← Chapters

မီးနိုင်ငံပျောက်ဆုံးခြင်း

Vol. 49 Ch. 734

မီးနိုင်ငံပျောက်ဆုံးခြင်း

Vol. 49 Ch. 734

"မင်းလည်း မီးနိုင်ငံအကြောင်းသိနေတာလား"

"မင်းလည်းဆိုတော့..."

နိယာမသခင် မီးနိုင်ငံအကြောင်းသိထားမှန်း ယွမ်ကျိနားလည်လိုက်သည်။

မသေမျိုးလျှို့ဝှက်မြေတွင် မီးနိုင်ငံအကြောင်း စသိခဲ့ကတည်းက ဆက်သွယ်မှုမျိုးစုံသုံးပြီး မီးနိုင်ငံသတင်းကို ယွမ်ကျိစုံစမ်းခဲ့သည်။

ပထမအင်ပါယာရှားကျန်းပင်ကန်း၊ မကြာသေးမီကဖမ်းမိသည် အိပ်မက်ဆိုးအဓိပဓိနှင့် လေဟာနယ်အရှင်တို့လည်း မီးနိုင်ငံအကြောင်းမကြားဖူးကြ။

ထို့ကြောင့် မီးနိုင်ငံ တကယ်မှရှိခဲ့ပါလေစဟု ယွမ်ကျိသံသယဝင်လာသည်။

ယခုမှ မီးနိုင်ငံအကြောင်းသိသူတစ်ယောက် ကြုံရသည်။

"ဒီနေရာက တကယ်စိတ်ချရရဲ့လား။ မင်းတို့သုံးယောက်အပြင် တစ်ခြားဘယ်သူမှ ငါပြောတာမသိနိုင်ဘူးမဟုတ်လား"

နတ်မယ်ထိန်းချုပ်မှုအောက်ရောက်နေသဖြင့် နိယာမသခင် အားလုံးဖွင့်ပြောရမည်။

"စိတ်ချရပါတယ်"

ယွမ်ကျိ ပြန်ဖြေသည်။ နတ်မယ်နှင့်လုယန်တို့လည်း ထောက်ခံကြသည်။ သူတို့သုံးယောက်ရှိနေသည့် ဤနေရာသည် လောကတွင် စိတ်အချရဆုံးနေရာဖြစ်သည်။

နတ်မယ်ကြောင့်သာမဟုတ်လျှင် နိယာမသခင် မီးနိုင်ငံအကြောင်း လုံးဝပြောမည်မဟုတ်။ သူ့လူယုံများကို ဝူယော်အကြောင်းပြောပြခဲ့သော်လည်း မီးနိုင်ငံအကြောင်း စကားတစ်ခွန်းမှမဟခဲ့။ ထိုအဖြစ်ကိုကြည့်လျှင် ထိုကိစ္စ၏ အလေးအပေါ့အတိုင်းအဆကို သိနိုင်သည်။

ယခု အင်ပါယာယုကိုသတ်ခဲ့သည့် မသေမျိုးနှင့် ထာဝရအရိယဖလပိုင်ရှင်မသေမျိုးရှိနေသဖြင့် သူနည်းနည်းလုံခြုံသလိုခံစားရသည်။

"မီးနိုင်ငံဖြစ်တည်မှုအကြောင်း အစက ကျုပ်လည်းသိပ်မသေချာခဲ့ဘူး။ ဒါပေမယ့် မှော်ပညာတွေအများကြီးသင်ချင်တဲ့ ကျုပ်ဆန္ဒကြောင့် လောကထဲက ကျမ်းစာတိုက်မျိုးစုံကို လှည့်ပတ်သွားခဲ့တယ်။ မဟာယုတော်ဝင်နန်းတော်က ကျမ်းစာတိုက်လည်းပါတာပေါ့။

