အကျိုးအမြတ်များစွာရိတ်သိမ်းခြင်း
Vol. 49 Ch. 731
မသေမျိုးတစ်ဝက်အဆင့်တိုက်ပွဲတို့သည် အဆုံးသတ်ဖို့ အလွန်ခက်ခဲသည်။ ခန္ဓာကိုယ်ဖောက်ခွဲတိုက်ခိုက်သည့် မသေမျိုးအရှင်နှင့် ဒုတိယနိုင်ငံ့ဆရာတို့တိုက်ပွဲသည် ဆယ်ရက်ကြာသည်။ ထိုသို့သာအဖြစ်များသည်။
ယခုလည်း ဖန်ဝူယာနှင့် နိယာမသခင်တိုက်ပွဲက ရှစ်ရက်မှဆယ်ရက်ထိ ကြာသင့်သည်။
နတ်မယ်၏ လျှို့ဝှက်ပါဝင်မှုကြောင့် တိုက်ပွဲစောစောအဆုံးသတ်သွားသည်။ ထိုအဖြစ်များကို ဖန်ဝူယာကမသိ။
နိယာမသခင် ရုန်းကန်ရန်ကြိုးစားသည်။ သို့သော် အကျိုးမထူး။ လေဟာနယ်အချုပ်အနှောင့်ကြောင့် လုံးဝလှုပ်မရ။ ဖန်ဝူယာခွင့်ပြုချက်မရဘဲ ထွက်ပြေးနိုင်မည်မဟုတ်။
သူ့အရိယဖလသန္ဓေထက်အဆင့်မြင့်သည့် မသေမျိုးအရိယဖလမျိုး တာအိုလမ်းစဉ်ဂိုဏ်းတွင် ရှိနေမည်ဟု ဘယ်တုန်းကမှ စိတ်မတွေးထားခဲ့။ အချိန်မသေမျိုးရှိနေခြင်းလား။ သို့မဟုတ် မသေမျိုးတာအိုကို ကြီးမှူးနေသည့် မသေမျိုးတစ်ယောက် ရှိနေခြင်းလော။
ဘယ်လိုတွေးတွေး တာအိုလမ်းစဉ်ဂိုဏ်း၏ ကြောက်စရာသဘာဝက ပေါ်လွင်နေသည်။
လုယန်အပေါ် သူ့အမြင်လုံးဝပြောင်းလဲသွားသည်။ လုယန်၏မသေမျိုးဓားကို ဂိုဏ်းတွင်နေထိုင်သည့် မသေမျိုးက သတိမထားမိစရာအကြောင်းမရှိ။
နတ်ဝိညာဉ်အဆင့်တစ်ယောက် မသေမျိုးဓားကိုင်နေသည်ကို ဘယ်မသေမျိုးက မသိဘဲနေမည်နည်း။
အဖြေက ရှင်းသည်။ ထိုမသေမျိုးက လုယန်ကို အလွန်သဘောကျသဖြင့် မသေမျိုးဓားကို ချီးမြှောက်ထားခြင်းသာဖြစ်မည်။
နိယာမသခင်အကြည့်က ထူးဆန်းနေသည်ဟု လုယန်ခံစားရသည်။ သို့သော် ဘာကြောင့်မှန်းသူမသိ။
ယုမဟာမိအဖွဲ့ဝင်များ ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းဝင်များက ရန်သူကို အလွတ်မပေးပဲ အတင်းလိုက်၍တိုက်ခိုက်ကြသည်။
ကလေးဘိုးဘေးဆရာထန်ရှန်းယိ၏ တိုက်ခိုက်မှုများက အကြမ်းတမ်းဆုံးဖြစ်သည်။ အကြီးအကဲအတော်များများ ထိုအဖြစ်ကိုကြည့်၍ ကလေးဘဝ၏ မနှစ်မြို့စရာအမှတ်တရများပေါ်လာသည်။
"ဘိုးဘေးဆရာရဲ့ တိုက်ခိုက်စွမ်းရည်က အများကြီးတိုးတက်လာသလိုပဲ"
မဟာအကြီးအကဲက အိပ်မက်ခေါင်းအုန်းဖြင့် လွှဲရိုက်တိုက်ခိုက်ရင်း သူ့ညီအကိုများနှင့် သိစိတ်အာရုံမှ လှမ်းပြောသည်။
"ဟုတ်တယ်၊ အခုသူ့ကိုကြည့်လိုက်။ ပြိုင်ဘက်နှစ်ယောက်ကို တစ်ကိုယ်တော်ယှဉ််နိုင်တယ်"
"ဘိုးဘေးဆရာ ဘယ်တုန်းကတည်းက ဒီလောက်အင်အားကြီးလာတာလဲ"
