← Chapters

ထိန်းချုပ်ထားသည့်စွမ်းအား

Vol. 49 Ch. 728

ထိန်းချုပ်ထားသည့်စွမ်းအား

Vol. 49 Ch. 728

"မင်းမှာလည်း အရိယဖလသန္ဓေရှိနေမယ်လို့ ထင်မထားဘူး"

နိယာမသခင်က နှုတ်ခမ်းထောင့်မှသွေးများကို လက်မဖြင့်သုတ်ဖယ်ရင်းပြောသည်။ သူ့ဝမ်းဗိုက်ဒဏ်ရာက ချက်ချင်းပြန်လည်ပျောက်ကွယ်သွားသည်။

သက်ရှည်အရိယဖလ၏စွမ်းအားဖြစ်သည်။

'အချိန်လည်ပတ်မှုကို ထိန်းချုပ်တယ်။ ဒဏ်ရာပျောက်ကင်းတယ်'

ပင်လယ်တာအိုသခင်က နတ်မယ်လောက် ဗဟုသုတမပြည့်စုံ။ တိုက်ပွဲတွင်ဖြစ်ပေါ်သည့် သဲလွန်စအနည်းငယ်ကိုသာ အားကိုး၍ နိယာမသခင်၏ အရိယဖလသန္ဓေစွမ်းရည်မျာကို စိစစ်သုံးသပ်ရသည်။

'အခု သူဒဏ်ရာပျောက်ကင်းနိုင်စွမ်းပညာကို ဘယ်နှကြိမ်ထုတ်သုံးနိုင်မလဲဆိုတာပဲ ကြည့်ရတော့မယ်။ အတိုင်းအဆမရှိသုံးနိုင်တယ်ဆိုရင်တော့ ဒုက္ခများတော့မှာပဲ'

"နဂါးပြောင်းပြန်ကြေးခွံတွေဆင့်ခေါ်မယ်"

"သစ်သားတစ်သောင်းပူးတွဲဖြစ်တည်ခြင်း"

"နေနဲ့လအတူတောက်ပခြင်း"

"ကြာပွင့်ပြာကပ်ဆိုးဆင်း"

အချိန်ကိုအရှိန်မြင့်ထားသည့်အချိန်အတွင်း နိယာမသခင် မှော်ပညာဆယ်မျိုးကျော် တစ်ဆက်တည်းထုတ်သုံးသည်။

ကိုယ်ပိုင်အချိန်မြှင့်နိုင်သည့်စွမ်းအား၏ အကျိုးဆက်ဖြစ်သည်။ တစ်ခြားလူများ မှော်ပညာတစ်ခုသာအသက်သွင်းနိုင်ချိန်တွင် မှော်ပညာမျိုးစုံစွမ်းအားဖြင့် အသာစီးယူနိုင်သည်။

နဂါးများ လှည့်ပတ်ပျံသန်းနေသည်။ ဗောဓိစေ့များ မြေပေါ်ထိသည်နှင့် ကောင်းကင်သို့ထိုးထွက်လာပြီး နဂါးရိပ်များနှင့်ပူးပေါင်းသည်။ ရှေးဟောင်းဗောဓိနဂါးများဖြစ်လာသည်။ မိုးမြေကြားတွင် အော်ဟစ်ကြွေးကြော်နေသည်။

နေနှင့်လနှစ်ခုလုံး ရှားရှားပါးပါးပေါ်ထွက်လာသည်။ ရှေးခေတ်တွင်သာမြင်ရသည့် မြင်ကွင်းဖြစ်သည်။

ယင်နှင့်ယန်စွမ်းအားများ တောက်ပနေသည်။

မှော်စွမ်းအားဖြင့်ဖန်တီးထားသည့် သန့်စင်သည့်ကြာတစ်ပွင် ဝေ့ဝဲလှုပ်ခတ်နေသည်။ ပွင့်ချပ်တိုင်းတွင် အဖြစ်စွမ်းအားပါဝင်သည်။

"သွားတော့"

နိယာမသခင်သည် ဘွဲ့နာမည်နှင့်လိုက်ဖက်သည်။ မတူသည့်မှော်ပညာမျိုးစုံ အသက်သွင်းနိုင်သည်။

ပညာတစ်မျိုးသင်ဖို့ပင် အချိန်များစွာကြာမည်။ သူတစ်ယောက်သာ သင်ဖို့အချိန်ရှိသဖြင့် မှော်ပညာများစွာ တတ်ကျွမ်းနေခြင်းဖြစ်သည်။