မီးနိုင်ငံအကြောင်းဖော်ပြထားတဲ့စာအုပ် တစ်အုပ်မှမရှိဘူး။ ကျုပ်မသေမျိုးတစ်ဝက်အဆင့်ရောက်တော့ သေချင်ယောင်ဆောင်ပြီး ကျုပ်ထွက်ပြေးတယ်။ ပုန်းအောင်းနေတယ်။ အဲဒီ့အချိန်ကျမှ လျှို့ဝှက်နယ်မြေတွေထဲကနေ မီးနိုင်ငံအကြောင်းတွေ၊ ဝူယောက်ဖော်ထုတ်ခဲ့တဲ့ သဲလွန်စတွေ၊ ဘုံကျောင်းပျက်ထဲကဆေးရေးပန်းချီတွေကို ကျုပ်တွေ့ခဲ့တာ။

နောက်တစ်ကြိမ် မီးတိုင်းပြည်အကြောင်း သဲလွန်စရှိတဲ့ လျှို့ဝှက်မြေတွေဆီပြန်သွားတော့ အဲဒီ့နေရာတွေ ဘုံကျောင်းပျက်တွေကို ဖျက်ဆီးထားတာတွေ့ရတယ်"

လုယန် မျက်မှောင်ကျုံ့သွားသည်။

"မီးတိုင်းပြည်ကို ဘယ်အချိန်က တည်ဆောက်ခဲ့တာလဲ"

"ရှေးဟောင်းခေတ်ကုန်ပြီး မဟာချန်ခေတ်မတိုင်ခင်ကပါ"

"ဘယ်လို"

လုယန် အံ့အားသင့်သွားသည်။ ထိုခေတ်အခါက တည်ထောင်ခဲ့သည့် နိုင်ငံတစ်ခု တကယ်ရှိခဲ့သည်။

မီးတိုင်းပြည်အကြောင်း နတ်မယ်မသိ။ သို့ဆိုလျှင် မသေမျိုးလေးယောက် လောကကိုအလုံပိတ်ပြီးမှ တည်ထောင်ခဲ့သည့်နိုင်ငံဖြစ်လေသလော...

"ရှေးဟောင်းခေတ်မှာ မသေမျိုးတွေကြား တိုက်ပွဲဖြစ်လို့ ကြယ်တွေက တိုက်နယ်တွေအဖြစ်ပြောင်းသွားတယ်လို့ ပြောကြတယ်။

အမွေအနှစ်တွေ ပျက်စီးသွားတယ်။ ရှေးဟောင်းဘာသာစကားတောင် ပျောက်ကွယ်သွားတယ်။ အင်ပါယာချန်က မဟာချန်နိုင်ငံကို ရှေးဟောင်းအပျက်အစီးလောကပေါ်မှာ တည်ထောင်ခဲ့တာမဟုတ်လား"

"ဒါက အထင်မှားနေတာပါ။ ရှေးဟောင်းမသေမျိုးတွေက ကြယ်ကမ္ဘာတွေကို တိုက်နယ်အဖြစ်ပြောင်းလဲပြီးနောက်မှာ မီးနိုင်ငံကို တည်ထောင်ခဲ့တယ်။ ရှေးဟောင်းဘာသာစကားကိုသုံးခဲ့တယ်။

ပြီးမှ နောက်ထပ်နှစ်တစ်သိန်းအကြာမှာ နိုင်ငံပျက်စီးသွားတာ။

ပျက်စီးရတဲ့အကြောင်းရင်းကိုတော့ မသိဘူး။ ဒါပေမယ့် တစ်ခုတော့သေချာတယ်။ တစ်ယောက်ယောက်က မီးတိုင်းပြည်ရဲ့ဖြစ်တည်မှုကို တမင်ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်။ ပြီးတော့ အဲဒီ့လူက မသေမျိုးတစ်ယောက်ပဲ။

ဒီမသေမျိုးက မီးနိုင်ငံဖြစ်တည်မှုနဲ့ပတ်သက်တဲ့ သဲလွန်စအားလုံးကို ဖျက်ဆီးပစ်တယ်။ ဗိသုကာလက်ရာတွေ၊ သေမျိုးတွေ၊ ကျင့်ကြံသူတွေ၊ စာအုပ်တွေ၊ ဘာသာစကားတောင်မချန်ဘူး...အားလုံးမရှိတော့ဘူး။

