← Chapters

သက်ရှည်အရိယဖလသန္ဓေနှင့် လေဟာနယ်အရိယဖလသန္ဓေ

Vol. 49 Ch. 727

သက်ရှည်အရိယဖလသန္ဓေနှင့် လေဟာနယ်အရိယဖလသန္ဓေ

Vol. 49 Ch. 727

"သက်ရှည်အရိယဖလဆိုတာ ဘာလဲ။ ကျုပ်တို့ရဲ့ ထာဝရအရိယဖလမျိုးဆက်ထဲမှာပါလား"

"နင့်ကိုဘယ်လိုရှင်းပြရမလဲ ငါစဉ်းစားလိုက်ဦးမယ်"

နတ်မယ်နဖူးကို လက်ချောင်းဖြင့်ထောက်ရင်း အလေးအနက်စဉ်းစားသည်။ ပြီးမှ ဆက်ပြောသည်။

"သက်ရှည်အရိယဖလသန္ဓေအကြောင်းပြောဖို့ဆို သက်ရှည်မသေမျိုးခန္ဓာအကြောင်းစပြောမှဖြစ်မယ်။ သက်ရှည်မသေမျိုးလခန္ဓာအကြောင်း နင်သိလား"

"နည်းနည်းကြားဖူးတယ် အဲလိုခန္ဓာပိုင်ရှင်တွေရဲ့သက်တမ်းဟာ တစ်ခြားအသက်တူတွေထက် အများကြီးပိုရှည်တယ်တဲ့"

"အဲလိုရှင်းပြရင် နည်းနည်းတော့မှန်ပါတယ်။ ဒါပေမယ့် မရှင်းလင်းသေးဘူး။ နိယာမသခင်က သက်ရှည်မသေမျိုးခန္ဓာပိုင်ဆိုင်ထား‌တော့ မဟာယုအစောပိုင်းခေတ်ကနေအခုထိကနေ အခုထိ ဂူအောင်းအိပ်စက်တာမျိုးမရှိဘဲ နေထိုင်ခဲ့တာဖြစ်လောက်တယ်။ တကယ့်ရှေးဟောင်းလူသားအစစ်ပေါ့။

သက်ရှည်မသေမျိုးခန္ဓာက အလွန်ရှားတယ်။ ကျမ်းစာတွေမှ တွေ့ရခဲတယ်။ ဒါပေမယ့် ရှေးဟောင်းခေတ်မှာ အဲလိုခန္ဓာပိုင်ရှင်တစ်ယောက် ပေါ်ခဲ့ဖူးတယ်။ သက်ရှည်မသေမျိုးခန္ဓာမှာ လုပ်ဆောင်ချက်နှစ်မျိုးရှိတယ်။

ပထမတစ်ခုက နင်ပြောသလို ပိုအသက်ရှည်တာပေါ့။ နောက်တစ်ခုက ကိုယ်ပိုင်အချိန်ကို မြှင့်တင်နိုင်တာ။ သူတစ်နာရီကျင့်ကြံတာဟာ တစ်ခြားလူတွေ တစ်နှစ်ကျင့်ကြံတာနဲ့ညီမျှတယ်။ နိယာမသခင်ဟာ ကျင့်ကြံမှုပါရမီရှင်ဖြစ်ပြီး ကျင့်စဉ်တိုးတက်နှုန်းမြန်တယ်။ ပညာသင်ယူနှုန်းမြန်တယ်လို့ ပြောကြတယ်မဟုတ်လား။

အဲဒါ ဒီစွမ်းရည်ကြောင့်ပဲ"

လုယန် သဘောပေါက်သွားသည်။ နိယာမသခင်သည် အများပြောသလောက်လည်း အရမ်းပါရမီမထူးလှ။ ကိုယ်ပိုင်အချိန်ကို အရှိန်မြှင့်နိုင်သည့်အစွမ်းကြောင့်သာဖြစ်သည်။

"သူ့မသေမျိုးခန္ဓာရှိနေတော့ သက်ရှည်အရိယဖလတည်ဆောက်ဖို့ သူ့အတွက် အလွယ်ကူဆုံးပေါ့။ အဲဒါက လူပျင်းတွေလုပ်တဲ့အလုပ်မျိုးပါ။

သက်ရှည်အရိယဖလက သက်ရှည်မသေမျိုးခန္ဓာရဲ့ အစွမ်းအစတွေကို အမွေဆက်ခံတယ်။ သက်ရှည်မှုကို မသေမျိုးစွမ်းရည်အဖြစ် အသွင်ပြောင်းတယ်။ အချိန်ကိုလည်း အရှိန်မြှင့်ပေးတယ်။

