← Chapters

အရင်ထလိုက်ပါ

Vol. 49 Ch. 730

အရင်ထလိုက်ပါ

Vol. 49 Ch. 730

"ဒါဆို ကျုပ်နေ့တိုင်းတိုက်ခိုက်ခဲ့တဲ့ရုပ်သေးက ကူးဖြတ်ခြင်းအဆင့်ပေါ့"

နတ်မယ်၏ဝိညာဉ်အာရုံမှတစ်ဆင့် ကောင်းကင်ဂိတ်တောင်ထိပ်မှ အဖြစ်အပျက်အားလုံးကိုမြင်ခဲ့ရသဖြင့် လုယန်မင်သက်မိနေသည်။

နတ်မယ်က တခစ်ခစ်ရယ်သည်။

"ဂိုဏ်းရတနာတိုက်မှာ အစောင့်တွေရှိပါတယ်လို့ အရင်ကတည်းက ငါပြောသားပဲ"

ကားပျံအတွက် မူပိုင်ကြေးထုတ်ဖို့ အမယွမ်နှင့်အတူလိုက်သွားစဉ်ကအဖြစ်ကို လုယန်ပြန်သတိရသည်။ ဝိညာဉ်ကျောက်ထုတ်ရန် ရတနာတိုက်သို့ခေါ်သွားသည်။ ရတနာတိုက်တံခါးကိုပင် အလွယ်တကူဖွင့်နိုင်သဖြင့် သူစိုးရိမ်ခဲ့သည်။

အမယွမ်ကလည်း ကောင်းကင်ဂိတ်တောင်ထိပ်တွင် အမြဲမရှိသဖြင့် ရတနာတိုက်အတွက် သူစိတ်မချဖြစ်ခဲ့သည်။

နတ်မယ်က မစိုးရိမ်ဖို့ပြောခဲ့သည်။

"နေပါဦး၊ ဒါဆို ဒီရုပ်သေးက ကူးဖြတ်ခြင်းအဆင့်ဆိုတာ အရင်ကတည်းကသိတယ်ပေါ့။ ဒါတောင် ကျုပ်သူနဲ့တိုက်ခိုက်တိုင်း ခင်ဗျားဘယ်တုန်းကမှ မတားခဲ့ဘူးနော်"

လုယန်မျက်နှာတင်းလာသည်။

"နင်က တိုက်ခိုက်ရတာ သဘောကျတယ်ထင်လို့ပါ"

နတ်မယ်က မချိုမချဉ်မျက်နှာဖြင့်ပြောသည်။ တမင်လုပ်ခဲ့မှန်းသိသာသည်။

ကောင်းကင်အမြင့်တွင် ဖန်ဝူယာကို တိုက်ခိုက်ဖို့ခက်ခဲကြောင်း နိယာမသခင် ရိပ်စားမိလာသည်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင် မြေအောက်ငရဲစွမ်းအင်များ ခဏပေါက်ကွဲထွက်ပြီးနောက် တိတ်ဆိတ်သွားသည်။ အသတ်ခံလိုက်ရခြင်းဖြစ်နိုင်သည်။

တာအိုလမ်းစဉ်ဂိုဏ်းတွင် ပုန်းကွယ်နေသည့် စွမ်းအားရှင်များ ရှိသေးသည့်သဘောဖြစ်သည်။ ဆက်တိုက်ခိုက်လျှင် ရူးမိုက်ရာကျသည်။

ဖန်ဝူယာကလည်း တကယ်တိုက်ခိုက်ဖို့ခက်သည်။ သူ့တိုက်ခိုက်မှုအားလုံးကို သူ့ဆီပြန်လွှဲပေးသည်။

ထို့ကြောင့် ဖန်ဝူယာကိုအချိန်ဆွဲဖို့ ကိုယ်ပွားတစ်ခုချန်ထားခဲ့ပြီး သူလှည့်ထွက်ပြေးသည်။