မီးနိုင်ငံနဲ့ပတ်သက်သမျှအားလုံးကို ဖျောက်ဖျက်ပစ်ချင်တဲ့သဘောပဲ။ မီးနိုင်ငံအကြောင်းသိတဲ့လူမှန်သမျှ အဲဒီမသေမျိုးက သတ်ပစ်မယ့်သဘောပဲ။ မဟာယုခေတ်နောက်ပိုင်းမှာ မသေမျိုးတစ်ဝက်တစ်ယောက်နဲ့ ကျုပ်မိတ်ဆွေဖြစ်ခဲ့တယ်။

သူ့တာအိုနာမည်က 'သစ်သားတံဆိပ်"တဲ့။ သူလည်း မီးနိုင်ငံအကြောင်းကိုသိတယ်။ အစက ယုမဟာမိတ်ကို ကျုပ်တို့အတူပေါင်းပြီး တည်ထောင်မလိုပဲ။ သူက မသေမျိုးခန္ဓာမရှိတော့ ဂူအောင်းအိပ်စက်ဖို့ ရွေးချယ်ခဲ့တယ်။

အဟာကပ်ရောက်ရင် ကျုပ်သူ့ကိုနှိုးမယ်လို့ သဘောတူထားကြတယ်။ ဒါပေမယ့် မဟာကပ်မရောက်ခင်မှာပဲ သူသေသွားတယ်။ နှစ်ငါးထောင်ကြာတိုင်း သစ်သားတံဆိပ်အရှင်ရဲ့ အခြေအနေကို ကျုပ်သွားစစ်ဆေးတယ်။

လွန်ခဲ့တဲ့နှစ်သုံးသောင်းက ပုံမှန်အတိုင်းပဲ သူ့ကောင်းကင်ဂူကို ကျုပ်သွားစစ်ဆေးတယ်။ ဒါပေမယ့် သူ့ရင်ဘတ်ဟောင်းလောင်းပေါက်ဖြစ်နေတာတွေ့တယ်။ အချိန်မတိုင်ခင် သူအသတ်ခံလိုက်ရတာ"

နိယာမသခင်၏အသံ တုန်ရင်နေသည်။

"ရုန်းကန်လှုပ်ရှားတဲ့ လက္ခဏာမျိုးလုံးဝမတွေ့ရဘူး။ သူအိပ်မောကျနေရင်တောင် တစ်ယောက်ယောက် အလစ်တိုက်ခိုက်ဖို့ကြိုးစားရင် သူ့ဗီဇစိတ်က အန္တရာယ်ကိုအသိပေးမှာ။ သူတိုက်ခိုက်ဖို့ နိုးထလာမှာပဲ။ သူရှုံးတယ်ဆိုရင်တောင် ချက်ချင်းသေတာမျိုးတော့ မဖြစ်သင့်ဘူး။

သူ့ကိုသတ်တဲ့လူဟာ မသေမျိုးတစ်ဝက်အဆင့်မဟုတ်ဘူး။ မသေမျိုးအစစ်ပဲ"

နိယာမသခင် ထိုမျှကြောက်ရွံ့နေသည်မှာမဆန်းလှ။ သူ့မိတ်ဆွေ၏အဖြစ်ဆိုးက သူ့စိတ်ကိုလွှမ်းမိုးနေခြင်းဖြစ်သည်။

"ဒါကြောင့် ဒီနေရာက ဘေးကင်းရဲ့လား ဘယ်သူမှမကြားနိုင်ဘူးလားဆိုတာ ကျုပ်ကြိုမေးခဲ့တာပါ။ ဟိုမသေမျိုးသာ ဒီနေရာကအကြောင်းတွေကို သိသွားရင် ကျုပ်ကံဆိုးသွားနိုင်တယ်"

"ဪ..အဲလိုလား"

ယွမ်ကျိ တွေးတွေးဆဆဟန်ဖြင့် သူ့ဘာသာရေရွတ်နေသည်။ မီးတိုင်းပြည်၏ဖြစ်တည်မှုက ထိုမျှရှုပ်ထွေးလိမ့်မည်ဟု ထင်မထားခဲ့။

