← Chapters

ကယ်တင်ရှင်

Vol. 49 Ch. 673

ကယ်တင်ရှင်

Vol. 49 Ch. 673

"ယဇ်ပူဇော်ဝိညာဥ်က ပြိုင်ဘက်ကင်းစွမ်းအားရှင်ပဲ"

ထိုအချိန်တွင် မျောက်ဘီလူးမျိုးနွယ်မှစစ်သည်တော်တို့သည် တိုက်ပွဲစိတ်ဓာတ်များ အဆမတန် မြင့်တက်လာပြီး ရင်ဘတ်များကို စိတ်လှုပ်ရှားစွာ ထုရိုက်ကာ မျောက်‌အော်သံကွိကွိကွကွများနှင့်တကွ ကြွေးကြော်အော်ဟစ်ကြလေတော့၏။

မကြာလိုက်သောအချိန်တုန်းကပင် နတ်ဆိုးဘုရင်သည် စွမ်းအားကြီးတိုက်ကွက်တစ်ခုကိုထုတ်သုံးကာ ချင်းလျန်ဓားမသေမျိုးတို့အဖွဲ့အား တစ်ဖွဲ့လုံးကုန်လုနီးပါး ရှင်းထုတ်လိုက်နိုင်ခဲ့ခြင်းပင်။

ပြာမှိုင်းသောကော်းကင်ထက်တွင် ‌တောင်ကြီးတစ်လုံးနှယ် အရွယ်အစားကြီးမားလှသော နတ်ဆိုးနဂါးကြီးသည် တောင်ပံများကိုခွေရစ်လျက် လေဟာနယ်ထက်ပျံသန်းတည်ရှိနေပြီး ၎င်း၏သုံးလုံးသောဦးခေါင်းများက လှောင်ပြောင်ခြင်း၊ ပျော်မြူးခြင်းနှင့် အေးစက်တည်တံ့ခြင်းဟူသော မတူညီသည့်ခံစားချက်သုံးမျိုးအား ဖော်ဆောင်နေကြလေသည်။

"တာအိုရောင်းရင်းတို့ ဘယ်လိုနေကြလဲ"

ချန်းလျန်ဓားမသေမျိုးသည် ဖုန်မှုန့်များပေလူးနေလျက်သားဖြင့် ဓားရှည်ကိုမြေထက်ထောက်ကာ ဒူးတစ်ဖက်ထောက်ကျနေသောအခြေအနေတွင် ပါးစပ်ထောင့်တစ်ဖက်မှ သွေးတစ်ကြောင်းလည်းစီးကျနေခဲ့သေးသည်။ အံကြိတ်ထားသည်ကိုတော့ မလျှော့။

မျောက်ဘီလူးမျိုးနွယ်မှ ယဇ်ပူဇော်ဝိညာဥ် ထိုမျှအင်အားကြီးနေလိမ့်မည်ဟု သူလည်းမထင်ထားခဲ့သည်ပင်။

မှော်သုဥ်းနယ်မြေဖြင့် ပိတ်ပင်ခံလိုက်ရသည့်အချိန်အတွင်း ဓားတိုက်ကွက်တချို့ကို သူထုတ်သုံးနိုင်သေးပါသော်ငြား အရင်ထက်စွမ်းအားသိသိသာသာလျော့ကျသွားသည်ကတော့ အမှန်ပင်။ တစ်ဖက်လူသည် ဆန်းကြယ်စွမ်းအားတင်မက ကြမ်းကြုတ်သော ကာယအားအင်ပါပိုင်ဆိုင်ထားသောကြောင့် သူတို့ကို အလွယ်လေးဖိနှိပ်နင်းချေနိုင်ခဲ့လေသည်။

"ချီးပဲကွာ..."

လီဝူကျယ်သည်လည်း သွေးများအပြည့်လွှမ်းနေလျက် အနေအထားဖြင့် ဓားကိုထောက်ကာ အနိုင်နိုင်ထရပ်ရင့် ရှုံ့ရှုံ့မဲ့မဲ့ညည်းသည်။

ရိုးရိုးသားသားဆိုရလျှင် သူနောင်တရပါသည်။ ဤမျောက်ဘီလူးစခန်းကို ကိုယ့်ခြေထောက်နှင့်ကိုယ် ရန်လာမရှာလိုက်သင့်။

အစပိုင်းတွင်တော့ သိုးငယ်အုပ်ကြား ဝံပုလွေတစ်ကောင်မောင်းဝင်သွားခြင်းနှင့် တူနေမလားဟု တွက်ဆခဲ့မိပေသည့် ယခုတော့ သူသည်သာ ကျားဂူထဲပြေးဝင်သွားမိသော သိုးသူငယ်ဖြစ်နေခဲ့၏။

"ငါတို့ ဘာဆက်လုပ်ကြမလဲ"

မှိုဘုရင်မှာလည်း မျက်ရည်တာကျိုးကျ‌တော့မတတ် စိုးရိမ်ပူပန်နေရသည်။ မှော်သုဥ်းအတတ်နယ်ပယ်အတွင်း ရောက်နေသောကြောင့် သူ၏သက်ရှည်စွမ်းအင်ကုသရေးကိုလည်း ထုတ်သုံးလို့မရဖြစ်နေလေရာ ရောင်းရင်းစစ်သည်များ ဒဏ်ရာအပြည့်ဖြင့် အတုံးအရုံးလဲကျသေဆုံးကုန်သည်ကို ထိုင်ကြည့်နေရုံသာတတ်နိုင်လေသည်။

"သေစမ်း.."