နင်မမြင်ဘူးလား။ နိယာမသခင်က ပင်လယ်တာအိုသခင်ရဲ့ ကောင်းကင်မျက်လုံးကိုရှောင်ဖို့ အချိန်စွမ်းအားကို အသုံးချခဲ့တာလေ"

လုယန် ခေါင်းငြိမ့်သည်။ သူ့ကျင့်စဉ်အဆင့်လောက်ဖြင့် နိယာမသခင်၏လှုပ်ရှားမှုကို ရှင်းလင်းစွာမမြင်နိုင်။ ထို့ကြောင့် တိုက်ပွဲစကတည်းက နယ်မယ်၏အမြင်အာရုံကိုသုံးခဲ့သည်။ သေချာမြင်ခဲ့ရသည်။

"ငါ့ထာဝရအရိယဖနဲ့ အချိန်အရိယဖလက ဒီလို အရိယဖလသန္ဓေထက် ပိုအဆင့်မြင့်တယ်။ သူက ငါတို့မျိုးဆက်မှာ တစ်ခြမ်းပဲပါတယ်လို့ ပြောလို့ရတယ်။ ငါလက်တွေ့နင့်ကို သရုပ်ပြမယ်"

...

"ခုနက မှော်စွမ်းအားလှုပ်ရှားမှုမျိုးမရှိဘူး။ အရိယဖလသန္ဓေရဲ့ အစွမ်းလား။ မင်းက မသေမျိုးတစ်ဝက်အဆင့်လား"

ဖန်ဝူယာ မျက်လုံးမှေးစင်းလျက် နိယာမသခင်ကိုကြည့်သည်။ ပုံမှန်တွေးလျှင် သူ့ကောင်းကင်မျက်လုံးကို နိယမသခင် ရှောင်တိမ်းနိုင်စရာမရှိ။

အဖြေတစ်ခုသာရှိသည်။ မသေမျိုးတစ်ဝက်အဆင့်။

"ဟား..မင်းက အစွမ်းအစသိပ်မရှိပေမယ့် အမြင်အာရုံတော့ အတော်ကောင်းသားပဲ"

နိယာမသခင် လှောင်ပြုံးပြုံးနေသည်။ သူအောင်နိုင်မည်ဟု သူယုံကြည်သည်။

ကူးဖြတ်ခြင်းအဆင့်နှင့် မသေမျိုးတစ်ဝက်အဆင့်ကြားမှ ကွာခြားချက်ကို ဘယ်နည်းနှင့်မှ အစားထိုး၍မရ။

"အစွမ်းအစသိပ်မရှိဘူးတဲ့လား"

ဖန်ဝူယာမျက်လုံးများ အေးစက်သွားပြီး လူသတ်ရိပ်များပြည့်လာသည်။

ပထမဆုံးတွေ့သည့်ကျင့်ကြံသူမျိုးက သူ့ကိုထိုသို့ ဝေဖန်ရဲသည်။

ထိုအချိန်တွင် စကားပြန်ပြောရန်ပြင်နေသည့် နိယာမသခင် ရုတ်တရက် လက်ကိုမြောက်၍ ကိုယ့်ဘာသာရိုက်လိုက်သည်။ နိယာမသခင်ရော ဖန်ဝူယာပါ ခဏတာမင်သက်မိသွားသည်။

နိယာမသခင် ဖန်ဝူယာကို ဇဝေဇဝါဖြင့်ကြည့်နေသည်။ သူ့ပြိုင်ဘက်ကလုပ်လိုက်ခြင်းဟုတ်မဟုတ် သူတွေးမရ။

"တွေ့လား သူ့လှုပ်ရှားမှုတွေကို ငါ့စိတ်ကြိုက်ထိန်းချုပ်နိုင်တယ်"

နတ်မယ်က ဝင်ကြွားသည့်လေသံဖြင့်ပြောသည်။

"နင်ဘယ်လိုသဘောရလဲ။ နောက်ထပ်နှစ်ခါလောက် သူ့ကိုယ်သူထပ်ရိုက်ခိုင်းလိုက်ရမလား"

လုယန် "..."