ထိုမသေမျိုးသည် ရှေးဟောင်းခေတ်နှင့်အဆက်ဖြတ်ဖို့ မီးနိုင်ငံအကြောင်း ဖျောက်ဖျက်ရန် အစွမ်းကုန်ကြိုးစားခဲ့ဟန်ရှိသည်။

အစက မီးနိုင်ငံအကြောင်း ဘာသဲလွန်စမှ ယွမ်ကျိရှာမတွေ့။ ထိုနိုင်ငံပျောက်သွားသည့်အဖြစ်သည် နတ်မယ်အဖြစ်ကဲ့သို့ နောက်ကွယ်မှစွမ်းအားရှင်က ထူးခြားနည်းလမ်းများဖြင့် ဖျောက်ဖျက်ခဲ့ခြင်းဟု ယူဆခဲ့သည်။

ယခု မီးနိုင်ငံပျက်စီးရသည့်အကြောင်းရင်းသည် သိပ်မသေမချာ။ သို့သော် မီးနိုင်ငံအကြောင်းပျောက်ဆုံးရသည့်အကြောင်းရင်းကတော့ လူတစ်ယောက်၏လက်ချက်ဖြစ်သည်။

"မီးနိုင်ငံက ရှေးဟောင်းမသေမျိုးလေးယောက်နှင့် ဘယ်လိုပတ်သက်လဲ"

ယွမ်ကျိ ထပ်မေးသည်။

ထာဝရဂိုဏ်းလျှို့ဝှက်မြေမှ မီးနိုင်ငံနယ်မြေပျက်တွင် ကျားမမကွဲပြားသည့်မသေမျိုးများ၏ ရုပ်ထုများကို သူပြန်သတိရလာသည်။

(နတ်မယ်၏မီးဖိုစတွေ့သည် ထာဝရဂိုဏ်း၏လျှို့ဝှက်မြေဖြစ်သည်။ ထိုနေရာတွင် ရှေးခေတ်ယာဇ်ပုလ္လင်အဆောက်အဦးကိုးခုရှိသည်။ နတ်မယ်အတွက် ဆောက်ပေးခဲ့သည့်ယာဇ်ပုလ္လင်မျိုးဖြစ်သည်။ နံရံဆေးရေးပန်းချီပုံများလည်းရှိသည်။)

နိယာမသခင်က တွေးတွေးဆဆပြန်ဖြေသည်။

"ဘုံကျောင်းပျက်တစ်ခုမှာ ဆေးရေးပန်းချီတစ်ခု ကျုပ်တွေ့ခဲ့တယ်။ အတော်လေးပျက်စီးနေပြီ။ မီးနိုင်ငံတည်ထောင်စအချိန်က ပန်းချီပုံဆိုတာပဲ ကျုပ်အကြမ်းဖျင်းခန့်မှန်းနိုင်တယ်။ ခံ့ညားထည်ဝါတဲ့ ရုပ်ပုံလေးခုပြထားတယ်။

ကျုပ်ခန့်မှန်မိသလောက်...ခန့်မှန်းရုံပဲနော်...မီးနိုင်ငံကို ရှေးဟောင်းမသေမျိုးလေးယောက်ပေါင်းပြီး တည်ထောင်ခဲ့တာဖြစ်နိုင်တယ်"

ယွမ်ကျိတို့လူစု ရှေးမသေမျိုးလေးယောက်အပေါ် ဘယ်လိုသဘောရှိမှန်းမသိသဖြင့် နိယာမသခင် စကားကိုမယုတ်မလွန်ပြောသည်။

ယွမ်ကျိတို့က မီးနိုင်ငံအကြောင်းမသိ။ ရှေးဟောင်းကောင်းကင်ရုံးတော်အဖွဲ့ဝင်များသည် မီးနိုင်ငံမတည်ထောင်မီ အုပ်စုလိုက်ဂူအောင်းအိပ်စက်ခဲ့ကြပြီး သိပ်မကြာသေးခင်ကမှ နိုးထလာဟန်ရှိသည်။

မဟုတ်သေး။ ထိုသို့လည်း မဟုတ်သေး။ ဤသုံးယောက်ထဲတွင် မသေမျိုးနှစ်ယောက်ပါသည်။ သူတို့အိပ်စက်ဖို့လိုသလော...