ဟုန်ချန်ယဲ့လည်း ညစ်ပတ်စုတ်ပြတ်နေသောအခြေအနေတွင် ပါးစပ်ထောင့်တစ်ဖက်သွေးစွန်းလျက် မြေပြင်ပေါ်လဲကျနေခဲ့သည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကိုမှ လှုပ်မရပြုမရဖြစ်နေသည့်အပြင် အရိုးများပင် စွမ်းအင်လှိုင်းသက်ရောက်မှုတို့ကြောင့် လွဲချော်ကျိုးပဲ့သွားခဲ့လေပြီ။

ဤသည်မှာ သူ ကြုံတွေ့ခဲ့ရဖူးသမျှထဲတွင် အရှက်ရဆုံးနှင့် စိတ်ပျက်အားငယ်စရာအကောင်းဆုံး တိုက်ပွဲအတွေ့အကြုံပင်။

နတ်ဆိုးဘုရင်၏ နယ်ပယ်ကျယ်ပြောလှသော မှော်သုဥ်းကျင့်စဥ်ကြောင့် ဟုန်ချန်ယဲ့ အကျွမ်းကျင်ဆုံးဖြစ်သော မီးဒြပ်စင်မှော်ကျင့်စဥ်ဂါထာများလည်း တစ်ခုမှအသုံးမဝင်လေတော့။

ပြိုင်ဘက်၏ နဂါးအမြှီးတစ်ချက်ရိုက်စာဖြင့် သူဤကဲ့သို့ မလှုပ်မယှက်ဖြစ်သည်အထိ လွင့်ထွက်သွားခဲ့ခြင်းပင်။

ကျင့်ကြံသူများစွာက သူတို့ကိုဝန်းရံကာကွယ်ပေးထားသော်ငြား အခြေအနေက သူတို့ဘက်ပါမနေခဲ့။ မျောက်ဘီလူးမျိုးနွယ်စစ်သည်မြောက်များစွာကလည်း ဘေးပတ်ပတ်လည်မှ မျက်ချည်မပြတ်စောင့်ကြည့်နေပြီး သူတို့ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားသည်နှင့် တစ်ပါတည်းရှင်းထုတ်ပစ်ဖို့ အသင့်ပြင်ထားကြသောကြောင့်ပင်။

"အမလေး ဒီလိုတွေခံရမယ်မှန်းသိထားရင် ဒီအဘိုးကြီး အပျော်သက်သက်ဆိုပြီး လိုက်လာခဲ့မိမှာမဟုတ်ဘူး"

ပွစိပွစိရေရွတ်ညည်းညူလာသူမှာ ခွေးဝါကြီးတစ်ကောင်ဖြစ်သည်။ ထိုခွေးဝါကြီးမှာ ပင်ပန်းနွမ်းနယ်မှုကြောင့် အသက်ကို ပြင်းပြင်းရှူသွင်းနေရကာ တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းလျက် အားအင်ကုန်ခမ်းနေဟန်ပေါ်သည်။

ထိုခွေးကြီးမှာ ကောင်းပုလီပင်။

နတ်ဆိုးဘုရင်၏ တိုက်ခိုက်မှုကြောင့် ကောင်းပုလီလည်း ရွေးချယ်စရာမရှိတော့ဘဲ သူ၏နဂိုပုံစံအဖြစ်ပြန်လည်ပြောင်းလဲကာ တန်ပြန်တိုက်ခိုက်ခဲ့ရခြင်းပင်။

"အကြီးအကဲကောင်းကို ဒီနေရာမှာတွေ့ရလိမ့်မယ်လို့ လုံးဝထင်မထားဘူးဗျာ" ကျူးကျို့ရှန်းက သွေးတစ်ပွက်အန်ထုတ်လိုက်ရင်း ခါးသက်သက်ပြုံးလျက်ဆိုသည်။

ကျူးကျို့ရှန်းသည်လည်း သားရဲမျိုးနွယ်တစ်ဦးဖြစ်သော်ငြား ကောင်းပုလီကဲ့သို့ ကောင်းကင်ခွေးမျိုးနွယ်နှင့် မယှဥ်နိုင်လောက်သောနေရာတွင်ရှိသည်ဖြစ်ရာ ဧကရီဖူယောင်၏ နာမည်ကျော်နောက်လိုက်ခွေးကြီးအား တလေးတစား ဆက်ဆံနှုတ်ဆက်ရသည်ပင်။

