ထိုက်တန်သည့်ပြိုင်ဘက်
Vol. 49 Ch. 723
"ယွမ်ကျိလား"
ကုရှဲ့အံ့အားသင့်သွားသည်။
ဘယ်သူ့အတွင်းနတ်ဆိုးလဲ...
ယွမ်ကျိသည် လှုပ်ရှားခဲသည်။ အပြင်လောကက သူ့အကြောင်းသိပ်မသိ။
သို့သော် ကုရှဲ့သည် မဟာရှား၏ စွမ်းအားမြင့်ပုဂ္ဂိုလ်များအကြောင်း သတင်းစုဆောင်းနေသူဖြစ်သည်။ ယွမ်ကျိအကြောင်းလဲပါသည်။
တာအိုရှင်ဝစီပိတ်၏ ပထမဆုံးတပည့်ယွမ်ကျိသည် ကျင့်ကြံမှုတွင် အံ့မခန်းပါရမီမျိုးရှိသည်။
တစ်ချိန်က မသေမျိုးဂိုဏ်းနှီးနှောဖလှယ်ပွဲတစ်ခုတွင် ဂိုဏ်းချုပ်လေးယောက်ကို အနိုင်ယူခဲ့သည်။ စုစည်းခြင်းအဆင့်သုံးယောက်နှင့် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ဖြစ်သည်။
ထို့ကြောင့် ယွမ်ကျိစွမ်းအားသည် ကူးဖြတ်ခြင်းအဆင့်ဖြစ်ကြောင်း ထင်ရှားသည်။
မသေမျိုးတစ်ဝက်တော့ လုံးဝမဟုတ်နိုင်။
ထိုအဆင့်နှင့်ပတ်သက်၍ နိယာမသခင် ပြောပိုင်ခွင့်ရှိပါသည်။
သူသည် သမိုင်းတွင် ကျင့်စဉ်တိုးတက်နှုန်း အမြန်ဆုံးလူဖြစ်သည်။ ယုအင်ပါယာနှင့် ဝူယော်၏ကျင့်စဉ်နှုန်းပင် သူ့ထက်နည်းနည်းနှေးသည်။
သူ့လိုလူပင် နှစ်တစ်ထောင်အတွင်း မသေမျိုးတစ်ဝက်အဆင့်ထိ မကျင့်ကြံနိုင်ခဲ့။
ထို့ကြောင့် ယွမ်ကျိလို သက်တမ်းတစ်ထောင်လောက်သာရှိသူအတွက် မသေမျိုးတစ်ဝက်အဆင့် မရောက်နိုင်သေး။
ယခု ဘယ်သူ့အတွင်းနတ်ဆိုးပေါ်လာသည်မသိ။
ကုကျန်ယဲ့လော...
မဖြစ်နိုင်။ သူ့အတွင်းနတ်ဆိုးက အလွန်ကြောင်တောင်တောင်နိုင်သည့် ကိုးဆယ့်ကိုးချက်မသေမျိုးဆင်းရဲဖြစ်သည်။ ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။
ချီတုန်း(ရှန်ထန်)ဟုခေါ်သည့်လူ၏ အတွင်းနတ်ဆိုးလော။
ထိုလူ၏ မျက်နှာအမူအရာအရ မဟုတ်နိုင်။
ဖန်ယာဆိုသူဖြစ်ရမည်။
ကုကျန်ယဲ့ မြေပေါ်မှလူးလဲထသည်။ ထူးထူးခြားခြားတည်ငြိမ်သည့် မျက်နှာအမူအရာရှိသည့် ကောင်ကင်လူသားထံမှထွက်နေသည့် အဆုံးစမဲ့စွမ်းအင်ရောင်ကို ခံစားမိသည်။
"မသေမျိုးဆင်းရဲကို ငါဖြတ်ခဲ့ပြီးပြီ။ မသေမျိုးတစ်ယောက်ဖြစ်လာပြီ။ ကောင်းကင်အောက်မှာ ငါဟာပြိုင်ဘက်ကင်းပဲ။
ဟုတ်တယ်၊ မသေမျိုးဘုံကလူတွေ မသေမျိုးဆင်းရဲကျတဲ့အချိန်မှာ သေမျိုးနဲ့မသေမျိုးဘုံနှစ်ခုကြား လေဟာနယ်လမ်းကြောင်းဖွင့်ပြီး သေမျိုးဘုံကိုဝင်လာမယ်လို့ ငါတစ်ခါမှမတွေးခဲ့မိဘူး"
ကုကျန်ယဲ့ အားပြတ်သွားသလို မြေပေါ်တွင် ဒူးထောက်သည်။
"ဟေ့ မင်းတို့နှစ်ယောက်...အခုငါတို့ မသေမျိုးဘုံကစွမ်းအားရှင်တွေကိုပဲ အားကိုးရတော့မယ်ကွ"
ကုရှဲ့ "..."