သို့သော် ဂိုဏ်းနယ်မြေမှမထွက်နိုင်မီ မမြင်နိုင်သည်နံရံတစ်ခုနှင့် ပြင်းထန်စွာတိုက်မိသည်။

"လေဟာနယ်အတားအဆီးလား"

"တာအိုလမ်းစဉ်ဂိုဏ်းကို မင်းစိတ်ရှိတိုင်းဝင်ထွက်နိုင်တဲ့နေရာလို့ ထင်နေတာလား"

ချန်ခဲ့သည့်ကိုယ်ပွားကို လေဟာနယ်စွမ်းအားဖြင့် ချေဖျက်ရင်း ဖန်ဝူယာကပြောသည်။

နိယာမသခင် မျက်နှာတင်းသွားသည်။ ယနေ့ အသေအကြေတိုက်ပွဲကို ရှောင်လွဲနိုင်တော့မည်မထင်။

"အနန္တလောက၊ အနန္တနိယာမတွေစုစည်းမယ်"

အချိန်ကိုအရှိန်မြှင့်သည်။ လက်တစ်ထောင်ဗုဒ္ဓအဖြစ် အသွင်ပြောင်းသည်။ တိုက်ခိုက်စွမ်းအားမျိုးစုံကို တစ်ခုတည်းပေါင်းစည်းသည်။

ဓာတ်ငါးမျိုး၊ ယင်ယန်၊ ပုံရိပ်နှင့်အစစ်အမှန်၊ လေနှင့်မိုးကြိုး၊ ဝိညာဉ်...။ တိုက်ခိုက်မှုမျိုးစုံကို တစ်ပြိုင်တည်းထုတ်လွှတ်သည်။

မသေမျိုးတစ်ယောက် လောကကိုဖျက်ဆီးနေသည်နှင့်တူသည်။ လောကအစိတ်အပိုင်းအားလုံးမှစွမ်းအင်များ ယိုစိမ့်ထွက်လာပြီး မှော်စွမ်းအင်မုန်တိုင်းတစ်ခုဖြစ်လာသည်။

ဖန်ဝူယာကို သူမတိုက်ခိုက်။ အောက်ဘက်တွင်တိုက်ခိုက်နေသည့် ယုမဟာမိတ်နှင့်တာအိုလမ်းစဉ်ဂိုဏ်းဝင်များကို တိုက်ခိုက်သည်။

စွမ်းအင်နိယာမမျိုးစုံပေါင်းစည်းနေသည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက် သွားထိရုံဖြင့် သေလိမ့်မည်။

ယုမဟာမိတ်အဖွဲ့ဝင်တို့၏အသက်ကိုလည်း သူအရေးမစိုက်။ ဖန်ဝူယာ ထိုအဖြစ်ကိုဂရုစိုက်မစိုက် အလောင်းအစားလုပ်လိုက်ခြင်းဖြစ်သည်။

သူမှန်သွားသည်။ ဖန်ဝူယာ ဂရုစိုက်သည်။

လေဟာနယ်အရိယဖလသန္ဓေကိုသုံး၍ တိုက်ခိုက်မှုအားလုံးကို သီးခြားလေဟာနယ်တစ်ခုသို့ စုပ်ယူလိုက်သည်။

ထိုအချိန်လေးကို နိယာမသခင် အပြည့်အဝအသုံးချသည်။

ဖန်ဝူယာပိုင်ဆိုင်သည်က အရိယဖလသန္ဓေဖြစ်သည်။ အရိယဖလအစစ်မဟုတ်။ သူဖွင့်နိုင်သည့်လေဟာနယ်က အကန့်အသတ်ရှိသည်။

တိုက်ခိုက်မှုမျိုးစုံကို တားဆီးပြီးလျှင် သူ့ဘေးပတ်လည်၌ လေဟာနယ်အကာအကွယ်များဖွင့်ဖို့ စွမ်းအင်ကျန်ဦးမည်ဟု နိယာမသခင်မယုံကြည်။

