြသည်။
မျက်နှာတစ်ခုလုံးမြေမှုန့်များအပြည့်ဖြင့် ကုရှဲ့အော်လိုက်သည်။
"ဘာတွေလုပ်နေကြတာလဲ"
ကုသခင်က အမြန်ဖျောင်းဖျသည်။
"မင်းအောက်မှာရှိနေမှန်း ငါတို့မသိလို့ပါကွာ"
ကုရှဲ့ ကုသခင်ကို ဒေါသအပြည့်ဖြင့်ကြည့်သည်။
စမ်းသပ်ပွဲသာမဟုတ်လျှင် ဤတစ်မိသားစုလုံးကို သူမြေမြှုပ်ပစ်မိပေလိမ့်မည်။
အချိန်များကုန်လွန်သွားသည်။ အသက်ဘေးကြုံခဲ့သည့်နှစ်ကြိမ်နှင့် မိသားစုကပေးသည့် အခက်အခဲများကို ကုရှဲ့မေ့သွားဟန်တူသည်။
မိဘများကို လေးစားသည်။ သူညီငယ်ကို ချစ်မြတ်နိုးသည်။ သို့သော် သူ့ဖခင် ရုတ်တရက် နာမကျန်းဖြစ်သည်။ နောက်ဆုံးတွင် ကုသ၍မရတော့။
ညီငယ်က တစ်ခြားမိသားစုတစ်ခုနှင့်လက်ဆက်ပြီး မြို့တော်သို့ပြောင်းသွားသည်။ သူတို့ဆီတစ်ခါမှ ထပ်မဆက်သွယ်တော့။
သို့သော် ကုရှဲ့က အလွန်တရာကျေးဇူးသိတတ်သည်။ ရွာထဲတွင် သိတတ်လိမ္မာမှုစံပြတစ်ယောက်ဖြစ်လာသည်။
ထို့နောက် သူ့ကောင်းသတင်းက ကောင်တီမြို့ထိ ပျံ့နှံ့သွားသည်။ ကောင်တီတရားသူကြီးက သူ့ကိုဂုဏ်ပြုသည်။ အရာရှိအဖြစ် ခန့်အပ်ခဲ့သည်။
ဘာကြောင့်မှန်းတော့မသိ။ ကုသခင်မက လောင်းကစားစွဲလာသည်။
အရာရှိဖြစ်သည့် ကုရှဲ့က မှောင်ခိုလောင်းကစားဝိုင်းများ ဝင်ဖမ်းသည့်အချိန်အတော်များများတွင် ကုသခင်မကိုတွေ့သည်။ အမြဲတမ်းလွှတ်ပေးခဲ့သည်။
ကောင်တီတရားသူကြီးက ထိုအကြောင်းသိသွားသည်။ ကုရှဲ့ကို အလုပ်ဖြုတ်သည်။
ကုရှဲ့အိမ်ထောင်ပြုသည်။ သားသမီးရလာသည်။ ကုမိခင်နှင့်အတူနေသည်။
သို့သော် အချိန်ကောင်းများသည် ကြာကြာမခံ။
ကုမိခင်က စုဆောင်းထားသမျှအားလုံးကို လောင်းကစားလုပ်၍ဖြုန်းပစ်သည်။
ထိုအချိန်က ဆောင်းရာသီဖြစ်သည်။ ငွေလည်းလုံးဝမရှိ။ အစားအသောက်လည်း လူတိုင်းအတွက် မလုံလောက်တော့။
ကုရှဲ့၏ဇနီးက အကြံပြုသည်။
"ကလေးတစ်ယောက်ဆုံးရှုံးရင် နောက်ထပ်ကလေးတစ်ယောက်မွေးလို့ရတယ်။ မိခင်ဆိုတာတော့ တစ်ယောက်တည်းပဲရှိတယ်။ သားကို မြေမြှုပ်ကြစို့"
ကုရှဲ့လည်း သူ့မိန်းမအကြံကို လက်ခံသည်။
တစ်ညတွင် သူတို့နှစ်ယောက် မြေတွင်းတစ်တွင်းတူးကြသည်။ သိပ်နက်နက်မတူးရသေးမီ သူတို့ဂေါ်ပြားက မာကျောသည့်အရာတစ်ခုကို ထိုးမိသည်။
"မြေအိုးလား"