ယွမ်ကျိကလည်း မင်းရဲ့တွင်းနတ်ဆိုးလား...
မင်းမှာ အတွင်းနတ်ဆိုးတွေ ဘယ်လောက်တောင်ရှိတာလဲ...
ထို့နောက် ကုရှဲ့ ချက်ချင်းလှောင်ပြုံးပြုံးသည်။
ဘယ်သူ့အတွင်းနတ်ဆိုးဖြစ်ဖြစ် ကိစ္စမရှိ။ သူ့ကိုယ်သူ ကူးဖြတ်ခြင်းအဆင့်ဟု စိတ်သွင်းလိုက်သည်။
အဆင့်တူချင်းတွင် ဘယ်သူ့ကိုမှသူမကြောက်။
လထဲသို့ခုန်တက်ပြီး ယွမ်ကျိဆီသို့ ရွှေလက်သီးရိပ်တစ်ခု ထိုးသွင်းလိုက်သည်။ ထို့နောက်တွင်...
ဘုန်း။
ကုရှဲ့ကို ယွမ်ကျိက မြေပေါ်သို့ရိုက်ချသည်။ လူပုံစံချိုင့်တွင်းထဲမှ သူလေးဘက်ထောက်ပြန်တက်လာသည်။
"ဖွီး"
သူထထိုင်သည်။ ပါးစပ်ထဲမှမြေကြီးများကို ထွေးထုတ်သည်။
ဤအတွင်းနတ်ဆိုး ဘယ်အဆင့်ရောက်နေသည်မသိ။ စွမ်းအားကြီးလွန်းလှသည်။
"ဪ...ငါ့အတွင်းနတ်ဆိုးက ယွမ်ကျိပဲ"
ဖန်ဝူယာစိတ်ထဲ တွေးနေသည်။
သူထင်ထားသည့်အတိုင်းပင်ဖြစ်သည်။ သို့သော် သူဘယ်တုန်းကမှ ဖွင့်ဟဝန်မခံခဲ့။
သူဆိုးဆိုးဝါးဝါးရိုက်နှက်ခံခဲ့ရသည်။
"ဒုက္ခတော့များပြီ"
ဖန်ဝူယာစိတ်ဓာတ်ကျသွားသည်။
သူ့အတွင်းနတ်ဆိုးသည် သူလုံးဝကျော်လွှားနိုင်မည့်အရာမျိုးမဟုတ်။
ဘာလုပ်ရမည်မသိ။
သူသရုပ်မှန်ကို ထုတ်ပြောပြီး မြစ်ဝိညာဉ်ကို ချို့ယွင်းချက်ထားပေးဖို့ တောင်းဆိုရမည်လော...
သို့သော် သူအရှက်ကွဲမခံနိုင်။
ထိုအချိန်တွင် မြစ်ဝိညာဉ်က တင်ပျဉ်ခွေထိုင်၍ ဖန်ယာကို ပင်လယ်တာအိုသခင်မှန်း မသိချင်ယောင်ဆောင်နေသည်။ မြင်နေရသည့်အဖြစ်ကို သဘောကျနေဟန်ရှိသည်။
အရိုက်ခံရသည့်အဖြစ်ကို သူစောင့်ကြည့်ဦးမည်။
"အတွင်းနတ်ဆိုးက အမယွမ်လား။ ဘယ်သူ့အတွင်းနတ်ဆိုးလဲ"
တိုင်ပုဖန် တွေးမရအောင်ဖြစ်သွားသည်။
ထိုလူလေးယောက်ထဲတွင် အမယွမ်ကို ဘယ်သူမြင်ဖူးသနည်း...