"သေလိုက်စမ်း"

နိယာမသခင်၏ အဖျက်စွမ်းအင်များ လက်ချောင်းထိပ်တွင် စုစည်းလာပြီး နိယာမသခင်၏ဝမ်းဗိုက်ကို ထိုးဖောက်သွားသည်။

"အချိန်ကိုအရှိန်မြင့်ပြီး အမြဲလှုပ်ရှားနေတယ်။ အတော်စိတ်ရှုပ်စရာကောင်းတာပဲ။ ဒါပေမယ့် အခုငါမင်းကိုမိပါပြီ"

ဖန်ဝူယာ၏အေးစက်စက်အသံထွက်လာသည်။ နိယာမသခင် မကောင်းသည့်နိမိတ်ကို ခံစားရသည်။ သူ့လက်ကိုရုတ်သိမ်းရန်ကြိုးစားသည်။

သို့သော် လက်က ဖန်ဝူယာ၏ဝမ်းဗိုက်ထဲတွင် ချိတ်ဆက်နေပြီဖြစ်သည်။ ပြန်ရုန်းမထွက်နိုင်တော့။

နိယာမသခင် ပြတ်သားစွာဆုံးဖြတ်၍ သူ့ညာလက်ကို ဖြတ်ချလိုက်သည်။ အချိန်ကိုအရှိန်ဆက်တိုက်မြှင့်၍ ဖန်ဝူယာနှင့် ဝေးဝေးခွာဖို့ကြိုးစားသည်။

"နောက်ကျလွန်းသွားပြီ"

ဖန်ဝူယာက နိယာမသခင်ကိုယ်ပေါ်တွင် လေဟာနယ်တံဆိပ်တစ်ခု ချန်ခဲ့ပြီးဖြစ်သည်။ နိယာမသခင် ဘယ်လောက်မြန်မြန် သူအမီလိုက်နိုင်သည်။

နိယာမသခင်က ဒဏ်ရာပြန်ပျောက်ကင်းဖို့ အချိန်လိုအပ်သည်။ ရသည့်အချိန်က တိုလွန်းနေသည်။ အသက်တစ်ရှူစာမပြည့်။

သို့သော် ဖန်ဝူယာက ထိုအချိန်ကိုမပေး။ သူ့နောက်မှ ဆက်တိုက်လိုက်သည်။ အခြေအနေအတော်ဆိုးသည်။

"အရိုးကနေပြန်မွေးဖွားမယ့် သက်တမ်းကျိန်စာ"

နိယာမသခင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ လေဟာနယ်တံဆိပ်ကိုဖယ်ရှားသည်။ သူ့သက်တမ်းနှင့် ဖန်ဝူယာသက်တမ်းကို ကျိန်စာဖြင့်ချိတ်ဆက်ဖို့ ထပ်ကြိုးစားသည်။

နှစ်ယောက်လုံး သက်တမ်းကုန်ဆုံးစေမည့်ကျိန်စာဖြစ်သည်။

သူကိုယ်တိုင် အထူးတီထွင်ထားသည့် ကျိန်စာပညာဖြစ်သည်။ တစ်ခြားလူများ ထိုကျိန်စာကိုတတ်လည်း အသုံးဝင်မည်မဟုတ်။

သက်တမ်းသည် လူတစ်ယောက်၏ ကျင့်စဉ်အဆင့်နှင့် ဆက်စပ်နေသည်။ ကျင့်စဉ်အဆင့်များတူနေလျှင် ဤပညာကိုသုံးဖို့မလို။ အဆင့်မတူလျှင် သုံးစရာအကြောင်းပို၍မရှိ။