လင်မယားနှစ်ယောက် မြေအိုးအဖုံးကိုဖွင့်သည်။ တလက်လက်တောက်နေသည့်ရွှေများ အပြည့်ရှိနေသည်ကိုတွေ့ရသည်။
ရွှေအိုးရသဖြင့် သူတို့အတော်ပျော်သွားကြသည်။ သူတို့သားကိုလည်း မြေမြှုပ်စရာမလိုတော့။ သူတို့မိသားစုသည် ထိုနယ်မြေတစ်ဝိုက်တွင် လူချမ်းသာမိသားစုစာရင်းဝင်ဖြစ်လာနိုင်သည်။
သူ့ဇနီးက မြေပေါ်တွင်ဒူးထောက်ဆုတောင်းသည်။ သူတို့သိတတ်လိမ္မာမှုကို ကောင်းကင်ကအသိအမှတ်ပြုသည်ဟု ယုံကြည်နေသည်။
ရွှေတစ်အိုးဖြင့် သူတို့မိသားစု ချက်ချင်းလူနေမှုအဆင့်အတန်းမြင့်သွားသည်။ အိမ်ကြီးတစ်လုံးသို့ ပြောင်းရွှေ့သည်။
ကုမိခင်က နောက်ဆုံးနှစ်ကာလများကို သာယာစွာခံစား၍ ငြိမ်းချမ်းစွာကွယ်လွန်သွားသည်။
နှစ်ဝက်ကြာပြီးနောက် ရွှေပိုင်ရှင်က ကုမိသားစုထံလာပြီး ရွှေကိုပြန်တောင်းသည်။
ကုရှဲ့တို့က ရွှေအားလုံးသုံးလိုက်ပြီဖြစ်၍ ပြန်မပေးနိုင်။
ကုရှဲ့ ထောင်ကျသည်။
ပုံရိပ်ယောင်လောက အဆုံးသတ်သွားသည်။
ကုရှဲ့ အသိပြန်ဝင်လာသည်။ သူသည် နောက်ဆုံးနိုးလာသူဖြစ်သည်။ ကုကျန်ယဲ့နှင့်တစ်ခြားသူများက အစောကြီးကတည်းကနိုးနှင့်ပြီးဖြစ်သည်။
ကုရှဲ့နိုးလာသည်ကိုမြင်ပြီးနောက် တိုင်ပုဖန် ငြင်သာစွာခေါင်းခါလိုက်သည်။
"မင်း ကျတယ်"
"ကျတယ်..ဟုတ်လား"
ကုရှဲ့ အံ့အားသင့်သွားသည်။ သူ့သိတတ်လိမ္မာမှုသည် ရပ်နီးရပ်ဝေးနာမည်ကျော်ခဲ့သည်။ ဘာကြောင့် သူကျရသနည်း။
"မင်းမိသားစုက မင်းကိုသုံးလေးကြိမ်သတ်ဖို့ကြိုးစားတာတောင် မင်းကသူတို့ကို လေးလေးစားစားဆက်ဆံတယ်။
မင်းမိထွေး လောင်းကစားအထပ်ထပ်လုပ်တယ်။ မင်းက သူ့ကိုမတားတဲ့အပြင် မင်းရာထူးကိုတလွဲအသုံးချပြီး သူ့ကိုကာကွယ်ပေးခဲ့တယ်။
မင်းရဲ့သားအရင်းကို မြေမြှုပ်ဖို့ကြိုးစားတယ်။ ဒါဟာ လူသတ်ရန်ကြံစည်မှုပဲ။ မင်းတွေ့တဲ့ရွှေတွေကိုသုံးပြီး မင်းမိထွေးအိုတဲ့အချိန်မှာ သက်တောင့်သက်သာဖြစ်အောင်ထားတယ်။
ဒီတော့ ရွှေတွေကို မင်းပြန်မပေးနိုင်ဘူး။ ဒါဟာ အလွဲသုံးစားမှုပဲ"
ကုရှဲ့နှင့်အတူ သူ့လူယုံများလည်း စမ်းသပ်ပွဲကျရှုံးသည်။
သို့သော် သူတို့က ကုရှဲ့လောက် သည်းခံနိုင်စွမ်းအားမကောင်းကြ။
သူတို့မိသားစုများကပေးသည့် ဒုက္ခများကို ဆက်သည်းမခံနိုင်ကြတော့။ အရာရှိဖြစ်အောင်မလုပ်နိုင်ဘဲ တစ်မိသားစုလုံးကို သတ်ဖြတ်ကြသည်။