ထိုသို့လည်းမဖြစ်နိုင်။
တစ်ကြိမ်တွေ့ဖူးလျှင်ပင် အတွင်းနတ်ဆိုးဖြစ်မလာနိုင်သေး။
ရိုက်ချခံလိုက်ရသည့် ကုရှဲ့ကိုကြည့်၍ ဖန်ဝူယာ စဉ်းစားနေသည်။
ခုနက ကောင်းကင်ဆင်းရဲကို ရင်ဆိုင်ချိန်တွင် ထိုကောင်လးကုရှဲ့သည် အလွန်ပါးနပ်သည်။
ဤစမ်းသပ်ပွဲသည် စည်းလုံးညီညွတ်မှုကို စမ်းသပ်ခြင်းဖြစ်၍ ယွမ်ကျိကို သူတို့အတူရင်ဆိုင်လျှင် ရလောက်သည်။
"အတူတိုက်ကြမလား"
သူလှမ်းမေးသည်။
ကုရှဲ့ကလည်း ပါးနပ်သည်။ ဖန်ဝူယာ၏ရည်ရွယ်ကို ချက်ချင်းနားလည်သည်။
သူတို့နှစ်ယောက်ပူးပေါင်းလျှင် တကယ်နိုင်ခြေရှိသည်။
ကုရှဲ့နှင့်ဖန်ဝူယာ လေထဲပျံတက်သွားပြီး ယွမ်ကျိနှင့်ရင်ဆိုင်သည်။ သူတို့နှစ်ယောက်၏အရှိန်အဟုန်က ဘယ်သူသာသည် ဘယ်သူညံ့သည် ခွဲခြားရခက်သည်။
"တောင်ရွှေ့တံဆိပ်"
"အနန္တအရိပ်နတ်အလင်း"
နှစ်ယောက်လုံး ကြိုတင်ညှိနှိုင်းထားသကဲ့သို့ ပြိုင်တူတိုက်ခိုက်ကြသည်။
ကုရှဲ့က တောင်ရွှေ့တံဆိပ်ဖြင့် တောင်တန်းပေါင်းထောင်ချီကို လက်သီးရိပ်တစ်ခုအဖြစ်စုစည်း၍ ရှေ့သို့ထိုးချသည်။
ဖန်ဝူယာက အရိပ်နတ်အလင်းဖြင့် ဓားရိပ်တစ်ခုဖန်တီးသည်။ ဓားဦးက အောက်သို့စိုက်ထားသည်။ တိမ်ကိုထိုးခွဲ၍ ယွမ်ကျိထံ ဆင်းလာသည်။
"ဘုန်း ဘုန်း"
တိုက်ခိုက်လေ ပိုပြင်းထန်လာလေဖြစ်သည်။
ယွမ်ကျိသည် ဖန်ဝူယာ၏ အတွင်းနတ်ဆိုးဖြစ်၍ ဖန်ဝူယာသတ္တိကောင်းလာလေ အတွင်းနတ်ဆိုးယွမ်ကျိ၏စွမ်းအား လျော့ပါးသွားလေဖြစ်သည်။
တစ်ယောက်က အားကောင်လာသည်။ တစ်ယောက်က အားနည်းလာသည်။ ထို့ကြောင့် နောက်ဆုံးတွင် လက်ရည်တူအနေအထားရောက်သွားသည်။
"သူတို့ အမယွမ်ကို တကယ်အနိုင်ယူနိုင်တော့မှာလား"
အနီးကပ်ကြည့်နေသည့်တိုင်ပုဖန် အတော်အံ့အားသင့်နေသည်။
"မောင်လေးတိုင်၊ ငါ့ကိုအနိုင်ယူဖို့ကြိုးစားနေတာ ဘယ်သူလဲ"
တိုင်ပုဖန် လှည့်ကြည့်သည်။ ယွမ်ကျိ ဘယ်အချိန်ကတည်းက သူ့ဘေးသို့ရောက်နေသည်မသိ။
"အမဒီကို ဘယ်လိုရောက်လာတာလဲ"
"ငါ့ကိုအတွင်းနတ်ဆိုးအဖြစ်သုံးနေတာ အာရုံခံမိလို့ အခြေအနေလာကြည့်တာပါ။..ဒီပူဖောင်းထဲမှာ ဖြစ်နေတာလား"
"ဟုတ်ပါတယ်"