အဆင့်နိမ့်ကျင့်ကြံသူက အဆင့်မြင့်သူထက် သက်တမ်းပိုရှည်ဖို့မဖြစ်နိုင်။

နိယာမသခင်လို ပင်ကိုယ်သဘာဝအရ သက်ရှည်မသေမျိုးခန္ဓာရှိသူသာ အဆင့်တူချင်းတိုက်ခိုက်လျှင် ထိုပညာကိုသုံးနိုင်သည်။

"သက်တမ်းကိုအရှိန်မြှင့်မယ်"

နိယာမသခင် ကိုယ်ပိုင်သက်တမ်းကို မြန်မြန်ဝါးမျိုလိုက်သည်။ ကျိန်စာအစွမ်းကြောင့် ဖန်ဝူယာ၏သက်တမ်းလည်း လျင်မြန်စွာလျော့ပါးလာသည်။

သက်တမ်းချင်းပြိုင်လျှင် ဖန်ဝူယာ သူ့ကိုနိုင်စရာအကြောင်းမရှိ။

"လေဟာနယ်ပြိုကွဲခြင်း"

ပြင်းထန်သည့် ဒြပ်ဆွဲအားတစ်ခု သူတို့နှစ်ယောက်ဘေးပတ်လည်တွင် ပေါ်လာသည်။ အချိန်က ပုံမှန်မဟုတ်တော့။ စီးဆင်းမှု အလွန်တရာနှေးလားသည်။

အစောပိုင်းက လျင်မြန်စွာလျော့ပါးနေသည့်သက်တမ်းဆုံးရှုံးမှု အတော်နှေးကွေးလာသည်။

"သောက်လခွမ်းကွာ"

ထိုတုံ့ပြန်မှုမျိုးကို ရှိလာမည်ဟု သူထင်မထား။

"သေလိုက်တော့"

ဖန်ဝူယာက လက်သီးများ ခြေထောက်များဖြင့် အနီးကပ်တိုက်ခိုက်သည်။ နိယာမသခင်၏ လက်သီးပညာတွင် ပြိုင်ဘက်ကင်းပါသည်။

သို့သော် လေဟာနယ်စွမ်းအားပိုင်ရှင် ဖန်ဝူယာရှေ့တွင် ဘယ်လက်သီးပညာမှ အသုံးမဝင်။

ဘုန်း။

ဖန်ဝူယာ နိယာမသခင်ကို ကန်ထုတ်လိုက်သည်။ ကြိုးပြတ်စွန်တစ်ခုလို လွင့်ထွက်သွားသည်။

ထိုအချိန်တွင် လုယန်ကိုမြင်လိုက်ရသဖြင့် နိယာမသခင်မျက်လုံးများ အရောင်လက်လာသည်။ လုယန်ဆီ လျင်မြန်စွာပျံသန်းသွားသည်။

"ဟုတ်တယ်၊ ဒီကောင်လေးမှာ အင်ပါယာယုရဲ့ မသေမျိုးဓားရှိတာပဲ"

"အခြေအနေမကောင်းတော့ဘူး"

ဖန်ဝူယာ သူ့အကြံကို ရိပ်မိသည်။ သို့သော် လေဟာနယ်တံဆိပ်မရှိတော့သဖြင့် အမီမလိုက်နိုင်။

မသေမျိုးဓားကိုရတော့မည်ဟု နိယာမသခင်ထင်နေချိန်တွင် ခန္ဓာကိုယ်က အထိန်းအချုပ်မဲ့သွားပြီး လုယန်ရှေ့သို့ ဘုတ်ခနဲဒူးထောက်ကျလာသည်။

အားလုံးက ထိုမြင်ကွင်းကိုကြည့်၍ မယုံနိုင်အောင်ဖြစ်သွားသည်။ အဖွဲ့နှစ်ခုလုံးမှ တိုက်ခိုက်နေသူများ တိုက်ခိုက်မှုရပ်ပြီး ငေးစိုက်ကြည့်နေသည်။