ကုရှဲ့က ကုကျန်ယဲ့တို့ကို လက်ညှိုးထိုးပြ၍မေးသည်။
"ဒါဆို သူတို့ကျတော့ အောင်တယ်ပေါ့"
"အောင်တယ်လေ"
ကုရှဲ့ထိုကိစ္စကို လွယ်လွယ်လက်မခံနိုင်မှန်း တိုင်ပုဖန်သိသည်။ စိတ်လိုက်မာန်ပါလုပ်လာနိုင်သည်။
ထို့ကြောင့် လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ကုကျန်ယဲ့၏ ပုံရိပ်နယ်မြေအတွေ့အကြုံဇာတ်လမ်း ပြန်ပေါ်လာသည်။
ခေါင်းမိုးပေါ်မှခုန်ချ၍ ခြေကျိုးပြီးနောက် ကုကျန်ယဲ့က သူ့မိဘများကို ကောင်တီတရားသူကြီးထံ တန်းခေါ်သွားသည်။ တရားသူကြိးက မိဘများကို လူသတ်ရန်ကြိုးစားမှုဖင့် ထောင်ဆယ်နှစ်ချလိုက်သည်။
စမ်းသပ်ပွဲအောင်သွားသည်။
"အဲဒါက သိတတ်လိမ္မာမှုနဲ့ ဘာဆိုင်လို့လဲ"
ကုရှဲ့ဒေါသထွက်လာသည်။ တတိယစမ်းသပ်ပွဲသည် သိတတ်လိမ္မာမှုကိုစမ်းသပ်ခြင်းဖြစ်ကြောင်း ကြေညာထားသည်ကို သူမှတ်မိသည်။
"မကောင်းမှုကျူးလွန်တာကို ဥပဒေကလက်မခံဘူး။ အပြစ်လုပ်ရင် ပြစ်ဒဏ်ကျမယ်ဆိုတာ မိဘတွေသတိထားမိအောင်လုပ်ပေးတာလေ။ ဒါဟာသိတတ်လိမ္မာမှုပဲပေါ့"
တိုင်ပုဖန်က ရှန်ထန်၏ပုံရိပ်နယ်မြေကို ပြန်ဖွင့်ပြသည်။
ရေတွင်းတူးနေချိန်တွင် သူ့အဖေနှင့်ညီငယ်က သူ့ကိုအရှင်လတ်လတ်မြေမြှုပ်ရန် ကြိုးစားနေသည်ကိုမြင်သည်။ ရေတွင်းထဲမှခုန်ထွက်၍ နှစ်ယောက်လုံးကိုသတ်လိုက်သည်။
စမ်းသပ်ပွဲအောင်သွားသည်။
"သူလူသတ်မှုကျူးလွန်တယ်လေ။ အဲဒါကိုဘာလို့ အောင်တယ်လို့သတ်မှတ်တာလဲ"
ကုရှဲ့လည်း သူ့အဖေနှင့်ညီကိုသတ်ဖို့ တွေးခဲ့သေးသည်။ သူ့စိတ်သူ ထိန်းချုပ်ခဲ့ခြင်းသာဖြစ်သည်။
"အဲဒါက ခုခံကာကွယ်မှုလေ"
ကုရှဲ့က စမ်းသပ်ပွဲမအောင်မြင်သည့် သူ့လူယုံများကို လက်ညှိုးထိုးပြသည်.
"ဒါဆို သူတို့လူသတ်တာကို ဘာလို့ကျရှုံးတယ်လို့သတ်မှတ်တာလဲ"
တိုင်ပုဖန်က စိတ်ရှည်ရှည်ရှင်းပြသည်။
"ကိုယ့်ကိုယ်ကို ခုခံကာကွယ်တယ်ဆိုတာ ရှောင်တခင် ရုတ်တရက်ဖြစ်တာမျိုးမှ အကျုံးဝင်တာ။ သူတို့က အချိန်အကြာကြီး အနိုင်ကျင့်ခံရတဲ့ နာကျည်းမုန်းတီးမှုတွေကိုစုထားတာ။
သည်းမခံနိုင်တဲ့အခြေအနေကျမှ ပေါက်ကွဲထွက်ပြီး လက်စားချေတာ။ အသေးအဖွဲကိစ္စတစ်ခုအတွက် သူတို့လူသတ်မျုကျူးလွန်လိုက်ရင် အဲဒီကိစ္စဟာ ရုတ်တရက်မထင်မှတ်ဘဲဖြစ်သွားတာမျိုး မဟုတ်တော့ဘူး။