ပညာတစ်ချို့ကိုတော့ ခုခံကောင်းခုခံနိုင်မည်။ အားလုံးကိုခုခံဖို့တော့ မဖြစ်နိုင်ပေ။

သို့သော် အံ့ဩစရာကောင်းသည်။ ဖန်ဝူယာက မှော်ပညာအားလုံးကို ပြုံး၍ခံယူသည်။ သို့သော် ဒဏ်ရာလုံးဝမရ။

"ဟာ"

တစ်ခုခုလုံးဝမူမမှန်တော့မှန်းသိသဖြင့် နိယာမသခင် နောက်တစ်ကြိမ် အချိန်ကိုအရှိန်မြင့်၍ နေရာချက်ချင်းပြောင်းသည်။

ထိုခဏမှာပင် သူမူလရှိခဲ့သည့်နေရာသို့ မှော်ပညာဆယ်မျိုးကျော်ရိုက်ခတ်သည်။ ပြင်းထန်သည့်ပေါက်ကွဲလှိုင်းများဖြစ်လာသည်။

"ခရမ်းကောင်းကင်မိုးကြိုး"

ဖန်ဝူယာက ရေခဲကို ရေအသွင်ပြန်ပြောင်းသည်။ တောက်ပသည့်မိုးကြိုးလျှပ်စီးက ထိုရေထုပေါ်ဖြန်းပက်သည်။

ရေထုတစ်ခုလုံး လျှပ်စီးအစွမ်းဖြင့် တဖျတ်ဖျတ်အသံမြည်နေသည်။

နိယာမသခင် ပိုမြန်ဆန်သည်ဆိုသော်လည်း ရေထုအားလုံးကို စက်ကွင်းလွတ်အောင် မရှောင်နိုင်။ အသဲအသန်ခုခံကာကွယ်ရသည်။

"ဘာလဲကွာ...ဒဏ္ဍာရီထဲက နိယာမသခင်ဆိုတာ ဒီလောက်ပဲလား"

ဖန်ဝူယာ ခပ်ညှင်းညှင်းရယ်သည်။

ဖန်ဝူယာသည် မိုးကြိုးဝိညာဉ်မြစ်နှင့်မွေးလာသူဖြစ်သည်။ မိုးကြိုးမှော်ပညာကို ကျင်လည်သည်။ သူ့ဝိညာဉ်မြစ်ကို ပေါ့ပေ့ါမတွေးဆသင့်။

ဂိုဏ်းမျိုးဆက်ကို ပြန်တိုးတက်အောင်လုပ်ခဲ့သည့် ဖန်ဝူယာသည် နာမည်ကျော်ကြားမှုတွင် ခေတ်အဆင့်ဆင့်သိခဲ့ကြသည့် နိယာမသခင်ကို မမီပါ။

သို့သော် နာမည်ကျော်တိုင်း စွမ်းအားကြီးသည်မဟုတ်။

အရိယဖလသန္ဓေများကြားမှာပင် ဖိနှိပ်မှုများရှိနေသေးသည်။ သက်ရှည်အရိယဖလသည် လေဟာနယ်အရိယဖလကို မဖိနှိပ်နိုင်သည်မှာ သေချာသည်။

"မဟာယုအစောပိုင်းခေတ်မှာ မင်းကို ဒုတိယနိုင်ငံ့ဆရာက လွှမ်းမိုးနိုင်ခဲ့တာမဆန်းတော့ပါဘူး"

ဖန်ဝူယာက ရေပေါ်တွင် ပုံမှန်အတိုင်းလမ်းလျှောက်နေသည်။

မိုးကြိုးတန်းများ ကောင်းကင်မှအဆက်မပြတ်ဆင်းပေးနိုင်သည်။ နိယာမသခင်ကို သေလုမျောပါးအခြေအနေထိ ရိုက်ခတ်သည်။

ရေထဲတွင် ဆက်တိုက်ခိုက်၍မဖြစ်တော့ကြောင်း နားလည်သဖြင့် နိယာမသခင် မှော်စွမ်းအားတစ်ခုအသက်သွင်း၍ ရေထုကိုထိုးခွဲလိုက်သည်။ မိုးကြိုးကိုရှောင်တိမ်းဖို့နေရာရလာသည်။