မှန်သည်။ နတ်မယ်က ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

လုယန် ခဏအသံတိတ်သွားပြီး ဘယ်ဘက်တစ်လှမ်းရွှေ့သည်။

မသေမျိုးတစ်ဝက်ဒူးထောက်သည်ကို သူမခံယူရဲ။

မတော်တဆဖြစ်သွားသည်ဟု နိယာမထင်နေသည်။ ပြင်းထန်သည့်အရှက်တရားကို ခံစားရသည်။ ဘက်ဘက်သို့လှည့်၍ လုယန်ကိုခုန်အုပ်ပြီး မသေမျိုးဓားကိုလုယူ်ရန်ကြိုးစားသည်။

နတ်မယ်က လုယန်ဒဏ်ရာရမည်စိုးသဖြင့် နိယာမသခင်ကို အမြန်ထိန်းချုပ်လိုက်ရသည်။

ကျားတစ်ကောင်လိုခုန်ဆင်းလာချိန် ထိန်းချုပ်ခံရသဖြင့် နိယာမသခင် အရှိန်ကြောင့် မြေပေါ်သို့ နဖူးကအရင်ကျလာသည်။

ထို့နောက် အပြည့်အဝ မှောက်လျက်ကျသည်။

လုယန် နောက်တစ်ကြိမ်အသံတိတ်သွားသည်။ နိယာမသခင်က လေးစားမှုပြသည့်အမူအရာကို ဆက်တိုက်လုပ်နေသည်။

ဆက်ရှောင်နေလျှင် သူရိုင်းသလိုဖြစ်တော့မည်။

"အဲ..ခင်ဗျား အရင်ဆုံးမတ်တပ်ရပ်လိုက်ပါလား"

လုယန် အနေခက်ခက်ဖြင့် အကြံပေးသည်။ ထိုလူသည် သူ့ထက် အနှစ်နှစ်ထောင်ကြီးသည်။ ကျင့်စဉ်အဆင့်ပိုမြင့်သည်။

နိယာမသခင်လည်း ထိုဖြစ်စဉ်နှစ်ခုလုံးသည် တိုက်ဆိုင်မှုမဟုတ်မှန်း သဘောပေါက်သွားသည်။ နောက်ကွယ်မှ သူ့ကိုထိန်းချုပ်နေသူတစ်ယောက် ရှိရမည်။

ဘယ်သူဖြစ်နိုင်သနည်း။

မသေမျိုး။ သူ့အရိယဖလနှင့်အမျိုးအစားတူ ပိုအဆင့်မြင့်သည့် အရိယပိုင်ရှင်မသေမျိုး။

ထွက်ပြေးရန် သူကြိုးစားသည်။ သို့သော် လုယန်ကို နောက်ထပ်အန္တရာယ်ပေးတော့မည်ဟု ထင်လိုက်သဖြင့် နတ်မယ်က လုံးဝမလှုပ်ဖို့ တိုက်ရိုက်အမိန့်ချလိုက်သည်။

ထိုစဉ် ဖန်ဝူယာ အချိန်မီရောက်လာပြီး လေဟာနယ်မှော်ပညာဖြင့် ချုပ်နှောင်သည်။

"အား...အခုမှပဲပြီးတော့တယ်"

စိတ်လွတ်ကိုယ်လွတ်တိုက်ခိုက်ခွင့်ရပြီး ရန်သူကိုအရှင်ဖမ်းနိုင်ခဲ့သဖြင့် ဖန်ဝူယာ၏ယုံကြည်ချက်များ မြင့်တက်လာသည်။

မသေမျိုးတစ်ဝက်အဆင့်များကြားတိုက်ပွဲတွင် အနိုင်ရသူပေါ်ဖို့ အလွန်ခက်ခဲသည်။ ပြိုင်ဘက်ကို အသက်ရှင်လျက်ဖမ်းဖို့က ပို၍ပင်ခက်ခဲသည်။

***********************************

All Chapters