ယွမ်ကျိခေါင်းငြိမ့်သည်။ ဘာမှထပ်မပြောဘဲ ရှေ့တစ်လှမ်းတိုးပြီး နေရာမှပျောက်ကွယ်၍ ရေပူဖောင်းထဲသို့ ဝင်သွားသည်။
ကုရှဲ့နှင့် ဖန်ဝူယာတို့ ဒဏ်ရာဗရပွဖြစ်နေသည်။ သို့သော် သူတို့မျက်လုံးတွင် မျှော်လင့်ချက်အရိပ်များ ပြည့်နေသေးသည်။
သူတို့စည်းလုံးလျှင် ယွမ်ကျိကို အနိုင်ရနိုင်သည်။
အသိသာဆုံးက ယွမ်ကျိ၏စွမ်းအင်ရောင် ဆက်တိုက်ကျဆင်းနေခြင်းဖြစ်သည်။ ယခု ကူးဖြတ်ခြင်းအဆင့်ထိ ကျသွားသည်။
အတွင်းနတ်ဆိုးယွမ်ကျိ၏ပုံရိပ် ရုတ်တရက် ခဏရပ်သွားသည်။ ထို့နောက် ပုံမှန် ပြန်ဖြစ်လာသည်။
စိတ်ထင်၍လားတော့မသိ။ အအတွင်းနတ်ဆိုးယွမ်ကျိ၏ မျက်လုံးများက ပိုအသက်ဝင်လာသယောင် ထင်မိကြသည်။
ယွမ်ကျိက သူ့ကိုတမင် စိုက်ကြည့်နေသည်ဟုပင် ကုရှဲ့ခံစားရသည်။
သို့သော် ထိုအတွေးများကို ထည့်မစဉ်းစားတော့။ နောက်ထပ်အရှုပ်အထွေးများဖြစ်မလာအောင် တိုက်ပွဲမြန်မြန်အဆုံးသတ်ဖို့ သူတို့ကြိုးစားသည်။
"ကောင်းကင်ချုပ်လက်ချောင်း"
တောင်တန်းထက်ကြီးမားသည့် လက်ချောင်းတစ်ခု ကောင်းကင်မှဆင်းလာပြီး အတွင်းနတ်ဆိုးယွမ်ကျိကို ဖိနှိပ်ရန်ကြိုးစားသည်။
"အလွှာတစ်ထောင်လက်ဝါး"
ဖန်ဝူယာ လက်ဝါးရိပ်တစ်ထောင်ရိုက်ထုတ်သည်။ တစ်ခုထက်တစ်ခု ပိုအားပြင်းသည်။
အကြိမ်တစ်ထောင်မြောက်လက်ဝါးသို့ ရောက်ချိန်တွင် လက်ဝါးအားလုံး၏ပေါင်းစပ်စွမ်းအားက မိုးမြေကိုချေမွနိုင်လောက်အောင်အားပြင်းသည်။
အောက်ဘက်တွင် ကုကျန်ယဲ့က တိုက်ပွဲကို စိတ်ဝင်တစားကြည့်နေသည်။ ထိုပညာရပ်များကိုသင်ဖို့ စိတ်အားထက်သန်နေသည်။
ကောင်းကင်ချုပ်လက်ချောင်းနှင့် အလွှာတ်စထောင်လက်ဝါး ပြိုင်တူတိုက်ခိုက်သည်။
အတွင်းနတ်ဆိုးယွမ်ကျိက ညာလက်ကိုမြှောက်လိုက်သည်။ လက်ကောက်ဝတ်မှ ရွှေခေါင်းလောင်းများ အသံမြည်သွားသည်။
ကြည်လင်သည့်ခေါင်းလောင်းသံနှင့်အတူ မမြင်နိုင်သည့်တံတိုင်းတစ်ခု ယွမ်ကျိရှေ့တွင်ပေါ်လာသည်။ တိုက်ခိုက်မှုအားလုံးကို ကာကွယ်ထားသည်။
ဖန်ဝူယာက ယွမ်ကျိနှင့် သုံးလက်မအကွာတွင် ရပ်သွားသည်။ အကာအကွယ်ကို ဘယ်လိုမှ သူချိုးဖျက်၍မရ။
ယွမ်ကျိက လက်ဝါးကိုလှန်၍ အသာအယာရိုက်ထုတ်လိုက်သည်။