"မင်းကဘာကိုပြောချင်တာလဲ"

နိယာမသခင်၏စိတ်အခြေအနေက မတည်ငြိမ်တော့။

"ငါတိုက်ခိုက်လို့ မင်းဦးနှောက်ပျက်သွားတာလား"

ဖန်ဝူယာက နိယာမသခင်၏ဒဏ်ရာများကို အကဲခတ်ရင်းပြောသည်။

"ဒုတိယနိုင်ငံ့ဆရာရဲ့ ကြောင်းကျိုးအရိယဖလသန္ဓေဟာ သူ့ဖြစ်တည်မှုကို ဖုံးကွယ်နိုင်တယ်။ လုပ်ကြံသတ်ဖြတ်ဖို့ တကယ့်စံပြပဲ။

မင်းက ဒဏ်ရာတွေကို အလိုလိုကုစားနိုင်ပေမယ့် အဲဒါက အကြိမ်ကြိမ်လုပ်နိုင်တဲ့အစွမ်းမဟုတ်ဘူး။ နောက်ဆုံးကျရင် ဒုတိယနိုင်ငံဆရာက မင်းကိုနှိပ်ကွပ်တဲ့အချိန် ရောက်လာမှာပဲ။

သူ့အရိယဖလရဲ့သဘာဝကိုက မင်းအရိယဖလကိုနိုင်နေပြီးသားလေ"

"ပါးစပ်ပိတ်ထားစမ်း"

မမေ့နိုင်သည့်မှတ်ဉာဏ်များ ပြန်ပေါ်လာဟန်ဖြင့် နိယာမသခင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ ခေါင်းသုံးလုံးလက်ခြောက်ဖက်ပုံစံပြောင်းသည်။ အချိန်က အသက်နှစ်ရှူစာခန့်ရပ်သွားသည်။

"ကံကြမ္မာချိတ်ဆက်မယ်"

နိယာမသခင် ကျိန်စာတစ်မျိုးတိုက်သည်။ သူ့ကိုယ်ပိုင်အသက်ကို ဖန်ဝူယာအသက်နှင့် ချိတ်ဆက်လိုက်ခြင်းဖြစ်သည်။ ထိုကျိန်စာက လေဟာနယ်အကာအကွယ်ကို အရေးမစိုက်။

နှစ်ယောက်လုံးဒဏ်ရာရပြီး နှစ်ယောက်လုံးသေမည့်သဘောဖြစ်သည်။

သို့သော် သူကသက်ရှည်မသေမျိုးခန္ဓာပါရမီရှိသဖြင့် ဖန်ဝူယာသာ သေလိမ့်မည်။

ထိုနည်းလမ်းသည် မသေမျိုးတစ်ဝက်အဆင့်အားလုံးနီးပါးအပေါ် သက်ရောက်သည်။ ဒုတိယနိုင်ငံဆရာကိုတော့မရ။

ကြောင်းကျိုးအရိယဖလသန္ဓေကို ကျိန်စာဖြင့်သွားတိုက်ခိုက်ခြင်းသည် ဟာသပင်ဖြစ်သည်။

အဖျက်စွမ်းအင်များ နိယာမသခင်လက်ထဲတွင် စုစည်းလာသည်။

လက်သီးကိုဆုပ်၍ သူ့ဦးခေါင်းသူ ထုချလိုက်သည်။

ကူးဖြတ်ခြင်းအဆင့်များသည် ကိုယ့်ဘာသာကုစားနိုင်စွမ်းရှိကြသည်။ သို့သော် ဤအဖျက်စွမ်းအင်မျိုးသည် ကုသမှုစွမ်းအားကို တားမြစ်သည်။

အရိယဖလသန္ဓေစွမ်းအားဖြင့် ပြန်မကုစားနိုင်လျှင် မရ။

သို့သော် သူ့မျှော်လင့်ထားသလို ဖန်ဝူယာဦးခေါင်းက ပေါက်ကွဲထွက်မသွား။

ကံကြမ္မာချိတ်ဆက်ကျိန်စာဖြင့် လုံးဝချည်နှောင်မခံရသလိဖြစ်နေသည်။

ဖန်ဝူယာက ဘာမှရှင်းမပြဘဲ တဟက်ဟက်ရယ်နေသည်။

"နတ်မယ်၊ ဘာတွေဖြစ်နေတာလဲ"