"တိုက်ပြီးလို့ပဲ သေတောင်သေတော့မယ်။ အခုမှလာနှုတ်ဆက်နေရသလား"

ကောင်းပုလီက စိတ်တိုတိုဖြင့်ပြန်ဟောက်သည်။

သို့သော်လည်း မျှမျှတတဆိုရလျှင် ကျူးကျို့ရှန်း၏ပါဝင်ကူညီမှုကြောင့် သူလည်း တိုက်ပွဲဖိအား အတော်လျော့ပါးသက်သာခဲ့ရခြင်းပင်။

ကောင်းပုလီသည် ဤသားရဲမျိုးနွယ်စွမ်းအားရှင်လေးအား စိတ်ရင်းဖြင့် အသိအမှတ်ပြုမိပါသည်။

သို့သော် တကယ်တမ်း အထိနာရဆုံးမှာတော့ လူအများ၏အာရုံစိုက်ရာ တပ်ဖွဲ့အရှေ့ဆုံးမှ လူငယ်လေးပင်။

သူသာမရှိလျှင် တပ်ဖွဲ့တစ်ခုလုံး ကြာမြင့်စွာကတည်းက သုတ်သင်ရှင်းလင်းခံလိုက်ရလောက်ပြီးလေပြီ။

ထိုအချိန်တွင် ဆံပင်အလယ်ခွဲဖြင့်လူငယ်လေးသည် လေးပင်စွာဟောဟဲလိုက်လျက် ချွေးအေးများက မျက်နှာတစ်ပြင်လုံး ပြည့်နှက်နေခဲ့သည်။ ပိန်ပါးသောကိုယ်လေးမှာ အရွယ်အစားနှင့်မလိုက်အောင် လွန်စွာအင်အားကြီးလှကာ တောရိုင်းဒေသမှ လူသားပုံသဏ္ဌာန် အယောင်ဆောင်ဖန်ဆင်းထားသော သားရဲတစ်ကောင်ကဲ့သို့ အလွန် ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ပါရှိနေသည်။

အားခွင်း၏မျက်နှာအမူအရာမှာ မကြုံစဖူး အထူးလေးနက်နေခဲ့သည်။ သူရင်ဆိုင်နေရသောအကောင်ကြီးက နှယ်နှယ်ရရမှမဟုတ်သည်လေ။

နတ်ဆိုးဘုရင်၏ အေးစက်စက်အကြည့်သည် စစ်မြေပြင်တစ်ခုလုံးဆီသို့ ဖြတ်ပြေးသွားကာ နောက်ဆုံးတွင် အားခွင်းဆီ၌သာ အဆုံးသတ်သွား၏။

"နတ်ဘုရားသားရဲခွင်းဖန်းရဲ့ မျိုးဆက်ပီသပါပေတယ်"

"မင်းသာလူကြီးပိုင်းဖြစ်နေမယ်ဆိုရင် ဒီဘုရင်လည်း နိုင်ဖို့အခွင့်အရေးတောင် ရှိနိုင်မှာမဟုတ်ဘူး"

"ဒါပေမဲ့ လက်ရှိမင်းကတော့ ဒီဘုရင်နဲ့ယှဥ်ပြိုင်ဖို့အတွက် အရည်အချင်းမပြည့်မီသေးဘူး"

နတ်ဆိုးဘုရင်သည် လက်သည်းတစ်ဖက်ကို ရိုက်ချလိုက်ရာ ထိုပြင်းအားသည် အားခွင်းအား မြေတွင်းနက်ကြီးတစ်ခုထဲသို့ ဆွဲချဖို့ကြိုးစားသည်။

အားခွင်းသည် အံတင်းတင်းကြိတ်လျက် လက်နှစ်ဖက်ဖြင့် ခေါင်းအထက်မှလက်ဝါးရာကြီးကို အရိုးများကျိုးပဲ့သည်အထိ တောင့်ခံမ,တင်ထားရသည်။

လူငယ်လေးသည် သဘာဝအားဖြင့် ပေါ့ပါးလွတ်လပ်ကာ စတတ်နောက်တတ်သော ကောင်ကလေးသာဖြစ်ပါသော်ငြား ဆရာသခင်မရှိသည့်အချိန်တွင် သူသည်သာ မဟာမိတ်တပ်တစ်ခုလုံး၏ မျှော်လင့်ချက်ဖြစ်ကြောင်း ကောင်းကောင်းသဘောပေါက်လေသည်။

"ငါ၊ အားခွင်း တာဝန်လက်လွှဲယူရမဲ့အချိန်ရောက်ပြီ"

All Chapters