နိယာမသခင် ထိတ်လန့်တုန်လှုပ်သွားသည်။ ရဲတင်းသည့်မှန်းဆချက်ပေါ်လာသည်။

ကောင်းကင်ရုံးတော်ဂိုဏ်းဝင်လို့ နာမည်ခံထားကြတဲ့လူတွေက မင်းတို့တွေများဖြစ်မလား...

ဆက်မတွေးရဲတော့ နှုတ်ပိတ်ခံရမည်ကိုကြောက်သည်။ အတွေးထက်လွန်း အတွေးများလွန်းသည့် ကိုယ့်ကိုယ်ကို ပါးရိုက်ချင်စိတ်ပေါ်လာသည်။

"ရှေးဟောင်းမသေမျိုးလေးယောက် မီးနိုင်ငံကို တည်ထောင်ခဲ့တယ်...မသေမျိုးတစ်ယောက်က မီးနိုင်ငံအကြောင်း ဖုံးကွယ်ဖို့ကြိုးစားတယ်။

ဒါက...အချိန်မသေမျိုး သေတဲ့ကိစ္စနဲ့ ပတ်သက်နေမလားပဲ"

(အချိန်မသေမျိုးသည် ပုံမှန်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကို သိမြင်နိုင်စွမ်းရှိသောကြောင့် ရှင်းလင်းခံရသည့်သဘောမျိုးဖြစ်သည်။)

လုယန် ခပ်တိုးတိုးရေရွတ်နေသည်။ ထိုအတိုင်းသာမှန်လျှင် အမည်မသိမသေမျိုးသည် ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးပေလိမ့်မည်။

"ဘယ်လို၊ အချိန်မသေမျိုး သေသွားပြီလား"

လုယန်စကားကိုကြားသဖြင့် နိယာမသခင် ချက်ချင်းခေါင်းမော့လာသည်။

လုယန်နှင့်နတ်မယ်၏ အလိုမကျသည့်အကြည့်ဖြင့် သူရင်ဆိုင်လိုက်ရသည်။ ထို့ကြောင့် ဖျစ်ညှစ်၍ပြုံးရယ်လိုက်ရသည်။

"မီးနိုင်ငံဖြစ်တည်မှုအကြောင်းဖုံးကွယ်ချင်တယ်ဆိုတော့...သူ့ရည်ရွယ်ချက်ကဘာလဲ"

ယွမ်ကျိလည်းတွေးမရ။ မီးနိုင်ငံနှင့်ဆက်စပ်နေသည့် လျှို့ဝှက်ချက်တစ်ချို့ ရှိနေခြင်းလား...

မီးနိုင်ငံကိစ္စသည် အလွန်ရက်စက်ကြမ်းတမ်းသည့် မသေမျိုးတစ်ယောက်နှင့် ပတ်သက်နေမည်ဟု သူမထင်ခဲ့။

ယွမ်ကျိ လုယန်ကို တစ်ချက်ကြည့်သည်။ ထို့နောက်မှ လုယန်သည် နတ်ဝိညာဉ်အဆင့်သာရှိသေးကြောင်း သူသတိရလာသည်။

မသေမျိုးများကိစ္စကို နားလည်နိုင်စွမ်းမရှိသေး။

"ရှောင်လု၊ မီးနိုင်ငံကိစ္စကို ငါ့တာဝန်ထားပါ။ မင်းဝင်မပါနဲ့"

လုယန်ခေါင်းကုတ်သည်။ အမယွမ် သူ့ကိုအထင်ကြီးလွန်းနေသည်ထင်သည်။ နတ်ဝိညာဉ်အလတ်တန်းအဆင့်ကျင့်ကြံသူလောက်က မီးနိုင်ငံအကြောင်းစုံစမ်းချင်လျှင်ပင် ကျင့်စဉ်စွမ်းအားအဆင့်မီဦးမည်မဟုတ်။

****************************************

All Chapters