လုယန် နားမလည်နိုင်တော့။

"တကယ်ပါးနပ်တဲ့လုပ်ရပ်ပါ။ တကယ်တော့ သူဒဏ်ရာရခဲ့တယ်။ ဒါပေမယ့် ရရချင်းမှာ လေဟာနယ်စွမ်းအားနဲ့ မူလပုံစံအတိုင်းပြန်ပြင်လိုက်တာ။

ဖရဲသီးတစ်လုံးကိုထုရိုက်ပြီး ကော်နဲ့ပြန်ဆက်သလိုပေါ့။ ဒဏ်ရာရတာနဲ့ မရတာ ဘာမှမကွာတော့ဘူးလေ"

လုယန် အံ့အားသင့်သွားသည်။ လေဟာနယ်အရိယဖလသန္ဓေကို ဤနည်းလမ်းဖြင့်သုံးနိုင်မည်ဟု လုံးဝမထင်ခဲ့။

ဖန်ဝူယာက နိယာမသခင်ကို ကိုင်တွယ်နိုင်သည်ဟု အမယွမ်ပြောခဲ့သည်မှာ မဆန်းတော့။

ဝါးတောထဲတွင် အပြင်းအထန်တိုက်ပွဲဖြစ်နေချိန်တွင် တာအိုလမ်းစဉ်ဂိုဏ်းထဲသို့ တိတ်တဆိတ်ဝင်သွားသည့်အရိပ်တစ်ခုကို တိုက်ပွဲဝင်များ ဘယ်သူမှ သတိမထားမိကြ။

အမှန်တော့ နတ်မယ်နှင့်လုယန်နှစ်ယောက်လုံး သူ့ကိုမြင်သည်။ မဆိုင်သလိုနေဖို့ ရွေးချယ်လိုက်ကြခြင်းသာဖြစ်သည်။

ကျူးကျော်သူက ကောင်းကင်ဂိတ်တောင်ထိပ်ဆီ ဦးတည်သွားသည်။

"တာအိုလမ်းစဉ်ဂိုဏ်းက တကယ်မလွယ်တာပဲ။ သခင်တောင် အကျိတ်အနယ်တိုက်ခိုက်ရတယ်"

အရိပ်က တီးတိုးပြောသည်။ သူသည် လေဟာနယ်သခင်၏လူယုံတစ်ယောက်ဖြစ်သည်။ သူ့တာဝန်က တာအိုလမ်းစဉ်ဂိုဏ်းသို့ စိမ့်ဝင်ပြီး အင်ပါယာယု၏ရတနာများကို ရှာဖို့ဖြစ်သည်။

အစကတည်းက ယခုလို အရေးပေါ်အရံအစီအစဉ်ချထားခဲ့သည်။

တာအိုလမ်းစဉ်ဂိုဏ်းအင်အားကြောင့် သူတို့အကြပ်အတည်းကြုံရမည်ဟု လုံးဝမမျှော်လင့်ခဲ့ကြ။

နိယာမသခင်က အရံအစီအစဉ်များချမှတ်ခဲ့သဖြင့် ကံကောင်းသည်။

နှစ်ဘက်အင်အားစု ရင်ဆိုင်တိုက်ခိုက်ကြရလျှင် အခြေအနေရှုပ်ထွေးနေချိန် ဂိုဏ်းထဲမှ အင်ပါယာယုရတနာများကို သွားယူဖို့ တာဝန်ခွဲထားသည်။

အင်ပါယာယုချန်ခဲ့သည့် မသေမျိုးပစ္စည်းများကိုရှာတွေ့ရုံဖြင့် လောကကံကြမ္မာကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသည်။

သူသည် မဟာယုခေတ်တွင် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူဖြစ်ခဲ့သည်။ မြစ်ဝါသခင်ဟု နာမည်ကျော်သည်။

မြို့ကြီးသုံးလေးခုကို မြစ်ဝါ(ငရဲ)သို့ ပို့ပေးခဲ့သည်။ သက်ရှိအားလုံး၏ ညည်းတွားသံကို သာယာခဲ့သည်။

'မြစ်ဝါ'နှင့်ပတ်သက်သည့် ကိုးငရဲဂိုဏ်းဒဏ္ဍာရီတွင် သေသူ့ဝိညာဉ်များ ကိုးငရဲဘုံသို့မရောက်မီ မြစ်ဝါးမြစ်တွင် ဝိညာဉ်များကို ပထမဦးစွာဆေးကြောသန့်စင်ရသည်ဟုဆိုသည်။