အကြီးအကဲများ မသိသည့်အချက်မှာ ဘိုးဘေးဆရာသည် အကျဉ်းထောင်တောင်ထိပ်တွင် အချိန်အားတိုင်း အကျဉ်းသားများထံမှ တိုက်ခိုက်ရေးဆိုင်ရာအကြံဉာဏ်များ မကြာခဏတောင်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ရောက်လာသည့်အကျဉ်းသားများသည် သာမန်လူများမဟုတ်။ ဆဋ္ဌမအင်ပါယာဝူယွီထောင်၊ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်များ၊ မသေမျိုးတစ်ဝက်များ၊ မဟာယုခေတ်မှ နိုင်ငံ့ဆရာများ။
အားလုံးက တိုက်ပွဲပေါင်းမရေမတွက်နိုင်အောင် ဆင်နွှဲခဲ့ဖူးသည့် ဒဏ္ဍာရီစစ်သည်တော်များဖြစ်သည်။
ဘိုးဘေးဆရာက အကြံတောင်းသည်ဖြစ်၍ သူတို့လည်း မငြင်းဆန်ရဲ မချွင်းချန်ရဲ။ သိသမျှအားလုံး ပြောပြသည်။
ထို့ကြောင့် တိုက်ခိုက်စွမ်းရည် လျင်မြန်စွာ တိုးတက်ခဲ့သည်။
"လေဟာနယ်လှောင်အိမ်"
ဖန်ဝူယာက အရိယဖလသန္ဓေအစွမ်းအဖြင့် ဝါးတောထဲရှိ ယုမဟာမိတ်ကျင့်ကြံသူအားလုံးကို ချုပ်နှောင်လိုက်သည်။
တစ်ယောက်မှမလွတ်စေရ။
"ဟားဟား၊ ထွက်ပြေးချင်တယ်ပေါ့။ ထွက်ပြေးလို့ရော မင်းတို့လွတ်မှာတဲ့လား"
နိယာမသခင်ကိုဖမ်းဆီးပြီးနောက် ဖန်ဝူယာ၏ယုံကြည်ချက်များ မိုးထိထိုးတက်နေသည်။
ဤတာအိုလမ်းစဉ်ဂိုဏ်းတွင် ယွမ်ကျိမှလွဲလျှင် သူစွမ်းအားအကြီးဆုံးဖြစ်သည်။
"အားလုံး အဆင်ပြေပြီထင်ပါတယ်"
အခြေအနေက ဆိုးဆိုးဝါးဝါးသိပ်မဖြစ်ဘဲ အဆုံးသတ်သွားသဖြင့် တိုင်ပုဖန်သက်ပြင်းချသည်။
ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲလေးတစ်ခုက မသေမျိုးများတိုက်ပွဲအဖြစ် ရုတ်တရက်အဆင့်မြင့်သွားသည်။ ထိုမသေမျိုးတစ်ဝက်နှစ်ယောက်က စမ်းသပ်ပွဲတွင်လည်း ပါဝင်ခဲ့သည်။
"မဟာကပ်နီးလာလို့ထင်တယ်။ နတ်ဆိုးနတ်ဘုရားမျိုးစုံ ထွက်ပေါ်လာပြီ။ ညီလေးလုနဲ့ ညီလေးမုန်က ကံမကောင်းလို့ အဆင့်မြင့်ပြဿနာကြီးတွေနဲ့ ကြုံရတာပဲ"
တိုင်ပုဖန် သူ့ဘာသာတွေးသည်။
"ညီလေးလု၊ ညီလေးမုန် စမ်းသပ်ပွဲနောက်ဆုံးအဆင့်ကလူတွေကို စီမံဖို့ပြင်ကြပါ"
အရေးပေါ်အခြေအနေကြောင့် တတိယစမ်းသပ်ပွဲဝင်သူများကို ဂိုဏ်းထဲသို့ခေါ်ထားသည်။ သူတို့ထဲတွင် ကျွမ်းဖျင်း၊ ကျောက်ရှင်းအာ၊ ကုကျန်ယဲ့နှင့် တာအိုရှင်ရှန်ထန်တို့သာ စမ်းသပ်ပွဲအောင်သည်။
ကုကျန်ယဲ့နှင့်ရှန်ထန်မှလွဲ၍ တစ်ခြားတတိယပြိုင်ပွဲများ စိတ်တုန်လှုပ်မှုမပြေကြသေး။ တာအိုလမ်းစဉ်ဂိုဏ်း၏စွမ်းအားကို သူတို့ကိုယ်တွေ့မြင်ခဲ့သည်။ မသေမျိုးတစ်ဝက်တိုက်ပွဲကို ကြည့်ခဲ့ရသည်။