ကိုယ့်ကိုယ်ကို ခုခံကာကွယ်မှုထဲ အကျုံးမဝင်တော့ဘူး။ ထွက်ပေါက်မပေးဘဲ ဒေါသနာကျည်းချက်တွေ စုစည်းထားတာဟာ ကျင့်စဉ်လမ်းနဲ့ ဆန့်ကျင်နေတယ်"
ကုရှဲ့ စိတ်ခံစားချက်မထိန်းနိုင်သည်ကိုမြင်သဖြင့် ရှန်ထန်က ရှေ့တက်လာပြီး စေတနာဖြင့် နှစ်သိမ့်သည်။ နည်းနည်းအားတုံ့အားနာဖြစ်နေဟန်ရှိသည်။
"တာအိုရှင်ကုရှဲ့၊ ခင်ဗျားက တကယ်စိတ်ထားကောင်းလွန်းတယ်။ တစ်ခြားလူတွေက သတ်ဖို့ကြိုးစားတာကို ခင်ဗျားဘယ်လိုများသည်းခံနိုင်တာလဲ။ အဲဒါတော့မကောင်းဘူး။ ကျုပ်လိုမျိုး ပြတ်ပြတ်သားသားလုပ်သင့်တယ်"
ကုရှဲ့ ဒေါသမထိန်းနိုင်တော့။ စမ်းသပ်ပွဲဝင်ကတည်းက တစ်ကြိမ်ပြီးတစ်ကြိမ် အရှက်ကွဲခဲ့သည်။
ဒုတိယစမ်းသပ်ပွဲအတွင်း မိုးကြိုးလျှပ်စီး ရှစ်ဆယ့်တစ်ချက်ထိသည်။ ယွမ်ကျိ၏ ရိုက်နှက်ခြင်းခံရသည်။
နောက်ပိုင်း သိတတ်လိမ္မာမှုကိုထိန်းသိမ်းဖို့ ထိပါးစော်ကားမှုမျိုးစုံကို သည်းခံခဲ့သည်။
ယခု တာအိုလမ်းစဉ်ဂီုဏ်းက သူ့ကိုစမ်းသပ်ပွဲမအောင်မြင်ဟုပြောသည်။ သူ့ကို စိတ်ထားကောင်းလွန်းသူဟုပြောသည်။
သည်းမခံနိုင်လောက်အောင် စော်ကားလာခြင်းဖြစ်သည်။
"စိတ်ထားကောင်းတယ်တဲ့လား။ သောက်ရေးမပါတဲ့စကားတွေ"
ကုရှဲ့က အင်္ကျီလက်ဝှေ့ယမ်းပြီး ရှန်ထန်ကို ရိုက်ထုတ်ဖို့ကြိုးစားသည်။
စမ်းသပ်ပွဲဖြတ်ကျော်ပြီးလျှင် တာအိုလမ်းစဉ်ဂိုဏ်းအတွင်းဗဟိုသို့ ဝင်ခွင့်ရမည်၊ အတွင်းပိုင်းမှတိုက်ခိုက်မည်ဟု သူတွေးခဲ့သည်။
ယုမဟာမိတ်အဖွဲ့ဝင်များ တစ်ယောက်မှ စမ်းသပ်ပွဲမအောင်ကြ။ ရုပ်ပျက်ဆင်းပျက်ကျရှုံးသည်။
သိက္ခာကျသည်။ အရှက်ကွဲသည်။
သူသည်းမခံနိုင်တော့။ ဤဂိုဏ်းဝင်အားလုံး သေရမည်။
"မင်းကများ တစ်ခြားလူတွေကို အန္တရာယ်ပေးဖို့ကြိုးစားရဲတယ်ပေါ့"
ကုရှဲ့၏လူသတ်ရိပ်မြင့်တက်လာသည်နှင့် ဖြစ်လာတော့မည့်အန္တရာယ်ကို ပင်လယ်တာအိုသခင် အာရုံခံမိသည်။ ကုရှဲ့ဆိုသည့် ဤလူသည် သူ့စွမ်းအားအစစ်ကို ဖုံးကွယ်ထားကြောင်း နားလည်လာသည်။
ဖန်ဝူယာ ရဲတင်းစွာတိုက်ခိုက်သည်။ ကုရှဲ့၏အင်္ကျီလက်နှင့် ရင်ဆိုင်သည်။
ပေါက်ကွဲထွက်သည့်စွမ်းအားများ ကောင်းကင်အထက်သို့ထိုးတက်သွားသည်။
ထိုကုရှဲ့ ဂိုဏ်းဘိုးဘေးတစ်ယောက်ကို သတ်ဖို့တွေးနေသည်။
အသက်ရှင်ရသည်ကို ငြီးငွေ့နေဟန်တူသည်။
*********************************