ထိုဒဏ္ဍာရီမှ မြစ်ဝါအကြောင်းသည် မြစ်ဝါသခင်၏ လုပ်ရပ်များမှ အမြစ်တည်ခဲ့ခြင်းဖြစ်သည်။

ရတနာမုဆိုးလုပ်သည့်နေရာတွင် ပင်ကိုပါရမီပါသည်။ နတ်ဆိုးနယ်မြေမှ ရတနာရှာသည့်ကြွက်များထက်ပင် ပိုအစွမ်းအစရှိသည်။

ဂိုဏ်းထဲသို့ရောက်သည်နှင့် ရတနာများ၏စွမ်းအင်‌ရောင်ကို သူအာရုံခံမိသည်။

ထိုမျှသိပ်သည်းသည့် စွမ်းအင်ရောင်မျိုး သူ့ဘဝတွင် အကြိမ်အနည်းငယ်သာတွေ့ဖူသည်။

"အင်ပါယာယုရဲ့ရတနာဆိုတာ သေချာပြီ"

မြစ်ဝါသခင် လှုပ်ရှားနေသည့်စိတ်ကိုထိန်း၍ စွမ်းအင်ပေါ်သည့်နေရာဆီ အသာတိုးဝင်သွားသည်။

"ဒါက တောင်ထိပ်တစ်ခုပဲ။ သတင်းအရဆို ဒီနေရာက ကောင်းကင်ထိပ်တောင်ထိပ်ဖြစ်မယ်။ ဂိုဏ်းရတနာတိုက်က ကောင်းကင်ဂိတ်တောင်ထိပ်မှာပေါ့။

တာအိုလမ်းစဉ်ဂိုဏ်း၊...မင်းတို့ကိုယ့်ဒုက္ခကိုယ်ရှာတာဆိုတော့ ခံလိုက်ဦးပေါ့။ မင်းတို့က ငါတို့မဟာယုခေတ်ကဂိုဏ်းဖြစ်ပြီး မဟာရှားကိုအညံ့ခံတယ်။

ဒီနေ့တိုက်ခိုက်ဖျက်ဆီးခံရတာ သိပ်ကိုတရားမျှတပါတယ်။ ကံကြမ္မာတန်ပြန်ဒဏ်သင့်တာ သိပ်မြန်တာပဲ"

သူတောင်တစ်ဝက်သို့ရောက်ချိန်တွင် ပေါက်ပြားကိုင်လာသည့် ရုပ်သေးတစ်ခုနှင့်ဆုံရသည်။

လုယန်က တောင်ပေါ်တွင် မကြာခဏ ဓားရေးလေ့ကျင့်သဖြင့် ကောင်းကင်ဂိတ်တောင်ထိပ်များစွာပျက်စီးသည်။

ထို့ကြောင့် ရုပ်သေးက မတတ်သာပဲ သစ်ပင်စိုက်သည့်တာဝန်ကို အဓိကယူထားရသည်။

ရုပ်သေးက မြစ်ဝါသခင်ကိုတစ်ချက်ကြည့်ပြီး ငြိမ်ရပ်လျက် လမ်းပိတ်ထားသည်။

"ဘေးဖယ်စမ်း"

မြစ်ဝါသခင်စိတ်မရှည်။ ရိုက်ထုတ်ပစ်ရန် လက်ကိုလွှဲယမ်းလိုက်သည်။ စုတ်ပြတ်နေသည့်ရုပ်သေးတစ်ကောင်က သူအရေးစိုက်ဖို့မတန်။

"ဖျောင်း"

သူ့လက်က ရုပ်သေးကိုရိုက်မိချိန်တွင် ခပ်အုပ်အုပ်အသံတစ်ခုပေါ်လာသည်။ သို့သော် ရုပ်သေးက လှုပ်ရှားခြင်းမရှိ။

မြစ်ဝါသခင် မျက်လုံးပြူးသွားသည်။

"ကူးဖြတ်ခြင်းအဆင့်ရုပ်သေးလား"

ရုပ်သေးက မြစ်ဝါသခင်၏ သံလက်ဝါးကိုတစ်ချက်ကြည့်ပြီးနောက် သူ့ပေါက်ပြားကို ဖြေးညှင်းစွာမြှောက်လိုက်သည်။

*********************************

All Chapters