ထိုအဆင့်တိုက်ပွဲမျိုးက သေမျိုးသားသာမက ကျင့်ကြံသူများပါ ထိတ်လန့်ရသည့်အခြေအနေဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များက စမ်းသပ်ပွဲမအောင်မြင်သူများကို ဂိုဏ်းအပြင်ဘက် ပြန်ပို့သည်။ အဖော်လိုက်လာသည့်လူကြီးများက သူတို့မျိုးဆက်သစ်လူငယ်များ အထိအခိုက်မရှိပြန်ထွက်လာသည်ကိုကြည့်၍ ဝမ်းသာနေကြသည်။
သူတို့ ဦးနှောက်ရှိသည်။ သူတို့မျိုးဆက်သစ်များ တိုက်ပွဲကြားရောက်သွားသည်ကို မြင်ခဲ့သည်။ အဆိုးဆုံးကိုကြိုတွေးထားသည်။ သို့သော်ယခု တစ်ယောက်မှ အထိအခိုက်မရှိ။ စမ်းသပ်ပွဲကျရှုံးသည့်အဖြစ်ကို အသက်မဆုံးရှုံးသည့် အပျော်စိတ်က လွှမ်းမိုးသွားသည်။
ဂိုဏ်းဝင်သစ်လေးယောက်တွင် လိုက်ပို့သည့်အကြီးအကဲများမရှိ။ ထို့ကြောင့် ထွက်ပြီးနှုတ်ဆက်ဖို့လည်းမလိုတော့။
ကျွမ်းဖျင်၏မိခင်က ထောင်ထဲမှ မထွက်ရသေး။
ကျောက်ရှင်းအာ၏မိသားစုအကြီးအကဲများက သူ့ကိုအထင်မကြီးသဖြင့် လိုက်မလာကြ။
ကျန်ကျန်ယဲ့က တစ်ကိုယ်တော်သမားဖြစ်သည်။
တာအိုရှင်ရှန်ထန်အတွက်တော့ ဤဂိုဏ်းသည် သူ့အိမ်ယာဖြစ်သည်။
ဝါးတောထဲတွင် ယုမဟာမိတ်ကျင့်ကြံသူအားလုံးကို ဖမ်းထားသည်။ ရင်းနှီးနေသည့် စုစည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ကိုပင် ရှန်ထန်မြင်ရသည်။
ယုမဟာမိတ်သို့ဝင်ရန် ဖိတ်ခေါ်ခဲ့သူမှာ ထိုနှစ်ယောက်ဖြစ်သည်။ သူငြင်းဆန််ခဲ့သဖြင့် သူ့ကျင်းချန်အကြောင်း သခင်စစ်ကွမ်ချီကို လက်တို့အသိပေးခဲ့ကြသည်။
"သူတို့က ယုမဟာမိတ်အဖွဲ့ကပေါ့"
ရှန်ထန်နားလည်လာသည်။ ထိုအဖွဲ့ ထိုမျှမြန်မြန်အဖမ်းခံရသည်ကို သူအံ့ဩနေသည်။
ယုမဟာမိတ်အဖွဲ့ကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ ဘိုးဘေးဆရာ သူ့ဘာသာတာဝန်ယူလိမ့်မည်။ အကြီးအကဲများတာဝန်ယူစရာလိုတော့။
ဂိုဏ်းဝင်စမ်းသပ်ပွဲသုံးဆင့်လုံး သူတို့ကြည့်ခဲ့သည်။ ယခု တပည့်သစ်များအကြောင်း သိစိတ်အာရုံမှ အသံတိတ်ဆွေးနွေးနေသည်။
"ဒီကုကျန်ယဲ့ဆိုတဲ့တစ်ယောက်က မဆိုးဘူး။ ငါ့လက်အောက်မှာထားလို့ရတယ်"
မဟာအကြီးအကဲက ပြုံး၍ပြောသည်။ တိုင်ပုဖန်ကလည်း ထိုသို့လုပ်ချင်သည်။ သူတို့နှစ်ယောက်လုံး ရေဝိညာဉ်မြစ်များဖြစ်သည်။
နောက်တစ်ချိန် တိုင်ပုဖန်ကိုယ်တိုင် သင်ပေးနိုင်သည်။ ဆရာဖြစ်သည့်သူ့အတွက် ဝန်ထုပ်ဝန်ပိုးသက်သာသည်။
"ကျောက်ရှင်းအာက စိုက်ပျိုးရေးမှာပါရမီအတော်ကောင်းတယ်။ ငါလည်း တပည့်လက်မခံဖြစ်တာ အတော်ကြာပြီ။
တစ်ပည့်တစ်ယောက်ကို မြေတောင်မြှောက်ပြီး ငါ့ဆေးဥယျာဉ်ကိုစောင့်ရှောက်ခိုင်းမယ်"