"အမယွမ်က ပင်လယ်တာအိုသခင်ကို လေ့ကျင့်စေချင်တာ။ ခင်ဗျားစိတ်ထိန်းတာ ပိုကောင်းတယ်"

ထို့နောက် လုယန် နောက်ထပ်တစ်ခြားပြဿနာတစ်ခု တွေးမိသည်။

"ဒါဆို သူအရိယဖလဖန်တီးနိုင်ပြီဆိုရင် ထာဝရအရိဖလအစွမ်းရော အချိန်အရိယဖလစွမ်းအားရောရမှာလား"

ထိုအဖြစ်ကတော့ ကြောက်စရာကောင်းလွန်းသည်။

"သီအိုရီအရတေ့ာ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် သက်ရှည်အရိယဖလမှာ ပြဿနာကြီးတစ်ခုရှိတယ်။

သူ့မှာထာဝရမသေမျိုးလက္ခဏာရှိတယ်ဆိုပေမယ့် တတိယခေါင်းဆောင်(ထာဝရအရှင်)လို ခန္ဓာကိုယ်ဖောက်ခွဲနိုင်တဲ့ အစွမ်းမျိုးမရှိဘူး။

ပြင်းထန်တဲ့ဒဏ်ရာတွေကို ကုသနိုင်တဲ့အဆင့်ပဲရှိတယ်။ အချိန်ကိုထိန်းချုပ်နိုင်စွမ်းကလည်း အချိန်အရိယဖလသန္ဓေကို မမီဘူး။

ရှေးဟောင်းခေတ်ကပေါ်ခဲ့တဲ့ သက်ရှည်အရိယဖလသန္ဓေပိုင်ရှင် မသေမျိုးတစ်ဝက်ဟာ အချိန်မသေမျိုးလက်အောက်မှာသေခဲ့တာ။

အဲဒီတုန်းက အချိန်မသေမျိုးလည်း မသေမျိုးတစ်ဝက်အဆင့်ပဲ။

နောက်တစ်ချက်က ထာဝရအရိယဖလနဲ့ အချိန်အရိယဖလရှိနေသရွေ သူ့သန္ဓေကို သက်ရှည်အရိယဖလမတည်ဆောက်နိုင်ဘူး။

ပြီးတော့ ငါတို့ထာဝရမျိုးဆက်ဟာ စိတ်ဓာတ်ခွန်အားအဆင့်မြင့်ဖို့လိုတယ်။ သူ့လိုစိတ်ဓာတ်မျိုးနဲ့ အရိယဖလတည်ဆောက်နိုင်မှာမဟုတ်ဘူး။

မသေမျိုးတစ်ဝက်အဆင့်မှာ တံခါးပိတ်ကျင့်ကြံနေရုံနဲ့လည်း အကျိုးမရှိဘူး။ အဓိကအချက်က နားလည်နိုင်စွမ်းပဲ။

နေ့စဉ်ကြုံရတဲ့ အသေးအဖွဲကိစ္စလေးတွေဟာ ကျင့်စဉ်လမ်းမှာ ဉာဏ်အလင်းရပြီး ကျင့်စဉ်အဆင့်တိုးတက်နိုင်တယ်ဆိုတာ ဘယ်တော့မှနားလည်မှာမဟုတ်ဘူး။

ကျင့်ကြံမှုဟာ အချိန်စုပြီး အလုပ်လုပ်နေရုံနဲ့ အလုပ်မဖြစ်ဘူး"

"ဒါတောင် သက်ရှည်အရိယဖလက အရမ်းအရေးကြီးတယ်မဟုတ်လား။ ပင်လယ်တာအိုသခင် အနိုင်ရပါ့မလား"

လုယန်စိုးရိမ်သည်မှာလည်း သဘာဝကျသည်။

အချိန်ထိန်းချုပ်နိုင်သည့် မသေမျိုးခန္ဓာပိုင်ရှင်လိုပြိုင်ဘက်မျိုးကို သူဘယ်လိုအနိုင်ယူနိုင်မည်နည်း။

"နိုင်နိုင်ပါတယ်"

....

အတိတ်နှင့်လက်ရှိခေတ်မသေမျိုးတစ်ဝက်နှစ်ယောက်လုံး ဘာကြောင့်နိယာမသခင် သူ့ကိုယ်သူရုတ်တရက်ရိုက်မိသည်ကို မစဉ်းစားကြတော့ဘဲ အပြင်းအထန်ဆက်၍တိုက်ခိုက်ကြသည်။

"ဒေါသလှိုင်းလုံး"

ပင်လယ်တာအိုသခင် လက်နှစ်ချောင်းဆန့်ထုတ်၍ အရိပ်ပြောင်းပညာဖြင့် အရှေ့ပင်လယ်မှရေများကို ဆင့်ခေါ်သည်။

အရှေ့ပင်လယ်တွင် သူလှည့်လည်သွားလာစဉ်က ပင်လယ်ကြမ်းပြင်တွင် မှော်တံဆိပ်တစ်ခု သူချန်ခဲ့သည်။ တံဆိပ်ပေါ်မှရေများကို သူအချိန်မရွေးဆင့်ခေါ်နိုင်သည်။