တိုက်ခိုက်မှုအားလုံး လာရာလမ်းအတိုင်းပြန်ထွက်သွားသည်။
ထို့နောက် သူအဆက်မပြတ် သွက်လက်စွာတိုက်ခိုက်သည်။ လှုပ်ရှားမှုများက အစောပိုင်းကလို့ နှေးကွေးတောင့်တင်းခြင်းမရှိ။
အစစ်အမှန် တိုက်ခိုက်မှုများဖြစ်သည်။ တိုက်ခိုက်မှုတိုင်းက ကူးဖြတ်ခြင်းအဆင့်စွမ်းအားထက် မပိုသော်လည်း ကုရှဲ့နှင့် ဖန်ဝူယာ နောက်သို့ဆုတ်ပြီးရင်းဆုတ်၍ အသဲအသန်ကာကွယ်နေရသည်။
ကုရှဲ့တစ်ကိုယ်လုံး ညိုမည်းရောင်ကိုင်းနေသည်။ အရိုးများကျိုးသည်။ ကိုယ်တွင်းကလီစာများ ရှုပ်ထွေးကြေမွနေသည်။
စိတ်ဓာတ်ဘယ်လောက်မာသည်ဖြစ်စေ ထိုဒဏ်ရာများကြောင့် မျက်နှာမပျက်အောင် ထိန်းမထားနိုင်တော့။
ယခု ကုရှဲ့ခံစားနေရသည့် တစ်ခုတည်းသောအရာက နောင်တဖြစ်သည်။
မိုးကြိုးပစ်ခံရသည်။ အရိုက်အနှက်ခံရသည်။ ထိုသို့ဖြစ်မည်ကို ကြိုသိခဲ့လျှင် တာအိုလမ်းစဉ်ဂိုဏ်းကိုဝင်ဖို့ တစ်ခြားနည်းလမ်းတစ်ခု သူရွေးချယ်ခဲ့မည်သာဖြစ်သည်။
အတော်ကြာအောင် တိုက်ခိုက်ပြီးနောက် ကုရှဲ့ဖုံးကွယ်ထားသည့်စွမ်းအားအတိုင်းအတာကို ယွမ်ကျိ ခန့်မှန်းမိသည်။ တိုက်ပွဲကိုအဆုံးသတ်ဖို့ ဆက်မကြိုးစားတော့။
စွမ်းအင်ကုန်ခန်းသွားသလိုဟန်ဆောင်၍ လေထဲသို့ မှေးမှိန်ပျောက်ကွယ်သွားသည်။
ကျယ်လောင်သည့်အသံနှင့်အတူ ရေပူဖောင်း ပေါက်ကွဲသွားသည်။ 'အတွင်းနတ်ဆိုးယွမ်ကျိ'က "ပြိုင်ဘက်ကောင်းတစ်ယောက်ပဲ'ဟု ပြောသည်ကို ကုရှဲံခပ်သဲ့သဲ့ကြားလိုက်သလိုရှိသည်။
ထွက်မသွားမီ ယွမ်ကျိက ထိုလေးယောက်ကို ဤစမ်းသပ်ပွဲတွင် အအောင်ပေးရန် တိုင်ပုဖန်ကို ညွှန်ကြားသွားသည်။
"အမယွမ်၊ ပြန်လာပြီလား"
လုယန် အင်ပါယာထိုင်ခုံပေါ်ထိုင်နေသည်မှာ ဖင်မပူသေး။ ယွမ်ကျိ ပြန်ရောက်လာသည်။
"အခြေအနေတွေက အေးဆေးပါပဲ။ ဝင်ခွင့်စမ်းသပ်ပွဲကို မသေမျိုးတစ်ဝက်တစ်ယောက် ခိုးဝင်လာတယ်လို့ မင်းပြေားတယ်မဟုတ်လား"
"ဟုတ်ပါတယ်"
"သူ့အတွက် မစိုးရိမ်ပါနဲ့။ သူက ပြိုင်ဘက်ကောင်းတစ်ယာက်ပါ။ ပင်လယ်တာအိုသခင်ရင်ဆိုင်ဖြေရှင်းပါစေ။ အဲလိုဆိုရင် သူ့ယုံကြည်မှုပြန်တည်ဆောက်ဖို့ အကူအညီဖြစ်လိမ့်မယ်"
******************************************