"ဒါဆို ကျွမ်းဖျင်က ငါ့တပည့်ဖြစ်ရမှာပေါ့။ ဒီကောင်လေးက ဟုန်ဝမ်နဲ့ အဆက်အစပ်ရှိတယ်။ သူ့စာရိတ္တကို အကဲဖြတ်ခဲ့တာဟုန်ဝမ်ပဲလေ"
စတုတ္ထအကြီးအကဲ ရယ်မောနေသည်။ ကျွမ်းဖျင်တွင် တြိဝိညာဉ်မြစ်သာရှိသည်ကို သူအရေးမစိုက်။
သို့သော် ဘယ်သူကဘယ်သူ့တပည့်ဖြစ်မည်ပြောဖို့ စေားလွန်းသေးသည်။ တပည့်လက်ခံခြင်းသည် ဆရာတပည့် နှစ်ဦးသဘောတူကိစ္စဖြစ်သည်။
ထိုသုံးယောက်က တာအိုလမ်းစဉ်ဂိုဏ်းသို့ရောက်စဖြစ်၍ အားလုံးနှင့် အကျွမ်းတဝင်မရှိသေး။ တစ်လအချိန်ပေးရမည်။ တစ်လကြာမှ သူတို့သင်လိုသည့်ဆရာကို ဆုံးဖြတ်နိုင်မည်။
"ဘိုးဘေးကိုရောဘယ်လိုလုပ်ကြမလဲ။ ကျုပ်နာမည်နဲ့လက်ခံလိုက်ရမလား"
အဋ္ဌမအကြီးအကဲက တက်ကြွစွာပြောသည်။ ရှန်ထန်ကိုယ်တိုင်က သာမန်တပည့်အဖြစ် ဆက်ဆံခံလိုသည့်ဆန္ဒကို သူလိုက်နာသည်။
"ဆရာက မင်းခြေထောက်တွေကိုချိုးပစ်မှာ မကြောက်ဘူးလား"
တတိယအကြီးအကဲ သက်ပြင်းချ၍ သူ့သံချပ်ကာကိုဖယ်လိုက်သည်။
ဆရာအကြောင်းကြားသည်နှင့် အဋ္ဌမအကြီးအကဲ ကြောက်သွားသည်။
တာအိုရှင်ရှန်ထန်ကို တပည့်ခံဖို့ကိစ္စက အတော်အခက်တွေ့ကြသည်။ လှည့်ပတ်မေးမြန်းသော်လည်း တစ်ယောက်မှလက်မခံရဲကြ။
သူတို့ဆရာထန်ရှန်းယိက အကျဉ်းချထားမည်ကို ကြောက်သည်။
အကြီးအကဲရှစ်ယောက် မလုပ်ရဲ။ သို့သော် လုပ်ရဲသူတစ်ယောက်ရှိသည်။
ထိုလူက တာအိုရှင်ရှန်ထန်ဆီလျှောက်လာသည်။
"ချီတုန်း၊ ကျင့်စဉ်လမ်းအတွက် ကျုပ်နောက်ကိုလိုက်ဖို့ ဆန္ဒရှိလား"
ထိုလူသည် တစ်ခြားမဟုတ်။ ပင်လယ်တာအိုသခင်ဖန်ဝူယာပင်ဖြစ်သည်။
အခြေအနေနားမလည်သူများက မသေမျိုးတစ်ဝက်တစ်ယောက်က တပည့်လက်ခံမည့် ရှန်ထန်ကို မနာလိုဖြစ်ကြသည်။ အလွန်ကံထူးသည်ဟု ယူဆကြသည်။
အကြောင်းသိများက ခံစားချက်ရှုပ်ထွေးနေသည်။ ဖန်ဝူယာအသက်ရှင်နေသည်ကို အံ့ဩခဲ့ရသည်။ ယခု ရှင်းလင်းပြတ်သားသည့် သူ့ရည်ရွယ်ချက်ကြောင့် ပို၍ပင်အံ့ဩသည်။
"ကျုပ်ဆန္ဒရှိပါတယ်"
ကျင့်ကြံဖို့ ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်တစ်ခုရှိလျှင် ဘယ်သူ့လက်အောက်တပည့်ခံရသည်ဖြစ်စေ ရှန်ထန် အရေးမစိုက်။
အားလုံးခြုံကြည့်လျှင် တာအိုလမ်းစဉ်ဂိုဏ်းသည် ယနေ့ အကျိုးအမြတ်များစွာရခဲ့သည်။ တပည့်သစ်လေးယောက်လက်ခံနိုင်ခဲ့သလို မသေမျိုးတစ်ဝက်တစ်ယောက်၊ ကူးဖြတ်ခြင်းငါးယောက်နှင့် စုစည်းခြင်းအအဆင့်နှစ်ဆယ်ကျော် အကျဉ်းထောင်တောင်ထိပ်သို့ ပို့နိုင်ခဲ့သည်။
တကယ်အောင်ပွဲခံသင့်သည့်နေ့ဖြစ်သည်။
***********************************