ပင်လယ်ရေများ ကောင်းကင်မှထိုးဆင်းလာပြီး နိယာမသခင်ကိုလွှမ်းခြုံသွားသည်။

အချိန်ကိုထိန်းချုပ်နိုင်သော်လည်း ထိုမျှထုထည်များပြားသည့်ရေများကို လွတ်အောင်မရှောင်နိုင်။ တာအိုလမ်းစဉ်ဂိုဏ်းမှ ထွက်ပြေးလျှင်တော့ လွတ်နိုင်သည်။ သို့သော် သူ့မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သွားမည်။

မမြင်နိုင်သည့်အတားအဆီးတစ်ခုက ပင်လယ်ရေများကို ထောက်ပံ့ထိန်းထားသည်။ ထို့ကြောင့် ရေထုက လေထဲတွင်သာဝေ့ဝဲနေသည်။ ပင်လယ်တာအိုသခင်နှင့် နိယာမသခင်နှစ်ယောက်လုံး ရေထုထဲရောက်နေသည်။

နိယာမသခင် လှံရှည်တစ်လက်ထုတ်သည်။ သူဂုဏ်ယူအားထားရသည့် လက်နက်ဖြစ်သည်။ မသေမျိုးလက်နက်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာလိုသည်။

လှံပြားပေါ်တွင် ဓာတ်ငါးမျိုးဆန့်ကျင့်တံဆိပ်ပါသည်။ ပင်လယ်ရေအပါအဝင် ဓာတ်ငါးမျိုးနှင့်သက်ဆိုင်သည့် အရာအားလုံးကိုချိုးဖျက်နိုင်စွမ်းရှိသည်။

ကိုယ်ပိုင်အချိန်ကို အရှိမြင့်လိုက်သည်။ လှံရှည်က မမြင်နိုင်သည့်အမြန်နှုန်းဖြင့် ရေထုကိုထိုးခွဲ၍ ပင်လယ်တာအိုသခင်နောက်ကျောဆီတိုးဝင်သွားသည်။

"အေးခဲစွမ်းအား"

လှံရှည်ကို အစကတည်းကသတိထားနေသဖြင့် ဖန်ဝူယာ တစ်ချက်အော်ဟစ်လိုက်သည်။ ပင်လယ်ရေများ ရေခဲတောင်ကြီးအဖြစ်ပြောင်းသွားပြီး အေးစိမ့်သည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။

အောက်ဘက်တွင် တိုက်ခိုက်နေသည့် ကူးဖြတ်ခြင်း စုစည်းခြင်းအဆင့်များပင် အအေးဓာတ်ကိုခံစားနေရသည်။

ရေခဲသည်လည်း ဓာတ်ငါးမျိုးထဲပါဝင်သည့်အရာဖြစ်၍ လှံရှည်ကထိုးဖောက်နိုင်သည်။

လှံက ဖန်ဝူယာကိုယ်ထဲ ထိုးဖောက်သွားသည်။ ကြီးမားသည့်အရှိန်ကြောင့် ရေခဲထုက နှစ်ခုကွဲထွက်သွားသည်။

သို့သော် ထင်ထားသလိုဖြစ်မလာ။ ဖန်ဝူယာက ဘာဒဏ်ရာမှမရ။ နိယာမသခင်၏ဝမ်းဗိုက်တွင်သာ လက်သီးဆုပ်အရွယ်ဒဏ်ရာတစ်ခု ပေါ်လာသည်။

"လမ်းကြောင်းပြောင်းတဲ့အစွမ်းလား...မဟုတ်ဘူး၊ ဒါက လေဟာနယ်ပညာပဲ"

နိယာမသခင် သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ သူ့လှံရှည်အစွမ်းကို သူကောင်းကောင်းသိထားသည်။

စစချင်းတွင် ဖန်ဝူယာက သူ့ဆီကို ဒဏ်ရာတန်ပြန်‌ပြောင်းပေးလိုက်သည်ဟု ထင်ခဲ့သည်။ ထိုသို့မဖြစ်နိုင်မှန်း သူနားလည်လာသည်။

လမ်းကြောင်းပြောင်းအားသုံးဖို့ လိုအပ်ချက်များစွာရှိသည်။ ခုနက သူတို့နှစ်ယောက် ခန္ဓာကိုယ်ချင်းထိတွေ့တိုက်ခိုက်နေသည်မဟုတ်။

လေဟာနယ်မှော်ပညာကိုသုံးခြင်းဖြစ်သည်။

လှံက ဖန်ဝူယာကိုထိုးဖောက်သွားသလို ထင်ရသော်လည်း အမှန်တော့ လှံထိုးဖောက်ခံရမည့် အစိတ်အပိုင်းနေရာကို နိယာမသခင်ထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

လေဟာနယ်အရိယဖလသန္ဓေ။

****************************************

All Chapters